အခန်း (၁၀၅)
Vol. 11 Ch. 105
အဘွားလင်းက သက်ပြင်းကို အကြိမ်အနည်းငယ်ချလိုက်သော်လည်း သူမ၏ ရင်ထဲ၌ ဆို့နင့်နေတုန်းပင်ဖြစ်သည်။
သူမ မနေနိုင်ဘဲ ဆေးရုံခန်းထဲ၌
အိပ်ပျော်နေသည့် လင်းကျန်းအန်း ကို ကြည့်လိုက်ကာ သူမကိုယ်သူမ တီးတိုးပြောဆိုလိုက်မိသည်။
“ဒါက မကောင်းတဲ့နိမိတ်များလား၊ တောင်ပေါ်တက်တုန်းက ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး ဒါပေမဲ့ ဒီတစ်ခါကျတော့ မတော်တဆမှုဖြစ်သွားတယ်၊ ဒါ ဘုရားသခင်က သူ့ကို အဲဒီလို အလုပ်မျိုး မလုပ်ခိုင်းတာများလား...”
“အစ်မ!”
အဘွားလင်း ထိုကဲ့သို့ပြောနေသည်ကို ဘေးနားမှ တပ်မဟာခေါင်းဆောင်ကြားသည့်အခါ မျက်နှာ ဖြူဖျော့သွားမတတ် ထိတ်လန့်သွားသည်။
သူ ပတ်ဝန်းကျင်ကို အလျင်အမြန်ကြည့်လိုက်ကာ မည်သူမှ သူတို့ကို အာရုံမစိုက်သည်ကို တွေ့သည့်အခါ အဘွားလင်းကို တီးတိုးပြောလိုက်သည်။
“ အစ်မရဲ့ စကားအပြောအဆိုကို
ဂရုစိုက်ပါ၊ ဒီလိုစကားတွေ မပြောပါနဲ့!”
ယခုခေတ်တွင် ထိုကဲ့သို့သော ယုတ္တိမတန်သည့်ယုံကြည်မှုလွန်ကဲခြင်းမျိုးကို တင်းကြပ်စွာ တားမြစ်ထားသည်။
အဘွားလင်း မတိုင်ခင်က ပြောခဲ့သည့်စကားများသည်ကား ယုတ္တိမတန်သော ယုံကြည်မှုလုံး၀လွန်ကဲနေသည့် အဓိပ္ပာယ်သက်ရောက်နေသည်။
အကယ်၍များ တစ်ယောက်ယောက် ကြားသွားကာ တိုက်ရိုက်သတင်းပို့လိုက်လျှင် သူမ အမှန်တကယ်ဒုက္ခရောက်ပေတော့မည်။
အဘွားလင်းလည်း သူပြောသည်ကို ကြားသည့်အခါ ရုတ်ချည်းပင် တန့်သွားသည်။
သို့သော် သူမက တီးတိုးပြောနေဆဲပင်ဖြစ်သည်။
“ငါက ပြောရုံပဲပြောတာပါ၊ တကယ်ကြီး စိတ်ထဲထားတာမဟုတ်ပါဘူး”
“အဲလိုဆိုရင်တောင် မပြောသင့်ဘူးလေ!”
အဘိုးအဘွားနှစ်ယောက်က ထိုကိစ္စကို ပြောနေဆဲမှာပင် လင်းရန်ကတော့ ဆေးရုံခုတင်ပေါ်မှ ဖခင်ဖြစ်သူကို ကြည့်လိုက်ကာ သူမ ရင်ထဲ၌ လုံးလုံးလျားလျားပင် စိတ်သက်သာရာ ရသွားခဲ့လေသည်။
သို့သော် သူမ၏ဖခင်သည်ကား မည်ကဲ့သို့အကြောင်းကြောင့် မေ့မြောသွားခဲ့သနည်း။၊ တောင်ပေါ်တွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့ပါသနည်း။
ထိုအကြောင်းကို တွေးမိသည့်အခါ လင်းရန်၏ မျက်ခုံးများအလိုအလျောက်ပင် တွန့်ကွေးသွားခဲ့ရသည်။
“စိတ်မပူပါနဲ့၊ ဦးလေးလင်း ဘာမှမဖြစ်ပါဘူး”
သူမ၏ ဘေးမှ စုန့်ရှီးယန်က အသံတိုးတိုးဖြင့် ကပ်ပြောခဲ့သည်။
လင်းရန် သတိပြန်ဝင်လာကာ သူ့ကို ကြည့်လိုက်သည်။ ထို့နောက် ခဏတာလောက် တွေဝေသွားပြီးနောက် မေးမြန်းခဲ့လေ၏။
“ကျွန်မရရဲ့ အဖေကို ရှင်တွေ့ခဲ့တာလား”
စုန့်ရှီးယန်က ခေါင်းခါရမ်းလိုက်ကာ တောင်ပေါ်၌ ဖြစ်ပျက်ခဲ့သမျှကို လင်းရန်အား ပြန်လည်၍ ပြောပြလိုက်လေသည်။
သူမ၏ အဖေကို ပထမဆုံးတွေ့သည်မှာ ချန်ကျားယန်ဖြစ်ကြောင်းကို ကြားလိုက်ရသည့်အခါတွင် လင်းရန် အံ့သြသွားခဲ့ရသည်။
စုန့်ရှီးယန်ထံမှ ဤနာမည်အား မကြားရလျှင် သူမသည်ကား ထိုလူကို မေ့သွားနှင့်လောက်ပြီဖြစ်သည်။
သို့သော် အဘယ်ကြောင့် ချန်ကျားယန် ဖြစ်ရသနည်း။
ချန်ကျားယန်သည်ကား သူမ၏ဖခင်နှင့် မည်သို့မျှတော်စပ်ခြင်းမရှိဘဲ အဘယ်ကြောင့် တောင်ပေါ်ကို တက်ကာ ကူညီရန် စေတနာကောင်းနေရသနည်း။
ထို့အပြင် သူမ၏ အမြင်အရဆိုလျှင် စုန့်စစ်ယွီကဲ့သို့ပင် ထိုလူ(ချန်ကျားယန်) သည်လည်း ကိုယ့်အကျိုးကိုသာအဓိကထားသည့်သူဖြစ်သည်။
သူ့အတွက် အသုံးမဝင် အကျိုးမရှိပါက လူများအား ကူညီရန် အချိန်ဖြုန်းမည်မဟုတ်ပေ။
ဤသို့ဆိုလျှင် သူမ၏ အဖေသည် ချန်ကျားယန်အတွက် အသုံးဝင်သည့်သူ ဖြစ်နေသည်များလား။
“ကိုယ်သွားတုန်းက သူ အဲဒီမှာရှိနေပြီး သူ့ရဲ်ခြေထောက်က ဒဏ်ရာရထားပုံရတယ်”
စုန့်ရှီးယန်က ထိုသို့ပြောရင်း လင်းရန်ကို စေ့စေ့ကြည့်လိုက်သည်။သူသည်ကား လင်းရန်၏ တုံ့ပြန်မှုကို သိချင်နေခြင်းဖြစ်သည်။
အကယ်၍ သူမသာ ချန်ကျားယန်ကို စိတ်ပူနေမည်ဆိုလျှင် သူ စိတ်မသက်မသာ ဖြစ်မိမည်မှာသေချာသည်။
ကံကောင်းစွာပင် သူ့ကို စိတ်အေးစေသည်မှာ လင်းရန်က ထိုစကားကြားသည့်အခါ အနည်းငယ်သာ အံ့ဩပြီး သူ့ကို မေးလာခဲ့သည်။
“သူ့ရဲ့ခြေထောက်က ကျွန်မရဲ့အဖေကြောင့် ဒဏ်ရာရတာလား”
စုန့်ရှီးယန်က လင်းရန်မှ ထိုစကားကို ဆက်ပြောချင်သေးသည်ကို မြင်ရသည့်အခါ လင်းရန်မှ ချန်ကျားယန်အပေါ် ထူးထူးခြားခြား စိတ်ဝင်စားမှု မရှိဆိုသည်ကို သိလိုက်ရသည်။
သူ၏ စိတ်ကျေနပ်သည့်စိတ်ကို မျက်နှာပေါ်တွင်မပေါ်လာစေရန် မနည်းထိန်းထားလိုက်ရသည်။
“ကိုယ်လည်း သေချာမသိဘူး၊ ဒါပေမဲ့ ကိုယ် အဲဒီကိုရောက်သွားတုန်းက သူ့ရဲ့ခြေထောက်က ဒဏ်ရာရနေပြီးသားဖြစ်နေပြီ၊ အခြေအနေကို ကြည့်ရတာတော့ ဦးလေးလင်းက အဲဒီနေရာမှာ အရင်ကတည်းက လဲနေခဲ့ပုံရတယ်၊ ဒါကြောင့် ချန်ကျားယန်ရဲ့ခြေထောက်က ဦးလေးလင်စနှင့် မတွေ့ခင်ကတည်းက ဒဏ်ရာရခဲ့တာ ဖြစ်နိုင်တယ်။”
ဤသို့ဆိုလျှင် သူမ စိတ်မကောင်းဖြစ်နေရန် မလိုတော့ပေ။
မှန်ပေသည်။သူမ ယခုကိစ္စအတွက် စိတ်မကောင်းဖြစ်မည် မဟုတ်သကဲ့သို့ ထိုအစား ချန်ကျားယန်မှ တောင်ပေါ်သို့တက်ပြီး သူမ၏အဖေကို အသည်းအသန် ကူရှာပေးရသည့် ရည်ရွယ်ချက်ကိုလည်း သံသယဝင်မိပေလိမ့်မည်။
သို့သော် မျက်နှာချင်းဆိုင်၍မူ ဤကဲ့သို့ မမေးနိုင်ပေ။
သူမဒအဖေ နိုးလာလျှင် ချန်ကျားယန်ကို မည်သို့ ကျေးဇူးတင်သင့်သည်ဆိုသည်ကို အကြံဉာဏ်တောင်းပြီးမှသာ သွားရောက်၍ကျေးဇူးတင်ရလိမ့်ပေမည်။
ထိုသို့ ဆေးရုံတွင် နာရီဝက်နီးပါး နေပြီးသည့်နောက် နောက်ဆုံး၌ လင်းကျန်းအန်း နိုးလာသည်။
သူ မျက်လုံးဖွင့်လိုက်သည့်အခါတွင် ဆေးရုံရောက်နေသည်မှန်းကို သိလိုက်ရပြီး အခြားသူများကိုမူ ယခုထိ ခေါင်းထဲတွင် ဝေဝါးဆဲဖြစ်သည်။
ကံကောင်းစွာပင် အရာအားလုံးကို အလျင်အမြန်နားလည်သွားပြီး မတော်တဆမှုကြောင့် မေ့မြောသွားခဲ့သည်ကို မှတ်မိသွားသည်။
“အဖေ၊ အခုရော နေမကောင်းသေးသလို ခံစားနေရတုန်းပဲလား”
သူ နိုးလာသည်ကိုတွေ့သည့်အခါတွင် လင်းရန်က စိုးရိမ်တကြီးဖြင့် အလျင်အမြန်မေးလိုက်သည်။
လင်းကျန်းအန်းက ခေါင်းခါကာ စိတ်ချသင့်ကြောင်းကို ပြောလာခဲ့ကာသူမ ကို ပြုံးပြခဲ့လေသည်။
“အဖေ ဘာတစ်ခုမှ အကြီးအကျယ် မဖြစ်ပါဘူး”
လင်းရန်က ဤသည်ကိုမြင်ရသည့်အခါ လုံးဝ စိတ်သက်သာရာရသွားသော်လည်း သတိပေးရန်ကိုမူ မမေ့သေးပေ။
“အဖေ၊ နောက်ဆိုရင် သတိထားရမယ်နော်၊ ဒီတစ်ခါဖြစ်တာက သမီးနဲ့ အဘွားကို အရမ်းလန့်သွားစေတာပဲ”
“ဟုတ်တယ်၊ ဒုတိယလေး၊ မင်းက ပုံမှန်ဆို အရမ်းတည်ငြိမ်တာ ၊ ဘာလို့ ဒီတစ်ခါကျမှ မတော်တဆ ဖြစ်ရတာလဲ”
အဘွားလင်းကလည်း သူ့ဘေး၌ ရပ်လျှက် မျက်မှောင်ကြုတ်ကာ စိုးရိမ်စွာ ပြောလာခဲ့သည်။
လင်းကျန်းအန်းက ယခုအဖြစ်အပျက်သည်က
သူ့၏မိသားစုအား ထိတ်လန့်သွားစေမည်ဖြစ်ကြောင်း အသေအချာသိသည်။
သို့သော် သူ့ကို နောက်ထပ်အခွင့်အရေး ပေးမည်ဆိုပါကလည်း ယခုကဲ့သို့အခြေအနေမျိုးကို နောက်တစ်ခါ ကြုံတွေ့ရန် သေချာပေါက် ရွေးချယ်မိမည်မှာ အမှန်ပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ လဲကျပြီး မေ့မြောသွားရသည်မှာ တောထဲတွင် ဆေးဖက်ဝင်အပင် များစွာကို တွေ့ခဲ့၍ပင်ဖြစ်သည်။
သူ့အား
အံ့အားအသင့်စေဆုံးမှာ ထိုဆေးပင်များထဲတွင် ဂျင်ဆင်းပင် များစွာ ပါဝင်နေခြင်းပင် ဖြစ်သည်။
သို့သော် ထိုအချိန်က သူ့ထံ၌ တူးဖော်ရန် ကိရိယာများ တစ်ခုမျှမပါခဲ့ပေ။ ဂျင်ဆင်းကို ပေါ့ပေါ့ဆဆ တူးဖော်ကာ ဖျက်ဆီးပစ်ချင်စိတ်လည်း မရှိသည့်အတွက် မတူးခဲ့ပေ။ နေရာကိုသာ အရင်မှတ်ထားကာ တောင်အောက်ကို ပြန်ဆင်းပြီးမှ တူးဖော်ရေးပစ္စည်းများ ယူလာရန် စဉ်းစားမိသည်။
မည်သူသိနိုင်ပါမည်နည်း။၊ စိတ်လှုပ်ရှားလွန်းသည်ကြောင့်လား မသိပေ။ ခြေလှမ်းကို သတိမထားမိဘဲ ကျောက်တုံးတစ်တုံးကို တက်နင်းမိကာ ချော်လဲကျသွားခဲ့သည်။
“အဲဒီဂျင်ဆင်းအပင်တွေရဲ့ သက်တမ်းကြည့်ရတာ အနှစ်ငါးဆယ်ထက် မနည်းလောက်ဘူး”
လင်းကျန်းအန်း ဤသည်ကို တွေးမိသည့်အခါ စိတ်လှုပ်ရှားလာသည်။
ဤအကြောင်းကို ကြားသည့်အချိန်တွင် အခန်းထဲမှ အခြားသူများ၏ မျက်နှာတွင် အံ့သြသည့် အမူအရာများ ပေါ်လာခဲ့သည်။
“တကယ်ပဲ ဂျင်ဆင်းဟုတ်ရဲ့လား”
တပ်မဟာခေါင်းဆောင်က မယုံကြည်နိုင်စွာဖြင့် ပထမဆုံး မေးလာသည်။
ခေါင်းဆောင်သည်ကား ဂျင်ဆင်းအကြောင်းကို ကြားသာကြားဖူးသည်။ မမြင်ဖူးခဲ့ပေ။
သူသိသည်မှာ ဂျင်ဆင်းသည်ကား အလွန်ကောင်းသည့် ဆေးဖက်ဝင်အပင်ဖြစ်ပြီး ပါးစပ်ထဲသို့ တစ်စွန်းတစ်စ ထည့်လိုက်ရုံနှင့်ပင် အသက်ရှင်နိုင်သည်ဟု ဆိုကြသည်။
တပ်မဟာခေါင်းဆောင် မှတ်မိသည်မှာ လင်းကျန်းအန်း၏ မိသားစုသည်ကား ဆေးဝါးဗေဒ ဗဟုသုတ မရှိပေ။
ထို့အပြင် သူတို့မိသားစုသည်ကား အမြဲတမ်း တောင်ပေါ်၌သာ နေလာကြသည်ဖြစ်၍ ထိုကဲ့သို့သော
ဆေးဖက်ဝင်ပစ္စည်းများကို သိရှိရန် အခွင့်အရေးနည်းပါးသည်။
သို့သော် ယခင်က တပ်မဟာခွဲ၌ တရုတ်ဆေးဆရာဝန်ကြီးတစ်ယောက် ရှိခဲ့ဖူးသည်။ သူသည်ကာ့ လူတိုင်းကို နေရာတိုင်း၌ တွေ့နိုင်သည့် ငှက်ပျောရွက်၊ ဆေးခါးရွက်ကဲ့သို့သော ဆေးဖက်ဝင်အပင်များနှင့် ဂျင်ဆင်းကဲ့သို့ ရှားပါးသည့် ဆေးဖက်ဝင်ပစ္စည်းကောင်းများအကြောင်း သင်ပေးဖူးသည်။
ဆေးဆရာဝန်ကြီးကမူ ထိုကဲ့သို့သော ဆေးပင်များကို ဆေးကျမ်းများထဲ၌သာ မြင်ဖူးသည်ဟု ပြောခဲ့ဖူးသည်။
ထို့အတွက် လင်းကျန်းအန်းမှာ ခေါင်းဆောင်၏ မေးခွန်းထုတ်မှုကို မည်သို့မှ မကျေနပ်သည့်ပုံ မပြဘဲ သေချာစွာ ပြောပြသည်။
“ကျွန်တော် တကယ် မြင်ခဲ့တာပါ၊ ဂျင်ဆင်းရဲ့ အမြစ်နဲ့ ပန်းပွင့်တွေက ကျွန်တော် စာအုပ်ထဲမှာ မြင်ခဲ့တာနဲ့ အတူတူပဲ”
ထိုအကြောင်းကိုကြားသည့်အခါ ခေါင်းဆောင်က ချက်ချင်းပင် တုံ့ပြန်လိုက်မိသည်။
မှန်ပေသည်။လင်းကျန်းအန်းသည်ကား ငယ်စဥ်ကတည်းကပင် စာဖတ်ဝသည်ကို ဝါသနာပါကာ အပန်းဖြေစာအုပ်မျိုးစုံကို ဖတ်လေ့ရှိသည်။
သူတို့၏ သယ်ယူပို့ဆောင်ရေးသည်ကညး အမှန်တကယ်ပင် အဆင်မပြေခဲ့သောကြောင့် မြို့ထဲတွင်အလယ်တန်းကျောင်းသာ တက်ခဲ့ရပြီး စာသင်သည်ကို ရပ်ခဲ့ရသည်။
သို့သော် ထိုအချိန်က ယောက်ျားလေးများ အုပ်စုထဲတွင် လင်ကျန်းအန်း၏ စာမေးပွဲရမှတ်များသည်က အမြဲတမ်းပင် အကောင်းဆုံးဖြစ်ခဲ့သည်။
ဤသို့ဆိုလျှင် ဆေးဖက်ဝင်ပစ္စည်းများအား မိတ်ဆက်ထားသည့် စာအုပ်ကို လင်းကျန်းအန်း
ရှာတွေ့သည်မှာ မဖြစ်နိုင်ခြင်း မဟုတ်ပါချေ။
ခေါင်းဆောင်သည်ကား ထိုအကြောင်းနှင့် ပတ်သက်၍ စိတ်လှုပ်ရှားနေစဥ်မှာပင် လင်းကျန်းအန်းက ဘေးနားမှ လင်းရန်ကို ကြည့်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။
“တကယ်တော့ ရန်ရန်က ဒီစာအုပ်ကို ကျွန်တော့်ဆီကို ပြန်ယူလာပေးခဲ့တာလေ၊ ကျွန်တော် အားတဲ့ရက်တွေမှာ နှစ်ခါလောက် လှန်ကြည့်ခဲ့တယ်၊ မဟုတ်ရင် ဂျင်ဆင်းကို ကျွန်တော် မှတ်မိမှာ မဟုတ်ဘူး”
လင်းရန် အံ့သြသွားသည်။ သို့သော် အသေအချာပြန်စဉ်းစားကြည့်လျှင် မြို့ပေါ်မှ စာအုပ်ဆိုင်၌ သူမ
ဝယ်ခဲ့သည့် စာအုပ်များထဲတွင် ဆေးဖက်ဝင်အပင်များအား ခွဲခြားသည့် စာအုပ်တစ်အုပ် ပါခဲ့သည်မှာ မှန်ပေသည်။
ထိုအချိန်က သူမသည်ကား ကျေးလက်အခြေအနေနှင့် ကိုက်ညီသည့် စာအုပ်အနည်းငယ်ကိုသာ ဝယ်ချင်ခဲသည်။ သို့သော် ထိုစာအုပ်များမှာ အမှန်တကယ်ပင် အထောက်အကူဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
“အိုး ၊ ရန်ရန်က ကံကောင်းတဲ့ကောင်မလေးမှန်း သိသားပဲ”
တပ်မဟာခေါင်းဆောင်သည်ကား အလွန် ပျော်ရွှင်နေခဲ့ပြီး လင်းရန်ကို ပို၍ချစ်ခင်သည့် အကြည့်နှင့် ကြည့်လိုက်လေသည်။
သို့သော် လင်းကျန်းအန်းင ဆေးရုံတက်နေရသည့်အတွက် တောင်ပေါ်တက်ကာဂျင်ဆင်းရှာသည့်ကိစ္စကို သူ ကျန်းမာရေး ကောင်းမွန်မှသာလျှင် စီစဉ်နိုင်ပေလိမ့်မည်။
ထို့နောက် ခေါင်းဆောင်က လင်းကျန်းအန်းထံတွင် မည်သည့်ပြသနာမှ မဖြစ်တော့သည်ကို တွေ့သည့်အတွက် ရွာသို့ ပြန်ရန် စီစဉ်လိုက်သည်။
သူ မပြန်မီတွင် တပ်မဟာခေါင်းဆောင်က လင်းမိသားစုနှင့် ဆွေးနွေးပြီး လင်းရန်အား ဤဆေးရုံတွင်တစ်ရက်နေကာ လင်းကျန်းအန်းနှင့် ညနေပိုင်း၌ အိမ်ပြန်နိုင်မည်လားဆိုသည်ကို ကြည့်စေရန် ဆုံးဖြတ်လိုက်သည်။
လင်းရန်အနေဖြင့် ကန့်ကွက်ရန် မရှိပေ။ သို့သော်အဘွားလင်းက လင်းရန်နှင့်အတူ နေရန် ပြောတော့မည့်ဆဲဆဲတွင် သူမဘေးမှ စုန့်ရှီးယန်၏
စကားကို ရုတ်တရက် ကြားလိုက်ရသည်။
“ကျွန်တော် နေခဲ့မယ်”
*