← Chapters

အခန်း (၉၃)

Vol. 10 Ch. 93

အခန်း (၉၃)

Vol. 10 Ch. 93

သူမ ကြည့်လိုက်ရုံနှင့် လင်းရန်၏  ဤအဝတ်အစားများကို သူ လုံးဝ မဝတ်နိုင်ဘူးဆိုသည်ကို တွေ့လိုက်ရသည်။

လင်းရန်က သူမနှင့် အရပ်တူလောက်သော်လည်း သူမထက် အနည်းငယ် ပိုပိန်သည်။

ထို့အပြင် သူမက စာချုပ် ဖျက်သိမ်းခြင်း၏ အဓိပ္ပာယ်ကို နားမလည်ဘဲ တခြားသူများကဲ့သို့ပင် အဝတ်အစားများကို တစ်ဆိုက် ပိုကြီးအောင် ဝယ်တတ်လေ့ရှိသော သူမျိုး မဖြစ်နိုင်လောက်ပေ။ 

ထိုနည်းဖြင့်ဆိုလျှင် သူမ ဝိတ်တက်လာလျှင် သို့မဟုတ် အရပ်ရှည်လာလျှင်ပင် ဆက်ပြီး ဝတ်နိုင်ဦးမည်ဖြစ်ကြောင်းကို  တွေးလေ့မရှိသောသူဖြစ်သည်။

လင်းရန်က အဝတ်အစားများ ဝယ်သောအချိန်တွင် သူမနှင့် အသင့်တော်ဆုံးသော အံကိုက်အဝတ်အစားများကိုသာ ဝယ်လေ့ရှိသည်။

သူမက အမြဲတစေ ကိုယ်တိုင်းအတိများကိုသာ ဝတ်ဆင်လေ့ရှိသည်။ ထို့ကြောင့် သူမထက် ပေါင် ၂၀ လောက် ဝိတ်ပိုများသည့် စုန့်စစ်ယွီက သူမ၏ ဝတ်စုံများကို လုံးဝ ဝတ်လို့မရပေ။

လီရှို့လီကတော့ သူမ၏စကားကို ကြားသောအချိန်တွင် ရှုပ်ထွေးနေဆဲပင်ဖြစ်သည်။ သို့သော် သူမက အလွန်ရိုးသားစွာနှင့် ဝင်သွားခဲ့ပြီး လင်းရန် မယူသွားသော ဂါဝန်များကို စုန့်စစ်ယွီအတွက် ရှာပေးခဲ့သည်။

သူမက ဂါဝန်များကို ရှာဖွေရင်း ရှုပ်ထွေးစွာနှင့် တီးတိုးရေရွတ်လိုက်သည်။

“မင်း အဝတ်အစားတွေ မရှိတော့ဘူးလား? မင်းရဲ့ အဖေနဲ့ ငါ မင်းကို မနက်ဖြန် စတိုးဆိုင်ကို ခေါ်သွားပြီး ဂါဝန်နှစ်ထည်လောက် ထပ်ဝယ်ပေးရမလား? ငါ ကြောက်တာက....”

မတော်လောက်ဘူး…

သို့သော် လီရှို့လီ စကား မဆုံးမီမှာပင် စုန့်စစ်ယွီက အလွန်လေးနက်သော မျက်နှာနှင့် ပြောလာခဲ့သည်။

“သူမရဲ့ဝတ်စုံတွေကိုပဲ လိုချင်တာ” 

လီရှို့လီ၏ လက်များက တုန်ယင်သွားရပြီး ကြောက်လန့်သွားခဲ့ရသည်။ သူမ တခြားမည်သည်ကိုမျှ မပြောရဲတော့ဘဲ ဂါဝန်ကိုသာ ဆက်ရှာနေခဲ့သည်။

ကံကောင်းစွာဖြင့် နောက်ဆုံးတွင် ပွပွချောင်ချောင်နှင့် ဆွဲသားဂါဝန်တစ်ထည်ကို ရှာတွေ့ခဲ့သည်။

သို့သော် ဂါဝန်က အလွန်ရှည်ပြီး ခြေချင်းဝတ်အထိ ရောက်နေခဲ့သည်။ 

ဤကဲ့သို့သော ရာသီဥတုတွင် ဝတ်လျှင် အလွန်ပူမည်မှာ သေချာသည်။

လီရှို့လီ တစ်ခွန်းမျှ မပြောရသေးမီမှာပင် စုန့်စစ်ယွီက ထိုဂါဝန်ကို လျင်မြန်စွာ ဆွဲယူလိုက်သည်။

လှုပ်ရှားမှုက အလွန် မြန်ဆန်လွန်းသောကြောင့် “လုယူခြင်း” ဟုပင် ဆိုနိုင်သည်။

လီရှို့လီ ဤသည်ကို မြင်သောအခါ အလွန် စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။

လင်းရန်က စုန့်ဝေ့၏ သမီးအရင်း မဟုတ်သော်လည်း သူမက စုန့်မိသားစုတွင် နှစ်ပေါင်းများစွာ နေခဲ့သည်။ ပြီးနောက် သူမ ကိုယ့်ကိုယ်ကိုယ် မေးကြည့်သောအခါတွင် သူမ၏လင်ပါသမီး စုန့်စစ်ယွီကိုသာ ဤနှစ်များအတွင်းတွင် နက်နက်ရှိုင်းရှိုင်း ဂရုစိုက်ပေခဲ့သည်ဟု  ပြော၍ရသည်။

စုန့်စစ်ယွီက သူမကို ပြန်မဆပ်နိုင်လျှင်ပင် လင်းရန် ထွက်သွားပြီး မကြာမီမှာပင် သူမ၏ ပစ္စည်းများကို လုံးဝ မလုယူသင့်ပေ။

အခုက အဝတ်အစားတွေ၊ မနက်ဖြန်ဆိုရင် တခြားအရာတွေ ဖြစ်နေနိုင်တယ်လေ…

ဒီနှစ်တွေအားလုံးမှာ သူမက လင်းရန် ကို သူမရဲ့ ညီမအဖြစ် ဘယ်တုန်းကမှလက်မခံခဲ့ဘူးလား?

ဤကဲ့သို့ ပြောမည်ဆိုလျှင် စုန့်စစ်ယွီ၏  စိတ်ထဲတွင် နှစ်ပေါင်းများစွာ သူမကို ဂရုစိုက်ရန် ကြိုးစားခဲ့သော သူမ၏ မိထွေးကို အလေးမထားခဲ့တာ ဖြစ်နိုင်သည်။

သူမက  စုန့်စစ်ယွီအား သူမ(စုန့်)၏ ပါးစပ်တွင်ပြောနေသော စကားလုံးများနှင့်ကွာခြားကာ သူမ(လီရှို့လီ)၏ ကြင်နာမှုများကို မှတ်မိလိမ့်မည်ဟု ထင်ခဲ့သည်။

သို့သော် ပြီးခဲ့သော နှစ်ရက်တာ ဖြစ်ရပ်များက သူမ ယခင်က မည်မျှပင် နုံအပြီး မိုက်မဲခဲ့သည်ဆိုသည်ကို တစ်ခုပြီးတစ်ခု ပြောပြနေခဲ့သည်။

သူမ၏ ကြိုးစားအားထုတ်မှုများက စုန့်စစ်ယွီ၏   နှလုံးသားကို တစ်နေ့နေ့တွင် အရည်ပျော်အောင် လုပ်နိုင်လိမ့်မည်ဟု ရူးမိုက်နုံအစွာ ယုံကြည်ခဲ့မိသည်။

ဤအချိန်တွင်တော့ သူမက သူမ၏သမီးအရင်း လင်းရန်ကို ဘယ်သောအခါကနဲ့မှ မတူလောက်အောင် လွမ်းဆွတ်တမ်းတနေခဲ့ပြီဖြစ်သည်။

အခုဆို ကျေးလက်မှာ သူမ ဘယ်လိုနေနေမလဲ မသိဘူး….

စုန့်စစ်ယီသည်ကား သူမကို ဂရုမစိုက်ဘဲ လင်းရန်၏ အခန်းထဲတွင် ရှာတွေ့ခဲ့သော ဂါဝန်ကို ရရှိပြီးနောက် သူမ၏  ကိုယ်ပိုင်အခန်းကို ပြန်သွားပြီး ဂါဝန်ကို လဲလိုက်လေသည်။

ဤဂါဝန်က လင်းရန်၏ ဗီရိုထဲရှိ ပွပွချောင်ချောင် ဂါဝန်များထဲက တစ်ထည်ဖြစ်သော်လည်း စုန့်စစ်ယွီ ဝတ်လိုက်သောအချိန်တွင် အနည်းငယ် ကျပ်နေတုန်းဖြစ်လေသည်။

သို့သော် သူမ သည်းခံနိုင်သေးသည်။

ဂါဝန်ကို ဝတ်ဆင်ပြီးနောက် သူမကိုယ်သူမ မှန်ထဲတွင် ကြည့်လိုက်ပြီး ဆံပင်များကို ဖြည်းဖြည်းချင်း ချကြည့်လိုက်သည်။ ထို့နောက် သူမက ရွံရှာစိတ်ကို ထိန်းချုပ်ပြီး လင်းရန်ကဲ့သို့ ပြင်ဆင်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။

ပြင်ဆင်ပြီးနောက် ပထမတစ်ချက်ကြည့်လိုက်လျှင် သူ့ကို မရင်းနှီးသောသူများက ဤသည်က လင်းရန်ဟု တကယ်ပင် ထင်သွားနိုင်သည်ဟု ပြော၍ရပေမည်။

တစ်နေ့နေ့တွင် လင်းရန်ကို တမင်တကာ အတုခိုးရလိမ့်မည်ဟု မထင်ထားခဲ့သည့်အတွက် ယခု စဉ်းစားမိသောအခါ စုန့်စစ်ယွီက ရွံရှာစိတ်နှင့် ပျို့အန်ချင်စိတ်တိိ့ ဖြစ်လာခဲ့ရသည်။

သို့သော် အောင်မြင်ပြီးနောက် မြင်ကွင်းကို စဉ်းစားလိုက်သောအချိန်တွင် ယခု ဖြစ်ပျက်နေသည်များ အားလုံးက သည်းမခံနိုင်စရာ မဟုတ်ကြောင်း ရုတ်တရက် ခံစားလိုက်ရပြန်သည်။

နောက်ဆုံးတွင် သူမကိုယ်သူမ သန့်ရှင်းရေးလုပ်ပြီးနောက် စုန့်စစ်ယွီ က အောက်ထပ်ကို ဆင်းလာခဲ့သည်။

လီရှို့လီမှာ အောက်ထပ် ရောက်နေပြီဖြစ်ပြီး အိမ်ကို သန့်ရှင်းရေး လုပ်နေသည်။ သူမ မျက်လုံးထောင့်ကနေ တစ်စုံတစ်ယောက် အောက်ထပ် ဆင်းလာသည်ကို သတိပြုမိသောအခါ ပထမတွင် သိပ်အများကြီး မစဉ်းစားခဲ့ပေ။

မည်သို့ပင်ဖြစ်စေ သူမနှင့် စုန့်စစ်ယွီ တို့ နှစ်ယောက်တည်းသာ အိမ်မှာ ရှိနေသည်ကို  သိနေသောကြောင့်ဖြစ်သည်။

သို့သော် လီရှို့လီက သူမ၏ အကြည့်ကို ပြန်ရုပ်သိမ်းတော့မည့်ဆဲဆဲ အချိန်တွင် ရုတ်တရက် ရပ်တန့်သွားပြီးနောက် တံခါးဆီသို့ လျှောက်သွားနေပြီဖြစ်သော ပုံရိပ်ကို အံ့အားသင့်နေသော အမူအရာနှင့် အလျင်အမြန် ကြည့်လိုက်သည်။

အဲ့ဒီပုံရိပ်က ငါ့ သမီး လင်းရန် နဲ့ အရမ်းတူနေသလိုပဲ!

လီရှို့လီတစ်ယောက် သူမ မှားမြင်လိုက်သည်ဟု ထင်သောကြောင့် မျက်လုံးများကို ပွတ်ပြီး သေချာကြည့်လိုက်သော်လည်း လင်းရန် နှင့် တူနေဆဲပင်ဖြစ်သည်!

ဒါပေမဲ့ ဒါက သူမရဲ့လင်ပါသမီး စုန့်စစ်ယွီ မဟုတ်ဘူးလား?

ယခင်က မိသားစုထဲမှ ကလေးနှစ်ယောက်၏ ဝတ်စားဆင်ယင်ပုံများနှင့် ဖက်ရှင်ပုံစံများက အလွန် ကွဲပြားခဲ့သည်။

သူမ၏သမီး လင်းရန်က မိန်းကလေးငယ်လေးကဲ့သို့ ပိုတူပြီး ချစ်စရာကောင်းသော ဂါဝန်အမျိုးမျိုးကို ကြိုက်နှစ်သက်ကာ ပြင်ဆင်လေ့ရှိသည်။

လင်ပါသမီးဖြစ်သူ စုန့်စစ်ယွီမူကား သက်သောင့်သက်သာရှိသည်ကို ပိုနှစ်သက်ပြီး မည်သို့ဝတ်ရမညင ဂရုမစိုက်ပေ။

သူမက မည်မျှပင် တော်ပါစေ၊ သူ့ဆံပင်များကို အမြဲ သပ်သပ်ရပ်ရပ် စည်းနှောင်ထားပြီး တက်ကြွနေတသည့်ပုံ ပေါက်သည်။

သို့သော် ယခုတွင်မူ တစ်ချက်ကြည့်လိုက်စဉ်နှင့် သူမ မြင်လိုက်ရသည်က ဆံပင်နှစ်ဖက်ကို ရှင်းလင်းစွာကျစ်ထားပြီး ဂါဝန်ရှည်ဝတ်ထားကာ ခြေထောက်တွင် သားရေဖိနပ်သေးသေးလေးများ စီးထားသည့် ပုံရိပ်ကိုပင်ဖြစ်သည်။

ဒီအဝတ်အစားတွေက ရန်ရန် အကြိုက်ဆုံး ဝတ်စုံ မဟုတ်ဘူးလား?

လီရှို့လီက ရှုပ်ထွေးနေရသည်။  သူမလင်ပါသမီး၏ အပြုအမူက တစ်ခုခု မှားနေသည်ဟု ခံစားရသော်လည်း စုန့်စစ်ယွီက အဘယ်ကြောင့် ဤကဲ့သို့ လုပ်နေရသည်လဲဆိုသည်ကိုတော့ သူမ နားမလည်နိုင်ခဲ့ပေ။

သူမက ညနေပိုင်း စုန့်ဝေ့ ပြန်လာသောအချိန်ကျမှ သူ့ကို ဤကိစ္စအကြောင်းပြောပြပြီး မေးရန်သာ မျှော်လင့်ထားနိုင်တော့သည်။

စုန့်စစ်ယွီမူကား  ဤကဲ့သို့ဝတ်ပြီး အိမ်ပြင်ထွက်ခြင်းက ပထမဆုံးအကြိမ်ဖြစ်ပြီး အနည်းငယ် မသက်မသာ ခံစားနေရသည်။

အထူးသဖြင့် ဤစက်ရုံဝန်းထဲတွင် ရှိသည့် ရင်းနှီးသောလူများက သူမကို ရံဖန်ရံခါ အံ့ဩစွာ ကြည့်နေကြသည်မျိုး၊ လင်းရန်ကို မြင်လိုက်ရသည်ဟု တွေးတောနေကြခြင်းမျိုးကို သူမ မကြိုက်လှပေ။

သို့သော် ဤလူက စုန့်စစ်ယွီ ဖြစ်နေသောအခါ သူတို့၏မျက်လုံးများက သံသယဝင်နေကြောင်း ပြသလာခဲ့၍  ပိုပြီး မသက်မသာ ဖြစ်စေခဲ့ရသည်။

စုန့်စစ်ယွီက ထိုလူများ၏ အကြည့်များကို လျစ်လျူရှုကာ ဘူတာရုံကို တန်းတန်းမတ်မတ် လျှောက်သွားခဲ့ပြီး မြို့လယ်ခေါင်ဆီ ထွက်ခွါခဲ့သည်။

ကားပေါ်ရောက်သောအချိန်တွင်တော့ သူမကို စိတ်တိုစေသော အသိမိတ်ဆွေများ၏ အကြည့်များက ပျောက်ကွယ်သွားခဲ့တော့သည်။ ကားထဲမှ မသိကျွမ်းသော အဘွားအိုတစ်ယောက်က သူမ၏ အလှအပကို ချီးကျူးလိုက်သောကြောင့် စုန့်စစ်ယွီ၏ စိတ်ခံစားချက်များကလည်း  ပိုမိုကောင်းလာခဲ့သည်။

သူမက အစကတည်းက ရုပ်ဆိုးသောသူ မဟုတ်ကြောင်း ပြောခဲ့ပြီးသားပင်။

သို့သော် ယခင်က ပြင်ဆင်ဝတ်ဆင်ရန်အတွက် စိတ်မပါခြင်းနှင့် သူ့မ၏ဘေးတွင် အလှပြင်ရန်တစ်ခုကိုသော သိသော လင်းရန် ရှိနေသောကြောင့် လူအများက သူမ၏ ရုပ်ရည်ကို လျစ်လျူရှုထားခဲ့ကြခြင်းဖြစ်သည်။

အခုတော့ သူမရဲ့ ရုပ်ရည်ကို ထုတ်ပြဖို့ အချိန်ရောက်ပြီ…

နောက်ဆုံးတော့ ကားက သူမနှင့် ရှုကျစ်ဝမ် သဘောတူထားသော နေရာတွင် ရပ်သွားသည်။

စုန့်စစ်ယွီတစ်ယောက် ကားပေါ်မှ ဆင်းလာပြီး မကြာမီမှာပင် အဝေးမှ စောင့်နေသည့် ရှုကျစ်ဝမ်ကို တွေ့လိုက်ရသည်။

ဒီလူက လင်းရန်အပေါ် တကယ်ပဲ နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာ ရှိပုံရတယ်။

သူက ဒီလောက်အစောကြီးတောင် ရောက်လာနေတာပဲ။

သူမ နှာခေါင်းရှုံ့လိုက်ပြီးမှ ရှုကျစ်ဝမ်ထံသို့ လျှောက်သွားခဲ့သည်။

ရှုကျစ်ဝမ်ကလည်း ဤအချိန်တွင် ကားပေါ်မှ ဆင်းလာသော စုန့်စစ်ယွီ ကို မြင်လိုက်ရသည်။

လင်းရန်နှင့် ဆင်တူသော ပုံရိပ်ကို အဝေးကနေ မြင်လိုက်ရသောအချိန်တွင် ရှုကျစ်ဝမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုက မသိစိတ်ကပင် ပေါ်လာခဲ့သည်။

သူက လင်းရန်ကို လှမ်းခေါ်ရန်အတွက် အနီးကိုလျှောက်သွားရန်ပြင်ဆင်လိုက်သော်လည်း သူ ပိုနီးလာချိန်တွင်၊ လင်းရန် နှင့် အလွန်တူသော ပုံရိပ်က လင်းရန် လုံးဝ မဟုတ်ဘဲ စုန့်စစ်ယွီ ဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။

“မင်းလား?”

ရှုကျစ်ဝမ်က သူ့ရှေ့မှ စုန့်စစ်ယွီ ကို အံ့ဩစွာနှင့် ကြည့်လိုက်သည်။

သူမက ယနေ့ အထူးတလည် ပြင်ဆင်ထားပုံရသည်။ လှပသော ဝတ်စုံ ဝတ်ထားပြီး မျက်ခုံးမွှေး ဆေးခြယ်ထားကာ နှုတ်ခမ်းနီကိုလည်းဆိုးထားသေးသည်။

သူမ၏မျက်နှာက ပုံမှန်ထက် အနည်းငယ် ပိုဖြူနေပြီး မည်သည့်အရာကို လိမ်းထားသည်လဲဆိုသည်ကိုတော့ မသိနိုင်ပေ။

သို့သော် ဤကဲ့သို့ ပြင်ဆင်ထားပြီးနောက် စုန့်စစ်ယွီ က ပုံမှန်ထက် အဆပေါင်းများစွာ 

ပိုလှနေသည်ဟု ပြော၍ရသည်။

လမ်းပေါ်တွင် လျှောက်လျှင် လူအများကြီး၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်မည်ဖြစ်ပေသည်။

ရှုကျစ်ဝမ်က မူလက သူမ တစ်ယောက်တည်း ရောက်လာခဲ့ပြီး လင်းရန် အဘယ်ကြောင့် မလာသည်လဲဆိုသည်ကို မေးချင်ခဲ့သော်လည်း  သူမ၏ ပုံစံကို မြင်ပြီးနောက်တွင် အပြစ်မတင်နိုင်တော့ပေ။

သို့သော် စုန့်စစ်ယွီမှာ ဤသို့ ပြင်ဆင်ထားပြီးနောက် ပိုမိုလှပကာ ကြည့်ကောင်းသော်လည်း လင်းရန ထက်တော့ နိမ့်ကျနေဆဲပင်ဖြစ်သည်။ ရှုကျစ်ဝမ်သည်လည်း လင်းရန်ကိုသာ စဉ်းစားနေဆဲပင်ဖြစ်ချေသည်။

“မင်း တစ်ယောက်တည်းပဲလား၊ လင်းရန် ဘယ်မှာလဲ?”

စုန့်စစ်ယွီက ရှုကျစ်ဝမ်၏ မျက်လုံးထဲက အပြောင်းအလဲကို သေချာပေါက် သတိထားမိခဲ့ပြီး ထိုအချိန်က သူ့၏အံ့အားသင့်မှုအပေါ် ကျေနပ်နေခဲ့သည်။

သူမသည်လည်း ရှုကျစ်ဝမ်က သူမကို မြင်သည်နှင့် လင်းရန်ကို စွန့်လွှတ်လိမ့်မည်ဟု နုံအစွာဖြင့် မထင်ထားခဲ့ပေ။ ထို့ကြောင့် ယခု သူ့ မေးခွန်းက သူမ လက်ခံနိုင်သော အတိုင်းအတာထဲတွင် ရှိသည်။

သူမ မျက်မှောင်ကြုတ်လိုက်ပြီး ရှုကျစ်ဝမ်၏ ရှုပ်ထွေးနေသော အမူအရာကို ရင်ဆိုင်ရင်း သက်ပြင်းချကာ ရှင်းပြလိုက်သည်။

 “လင်းရန်က...

**

All Chapters