← Chapters

အခန်း (၁၁၂)

Vol. 12 Ch. 112

အခန်း (၁၁၂)

Vol. 12 Ch. 112

စုန့်ရှီးယန်ဖက်တွင်တော့ သူ၏ ပစ္စည်းများပေးသည့်ကိစ္စက အောင်မြင်သွားပြီဟု တွေးတောပြီး ဂုဏ်ယူနေခဲ့လေသည်။

လင်းရန်၏ ပုံစံကို ကြည့်ရသည်မှာ ဤလက်ဆောင်ကို ကျေနပ်နေပုံပေါ်သည်။ ဤသို့ဆိုလျှင်

ကျန်သည့်ပစ္စည်းများကိုလည်း သူမ စိတ်ကျေနပ်ပေလိမ့်မည်။

သူ့ဆီမှာ ချစ်သူရည်းစားမျိုးမရှိခဲ့ဖူးပေမဲ့လည်း ဒီလိုကိစ္စမျိုးတွေမှာတော့ တော်တဲ့ပုံရတယ်။

တခြားသူတွေ ပြောနေကြသလိုမျိုး အေးစက်တဲ့ ကျောက်တုံး ဒါမှမဟုတ် သစ်တုံးတစ်တုံးလိုမျိုး တုံးနေထဲထဲနေတာမျိုး မဟုတ်ဘူး။

ကြည့်လိုက်လေ။ သူ ဖွင့်မပြောဘဲ ဒီလိုမျိုးအစပျိုးပြီး ပေးရမယ်ဆိုတာကိုတောင် သိထားတယ်။

လင်းရန်သည်ကား မကြာမီအချိန်အတွင်း သူ့အား ပထမဆုံးအကြိမ် ချစ်မိသွားတော့မည်ဖြစ်ကာ သူတို့နှစ်ဦးသား ချစ်ကြိုက်ပြီး တစ်သက်တာလုံး အတူ နေထိုင်ကြရ‌တော့မည်ဟု တွေးမိသည့်အချိန်တွင် စုန့်ရှီးယန်တစ်ယောက် သူ၏ရှေ့မှ သာမန်ရှုခင်းများပင် ပို၍လှလာသည်ဟု ခံစားလိုက်ရသည်။

ဤသို့ဆိုလျှင် နောက်တစ်ကြိမ်တွင်

လင်းရန်အား မည်သည့်ပစ္စည်းကိုပေးရမည်နည်း။

စုန့်ရှီးယန်က သူ၏မေးစေ့ကို ပွတ်သပ်ပြီး ဤသည်ကို သေသေချာချာ စဉ်းစားသင့်သည်ဟု ခံစားနေမိသည်။

နောက်တစ်နေ့။

ယမန်နေ့က လင်ကျန်းအန်းထံမှ လေးယောက်မြောက်သမီး(လင်းကျန်းဖူ)၏အကြောင်းကို ကြားပြီးသည့်နောက် အဘွားလင်းတစ်ယောက် တစ်ညလုံး ကောင်းကောင်း မအိပ်စက်နိုင်ခဲ့ဘဲ မနက်စောစောထကာ အိမ်မှ ပစ္စည်းအချို့ ထုပ်ပိုးခဲ့သည်။

အခြားပစ္စည်းများ မဟုတ်ပေ။ သူမက လင်းကျန်းဖူ အိမ်၌ တစ်ယောက်တည်းဖြစ်နေကာ စားသောက်ရန်အတွက် အဆင်မပြေမည်ကို စိုးရိမ်သည့်အတွက် တစ်ခုခု ယူသွားပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဤမနက်၌ စောစောထသည့် တခြားတစ်ဦး ရှိသေးပြီး ထိုသူမှာ လင်းကျန်းအန်းပင်ဖြစ်ပေသည်။

ယမန်နေ့က မြို့ဆေးရုံသို့ သွားသည်တွင် သူလိုချင်သည့် ရလဒ်ကို မရခဲ့သောကြောင့် ယနေ့တွင် သူ ခရိုင်မြို့သို့ တိုက်ရိုက် သွားရန် ဆုံးဖြတ်လိုက်သည်။ ယခု စောစောသွားလျှင် ညမမှောင်မီ အိမ်သို့ ပြန်ရောက်နိုင်သေးသည်။ အကယ်၍ ခရိုင်မြို့ဆေးရုံမှ

ပေးသည့် ဈေးနှုန်းကလည်း မမြင့်သေးလျှင် နောက်တစ်ရက်တွင် မြို့ကြီးသို့သွားရောက်၍ မေးမြန်းရပေဦးမည်။

သို့သော် မြို့ကြီးသို့ သွားမည်ဆိုပါက တပ်မဟာခေါင်းဆောင်ကို လက်မှတ် ထုတ်ခိုင်းရဦးမည်ဖြစ်၍ တပ်မဟာကို ပြန်သွားရပေမည်။

လင်းရန်တစ်ယောက် မနက်စာထမင်းစားရန် ထလိုက်သည့်အခိုက်တွင် သူမ၏အဖေဖြစ်သူမရှိသည်ကို  တွေ့လိုက်ရသည်။

သူမ အဘွားလင်းအား  မေးကြည့်သည့်အခါတွင် အဘွားလင်းက  ထိုအကြောင်း ပြောပြခဲ့လေသည်။

လင်းရန်မှ “အိုး” ဟုသာ ပြောလိုက်ပြီး သူမ၏ အဖေသည်ကား အလွန်ကြိုးစားသည်ဟု တွေးမိခဲ့သည်။

သူသည်ကား တစ်ရက်မျှပင်  မစောင့်နိုင်ဘဲ ခရိုင်မြို့သို့ တိုက်ရိုက် သွားခဲ့ပေပြီ။

သို့သော် သူမ၏အဖေ ဤကဲ့သို့ ကြိုးစားနေသည့်အတွက် လင်းရန်သည်လည်း အနည်းငယ် ဖိအားများသလို ခံစားနေမိသည်။

ကံအားလျော်စွာပင် မနေ့ကတည်းကပင် မွေးနေ့ပွဲအတွက် ဟင်းလျာများကို လင်းရန်  စဉ်းစားခဲ့ပြီးဖြစ်ချေသည်။ အမှန်အတိုင်း‌ပြောရလျှင်

နောင်လာမည့်‌ခေတ်တွင် သူမအ‌နေဖြင့် ဤမျှလောက် ဒုက္ခခံကာ  မည်သို့လုပ်ရမည်ကို စဉ်းစားရန်မလိုအပ်ပေ။

အသက်ရှည်ရန်နှင့် ကျန်းမာခြင်းကို အထောက်အကူပြုသော  အရသာရှိသည့် ဟင်းလျာများအား ပြင်ဆင်လိုက်ရုံပင်ဖြစ်သည်။

သို့သော် ဤခေတ်တွင်မူကား ဟင်းလျာအတွက် ချက်ပြုတ်ရန် ပစ္စည်းများစွာ မရနိုင်သည့်အတွက်‌ကြောင့်  ဟင်းလျာများကို မည်ကဲ့သို့ချက်ရမည်ကို  သူမ သိရှိထားသော်ငြားလည်း ချက်ပြုတ်၍ မရပေ။

ထို့ကြောင့် ဤခေတ်တွင် စုဆောင်းရပို၍ လွယ်ကူသည့် ပါဝင်ပစ္စည်းများကိုသာ  အတတ်နိုင်ဆုံး ရွေးချယ်ကာ ချက်ပြုတ်ရပေတော့မည်။

ကံအားလျော်စွာပင် နောက်ဆုံး၌ ဟင်းလျာတစ်ပွဲစာလုံးကို စုစည်းတွေးတောနိုင်ခဲ့သည်။ ထို့နောက်တွင် ကွန်မြူနတီသို့ သွားကာ ချန်ဝမ်ဆီတွင် ဟင်းလျာများနှင့် ပတ်သက်ပြီး သူ၏ အမြင်ကို မေးကြည့်ရပေတော့မည်။

လင်းရန်က ပုံမှန်အတိုင်း ၁၀ နာရီနီးပါးခန့်မှသာ ကွန်မြူနတီသို့ သွားရန် စီစဉ်ထားသော်လည်း

အဘွားလင်းမှာ အိမ်၌ စိတ်မငြိမ်မသက် ဖြစ်နေသည်ကို မြင်ရသည့်အတွက် ယနေ့တွင် စောစောသွားရန် လင်းရန် ဆုံးဖြတ်လိုက်သည်။

အနည်းဆုံး စားဖိုဆောင်သို့  သွားကာ အလုပ်ရှုပ်နေလျှင် သူမအနေဖြင့် ဤအကြောင်းများကို စိတ်ထဲ၌ စဉ်းစားရန် အချိန်ရှိတော့မည်မဟုတ်ပေ။

“အဘွား၊ ကျွန်မတို့ ကွန်မြူနတီကို အခုသွားကြရအောင်”

အဘွားလင်းသည်လည်း ဤစကားကြားသည့်အချိန်တွင် မတွန့်ဆုတ်နေခဲ့ဘဲ သူမ၏အထုပ်အပိုးများ

ကောက်ယူကာ လင်းရန်နှင့်အတူ ထွက်လာခဲ့လိုက်သည်။ 

သူတို့ ထွက်သွားသည်ကို မြင်လျှင် စုန့်ရှီးယန်က လင်းမိသားစု၏ အိမ်တံခါးဝ၌ တစ်ယောက်တည်း ရပ်နေခဲ့ပြီး အစွန့်ပစ်ခံ ခွေးလေးတစ်ကောင်ကဲ့သို့ ကြည့်နေခဲ့လေသည်။

ဤသည်ကိုမြင်လိုက်ရလျှင်  လင်းရန်အား ဒေါသလည်း ထွက်ရခက်၊ ရယ်လည်း ရယ်ရခက်  ဖြစ်စေခဲ့သည်။

ထိုသူ အဘယ်ကြောင့်  ဤသို့ ပြုမူနေသနည်း။

မသိသူတစ်ယောက်ယောက်မြင်လျှင် သူမတို့ မြေးအဘွားနှစ်ယောက်က သူ့အား တစ်ခုခု လုပ်ခဲ့သကဲ့သို့ပင်ထင်မြင်သွားနိုင်ပေလိမ့်မည်။

သို့သော် ယမန်နေ့က ဖြစ်ခဲ့သည့် ကိစ္စများကို တွေးမိလျှင် သူမ ရှက်နေဆဲပင်ဖြစ်လေ၏။ ထို့ကြောင့် စုန့်ရှီးယန်နှင့် စကားမပြောရန် ဆုံးဖြတ်ထားပြီး သူမည်မျှကြည့်နေပါစေ သရှိသကဲ့သို့  သဘောထားလိုက်သည်။

အဘွားလင်းမှာမူ  သူမ၏သမီးအား စိတ်ပူနေသည့်အတွက်ကြောင့် စုန့်ရှီးယန်အား သတိမထားလိုက်မိပေ။

မကြာမီ၌ လင်းရန်တို့ မြေးအဘွားနှစ်ဦး ကွန်မြူနတီစားဖို‌ဆောင်သို့

ရောက်လာကြသည်။

ကွန်မြူနတီခေါင်းဆောင်များက လင်းရန် ယနေ့ စောစောရောက်လာသည်ကို မြင်သည့်အခါ ရယ်မောကြလေသည်။

“ဟေ့၊ ရဲဘော်ရှောင်လင်း၊ ဒီနေ့ ဘာလို့ ဒီလောက် စောစောရောက်လာတာလဲ၊ ငါတို့ကို ဒီနေ့လည်စာအတွက် အရသာရှိတာတွေ  ချက်ကျွေးမလို့လား”

သူတို့က ဤအကြောင်းကို တွေးမိသည့်အခိုက်တွင် မသိစိတ်မှတံတွေးများ မျိုချမိကြသည်။

နေ့လည်စာစားချိန် မရောက်သေးသော်လည်း လင်းရန်ချက်သည့် ဟင်းများအကြောင်းကို တွေးလိုက်သည်နှင့် ပါးစပ်မှ တံတွေးကျသည်ကို  ရပ်တန့်၍ မရတော့ပေ!

လင်းရန်က ထိုစကားကြားသည့်အခါတွင် စိတ်ပျက်သကဲ့သို့ ဟန်ဆောင်ပြီး ခေါင်းဆောင်များကို ကြည့်လိုက်သည်။

“ဒါဆို ကျွန်မ ပုံမှန် ချက်တဲ့ ဟင်းတွေက အရသာမရှိဘူးပေါ့ ဟုတ်လား”

“ရှိတာပေါ့!”

ထိုစကား အမြန်ပြောလာခဲ့ပြောသည့် ခေါင်းဆောင်ကပင် သူ၏ လက်ကို ဝှေ့မ်းပြလိုက်လေသည်။

သူက လင်းရန် အမှန်တကယ်ပင်

စိတ်မကောင်းဖြစ်ကာ ပုံမှန်ဟင်းများကိုပင် သူတို့အတွက် မချက်ပေးတော့မည်ကို  စိုးရိမ်နေခဲ့သည်။

“ငါတို့တွေက မင်း ချက်တာကို အရမ်းကြိုက်ကြတယ်ဆိုတာ သိတယ်မလား၊ ဒါ့အပြင် မင်းက ပုံမှန်ဆိုရင် ၁၀ နာရီကျော်မှ လာတာတောင် ဟင်းတွေကို ဒီလောက် အရသာရှိအောင် ချက်နိုင်တာ၊ ဒီနေ့ ဒီလောက် စောစောလာတာဆိုတော့ အချိန်အလုံအလောက်ရပြီး ပိုကောင်းတဲ့ အစားအစာတွေ သေချာပေါက် ချက်နိုင်မှာပဲလို့ တွေးမိလို့လေ.. ဟဲဟဲ”

လင်းရန်အတွက်တော့ဤသို့ ကြားရသည်မှာ  ပျော်စရာကောင်းသည်ဟု ထင်မိသည်။ အနည်းဆုံး သူမ၏ ဟင်းချက်အတတ်ပညာကို သူတို့က အသိအမှတ်ပြုထားပြီ မဟုတ်ပါလား။

သို့သော် ၀မ်းနည်းဖွယ်ကောင်းသည်မှာ ယနေ့ လင်းရန် ဤကဲ့သို့ စောစောလာသည်မှာ အဘွားလင်းအား စိတ်သက်သာရာ ရစေရန်သာ ဖြစ်ချေသည်။ သို့သော် ဤအကြောင်းကိုသူတို့အား  ပြော၍ မရပေ။

ထို့ကြောင့် လင်းရန် သူတို့အား ပြောလိုက်သည်။

“ကျွန်မ မီးဖိုချောင်ကို သွားပြီး ဒီနေ့ ဘယ်လိုဟင်းချက်စရာတွေ ပို့ထားလဲဆိုတာ ကြည့်လိုက်ပါဦးမယ်၊ သင့်တော်တာတွေ ရှိရင် ဦးလေးတို့အတွက် ဟင်းလျာအသစ်တွေ ချက်ပေးပါ့မယ်”

ထိုသို့ ပြောပြီးသည်နှင့် သူမ၏ရှေ့မှ

ခေါင်းဆောင်များက အံ့သြ၀မ်းသာသည့် အမူအရာများကို ဖော်ပြလာခဲ့ကြလေ၏။ သူတို့ စကားထပ်မဆိုမီမှာပင် လင်းရန်က တွန့်ဆုတ်ဆုတ်နှင့် ထပ်၍ပြောလိုက်သည်။

“ဒါနဲ့ ကျွန်မရဲ့ အဘွားကို ဒီနေ့ ကျွန်မကို လာကူညီဖို့ ခွင့်ပြုပေးနိုင်မလား၊နေ့လည်ကျရင် မြို့ကိုအတူ သွားရမှာဖြစ်လို့ ကျွန်မ အခုမနက်ကတည်းက အဘွားကို ခေါ်လာခဲ့တာ”

“ရတာပေါ့၊ ဘာပြဿနာမှ မရှိပါဘူး! မင်းတို့ နှစ်ယောက် နေ့လည်စာ ပြန်မစားဘူးဆိုရင် ထမင်းပိုချက်ပြီးတော့ ဒီစားသောက်ဆောင်မှာပဲ အတူတူ စားကြလေ!”

အခြားသူများ၏ တညီတညွတ်တည်း အတည်ပြုချက် ရခဲ့သည်ဖြစ်၍ လင်းရန်လည်း ငြင်းဆန်ခဲ့ခြင်း မရှိခဲ့တော့ပေ။

မည်သို့ပင်ဖြစ်စေ ဤကွန်မြူနတီမှ အစားအသောက်များ၏ အခြေအနေမှာ အတော်ပင်ပြည့်စုံသည်။ တခြားနေရာများကဲ့သို့ လူတစ်ယောက်လျှင် အစားအစာ တစ်နပ်စာသာ

ပေးသည်မျိုး မဟုတ်ပေ။

ထို့အပြင် သူမနှင့် အဘွားလင်းသည်လည်း များစွာ စားနိုင်သည် မဟုတ်ပါချေ။

အဘွားလင်းက ကွန်မြူနတီခေါင်းဆောင်များမှာ

ဤမျှလောက် စကားပြောရ လွယ်ကူလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူမက အံ့သြတကြီးနှင့် ရပ်နေခဲ့မိသည်။ လင်းရန်က သူမကို လှမ်း ခေါ်လိုက်တော့မှသာ သူမ သတိဝင်လာပြီး လင်းရန်၏နောက်သို့ အလျင်အမြန် လိုက်သွားကာ ကွန်မြူနတီစားဖိုဆောင်သို့ သွားခဲ့သည်။

မီးဖိုချောင်ကို ရောက်သည့်အခါ၌ အဘွားလင်းက သူတို့မြေးအဘွား နှစ်ယောက်တည်းသာ ရှိသည်ကို

မြင်ရသည့်အတွက် မအောင့်အည်းနိုင်ဘဲ အသံတိုးတိုးနှင့် မေးလိုက်သည်။

“ရန်ရန်၊ ဒီခေါင်းဆောင်တွေက ဒီလောက်တောင် ပြောဆိုရတာ  အဆင်ပြေတာလား”

အဘွားလင်းသည်ကား ဤကွန်မြူနတီခေါင်းဆောင်များမှာ အလွန်မောက်မာကာ အဆင်ပြေမည်မဟုတ် ဟုထင်ထားခဲ့သည်။

လင်းရန်က အဘွားဖြစ်သူ၏ ထိုစကားကြားသည့်အခိုက်တွင် ပြုံးလိုက်မိလေသည်။

“အဘွား၊ သူတို့လည်း လူတွေပါပဲ၊ နောက်ပြီး သူတို့က လူဆိုးတွေမှ မဟုတ်တာ၊ ဘာလို့  အဆင်မပြေရမှာလဲ?”

မှန်ပေသည်။  စကားအပြောအဆိုကောင်းမွန်မှုအတွက်အရေးကြီးဆုံးမှာကား ဤကွန်မြူနတီရှိ ခေါင်းဆောင်များသည်က လောဘကြီးသည့် ကြောင်များကဲ့သို့ဖြစ်နေ၍သာ ဖြစ်ပေသည်။

လင်းရန်ချက်သည့် အစားအစာများကို စားပြီးသည့်နောက်တွင် သူတို့ကမည်သို့များ သူမကို ကောင်းမွန်စွာ မဆက်ဆံဘဲ နေနိုင်မည်နည်း။

သူတို့၏အနာဂတ်တွင် သူတို့ကိုယ်တိုင်ချက်သည့် အစားအစာများကို မစားရဆော့မည်ကို မကြောက်လျှင်တော့ ဖြစ်နိုင်ပေလိမ့်မည်။

အဘွားလင်းသည်ကား ဤသည်ကို မသိပေ။

သို့သော် သူမ၏မြေးမလေးမျက်နှာအမူအရာက ထိုစကားကို ပြောသည့်အချိန်တွင် ပေါ့ပါးနေသည်ကို

မြင်သည့်အတွက် လင်းရန်က သူတို့နှင့် ဤကဲသို့ပင် အချိန်အတော်ကြာ ပြောဆိုဆက်ဆံခဲ့သည်မှာ ထင်ရှားသောကြောင့် အဘွားလင်း

စိတ်ချမ်းသာသွားသည်။

“ကောင်းပြီ၊ သမီး ဒီမှာ အဆင်ပြေပြေနှင့် လုပ်နိုင်ရင် အဘွား စိတ်အေးရပြီ”

“သမီးရဲ့ ဒေါ်လေးက  တကယ်ပဲ ကောင်းမွန်တဲ့အရာကို မတော်တဆ တွေ့ခဲ့ပုံရတယ်၊ မဟုတ်ရင် အဘွားတို့ ဒီလို သင့်တော်တဲ့ နေရာနဲ့ လူတွေကို တွေ့ရမှာ မဟုတ်ဘူး!”

လင်းကျန်းဖူအကြောင်း ပြောလိုက်သည့်အခါ  အဘွားလင်းသည်ကာ့ မတိုင်ခင်က အနည်းငယ် စိတ်သက်သာနေရာမှ ယခု ပြန်၍ စိတ်ဓာတ်ကျသွားခဲ့ပြန်သည်။

လင်းရန်လည်း ဤသည်ကို မြင်လျှင်

သူမအား ထပ်၍နှစ်သိမ့်ပေးရန်သာ တတ်နိုင်တော့သည်။

“ကိစ္စမရှိပါဘူး အဘွား၊ ခဏနေရင် သမီးတို့ ဒေါ်လေးကို သွားတွေ့နိုင်ပြီလေ၊ သမီးတို့ နှစ်ယောက် ရှိနေတယ်၊ ပြီးတော့ လင်းမိသားစုတစ်ခုလုံး ရှိနေတယ်ဆိုတော့ ဒေါ်လေး  တစ်ခုခု ဖြစ်လာရင်တောင် ကြောက်စရာ မလိုပါဘူး!”

သူမ ထိုသို့ ပြောသော်လည်း အဘွားလင်းက သက်ပြင်းချမိသည်။

“အင်း၊ သူမ အဆင်ပြေပါစေလို့ပဲ မျှော်လင့်ရတာပဲ”

*

All Chapters