← Chapters

အခန်း (၁၀၃)

Vol. 11 Ch. 103

အခန်း (၁၀၃)

Vol. 11 Ch. 103

အဖွဲ့ကိုဦးဆောင်သူ ဦးလေးကြီးက ချန်ကျားယန်ကို ထားခဲ့သည့်နေရာအား မှတ်သားထားပြီး ကျန်ရှိနေသည့် အဖွဲ့နှင့်အတူ အရှေ့သို့ဆက်လက်လျှောက်သွားခဲ့ကြသည်။

လူအုပ်စုက ထွက်သွားသည်ကိုမြင်သည့်အချိန်တွင် ချန်ကျားယန်လည်း သူတစ်ယောက်သာ ရှိတော့သည်ဖြစ်၍ မျက်နှာအမူအရာလည်း တင်းမာမနေတော့ပေ။

သူကဒေါသထွက်နေခဲ့ကာ နောင်တရသည့်မျက်နှာနှင့် သူ့၏ခြေထောက်များကို ငုံ့ကြည့်လိုက်မိသည်။

ယနေ့ သူ့၏အစီအစဉ်ကမှားယွင်းသွားခဲ့ပြီလား?

လင်းမိသားစု၏ ကျေးဇူးရှင်ဖြစ်ဖို့ရန်အတွက် တောင်ပေါ်ကို သူ့ကိုယ်သူ အတင်းအကျပ် တွန်းအားပေး၍

မတက်ခဲ့သင့်သည်လား။

အဆုံး၌ လင်းကျန်းအန်း ကိုမတွေ့ခင်မှာပင် ယခုလိုဖြစ်သွားခဲ့သည်။

သူ အဖြစ်က”ဆန်ကိုလည်းဆုံးပါးသွားကာ၊ ကြက်ကိုလည်းမဖမ်းဆီးနိုင်” ဆိုသည့် စကားပုံကဲ့သို့ပင် ဖြစ်နေခဲ့ပေသည်။

သို့သော် ချန်ကျားယန် မမျှော်လင့်ထားသည်မှာ ဘုရားသခင်က သူ့ကို သနားကြင်နာခြင်းများ ရှိလာလိမ့်လိမ့်မည်ကိုပင် ဖြစ်သည်။

လူများအားလုံးပြန်လာမည့်အချိန်ကို သူသတိထားပြီး စောင့်နေ

စဥ်မှာပင် မလှမ်းမကမ်း၌ လူတစ်ယောက်နင်းသွားသည့် ခြေရာတစ်ခုကို ရုတ်တရက်တွေ့လိုက်ရသည်။

လင်းကျန်းအန်း ကိုရှာနေသည့်အဖွဲ့အပြင် တောင်ပေါ်တက်သွားသည့်သူများမှာ လင်းကျန်းအန်းနှင့် သူ့အဖွဲ့သာ ရှိပုံရသည်။

သို့သော် မတိုင်ခင်က သူတို့အဖွဲ့သည်ကား အပေါ်ဘက်တွင်သာ လျှောက်နေခဲ့ကြခြင်းဖြစ်ပြီး ချန်ကျားယန် လိမ့်ကျသည့် အပိုင်းမှ စကာ အောက်ကို လုံး၀မဆင်းခဲ့ကြပေ။

ဤသို့ဆိုလျှင် ပတ်ဝန်းကျင်၌ ခြေရာများရှိသည်ဆိုပါက လင်းကျန်းအန်း နှင့် အခြားသူများ ချန်ခဲ့သည်သာဖြစ်ရမည်။

ထိုအကြောင်းတွေးမိသည့်အခါတွင် ချန်ကျားယန်၏ မျက်လုံးများ၌ စိတ်လှုပ်ရှားမှုများ ပြည့်လာခဲ့လာသည်။

သူ့စိတ်ထဲ၌ အလွန်ပျော်ရွှင်မြူးကြွလာရသောကြောင့် ချန်ကျားယန် လက်နှစ်ဖက်နှင့် သစ်ပင်ပင်စည်ကိုထောက်ပြီး အံ့ကြိတ်ကာ မတ်တပ်ရပ်လိုက်သည်။

ထို့နောက် ဖြည်းဖြည်းချင်း ခြေရာများရှိသည့်နေရာကို ချဉ်းကပ်သွားသည်။

သူ ခြေရာကိုတွေ့သည့်နေရာမှာ သူခုနက မှီထား‌သောသစ်ပင်နှင့် သိပ်မဝေး‌ပေ။ သို့သော် သူ‌၏ နေရာထောင့်က အနည်းငယ် နိမ့်နေသည့်အတွက် အဖွဲ့ထဲက မည်သူကမှ မမြင်နိုင်ပေ။

ချန်ကျားယန်က သူ့ပတ်ဝန်းကျင်၌ တောရိုင်းတိရစ္ဆာန်များပေါ်လာမည်ကို စိုးရိမ်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

မျှော်လင့်မထားဘဲ သူကြည့်လိုက်သည့်အချိန်တွင် သဲလွန်စတစ်ခုကို တွေ့ရှိသွားခဲ့လေသည်။

သူ ထိုနေရာကို ရောက်ပြီး သိပ်မကြာခင်မှာပင် ခြေရာများကို ထပ်တွေ့လိုက်ရပြန်သည်။

ထိုသို့တွေ့သော် သူသည်လည်း သဲလွန်စများကို မျက်ခြည်မပြတ်စေဘဲ ခြေရာများအတိုင်း ရှေ့ဆက်သွားခဲ့သည်။ အတော်အသင့်သွားပြီးသည့်နောက် သူ့အတွက် အလွန်ကောင်းမွန်စေမည့် အခြေအနေတစ်ခုကို မမျှော်လင့်ထားဘဲ သူအမှန်တကယ်တွေ့ရှိလိုက်ရသည်။

အရှေ့မှ တောင်ကြားငယ်လေးတစ်ခုထဲ၌ လင်းကျန်းအန်းသည်ကား မျက်လုံးမှိတ်လျက် မြေပြင်ပေါ်တွင် လဲနေခဲ့သည်။

လင်းကျန်းအန်းကို မြင်လိုက်သည့်အခိုက်အတန့်တွင် ချန်ကျားယန် မျက်လုံးထဲ၌ အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့သည်။

တခြားလူများ မည်သို့ပင်ရှာရှာ မတွေ့နိုင်သည့်သူကို သူ တွေ့လိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။

လင်းကျန်းအန်းသည်ကား သူ့ရှေ့၌ပင် ရှိနေသည်ဖြစ်၍ ဤအခွင့်အရေးကို သူ လက်လွှတ်ခံတော့မည်မဟုတ်‌ပေ။

ထို့ကြောင့် သူ၏ခြေထောက်က နာကျင်နေခဲ့သော်လည်း လင်းကျန်းအန်း လဲကျနေသည့် တောင်ကြားငယ်လေးဆီသို့ အလျင်အမြန် သွားခဲ့သည်။

“ဦးလေး ကျန်းအန်း၊ ဦးလေး ကျန်းအန်း?”

ချန်ကျားယန် ခေါင်းငုံ့ကာ လင်းကျန်းအန်း နာမည်ကို ဆက်တိုက်ခေါ်နေခဲ့သည်။

သို့‌သော် လင်းကျန်းအန်းထံမှ မည်သည့်တုံ့ပြန်မှုမှ မရှိပေ။

လင်းကျန်းအန်းမျက်နှာသည်ကား ပို၍ဖျော့တော့နေပြီး သူ၏ နှုတ်ခမ်းများလည်း သွေးမရှိသလောက်ပင် ဖြစ်နေခဲ့သည်။

လင်းကျန်းအန်း လဲကျနေသည့် မြေပြင်ပေါ်မှ သွေးကွက်လေးတစ်ခုကို သတိထားမိသွားပြီးနောက်တွင် ချန်ကျားယန်၏ မျက်နှာအမူအရာတို့ပြောင်းသွားသည်။

လင်းကျန်းအန်းသည်ကား ဒဏ်ရာရထားကာ သတိလစ်နေခြင်းသာဖြစ်ပေသည်။

ထိုအကြောင်းတွေးမိသည့်အခါ သူ အမှန်တကယ်ပင် စိုးရိမ်သွားသည်။

လင်းကျန်းအန်းကို ရှာတွေ့‌သော်ငြားလည်း တစ်ဖက်လူသာ တစ်ခုခုဖြစ်သွားခဲ့လျှင် သူ့အနေနှင့် ကျေးဇူးတင်ခံရရန် လမ်းမမြင်တော့ပေ။

လင်းကျန်းအန်းကို အမြန်ဆုံးခေါ်ယူကာဆင်းချင်သော်လည်း ကံဆိုးစွာဖြင့်ပင် သူ၏ခြေထောက်များက ဒဏ်ရာရထားသည်ဖြစ်၍ အဆင်မပြေနိုင်ပါပေ။

အခြားနည်းလမ်းမရှိတော့ပြီဖြစ်၍ ချန်ကျားယန်တစ်ယောက် လူမျာ့ကိုလှမ်းခေါ်ရန်သာ စဉ်းစားနိုင်ပြီး အသားကုန် အော်ဟစ်လိုက်သည်။

“လာကြပါဦး၊ ဦးလေး ကျန်းအန်းကို တွေ့ပြီ၊ သူ ဒီမှာ!”

“ဟေ့၊ နားထောင်စမ်း၊ တစ်ယောက်ယောက် ခေါ်နေသလိုပဲ”

တောင်ကြားငယ်လေးနှင့် မလှမ်းမကမ်း၌

စုန့်ရှီးယန်၊ လင်းကွမ်းချင်း နှင့် အခြားသူများက လင်းကျန်းအန်း နှင့် အဖွဲ့ တောင်ပေါ်တက်စဉ်က ကျန်ခဲ့သည့် ခြေရာများကို ရှာဖွေတွေ့ရှိခဲ့သည်။

သို့သော် ကံဆိုးစွာဖြင့် လင်းကျန်းအန်း ၏ ခြေလှမ်းကြီးများက နောက်ဆုံး၌ ပျောက်ကွယ်သွားခဲ့သည်။

လင်းကျန်းအန်း၏ ခြေရာပျောက်သွားပြီးသည့်နောက် သူတို့သည်လည်း ခေါင်းမပါသည့် ယင်ကောင်ကဲ့သို့ ဟိုဟိုသည်သည် လည့်ပတ်ရှာဖွေနေခဲ့ကြရသည်။

သို့သော် စုန့်ရှီးယန်၏ အတွေ့အကြုံအရဆိုလျှင် ခြေရာများ ရုတ်တရက်ပျောက်ကွယ်သွားသည်ဆိုကတည်းက လင်းကျန်းအန်းမှာ သစ်ပင်ပေါ်သို့ တက်သွားခြင်း၊ သို့မဟုတ် လမ်းလျှောက်ခြင်းမပြုဘဲ လိမ့်ကျဆင်းသွားခြင်းသာဖြစ်ရမည်။

အဘယ်ကြောင့်ဆိုသော် နောက်ဆုံးခြေရာ၌ မြက်ပင်များကို တိုက်ရိုက်နင်းသည်ထက် ပေါ့ပေါ့ပါးပါးလေးသာ နင်းမိသည့်အတွက် မြက်ပင်များသည် ပို၍လျင်လျင်မြန်မြန် ပြန့်ကားသွားနိုင်သောကြောင့်ဖြစ်ချေသည်။

သစ်ပင်ပေါ်တက်သွားသည်ဆိုပါက လင်းကျန်းအန်းမှာ အားအင်ရှိလျှင် သူတို့မှ သူ့၏နာမည်ကိုခေါ်သည့်အခတွက် ပြန်၍ တုံ့ပြန်မှုကို ရသင့်သည်။

ထို့ကြောင့် လင်းကျန်းအန်း သစ်ပင်ပေါ်၌ရှိနေသည် ဆိုသော အခြေအနေကို ဖယ်ထုတ်လိုက်ပြီး လိမ့်ကျသွားခြင်းသာ ပို၍ ဖြစ်နိုင်ချေရှိသည်ဟု ယုံကြည်လိုက်လေသည်။

ထိုသို့ ခွဲခြမ်းဆန်းစစ်ပြီးနောက် စုန့်ရှီးယန်က အဖွဲ့ကို တောင်အောက်သို့ ဆင်း၍ လင်းကျန်းအန်းအား ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ လင်းကျန်းအန်းတစ်ယောက် အောက်နားတစ်နေရာရာ၌ လဲကျကာ သတိမေ့သွားခြင်းဖြစ်နိုင်သည်။

အားလုံးက သူ၏ခွဲခြမ်းစိတ်ဖြာမှုကို သဘောတူကြသည့်အတွက် သူတို့အားလုံး တောင်စောင်းအတိုင်း ဆင်းသွားကြသည်။

အောက်သို့ ဆင်းလေ၊ ချန်ကျားယန် နှင့်လင်းကျန်းအန်း တို့ ရှိသည့်နေရာနှင့် ပိုနီးလေလေဖြစ်လာခဲ့ကြသည်။

နောက်ဆုံး၌ နားပါးသည့် စုန့်ရှီးယန် က ချန်ကျားယန်၏ အော်သံကို ကြားလိုက်ရသည်။ သူ၏မျက်နှာအမူအရာက ချက်ချင်းပင် တည်သွားခဲ့ပြီး တစ်နေရာဆီကို လက်ညှိုးထိုးပြလိုက်သည်။

“ဟိုမှာ!”

ထိုသို့ပြောပြီးနောက် စုန့်ရှီးယန်က ချက်ချင်းပင် ထိုနေရာဘက်သို့ အလျင်အမြန်သွားလိုက်လေသည်။

လင်းကွမ်းချင်း နှင့် တခြားသူများလည်း အလျင်အမြန်လိုက်ပါသွားခဲ့ကြသည်။

တောင်ကြားငယ်လေးသို့ ရောက်သည်နှင့်တစ်ပြိုင်နက် စုန့်ရှီးယန်က အသားကုန် အော်ဟစ်နေဆဲရှိသေးသည့် ချန်ကျားယန်ကို မြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ချန်ကျားယန်၏ ခြေထောက်နား၌ သတိမေ့နေသည့် လင်းကျန်းအန်းကိုလည်း မြင်လိုက်ရသည်။

“ဦးလေး လင်း!”

စုန့်ရှီးယန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး လင်းကျန်းအန်း သတိမေ့နေသည့်နေရာသို့ လျင်မြန်စွာပြေးသွားခဲ့သည်။

စုန့်ရှီးယန် ရုတ်တရက် သူ့ရှေ့၌ ပေါ်လာသည်ကို ချန်ကျားယန် မြင်သည့်အခါ၌ ဝမ်းသာရန်ပင် အချိန်မရဘဲ သတိ၀င်လာခဲ့သည်။

ချန်ကျားယန်အနေဖြင့် သူ နှင့် စုန့်ရှီးယန်၏ လွန်ခဲ့သောရက်အနည်းငယ်က ဆက်ဆံရေးကို မမေ့သေး‌ပေ။

ထိုအချိန်က စုန့်ရှီးယန်သည်ကား သူ့ကို အပြင်းအထန် သတိပေးခဲ့သည်။

ထို့ကြောင့် ချန်ကျားယန်‌၏ မျက်လုံးထဲ၌ စုန့်ရှီးယန်မှ လင်းရန်အတွက် ‌ဤမျှလောက် စိတ်အားထက်သန်စွာ ကူညီပေးနေခြင်းသည် လင်းရန် ကို စိတ်ဝင်စားနေခြင်းကြောင့်သာ ဖြစ်ရမည်။

ထို့ကြောင့် သူတို့နှစ်ဦး၏ လက်ရှိအနေအထားကို အချစ်ပြိုင်ဘက်ဟုသာ မှတ်ယူရမည်ဖြစ်သည်။

“မစ္စတာစုန့်၊ ဦးလေးကျန်းအန်း ဒီမှာရှိတာကို ကျွန်တော်အရင်ဆုံး တွေ့ခဲ့တာပါ”

ချန်ကျားယန်က နှစ်ခါပင် မတွေးဘဲ ယခုကဲ့သို့ စကားများကို အလျင်စလိုပြောလိုက်သည်။

စုန့်ရှီးယန် အနေဖြင့် မူလက ချန်ကျားယန် နှင့် စကားပြောရန် ရည်ရွယ်ချက်မရှိသော်လည်း

ယခုကဲ့သို့ ပြောသည်ကိုကြားရသောအခတွင်ါ ခေတ္တရပ်သွားသည်။

ထို့နောက် ချန်ကျားယန်ဘက် လှည့်ကာ စူးရှသည့်မျက်လုံးများနှင့်ကြည့်လိုက်သည်။

“ချန်ကျားယန်၊ မင်း ဦးလေးကျန်းအန်းကို လာရှာရတဲ့ ပထမဦးစားပေးရည်ရွယ်ချက်က ပြိုင်ဖို့သက်သက်ပဲလား၊ ဒါဆို မင်း ပထမဆုံးဖြစ်ပြီးသွားရင် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ”

ချန်ကျားယန်တစ်ယောက် စုန့်ရှီးယန်၏ အတွေးက ဤမျှလောက်ထက်မြက်လိမ့်မည်ဟု မထင်ထားခဲ့‌ပေ။

သူ စကားတစ်ခွန်းပြောလိုက်သည်နှင့် သူ့ထံတွင် အခြားရည်ရွယ်ချက်များရှိနေသည်ဆိုသည်ကို

စုန့်ရှီးယန်က ခန့်မှန်းမိပြီးသားဖြစ်နေလေပြီ။

သူ မနေနိုင်အောင် ထိတ်လန့်သွားခဲ့သော်လည်း မည်သို့မှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ ပြောလိုက်သည်။

“မစ္စတာ စုန့်၊ ခင်ဗျား ဘာတွေပြောနေတာလဲ၊ ကျွန်တော် ဦးလေးကျန်းအန်းကို ဂရုစိုက်လို့ လာရှာတာပေါ့”

စုန့်ရှီးယန် ယုံသည် မယုံသည်ဆိုသည်ကို မသိချေ။ သူက ချန်ကျားယန် ကို လှောင်ပြောင်သည့် အကြည့်ဖြင့် ထပ်ကြည့်ပြီးနောက် အကြည့်လွှဲလိုက်လေသည်။

ချန်ကျားယန် အဘယ်ကြောင့် တောင်ပေါ်သို့တက်ပြီး လင်းကျန်းအန်းအား ရှာသည်ဆိုသည်က လက်ရှိတွင် မေးမြန်းရန် အချိန်ကောင်းလည်းမဟုတ်ပေ။

တခြားမမျှော်လင့်ထားသောအရာများ ထပ်ဖြစ်မလာပါက တောင်အောက်ရောက်လျှင် အမှန်တရားကို သူ သိနိုင်ပေလိမ့်မည်။

ထိုမတိုင်မီ လင်းကျန်းအန်း ၏ အခြေအနေကို အရင်ဆုံးအတည်ပြုပြီး တောင်အောက်သို့

ခေါ်သွားရမည်။

ကံကောင်းစွာပင် စစ်သားတစ်ဦးဖြစ်သည့် စုန့်ရှီးယန်သည်ကား ဆေးဘက်ဆိုင်ရာ ဗဟုသုတအချို့ကို သိရှိထားသောကြောင့် လင်းကျန်းအန်း ၏ အခြေအနေကို ခဏတာ စစ်ဆေးပြီးနောက် သွေးအလွန်အကျွံထွက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုကြောင့် သတိမေ့သွားခြင်းဖြစ်နိုင်ကြောင်း၊ ပြဿနာမကြီးကြောင်း၊ တဖြည်းဖြည်း သတိပြန်လည်လာရန်သာ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သို့သော် အသေးစိတ်အချက်အလက်များကိုမူ တောင်အောက်ရောက်သည့်အချိန်၌သာ ဆွေးနွေးရပေတော့မည်။

ထို့နောက် စုန့်ရှီးယန်က သူ၏လက်နှစ်ဖက်ဖြင့် လင်းကျန်းအန်းကို ပခုံးပေါ်တွက် ပွေ့တင်လိုက်သည်။

လင်းကျန်းအန်းသည်ကား ၁.၈ မီတာခန့် မြင့်သော အရပ်ရှည်သည့် လူတစ်ယောက်ဖြစ်သော်လည်းစုန့်ရှီးယန် ၏ ပခုံးနောက်သို့ တင်လိုက်သည့်အခါ မုန်လာဥကြီးတစ်လုံးကို ပစ်တင်လိုက်သကဲ့သို့ ပေါ့ပေါ့ပါးပါးသာဖြစ်နေသည်ကို ကြည့်ပြီး

ချန်ကျားယန်စိတ်ထဲ၌ မည်သို့မှ အဆင်မပြေနိုင်တော့ပေ။

ချန်ကျားယန်သည် ဘေးမှကြည့်နေရင်း မသိစိတ်ထဲ၌ အနည်းငယ် မနာလိုစိတ် ဝင်လာသည်။

သူသာ စုန့်ရှီးယန် ကဲ့သို့ ခန္ဓာကိုယ်မျိုးရခဲ့လျှင် ကျေးလက်၌ ဒုက္ခရောက်မည်ကို စိုးရိမ်စရာမလိုတော့ပေ။

သို့သော် လူတိုင်း၌ စုန့်ရှီးယန်ကဲ့သို့ ခန္ဓာကိုယ်ကောင်းကောင်းမျိုး မရနိုင်ခြင်းမှာမူ ဝမ်းနည်းစရာသာဖြစ်သည်။

ထို့ကြောင့် ဤကဏ္ဍ၌ သူ၏အားနည်းချက်များကို ကြိတ်မှိတ်၍သာ ခံယူရ‌ပေတော့မည်။

ပြန်တွေးကြည့်လျှင် စုန့်ရှီးယန် ၌ ကောင်းစွာဖွံ့ဖြိုးသော ခြေလက်များ၏ အားသာချက်သာရှိသည်။ ဉာဏ်ရည်နှင့် ပညာတတ်မှုအပိုင်းတွင် သူနှင့် ယှဉ်နိုင်မည်မဟုတ်ဟု တွေးမိသည်။

အများအားဖြင့် စစ်တပ်၌ တာဝန်ထမ်းဆောင်သည့်သူအများစုသည် ကြမ်းတမ်းပြီး ယဉ်ကျေးမှုမရှိကြသည်မဟုတ်ပါလား။

ထိုအကြောင်းတွေးမိသည့်အခါ ချန်ကျားယန်၏ စိတ်ထဲ၌ အနည်းငယ်သက်သာရာရသွားသည်။

*

All Chapters