← Chapters

အခန်း (၉၇)

Vol. 10 Ch. 97

အခန်း (၉၇)

Vol. 10 Ch. 97

ညစာစားပြီးနောက် လင်းကျန်းအန်းက ပထမဆုံး ထွက်သွားခဲ့သည်။

အပြင်မထွက်မီတွင် သူ့၏မိသားစုကို ယနေ့ အိမ်ပြန်ရောက်မည် မဟုတ်ကြောင်း ပြောပြခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့ ယမန်နေ့က ဆွေးနွေးထားပြီး ယနေ့ ပိုဝေးသော တောင်တန်းများနှင့် သစ်တောများထံ သွားရန် စီစဉ်ထားသောကြောင့်ဖြစ်သည်။

သွားကြည့်ပြီး ပိုရနိုင်မည်လား ဆိုသည်ကို ကြည့်ရန် တောင်ပေါ်တွင် တစ်ညအိပ်ပြီး မနက်ဖြန်တွင် ပြန်လာလိမ့်မည်ဖြစ်သည်။

လင်းကျန်းအန်းနှင့် အခြားသူများက တောင်ပေါ်တွင် ညအိပ်မနေဖူးသောသူများ မဟုတ်သောကြောင့် အဘွားလင်းနှင့် အခြားသူများက စိတ်မပူခဲ့ကြပေ။

သူတို့က သူ့ကို တောင်ထဲဝင်လျှင် သတိထားရန် မှာကြားခဲ့ပြီးနောက် လင်းကျန်းအန်း ထွက်သွားသည်ကို ကြည့်နေခဲ့ကြသည်။

လင်းရန်မှာ မူလတွင် အလွန် စိတ်ပူနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် အဘွားလင်းထံမှ အနီးနားက တောင်များတွင် ဝက်ဝံရိုင်းများရှိကာ သူတို့က မည်မျှပင် အန္တရာယ်ရှိကြောင်းပြောသည်ကို ကြားဖူးသည်။

သို့သော် အဘွားလင်းနှင့် အခြားသူများက ဤမျှလောက် အေးအေးဆေးဆေး ရှိနေသည်ကို မြင်သောအခါ သူမကသာ စိုးရိမ်မှုလွန်ကဲနေသည်ဟု သံသယဝင်သွားခဲ့သည်။

ထို့ကြောင့် နောက်ဆုံးတွင် မည်သည်ကိုမျှ မပြောတော့ဘဲ အဖေလင်းကိုသာ အမြန်ပြန်လာရန်သာ မှာကြားခဲ့သည်။

လင်းကျန်းအန်း ထွက်သွားပြီးနောက် လင်းမိသားစုထဲမှ ကျန်ရှိသောသူများလည်း အလုပ်သွားကြလေသည်။

အခန်းထဲတွင် လင်းရန်၊ အဘွားလင်းနှင့် စုန့်ရှီးယန်တို့သာ ကျန်တော့သည်။

သို့သော်လည်း အဘွားလင်းက ဤမနက်တွင် တခြားအလုပ်များ ရှိခဲ့သည်။

သူမက ကိုယ်ပိုင် ခြံမှ ဟင်းသီးဟင်းရွက်များကို ရေလောင်းရန် စီစဉ်ထားခဲ့ချေသည်။

ထို့ကြောင့် သူမက လင်းရန်နှင့် စုန့်ရှီးယန်ကို နှုတ်ဆက်ပြီးနောက် သူမ၏ ကိုယ်ပိုင်ခြံသို့ ပြန်သွားခဲ့သည်။

ထို့နောက် အိမ်ထဲတွင် လင်းရန် နှင့် စုန့်ရှီးယန်တို့ နှစ်ယောက်တည်းသာ ကျန်ရှိတော့သည်။

ဤမနက်က ဖြစ်ခဲ့သောက်စ္စကြောင့် စုန့်ရှီးယန်က စိတ်ခံစားချက် ကောင်းနေပုံရ၏။ လင်းရန်ကို ကြည့်သောအချိနာများတွင် သူ၏မျက်လုံးများက ပြီးခဲ့သည့် ရက်အနည်းငယ်ကဲ့သို့ပင် ပြင်းပြနေခဲ့သည်။

လင်းရန် မည်မျှပင် နှေးကွေးပါစေ၊ ဤသည်ကို သတိမထားမိရန် မဖြစ်နိုင်ပေ။

စုန့်ရှီးယန်က သူမနှင့် သူမ အဖေ၏ ကိစ္စကို ကူညီခဲ့သဖြင့် သူမက သူ့ကို  အေးစက်စက် ဆက်ဆံ၍ မရတော့ပေ။

သေချာတာပေါ့၊ သူမက သူ့မျက်နှာကြောင့် သိပ်ပြီးစိတ်မဆိုးနိုင်တော့တာဆိုတာကိုတော့ မပြောချင်ဘူး….

“မင်း ခဏနေလို့ ကွန်မြူနတီကို သွားရင် ကိုယ် မင်းနဲ့ လိုက်ခဲ့မယ်”

လင်းရန်မှာ ဤအချိန်အတွင်း တိတ်ဆိတ်မှုနှင့် ရှက်ရွံ့ဖွယ်ကောင်းမှုကို မည်ကဲ့သို့ ချိုးဖျက်ရမည်ဆိုသည်ကို စဉ်းစားနေစဉ် သူမ၏ဘေးမှ စုန့်ရှီးယန်က ရုတ်တရက် စကားပြောလိုက်လေသည်။

လင်းရန်က ထိတ်လန့်သွားပြီး မသိစိတ်အရ မေးလိုက်သည်။

“ရှင်က ဘာဖြစ်လို့လိုက်မှာလဲ?”

စုန့်ရှီးယန်က လမ်းတွင် ချန်ကျားယန် နှင့် တွေ့မည်ကို စိုးရိမ်နေခြင်းက မဖြစ်နိုင်ပေ။

ကံကောင်းစွာနှင့် စုန့်ရှီးယန်တွင်  ဤတစ်ခါ တကယ်ပင် အရေးကြီးသော ကိစ္စတစ်ခု ရှိသည်။

“ကိုယ် အရင်က စာတစ်စောင် ပို့ခဲ့တယ် မလား? အဲဒါက အရမ်းကြာနေပြီလေ၊ အကြောင်းပြန်စာ ရောက်ပြီလား မရောက်သေးဘူးလားဆိုတာ မြို့ကို သွားမေးချင်လို့”

လင်းရန် ခဏ စဉ်းစားပြီးနောက် ဤသည်က အမှန်ဖြစ်နေသည်ကို သိလိုက်သည်။ 

သူမနှင့် အဘွားလင်း မြို့တွင် သူမ၏အဒေါ်ကို သွားရှာစဉ် စုန့်ရှီးယန်က စာတိုက်ကို သွားပြီး စာပို့ခဲ့သည်။

သို့သော် သူမ ရက်များကို ရေတွက်လိုက်သောအခါ အများဆုံး ခုနစ်ရက်သာ ရှိသေးသည်။

ဒီခေတ်ကာလရဲ့ရက်တွေမှာ စာလာတာက အရမ်း နှေးကွေးတယ်လို့ ပြောကြတာမလား?

သို့သော် သူမ မသိခဲ့သည်က ထို သာမန်စာများက တကယ်ပင် နှေးကွေးသည်။ သို့သော် စုန့်ရှီးယန် ပို့ခဲ့သည့် နေရာက သာမန်နေရာ မဟုတ်သောကြောင့် စာများက ပို၍မြန်နေခြင်း ဖြစ်နိုင်သည်။

စုန့်ရှီးယန် က ယခုအချိန် ဤအနေအထားတွင် သူမကို ရှင်းပြရန် အခြားအကြောင်းပြချက်များ မရှိသေးချေ။ သူ သွားကြည့်ချင်ကြောင်းကိုသာ ပြောလိုက်သည်။

“ကောင်းပြီ ဒါဆို ခဏနေရင် အတူတူ သွားကြတာပေါ့”

ဘာပဲဖြစ်ဖြစ်၊ လမ်းအတူတူ  လျှောက်သွားရုံပဲက်ို…

ဘာမှ ထူးခြားတာမျိုး မရှိဘူး….

စုန့်ရှီးယန်မှ အကြောင်းပြန်စာကို ဤမျှလောက် စိုးရိမ်တကြီး ဖတ်ချင်နေသည်ကို မြင်သောအခါ လင်းရန်က အနည်းငယ် စူးစမ်းချင်စိတ် ဖြစ်လာခဲ့သည်။

သူက ဘယ်သူ့ဆီကို စာရေးနေတာလဲ..

ဘာလို့ ဒီလောက် စိုးရိမ်တကြီးနဲ့ အကြောင်းပြန်စာကို စောင့်နေတာလဲ?

သူ့ရဲ့ချစ်သူများ ဖြစ်နိုင်မလား?

ဤအကြောင်း စဉ်းစားမိလိုက်လျှင် လင်းရန်က ရုတ်တရက် စိတ်မသက်မသာ ဖြစ်လာခဲ့သည်။

စုန့်ရှီးယန် မှာ တကယ်ပဲ ချစ်သူရှိနေပြီး ချစ်သူနဲ့ စာအဆက်အသွယ် လုပ်နေတာဆိုရင် သူက သူမကို ရံဖန်ရံခါ စိုက်ကြည့်နေတာက ဘာကိုဆိုလိုတာလဲ?

သူက ၁၉၇၀ ပြီးနောက် ခုနှစ်တွေမှာ ပင်လယ်ဓားပြဘုရင် ဖြစ်ချင်တာလား?

လင်းရန်က ဘယ်သောအခါမှ အချစ်ရေးကိစသ မရှိခဲ့ဖူးသော်လည်း ဝက်သား မစားဖူးလျှင်ပင် ဝက်များ ပြေးသည်ကို မြင်ဖူးသည်။

စုန့်ရှီးယန်၏ ပြင်းပြသော အကြည့်များက သူမနှင့်ပတ်သက်ပြီး  ကောင်းသောအမြင်ရှိကြောင်း သိသာသည်။ 

သူမက ဤသည်ကို နားမလည်နိုင်လောက်အောင်ပင် မမိုက်မဲသည်မှာ သေချာသည်။

သူမက သူ့အပေါ်တွင် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာ မရှိသေးဟုသာ ပြော၍ရသည်။

သူ့ကို လက်မခံခြင်း မဟုတ်ပေ။ သူမ သူ၏ မျက်နှာနှင့် ခန္ဓာကိုယ်ကိုပင် ကြိုက်သည်။

သိူ့သော် သူမ၏ ချစ်ခြင်းမေတ္တာကို တကယ် ရယူချင်လျှင် သူ့၏ ရုပ်ရည်က သူမ၏ အလှပဆိုင်ရာ စံနှုန်းနှင့် ကိုက်ညီနေရုံနှင့် မလုံလောက်ပေ။

ရလဒ်အနေနှင့် သူမက စုန့်ရှီးယန်နှင့် အဆင်ပြေနိုင်မည်လားဆိုသည်ကို စောင့်ကြည့်ချင်နေခဲ့သည်။ 

စုန့်ရှီးယန်က သူ့ရဲ့ချစ်သူဆီကို စာရေးနေရင်းနဲ့ သူမနဲ့ လာကစားနေခဲ့တာဆိုရင်တော့ သူမ သူ့ကို ဘယ်တော့မှ အလွှတ်ပေးမှာ မဟုတ်ဘူး!

ဤအကြောင်း စဉ်းစားမိသောအခါ လင်းရန်၏ မျက်လုံးများက ပြောင်းလဲသွားပြန်သည်။ စုန့်ရှီးယန် ကို ကြည့်လိုက်သောအခါ ရွံရှာမုန်းတီးမှုများနှင့် ပြန်ပြည့်နှက်လာခဲ့လေသည်။

စုန့်ရှီးယန် - “?”

တစ်စက္ကန့်အကြာကပဲ အဆင်ပြေနေခဲ့တာမလား။

အခု ဒီကောင်မလေးရဲ့ သူ့ အပေါ် သဘောထားက နည်းနည်း ပြောင်းလဲသွားပုံရတယ်..

သူကပဲ စိတ်ကူးယဉ်နေတာလား??

သို့သော်လည်း လင်းရန်မှ မနက်က သူ့အတွက် အထူးတလည် ချက်ပေးခဲ့သည့် ခေါက်ဆွဲပန်းကန်ကို စဉ်းစားမိသောအခါ စုန့်ရှီးယန် သူ့ကိုယ်သူ လျင်မြန်စွာ နှစ်သိမ့်လိုက်သည်။

လင်းရန်က သူ့ရဲ့ အကြည့်ကြောင့် ရှက်သွားတာ သေချာတယ်…

ဤအကြောင်းကို စဉ်းစားမိသောအခါ သူက သူ့အကြည့်ကို တတ်နိုင်သမျှ ထိန်းချုပ်ထားခဲ့သည်။

သို့သော်လည်း သူက သူ့၏အဒေါ်ထံမှ အကြောင်းပြန်စာအတွက်လည်း ထပ်မံ စိုးရိမ်ပူပန်နေပြန်သည်။

သူ့အဒေါ်က သူ့စာကို ဖတ်ပြီးနောက် အရာရာကို ပြင်ဆင်ပြီးပြီလားဆိုသည်ကို သူ မသိပေ။

စုန့်ရှီးယန်၏ အဒေါ်သည်လည်း စစ်တပ်တွင် ရှိနေခဲ့သည်။

သို့သော် စစ်တပ်၏ အနုပညာတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးအနေနှင့် သူမက မိန်းကလေးများနှင့် သက်ဆိုင်သော ပစ္စည်းများဖြစ်သည့် အလှကုန်ပစ္စည်းများ၊ ရတနာများစွာနှင့် ထိတွေ့ခဲ့ရသည်။

ထို့ကြောင့် စုန့်ရှီးယန်က လင်းမိသားစုက သူ့ကို မည်သည့်အရာကိုမှ ယူလာခိုင်းရန် ရည်ရွယ်ချက် မရှိသည်ကို မြင်သောအခါ သူ၏အဒေါ်ကို ပစ္စည်းတချို့၊ အထူးသဖြင့် လင်းရန်အတွက် ပစ္စည်းတချို့ ပြင်ဆင်ပေးရန် တောင်းဆိုခဲ့သည်။

ထိုအချိန်တွင် သူ လင်းရန် အပေါ် ဘာမျှ ထူးခြားသော စိတ်ခံစားချက် မရှိခဲ့သော်လည်း လင်းမိသားစု တစ်စုလုံးက လင်းရန်ကို တန်ဖိုးထားသည်ကို သူ မြင်နိုင်ခဲ့သည်။

ထို့ကြောင့် လင်းရန်အတွက် ပစ္စည်းတချို့ကို တမင်တကာ ပြင်ဆင်ပေးခဲ့သည်။

ကံကောင်းစွာနှင့် ထိုအချိန်က သူ့ဆုံးဖြတ်ချက်က အမြော်အမြင်အပြည့်အဝ ရှိသည်ဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။

အချိန်တန်ရင် သူမကို တစ်ခုခု ပေးလိုက်ရင် သူမ ပျော်မှာ သေချာတယ်…

ဤအကြောင်းကို စဉ်းစားမိသောအခါ စုန့်ရှီးယန်က မြို့မှ စာတိုက်ကို အလျင်အမြန် သွားရောက်ချင်နေခဲ့ပြီဖြစ်သည်။

တစ်ချိန်တည်းတွင် အွန်တာရီယိုရှိ စစ်တပ်တပ်ဖွဲ့တစ်ခုတွင်…-

“ကျန်းပန့် ရှင်ပြောတာ အဲဒီကောင်လေး ရှီးယန်က ရုတ်တရက် ကျွန်မဆီကို မိန်းမငယ်လေးတွေ ကြိုက်တဲ့ ပစ္စည်းတချို့ ပြင်ဆင်ပြီး သူ့ဆီ ပို့ပေးဖို့ ပြောတယ် ဟုတ်လား? သူ ချစ်သူရှိနေပြီလား?”

ချင်းယွန်လျန်က ပစ္စည်းများကို စုန့်ရှီးယန် ထည့်ထားသည့်လိပ်စာနှင့် စာပို့သမားကို ပေးပြီးသည်နှင့် သူမ ၏လှည့်ပြီး စူးစမ်းသော မျက်နှာနှင့် သူမ၏ ခင်ပွန်းကို မပြောဘဲ မနေနိုင်ခဲ့ဘူး။

ရှကျန်းပန့်က သူမ ဤမျှလောက် စိတ်ဝင်စားနေခဲ့ပြီး သူမ စုန့်ရှီးယန်ထံတွင် ပို၍

နီးနီးကပ်ကပ် ကြည့်နိုင်စေဖို့ ပျံသန်းတော့မတတ်ဖြစ်နေခဲ့ကို မြင်လိုက်ရလျှင် သူ့လေသံက ကူရာမဲ့နေခဲ့သည်။

“ရှီးယန်က စာထဲမှာ သူ ယာယီနေထိုင်တဲ့ အိမ်က လီတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်လို့ မပြောခဲ့ဘူးလား? အဲဒါက ဘယ်ကိုရောက်သွားလိမ့်မယ်လို့ မင်း ထင်နေတာလဲ?”

ချင်းယွန်းလျန်က ဤစကားကို ကြားသောအခါ နှုတ်ခမ်းမဲ့ကာ ပြောလာခဲ့သည်။

“ရှင်က အရမ်း နုံအတာပဲ”

“ရှီးယန်ဆိုတဲ့ ကောင်လေးအကြောင်းကို ရှင် အခုထိ မသိသေးဘူးပဲ၊ သူသာ အဲဒီမိသားစုကို ကျေးဇူးတင်ကြောင်း တကယ်ပြချင်ရင် မိန်းကလေးတွေ ကြိုက်တဲ့ ပစ္စည်းတချို့ ပြင်ဆင်ပေးဖို့အတွက် အတင်းအကျပ် တောင်းဆိုမှာ မဟုတ်ဘူး၊

သူ့ရဲ့ စိတ်နေသဘောထားအရဆို ကျွန်မကို ကျေးဇူးတင်လွှာ လက်ဆောင်တစ်ခု ပြင်ဆင်ပေးဆိုတဲ့စကားလေးတစ်ခုလောက်ပဲ ပို့ပေးလိုက်ရုံပဲ နေမှာ”

ဒီစာထဲမှာ စုန့်ရှီးယန်က ဒီကိစ္စကို သီသန့်တစ်ခုနဲ့ ထုတ်ပြောခဲ့ပြီး မိန်းကလေးက ဒီနှစ်မှာ ၁၈ နှစ်ပြည့်ပြီလို့တောင် အလေးအနက် ပြောခဲ့တာ…

သူ့ရဲ့ တည့်တိုးဆန်တဲ့ စိတ်နေသဘောထားနဲ့ဆို သူ မကြာသေးခင်ကမှ တွေ့ဆုံခဲ့တဲ့ မိန်းမငယ်လေးရဲ့ အသက်ကို ဂရုစိုက်မိမှာတဲ့လား?

မဖြစ်နိုင်ဘူး။

ပုံမှန်ဆိုရင် အဲဒီလူရဲ့ 

နာမည်ကိုတောင် မှတ်မိချင်မှ မှတ်မိမှာ!

နှစ်များတစ်လျှောက် သူတို့ရဲ့တပ်ဖွဲ့ထဲမှ မိန်းကလေးများစွာ စုန့်ရှီးယန် ကို မကြာခဏ ကြည့်နေခြင်း သို့မဟုတ် နွေဦး၏အကြည့်မျိုးကဲ့သို့ အကြည့်နှင့် ကြည့်နေကြသည်ကို သူမ ပြန်အမှတ်ရလိုက်သည်။

ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် မိန်းကလေးက ယောက်ျားလေးနှင့် ကွဲပြားနေခဲ့သည့်တိုင် ထိုမိန်းကလေးများက သူ့ကို သဘောကျကြောင်း သိသာစွာ ကြည့်နေခဲ့ကြသည်။

 သူတို့အားလုံးက လှပသော အမျိုးသမီးများသာ ဖြစ်ဖြစ်သည်။

 မျက်မမြင်တစ်ယောက်တောင်မှ သူတို့တွေက စုန့်ရှီးယန်ကို စိတ်ဝင်စားနေတာကို ပြောပြနိုင်တယ်..

စုန့်ရှီးယန်က ဘာပြောခဲ့တာလဲ?

သူနှင့် စကားပြောရန် ချည်းကပ် လာသည့် အမျိုးသမီးလေးများအား ဒေါသထွက်တတ်ပြီး ရှောင်လွှဲနေတတ်ခဲ့ပြီးနောက် သူက ချင်းယွန်လျန်ကို ပြန်မေးခဲ့သည်။

“အန်တီတို့အဖွဲ့က လူတွေကဒီအတောအတွင်း  အားလပ်လွန်းနေခဲ့ကြတာလား? ဘာလို့ သူတို့အားလုံး ကျွန်တော့်ဆီကို နားတွေ ကွဲထွက်လောက်အောင် ပြေးလာကြတာလဲ? ဆူညံသံတွေကြောင့် နားတောင် ကန်းလုနီးပါးဖြစ်တော့မယ်”

**

All Chapters