အခန်း (၉၁)
Vol. 10 Ch. 91
လင်းမိသားစုအတွက်တော့ လင်းရန်၏ အလုပ်က အတည်ပြုပြီးသား ဖြစ်သွားသောကြောင့် ညနေခင်းတွင် အိမ်၏ လေထုက အလွန် ကောင်းမွန်နေခဲ့သည်။
ညစာ မစားမီ အဘွားလင်းက လင်းရန်ကို ချီးကျူးရန်အတွက် စကားလုံးများ မနှမြောခဲ့ဘဲ မိသားစုဝင်များအားလုံးကိုလည်း လင်းရန်ကို ချီးမွမ်းရန်၊ အထူးသဖြင့် ဦးလေးများနှင့် အဒေါ်များကို လင်းရန်ကဲ့သို့ ကြိုးစား သင်ယူဖို့ရန် အမိန့်ပေးခဲ့သည်။
အကြီးဆုံးသား လင်းကျန်းဖင်းက ခေါင်းငုံ့ပြီး နာခံစွာဖြင့် လက်ခံခဲ့သည်။
သူက မည်သည်ကိုမျှ မပြောရဲခဲ့ပေ။ သူတို့သည်လည်း အဘွားလင်းနှင့် တူညီသော အတွေးများရှိခဲ့ကြပြီး သူတို့၏ မြို့ပေါ်မှ တူမလေးက အလွန် တော်သည်ဟု ထင်ခဲ့ကြသည်။
ပထမဆုံး တွေ့ဆုံသောနေ့တွင် သူမက ချောမောသော မိန်းကလေးတစ်ယောက်ဖြစ်ပြီး နူးညံ့သိမ်မွေ့ကာ ခိုင်မာသည့်ပုံစံရှိသောကြောင့် ကျေးလက်ဒေသဘဝနှင့် မရင်းနှီးနိုင်လောက်ပြီး ပေါင်းသင်းရ ခက်ခဲနိုင်သည်ဟု မသိစိတ်မှ ထင်ခဲ့ကြသည်။
ရလဒ်အနေနှင့် ဤလောက်ရက်ပေါင်းများစွာ အတူနေပြီးနောက် လင်းရန်က မရှက်တက်ရုံသာမက သူတို့ကို ချက်ပြုတ်ရာမှာလည်း ကူညီခဲ့သည်။
လင်းရန် ချက်ပြုတ်ထားသည့် အစားအသောက်များကို နေ့တိုင်း စားပြီးသောနောက် သူတို့က အလုပ်လုပ်ရန် ပိုပြီး စိတ်ဓာတ်တက်ကြွလာကြသည်။
ယခုဆိုလျှင် တူမလေးက သူတို့မိသားစုတွင် အစိုးရအလုပ်ရသည့် တတိယမြောက်လူ ဖြစ်လာခဲ့ပြီဖြစ်သည်။ ဤသည်က လင်းကျန်းဖင်းနှင့် သူ့ဇနီးကို အလွန် မနာလိုဖြစ်စေခဲ့သည်။
တတိယညီဖြစ်သူ လင်းကျန်းရှီ နှင့် သူ့ဇနီးတို့အတွက်မှာမူ ဤလူနှစ်ယောက်က အကြီးဆုံးအစ်ကိုနှင့် ဒုတိယအစ်ကို လင်းကျန်းအန်းတို့ထက် ပိုပြီး စဉ်းစားတတ်ကြသည်က အမှန်ပင်ဖြစ်သည်။
သို့သော် သူတို့က မည်မျှ ဆိုးသည်ဆိုသည့်စကားကိုတော့ ပြောရန် မဖြစ်နိုင်ပေ။ အများဆုံးအနေဖြင့် ပြောရလျှင် သူတို့က ဝမ်းနည်းကြေကွဲစွာနှင့် လင်းကျန်းအန်းကို ဤသို့သာ ပြောခဲ့ကြသည်။
“ဘယ်လိုလုပ်ပြီး လင်းရန် ဒီလောက် ကံကောင်းနိုင်တာလဲ”
သူမက ကွန်မြူနတီ စားသောက်ဆောင်တွင် နေရာလွတ်တစ်ခုကို မတော်တဆ ရှာတွေ့ခဲ့သည်။
ဤသည်က အိပ်ငိုက်နေသောသူကို ခေါင်းအုံးတစ်ခု ပေးလိုက်သည်နှင့် တူနေခဲ့သည်။
အလွန်လွန် မနာလိုစရာကောင်းလှပေ၏။
သို့သော် နောက်ထပ် ပြန်လည်စဉ်းစားကြည့်သောအခါ လင်းရန် က မည်မျှပင် အရည်အချင်းရှိနေသည်ဖြစ်စေ သူမက သူတို့၏မိသားစုဝင် ဖြစ်နေသေးသည်။
နောင်တစ်ချိန်တွင် အမှန်တကယ် အောင်မြင်ခဲ့လျှင် ထိုကိစ္စက သူတို့အတွက်ရော သူ့သားနှစ်ယောက်အတွက်ပါ ကောင်းမွန်သည့် ကိစ္စတစ်ခုပင်ဖြစ်လာနိုင်သည်။
ထို့ကြောင့် ဤကဲ့သို့ စဉ်းစားပြီးသည့်နောက်တွင် တတိယသားနှင့် သူ့ဇနီးက လင်းရန် အပေါ် ပိုပြီး စိတ်အားထက်သန်လာကြသည်။
ညဘက်တွင်ပင် သားနှစ်ယောက်ကို နောင်တစ်ချိန်မှာ အချိန်ရပါက အစ်မလင်းရန်နှင့် ပိုပြီး ဆက်သွယ်ရန်၊ ပိုပြီး ချိုချိုသာသာ ပြောဆိုဆက်ဆံရန် ပြောခဲ့ကြလေသည်။
ထိုမှသာ အစ်မလင်းရန်ထံမှ အရသာရှိသော အစားအသောက်များကို ရကောင်းရနိုင်လာပေလိမ့်အ
မည်။
လင်းကွမ်းဟိုင်က ဤစကားကို ကြားသောအခါ သူ့မိဘများကို မျက်စောင်းထိုးမိခဲ့သည်။
သူက ဆယ်နှစ်သာ ရှိသေးသော်လည်း သိသင့်သမျှ အားလုံးကို သိနေပြီဖြစ်သည်။
သူ့မိဘများက အစ်မရန်ရန်ကို ရည်ရွယ်ချက်ရှိရှိ နှစ်သက်အောင် ပြောခိုင်းနေသည်ကို သိသော်လည်း သူ မပြောနိုင်ခဲ့ပေ။
လင်းကွမ်းဟိုင်က မထီမဲ့မြင် ပြုံးလိုက်သည်။
“အစ်မရန်ရန်က ကျွန်တော်တို့အပေါ် အမြဲတမ်း အရမ်းကောင်းတယ်၊ ကျွန်တော်တို့ သူမကို ကောင်းမွန်တဲ့စကားတွေ မပြောရင်တောင် သူမက ကျွန်တော်နဲ့ ကျွန်တော့်ညီကို စားစရာတွေ ပေးနေတုန်းပဲ၊
ပါး မား၊ ပါးတို့ရဲ့ မျက်လုံးတွေက အဘွားပြောသလိုပဲ၊ တကယ်ပဲ အပ်ပေါက်လောက်ပဲ ရှိတာ!”
လင်းကွမ်းဟိုင်က ပြောဆိုရင်း လက်ဖြင့် အပ်ပေါက်၏ အကျယ်အဝန်းကို ပီပြင်စွာ ပြသလိုက်လေသည်။
လင်းကျန်းရှီနှင့် ယင်းဖန်တို့မှာ အလွန်ပင် ဒေါသထွက်သွားခဲ့ရသည်။
“ဒီကောင်စုတ်လေး၊ မင်း ဘာတွေပြောနေတာလဲ၊ မင်းက မင်းရဲ့မိဘတွေကို ဘယ်လိုလုပ် ဒီလို စော်ကားရဲရတာလဲ”
လင်းကျန်းရှီက စိတ်မထိန်းနိုင်ဘဲ လင်းကွမ်းဟိုင်၏ နဖူးကို ခေါက်လိုက်သည်။ သို့သော် လင်းကွမ်းဟိုင်က လျင်မြန်စွာ တုံ့ပြန်ပြီး ခုန်ရှောင်လိုက်လေသည်။
“ဟမ့်၊ အမှန်ပဲ? ဒါကို အဘွားက ပြောတာ၊ မယုံရင် ကျွန်တော်နဲ့အတူ အဘွားဆီ လာခဲ့၊ ညီလေ့ မင်းရော ဒီလိုထင်လား”
လင်းကွမ်းဟိုင်က သူ၏ညီ လင်းကွမ်းရှန်၏ သဘောတူညီချက်ကို ရယူရန် မမေ့ခဲ့ပေ။
သူ၏ညီ လင်းကွမ်းရှန်မှာလည်း တည်ငြိမ်သောမျက်နှာဖြင့် ခေါင်းငြိမ့်ကာ ပြောလာခဲ့သည်။
“အစ်ကိုပြောတာ မှန်တယ်”
လင်းကျန်းရှီမှာ ထိုစကားကို ကြားသောအခါ ချက်ချင်းပင် မူးမေ့လဲမတတ် ဖြစ်သွားခဲ့သည်။
သို့သော် အဘွားလင်း၏ ခြိမ်းခြောက်မှု ရှိနေသောကြောင့် သူမ၏ အခွင့်အာဏာကို စိန်ခေါ်ရန် မဝံ့ရဲဘဲ အကြောင်းအရာကို အမြန်ပြောင်းလဲ ပြောဆိုလိုက်သည်။
“အဟမ်း၊ ကောင်းပြီ၊ ကောင်းပြီ၊ မြန်မြန်အိပ်ကြ၊ မအိပ်ရင် အရပ်ရှည်မှာမဟုတ်ဘူး၊ ဇနီးလည်း ရလာမှာမဟုတ်ဘူး”
ယင်းဖန်မှာမူ ယခုတစ်ကြိမ်တွင် လင်းကျန်းရှီဘက်မှ မရပ်တည်ခဲ့ပေ။ သူမ၏ နှုတ်ခမ်းများတွင် ပြုံးရယ်နေဆဲဖြစ်ပြီး ကောင်းသောအရာတစ်ခုခုကို တွေးမိသကဲ့သို့ လင်းကျန်းရှီကို ပုတ်ကာ ဆူပူလိုက်သည်။
“ရှင့်ကိုကြည့်စမ်း၊ ရှင့်သားလောက်တောင် အသိဉာဏ်မရှိဘူး၊ လင်းရန်က ဒီလောက် ရက်ရောတာ။ ကျွန်မတို့သားက သူ့ကို တမင်တကာ ဘာလို့ သွားချော့ဖို့လိုမှာလဲ၊ နောင်ဆိုရင် သူ့နဲ့ ကောင်းကောင်းမွန်မွန် ပေါင်းသင်းရင် ရပါပြီ”
ဟေး၊ ဘာတွေဖြစ်နေတာလဲ?နေက အနောက်ကနေ ထွက်နေတာလား?
လင်းကျန်းရှီက ယင်းဖန်အား ကြောင်တောင်တောင်ကြည့်နေခဲ့သည်။ လင်းရန်အပေါ် သူမ၏ သဘောထားမှာ လုံးဝပြောင်းလဲသွားခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် သူမက လင်းရန်အပေါ် မိသားစုမှ အလွန်ကောင်းနေခြင်းက ထိုက်တန်ရဲ့လားဟု လျှို့ဝှက်ပြောဆိုခဲ့ဖူးသည်မဟုတ်ပါလား။
ဘာလို့ ဒီလောက်တောင် မြန်မြန် မျက်နှာပြောင်းသွားရတာလဲ?
သူက ဘယ်လိုလုပ်ပြီး မိသားစုတစ်ခုလုံးမှာ တစ်ဦးတည်းသော လူဆိုး ဖြစ်သွားရဲရတာလဲ?
ကလေးနှစ်ယောက် အိပ်ယာမဝင်သေးသည်ကို မြင်သောကြောင့် ယင်းဖန်က တစ်ခုခုပြောချင်နေသော်လည်း ခေတ္တမျှ မပြောသေးပဲနေနေခဲ့သည်။
ကလေးနှစ်ယောက်ကို အိပ်ရာဝင်စေပြီးနောက် သူမက လင်းကျန်းရှီဘေးတွင် လှဲလျောင်းကာ သူမ၏ လက်ရှိအတွေးများကို စိတ်လှုပ်ရှားစွာ ပြောပြခဲ့သည်။
“ရှင်က ရူးနေတာလား? အခု လင်းရန်က ကွန်မြူနတီမှာ အလုပ်လုပ်နေပြီ၊ နောက်ဆုံးတော့ သူမက မြို့ပေါ်က လူတစ်ယောက်ပဲလေ၊ ပြီးတော့ သူက အများကြီး သိတယ်လို့ ထင်တယ်၊ ဒီလောက် ရက်တွေကြာအောင်နေပေမဲ့ မိသားစုတစ်ခုလုံးမှာ အဘွားနဲ့ သူ့အဖေနဲ့ပဲ ပိုရင်းနှီးပြီး ကျန်တဲ့သူတွေနဲ့တော့ ပုံမှန်ပဲ”
လင်းကျန်းရှီက အနည်းငယ် ရှုပ်ထွေးနေသည်ဟု ခံစားခဲ့ရသည်။
လင်းရန်က သူတို့နှစ်ဦးစလုံးအပေါ် ပုံမှန်ပဲဆိုရင် သူ့ရဲ့ဇနီးသည်က ဘာလို့ လင်းရန်အကြောင်း ကောင်းတာတွေ ပြောနေရတာလဲ?
သူက ရှုပ်ထွေးနေသောကြောင့် သဘာဝအတိုင်းပင် မေးလိုက်သည်။
ယင်းဖန်က သူ့ကို ထပ်ပြီးပုတ်လိုက်သည်။
“ဪ၊ ဒါက ကျွန်မနဲ့ ကျွန်မရဲ့ ယောက်မ နှစ်ယောက်စလုံးက အခွင့်အရေးရှိတယ်လို့ ဆိုလိုတာမဟုတ်ဘူးလာ?”
အခွင့်အရေး၊ ဘာအခွင့်အရေးလဲ?
ထိုစကားများက လင်းကျန်းရှိကို ထပ်မံ၍ ရှုပ်ထွေးစေခဲ့သည်။
“ကွန်မြူနတီမှာ အတူတူ အလုပ်သွားလုပ်ဖို့ အခွင့်အရေးပေါ့!”
ယခု ကွန်မြူနစ် ထမင်းဆိုင်ကို လင်းရန်ဆိုသည့် ကောင်မလေးတစ်ယောက်က စီမံခန့်ခွဲနေသည်။ သူမက အရသာရှိသော အစားအစာများကို ချက်ပြုတ်နိုင်သော်လည်း ကွန်မြူနတီ စားဖိုဆောင်တွင် ဟင်းသီးဟင်းရွက်ဆေးခြင်း၊ ဟင်းသီးဟင်းရွက်လှီးခြင်းနှင့် ပန်းကန်ဆေးခြင်းကဲ့သို့သော အလုပ်များစွာ ရှိနေမည်မှာ သေချာသည်။ ထို့ကြောင့် အခြားသူများကို ရှာဖွေရန် လိုအပ်လောက်မည်ဖြစ်သည်။
ပုံမှန်အားဖြင့် လင်းရန်မှ အိမ်တွင် ချက်ပြုတ်နေစဉ် သူမက သေချာဂရုတစိုက် လေ့လာခဲ့ပြီး နောက်ဆုံးတွင် လင်းရန်က ချက်ပြုတ်ရုံသာလုပ်ခဲ့ပြီး တခြားသူများ၏ ပန်းကန်များကိုလည်း မဆေးကြောင်း၊ ဤအရာများကို သန့်ရှင်းရေးလုပ်ရသည်ကို စိတ်မသက်မသာ ဖြစ်နေပုံရကြောင်း ကောက်ချက်ချခဲ့သည်။
ထိုသို့ဆိုလျှင် ကွန်မြူနတီတွင် သူတို့မိသားစုဝင်များ၏ အကူအညီမရှိပါက သူမက ထိုသေးငယ်သောအလုပ်များကို တစ်ဦးတည်း မလုပ်နိုင်ပေ။
သူမ၏ အသက်အရွယ်ရှိ ကောင်မလေးများက အမှန်တကယ်အိမ်ထောင်ရှင်မကြီးများကဲ့သို့ မဖြစ်ချင်ကြသည်မှာ သေချာသည်။
ထို့ကြောင့် သူတို့က ပန်းကန်ဆေးခြင်းနှင့် သန့်ရှင်းရေးကဲ့သို့သော အလုပ်များကို လုပ်နိုင်လျှင်ပင် မလုပ်ကြပေ။
သူ၏ဇနီး ယင်းဖန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းကျန်းရှီက နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။
“မင်းပြောတာက မင်း လင်းရန်နဲ့ အနာဂတ်မှာ ကွန်မြူနတီ စားဖိုဆောင်မှာ အလုပ်အတူ လုပ်ချင်တာလား”
“ဟေး၊ ဒါက ကောင်းတဲ့အလုပ်လို့ မထင်ဘူးလား”
ပူလောင်လှသော နေအပူချိန်အောက်၌ တစ်နေကုန် လယ်ထဲတွင် အလုပ်လုပ်နေရမည််အစား ကွန်မြူနတီမှာသာ အလုပ်လုပ်နိုင်မည်ဆိုပါက မည်သူက မရွေးချင်ဘဲ နေမည်နည်စ
အလုပ်က ပင်ပန်းသည်သာမကဘဲ အလုပ်မှတ်တွေလည်း အနည်းငယ်သာ ရနိုင်သည်။
ကွန်မြူနတီသို့ သွားမည်ဆိုလျှင် လစာက လင်းရန်ကဲ့သို့ စားဖိုမှူးလောက် မများလျှင်ပင် အနည်းဆုံးတော့ လေဒဏ်နေဒဏ်က ကင်းပြီး ငွေသားလည်း ရမည်မှာ သေချာသည်။
ဒါက ကောင်းတဲ့အရာ မဟုတ်ဘူးလား?
*
သို့သော် ကံကောင်းစွာဖြင့် ဤအချက်များမှလွဲ၍ အခြားကြီးမားသော ချို့ယွင်းချက်များ မရှိပေ။ အဘွားလင်းက သူတို့ကို အချိန်တိုင်း ထိန်းကျောင်းပေးရန်သာ လိုအပ်သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက တတိယအဒေါ် ယင်းဖန်၏ သူမအပေါ် သဘောထားက သူမအပေါ်တွင် အလွန်အေးတိအေးစက် ဖြစ်နေခဲ့သည်။
သူမက အဘွားလင်းရှေ့တွင်သာ လင်းရန်ကို ပြုံးပြပြီး နောက်ကွယ်တွင်တော့ လုံးဝ ဆက်သွယ်မှု မရှိပေ။
သို့သော် လင်းရန်က ယင်းဖန် ကသူမကို လုံးဝ မကြိုဆိုကြောင်း၊ သူမ၏ဖခင်က သူမအား အိမ်တွင် ထားပြီး အလုပ်သွားခွင့် မပြုသည်မှာ လူတိုင်းအတွက် မမျှတဟုပင် ခံစားရကြောင်း ကောင်းစွာ သိသည်။
သို့သော် ထိုအမျိုးသမီးက သတ္တိနည်းပြီး မည်သည်ကိုမှ မပြောရဲသောကြောင့် စိတ်ထဲတွင်သာ မကျေမနပ် ဖြစ်နေနိုင်ခဲ့သည်။
လင်းရန်က မျက်မမြင်မဟုတ်သောကြောင့် ဤအရာများကို မြင်နိုင်ခဲ့သည်။
သို့သော် သူမက ဤအရာများကြောင့် ယင်းဖန်နှင့် စိတ်ဆိုးရန်ဖြစ်နေရန် မလိုအပ်ပေ။ အဘွားလင်း ပြောခဲ့သကဲ့သို့ တတိယအဒေါ်က ဥာဏ်မရှိဘဲ ကြောက်တတ်သူသာဖြစ်သောကြောင့် သူမကို လုံးဝ ဂရုစိုက်ရန် မလိုအပ်ပါချေ။
ထို့ကြောင့် ယင်းဖန်မှ မနက်စောစောကတည်းက သူမအပေါ် ဤမျှလောက် စိတ်အားထက်သန်နေခြင်းကို သူမ သံသယဝင်ခဲ့သည်။
“ကျေးဇူးတင်ပါတယ် တတိယအဒေါ်၊ ကျွန်မ ရေသွားချိုးတော့မယ်၊ ခဏနေရင် ပြန်လာခဲ့မယ်”
သို့သော် တတိယအဒေါ်က သူမကို အမှန်တကယ် မည်သည်ကိုမှ မလုပ်နိုင်သည်ကို သူမ သိသောကြောင့် ယင်းဖန်ကို ယဉ်ကျေးစွာ ကျေးဇူးတင်ပြီး ပြင်ဆင်ရန် ထွက်သွားခဲ့သည်။
**