အခန်း (၁၀၆)
Vol. 11 Ch. 106
စုန့်ရှီးယန်၏ စကားကိုကြားလျှင် သူ၏ ပတ်ဝန်းကျင်မှ လူအတော်များများက သူ့အားအံ့သြစွာ ကြည့်လိုက်ကြသည်။
သို့သော် သူတို့၏ ပထမဆုံး ထင်မြင်ချက်မှာ စုန့်ရှီးယန်သည်ကား စေတနာကောင်းသည့်သူဟု ထင်မြင်ကြခြင်းဖြစ်ချေသည်။
စင်စစ် စုန့်ရှီးယန်သည်ကား ဧည့်သည်တစ်ယောက် ဖြစ်နေသည့်အတွက် လင်ကျန်းအန်းကို ပြုစုပေးရန်အကြောင်းမရှိပေ။
သို့သော် စုန့်ရှီးယန်က ပြောလိုက်သည်။
“မိန်းကလေးတစ်ယောက်အနေနဲ့ သူမ ဒီမှာနေဖို့ အဆင်မပြေတာ သေချာတယ်? ဥပမာ၊ သန့်စင်ခန်းသွားတာမျိုးပေါ့”
ထိုအကြောင်းကို ကြားသည့်အခါ
လင်းရန်၏ မျက်နှာမှာ အနည်းငယ်
ရှက်ရွံ့သွားသည်။ အမှန်ပြောရလျှင်
သူမ ထိုပြဿနာကို မစဉ်းစားမိခဲ့ပေ။
လင်းကျန်းအန်းသည်ကား သူမ၏
အဖေရင်း ဖြစ်သော်ငြားလည်း
အမျိုးသားနှင့် အမျိုးသမီးကြား ကွာခြားမှုများရှိသည့်အတွက် ဤကိစ္စတွင် သူမအနေဖြင့် အများအပြား ကူညီ၍ မရပေ။
နောက်ဆုံးတွင် အဘွားလင်းက စုန့်ရှီးယန်ကိုသာ ဆေးရုံ၌ လင်းကျန်းအန်းအား စောင့်ရှောက်ခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
“ကောင်းပြီ၊ ရှောင်စုန့်၊ ဒီနေ့ မင်းကို ဒုက္ခပေးမိပြီ၊ မင်းနဲ့ ဦးလေးလင်း ပြန်လာရင် အဘွားတို့ ကျေးဇူးဆပ်ပါ့မယ်”
မကြာမီအချိန်၌ လင်းရန်နှင့် အခြားသုံးယောက်က တပ်ခွဲသို့ ပြန်လာခဲ့ကြသည်။
လူနာခန်းထဲတွင် လင်းကျန်းအန်းက စုန့်ရှီးယန်ကို ကြည့်ကာ ထပ်မံ၍ ကျေးဇူးတင်စကား ပြောမိသည်။
“ရှောင်စုန့်၊ စစ်သားတွေက စိတ်ထားကောင်းတယ်လို့ လူတွေ ပြောကြတာ မဆန်းပါဘူး၊ မင်းက ငါ့ကို ကျောပိုးပြီး အောက်ကိုဆင်းလာခဲ့တယ်၊
အခုလည်း လူနာခန်းထဲမှာ ငါ့ကို ပြုစုဖို့ နေခဲ့သေးတယ်၊မင်းကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး”
ထိုစကားကိုကြားသည့်အခါတွင် စုန့်ရှီးယန်က လင်းကျန်းအန်း၏ မျက်နှာပေါ်ရှိ ရိုးသားသည့် အမူအရာကို ကြည့်လိုက်သည်။ ထို့နောက်တွင် ရုတ်တရက် မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ သူ အနည်းငယ် စိတ်မကောင်းဖြစ်သွားခဲ့ရသည်။
လင်းကျန်းအန်းက သူ့အတွက် အရေးပါပြီး
ထူးခြားသည့်အတွက် ယခုကဲ့သို့ ကူညီပေးနေခြင်းဖြစ်ကြောင်း၊ သူက လူတိုင်းအပေါ် ထိုကဲ့သို့ စိတ်အားထက်သန်စွာ ကူညီနေသည်မဟုတ်ကြောင်းကို ပြောပြသင့်သည်လား။
အဆုံးတွင်တော့ လင်းကျန်းအန်းသည်က လင်းရန်၏ဖခင် ဖြစ်နေ၍ သူ ပိုမိုအာရုံစိုက်ကည ကူညီပေးခဲ့ခြင်း မဟုတ်ပါလား။
စုန့်ရှီးယန်က အနည်းငယ် ချောင်းဟန့်ရင်း
လင်းကျန်းအန်း၏ အကြည့်ကို ရှောင်ဖယ်လိုက်ပြီးအေးဆေးတည်ငြိမ် ဟန်ဆောင်ကာ ပြောလိုက်လေ၏။
“ ဦးလေးရဲ့ စကားတွေက အရမ်း ယဉ်ကျေးလွန်းပါတယ်၊ ဒါက ကျွန်တော် လုပ်သင့်တဲ့ အရာပါ”
အနာဂတ်ယောက္ခမအတွက် ဤသို့ လုပ်ပေးခြင်းသည်ကား ဒုက္ခများသည်ဟု မပြောပလောက်ပေ။
လင်းကျန်းအန်းကမူ သူ၏အတွေးထဲမှ စကားများကို မကြားလိုက်ရဘဲ စုန့်ရှီးယန်က သူ့ကို ရိုးသားစွာတုံ့ပြန်နေသည်ဟု ထင်လိုက်သည်။
ထို့ကြောင့် စုန့်ရှီးယန်အား ပို၍ ကြင်နာသည့် အကြည့်နှင့်
ကြည့်လိုက်လေသည်။
စုန့်ရှီးယန်မှာ လင်းကျန်းအန်း၏ ထိုမျက်လုံးများကို ရင်မဆိုင်နိုင်တော့ဘဲ ပြတင်းပေါက်ဘက်သို့ လှည့်ကာ အပြင်ဘက်သို့သာ ကြည့်နိုင်ခဲ့တော့သည်။
လင်းရန်သည်ကား အဘွားလင်း၊ တပ်မဟာခေါင်းဆောင်တို့နှင့်အတူ အိမ်သို့ပြန်ရောက်ပြီးနောက် အဘွားလင်းမှ သူမ၏ မိသားစုကို စုစည်း၍ ယနေ့ တောင်ပေါ်တက်ကာ ကူညီပေးခဲ့သည့် ရွာသားများကို ကျေးဇူးတင်ရန် စီစဉ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ဤကိစ္စသည်ကား သူတို့၏ အလုပ်ချိန်များကို နှောင့်နှေးကြန့်ကြာစေခဲ့သည်။
သူတို့သည်ကား အလုပ်များကို ပစ်ထားခဲ့ကာ လင်းကျန်းအန်းကို ရှာဖွေရန် တောင်ပေါ်သို့ အတူတူ သွားခဲ့ကြသည်။
ဤသည်မှာ သူတို့၏ ရိုးသားမှုပင် ဖြစ်၍ လင်းကျန်းအန်း၏ မိသားစုအနေဖြင့် လူကိုယ်တိုင် သွား၍ ကျေးဇူးတင်ရပေလိမ့်မည်။
သို့သော် အိမ်သို့ ပြန်ရောက်သည့်အချိန်တွင်လင်းရန်နှင့် အဘွားလင်းတို့မှာ သူတို့အား မျက်မှောင်ကြုတ်စေသည့် နောက်ထပ် သတင်းတစ်ခုကို မမျှော်လင့်ဘဲ ကြားလိုက်ရသည်။
“ချန်ကျစ်ချင်းက တောင်ပေါ်တက်ရင်း လဲကျပြီး ခြေကျင်းဝတ် လိမ်သွားတယ်လို့ ပြောတယ်”
အဘွားလင်း၏ မျက်နှာတွင် ထူးဆန်းသည့် အမူအရာ ပေါ်လာခဲ့ရလေသည်။သူမအနေဖြင့် ကောင်းကင်မှ စာအုပ်တစ်အုပ်ကို နားထောင်နေရသလိုပင်ဖြစ်နေသည်။
ဤကဲ့သို့ ကိစ္စမျိုးသည် မည်သို့ဖြစ်နိုင်မည်နည်း။
မည်သူ့ကိုမှ ရှာမတွေ့နိုင်ခဲ့ချိန်တွင် ဒဏ်ရာရသည်။ ဤသည်မှာ အပြင်မထွက်မီ ခွေးမစင် နင်းမိခဲ့ခြင်းသာ ဖြစ်နိုင်သည်။
အမှန်တကယ်ပြောရလျှင် အဘွားလင်းသည်ကား ချန်ကျားယန်ကို ယခုအချိန်တွင် အနည်းငယ် မထီမဲ့မြင်ပြုချင်သကဲ့သို့ ဖြစ်နေခဲ့သည်။
ချန်ကျားယန်သည်ကား စေတနာကောင်းပြီး လင်းကျန်းအန်းကို ရှာရန် တောင်ပေါ်တက်ခဲ့သော်ငြားလည်း ထိုအချိန်က လူအများကြီး ရှိခဲ့သည်ဖြစ်၍ သူ မရှိလျှင်လည်း မည်သို့မျှ
ဖြစ်မသွားပေ။
တောင်နှင့် သစ်တောများ၏ အခြေအနေကို သူ မရင်းနှီးသည့်အတွက် လူတိုင်းနှင့်အတူ လမ်းလျှောက်ရင်းနှင့်ပင်
သူတစ်ယောက်သည်သာ မတော်တဆဖြစ်သွားခဲ့သည်။
ထိုကဲ့သို့သော အခြေအနေမျိုး၌ ချန်ကျားယန်အနေဖြင့် သူ့အတွက်ကြောင့် ပြဿနာမဖြစ်စေရန် စိတ်ထဲတွင် အနည်းငယ်မျှလောက်ပင် မစဉ်းစားမိသည်များလား။
သို့သော် ချန်ကျားယန်သည်ကား လင်းကျန်းအန်းကို ပထမဆုံး တွေ့ခဲ့ခြင်းဖြစ်သည်ဟု တစ်ယောက်ယောက်က ပြောသည်ကိုကြားသည့်အခါ အဘွားလင်းလည်း စကားမပြောနိုင်တော့ပေ။
နောက်ဆုံး၌ သူမသည်က ကူရာမဲ့စွာ လက်ကို ဝှေ့ယမ်းပြလိုက်ရသည်။
“ကောင်းပြီ၊ ကောင်းပြီ၊ ငါ ဒါကို သိပြီ”
ချန်ကျားယန်သည်က လင်းကျန်းအန်းကို ပထမဆုံး တွေ့ခဲ့သည်ဖြစ်၍ သူ့ထံသို့ နှစ်သိမ့်အားပေးစကားပြောရန် မုချ သွားလည်ရပေလိမ့်မည်။
ထိုအကြောင်းကို တွေးကာ အဘွားလင်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ လင်းမိသားစုအား ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ချန်ကျစ်ချင်းက လူကို အရင်ဆုံး တွေ့ခဲ့တာ၊ အခုလည်း သူ ဒဏ်ရာရနေတုန်းပဲ၊ ရန်ရန်နဲ့ ငါ လက်ဗလာနဲ့ သွားလို့ မဖြစ်ဘူး၊ ဒါကြောင့် နောက်ကျရင် ချန်ကျစ်ရှင်းကို သွားတွေ့ဖို့ ပစ္စည်းတချို့ ယူသွားမလို့၊ ဒါက မင်းတို့ကို အသိပေးတာပဲ”
အကြီးဆုံးသား လင်းကျန်းဖင်းနှင့် ဇနီးဖြစ်သူအနေဖြင့် ဤကိစ္စအပေါ် ကန့်ကွက်ရန်အကြောင်းမရှိပေ။
အဘွားလင်း၏ လက်ထဲမှ ပစ္စည်းအများစုသည်လည်း လင်းရန်မှ ပြန်သယ်ယူလာခြင်းဖြစ်သည်။
ထို့အပြင် ချန်ပညာတတ်လူငယ်က ဒဏ်ရာရထားသည်ဖြစ်၍ စိတ်ခံစားမှုအရသော်လည်းကောင်း၊
ဆင်ခြင်တုံတရားအရသော်လည်းကောင်း တစ်စုံတစ်ခု ယူသွားရပေလိမ့်မည်။
တတိယမြောက်သားနှင့် သူ့၏ဇနီးမှာလည်းယူသွားမည့် ပစ္စည်းများအတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း ဤသည်မှာ အရေးကြီးသည့် ကိစ္စဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိကြသည်။
“ရတယ်၊ အမေ၊ ယူသွားလို့ရပါတယ်၊ဘာပဲဖြစ်ဖြစ်လက်ဗလာနဲ့ သွားတာကတော့ ဘယ်ကောင်းပါ့မလဲ”
တတိယမြောက်သား လင်းကျန်းရှီက အထက်ပါအတိုင်း အလျင်အမြန်ပြောလိုက်သည်။
အဘွားလင်းက ဤမေးခွန်းကို သူတို့အား အသိပေးရန်အတွက်သာ မေးခဲ့ခြင်းဖြစ်သည်။ သူ့တို့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သူမ၏လုပ်ပိုင်ခွင့်မှာ ယိမ်းယိုင်သွားမည်မဟုတ်ပေ။
ထို့ကြောင့် သူတို့နှင့် စကားပြောပြီးသည့်အခါတွင် သူမက ပစ္စည်းများအား ထုပ်ပိုးရန်
အနောက်ခန်းသို့ ပြန်သွားသည်။
သူတို့ မည်သို့မျှမဖြစ်သည်ကို တွေ့သည်အခါအခြားသူများကလည်း ဆက်လက်၍ အလုပ်လုပ်နေကြသည်။ လင်းရန်သည်ကား ယခုလေးတင် ဖြစ်ပျက်ခဲ့သည်ကို တွေးမိသည့်အခါ သက်ပြင်းချမိသည်။
ချန်ကျားယန်ကို သူမအနေဖြင့် လုံးလုံးလျားလျား
ရှောင်ရှားခဲ့သော်ငြားလည်း မမျှော်လင့်ထားဘဲ နောက်ဆုံး၌ သူ့အား မရှောင်နိုင်သည့်အပြင် ကျေးဇူးတင်ရန်ပင် ဖြစ်လာခဲ့သည်။
တွေးလိုက်သည်နှင့် အမှန်တကယ်ပင် လင်းရန်တစ်ယောက် စိတ်ထဲ၌
မပျော်မရွှင် ဖြစ်မိရသည်။
မကြာမီအချိန်တွင် အဘွားလင်းသည်ကား ပစ္စည်းများနှင့်အတူ အပြင်သို့ထွက်လာသည်။
ကျေးလက်ဒေသများတွင် များသောအားဖြင့် ကျေးဇူးတင်သည်ကို ကြက်ဥ သို့မဟုတ် ဟင်းသီးဟင်းရွက်များ ပေးကာ ပြလေ့ရှိသည်။
သို့သော် ယခုအချိန်တွင် ချန်ကျားယန်က ဒဏ်ရာရထားပြီး လမ်းလျှောက်နိုင်မည်မဟုတ်၍ ဟင်းသီးဟင်းရွက်နှင့် ကြက်ဥကဲ့သို့သော လက်ဆောင်များကို ပေးရန် အဆင်ပြေမည်ဟုတ်ပေ။
နောက်ဆုံး၌ သစ်သီးချိုချဉ်တစ်ထုပ်နှင့် သကြားညိုတစ်ထုပ်ကို ရခဲ့သည်။ ထိုအရာများသည်ကား နှိုင်းယှဉ်ချက်အရ မြင့်မားသည့် လက်ဆောင်များဟု သတ်မှတ်နိုင်သည်။
တောင်ပေါ်တက်ကာ လူရှာသည်ကို ကူညီခဲ့သည့် အခြားရွာသားများအတွက်မူ အိမ်၌ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်အချို့ ပို့ပေးလိုက်လျှင် လုံလောက်ပြီဖြစ်သည်။
ကျေးလက်ဒေသတွင် ဟင်းသီးဟင်းရွက်များသည်က တန်ဖိုးမရှိသော်လည်း အဓိပ္ပာယ်တစ်စုံတရာနေဆဲပင်ဖြစ်ပေသည်။
ပစ္စည်းများ အဆင်သင့်ဖြစ်သည့်အခါတွင် အဘွားလင်းမှ လင်းရန်ကို ခေါ်ကာ ပညာသင်လူငယ်၏ နေရာသို့ အလျင်အမြန်သွားခဲ့ကြသည်။
အဘွားလင်းက ချန်ကျားယန်၏ ဒဏ်ရာအကြောင်း တွေးနေသည်ဖြစ်၍ သူမ၏ မြေးမလေးထံမှ ဆန့်ကျင်ချင်နေသည့် မျက်နှာ အမူအရာကို သတိမထားမိပေ။
နောက်ဆုံး၌ နှစ်ယောက်သား ပညာသင်လူငယ်များ၏ နေရာသို့ ရောက်လာကြသည်။
ပညာသင်လူငယ်နေရာမှ ပညာသင်လူငယ်များ အားလုံးက အလုပ်သွားကြသည်ဖြစ်၍ တံခါးဝ၌
မည်သူ့ကိုမှ မတွေ့ရပေ။
အဘွားလင်းက ယောက်ျားလေးဆောင် တံခါးဝကို လှမ်းအော်လိုက်သည်။
“ချန်ကျစ်ချင်း၊ ရှိလား။”
ယောက်ျားလေးဆောင်အတွင်း၌ ချန်ကျားယန်တစ်ယောက် ငြီးငွေ့စွာ လဲလျောင်းနေခဲ့သည်။
ခေါင်းပေါ်မှ ဟောင်းနွမ်းနေသည့် အမိုးကို ကြည့်ရင်း သူ၏စိတ်ထဲတွင် စိုးရိမ်ပူပန်နေသည်။
ထိုစဉ်အချိန်တုန်းကက စုန့်ရှီးယန်မှ လင်းကျန်းအန်းကို ကျောပိုးကာ ရှေ့မှ လျှောက်သွားခဲ့သည့်အတွက် သူ နောက်ဘက်တွင် ကျန်ရစ်ခဲ့ရသည်။
နောက်ပိုင်းတွင် အခြားသူများက သူ့အား မြင်ပြီး တောင်အောက်သို့ ခေါ်သွားပေးခဲ့ကြသည်။ သူ့အနေဖြင့် လင်ကျန်းအန်းအား ပထမဆုံး တွေ့ခဲ့ပါသည်ဟု လူတိုင်းကို လိမ္မာပါးနပ်စွာ ရှင်းပြခဲ့သည်။
သို့သော် ဤသတင်းက လင်းမိသားစု၊ အထူးသဖြင့် လင်းရန်၏ နားထဲသို့ ရောက်သွားသည်လားဆိုသည်ကိုမူ မည်သူမှ မသိနိုင်ပေ။
အထူးသဖြင့် စုန့်ရှီးယန်သည်က တောင်ပေါ်၌ သူ၏ရည်ရွယ်ချက်များကို မြင်ခဲ့ပုံရသည်။ ထို့ကြောင့် စုန့်ရှီးယန်မှ လင်းမိသားစုရှေ့၌ သူ၏မကောင်းကြောင်းပြောရန် အလားအလာ များစွာရှိပြီး လင်းမိသားစုကလည်း သူ့အား မယုံကြည်တော့မည်ကို စိုးရိမ်မိသည်။
ထိုအကြောင်းတွေးမိသည့်အခါ ချန်ကျားယန် စိတ်မငြိမ်နိုင်တော့ပေ။
သူ၏ခြေထောက်များသာ
မနာကျင်ပါက လင်းမိသားစုဆီ တန်းပြေးသွားကာ ထိုအကြောင်းကို ပြောပြလိုက်ချင်နေခဲ့သည်။
ကံကောင်းစွာပင် ထိုအချိန်၌ အဘွားလင်းမှ သူ့အားခေါ်နေသည်ကို ရုတ်တရက် ကြားလိုက်ရသည်။
ချန်ကျားယန်၏ မျက်လုံးများက ရုတ်တရက် လင်းလက်သွားကာ နာကျင်သည့် အမူအရာကို လျင်မြန်စွာ ပြောင်းလဲလိုက်လေသည်။
“ကျွန်တော် အထဲမှာရှိပါတယ်”
အထဲမှ ထွက်လာသော အားအင်ချိနဲ့သည့် အသံကို ကြားလိုက်ရသည့်အခါ အဘွားလင်းက ချန်ကျားယန်၏ ဒဏ်ရာသည် အမှန်တကယ်ပြင်းထန်သည်ဟု ထင်မှတ်ကာ ထိတ်လန့်သွားသည်။
“ချန်ကျစ်ချင်း၊ အဘွားက ကျန်းအန်းရဲ့ အမေပါ ၊တောင်ပေါ်ကို တက်ရင်း မင်း ဒဏ်ရာရတယ်လို့ ကြားလို့ မင်းကို လာကြည့်တာပါ၊ အခု ဝင်လာခဲ့လို့ရမလား”
အဘွားလင်းက ချန်ကျားယန်ကို ထိုသို့ပြောကာ သူ၏ခွင့်ပြုချက်ကို တောင်းခံလိုက်သည်။
ချန်ကျားယန်သည်ကား လင်းမိသားစုအား သူ၏ လက်ရှိအခြေအနေကို အလွန်အမင်းပင်လာ၍ ကြည့်စေချင်သည့်အတွက်ကြောင့် အလျင်အမြန်ပြောလိုက်လေသည်။
“တောင်းပန်ပါတယ် အဘွား၊ ကျွန်တော့်ခြေထောက်တွေက တကယ်ပဲ အဆင်မပြေလို့ အဘွား ကိုယ်တိုင် ဝင်လာရလို့ စိတ်မကောင်းပါဘူး”
“ဘယ်ကလာ၊ ဘယ်ကလာ.. ဒါက ဖြစ်သင့်တာပဲ”
ထိုသို့ပြောကာ အဘွားလင်းက သကြားလုံးများကို ယူကာ အိမ်ထဲသို့ ဝင်သွားသည်။
*