အခန်း (၁၀၁)
Vol. 11 Ch. 101
သူတို့၏ရှေ့မှ အရိပ်များ အလျင်အမြန် ပျောက်ကွယ်သွားသည်ကို မြင်လိုက်သည့်အချိန် ခြံထဲ၌ ကျန်ရှိနေခဲ့သော လင်းမိသားစုဝင်များ၏ စိတ်ဓာတ်များက ယခုအချိန်၌ အောက်ဆုံးသို့ ရောက်နေသကဲ့ ခံစားနေရသည်။
ယမန်နေ့မနက်ကမှ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ပြီး ယနေ့ သေချာပေါက် ပြန်လာမည်ဟု ပြောခဲ့သည့်သူက ရုတ်တရက် ယခုလို အခက်အခဲမျိုးကြုံရလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။
အဘွားလင်း၏ အသက်အရွယ်၌ အမျိုးမျိုးသော အဖြစ်အပျက်ဆိုးများကို ကြုံဖူးပြီးသားဖြစ်သည်။
သို့သော် များများကြုံဖူးသည်နှင့် ဖြစ်ပျက်သမျှ ကိစ္စအားလုံးကို လက်ခံနိုင်သည်ဟု မဆိုလိုပေ။
ဥပမာအားဖြင့်၊ သူမ လက်ခံနိုင်သည့်သောအရာဆိုသည်မှာ
ဆံပင်ဖြူသူ(အသက်ကြီးသူ)ကို ဆံပင်မည်းသူ(အသက်ငယ်သူ)က ပို့ဆောင်ခြင်းမျိုးကိုသာဖြစ်သည်။
သူမ မမြင်ချင်ဆုံးအရာမှာ သူမ၏ ကလေးများ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် မတော်တဆမှု ကြုံရခြင်းမျိုးဖြစ်ပေသည်။
ထိုသို့ဖြစ်ခဲ့လျှင် မိခင်တစ်ယောက်အနေနှင့် သူမဒနှလုံးသားကို ဓားဖြင့် လှီးဖြတ်ခံရသကဲ့သို့ နာကျင်ခံစားရမည်ဖြစ်သည်။
သို့သော် သူမ ဝမ်းနည်းပူပန်သည့် အမူအရာမျိုးဖြစ်နေတုန်းမှာပင် မျက်စိထောင့်မှတဆင့် သူမ၏ မြေးမလေး လင်းရန်ကို သတိထားမိလိုက်သည်။
သူမ(လင်းရန်)သည်လည်း စိုးရိမ်ပူပန်နေသည့် ပုံစံဖြင့် လက်ဖဝါးများကို ဆုပ်ကိုင်ထားပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် အတင်းကြိုးစားနေသည်ကို တွေ့မြင်လိုက်ရသည်။
သူမ၏ မြေးမလေးက ယခုကဲ့သိုကိစ္စမျိုး ကြုံတွေ့ရသည့်အချိန်တွင်
သူမထက်ပင် ပိုပြီး ဝမ်းနည်းကြောက်ရွံ့နေမည်မှာ အသေအချာပင်ဖြစ်ပေသည်။
သူမက သူမ၏မြေးမလေးထက် ပို၍ စိုးရိမ်နေသည့် အမူအရာမျိုး မလုပ်ရက်နိုင်ပေ။
“ရန်ရန်၊ အဆင်ပြေပါတယ်၊ မင်းအဖေက အမြဲတမ်း ကံကောင်းတတ်တယ်လေ၊
သူ့ ဘာမှ ဖြစ်မှာမဟုတ်ပါဘူး၊ တောင်ပေါ်က တစ်နေရာရာမှာ လမ်းပျောက်သွားတာပဲ ဖြစ်မှာပါ၊ ပြန်တွေ့လောက်မှာပါ”
အဘွားလင်းက အတတ်နိုင်ဆုံး ကြိုးစားပြုံးပြီး လင်းရန်ကို နှစ်သိမ့်လိုက်လေသည်။
လင်းရန်လည်း အဘွားလင်းမှ သူမကိုယ်တိုင်စိတ်ပူပန်နေသော်လည်း သူအတွက်အတွက်ကြိုစား၍ ဖြေသိမ့်နေရသည်ကို မသိဘဲမနေခဲ့ပါချေ။
သို့သော် သူမနှင့်အဘွားလင်းသည်ကား အတွေးတူကြပြီး ယခုအချိန်တွင် တစ်ယောက်ကိုတစ်ယောက် စိတ်မပူစေချင်ကြသည်ဖြစ်၍ သူမသည်လည်း ယုံချင်ယောင်ဆောင်လိုက်ရသည်။
“အင်း၊ အဖေ သေချာပေါက် အဆင်ပြေမှာပါ၊ သမီးတို့ အိမ်မှာပဲ သူ့ကို စောင့်နေရုံပဲ”
ဤကဲ့သို့ ပြောပြီး လင်းရန်က အဘွားလင်းကို အိမ်ကြီးထဲသို့ တွဲခေါ်သွားသည်။
“အဘွား၊ မနက်စာတောင် ၀ားလို့ မပြီးသေးဘူး၊ ပူနေတုန်းလေး စားလိုက်ဦးနော်”
“ကောင်းပြီ၊ အဘွားရဲ့မြေးလေးလည်းစားရမယ်”
အဘွားလင်းနှင့် မြေးမလေးက နှစ်ယောက်အတူတူ အိမ်ထဲသို့ တွဲကာ ၀င်သွားသော်လည်း ချွေးမနှစ်ယောက်နှင့် မြေးအချို့မှာမူ မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှုများ အပြည့်နှင့်ပင် ရှိနေခဲ့ကြပေသည်။
တပ်မဟာ၌..
တပ်မဟာ၏ခေါင်းဆောင်မှာ ထိုသတင်းကို မကြာသေးမီကမှ ရရှိခဲ့ခြင်းဖြစ်ပြီး အလွန်ထိတ်လန့်နေခဲ့သည်။
သို့သော် သူသည်ကား တပ်မဟာ၏ခေါင်းဆောင်ဖြစ်သည့်အလျောက် ဤကဲ့သို့ အရေးကြီးသည့် အချိန်၌ တည်တည်ငြိမ်ငြိမ် ရှိရမည်ဖြစ်သည်။
ထို့ကြောင့် အလျင်အမြန်ပင် သူ ရနိုင်သည့် လူအားလုံးကို ခေါ်လိုက်ကာ လင်းကျန်းအန်းကို ရှာရန် တောင်ပေါ်သို့တက်ကြသည်။
အလုပ်နှင့် တခြားအရာများကို ယခုအချိန်၌ မည်သူမှ ဂရုမစိုက်နိုင်ပေ။ လူ့အသက်ကသာလျှင် အရေးအကြီးဆုံးဖြစ်သည်။
ကံအားလျော်စွာဖြင့် အားလုံးက လက်ရှိအခြေအနေကို နားလည်ကြသည်။ အလုပ်မသွားရဟုဆိုကာ မည်သူကမှ မကျေမနပ် မပြောကြပါချေ။
ပညာတတ်လူငယ်အဖွဲ့ထဲမှ စိတ်အားထက်သန်သော
ရဲဘော်များပင် မတ်တပ်ထရပ်ကာ လင်းကျန်းအန်းကို ရှာဖွေရာ၌ ကူညီပေးမည်ဟု ပြောခဲ့ကြသည်။
ဤစိတ်အားထက်သန်သော ပညာတတ်လူငယ်အုပ်စုထဲ၌ ထင်ထာ့သည်အတိုင်း ချန်ကျားယန်လည်း ပါဝင်ပေသည်။
ဤရက်ပိုင်းအတွင်း၌ ချန်ကျားယန်သည်ကား လင်းရန်ကိုပင်မက လင်းမိသားစုဝင်များအတွင့်မှ တခြားသောသူများနှင့်ပင် ဆက်သွယ်ရန် အခွင့်အရေး မရခဲ့ပေ။
ချန်ကျားယန်တစ်ယောက် အလွန်အမင်း စိတ်ဆိုးကာ
သူ၏ အစီအစဉ် ပျက်တော့မည်ဟု ထင်နေဆဲ၌ ဤကဲ့သို့ ကောင်းမွန်သည့် အခွင့်အရေး ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ယမန်နေ့က လင်းကျန်းအန်းမှ အခြားသူများကို ဦးဆောင်ကာ တောင်ပေါ်သို့ တက်သွားသည့်အခါ၌
ချန်ကျားယန်၏ စိတ်ထဲ၌ တိတ်တခိုး တွေးနေမိခဲ့သည်။
အကယ်၍ လင်းကျန်းအန်းသာ တောင်ပေါ်၌ မတော်တဆ ဖြစ်ခဲ့ပြီး သူသာ ကယ်ဆယ်နိုင်ခဲ့မည်ဆိုလျှင် လင်းမိသားစုသာမက လင်းရန်ပင်လျှင် သူ့အား အသက်ကယ်ကျေးဇူးရှင်အဖြစ် သဘောထားလိမ့်မည် ဆိုသည်ကိုပင်။
ဤသို့ဆိုလျှင် လင်းရန်နှင့် သဘာ၀ကျကျ ဆက်သွယ်နိုင်ပြီ မဟုတ်ပါလား။
သူသည်ကား လင်းကျန်းအန်းတစ်ယောက် တောင်ပေါ်၌ မတော်တဆ ဖြစ်ရန်အတိက် စိတ်ရင်းနှင့် ကျိန်ဆဲနေခြင်း မဟုတ်ပါချေ။ သူ့အတွက် အခွင့်အရေးတစ်ခု ရချင်ရုံသက်သက်သာဖြစ်ပေသည်။
သို့သော် သူကိုယ်တိုင်လည်း သိနေခဲ့သည်။ လင်ကျန်းအန်းသည်ကား တောင်ပေါ်သို့ မကြာခဏ သွားလာနေသူတစ်ယောက်ဖြစ်သည့်အတွက် မည်သည့်မတော်တဆမှုမှ မဖြစ်သင့်ပေ။
မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် တောင်ပေါ်သို့ တစ်ကိုယ်တည်းသွားခြင်းလည်း မဟုတ်ပါချေ။
သူ၏နောက်၌ လူအများအပြားလည်း ပါရှိသေးသည်။
သို့သော် သူ မထင်မှတ်ထားသည်မှာ ယခုအကြိမ်၌ ဘုရားသခင်သည် သူ၏ ဆုတောင်းသံများကို အမှန်တကယ် ကြားနိုင်ခဲ့သည်ကိုပင်။
လင်းကျန်းအန်းမှ အမှန်တကယ်ပင် တောင်ပေါ်တွင် မတော်တဆ ဖြစ်ခဲ့သည်။
ထို့ကြောင့် ချန်ကျားယန်သည်လည်း သတင်းကြားသည်နှင့် ချက်ချင်းပင် တပ်မဟာ၏ခေါင်းဆောင်ဆီသို့ ရောက်လာပြီး လင်းကျန်းအန်းကို ရှာဖွေရာ၌ သူလည်း ပါဝင်ကူညီလိုကြောင်းပြောလိုက်သည်။
ပုံမှန်ဆိုလျှင် ကျေးလက်ဒေသရှိလူအုပ်ကြီးနှင့် ပညာတတ်လူငယ်စခန်းမှ ပညာတတ်လူငယ်အုပ်စု၏ ဆက်ဆံရေးသည်ကား နွေးထွေးမှု မရှိပေ။ နှစ်ဖက်လုံးက တပ်မဟာတစ်ခုတည်း၌ နေထိုင်ကြသော မသိကျွမ်းကြသည့် သူများသက်သက်သာဖြစ်သည်။
သို့သော် မထင်မှတ်ဘဲ သူတို့၏ တပ်မဟာအဖွဲ့ဝင်တစ်ယောက် မတော်တဆ ဖြစ်သည့်အခါတွင် ပညာတတ်လူငယ်များ၊ အထူးသဖြင့် ချန်ကျားယန်ကဲ့သို့သော ပညာတတ်လူငယ်က တက်ကြွစွာပင် ကူညီရန် ထရပ်လာခဲ့ကြသည်။
ဤတစ်ခဏတာအတွင်း၌ လူတိုင်းက ချန်ကျားယန်ကို လေးစားမှုအပြည့်နှင့် ကြည့်နေကြသည်။
ချန်ကျားယန်က ထိုအကြည့်များကို အလွန်အမင်း ကျေနပ်နေသော်လည်း သူ၏မျက်နှာ၌ စိုးရိမ်ပူပန်သည့် အမူအရာများကို တပ်ဆင်ထားလျက်ရှိနေဆဲပင်ဖြစ်သည်။
“ တပ်မဟာ၏ခေါင်းဆောင် ၊ စကားများများပြောမနေနဲ့တော့၊ လူအုပ်စုတစ်စုကို အရင်ဆုံး တောင်ပေါ်တက်ခိုင်းရအောင်လေ”
“ကောင်းပြီ၊ ဒါဆို လောင်ဟေး၊ မင်းတို့ ချန်ကျစ်ချင်းတို့နဲ့အတူ အရင်တက်သွားကြ၊ ငါ နောက်မှ လူတွေ ထပ်ရှာနိုင်မလား ကြည့်ပြီးတော့ အသုတ်လိုက် တောင်ပေါ်တက်ကြမယ်။”
ဤစကားကိုကြားသည့်အချိန်တွင် လောင်ဟေးဆိုသူကလည်း အလျင်အမြန်ပင် ခေါင်းညိတ်လိုက်ပြီး တောင်အောက်၌ ရှိနေသော ကွန်မြူနတီအဖွဲ့ဝင်များနှင့် အမျိုးသား ပညာတတ်လူငယ်အချို့ကို ခေါ်ကာ အတူတကွ တောင်ပေါ်သို့ တက်သွားကြသည်။
လင်းကွမ်းချင်းနှင့် စုန့်ရှီးယန်တို့မှာ အိမ်မှ လာရသည်ဖြစ်၍ အနည်းငယ် နောက်ကျနေခဲ့သည်။
“ဦးလေး၊ လူတွေ ထပ်ရနိုင်သေးလား”
ပတ်ဝန်းကျင်၌ လူအနည်းငယ်သာ ရှိသည်ကို မြင်၍ လင်းကွမ်းချင်းက လူအများ အပြင် မထွက်လာကြသေးဟု ထင်မှတ်ကာ တပ်မဟာ၏ခေါင်းဆောင်ကို နောက်ထပ်လူအနည်းငယ်ခန့် ထပ်ခေါ်လို့ ရသေးလား ဟုမေးလိုက်သည်။
ထိုကြောင့် တပ်မဟာ၏ခေါင်းဆောင်က အလျင်အမြန် ရှင်းပြလာခဲ့သည်။
“လူအုပာ်စု တစ်စုကတောင်ပေါ်ကို တက်သွားနှင့်ပြီးပြီ၊ ငါ နောက်မှ လူတချို့ကို မင်းတို့နဲ့အတူ လွှတ်လိုက်မလို့စောင့်နေတာ၊ တောင်ပေါ်က အခြေအနေက မရှင်းဘူး၊ မင်းတို့ ဒီလအတိုင်း ထွက်သွားလို့ မရဘူး၊ လူနည်းနည်းလောက် ထပ်စောင့်ရမယ်၊ ကြားလား!”
လင်းကွမ်းချင်းမှာ လူများကို အချိန်အတော်ကြာအောင် ထပ်စောင့်ရတော့မည်ဟု ထင်နေဆဲမှာပင် ကံအားလျော်စွာဖြင့် မကြာခင်၌ တခြားသူများလည်း သတင်းကြားသောကြောင့် အလန့်တကြား ရောက်လာကြသည်။
ထို့ကြောင့် လူအုပ်စု နောက်တစ်စုကို စုစည်းကာ တောင်ပေါ်သို့ အမြမ်ဆုံး တက်သွားခဲ့ကြသည်။
သို့သော် အရေးပေါ်အခြေအနေ ဖြစ်၍ လင်းကွမ်းချင်းအနေဖြင့် ပထမဆုံး တောင်ပေါ်သို့တက်သွား
သည့် သူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်း မေးမြန်းရန် အချိန်မရခဲ့ပေ။
ချွမ်းဖန်းတပ်မဟာဘက်မှ တောတောင်များသည်ကား ထူထပ်ပြီး ခေါင်းပေါ်မှ နေရောင်ခြည်ကို မြင့်မားသည့် သစ်ပင်ကြီးများက ဖုံးအုပ်ထားသည်။
သစ်တော့၏အထဲသို့လျှောက်သွားသည်နှင့် အပူချိန်က အနည်းငယ် ကျသွားသည်ကို သိသိသာသာ ခံစားရသည်။
အဖွဲ့ဝင်များအားလုံးသည် တောတောင်အောက်ခြေ၌ နေထိုင်ကြသော်လည်း တောနက်ထဲသို့မူ မရောက်ဖူးကြပေ။
ထို့ကြောင့် အတွင်းပိုင်းသို့ ပို၍ဝင်လေလေ၊ လေထုက ပို၍ မှောင်မိုက်လာလေလေ ဖြစ်ပြီး လူအချို့က မသိစိတ်မှ ကြောက်ရွံ့လာကြသည်။
ကံအားလျော်စွာ သူတို့နှင့်အတူ တောင်ပေါ်တက်သည့်သူက များစွာရှိနေ၍သာပင်။ သို့မဟုတ်ပါက တစ်ကိုယ်တည်း သွားရဲမည် မဟုတ်ပေ။
တောထဲ၌ သွားနေကြသော လင်းကွမ်းချင်း နှင့်
စုန့်ရှီးယန်တို့ကိုကြည့်ရင်း ကျန်သည့်လူများက လေးစားအားကျနေကြသည်။
သူတို့နှစ်ယောက်သည်ကား မည်မျှပင် ဆူးခက်ခြုံနွယ်များ၊
အန္တရာယ်များ ရှိလင့်ကစား ရှေ့ကိုသာ ဆက်ပြီး တည်တည်ငြိမ်ငြိမ်နှင့် သွားနေခဲ့ကြသည်။
“ခေါင်းဆောင်၊ ဒီခြေရာတွေက ဒီဘက်ကိုသွားနေတယ်”
လင်းကွမ်းချင်းက မြက်ခင်းပေါ်မှ ခြေရာများကို ကြည့်ပြီး ပြောလိုက်သည်။
လင်းကွမ်းချင်းက ခြေရာများအတိုင်း ဆက်သွားရန် လုပ်နေစဉ် စုန့်ရှီးယန်က မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် သူ့ကိုတားဆီးလိုက်လေသည်။
“ဒီဘက်ကိုမသွားနဲ့၊ တခြားဘက်ကိုသွားမယ်”
“ဟမ်?”
လင်းကွမ်းချင်းက မည်သည့်အတွက်ကြောင့် အခြားဘက်သို့ သွားခိုင်းသည်ဆိုသည်ကို နားမလည်ဘဲ ကြောင်အသွားခဲ့ရသည်။
စုန့်ရှီးယန်က ရှင်းပြလာခဲ့သည်။
“ဒီမြက်ပေါ်က ခြေရာတွေက အသစ်တွေပဲ၊ ဒါတွေက ခုနကမှ တောင်ပေါ်တက်သွားတဲ့ အဖွဲ့က ချန်ခဲ့တာဖြစ်ရမယ်၊ သူတို့တွေ ဒီဘက်ကိုသွားတာဆိုရင် ငါတို့ တခြားဘက်ကိုသွားရမယ်”
စုန့်ရှီးယန်၏ စကားကြောင့် လင်းကွမ်းချင်းက မြက်ခင်းပေါ်မှ ခြေရာများကို သေသေချာချာကြည့်လိုက်သည်။
ထိုအချိန်မှသာ သူသည်လည်း သဲလွန်စများကို သတိထားမိသွားသည်။ တစ်ဖက်ရှိခြေရာသည်ကား လွန်ခဲ့သည့်တစ်ရက်က နင်းထားခြင်းဖြစ်ပြီး၊ နောက်တစ်ဖက်သည်ကား ယနေ့မှသာ နင်းထားခြင်းဖြစ်ပေသည်။
မြက်ခင်းပေါ်၌လည်း ဆီးနှင်းများ တစ်စက်မှမရှိပေ။ ထို့ကြောင့်သူတို့၏ ရှေ့ဖြတ်သွားသည့်သူများသည် ယမန်နေ့က မဖြစ်နိုင်ပေ။ ယနေ့မနက်မှသာ ဖြတ်သွားခြင်းဖြစ်ရမည်။
သို့မဟုတ်ပါက မြက်ခင်းပေါ်မှ ဆီးနှင်းများက ယခုကဲ့သို့ စောစီးစွာ ခြောက်နေမည်မဟုတ်ပေ။
အထက်ပါစကားကို ကြားတော့မှသာ လင်းကွမ်းချင်းလည်း ချက်ချင်းနားလည်သွားသည်။
မှန်ပေသည်။သူတို့ထက်အရင် တောင်ပေါ်သို့ တက်သွားသည့် အဖွဲ့ နှစ်ဖွဲ့ရှိသည်။ သူ၏ဦးလေးအဖွဲ့အပြင် မကြာမီကမှ သူတို့ရှေ့၌ တက်သွားသည့် အဖွဲ့လည်း ရှိသေးသည်။
လင်းကွမ်းချင်း သူ့၏ ခေါင်းကို ညိုက်လိုက်မိသည်။ ယခုအချိန်၌ သူ အလွန်အမင်း စိတ်ပူပန်နေ၍ ဤကဲ့သို့သောအသေးစိတ်အချက်အလက်များကိုပင် သတိမထားမိခဲ့ပေ။
ထိုအကြောင်းကို တွေးမိသည့်အခါ စုန့်ရှီးယန်ကို သူ ပို၍လေးစားသွားသည်။
သို့သော် ဤအချိန်သည်ကား လူရှာသည်က ပို၍အရေးကြီးသည်ဖြစ်၍ လင်းကွမ်းချင်းက ချက်ချင်းပင် အကြည့်ကိုလွှဲလိုက်ပြီး စုန့်ရှီးယန်ကို လမ်းပြစေကာ ညာဘက်သို့ ကွေ့ပြီး လူအုပ်စုလိုက် လိုက်သွားကြသည်။
**