အခန်း (၉၈)
Vol. 10 Ch. 98
စုန့်ရှီးယန်ထံမှ ဒေါသအနည်းငယ်ထွက်နေသည့် စကားများကို ကြားခဲ့ရသည့်အချိန်တွင် ချင်းယွန်လျန်မှာ စကားပင် ပြန်မပြောနိုင်ဘဲ သူမ၏မျက်လုံးများကိုသာ ကောင်းကင်ကို ရောက်လုနီးပါးလှမ်းနေခဲ့ရသည်။
သူမ စုန့်ရှီးယန်ရဲ့ ပခုံးကို လှုပ်ပြီး မိန်းကလေးတွေရဲ့ စိတ်အားထက်သန်မှုကို သူ လုံးဝ မခံစားရဘူးလားလို့ မေးချင်ခဲ့တယ်…
ဝမ်းနည်းစရာ ကောင်းတာက သူမသာ ထိုမေးခွန်းကို မေးခဲ့ရင် စုန့်ရှီးယန် ရဲ့ အဖြေက ဒီလိုပဲ ဖြစ်လိမ့်မယ်။
“အော်၊ ဟုတ်လား?”
ဒါပြီးရင်လား..
ဒါပြီးရင် ဘာမှထပ်ရှိတော့မှာ မဟုတ်ဘူး…
ထိုအချိန်ကတည်းက ချင်းယွန်လျန် မှာ သူ့တူလေးက ယောက်ျား၊မိန်းမ ဆက်ဆံရေးတွင် မည်မျှ နှေးကွေးလဲဆိုသည်ကို သိလာခဲ့သည်။
အခြားယောက်ျားလေးများက ၁၇၊ ၁၈ နှစ်အရွယ်တွင် မိန်းကလေးများနှင့် မည်ကဲ့သို့ လက်ချင်းတွဲရမည်ကိုပင် သိနေကြပြီဖြစ်သည်။
သူကတော့ (၂၃)နှစ်ရှိနေပြီဖြစ်သော်လည်း ယခုထိ နုံအသည့် လူငယ်တစ်ယောက်သာဖြစ်နေသေးသည်။
ချစ်သူရှာရန် ရည်ရွယ်ချက်ပင် လုံးဝ မရှိပုံရ၏။ နောက်ပိုင်းတွင် ချင်းယွန်လျန် က သူ့ကို ကောင်းမွန်သော မိန်းကလေးတစ်ယောက်နှင့် မိတ်ဆက်ပေးရန်ပင် မလုပ်နိုင်လဲ့တော့ပေ။
မိတ်ဆက်ပေးတာက ဘာအသုံးဝင်လို့လဲ? သူ ဘာကြိုက်တယ်ဆိုတာကိုတောင် မသိတဲ့ ငတုံးကောင်လေးတစ်ယောက်က တခြားမိန်းကလေးတွေအတွက် ဘေးအန္တရာယ်ပဲ မဟုတ်လား?
သို့သော် ဤအထင်အမြင်များကချင်းယွန်လျန်ဆီသို့ စုန့်ရှီးယန် ပို့လိုက်သည့် စာကိုဖတ်ပြီးသောအချိန်တွင် ပြီးဆုံးသွားခဲ့သည်။
ဒီကောင်လေးက ဒီမိန်းကလေးကို သေချာပေါက် စိတ်ဝင်စားနေတယ်…
မဟုတ်ရင် သူ ဒီလောက် စိတ်ဓာတ်တက်ကြွပြီး ဒီစကားလုံးလေးတွေကို ပြောမှာ မဟုတ်ဘူး…
အနည်းဆုံးတော့ သူ လိုချင်တဲ့နေရာကို မရောက်သေးရင်တောင် အဲဒီမိန်းကလေးက သူ့အတွက် သာမန်မိန်းကလေး မဟုတ်ဘူး သေချာတယ်…
ဒါပေမဲ့ သူမ မသိသေးတဲ့ ကိစ္စတချို့ ရှိသေးတယ်…
ဤအကြောင်းကို စဉ်းစားမိသော် ချင်းယွန်းလျန်မှာ လင်းဟု ခေါ်သည့် မိန်းမငယ်လေးအပေါ် ရုတ်တရက် စူးစမ်းသိလိုစိတ် ပြည့်နှက်လာခဲ့သည်။
ကျောက်တုံးလို ခက်ထန်တဲ့ စုန့်ရှီးယန်လို ယောက်ျားတစ်ယောက်ကိုတောင် ချစ်မိစေနိုင်တဲ့ မိန်းကလေးက ဘယ်လိုလူမျိုးလဲ မသိဘူး…
သူ့ဘေးနားက ရှကျန်းပန့်မှာ သူ့ဇနီးပြောသည်ကို ကြားပြီးနောက် ခဏတာ ရပ်တန့်သွားသည်။ သေချာ စဉ်းစားကြည့်လိုက်လျှင် သူ၏ဇနီးသည်ပြောသည် အလွန်ကျိုးကြောင်းဆီလျော်သည်ဟု သူခံစားရသည်။
စုန့်ရှီးယန်က တကယ်ပဲ ကျေးလက်မှာ မိန်းကလေးငယ်တစ်ယောက်ကို တွေ့ပြီး တကယ်ပဲ သူမကို သဘောကျသွားတာလား?
ဒါဆို ဒါက ကောင်းတဲ့ ကိစ္စဖြစ်သင့်တယ်၊ ဒါပေမဲ့...
“သိပ်ပြီး မပျော်နေသေးနဲ့ဦး၊ ဒီကိစ္စက ချန်တုမှာ ဘယ်လိုဖြစ်နိုင်မလဲဆိုတာ မသေချာသေးဘူး၊ ဒါ့အပြင် မင်းရဲ့ ခဲအိုဘက်ကလည်း...”
ဤစကားကို ကြားသည်နှင့် ချင်းယွန်လျန်မှာ တစ်စက္ကန့်အကြာက သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် ရုတ်တရက် ရပ်သွားခဲ့သည။
သူမ ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်လေသည်။
“အိုး… ရှင် အရမ်းပျင်းနေတာလား၊ ကျွန်မကို အိပ်မက် မက်ခွင့်တောင် မပြုတော့ဘူးလား?”
ဒီစကားကိုပြောတဲ့ အဓိပ္ပာယ်ကတော့ သူမလည်း ဒီအတွက် ယုံကြည်မှု မရှိဘူးလို့ ပြောချင်တာပဲ။
မဟုတ်ပါက သူမက ရှကျန်းပန့်နဲ့ ငြင်းခုန်နေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် သူမ ခဲအိုရဲ့ ပုံမှန် အေးစက်တဲ့ မျက်နှာအမူအရာက သူမကို ရင်ဘတ်အောက်ခနေကတောင် ကြောက်ရွံ့စေတယ်။
သေချာတာပေါ့၊ အရေးအကြီးဆုံးကတော့ သူမရဲ့ ခဲအိုစုန့်ကျယ်က သူ့သားအပေါ် ကြီးမားတဲ့ မျှော်လင့်ချက်တွေ ထားရှိခဲ့တာပဲ
ဤခေတ်ကာလတွင် ကလေးများကို အရေအတွက် မွေးဖွားကြသည့် မိသားစုများနှင့် မတူဘဲ သူမ၏ ခဲအိုနှင့် ယေအစ်မထံတွင် စုန့်ရှီးယန်ဆိုသည့် သားတစ်ယောက်တည်းသာ ရှိသည်။
ထို့ကြောင့် ငယ်စဉ်ကတည်းက စုန့်ရှီးယန်အပေါ် သူတို့၏ အားထုတ်မှုများ အားလုံးနီးပါးကို ပုံအပ်ခဲ့ကြသည်။
သူမ၏ အစ်မဖြစ်သူအတွက်ကတော့ သူမက စိတ်နှလုံးနူးညံ့သူဖြစ်သောကြောင့် ကိစ္စမရှိပေ။
တစ်ခါတစ်ရံ ကလေးက စာလေ့လာခြင်းကိစ္စနှင့် လေ့ကျင့်ခြင်းများကြောင့် အလွန် ပင်ပန်းနေသောအခါမျိုးတွင် သူမက အနားယူဖို့ အချိန်ပေးရန် နည်းလမ်းများ ရှာပေးလေ့ရှိသည်။
သို့သော်လည်း သူမ၏ ခဲအိုကမူ သူ၏သားကို တစ်နေ့ လျှင်၂၄ နာရီလုံး လေ့လာနေစေချင်ခဲ့သည်။
အနည်းငယ် နောက်ကျလျှင်ပင် နောက်ကျကျန်ခဲ့မည်ကို ကြောက်သောကြောင့် သားဖြစ်သူ၏ ကိစ္စများ အားလုံးကို အလိုအလျောက် ထိန်းချုပ်ခဲ့သည်။
ချင်းယွန်လျန် တကယ်တမ်းတွင် ဘယ်သောအခါမှ နားမလည်ခဲ့ပါချေ။
သူမ ခဲအို၏ လက်ရှိ ရာထူးကို ကြည့်ရှုလျှင် သူမ၏တူလေး စုန့်ရှီးယန်ထံ၌ ကြီးမားသည့် အနာဂတ် မရှိလျှင်ပင် ကျန်ရှိသည့်ဘဝတစ်လျှောက်လုံး အစားအသောက်နှင့် အဝတ်အထည်များအတွက် စိတ်ပူစရာ မလိုအောင်ပင် ပြည့်စုံသည်။
ဒါဆို ဘာလို့ သူ့ရဲ့စစ်သားတွေကို ပြင်းပြင်းထန်ထန် ဆက်ဆံနေသလိုမျိုး သူ့သားကို ဆက်ဆံနေရတာလဲ?
ချင်းယွန်လျန် လုံးဝ နားမလည်ခဲ့ပေ။
သို့သော် သူမ ခဲအို၏ “သံမဏိသွေးစစ်စနစ်” ကြောင့် စုန့်ရှီးယန် က ငယ်ရွယ်သည့် အသက်အရွယ်တွင်ပင် ဂုဏ်ထူးဆောင်ဘွဲ့များ အများကြီး ရရှိခဲ့သည်။
ထို့အပြင် သူ ယခုထိ ရရှိထားသော အရာအားလုံးက သူမ ခဲအိုနှင့် ဆက်ဆံရေးကြောင့် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် စစ်တပ်နယ်ပယ်တစ်ခုလုံးတွင် စုန့်ရှီးယန် နှင့် သူမ၏ ခဲအိုကြားမှ ဆက်ဆံရေးကို သိရှိသောသူ အနည်းငယ်သာ ရှိသည်။
သို့သော် ဤကြားထဲတွင် ခဲအိုဖြစ်သူ စုန့်ကျယ် သူ့သား၏ လက်ရှိအခြေအနေကို ဆက်လက်ပြီး ဂရုစိုက်နေဆဲပင်ဖြစ်သည်။ လမ်းမှားသို့သွားရလျှင်လည်း ဝင်ပါလေ့ရှိသည်။
ဥပမာအားဖြင့် ဤတစ်ကြိမ်တွင် စုန့်ရှီးယန်က မစ်ရှင်တစ်ခုတွင် ပါဝင်ခဲ့ကာ ထိခိုက်ဒဏ်ရာရခဲ့ခြင်းမျိုး ဖြစ်ခဲ့သည်။
ဤသည်က ပုံမှန်အတိုင်းသာဖြစ်ပေသည်။
ဘယ်လိုစစ်သားမျိုးကများ ဒဏ်ရာ လုံးဝမရဘဲ ရှိနေနိုင်လို့လဲ?
သို့သော် ဤမစ်ရှင်က စုန့်ရှီးယန် မသွား၍ မဖြစ်သည် မဟုတ်သော်လည်း သူ သွားခဲ့ကာ နောက်ဆုံးတွင် ဒဏ်ရာရခဲ့သည်။
ဤသည်ကိုကြားပြီးနောက် သူမ၏ ခဲအို စုန့်ကျယ်က စုန့်ရှီးယန် ကို နှစ်လကြာ အနားယူရန် တိုက်ရိုက်အမိန့်ပေးခဲ့ပြီး မည်သည့် စစ်ဆင်ရေး၊ မည်သည့်လေ့ကျင့်ရေးတွင်မှ ပါဝင်ခွင့်မပြုခဲ့ပေ။
အကောင်းဘက်မှ ပြောရလျှင် ဖခင်တစ်ဦး၏ ဂရုစိုက်မှုပင်ဖြစ်သည်။ အဆိုးဘက်ပြောရလျှင်တော့ အရာရာကို ထိန်းချုပ်ချင်သည့် ဆန္ဒလွန်ကဲမှုပင်ဖြစ်ချေသည်။
ထို့ကြောင့် စုန့်ရှီးယန်၏ ဖခင်က သူ့အပေါ်တွင် ဤလောက်ကြီးမားသော မျှော်လင့်ချက်များ ထားသည့်အတွက် ကျေးလက်ဒေသသူတစ်ယောက်နှင့် လက်ထပ်ဖို့ဆိုသည်က လုံးဝ မဖြစ်နိုင်ပေ။
ဤအကြောင်းကိုတွေးမိသောအခါ ချင်းယွန်လျန်တစ်ယောက် သူမ တူလေး၏ အိမ်ထောင်ရေးကို ရုတ်တရက် စပူပန်လာရတော့သည်။
“ဟင်း.. သနားစရာကောင်လေး၊ နောက်ဆုံးတော့ စိတ်ဝင်စားတဲ့သူရှိလာခဲ့ပေမဲ့ အနာဂတ်ကတော့ စိုးရိမ်စရာပဲ”
သို့သော်လည်း မည်သို့ပင်ဖြစ်စေ သူမက သူ့ကို ငယ်စဥ်ကလေးဘဝအရွယ်ကတည်းက ကြည့်ရှုစောင့်ရှောက်လာခဲ့သည်ဖြစ်ချေသည်။
ထိုကောင်လေး ကြိုက်လာသည့်
မိန်းကလေးတစ်ယောက် ရှိလာခြင်းက အလွန်ရှားပါးလှလေ၏။ ထို့ကြောင့် စဉ်းစားပြီးသည့်နောက်တွင် ချင်းယွန်လျန်က လက်လျှော့၍မဖြစ်ကြောင်း ခံစားမိနေခဲ့ရသည်။
ထို့ကြောင့် ရှကျန်းပန့် အလုပ်သို့သွားပြီးနောက် သူမလည်း အပြင်ထွက်ခဲ့သည်။ သို့သော်တေးဂီတအဖွဲ့သိုး အလျင်စလိုမသွားဘဲ စုန့်မိသားစုဆီကို သွားခဲ့လေသည်။
သူမ စုန့်မိသားစုသို့ ရောက်သောအခါ သူ့အစ်မ ချင်းယွင်ကျစ် က အိမ်တွင် စာဖတ်နေသည်။
အိမ်ထောင်မပြုမီက ချင်းယွန်ကျစ်သည်လည်း သူမကဲ့သို တေးဂီတအဖွဲ့တွင် နာမည်ကြီးကာ ချောမောလှပသည့် မိန်းကလေးတစ်ဦး ဖြစ်ခဲ့သည်။
ရုပ်ရည်က ထူးကဲလှပလွန်းရုံသာမက သီဆိုကခုန်ပုံသည်လည်း တခြားသူများထက် သာလွန်ခဲ့သည်။
သို့သော် အိမ်ထောင်ပြုပြီးနောက်တွင် ညီအစ်မနှစ်ယောက်၏ ဘဝများက ကွဲပြားသွားခဲ့သည်။
သူမ၏ညီမ ချင်းယွန်လျင်က တေးဂီတအဖွဲ့တွင် ဆက်လက်လုပ်ကိုင်ခဲ့သော်လည်း ချင်းယွင်ကျစ်မူကား နောက်ပိုင်းတွင် အဖွဲ့ကနေထွက်ပြီး အိမ်တွင် ခင်ပွန်းကို ပြုစုပြီး ကလေးများကို ပြုစုပျိုးထောင်သည့် အိမ်ရှင်မတစ်ဦး ဖြစ်လာခဲ့သည်။
သေချာသည်ကတော့ ဤခေတ်ကာလတွင် “အိမ်ရှင်မ” ဆိုသည့် နာမည်မရှိပါချေ။
အမျိုးသမီးအများစုက အိမ်ထောင်ပြုပြီးနောက်တွင် မိသားစု၏ ပုံမှန်စရိတ်များက်ု ထိန်းသိမ်းဖို့ရန်အတွက် အလုပ်သွားလုပ်ကြရသည်။
ထို့ကြောင့် ချင်းယွင်ကျစ်က အဖွဲ့မှထွက်ပြီး အခြားဘာမျှ စိတ်ပူစရာမလိုဘဲ အိမ်တွင် ကလေးကိုငာ ပြုစုစောင့်ရှောက်နိုင်သောအခါ သူမ၏ပတ်ဝန်းကျင်မှ လူပေါင်းများစွာက သူမကို တိတ်တဆိတ် အားကျခဲ့ကြသည်။
သို့သော်လည်း ကိုယ်တိုင်ကြိုးစားခဲ့ဖူးသူများသာ အဖွဲ့ကိုစွန့်ခွာပြီး အိမ်တွင် ကလေးများပြုစုစောင့်ရှောက်ခြင်းက မည်မျှပင် ခက်ခဲကြောင်းကို သိလိမ့်မည်ဖြစ်သည်။
သို့သော် ချင်းယွင်ကျစ်က သူ့မ၏ကလေးကို ချစ်သောကြောင့် ဤလုပ်ငန်းစဉ်တွင် မည်မျှပင် အကူအညီမဲ့ပြီး စိတ်ပျက်အားငယ်မှုများ ရှိနေပါစေ သည်းခံနိုင်ခဲ့သည်။
သူမ၏ကလေးက နေ့စဉ် ကြီးပြင်းလာပြီး ပိုပြီးအလားအလာကောင်းလာသည်ကို ကြည့်ပြီး သူမ၏ ရင်ထဲတွင် သဘာဝအတိုင်း ကြီးမားသော အောင်မြင်မှုခံစားချက် ရှိခဲ့သည်။
သို့သော် သူမ၏သားက ကြီးပြင်းလာခဲ့ပြီး အိမ်မှ ထွက်ခွာ သွားသည့်နေ့ကစပြီး အိမ်တစ်အိမ်လုံးက ရုတ်တရက် ဗလာဖြစ်သွားသကဲသို့ခံစားခဲ့ရကာ သူမထံတွင် အဆုံးမဲ့ အထီးကျန်မှုနှင့် လစ်ဟာမှုများ ကျန်ရစ်ခဲ့ျော့သည်။
သူမ၏ အသက်အရွယ်တွင် ဘာသာရပ်များနှင့် ကျွမ်းကျင်မှုများက လုံးဝနီးပါး မေ့လျော့နေပြီဖြစ်ပြီး တေးဂီတအဖွဲ့တွင် ဆက်လက်လုပ်ကိုင်ရန်လည်း မဖြစ်နိုင်တော့ပေ။
တခြားသူများအားလုံးက နေ့ခင်းဘက်တွင် အလုပ်သွားရသောကြောင့် ချင်းယွင်ကျစ်မူကား အချိန်ဖြုန်းရန်အတွက် အိမ်တွင် စာအုပ်များဖတ်နေရုံသာရှိသည်။
သူမ၏ညီမ ချင်းယွန်လျန်မှ တံခါးခေါက်လာသည်ကို ကြားလျှင် ချင်းယွန်ကျစ်တစ်ယောက် အံ့ဩသွားခဲ့သည်။
သူမက သူမ၏လက်ထဲမှ စာအုပ်ကို အမြန်ချပြီး သူမအတွက် တံခါးဖွင့်ပေးရန် ထရပ်လိုက်သည်။
“ယွင်လျန်၊ နင် ဘာလို့ ဒီကို ရောက်နေတာလဲ”
ချင်းယွန်ကျစ်က သူမ၏ ညီမကို အလွန်ပျော်ရွှင်စွာနှင့် ကြည့်လိုက်သည်။
ချင်းယွင်လျန်သည်လည်း သူမ၏အစ်မကို ပြန်ပြုံးပြလိုက်သော်လည်း သူမ၏ မျက်လုံးများက အစ်မ ချင်းယွင်ကျစ်၏ နောက်ကျောဘက်ကို မသိမသာ ဝေ့ကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
“အစ်မ၊ ခဲအို အိမ်မှာမရှိဘူးမလား”
ချင်းယွန်ကျစ်မှာ အဘယ်ကြောင့်မေးလာသည်ကိုမသိသော်လည်း အနည်းငယ် အံ့သြသွားရပြီး ခေါင်းကိုခါရမ်းလိုက်သည်။
“သူ အလုပ်သွားပြီ”
မရှိတာ အကောင်းဆုံးပဲပေါ့။
ချင်းယွန်လျန် ချက်ချင်း သက်ပြင်းချလိုက်ပြီး သူ့အစ်မကို အိမ်ထဲသို့ တွန်းပို့လိုက်သည်။
“အစ်မ၊ သတင်းကောင်းတစ်ခု ပြောစရာရှိတယ်၊ ဒါပေမဲ့ ခဲအိုကိုတော့ ဒီအကြောင်းကို လောလောဆယ် မပြောသေးတာ ကောင်းမယ်လို့ ထင်တယ်”
ချင်းယွန်ကျစ်က သူမ၏ စကားကို နားထောင်ကာ အိမ်တွင်းကို လျှောက်သွားရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ယွန်လျန်၊ နင် ဘာတွေပြောနေတာလဲ၊ ဘာဖြစ်တာလဲ၊ နင့်ရဲ့ခဲအိုကို ဘာလို့ ပြောလို့မရသေးတာလဲ”
*