← Chapters

အခန်း (၁၀၂)

Vol. 11 Ch. 102

အခန်း (၁၀၂)

Vol. 11 Ch. 102

ထိုအချိန်၌ ချန်ကျားယန်၏ အဖွဲ့မှာ  စုန့်ရှီးယန် ခန့်မှန်းထားသည့်အတိုင်းပင် ဘယ်ဘက်လမ်းကိုယူကာ သွားနေခဲ့ကြသည်။

ထိုအဖွဲ့ထဲ၌ တောင်တက်အတွေ့အကြုံများသည့် သက်လတ်ပိုင်းလူများလည်း ပါသလို၊ တောင်ပေါ်ကို တစ်ခါမှမရောက်ဖူးသည့် လူငယ်များလည်း ပါ၀င်သည်။

ချန်ကျားယန်ကဲ့သို့သော တောင်ပေါ်ပင် မရောက်ဖူးသည့် မြို့သားများလည်း ပါဝင်ပေသည်။

ထို့ကြောင့် ထိုအဖွဲ့၏ ခရီးသွားနှုန်းသည်ကား အစပိုင်း၌ အရှိန်အပြည့်နှင့် စတင်ခဲ့သော်ငြားလည်း  မကြာမီမှာပင် နှေးကွေးသွားခဲ့သည်။

အဖွဲ့ကိုဦးဆောင်သည့်  ဦးလေးကြီးက နောက်မှာကျန်နေခဲ့သော ပညာတတ်လူငယ်တချို့ကို ကြည့်ပြီး မျက်နှာ အနည်းငယ်ပျက်နေလေပြီ။

သို့သော် သူတို့သည်ကား စေတနာနှင့် လာရောက်ကူညီကြသည်ဖြစ်၍ မသွားနိုင်လျှင် ဤနေရာ၌သာရပ်ကျန်နေပါတော့ ဟုပြောချင်သော်လည်း ပြောမထွက်နိုင်ခဲ့ပေ။

သူ ပြောမထွက်သော်လည်း အဖွဲ့ထဲမှ လူငယ်များကမူ အကြောက်အလန့်မရှိ ပြောလာကြသည်။

“ဒီပညာတတ်လူငယ်တွေကတေား ၊ နည်းနည်းလောက် မြန်မြန်လျှောက်ကြပါလား၊ မင်းတို့ရဲ့အရှိန်နဲ့ဆိုရင် တစ်ရက်လုံးဆိုရင်‌တောင်မှ တောင်ရဲ့တစ်ဝက်တောင် ရောက်ဦးမှာမဟုတ်ဘူး၊ မင်းတို့က လာကူညီတာလား၊ ဒုက္ခလာပေးတာလား၊ တကယ်ပါပဲကွာ”

လူငယ်တစ်ယောက်က မနေနိုင်ဘဲ တီးတိုးပြောလိုက်သည့်အခါ ပညာတတ်လူငယ်များ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားသည်။

သူတို့သည်ကား ယောကျ်ားသားများ ဖြစ်သည့်အလျောက် ကျေးလက်၌ အချိန်ကြာမြင့်စွာ အလုပ်လုပ်ခဲ့သည်လည်းဖြစ်၍ တောင်တက်သည်မှာ လယ်ယာလုပ်သည်ထက် ပို၍ပင်ပန်းမည်မဟုတ်ဟု ထင်ထားခဲ့ကြသည်။

စင်စစ်တွင် တောင်တက်သည်က သူတို့ထင်ထားသည်ထက် များစွာ  ပို၍ပင်ပန်းသည်ကို မည်သူမျှ မသိနိုင်ခဲ့ပေ။

ဟုတ်လည်း ဟုတ်ပေသည်။

သူတို့ ဆက်၍မသွားနိုင်တော့ခြင်း မဟုတ်သော်ငြားလည်း ယခင်အစောပိုင်းကကဲ့သို့ လျင်လျင်မြန်မြန်မသွားနိုင်တော့သည်မှာ အမှန်ပင်။

ကျန်ရှိနေသည့် ပညာတတ်လူငယ်များကမူ အသက်ရှူအနည်းငယ် မမှန်ရုံမှအပ  သန်မာကြပြီး ခံနိုင်ရည်ရှိကြသည်။

သို့သော် ချန်ကျားယန်၏  ခန္ဓာကိုယ်မှာမူ အလွန်အမင်းသန်မာသည် မဟုတ်ဘဲ “ပိန်ပိန်ပါးပါး ပညာတတ်လူငယ်” ဟုပင်  ပြော၍ရသည်။

ထို့ကြောင့် ဤအချိန်တွင်  သူသည်သာ အဖွဲ့ထဲ၌ အနှေးဆုံးလူဟုပင် ပြောနိုင်သည်။

သို့သော် သူ့‌ကြောင့်

အနှောင့်အယှက် မဖြစ်စေရန်အတွက် လင်းကျန်းအန်းကို အမြန်ဆုံးရှာတွေ့နိုင်ရန်သာ အံတင်းတင်းကြိတ်ကာ  သည်းခံနေခဲ့သည်။

“အားလုံးကို တောင်းပန်ပါတယ်၊ ကျွန်တော်ကပဲ အားလုံးကို နှောင့်နှေးစေခဲ့တာပါ၊ ဒါပေမဲ့ ကျွန်တော်က တောင်ပေါ်က မြေမျက်နှာပြင်နဲ့ မရင်းနှီးလို့ အားနည်းနည်းကုန်သွားတာလဲ ပါပါတယ်၊ အခုတော့ တော်တော်လေး ကျင့်သားရနေပါပြီ၊ ခဏနေကျရင် အရှိန်ပိုမြန်လာတော့မှာပါ”

အစတွင် ထိုလူငယ်က တစ်ခုခု ဆက်ပြောချင်ခဲ့‌သော်လည်း ချန်ကျားယန် မှ ယခုကဲ့သို့ကောင်းကောင်းမွန်မွန်ပြောပြီး တောင်းပန်သည်ကို တွေ့သောအခါ မည်မျှပင် မကျေနပ်မှုရှိစေကာမူ မည်သို့မျှ ပြောစရာမရှိတော့ပေ။

“ကောင်းပါပြီ၊ မင်းရဲ့ စေတနာကို နားလည်ပါတယ်၊ ပြီးတော့ ဦးလေးတို့ရဲ့ တောင်ပေါ်လမ်းကလည်း တကယ်ပဲ ခက်ခဲပါတယ်၊ ဒါကြောင့် အခု စကားမပြောဘဲ ဆက်ရှာကြရအောင်”

နောက်မှ အဖွဲ့နှစ်ဖွဲ့က ထိုကဲ့သို့ ဖြစ်နေသည်ကို တွေ့လျှင် အဖွဲ့ကိုဦးဆောင်သည့် ဦးလေးကြီးက ကြားထဲမှ ဝင်ေရာင် ဖျန်ဖြေပေးလိုက်ရတော့သည်။

နောက်ဆုံးမှာတော့ အဖွဲ့က ဆက်၍ အရှေ့ကိုသာ ဆက်သွားခဲ့ကြသည်။

သို့သော် မကြာခင်မှာပင် နောက်ထပ်မတော်တဆမှုတစ်ခု ထပ်ဖြစ်လိမ့်မည်ဟု  မည်သူခဲ့မှ မထင်ထားခဲ့ပေ။

သူတို့က အရှေ့သို့ ဆက်လက်လျှောက်သွားရင်းဖြင့် လင်းကျန်းအန်း၏ နာမည်ကို အော်ခေါ်ကာ ရှာဖွေနေခဲ့ကြသည်။

သို့သော် လင်းကျန်းအန်း၏ ပြန်ထူးသံကိုမကြားရ‌သေးခင်မှာပင် အနောက်မှ အော်ဟစ်အကူအညီတောင်းသံတစ်ခုနှင့်အတူတစ်ခုခုပြုတ်ကျသွားသည့်အသံကို ကြားလိုက်ရလေသည်။

အဆုံးရှေ့မှ သွားနေသည့် ဦးဆောင်သူ ဦးလေးကြီးနှင့် ဒေသခံလူငယ်တချို့က ချက်ချင်းလှည့်ကြည့်လိုက်ကြသည့်အချိန်တွင်  သူတို့ဒနောက်မှ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးများပင် ပြူးကျယ်သွားခဲ့ကြသည်။

“ချန်ကျားယန်!”

“ချန်ကျားယန်!”

နောက်ဆုံးမှ လျှောက်လာသော ချန်ကျားယန်သည်ကား ရုတ်တရက် ချော်လဲသွားခဲ့ပြီး ဘေးတစ်ဖက်မှ တောင်စောင်းအတိုင်း လိမ့်ဆင်းသွားခဲ့သည်။

ထိုအချိန်သည်ကား မနက်စောစောသာရှိသေးပြီး တောထဲ၌ နေရောင်ခြည်မကျရောက်နိုင်သေးသည့်အတွက် လမ်းဘေးရှိမြက်များပေါ်တွင် ဆီးနှင်းများစွာကျနေပြီး လမ်းများက ပုံမှန်ထက် ပို၍ပင် ချောနေခဲ့သည်။

ချန်ကျားယန်မှာ လဲကျပြီးတွင် မြက်ခင်းအတိုင်း အောက်သို့ လိမ့်ဆင်းသွားခဲ့သည်။ ဤသည်ကို

တပ်မဟာအဖွဲ့ထဲမှလူများ မြင်သည့်အခါ တခြားမည်သည့်အရာကိုမှဂရုမစိုက်နိုင်ကြတော့ဘဲ ချန်ကျားယန် လိမ့်ကျသွားသည့် နေရာကို အပြေးအလွှားလိုက်သွားကြရလေသည်။

သူတို့ အနောက်မှ လိုက်သွားရင်းဖြင့် အဖွဲ့သားများ စိုးရိမ်တကြီးတွေးနေကြသည်မှာ  ယနေ့ လင်းကျန်းအန်း ကို မတွေ့သေးအပြင် ယခု ချန်ကျားယန်သည်လည်း ဒုက္ခရောက်လေ

ပြန်ပြီ။

ဤကဲ့သို့ ကိစ္စအများကြီးပေါ်လာသောအချိန်တွင် သူတို့သည်ကား အမှန်တကယ်ပင် ခေါင်းကြီးသွားကြရလေပြီ။

ချန်ကျားယန်တစ်ယောက် သူလဲကျသည့် အချိန်တွင် လုံးလုံးလျား ရှုပ်ထွေးသွားခဲ့သည်။

ချန်ကျားယန်မှာ အရပ်အနားမရှိဆက်တိုက်လိမ့်ကျနေသည့်အတွက်  သူ့၏  ယခုလိုပုံစံအား လူအများမြင်တွေ့သွားလျှင် မည်မျှရှက်စရာကောင်းလိမ့်မည်ဆိုသည်ကိုပင် မတွေးနိုင်တော့ပေ။

သူတွေးနေသည်မှာ သူ ဤအချိန်၌သေတော့မည်လား ဟူ၍ပင်။

ကံအားလျော်စွာ အကြိမ်အတော်များများ လိမ့်ကျပြီးသည့်နောက် သူ၏ခါးက သစ်ပင်တစ်ပင်ကို တိုက်မိသွားပြီး၊ ပွတ်တိုက်အားကြောင့် သူလိမ့်ကျသည့်အရှိန်သည်လည်း နှေးသွားခဲ့သည်။

ချန်ကျားယန် လည်း ချက်ချင်းပင် သစ်ပင်ကို ဖမ်းဆွဲလိုက်ပြီး အောက်ကိုလိမ့်ဆင်းနေသည့် အရှိန်ကို ရပ်တန့်လိုက်လေသည်။

လိမ့်ကျသည်မှာ

ရပ်သွားသော်လည်း သူ၏ကိုယ်ပေါ်မှ ပူလောင်သည့် နာကျင်မှုများက တစ်ကိုယ်လုံးဆီသို့ ပျံ့နှံ့လာခဲ့လေသည်။

ချန်ကျားယန်တစ်ယောက်  ဒေါသထွက်ကာ  စိတ်ထဲ‌၌ ကျိန်ဆဲလိုက်မိသည်။

သူသည်ကား ဤအခွင့်အရေးကို အရယူပြီး လင်းမိသားစုအပေါ် စိုးရိမ်ကြောင်း ပြသချင်ရုံသက်သက်သာဖြစ်သည်။

တကယ်တမ်းဆိုလျှင် သူသည်ကား

ယခုလို မိုက်မဲသည့်အလုပ်များကို လုံးဝလုပ်ချင်သူ မဟုတ်ပေ။

သို့သော် ယခုအချိန်မှဆိုလျှင် နောင်တရသည်ဆိုလျှင်ပင်

နောက်ကျသွားချေပြီ။

ချန်ကျားယန်တစ်ယောက် ထိုကဲ့သို့

နောင်တရနေစဥ်မှာပင်  ဦးဆောင်သူ ဦးလေးကြီးနှင့်အဖွဲ့သားများ  ရောက်လာခဲ့ကြသည်။

“ဘုရားရေ ဒီသစ်ပင်ကြီးကို ကျေးဇူးတင်ရမှာပဲ”

အဖွဲ့ကိုဦးဆောင်သည့် ဦးလေးကြီးက တစ်ခဏမျှ ထိတ်လန့်သွားခဲ့သည်။

ဤသစ်ပင်သည်သာ ချန်ကျားယန် ကို မတားဆီးခဲ့လျှင် မည်မျှအထိ ဆက်လိမ့်ဆင်းသွားမည် ဆိုသည်ကို မည်သူမှမသိနိုင်ပေ။

နောက်ဆုံး တောင်ကမ်းပါးအောက်ကို ရောက်သည်အထိ လိမ့်ကျသွားမည်မဟုတ်ဟု မည်သူကမှ အာမ,မခံနိုင်ပေ။

အဖွဲ့ကိုဦးဆောင်သည့် ဦးလေးကြီးက ချန်ကျားယန်၏ အနားသို့ လျှောက်သွားပြီး ဆွဲထူလိုက်ကာ စိုးရိမ်တကြီးနှင့် မေးလိုက်သည်။

“ချန်ကျားယန်၊ အခု ဘယ်လိုနေသေးလဲ  ၊ မင်း ဆက်လျှောက်နိုင်သေးရဲ့လား”

ဦးဆောင်လာသည့် ဦးလေးကြီးက ဆွဲထူလိုက်ချိမ်တွင် ချန်ကျားယန်တစ်ယောက်သည်ကား ထိုင်ပင် မထိုင်နိုင်လုနီးပါး ဖြစ်နေလေပြီ။

ချန်ကျားယန် အံ့ကြိတ်ကာ အောင့်အီးသည်းခံလိုက်ပြီး သစ်ပင်ကိုမှီကာ မရွံမရဲနှင့် ထိုင်ချလိုက်သည်။

သို့သော် သူ ထိုင်ပြီးသည့်နောက်တွင် စိတ်မကောင်းစွာ တွေ့လိုက်ရသည်မှာ သူ၏ခြေထောက်က ခေါက်သွားပုံရပြီး လုံးဝလျှောက်လို့မရတော့ပေ။

ဤအကြောင်းကို သူ၏ရှေ့မှအဖွဲ့အား လိပ်ပြာမလုံစွာ ပြောပြလိုက်သည်တွင် သူ့ရှေ့မှ အဖွဲ့သားများက အလွန် မျက်နှာပျက်သွားခဲ့ကြသည်။

ချန်ကျားယန်သည်ကား  လင်းကျန်းအန်းကို ရှာမတွေ့ခင်မှာပင် သူမတော်တဆ ဖြစ်သွားခဲ့သည့်အတွက် ခေါင်းငုံ့ကာ ထပ်မံတောင်းပန်လိုက်သည်။

“အားလုံးကို တောင်းပန်ပါတယ်၊ ကျွန်တော့်ရဲ့ကံက ဒီလောက်ထိဆိုးနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး...”

“ဒါ ကံကြောင့်ဖြစ်ခဲ့ရတာမှ မဟုတ်တာ  မင်းရဲ့မျက်လုံးက ကောင်းကောင်း အလုပာမလုပ်ရုဲသက်သက်ပဲ၊

တောင်ပေါ်လမ်းတွေက ခက်ခဲမှန်းသိရက်နဲ့ မင်းမှ ဂရုမစိုက်ခဲ့ဘူး ၊ ပြီးတော့ အရှေ့မှာ ငါတို့လူအများကြီးသွားနေခဲ့တာ  ဘယ်လို မတော်တဆမှုမှ မဖြစ်ခဲ့ဘူး၊

မင်းအလှည့်ကိုရောက်မှ  ခြေချော်ကျသွားတယ်၊ ချန်ကျားယန်၊ မင်းက လူရှာဖို့အတွက် လိုက်လာတာရော ဟုတ်ရဲ့လား”

ဤသည်မှာ  သူတို့လူပျောက် ရှာနေသည်ကို ပို၍ခက်ခဲအောင်လုပ်လိုက်သကဲ့သို့သာ ဖြစ်နေသည်။

ချန်ကျားယန်တွင် ကူညီလိုသည့် ရည်ရွယ်ချက်ရှိသည်မှာ  ကောင်းသော်ငြားလည်း သူ လာမကူညီမီ သူတို့၏ အရှိန်ကို မှီအောင် လိုက်နိုင်မည်လား၊ တောင်ပေါ်တွင် ဖြစ်လာနိုင်သည့် အခြေအနေအမျိုးမျိုးကို ရင်ဆိုင်နိုင်မည်လားဆိုသည်ကို သေချာစဉ်းစားသင့်ခဲ့ကြသည်။

သို့မဟုတ်ပါက ချန်ကျားယန်အနေဖြင့် တောင်အောက်မှာပင် နေခြင်းက ပိုကောင်းပေလိမ့်မည်။

အနည်းဆုံးတော့  သူတို့ကို နှောင့်နှေးစေမည်မဟုတ်တော့ပေ။

ဤတစ်ကြိမ်တွင်တော့ ဦးဆောင်သူ ဦးလေးကြီးသည်လည်း မည်သည့်စကားကိုမှဝင်မပြောတော့ပဲ  ထိုလူငယ်အား ဆက်ပြီးပြောဆိုခွင့်ပေးထားခဲ့လေသည်။

ချန်ကျားယန် ခေါင်းငုံ့ပြီး သူ့မျက်လုံးထဲမှ နက်ရှိုင်းသည့် ရှက်ရွံ့မှုနှင့် ဒေါသတွေကို ဖုံးကွယ်ထားလိုက်သည်။

သူ၏ဘဝတွင် ဤကဲ့သို့ လူအများကြီးရှေ့၌ ပညာမတတ်၊ အသိပညာမရှိသည့် ကျေးလက်ကောင်လေးတစ်ယောက်၏  ဆုံးမမှုကို ခံရသည်မှာ ပထမဆုံးအကြိမ်ပင်။

သူ့စိတ်ထဲ၌ ပြောနေမိခဲ့သည်။

‘မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ၊ ပညာနည်စနည်းလောက်တောင်မတတ်၊ စာတစ်လုံးတောင် မဖတ်တတ်တဲ့ကောင်က   ဒီလိုပြောဖို့ ဘာတွေများ အရည်အချင်းရှိနေလို့လဲ”

ချန်ကျားယန်တစ်ယောက် ခေါင်းငုံ့ကာ ရှက်နေပုံရသည်ကို

တွေ့လိုက်ရလျှင် ခေါင်းဆောင်က လက်ဝှေ့ယမ်းပြလိုက်သည်။

သူ့အနေနှင့် ဤနေရာတွင် ထပာမံ၍အချိန်မဖြုန်းလိုတော့ပေ။

“ကောင်းပြီ၊ ဒါဆို ဒီလိုလုပ်ရအောင်၊ ချန်ကျားယန်၊ ဒီနေရာက တောင်အောက်ခြေနဲ့  သိပ်ပြီး မဝေးပါဘူး၊ ငါတို့က ကျန်းအန်းကို ဆက်ရှာရဦးမယ်၊

ဒါကြောင့်မို့ မင်းဒီမှာပဲ ထိုင်ပြီးစောင့်နေလိုက်ပါ၊ ငါတို့ ကျန်းအန်းကိုတွေ့ပြီး ပြန်လာတဲ့အချိန်ကျရင် မင်းကိုပါ ခေါ်ပြီး ဆင်းသွားမယ်”

အဖွဲ့ကိုဦးဆောင်သည့် ဦးလေးကြီး၏ အဆိုအရ တောင်အောက်ခြေနှင့် ဤနေရာက မဝေးလှပေ။ လမ်းတစ်လျှောက်လုံး၌လည်း သားရဲကြီးများနှင့် အခြားအရာများမတွေ့ခဲ့ရသည့်အတွက်  လုံခြုံသည်။

ယခု ချန်ကျားယန်၏ ခြေထောက်က လုံးဝဆက်လျှောက်လို့မရတော့ပေ။ သူသာ ဆက်လျှောက်မည်ဆိုပါလျှင် ဒဏ်ရာကပိုဆိုးသွားပေလိမ့်မည်။

ထို့ကြောင့် သူ့ကို ဤ‌နေရာမှာပင် နေပြီး စောင့်ခိုင်းခြင်းသည် အကောင်းဆုံးနည်းလမ်းသာ ဖြစ်သည်။

ချန်ကျားယန် အနေဖြင့် ဦးဆောင်သူ ဦးလေးကြီး၏ ဆုံးဖြတ်ချက်ကို အနည်းငယ်မကျေမနပ်ဖြစ်သော်လည်း မည်သည့်စကားကိုမှ မပြောနိုင်တော့ပေ။

သူ့အနေဖြင့် ဤ‌နေရာ၌ တစ်ယောက်တည်းနေရသည်မှာ  ကြောက်စရာကောင်းသည်ဖြစ်၍  မနေလိုဟုလည်း ပြော၍ မရပေ။

ပြန်တွေးကြည့်လျှင် သူတို့တက်လာကတည်းက  မည်သည့်အန္တရာယ်မှ မတွေ့ခဲ့ရသည်ဖြစ်၍ ဤတွင် နေပြီး သူတို့ပြန်ဆင်းလာသည်ကို စောင့်နေခြင်းသည် လုံခြုံသည်မဟုတ်ပါလား။

ထို့ကြောင့် ချန်ကျားယန်လည်း မလိုလားမှုတိာ့ကို စိတ်ထဲတွင်သိမ်းဆည်းထားကာ သဘောတူလိုက်သည်။

“ကောင်းပြီ၊ ဒါဆို အန္တရာယ်ကင်းအောင် ဂရုစိုက်ကြပါ၊ ကျွန်တော် ဒီမှာပဲ စောင့်နေပါမယ်”

*

All Chapters