အခန်း (၉၆)
Vol. 10 Ch. 96
လင်းကျန်းအန်း က သူ့တတိယညီ၏ စိတ်နေသဘောထားကို ယေဘုယျအားဖြင့် သိထားသည်။
ထိုသူက ယခု ကူညီမည်ဟု မပြောဘဲ ပြီးစီးပြီးမှ ကူညီမည်ဟု ပြောခြင်းက ပို၍ လုံခြုံချင်သောကြောင့် ဖြစ်ပြီး တိကျသော အခြအနေကိုသာ လိုချင်ကာ ဆုံးရှုံးမှုကို မခံစားချင်လို့ပင်ဖြစ်သည်။
ကံကောင်းစွာနှင့် သူက ဤအကြောင်းကြောင့် စိတ်ဆိုးမည်မဟုတ်ပေ။ သူ အေးဆေးစွာဖြင့် ပြောလိုက်သည်။
“နောင်ကျရင် ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ဘယ်သူမှ မသိဘူး၊ ဒါပေမဲ့ တကယ် အဆင်ပြေရင်တော့ ငါ့မိသားစုကို အရင်ဆုံး ကူညီဖို့ သေချာပေါက် လုပ်ပေးမှာပါ”
မည်သို့ပင်ဖြစ်စေ သူတို့က မိသားစုဝင်များဖြစ်သောကြောင့် သွေးသားဆွေမျိုးများက ခွဲခွါ၍မရပေ။
ထို့အပြင် သူတို့ မောင်နှမများကြားတွင် ကြီးကြီးမားမား ပဋိပက္ခများလည်း မရှိပေ။ ဤအချိန်တွင် မောင်နှမများကို လက်ကမ်းမကူညီစရာ အကြောင်းမရှိပေ။
လင်းရန်အတွက်မူကား သူမက လင်းကျန်းအန်း၏ အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို မိသားစုထဲတွင် အများဆုံး ထောက်ခံသောသူဟု သတ်မှတ်၍ရသည်။
သူမက ဤစီးပွါးရေးလုပ်ငန်းများမှတဆင့် ယခု မည်မျှပင် ဝင်ငွေရနိုင်မလဲဆိုသည်ကို သေချာမသိသော်လည်း အနည်းဆုံးအနေဖြင့် အဖေလင်းက ယခုကစပြီး ကြိုးစားလျှင် အခြားမည်သည်မျှ မရှိလျှင်ပင် ဤခေတ်ကာလမှ လူအများစုထက် စွန့်ဦးတီထွင်မှု အတွေ့အကြုံ ပိုရှိမှာ သေချာသည်။
အတွေ့အကြုံ ရှိခြင်းက လူအများစုထက် တစ်ဆင့် ပိုလှမ်းနေသည်နှင့် တူတူပင်ဖြစ်သည်။ မူဝါဒ ထွက်လာသောအခါတွသ် သူ၏ စတင်မှတ်က တခြားသူများနှင့် လုံးဝ ကွဲပြားသွားလိမ့်မည်ဖြစ်သည်။
“အဖေ၊ သမီး အဖေ့ကို ယုံတယ်၊ အဖေ သေချာပေါက် အောင်မြင်လိမ့်မယ်!”
အမှန်တကယ်တမ်းတွင် လင်းကျန်းအန်း အများဆုံး စိုးရိမ်သည်က သူ့သမီး၏ သဘောထားပင်ဖြစ်ချေသည်။
မည်သို့ပင်ဖြစ်စေကာမူ သူ ဘေးထွက်အလုပ် လုပ်ချင်သော အကြောင်းရင်းက သူ့သမီး၏ ဘဝကို ပိုကောင်းအောင် လုပ်ပေးဖို့ရန်ဖြစ်သည်။
သို့သော် သူသာ ဘေးထွက်အလုပ် လုပ်ချင်လျှင် ဤသည်က တတိယညီ ခန့်မှန်းခဲ့သည်နှင့် အတူတူပင်ဖြစ်ပေသည်။ သူ့အနေဖြင့် တပ်မဟာမှ သူ့၏အလုပ်ကို စွန့်လွှတ်ရမည် ဖြစ်သည့်အတွက်...
“ရန်ရန်၊ အဖေ မင်းကို ဒုက္ခပေးမိနေပြီ၊ မင်း ဒီကာလအတွင်း အလုပ်သွားလုပ်ရလိမ့်ဦးမယ်”
သူက ယခင်က တပ်မဟာတွင် စပါးစိုက်ပျိုးသည့်အလုပ်ကို လုပ်နေခဲ့ခြင်းဖြစ်ပြီး သူ့၏ အလုပ်မှတ်များက အမြဲတစေ ဝင်ငွေအများဆုံးရသူများထဲတွင် ပါဝင်ခဲ့သည်။
ထို့ကြောင့် လင်းရန်ကို အလုပ်မလုပ်ခိုင်းဘဲ ထားခြင်းက ပြဿနာမရှိခဲ့ပေ။
ယခုတွင်မူ သူ့အနေဖြင့် ဘေးထွက်အလုပ်ကိုလုပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး တပ်မဟာမှ အလုပ်မှတ်များ ရတော့မည်မဟုတ်ပေ။ ထို့ကြောင့် လင်းရန်က သူမ၏ကိုယ်ပိုင် အလုပ်နှင့်သာ အရင် ပိုက်ဆံရှာရတော့မည်ဖြစ်သည်။
လင်းရန်တစ်ယောက် အဖေလင်း ပြောသည်ကို ကြားလိုက်ရပြီး သူ၏ အပြစ်ရှိနေသော မျက်လုံးများကို မြင်လိုက်ရလျှင် ခေါင်းကို အမြန်ခါလိုက်ပြီး လေးနက်စွာနှင့် ပြောလိုက်သည်။
“အဖေ၊ သမီးတို့က မိသားစုတွေလေ၊ ဒုက္ခခံရမယ်ဆိုတာမျိုးတွေ ပြောနေဖို့ မလိုပါဘူး၊ ပြီးတော့ သမီးလည်း ကြီးလာပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ပါတယ်၊ အဖေ သမီးအတွက် လုံးဝ စိတ်ပူစရာ မလိုပါဘူး”
“သမီးက အဖေ့ကိုတောင် ထောက်ပံ့နိုင်ပါသေးတယ်!”
“ဟားဟား၊ ရန်ရန်က တော်တယ်ဆိုတာ အဖေ သိပါတယ် ၊ ဒါကြောင့် ရန်ရန်က အဖေ့ကို စောင့်ရှောက်ပေးလာမဲ့ အချိန်ရောက်ဖို့ပဲ စောင့်နေလိုက်တော့မယာ!”
လင်းကျန်းအန်းက လင်းရန်၏ စကားကို အလေးအနက် မထားခဲ့ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူ့သမီး လင်းရန်၏ လက်ရှိ လစာနှင့် အကျိုးခံစားခွင့်များကို သူလည်း သိသည်။
တစ်လကို ဆယ်ယွမ်ကျော်က ကျေးလက်ဒေသတွင် များသော်လည်း သူက မိန်းကလေးငယ်လေးဖြစ်ပြီး လက်မထပ်ရသေးပေ။
ဤပိုက်ဆံပမာဏကို သုံးပြီးနောက် အများကြီး မချန်ထားနိုင်မည်ကို သူစိုးရိမ်သည်။
အဖေ တစ်ယောက်အနေနဲ့ သူ့ရဲ့သမီး ရှာထားတဲ့ ပိုက်ဆံကို ဘယ်လိုလုပ်ပြီး သုံးရက်မလဲ….
ဒါကြောင့် သူ ပိုကြိုးစားပြီး သူ့ရဲ့ သမီးအတွက် အမွေပစ္စည်းတွေ ပိုစုထားရတော့မှာပဲ…
ဤကိစ္စကို လင်းမိသားစုထဲတွင် ဆုံးဖြတ်လိုက်ကြသည်။ သူ့အဖေ၏ ယုံကြည်မှုရှိသော မျက်နှာကို မြင်သောအခါ လင်းရန်မှာ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့ပေ။
နောင်အခါတွင် မည်သည့်အရာများ ဖြစ်လာမည်လဲဆိုသည်ကို သူမ မသိသေးသော်လည်း သူမ၏အဖေက ဤမျှလောက် ကြိုးစားနေသည်ကို မြင်လိုက်ရလျှင် သူမသည်လည်း ရုတ်တရက် စိတ်ဓာတ်ခွန်အားများ ရသွားခဲ့သည်။
သူမ ကွန်မြူနတီ စားဖိုဆောင်တွင် အမြဲတမ်း နေ၍မရပေ။
ဒီစင်မြင့်က သူမရဲ့ အရည်အချင်းတွေကို ပြသဖို့ အရမ်းသေးလွန်းတယ်…
ဒါကြောင့် သူမလည်း ပိုမြင့်တဲ့ နေရာကို သွားပြီး ပိုက်ဆံ ပိုရှာဖို့ နည်းလမ်း ရှာရတော့မယ်…
သို့သော် အဖေလင်းက စုန့်ရှီးယန်မှ သူ့ကို အကြံပေးခဲ့ကြောင်း ပြောသည်ကို စဉ်းစားမိသောအခိုက်တွင် လင်းရန်တစ်ယောက် ထောင့်တွင် ထိုင်နေသော အမျိုးသားကို မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
သူမက အဖေလင်းနဲ့ စုန့်ရှီးယန် တို့ ရက်အနည်းငယ်က ရံဖန်ရံခါ စုဝေးမိပြီး တီးတိုးပြောနေသည်ကို မြင်ခဲ့ရသည်က အံ့ဩစရာ မရှိတော့ပါချေ။
သူတို့က ဒီကိစ္စအကြောင်း ပြောနေခဲ့တာကိုး…
လင်းရန် သူ့၏ အကြံဉာဏ်အတွက် ကျေးဇူးတင်ကြောင်း ပြောရန် တွေးတောလိုက်သည်။
ဒီလို ကြည့်လိုက်မယ်ဆိုရင် စုန့်ရှီးယန်က လင်းမိသားစုကို တကယ်ပဲ အများကြီး ကူညီခဲ့တာပဲ…
အထူးသဖြင့် သူမ၏အဖေကို လက်ရှိ ပန်းတိုင်ကို ရှာဖွေတွေ့ရှိစေခဲ့သည်က လင်းရန်အတိက် စုန့်ရှီးယန် အပေါ် ထပ်မံ ကျေးဇူးတင်မိစေခဲ့သည်။
နောက်တစ်ခါ စဉ်းစားကြည့်သော် ပြီးခဲ့သည့် ရက်အနည်းငယ်က သူမ စုန့်ရှီးယန်ကို တမင်တကာ ရှောင်ရှားနေခဲ့သည်။ ရှောင်လို့မရသောအချိန်မျိုးမှာပင် သူ့ကို အေးစက်စက်မျက်နှာထားနှင့် ဆက်ဆံခဲ့သည်။
လင်းရန် သူမ လုပ်ခဲ့သည်များက အလွန် မသင့်တော်ကြောင်း ရုတ်တရက် ခံစားခဲ့ရပြီး အနည်းငယ် ရှက်မိသွားရလေသည်။
ထို့ကြောင့် နောက်တစ်နေ့တွင် စုန့်ရှီးယန်မှာ လင်းရန်မှ သူ့ကို ပြုံးပြလာသည်ကို ပထမဆုံးအကြိမ် တွေ့ခဲ့သည်။
သူ့အနေဖြင့် ခဏတာလောက် သူ အိပ်မက်မက်နေသည်ဟုပင် ထင်ခဲ့သည်။
သို့သော် သူ့ကိုယ်သူ မထိန်းနိုင်
ခဲ့ပေ။ သူ ကောင်းကင်ကို တိတ်တဆိတ် မော့ကြည့်လိုက်ပြီး နေက အမှန်တကယ်ပင် အရှေ့ဘက်မှ ပုံမှန်အတိုင်း ထွက်နေသည်ကို မြင်သောအခါမှသာ စိတ်သက်သာရာ ရသွားခဲ့သည်။
သူမက သူ့ကို ပြုံးပြရုံသာမကဘဲ သူ့အတွက် မနက်စာကို အထူးတလည် ပြင်ဆင်ပေးခဲ့သည်။ သို့သော် ဤမနက်စာကို သူ တစ်ယောက်တည်း စားခဲ့ခြင်း မဟုတ်ဘဲ လင်းမိသားစု တစ်စုလုံးလည်း စားခဲ့ကြသည်။
ဒါပေမဲ့ စုန့်ရှီးယန်က ဘာလို့ လင်းရန် က သူ့အတွက် အထူးတလည် လုပ်ပေးခဲ့တယ်လို့ သံသယရှိတာလဲဆိုတာကလား?
ဤမနက်စာက သူ့အကြိုက်ဆုံး အစပ်အရသာအတိုင်း လုပ်ထားသောကြောင့်ပင်ဖြစ်သည်။
လင်းမိသားစု တစ်စုလုံးတွင် အစပ်ကြိုက်သောသူ သိပ်မများပေ။ ပြီးနောက် သူတို့က မနက်ပိုင်းတွင် ရိုးရိုးရှင်းရှင်း အစားအသောက်များကိုသာ စားလေ့ရှိကြသည်။
ထို့ကြောင့် ညစာစားပွဲတွင် သူတို့၏ ပန်းကန်များ အားလုံးက ပေါ့ပေါ့ပါးပါးနှင့် အစာအိမ်ကို နွေးထွေးစေသည့် အဖြူရောင် မုန့်သားစွပ်ပြုတ်များ ဖြစ်နေပြီး စုန့်ရှီးယန်၏ ပန်းကန်တစ်လုံးတည်းကသာ အနီရောင် အစပ်ခေါက်ဆွဲ ဖြစ်နေသည်ကို မြင်သော် လူတိုင်း အနည်းငယ် ကြောင်သွားကြလေသည်။
မုန့်သားစွပ်ပြုတ်နှင့် ခေါက်ဆွဲအတွက် ပါဝင်ပစ္စည်းများက အတူတူပင် ဖြစ်သော်လည်း တစ်ခုက လုပ်ရလွယ်ကူပြီး တစ်ခုက ခေါက်ဆွဲကို နှယ်ရခြင်းဖြစ်သောကြောင့် အနည်းငယ် ပိုရှုပ်ထွေးသည်။
စုန့်ရှီးယန် က သူ့ပန်းကန်ထဲသို့ ငရုတ်ဆီနီများကိုပါ ထပ်ထည့်လိုက်သောကြောင့် သူတို့က ပို၍ပင် ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
သို့သော်လည်း စုန့်ရှီးယန် က အလွန်အားရပါးရ စားသောက်နေခဲ့သည်။ အစပ်ကြောင့် နဖူးပေါ်တွင် ချွေးစက်များ ရှိနေသော်လည်း သူ့မျက်နှာတွင်မူ သိတ်ကျေနပ်သောအမူအရာ ပေါ်လွင်နေခဲ့သည်။
ခေါက်ဆွဲ၏ အရသာက စုန့်ရှီးယန်၏ အစားအသောက် အကြိုက်နှင့် အမှန်တကယ်ပင် ကိုက်ညီခဲ့သည်။
သူက ပန်းကန်ထဲရှိ ခေါက်ဆွဲများ အားလုံးကို တူအကြိမ်ရေအနည်းငယ်လောက်နှင့် စားပြီး ခေါက်ဆွဲဟင်းရည်ကိုပင် သောက်လိုက်လေသည်။
သူသာ လင်းမိသားစုကို မရှက်ရွံ့ဘူးဆိုလျှင် ‘အရသာရှိလိုက်တာ!’ ဟုပင် အော်ပြောမိမည်ဖြစ်သည်။
သူ့ဘေးရှိ လင်းမိသားစုက အံ့ဩနေကြသော်လည်း ကလေးငယ်နှစ်ယောက်ဖြစ်သည့် လင်းကွမ်းဟိုင် နှင့် လင်းကွမ်းယန်မူကား မနေနိုင်ဘဲ စပ်စုနေခဲ့ကြသည်။ သူတို့က စုန့်ရှီးယန်၏ ပန်းကန်ကို ကြည့်ပြီး လင်းရန်ကို မေးလိုက်သည်။
“အစ်မ ရန်ရန်..ဘာလို့ ကျွန်တော်တို့က မုန့်သားစွပ်ပြုတ်စားပြီး ဦးလေးစုန့်က ခေါက်ဆွဲစားတာလဲ?”
စုန့်ရှီးယန်၏ ခေါက်ဆွဲက အရသာရှိပုံမပေါ်ဘဲ ကြောက်စရာကောင်းပုံရသော်လည်း သူက စားပွဲတွင် တစ်ယောက်တည်း ကွဲပြားစွာ စားနေခြင်းက ကလေးနှစ်ယောက်ကို မလွဲမသွေ ရှုပ်ထွေးစေခဲ့သည်။
ဤစကားကို ကြားသောအခါ လင်းရန်က အနည်းငယ် ရှက်သွားသော်လည်း သူက လေးနက်စွာနှင့် ပြောလိုက်သည်။
“ဦးလေးစုန့်က ဧည့်သည်ဖြစ်လို့ သူ့မနက်စာက အစ်မတို့နဲ့ မတူတာလေ…”
အိုး…ကောင်းပါပြီ…
လင်းကွမ်းဟိုင်နှင့် လင်းကွမ်းယန် တို့က ဤအကြောင်းပြချက်ကို လက်ခံနိုင်ကြောင်း ပြောခဲ့ကြသည်။
လင်းကွမ်းဟိုင်က ကလေးလူကြီးလေးကဲ့သို့ပင် စုန့်ရှီးယန်ကို ပြောလိုက်သသေးည်။
“ဦးလေးစုန့်၊ များများစားပါ၊ အားမနာပါနဲ့”
ဒီကောင်လေးက စုန့်ရှီးယန်ကို တကယ်ပဲ ဧည့်သည်အဖြစ် သဘောထားခဲ့တာပဲ…
လင်းရန်မှာ စကားပင် မပြောနိုင်တော့ဘဲ ရယ်ချင်နေခဲ့သည်။
စုန့်ရှီးယန်က လင်းကွမ်းဟိုင်မှ သခင်လေးကဲ့သို့ လုပ်နေသည်ကို ကြည့်ပြီး သူ့နှင့် ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။ သူ ခေါင်းညိတ်ပြီး ပြောခဲ့လေသည်။
“ဧည့်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရဲဘော်လေးလင်း”
လင်းကွမ်းဟိုင် နှင့် လင်းကွမ်းယန် က လင်းရန်ကို လွန်ခဲ့သောတစ်စက္ကန့်ခန့်က အစ်မဟုခေါ်ပြီး နောက်တစ်စက္ကန့်တွင် သူ့ကိုဦးလေးစုန့် လို့ ပြန်ခေါ်သည်ကို စဉ်းစားမိသောအချိန်တွင် စုန့်ရှီးယန်၏ မျက်နှာက အနည်းငယ် ရှုပ်ထွေးသွားရကာစကားပြောရန် တုံ့ဆိုင်းနေခဲ့သည်။
သူက သူတို့နဲ့ ဆွေးနွေးပြီး အစ်ကို ဒါမှမဟုတ် တစ်ခုခုပြောင်း ခေါ်ခိုင်းရမလားလို့ တွေးခဲ့တာ။
ဒါပေမဲ့ လင်းမိသားစုအားလုံးရဲ့ ရှေ့မှာ ပြောဖို့က အရမ်း ရှက်စရာကောင်းနေသေးတယ်…
သူ ဒီကလေးငယ်နှစ်ယောက်နဲ့ ဆွေးနွေးဖို့ အခွင့်အရေး ရှာရမယ်…
*