အခန်း (၁၀၀)
Vol. 10 Ch. 100
လင်းရန်သည်ကား သူမက ချင်းမိသားစု ညီအစ်မနှစ်ယောက်၏ စိတ်ထဲတွင် “ချွေးမလောင်း” ဖြစ်နေပြီဆိုသည်ကို မသိခဲ့ပေ။ ကွန်မြူနတီ ထမင်းစားဆောင်ကိုရောက်သောအခါတွင် သူမ စုန့်ရှီးယန်နှင့် လမ်းခွဲလိုက်လေသည်။
စုန့်ရှီးယန်ကတော့ မြို့ကို တိုက်ရိုက်ပင်သွားခဲ့သည်။
သို့သော် စုန့်ရှီးယန်က ကွန်မြူနတီဂိတ်ကို ဖြတ်သွားစဉ် ချန်ဝမ်ကို မြင်သွားခဲ့လေသည်။ သူက စူးစမ်းလိုစိတ်နှင့် ရောက်လာပြီး လင်းရန်ကို မေးခဲ့သည်။
“ရဲဘော် ရှောင်လင်း၊ ဒါ မင်းရဲ့ ဝမ်းကွဲနဲ့ အတူပြန်လာတဲ့ အရာရှိလား”
လင်းကွမ်းချင်း ပြန်လာသည်ကို တပ်မဟာတစ်ခုလုံးက သိရုံသာမက ကွန်မြူနတီကလည်း နည်းနည်းပါးပါး ကြားသိခဲ့ရသည်။
သို့သော် သူတို့က လင်းမိသားစုနှင့် မပတ်သက်သည့်အပြင် လင်းကွမ်းချင်းကလည်း ဆွေမျိုးသားချင်း လာရောက်လည်ပတ်သည့်အနေနှင့် ပြန်လာသည်ဖြစ်၍ သူတို့အတွက် သွားရောက်လည်ပတ်ရန် မလွယ်ကူခဲ့ပေ။
သို့သော် စုံစမ်းသင့်သော သတင်းများက မည်သည့်အရာမျှ မကျန်ခဲ့ပေ။
ဥပမာအားဖြင့် လင်းကွမ်းချင်းနှင့်အတူ နောက်ထပ်တစ်ယောက် ပြန်လာခဲ့သည်ကို သူတို့ သိခဲ့ရသည်။
ထိုသူက သူ့တပ်တွင် တပ်ရင်းမှူးတစ်ယောက်ဖြစ်ပြီး ဂျစ်ကားနှင့် လာခဲ့သည်။ ရောက်ပြီးနောက် မပြန်တော့ဘဲ လင်းကွမ်းချင်း၏ အိမ်တွင် ခဏတာ တည်းခိုခဲ့ပြီး ထိုနေရာက အခု လင်းရန်၏ အိမ်ဖြစ်သည်။
လင်းရန်က ခေါင်းညိတ်လိုက်သော်လည်း ဖုံးကွယ်ထားစရာမလိုသည့်အတွက် တည့်တိုးပြောလိုက်သည်။
“ဟုတ်တယ်၊ သူပဲ”
ချန်ဝမ်၏ မျက်လုံးအစုံက စုန့်ရှီးယန်၏ နောက်ကျောဘက်ကို ရောက်သွားပြီး ကြည့်လေကြည့်လေ ထိုနောက်ကျောဘက်တွင် ဖြောင့်မတ်မှုတစ်ခု ရှိသည်ဟု ခံစားလိုက်ရသည်။
“တကယ့် အရာရှိကြီးဆိုတာ ထင်ရှားတာပဲ၊ လမ်းလျှောက်တာတောင် ကျွန်တော်တို့နဲ့ မတူဘူး၊ ခန့်ညားလိုက်တာ!”
လင်းရန်: “?”
သူမက စုန့်ရှီးယန် ရှိသောဘက်ကို ရှုပ်ထွေးသည့်မျက်နှာနှင့် ကြည့်လိုက်သည်။
သူတို့အားလုံး ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နေတာပဲ မဟုတ်လား… ဘာမျုးကွာခြားမှု ရှိလို့လဲ..
သို့သော် ယနေ့ခေတ်တွင် လူတိုင်းက စစ်သားများကို အထင်ကြီးပုံရသည်ဆိုသည်ကို ထည့်သွင်းစဉ်းစားကြည့်လျှင် ချန်ဝမ်၏ စိတ်လှုပ်ရှားမှုကို နားလည်နိုင်သည်။
“ဒါဆို ရှင် အလုပ်ဆက်လုပ်လိုက်ပါဦး၊ ကျွန်မ အရင် ပစ္စည်းတွေ ပြင်ဆင်လိုက်ဦးမယ်”
ချန်ဝမ်က သူမ တစ်ယောက်တည်း ထွက်စွားခဲ့သည်ကို ဂရုစိုက်နေခြင်းမရှိပေ။ သူက ကွန်မြူနတီဂိတ်တွင် တစ်ယောက်တည်းရပ်ပြီး စုန့်ရှီးယန်၏ နောက်ကျောဘက်ကို ကြည့်နေခဲ့သည်။
လင်းရန်မူကား မီးဖိုချောင်သို့ အမြန်ရောက်လာပြီး သူမ၏ နေ့သစ်အတွက်အလုပ်ကို စတင်ခဲ့လေသည်။
အလုပ်လုပ်နေသည့်အချိန်မျိုးတွင် အချိန်များမှာ အလွန်အမင်းကြာသကဲ့သို့ ခံစားရသည်။
နောက်ဆုံး အလုပ်ဆင်းသည်နှင့်တစ်ပြိုင်နက် လင်းရန် က သက်ပြင်းချလိုက်ပြီး အိမ်သို့ တန်းတန်းမတ်မတ်ပြန်ရန်စီစဉ်လိုက်လေသည်။
သို့သော် တခြားခေါင်းဆောင်တစ်ယောက်က သူမအား ရပ်ခိုင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လင်းရန်က ထိုလူကို မျက်လုံးအနည်းငယ်ဝိုင်းကာ ကြည့်လိုက်မိသည်။ သူမ အလုပ်မှာ တစ်စုံတစ်ရာ မှားယွင်းနေသည်များလား၊ သို့မဟုတ် ခေါင်းဆောင်က မနက်ဖြန်အတွက် မှာချင်သည့်အရာများရှိနေ၍လားဟု တွေးနေမိသည်။
ထို့နောက်တွင်တော့ ခေါင်းဆောင်က သူမ၏ အဖေအကြောင်းကို မေးမြန်းလာခဲ့သည်ကို ကြားလိုက်ရလေသည်။
“ရဲဘော်ရှောင်လင်း၊ မင်းရဲ့ တပ်မဟာက ဒီရက်ပိုင်းအတွင်းမှာ အပိုလုပ်ငန်းတစ်ခု လုပ်နေတာ မဟလား၊ မင်းအဖေက တပ်မဟာခေါင်းဆောင်နဲ့ ဒီအကြောင်း ဆွေးနွေးခဲ့တယ်လို့ ကြားထားတယ်
ဘယ်လိုလဲ၊ ဒီရက်ပိုင်းအတွင်း တိုးတက်မှုတွေ ရှိရဲ့လား”
ကွန်မြူနတီခေါင်းဆောင်က လင်းရန်ကို အပြုံးတစ်ခုဖြင့် ပြောလာခဲ့သော်လည်း လင်းရန်က လက်ရှိအခြေအနေကို သူတို့ အမှန်တကယ် စိုးရိမ်နေကြသည်ကို ခံစားမိသည်။
ဤအကြောင်းကို တွေးတောမိသည့်အချိန်တွင် သူမအနေဖြင့် အခြေအနေမှန်ကို ခေါင်းဆောင်အား ရိုးသားစွာပင် ပြောပြလိုက်ရသည်။
“ဒီလိုဆိုရင် မင်းအဖေနဲ့ တခြားသူတွေ မနက်ဖြန် တောင်ပေါ်က ဆင်းလာပြီးရင် ဒီကိစ္စက လုံးဝပြီးသွားပြီလို့ ပြောလို့ရမလား”
“အဲဒီလိုတော့ ပြောကြပါတယ်”
လင်းရန်ငည်လည်း သေသေချာချာ မသိပါချေ။
“ကောင်းပြီ၊ ဒါဆို ငါလည်း မနက်ဖြန် သူတို့ရဲ့ သတင်းကောင်းကို စောင့်နေမယ်”
ကွန်မြူနတီခေါင်းဆောင်၏ ထောက်ခံသည့် သဘောထားကို မြင်ရသည့်အချိန်မှသာ လင်းရန်လည်း စိတ်သက်သာရာရသွားခဲ့ရသည်။
ယခုဆိုလျှင် အရာရာအားလုံးက
ကောင်းမွန်သည့် လမ်းကြောင်းပေါ်သို့ ရောက်နေပြီဟု သူမ ခံစားရသည်။
အထူးသဖြင့် ဖခင်ဖြစ်သူ၏ အလုပ်သည်လည်း လူတိုင်း၏ ထောက်ခံမှုကို ရရှိခဲ့သည်။
မနက်ဖြန်တွင် သူတို့ တောင်ပေါ်မှ ဆင်းလာပြီး သတင်းကောင်း ယူလာနိုင်ပြီဆိုသည်နှင့် အလုပ်အားလုံးကို ပြန်စတင်နိုင်ပေပြီ။
နေ့လယ်ပိုင်း အိမ်ပြန်ရောက်သည့်နောက်တွင် လင်းကျန်းအန်းက သူမအား ညနေဘက် ပြန်မလာဟု ကြိုပြောထားပြီးသည်ဖြစ်၍ ညစာပြင်ဆင်သည့်အချိန်၌ လင်းရန်က သူ့အတွက် ထည့်သွင်းမပြင်ဆင်ထားတော့ပေ။
စုန့်ရှီးယန်က မြို့မှ ပြန်လာသောအချိန်တွင် လတ်လတ်ဆတ်ဆတ် အသားနှစ်ကီလိုဂရမ် ၀ယ်လာခဲ့သည်။
သို့သော်လင်းရန်က သူမ၏ဖခင်
ယနေ့ပြန်လာမည်မဟုတ်သေးဟု တွေးမိကာ စုန့်ရှီးယန်ကို အကူအညီတောင်း၍ အသားကို အေးခဲထားလိုက်သည်။
မနက်ဖြန် သူမ၏ ဖခင် တောင်ပေါ်က ဆင်းလာသည့်အချိန်မှသာ အတူစားသောက်နိုင်စေရန် စောင့်နေခဲ့သည်။
သို့သော် နောက်တစ်နေ့ မနက်စောစော၌
သူမ၏ ဖခင် ဘေးကင်းစွာ ဆင်းလာပြီဆိုသည့် သတင်းကို မကြားရဘဲ သတင်းဆိုးနှင့် ကြိုဆိုခံရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
မနက် ခုနှစ်နာရီလောက်၌ လင်းမိသားစုက ခြံထဲ၌ မနက်စာ စားနေခဲ့ကြသည်။
ပုံမှန်အခြေအနေအရဆိုလျှင် မနက်စာစားပြီးနောက် လူတိုင်းက တပ်မဟာ၌ စုဝေးပြီး အလုပ်စလုပ်ကြသည်။
သို့သော် သူတို့ မနက်စာစား၍ မပြီးသေးသည့်အချိန်မှာပင် အဝေးမှ အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။
အသံသည်ကား အလွန် ကြောက်လန့်တကြားနှင့် စိုးရိမ်ပူပန်နေပြီး ကွဲအက်နေသည့် အသံမျိုး၊ဖြစ်နေခဲ့ကာ တစ်ခုခု အကြီးအကျယ် ဖြစ်နေသည့် အသံမျိုးပင် ဖြစ်ချေသည်။
“အဘွားလင်း၊အဘွားလင်း”
ထိုအသံသည်က အဘွားလင်းအား လက်ယပ်ခေါ်သကဲ့သို့ပင်။
အဘွားလင်းမှ ထိုအသံကိုကြားသည့်အခါ လက်ထဲမှ ပန်းကန်ကို အလျင်အမြန်ချပြီး ခြံတံခါးဆီ ပြေးသွားခဲ့သည်။
သူမ တံခါးကို ရောက်သည်နှင့် အဝေးမှ ကောင်လေးတစ်ယောက် အလန့်တကြား ပြေးလာသည်ကို တွေ့လိုက်ရသည်။ ထိုကောင်လေးမျက်နှာ၌ စိုးရိမ်ပူပန်မှုများ အပြည့်ပင် ရှိနေခဲ့လေ၏။
“အဘွားလင်း ၊ ကိစ္စတစ်ခုခု ဖြစ်နေပြီ!”
အဘွားလင်း၏ မျက်လုံးများက ထိတ်လန့်တကြားနှင့် ပြူးကျယ်သွားခဲ့ရပြီး တစ်ဖက်မှ ကောင်လေးကို အလျင်အမြန်မေးလိုက်လေသည်။
“ဘာဖြစ်တာလဲ၊ ဘာကိစ္စဖြစ်နေတာလဲ!”
“ဦးလေးကျန်းအန်း၊ သူ ပျောက်နေတယ်!”
“ဘာ! “
ထိုစကားများ ထွက်လာသည်နှင့် အဘွားလင်းသာမက သူမ၏ နောက်တွင်ရှိသော လင်းမိသားစုဝင်အားလုံးပါ အံ့သြသွားခဲ့ကြရသည်။
“ပျောက်နေတယ်ဆိုတာ ဘာကိုပြောချင်တာလဲ ၊ ရှင်းရှင်းလင်းလင်းပြောစမ်းပါ!”
အဘွားလင်းမှာ အလွန် စိုးရိမ်စိတ်ပူနေ၍ သတိမေ့မြောမတတ်ဖြစ်နေခဲ့ရသည်။
ထိုကောင်လေးမှာ အသက်ပင် မရှူနိုင်ဘဲ အခြေအနေများကို အသေးစိတ်ကျစွာနှင့် လျင်မြန်စွာပြောပြခဲ့သည်။
မကြာသေးမီ၌ အများဆုံး ဆယ်မိနစ်အတွင်းမှာ သူ၏အဖေက တောင်ပေါ်ကနေ အလန့်တကြား ပြေးပြန်လာပြီးတော့ လူများကို သွားရှာဖို့ အမြန်အကြောင်းကြားခဲ့သည်။
သူ၏စကားများအရ သူတို့ တောင်ပေါ်သို့ တက်နေကြသည့်အချိန်တွင် သားရဲတစ်ကောင်နဲ့ တွေ့ကာ အုပ်စုက လူစု ကွဲသွားခဲ့သည်ဟုပြောခဲ့လေ၏။
ကွဲသွားသည်က ပြဿနာမရှိသေးပါချေ။ သူတို့တွေ တောင်ပေါ်တက်သည့်အချိန်တွင် ထိုကဲ့သို့ အခြေအနေမျိုးကို ကြိုတင်တွေးထားကြတာကြောင့် ဖြေရှင်းဖို့ရန်အတွက် နည်းလမ်းများ ရှိနေပေသည်။
ဥပမာ လူကွဲသွားလျှင် သတ်မှတ်ထားသည့် နေရာတစ်ခု၌ သတ်မှတ်ထားသည့် အချိန်တစ်ခုအတွင်း ပြန်စုကြလိမ့်မည်။ ထိုမှသာ လူတိုင်းက ထိုအချိန်တွင် ပြန်လာနိုင်မည်မှာ သေချာကြောင်းကိုစစ်ဆေးနိုင်ပြီး ဘေးကင်းမှုကို အာမခံနိုင်လိမ့်မည်ပင်။
သူတို့ ယမန်နေ့ညက လူကွဲသွားပြီးနောက် မနက်မိုးလင်းသည့်အချိန်တွင် သဘောတူထားသည့် နေရာ၌ လူတိုင်းနီးပါး စုခဲ့ကြသည်။
သို့သော် ဦးလေးကျန်းအန်းကတော့ ပြန်မလာခဲ့ပါချေ။
ထိုကဲ့သို့ ဖြစ်လာသည့်နောက်တွင် သူတို့အဖွဲ့ကို စိုးရိမ်စိတ်များ ပို၍ တိုးလာစေသည်။
ပြောရလျှင် သူတို့အားလုံး ယမန်နေ့ညကမှ တောင်ပေါ်၌ သားရဲတစ်ကောင်နဲ့ ကြုံခဲ့ရရပြီး ကံကောင်းထောက်မ၍သာသာ လွတ်မြောက်ခဲ့ကြခြင်းဖြစ်ပေသည်။
သို့သော်လည်း ဦးလေးကျန်းအန်းကတော့ ယခုအချိန်ထိ ပေါ်မလာသေးပါချေ။
ဤအချိန်တွင် လူတိုင်းက အဆိုးဆုံးကို မတွေးဖို့ရန်အတွက် ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်အခါခါ နှစ်သိမ့်နေကြသော်လည်း စိတ်ကို ငြိမ်အောင် မထားနိုင်တော့ပါချေ။
ထို့ကြောင့် မူလက ယနေ့တွင် စူးစမ်းရှာဖွေဖို့အတွက် နေရာများ သတ်မှတ်လျှက်ရှိနေခဲ့သော်လည်း ထိုအကြောင်းကို မစဥ်းစားကြတော့ပါချေ။
သူတို့က ဦးလေးကျန်းအန်းကိုသာ အနီးအနားတွင် ခဏလောက် လိုက်ရှာနေခဲ့ကြသည်။
သို့သော် မည်သည့်အရာကိုမျှ မတွေ့တော့သည့်အတွက် တောင်အောက်သိာ့ အမြန်ဆင်းလာပြီး တောင်အောက်မှ လူများကို ဤအကြောင်းအား လာပြောပြခြင်းဖြစ်ပေသည်။
သို့မှသာ လူတိုင်းက ပူးပေါင်းပြီး လူကိုရှာဖွေဖို့ရန်အတွက် တောင်ပေါ်သို့ သွားနိုင်လိမ့်မည်။
ထိုစကားများကို ကြားလိုက်ရသည့်အချိန်တွင် အဘွားလင်းမှာ သတိမေ့မြောမတတ်ပင် ဖြစ်သွားခဲ့ရသည်။
ကံကောင်းစွာဖြင့် ဘေးနားမှ
လင်းကွမ်းချင်းက သူမကို လျင်မြန်စွာ ထိန်းထားလိုက်သည်။
“အဘွား!”
“ငါ.. ငါ အဆင်ပြေပါတယ်၊ ကွမ်းချင်း၊ မြန်မြန်.. မင်းအဖေနဲ့ တတိယဦးလေးကို သွားခေါ်လိုက်၊ ပြီးတော့ ခေါင်းဆောင်ကို သွားရှာပြီး မင်းရဲ့ ဒုတိယဦးလေးကို အတူတူ တောင်ပေါ်တက်ရှာခိုင်းလိုက်!”
အဘွားလင်းမှာ အံကို တင်းတင်းကြိတ်ကာ လင်းကွမ်းချင်းကို အပြင်သို့ လျင်မြန်စွာ တွန်းထုတ်လိုက်သည်။
ထိုအချိန်၌ လင်းကွမ်းချင်းသည်လည်း သဘာဝကျစွာပင် မငြင်းဆန်ခဲ့ပါဘဲ သူ့၏ခေါင်းကို အပြင်းအထန် ညိတ်လိုက်ပြီး သူ့အဖေနှင့် တတိယဦးလေးကို ကြည့်လိုက်သည်။
“အဖေ၊ တတိယဦးလေး၊ မြန်မြန်သွားကြရအောင်!”
သူ့အစ်ကို၏ အခြေအနေနှင့် ပတ်သက်နေသည်ဖြစ်၍ အမြဲလိုလိုပင် ကိုယ်ကျိုးကိုသာ ကြည့်တတ်သော လင်းကျန်းရှီပင် ထိုအခိုက်အတန့်၌ တခြားမည်သည့်အတွေးများမှ မရှိတော့ပေ။
သူက ပန်းကန်ခွက်ယောက်များကို လျင်မြန်စွာချလိုက်ပြီး “အိုး” ဟု ပြောကာ တခြားသူများနှင့်အတူ အလန့်တကြား ထွက်သွားသည်။
သို့သော် သူတို့အပြင် တခြားလူအနည်းငယ်လည်း သူ၏နောက်ကို လိုက်လာလိမ့်မည်လို့ မထင်ထားခဲ့ပေ။
လင်းကျန်းရှီ ဘေးကို ကြည့်လိုက်သည့်အချိမ်တွင် သူ၏နောက်မှ လိုက်လာသူမှာ စုန့်ရှီးယန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“စုန့်.. ရှောင်စုန့်၊ မင်း ဘာလို့ ဒီရောက်နေတာလဲ။။ မြန်မြန်ပြန်၊ ဒီကိစ္စက...”
ဒီကိစ္စက အန္တရာယ်များတယ်။ ဧည့်သည်တစ်ယောက် ဖြစ်ပြီး ဘာလို့ လိုက်လာတာလဲ။
စုန့်ရှီးယန်က မျက်မှောင်ကြုတ်ပြီး သူ့ကို ကြည့်လိုက်သည်။
“တတိယဦးလေး၊ ကျွန်တော့်မှာ တောထဲကိုရောက်ရင် ဘယ်လိုရှင်သန်ရမယ်ဆိုတဲ့ အတွေ့အကြုံတွေ အများကြီး ရှိတယ်၊ တစ်ခုခုဆို အကူအညီ ပေးနိုင်မှာပါ”
“ဒါပေမဲ့...”
လင်းကျန်းရှီ စကား မဆုံးခင်မှာပင် စုန့်ရှီးယန်က ပြောလိုက်သည်။
“အသက်ကယ်တာတို့ ဒဏ်ရာကုသတာတို့ဆိုတာ ကျွန်တော်တို့ စစ်သားတွေရဲ့ တာဝန်ပဲ!”
“ကောင်းပြီ!”
*