အခန်း (၉၅)
Vol. 10 Ch. 95
သူမ ကွန်မြူနတီ စားဖိုဆောင်တွင် နှစ်ရက်တာ အလုပ်လုပ်ပြီးနောက် ဤနေရာ၏စည်းချက်နှင့် အလျင်အမြန် ရင်းနှီးသွားခဲ့သည်။
အိမ်မှ မနက် (၉)နာရီလောက်တွင် ထွက်ခွာပြီး ကွန်မြူနတီကို (၁၀) နာရီတွင် ရောက်သည်။ ပြီးနောက် အရာအားလုံးကို ပြင်ဆင်ပြီး (၁၂) နာရီလောက်တွင် ထမင်းများက အဆင်စင့်ဖြစ်နေလိမ့်မည်ဖြစ်သည်။
ထို့နောက်တွင် ကွန်မြူနတီ ခေါင်းဆောင်များ စားသောက်ပြီးနောက် စားပွဲနှင့် ပန်းကန်များကို ရှင်းလင်းပြီး တစ်နာရီခွဲအချိန်တွင် အိမ်ပြန်ခဲ့သည်။
သူမ အမှန်တကယ်ပင် မရင်းနှီးသော အရာတစ်ခု ရှိသည်။ ၄င်းသည်ကား မီးဖိုချောင်သန့်ရှင်းရေးနှင့် ပန်းကန်များ ဆေးကြောခြင်းသာဖြစ်သည်။
အခြားသူများ၏ အလေ့အကျင့်များက မည်ကဲ့သို့ဆိုသည်ကို သူမ မသိသော်လည်း လင်းရန် ကိုယ်တိုင်အတွက်မှာမူ သူမ၏ ယခင်ဘဝ၌ဖြစ်စေ၊ ယခုဘဝ၌ဖြစ်စေ ထိုပစ္စည်းများအား ဆေးကြောရသည်ကို မကြိုက်ခဲ့ပေ။
ဤရက်များတွင် ဆီနှင့်ရေများက သိပ်မများဘဲ ပန်းကန်နှင့် တူများ အားလုံးက အဆီများပေကြံမနေသော်လည်း သူမက ပန်းကန်ခွက်ယောက်များကို ဆေးကြောရသည်ကို မကြိုက်ဆဲသာဖြစ်ပေသည်။
ဤနေရာတွင် ရက်အနည်းငယ် အလုပ်လုပ်ပြီးနောက် ချက်ပြုတ်နေစဉ်တွင် သူမ အလွန်ပျော်ခဲ့သည်။
သို့သော် ကွန်မြူနတီ၏ ခေါင်းဆောင်များ ညစာစားပြီးသည်နှင့် စားပွဲပေါ်က ပန်းကန်များနှင့် တူများကို ကြည့်ကာ သက်ပြင်းချမိလေ့ရှိသည်။
သို့သော်လည်းကွန်မြူနတီ စား ဖိဆောင်၏ အရွယ်အစားကို ကြည့်လျှင် သူမကို ကူညီဖို့ရန်အတွက် တစ်စုံတစ်ယောက်ကို ငှါးရမ်းခြင်းက မဖြစ်နိုင်လောက်သည်မှာ သေချာသည်။
အနည်းဆုံးအနေဖြင့် ယခုအချိန်တွင် မဖြစ်နိုင်သေးပေ။
ဤကိစ္စကြောင့် လင်းရန်က ပြီးခဲ့သည့် နှစ်ရက်တာလုံး စားဖိုဆောင်၏ အရွယ်အစားကို ချဲ့ထွင်နိုင်မည်လားဆိုသည့် နည်းလမ်းများ ရှာဖွေနေခဲ့သည်။
သူမကို ကူညီပေးမည့်သူများကို ရှာဖို့ရန် အတွက်တရားဝင် အကြောင်းပြချက် ဖန်တီးနိုင်လျှင် အကောင်းဆုံးပင်ဖြစ်ပေသည်။
လင်းရန်က သူမ၏ကိုယ်ပိုင် ကိစ္စများတွင်သာ ရှုပ်ထွေးနေခဲ့သောကြောင့် သူမ၏ဖခင် လင်းကျန်းအန်းက လွန်ခဲ့သော နှစ်ရက်တာလုံးတွင် ရုတ်တရက် အလုပ်ရှုပ်လာခဲ့သည်ကို မသိခဲ့ပေ။
သူက မနက်အစောကြီး အပြင်သို့ထွက်ပြီး ညနေစောင်းမှသာ အိမ်သို့ပြန်ရောက်ခဲ့သည်။
လင်းရန်က ဖခင်ဖြစ်သူ တပ်မဟာတွင် အလုပ်ရှုပ်နေသည်ဟုသာ ထင်ခဲ့သည်။ သို့သော် တစ်ညတွင်တော့ လင်းကျန်းအန်းက အပြင်ဘက်မှ ချွေးသံတရွှဲရွှဲနှင့် ပြန်လာသည်ကို မြင်ခဲ့ရသည်။
သို့သော် သူ၏မျက်နှာပေါ်တွင် မတွေ့ရသည်က ကြာမြင့်ပြီဖြစ်သော ပျော်ရွှင်သည့် အပြုံးတစ်ခု ရှိနေသည်ကို မြင်လိုက်ရလေ၏။
ထိုအချိန်မှသာ လင်းရန်တစ်ယောက် အဖေလင်းက ဤနှစ်ရက်တာလုံးတွင် ကြီးကျယ်သော ကိစ္စတစ်ခုခုကို လုပ်နေပုံရကြောင်းကို သတိထားမိလိုက်သည်။
လင်းကျန်းအန်းက ဤနှစ်ရက်တာလုံးတွင် ကြီးမားသော ကိစ္စတစ်ခုခု လုပ်နေခဲ့သည်က အမှန်ပင်ဖြစ်ခဲ့သည်။
သူ အလျင်အမြန် ကိုင်တွယ်နေသော ကိစ္စများက သူ ခေါင်းဆောင်နှင့် လွန်ခဲ့သော ရက်အနည်းငယ်က ဆွေးနွေးခဲ့သည့် ကိစ္စတွေပင်ဖြစ်သည်။
ထိုနေ့က ခေါင်းဆောင်က သူနှင့် စကားပြောပြီးနောက် အဖွဲ့ထဲမှ အရည်အချင်းရှိသော လူအနည်းငယ်ကို သွားမေးခဲ့သည်။
ရလဒ်အနေဖြင့် သူတို့အားလုံးက အမြင်တူညီခဲ့ကြသည်။ ပိုက်ဆံ ပိုရှာပြီး သူတို့၏ ဘဝကို တိုးတက်အောင် လုပ်ရန် အခွင့်အရေးရှိလျှင် တောင်များကို စမ်းကြည့်ဖို့ရန် ပို၍ ဆန္ဒရှိသည်ဟု ပြောခဲ့ကြသည်။
ခေါင်းဆောင်က ဤသည်ကို ကြားပြီးနောက် သူတို့ မည်မျှပင် ဆန္ဒရှိနေကြသည်ဆိုသည်ကို မြင်သောအချိန်တွင် လက်ဝှေ့ရမ်းပြပြီး လင်းကျန်းအန်းနှင့် အတူ တောင်ပေါ်သို့ သွားပြီး အခြေအနေကို လေ့လာဖို့ရန် ပြောခဲ့သည်။
တောင်ပေါ်တွင် တောထွက်ပစ္စည်းများ အများပြားရှိပြီး အခြားနည်းလမ်းများနှင့် ပိုက်ဆံ လဲလှယ်ဖို့ရန် လုံလောက်လျှင် သူက တပ်ခွဲအစည်းအဝေး လုပ်ရန် အခွင့်အရေး ရှာပြီး တခြားအဖွဲ့ဝင်များနှင့်လည်း ဆွေးနွေးမည်ဖြစ်သည်။
ပြီးနောက် မည်သူများက ပူးပေါင်းချင်သည်လဲဆိုသည်ကို ကြည့်ပြီး လူတိုင်း အတူစုပေါင်းကာ လုပ်ကြလိမ့်မည်ဖြစ်ပေသည်။
ဤကိစ္စကို ကွန်မြူနတီ ခေါင်းဆောင်များထံသို့ ဦးစွာ သတင်းပို့ရမည်က သေချာပေသည်။
မဟုတ်ပါက မဆင်မခြင် လုပ်မိလျှင် ကွန်မြူနတီက မည်သည်ကိုမျှ မသိရှိသည့်အတွက် ပြဿနာများစွာ ပေါ်လာလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် လင်းကျန်းအန်းနှင့် လူအနည်းငယ်က တောင်ပေါ်သို့ သွားပြီး အခြေအနေကို စုံစမ်းနေစဉ် တပ်ခွဲခေါင်းဆောင်ကလည်း အချိန်မဆွဲဘဲ ကွန်မြူနတီသို့ တိုက်ရိုက်သွားပြီး ကိစ္စကို ပြောပြခဲ့သည်။
ကွန်မြူနတီ ခေါင်းဆောင်များက တခြားနေရာများတွင်လည်း ဤကဲ့သို့သော ဖြစ်စဉ်များ ရှိခဲ့ဖူးသည်ကို သိထားခဲ့သည့်အတွက် ဤကိစ္စက မူဝါဒနှင့် ကိုက်ညီသည်ကို သက်သေပြကာ ပြောပြခဲ့သောကြောင့် ကိစ္စများက သေချာပေါက် ရပ်တန့်စရာအကြောင်းအရင်း မရှိတော့ပါချေ။
တုန်ဖန်း တပ်မဟာ၏ ဘေးထွက်လုပ်ငန်းက အမှမ်တကယ်ပင် ကောင်းကောင်းမွန်မွန် ဖြစ်လာခဲ့လျှင် သူတို့က တခြားတပ်ခွဲများတွင်လည်း မြှင့်တင်နိုင်မှာဖြစ်ပြီး သူတို့ ကွန်မြူနတီသည်လည်း နောက်ပိုင်းတွင် အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်သည်။
ထို့ကြောင့် နေ့လည်ဘက်တွင် ခေါင်းဆောင်က လင်းကျန်းအန်းနှင့် အခြားသူများကို ကွန်မြူနတီ၏ သဘောတူညီမှု သတင်းကို ပြောပြခဲ့သည်။
အံအားသင့်စရာကောင်းသည်မှာ လင်းကျန်းအန်းနှင့် အခြားသူများက လွန်ခဲ့သော ရက်အနည်းငယ်က တောင်ပေါ်တက်ရာမှ များစွာရရှိခဲ့ခြင်းသာ ဖြစ်ပေသည်။
တောင်ပေါ်တွင် အသားပေါသော အရာများစွာရှိသည်ကို ပြောနေစရာပင် မလိုပေ။ ထိုနေရာတွင် များစွာရှိနေသောကြောင့် သင် ဆန္ဒရှိလျှင် ယူနိုင်သည်။
သို့သော် စားသုံးနိုင်သော အသားများအပြင် သူတို့ကို အံ့အားသင့်စေခဲ့သည်မှာ တောင်ပေါ်တွင် ဆေးဖက်ဝင် ပစ္စည်းများစွာ ရှိနေခြင်းပင်ဖြစ်သည်။
ဤဆေးဖက်ဝင်ပစ္စည်းများက အားလုံး သဘာဝအတိုင်း ပေါက်ရောက်ထားပြီး ဆေးဖက်ဝင် ဂုဏ်သတ္တိများကလည်း အလွန် ကောင်းမွန်သည်။
၎င်းတို့ကို ဆေးဆိုင်များကို ပို့နိုင်လျှင် သူတို့ သေချာပေါက် လိုချင်ကြလိမ့်မည်ဖြစ်သည်။
ထို့အပြင် တခြားသော မှိုရိုင်းများ၊ မှိုနက်များနှင့် ပါဝင်ပစ္စည်းမျိုးစုံ လည်း များစွာ ရှိသေးသည်။
ဒါတွေက အားလုံး ပိုက်ဆံနဲ့ လဲလှယ်လို့ရတဲ့ အဖိုးတန်ဘဏ္ဍာတွေပဲ!
ထို့ကြောင့် ပိုက်ဆံနှင့် လဲလှယ်လို့ရသည့် အရာများစွာရှိသည်။
လင်းကျန်းအန်းနဲ့ အခြားသူများက တောက်ပသော အနာဂတ်တစ်ခုကို မြင်နေရသကဲ့သို့ ဖြစ်နေခဲ့သောကြောင့် သူ အိမ်ပြန်ရောက်သောအချိန်တွင် ဤမျှလောက် စိတ်လှုပ်ရှားနေခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးတွင် မိသားစုနှင့် တွေ့ဆုံချိန်၌ ဤအကြောင်းအရာကို မည်သူ့ထံမှ ထပ်ဖုံးကွယ်ရန် မစဉ်းစားခဲ့တော့ပေ။
ညစာစားပြီးနောက်တွင် လင်းကျန်းအန်းက မိသားစုရှေ့တွင် ဤကိစ္စကို ပြောပြခဲ့ပြီး အပိုအလုပ် စတင်မည့် ပထမဆုံးအသုတ်မှ လူများထဲတွင် သူ သေချာပေါက် ပူးပေါင်းမည်ဟု ကြေညာခဲ့သည်။
လင်းမိသားစုက ဤသည်ကို ကြားသောအခါ တုံ့ပြန်မှု အမျိုးမျိုး ရှိခဲ့ကြသည်။
ဤသို့သော ကိစ္စမျိုးကို တစ်ခါမျှ မကြုံဖူးသည့် သူတို့အတွက် ပထမဆုံး တုံ့ပြန်မှုက ယုံကြည်စိတ်ချရမှု ရှိမရှိကို စိုးရိမ်ခြင်း ဖြစ်သော်လည်း လင်းကျန်းအန်းက ဤကာလအတွင်း သူ တောင်ပေါ်တွင် စုံစမ်းခဲ့သည်များကို ပြောပြလာသောကြောင့် သူတို့လည်း စိတ်သက်သာရာ ရသွားခဲ့သည်။
ပြီးနောက် ဤသည်ကို လင်းကျန်းအန်းအား စုန့်ရှီးယန်က ပြောပြခဲ့သည်ဟု ပြောသည်ကို ကြားလိုက်ရသောအချိန်တွင် စုန့်ရှီးယန်ကို သဘာဝအတိုင်း ယုံကြည်ပြီးသားဖြစ်သော အဘွားလင်းက ဤသည်က ဖြစ်လာနိုင်သည်ဟု ပို၍ယုံကြည်လိုက်တော့သည်။
သူမ အများကြီး မသင်ယူခဲ့ရသော်လည်း အချို့သော နိယာမများကို ကောင်းစွာ နားလည်ခဲ့သည်။
ဥပမာအားဖြင့် ဦးနှောက်မရှိလျှင် အရည်အချင်းရှိသောသူ နောက်သို့ လိုက်သင့်သည်။
ဘာပဲဖြစ်ဖြစ် အဲဒါက အမြဲတမ်း မှန်နေတတ်တယ်…
အဘွားလင်းရဲ့ မျက်လုံးထဲမှာ စုန့်ရှီးယန်က အရည်အချင်းရှိပြီးသားမဟုတ်ဘူးလား?
သူကတောင် ဒီလိုပြောခဲ့ပြီဆိုမှတော့ ဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက် ရှိတယ်ဆိုတာ သက်သေပြနေတာပဲ!
ဒါ့အပြင် သူတို့မိသားစုရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် သူတို့သာ ဒီအထဲကို ဝင်လာခဲ့ရင် သူတို့ရဲ့ဘဝက ပိုပြီး ကောင်းလာနိုင်တယ်။
မစမ်းကြည့်ရင်လည်း ပိုပြီးဆိုးမသွားနိုင်ပါဘူး… ဒါပေမဲ့
ဒီလိုလုပ်မယ့်အစား စမ်းကြည့်တာ ပိုကောင်းတယ်!
ပြီးခဲ့သည့် နှစ်အနည်းငယ်က အခက်အခဲတွေ အားလုံးကို ကျော်ဖြတ်ပြီးပြီဖြစ်ကာ ယခုဆိုလျှင် အစားအသောက်နဲ့ အဝတ်အထည် အတွက် စိုးရိမ်စရာ မရှိတော့သကဲ့သို့ ဘဝက ပိုဆိုးသွားစရာ အကြောင်းလည်း မရှိသည် မဟုတ်ပါလား?
သို့သော် အဘွားလင်းက အလွန် အကောင်းမြင်သော်လည်း အခြားသူများက သူမကဲ့သို့ အကောင်းမြင်စိတ် မရှိကြပေ။
အကြီးဆုံး လင်မယားက စိတ်ရင်းကောင်းကြသော်လည်း မိသားစုထဲက တခြားသူများ၏ အတွေးအမြင်များကို ဘယ်သောအခါမှ ဝင်ရောက် စွက်ဖက်မည် မဟုတ်ပေ။
ထို့ကြောင့် လင်းကျန်းအန်းက ဆုံးဖြတ်ချက် ချပြီးပြီဆိုသည်ကို မြင်သောအခါ သူ့ကို ထောက်ခံကြောင်းကိုသာ ဖော်ပြခဲ့ကြသည်။
“ဒုတိယညီလေး၊ နောက်ဆို တစ်ခုခုဖြစ်ရင် ငါ့ကို ပြောလိုက်၊ တခြား ဘာမှ မလုပ်နိုင်ပေမဲ့ ကူညီနိုင်ပါသေးတယ်”
လင်းကျန်းအန်းက အခြေအနေ သေချာရှင်းလင်းစွာ မသိရသေးသောကြောင့် ဤတစ်ခါတွင် သူ့၏ အစ်ကိုနှင့်ညီနှစ်ယောက်ကို မခေါ်ခဲ့ပေ။
သူ့အနေဖြင့် သူတို့ကို သူနှင့်အတူ အန္တရာယ်ရှိအောင် မစွန့်စားခိုင်းချင်ပေ။
သို့သော် သူ့အစ်ကိုကြီး၏ နားလည်မှုနဲ့ ထောက်ခံမှုကို ရရှိသည်ကို သူ အလွန် ကျေးဇူးတင်နေခဲ့သည်။
အငယ်ဆုံးဇနီးမောင်နှံဖြစ်သော လင်းကျန်းရှီနဲ့ ယင်းဖန်တို့မူကား ဤသည်ကို မြင်သောအခါ ပါးစပ်နှင့် ထောက်ခံကြောင်း ပြောခဲ့ကြသော်လည်း သူတို့စိတ်ထဲတွင် လင်းကျန်းအန်း လုပ်မည့်အရာနှင့် ပတ်သက်ပြီး အကောင်းမမြင်ခဲ့ကြပေ။
တောင်ပေါ်က အရာတွေက ကောင်းတယ်ဆိုပေမဲ့ မြို့မှာ မဝယ်နိုင်ဘူးလား?
နောက်တစ်ဆင့် ဆုတ်ပြီး ပြောရလျှင် အရာများက တောင်ပေါ်တွင် ရှိနေလျှင်ပင် တူးရ၊ ရှာရသည်က စွမ်းအင်များစွာ ကုန်လိမ့်မည်ဖြစ်ပြီး ကုန်ဆုံးသွားသည့် စွမ်းအင်ကလည်း သေချာပေါက် အလွန်များလိမ့်မည်ဖြစ်သည်။
ဒီလိုအခြေအနေမှာ လင်းကျန်းအန်း က တပ်မဟာမှာ အလုပ်ကို လုပ်ဖို့ အချိန်ရှာပါနိုင်ဦးမလား?
သူက သံမဏိလူသား မဟုတ်ဘူး၊ ဒါကြောင့် တစ်ခုတည်းကိုပဲ ရွေးချယ်နိုင်လိမ့်မယ်…
ဒါကြောင့် မသေချာမရေရာဘဲ အလဟဿ ဖြစ်သွားနိုင်တဲ့ ဘေးထွက်လုပ်ငန်းကို ရွေးမလား။
ဒါမှမဟုတ် တည်တည်ငြိမ်ငြိမ်ရှိတဲ့ စိုက်ပျိုးရေး ဆက်လုပ်ပြီး တည်ငြိမ်တဲ့ အမြတ်အစွန်း ရယူမလား?
နှစ်ခုလုံးကို လုပ်ဖို့ကတော့ လုံးဝ မဖြစ်နိုင်ဘူး…
ထို့ကြောင့် လင်းကျန်းရှီ၏ အမြင်တွင်ကား လက်ထဲတွင်ရှိသော ရှင်းလင်းသည့် အကျိုးအမြတ်များကို စွန့်လွှတ်ပြီး မသိရသေးသော အကျိုးအမြတ်များအတွက် တိုက်ခိုက်ခြင်းက တကယ်ပင် ဥာဏ်ရှိသော ရွေးချယ်မှု မဟုတ်ပေ။
စုန့်ရှီးယန်ဆိုသည့် စစ်တပ်မှခေါင်းဆောင်က ဤသည်ကို စတင်ခဲ့လျှင်ပင် ကောင်းသော အကြံ မဟုတ်နိုင်ပေ။
သို့သော် ဤသို့သော အရေးကြီးသောအချိန်တွင် လင်းကျန်းအန်း၏ ဒဏ်ရာကို ရေလောင်းရလောက်သည်အထိ ဤဇနီးမောင်နှံက မမိုက်မဲသည်မှာ သေချာသည်။
သူတို့က ပြုံးပြီး ပြောလိုက်သည်။
“ဒုတိယအစ်ကို၊ ဒါဆို အစ်ကို ကြိုးစားလိုက်ပါ၊ တကယ် အဆင်ပြေတယ်ဆိုရင် ကျွန်တော်လည်း လယ်ယာမလုပ်တော့ဘူး ၊ ဒုတိယအစ်ကို,ကိုကူညီပေးမယ်!”
**