← Chapters

အခန်း (၁၀၄)

Vol. 11 Ch. 104

အခန်း (၁၀၄)

Vol. 11 Ch. 104

စုန့်ရှီးယန်မှ လင်းကျန်းအန်းကို ကျောပိုးကာသယ်နေစဥ် လင်းကွမ်းချင်းနှင့် အခြားသူများ  ရောက်လာကြသည်။

လင်းကွမ်းချင်းမှ  ထိုမြင်ကွင်းကို အဝေးမှ မြင်လိုက်ရသည့်အခါ စုန့်ရှီးယန်က သူ၏ဦးလေးကို တွေ့ခဲ့ပြီဟု  ခန့်မှန်းလိုက်ပြီး စိတ်သက်သာရာရသွားခဲ့သည်။

သို့သော် စုန့်ရှီးယန်တို့နှင့် ပိုနီးလာသည့်အချိန်တွင် သူ၏ဦးလေးဖြစ်သူက သတိမေ့နေသည်ကိုတွေ့သော် သူ့ရင်ထဲ၌  စိုးရိမ်ပူပန်လာပြန်သည်။

“ခေါင်းဆောင်၊ ကျွန်တော့်ဦးလေး အဆင်ပြေရဲ့လား”

စုန့်ရှီးယန် ခေါင်းခါပြလိုက်သည်။

“အခုတော့ ပြဿနာကြီးကြီးမားမားမရှိဘူးလို့ ထင်ရတာပဲ၊ ဒါပေမဲ့ ဆေးရုံသွားပြီး ဆရာဝန်ပြတာ အကောင်းဆုံးပဲ”

ထိုသို့ပြောပြီးနောက် လင်းကွမ်းချင်းကို ထပ်မှာကြားလိုက်သည်။

“အခု လူကိုတွေ့ပြီဆိုတော့ ဦးလေးလင်းကို ရှာ‌နေတဲ့ တခြားသူတွေကိုလည်း သတင်းပို့ရမယ်၊ မင်းလူတွေခေါ်ပြီး အဲဒီလူတွေကို ရှာလိုက်တော့၊ ငါ ဦးလေးလင်းကို အရင်ဆုံး ဆေးရုံကိုပို့ပေးလိုက်မယ်”

လင်းကွမ်းချင်းလည်း ထိုအကြောင်းကို နားလည်ပေသည်။ ရှာဖွေနေသောလူကိုတွေ့ပြီးနောက်တွင်  အခြားသူများ၏ ဘေးကင်းရေးအတွက် အမြန်ဆုံး အကြောင်းကြားကာ တောင်အောက်ကို ဆင်းလာစေခြင်းသည် အကောင်းဆုံးဖြစ်သည်။

“အင်း၊ ကောင်းပြီ၊ ကျွန်တော် အခုပဲလူတွေကိုခေါ်ပြီး ကျန်တဲ့သူတွေကို ရှာလိုက်မယ်!”

ထိုသို့ ပြောပြီးသည်နှင့် လင်းကွမ်းချင်း ထွက်သွားရန် ပြင်နေစဉ်တွင်  စုန့်ရှီးယန်၏ဘေး၌ တစ်ယောက်ယောက် ရပ်နေသည်ကို  သတိထားမိလိုက်သည်။

မတိုင်မီက သူသတိမထားမိခြင်းမှာ သူ့၏စိတ်များက

ဦးလေးဖြစ်သူ လင်းကျန်းအန်းဆီကို ရောက်နေခြင်းကြောင့် သတိမပြုလိုက်မိခြင်းဖြစ်သည်။ ထို့အပြင် ချန်ကျားယန်သည်လည်း  လူမရှိသကဲ့သို့ တိတ်ဆိတ်နေ‌သော

ကြောင့် သူလျစ်လျူရှုထားမိခြင်းဖြစ်သည်။

သို့သော် မတိုင်ခင်က တစ်ယောက်ယောက် ခေါ်နေသည်ကိုကြားသည်ဟု စုန့်ရှီးယန်ပြောသည်ကို  ပြန်တွေးကြည့်မိသည့်အခါ လူပိုအော်ခေါ်သည်မှာ ချန်ကျားယန် သာ ဖြစ်ရမည်ဟု တွေးလိုက်သည်။

သူ ချန်ကျားယန် အား ကျေးဇူးတင်လိုသော်လည်း စဉ်းစားကြည့်လျှင် အလျင်မလိုသောကြောင့်

ချန်ကျားယန်ကို မည်သို့မှမပြောတော့ဘဲ လူအုပ်စုနှင့်အတူ ထွက်လာခဲ့သည်။

ချန်ကျားယန်သည်ကား လင်းကွမ်းချင်းမှ သူ၏အနားမှ ထွက်သွားသည်ကို ကြည့်နေရင်း သူ့မျက်နှာပေါ်မှ အပြုံးနှင့် သူ ကြိုတင်ပြင်ဆင်ထားသော “ရပါတယ်” ဆိုသည့် စကားလုံးက သူ့နှုတ်ခမ်းပေါ်၌သာ ရပ်တန့်သွားခဲ့ရသည်။

လင်းကွမ်းချင်းက လင်းကျန်းအန်း ကို သူ ပထမဆုံးတွေ့သည်ကို သတိမထားမိခြင်းများလား။

သို့သော် သူ၏သံသယများ မရှင်းသေးမီမှာပင် လင်းကွမ်းချင်းက ထွက်သွားနှင့်လေပြီ။

သူ ထပ်၍ကြည့်သည့်အခါ သူ့ဘေးနားမှ စုန့်ရှီးယန်ပင် လင်းကျန်းအန်းကို  ကျောပိုးကာ ထွက်သွားနှင့်ပြီဖြစ်သည်။

ချန်ကျားယန် ကြောင်အ,သွားပြီး စုန့်ရှီးယန်

ကို အလျင်အမြန်လှမ်းခေါ်လိုက်သည်။

“မစ္စတာ စုန့်၊ ကျွန်တော့်ကို စောင့်ပါဦး!”

သူသည်ကား သူ၏ ခေါင်းဆောင်ဖြစ်သူဦး‌လေးကြီးနှင့်သတ်မှတ်ထားသည့် နေရာတွင် မရှိတော့သည့်အတွက် သူ့အား ရှာတွေ့တော့မည်မဟုတ်ပေ။

ထို့ကြောင့် စုန့်ရှီးယန်၏ နောက်မှနေသာ တောင်အောက်သို့ လိုက်ဆင်းသွားရပေလိမ့်မည်။

စုန့်ရှီးယန် ဤသည်ကို ကြားသည့်အခါ မျက်မှောင်ကြုတ်သွားသည်။ ချန်ကျားယန် အရှုပ်အထွေးများလုပ်လာမည်ကို သဘောမကျ၍ဖြစ်နိုင်သည်။ သို့သော်  သူ အရှိန်လျော့ကာ ချန်ကျားယန်ကို  ဦးဆောင်ခေါ်သွားခဲ့သည်။

အကယ်၍ သူသာ ဦးဆောင်ခေါ်မသွားခဲ့လျှင် ချန်ကျားယန်သည်ကား လမ်းပျောက်သွားခြင်းသော်လည်းကောင်း သို့မဟုတ်  အခြားမတော်တဆမှုတစ်ခု ထပ်၍ဖြစ်သွားခြင်းသော်လည်းကောင်း ဖြစ်သွားနိုင်သည်။

ထိုသို့ဆိုလျှင်  အလွန်အမင်း  ဒုက္ခများ‌ချေလိမ့်မည်။

ထို့ကြောင့် စုန့်ရှီးယန် သူ၏ စိတ်မရှည်မှုကို အောင့်အီးသည်းခံပြီး ချန်ကျားယန်ကို သူ့နောက်မှ လိုက်စေခဲ့သည်။

နောက်ဆုံး၌  တောင်အောက်ခြေမှ ဒေသခံများကို မြင်နိုင်သည့်နေရာကို ရောက်သောအခါ သူ၏ နောက်၌ရှိသည့် ချန်ကျားယန် နှင့် စကားပြောရန်ပင်  စိတ်ဝင်စားခြင်းမရှိတော့ဘဲ တောင်အောက်သို့ အရှိန်မြှင့်၍ ဆင်းသွားခဲ့ဆာေ့သည်။

“ဟေ့၊ ခေါင်းဆောင် စုန့်! စုန့်ရှီးယန်!”

စုန့်ရှီးယန် ရုတ်တရက် အရှိန်မြှင့်လိုက်သည်ကို ချန်ကျားယန်  မြင်သည့်အခါ  ချက်ချင်းပင်  ရပ်ကာ စုန့်ရှီးယန်ကို  ဒေါသတကြီး စိုက်ကြည့်နေလိုက်သည်။

စုန့်ရှီးယန်က မည်ကဲ့သို့သောလူစားမျိုးလဲ။ သူ ဒဏ်ရာရထားသည်ဖြစ်သောကြောင့် တစ်ယောက်ယောက်က သူ့ကို ဂရုစိုက်ပေးဖို့လိုသည်ဆိုသည်ကို သူ မသိရှိနာ့မလည်သည်လား။

ဤသည်ကိုပင်  ဤမျှလောက်  မြန်မြန်လျှောက်နေခြင်းမှာ  သူ အမြန်လိုက်ပါလာခဲ့မည်ကို ကြောက်နေသည်များလား။

သို့သော် သူ မည်မျှပင်  မကျေမနပ်ဖြစ်သော်ငြားလည်း  စုန့်ရှီးယန် သည် သူ့အား ထပ်မံ၍မစောင့်ခဲ့တော့ပေ။

နောက်ဆုံး၌  ချန်ကျားယန်တစ်ယောက် သူ၏ ဒဏ်ရာရနေသော ခြေထောက်ကို ဆွဲကာငင်ကာဖြင့်  တောင်အောက်သို့ ဆင်းသွားခဲ့ရတော့သည်။

တောင်အောက်ခြေ၌မူ  တပ်မဟာ၏ခေါင်းဆောင်က စိုးရိမ်တကြီး စောင့်နေခဲ့သည်။

လင်းကျန်းအန်းသည်ကား သူ၏ အကောင်းဆုံးလက်ထောက်ဖြစ်ရုံသာမက သူ၏ တူလည်းဖြစ်ချေသည်။

လင်းကျန်းအန်းအား တောင်ပေါ်၌ စုံစမ်းရန်အတွက် သူကိုယ်တိုင် စေလွှတ်ခဲ့သည့်အတွက် လင်းကျန်းအန်းသာ တစ်ခုခုဖြစ်သွားခဲ့လျှင်  ဆုံးပါးသွားသည့် သူ့အစ်ကိုကို မည်သို့ ရှင်းပြရပါမည်နည်း။

ခေါင်းဆောင်ကိုယ်တိုင်လည်း အသက်ကြီးနေပြီး ခြေထောက်များမှာလည်း တောင်တက်ရန် အဆင်မပြေတော့ပေ။

သို့မဟုတ်ပါက

လင်းကျန်းအန်းကို ရှာရန် တောင်ပေါ်တက်သွားသည့် လူအုပ်စုနောက်ကို လိုက်သွားမည်မှာ အသေအချာပင် ဖြစ်သည်။

ကံဆိုးစွာပင်  သူ မသွားနိုင်ခဲ့ပေ။ ထို့ကြောင့် တောင်အောက်ခြေ၌သာ နေကာ လင်းကျန်းအန်းအတွက် ဆုတောင်းပေးရုံမျှသာ တတ်နိုင်တော့သည်။

ကံကောင်းစွာပင် သူ၏ ဆုတောင်းများ အကျိုးသက်ရောက်မှူ ရှိသည်ဆိုရမည်လားမသိပေ။ နောက်ဆုံး၌ တောင်အောက်ကို ဆင်းလာသည့် လူတစ်ယောက်၏ ပုံရိပ်ကို မြင်လိုက်ရသည်။

သေချာကြည့်လိုက်သည့်အခါ ရောက်လာသည့်သူမှာ စုန့်ရှီးယန် ဖြစ်နေပြီး တစ်ယောက်ယောက်ကို ကျောပိုးလာပုံရသည်။

“ဒါ လင်းကျန်းအန်း ပဲ!”

“ လူကို တွေ့ပြီ၊ ကျန်းအန်းကို ရှာတွေ့ပြီ!”

တောင်အောက်ခြေမှ လူများနှင့်အဖွဲ့အစည်းဝင်များက  အားပေးကြသည်။ ခေါင်းဆောင်လည်း အလျင်စလိုပင် ရှေ့ကိုလျှောက်သွားကာ မေးလိုက်သည်။

“ခေါင်းဆောင်စုန့်၊ ကျန်းအန်းကို တွေ့ပြီဆိုတော့ သူ အဆင်ပြေရဲ့လား”

သူ ပိုဪနီးလာသည့်အခါ စုန့်ရှီးယန်၏ ကျောပေါ်၌မျက်လုံးမှိတ်လဲလျောင်းနေသည့် လင်းကျန်းအန်း ကို မြင်သောကြောင့် ထိတ်လန့် ကြောင်အမ်းသွားသည်။

လင်းကျန်းအန်းတွင် ပြဿနာကြီးကြီးမားမားတစ်ခုခု ရှိရမည်။

ဒုက္ခရောက်ပြီ။ ဒုက္ခတော့ရောက်ရပြီပဲ!

ခေါင်းဆောင်၏  စိုးရိမ်ပူပန်မှုကို တွေ့ရသည့်အတွက့ စုန့်ရှီးယန် က ယခုကဲ့သို့  ပြောလိုက်သည်။

“အပြင်ဒဏ်ရာတွေကတော့ မပြင်းထန်ပါဘူး၊ ကျန်တဲ့ဒဏ်ရာတွေအတွက်ကတော့  ဆေးရုံအရင်ပို့သင့်တယ်”

“ကောင်းပြီ၊ ကောင်းပြီ၊ အခုပဲ ဆေးရုံသွားကြမယ်၊ နွားလှည်းကို တပ်ပြီး လှည်းကို ပိုအြီးမြန်မြန်မောင်းကြ!”

ခေါင်းဆောင်က ထိုသို့ပြောပြီး  ကျန်သည့်သူများကို နွားလှည်းတပ်ရန် အမိန့်ပေးလိုက်သည်။

စုန့်ရှီးယန်က ခေါင်းဆောင်နှင့်အတူ လိုက်ပါသွားကာ လင်းကျန်းအန်း ကို ဆေးရုံသို့ ပေးပို့ခဲ့သည်။

ထိုအချိန်တွင်  လင်းမိသားစုဘက်၌ လင်းရန်၊ အဘွားလင်းနှင့် အခြားသူများက အိမ်တွင်  စိုးရိမ်တကြီးစောင့်နေကြသည်။

မမျှော်လင့်ဘဲ မကြာမီတွင် လင်းကျန်းအန်းကို ရှာတွေ့ပြီဆိုသည့် သတင်းက ရောက်လာသည်။

သို့သော် သတိမေ့နေ

ပြီး ခေါင်းဆောင်နှင့်တခြားသူများက ဆေးရုံကို ခေါ်သွားသည်ကို သိခဲ့ရလေ၏။

အဘွားလင်း ထိုသတင်းကိုကြားသည့်အခါ  သက်ပြင်းချလိုက်မိသည်။

မည်သို့ပင်ဖြစ်စေ အနည်းဆုံးတော့ လူကိုရှာတွေ့ပြီမဟုတ်ပါလား။

သို့သော် လင်းကျန်းအန်းကို ဆေးရုံပို့လိုက်ပြီဆိုသည့် သတင်းကို ကြားသည့်အချိန်တွင် အဘွားလင်း 

ထပာမံစောင့်ဆိုင်းရန် သည်းမခံနိုင်တော့ပေ။

“ရန်ရန်၊ ဆေးရုံကိုသွားကြရအောင်!”

လင်းရန်က ငြင်းဆန်ခြင်းမပြုဘဲ  ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ အဘွား၊ သွားရအောင်!”

ထိုသို့ပြောပြီးနောက် အဘွားလင်းနှင့် လင်းရန်တို့ မြေးအဘွားနှစ်ဦး  မြို့သို့ အလျင်အမြန် သွားခဲ့ကြသည်။

မြို့ဆေးရုံ၌..

တာဝန်ကျဆရာဝန်မှ လင်းကျန်းအန်း၏ အခြေအနေကို စစ်ဆေးပြီးသည့်နောက် သွေးအလွန်အကျွံထွက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုကြောင့်သာ သတိမေ့သွားခြင်းဖြစ်ကြောင်း၊ ပြဿနာမကြီးကြောင်း၊  ဖြည်းဖြည်းချင်း သတိပြန်လည်လာရန်သာ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ကောက်ချက်ချပြောကြားခဲ့သည်။

ထိုစကားကိုကြားသည့်အချိန်မှသာ ခေါင်းဆောင်မှာ စိတ်သက်သာရာရသွားတော့သည်။

ဆေးရုံခုတင်ပေါ်၌ အေးအေးချမ်းချမ်း အိပ်ပျော်နေသည့် လင်းကျန်းအန်း ကိုမြင်သည့်အခါ၌ ခေါင်းဆောင်သည် သူ့ဘေးနားမှ  စုန့်ရှီးယန် အား လင်းကျန်းအန်း ကို မည်သို့တွေ့ခဲ့သည်ဆိုသည်ကို  မေးရန် စိတ်ဝင်စားလာသည်။

စုန့်ရှီးယန် သည် ထိုအချိန်က ချန်ကျားယန် ၏ တုံ့ပြန်မှုက ထူးဆန်းနေသည်ကို သတိထားမိသော်ငြားလည်း သူက ချန်ကျားယန်၏ အော်သံကိုကြားသည့်အချိန်မှသာ ဖြတ်သွားစဉ် တွေ့ခဲ့သည်ဟုရိုးသားစွာပြောပြခဲ့သည်။

“ဒါဆို ကျန်းအန်းကို တွေ့တဲ့သူက ချန်ကျားယန် လား”

“ဟုတ်ပါတယ်”

စုန့်ရှီးယန် ခေါင်းညိတ်လိုက်သည်။

ခေါင်းဆောင် ထိုအ‌ကြောင်းကိုသိသွားသည့်အခါ စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။

“ချန်ကျားယန် က စေတနာကောင်းရုံသာမက ကံလည်းကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ချန်ကျားယန်နှင့်အတူ တောင်ပေါ်တက်သွားသည့်လူ အများကြီးရှိသော်ငြားလည်း လင်းကျန်းအန်း ကို မည်သူမှ မတွေ့ခဲ့ကြပေ။  ချန်ကျားယန်သာ တွေ့ရှိခဲ့သည်။ ဤသည်ကို သူ ကံကောင်းသည်ဟု မ‌ပြောလျှင် မည်သည့်အရာကို ကံကောင်းသည်ဟုပြောလ၍ ရပါတော့မည်နည်း။

စုန့်ရှီးယန်သည်ကဆော့ ချန်ကျားယန် ကံကောင်းသည်လား ကံဆိုးသည်လား ဆိုသည်ကိုတော့မသိပေ။

သူ သိသည့် တစ်ခုတည်းသောအရာမှာ ချန်ကျားယန်ဆိုသည့်လူက ရိုးသားခြင်းမရှိဆိုသည်ကိုပင်ဖြစ်သည်။

လင်းကျန်းအန်း ကို ရှာရန်ထွက်လာခြင်းသည်လည်း လင်းကျန်းအန်းကို အမှန်တကယ်စိုးရိမ်၍ ထွက်လာခြင်းမဟုတ်ဘဲ အခြားလျှို့ဝှက်ထားသည့်အကြောင်းရင်း ရှိပေလိမ့်မည်။

သို့သော် မည်သည့်အကြောင်းရင်းကြောင့်ဆိုသည်ကိုမူ  သူ မသိသေးပေ။

သူကိုယ်တိုင်က ထိုအကြောင်းရင်းကို မသိသေးသည့်အတွက် ခေါင်းဆောင်ကိုလည်း ပြောပြနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ခေါင်းဆောင် ထိုကဲ့သို့ပြောသည်ကို စုန့်ရှီးယန်ကြားရသည့်အခါ၌  မည်သို့မှမပြောခဲ့ပေ။

လင်းကျန်းအန်းကို ဆေးရုံတင်ပြီး  မကြာမီမှာပင် လင်းရန်နှင့် အဘွားလင်းတို့ ဆေးရုံအဝင်ဝကို အလျင်အမြန်ရောက်လာကြခဲ့သည်။

အခန်းတစ်ခန်း၏တံခါး၌ ရင်းနှီးသည့်အရပ်ရှည်ရှည်နှင့် လူတစ်ယောက်ရပ်‌နေသည်ကို လင်းရန် မြင်လိုက်သည့်အခါ  ခေါင်းမပါသည့် ယင်ကောင်ကဲ့သို့ ဟိုဘက်လှည့် သည်ဘက်လှည့်ကာ မေးခွန်းများမေးနေသည့် အဘွားလင်းကို လျင်မြန်စွာပင် ဆွဲလိုက်သည်။

“အဘွား၊ သူတို့ ဟိုမှာ!”

အဘွားလင်းက လင်းရန် လက်ညှိုးထိုးပြသည့်ဘက်သို့ ကြည့်လိုက်သည့်အခါ  စုန့်ရှီးယန် နှင့် တပ်မဟာခေါင်းဆောင်ကို မြင်လိုက်ရပြီး အလျင်အမြန် ပြေးသွားခဲ့သည်။

“ဘယ်လိုလဲ၊ ကျန်းအန်းရော !သူ အဆင်ပြေရဲ့လား”

ခေါင်းဆောင်က သူ၏ မရီးဖြစ်သူ အဘွားလင်းကို မြင်သည့်အခါ၌  နှစ်သိမ့်လိုက်သည်။

“အစ်မ၊ စိတ်မပူပါနဲ့၊ ကျန်းအန်းက အဆင်ပြေပါတယ်၊ နားနားနေနေ နေလိုက်ရင်အဆင်ပြေသွားလိမ့်မယ်”

“အဆင်ပြေရင် ကောင်းပြီ၊ အဆင်ပြေရင်ကောင်းပြီ”

*

All Chapters