← Chapters

အခန်း (၁၁၃)

Vol. 12 Ch. 113

အခန်း (၁၁၃)

Vol. 12 Ch. 113

အဘွားဖြစ်သူအား သူမကို ကူညီပေးရန် ပြောပြီးနောက်တွင် လင်းရန်က ယနေ့ ချက်ပြုတ်ရမည့် ဟင်းလျာပစ္စည်းများအား အဘွားလင်းအတွက် ရှာပေးပြီး သူမ ငြိမ်ငြိမ်သက်သက်ဖြင့် ဟင်းလျာများ ပြင်ဆင်နိုင်ရန်အတွက် ခုံပုလေးတစ်ခု ချပေးလိုက်သည်။

ထို့နောက် ချန်ဝမ်ကို ရှာရန်အတွက် မီးဖိုချောင်မှ  ထွက်သွားခဲ့လေသည်။

ကံကောင်းစွာပင်  ဤအချိန်၌ ချန်၀မ်သည်လည်း အလုပ်မများနေပေ။

လင်းရန်က ရုံးခန်းအပြင်တွင် ရပ်ကာ သူ့အား လှမ်းကြည့်နေသည်ကို ချန်၀မ် မြင်သည့်အချိန်တွင် သူလည်း  ဆင်ခြေတစ်ခု ပေးကာ

အခြားသူများအား အနှောင့်အယှက် မပေးဘဲ ထွက်လာခဲ့သည်။

အပြင်ရောက်သည့်အခါ သူနှင့် လင်းရန်တို့ ဘေး‌လျှောက်လမ်းဆီသို့ သွားခဲ့ကြလေသည်။

“ဘာဖြစ်လို့လဲ ရဲဘော်ရှောင်လင်း?”

လင်းရန်မှ ရုတ်တရက် သူ၏ယောက္ခမ မွေးနေ့ပွဲသို့ မသွားနိုက်တော့ဟု စိတ်ပြောင်းသွားသည်များလား။ ထိုသို့တွေးမိသည့်အချိန်တွင် ချန်ဝမ်တစ်ယောက် ရုတ်တရက် စိုးရိမ်လာခဲ့သည်။

ကံကောင်းစွာပင်  လင်းရန်ပြောလိုသည့် ကိစ္စမှာ သူ တွေးထားသကဲ့သို့ မဟုတ်ဘဲ ဟင်းလျာများကို

သူနှင့်အတူ အတည်ပြုလိုခြင်းသာဖြစ်ပေသည်။

“...ဒီဟင်းတွေကို ဦးလေး ကြိုက်နှစ်သက်လောက်လား?”

သူမ ချက်ပြုတ်ရန် စီစဉ်ထားသည့် ဟင်းလျာများအကြောင်းအား ချန်ဝမ်ကို ပြောပြပြီးသည့်နောက်တွင် လင်းရန်က ချန်၀မ်၏ သဘောထားကို မေးလိုက်သည်။

လင်းရန်သည်ကား စုစုပေါင်း ဟင်းရှစ်မျိုး ပါ၀င်မည်ဟု ပြောခဲ့လေသည်။ နောင်လာမည့်ခေတ်ကို  ကြည့်မည်ဆိုလျှင် ဟင်းရှစ်မျိုးသည်ကား မွေးနေ့ပွဲအတွက် အလွန်ပင် နည်းပါးပြီး မကျေနပ်ဖွယ်ရာဖြစ်ပေလိမ့်မည်။

သို့သော် ဤခေတ်ကာလ၌ ဟင်းလျာပစ္စည်းများသည်က အကန့်အသတ်ရှိသည်ဖြစ်၍ ဟင်းလျာရှစ်မျိုးဆိုလျှင် လုံလောက်သင့်ပေသည်။ 

ချန်ဝမ်ကလည်း လင်းရန်၏ စီစဉ်မှုကို ကြားလိုက်သည့်အခါတွင် ချက်ချင်းပင် ကျေနပ်သည့် အမူအရာကို ပြလာခဲ့သည်။

“ကြိုက်တာပေါ့၊ ဒါ အရမ်းကောင်းတယ်!”

ဟင်းလျာရှစ်မျိုးသည်ကား နည်းလည်း မနည်း၊ များလည်း မများပေ။အဓိပ္ပာယ်အရလည်း ကောင်းသည်။

ထို့အပြင် လင်းရန် ပြောခဲ့သည့်

ဟင်းလျာများအတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများက တခြားပစ္စည်းများနှင့်နှိုင်းယှဉ်လျှင် ရရှိရန် ပို၍ လွယ်ကူသည်။

ချန်ဝမ်အနေဖြင့် မကျေနပ်ရန် အကြောင်းမရှိပေ။ သူမ ထိုဟင်းလျာများကို လုပ်၍ရသည်ကို မြင်သည့်အချိန်တွင် လင်းရန်လည်း စိတ်အေးသွားရသည်။

“ကောင်းပါ ပြီ၊ ဒါပေမဲ့ ဦးလေးချန်၊ ကြည့်ပါဦး၊  ဒီပစ္စည်းတွေကို ကိုယ်တိုင် ပြင်ဆင်လိုက်မလား၊ ဒါမှမဟုတ် ကျွန်မ ပြင်ဆင်ပေးရမလား?”

သေချာပေသည်။ သူမအား ပြင်ဆင်ခိုင်းမည်ဆိုလျှင် သူမအနေဖြင့် အခမဲ့ ပြင်ဆင်ပေးမည် မဟုတ်ပေ။ အချိန်တန်လျှင် ချန်ဝမ်ဆီမှ ပိုက်ဆံတောင်းရပေလိမ့်မည်။

ချန်ဝမ်က ထိုစကားကြားသည့်အခါတွင် ခေါင်းကုတ်လိုက်သည်။

“အင်း၊ ငါကလည်း အရင်က တစ်ခါမှ မချက်ဖူးဘူး၊ ဒီပစ္စည်းတွေကို ဘယ်နေရာကနေ ယူရင် ပစ္စည်းကောင်းတွေရနိုင်လောက်မလဲဆိုတာကိုလည်း မသိဘူး၊ ဒါကြောင့် မင်းပဲ ပြင်ဆင်ပေးပါလား၊ ပြီးသွာ့ရင် ငါ မင်းကို ပိုက်ဆံပေးပါ့မယ်”

“ကောင်းပါ ပြီ၊ ဒါဆို အဲဒီမနက်မှာပဲ ကျွန်မ ဦးလေးချန်ရဲ့ယောက္ခမအိမ်ကို ပစ္စည်းတွေ တိုက်ရိုက်ယူလာခဲ့ပေးမယ်”

ချန်ဝမ် ခေါင်းကို အပြင်းအထန်ပင် ညိတ်ပြလိုက်သည်။

“အဲဒီနေ့မနက် ရှစ်နာရီလောက်ကို မြို့အဝင်ဝမှာ ငါ မင်းကို စောင့်နေပါ့မယ်”

ရှစ်နာရီတွင်  မြို့ကိုရောက်မည်။ ရှစ်နာရီခွဲခန့်မှာ ဟင်းလျာအတွက် ပြင်ဆင်မှုများ စတင်မည်။

ဆယ့်နှစ်နာရီတွင် နေ့လည်စာစားမည်ဆိုလျှင် အချိန်က လုံးလုံးလျားလျား လုံလောက်ပေသည်။

လင်းရန်က ရှစ်နာရီ၌ တွေ့ရသည်မှာ အနည်းငယ် စောသည်ဟု ခံစားရသော်လည်း ထိုသူက အကြီးအကဲဖြစ်သည့်အတွက် ပြန်ပြောရန်လည်း ခက်သည်ဟု တွေးမိကာ  ထိုအတိုင်းပင် သဘောတူလိုက်ကြသည်။

နေ့လည်စာ အချိန်တွင် အဘွားလင်း၏ အကူအညီဖြင့် လင်းရန်က ဤတစ်နပ်စာအား သူမ

ကွန်မြူနတီစားသောက်ဆိုင်တွင် ချက်ပြုတ်ခဲ့ဖူးသမျှအထဲ၌ အလွယ်ကူဆုံး တစ်နပ်စာ ဖြစ်မည်ဟု

ခံစားလိုက်ရသည်။

ဟင်းလျာများကို မချက်ခင် ကြိုတင်ပြင်ဆင်ထားပြီး အစားအစာစားပြီးသည့်နောက်တွင်လည်း ပန်းကန်များကို ဆေးကြောပေးရန်

လူရှိနေသည်မှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်။

ထို့ကြောင့် ဤသည်မှာ ကွန်မြူနတီစားဖိုဆောင်၏ အရွယ်အစားကို ချဲ့ထွင်ရန်နှင့် ဟင်းသီးဟင်းရွက်လှီးသည့်သူများ၊ ပန်းကန်ဆေးသည့်သူများကို ရှာရန် သူမ၏ ဆုံးဖြတ်ချက်ကို ပို၍ ခိုင်မာစေခဲ့သည်။

စားဖိုဆောင်မှ အရာအားလုံးကို ရှင်းလင်းပြီးသည့်နောက်တွင် လင်းရန်နှင့် အဘွားလင်းတို့လည်း လက်များကို သုတ်ကာ မြို့ကို အလျင်အမြန် ထွက်ခဲ့ကြသည်။

ညနေစောင်း ၁ နာရီကျော်မျှသာ ရှိသေးသော်လည်း အဘွားလင်းက အလွန်စိုးရိမ်ပူပန်နေသည့်အတွက် လမ်းလျှောက်မြန်နေခဲ့သည်။

ထို့ကြောင့် သူတို့ မြို့ကို ရောက်သည့်အချိန်တွင် နှစ်နာရီမျှသာ ရှိသေးသည်။

မြို့ကိုရောက်သည့်အချိန်တွင် အဘွားလင်းက လင်းရန်ကို စျေးကွက်ရှာဖွေရေးနှင့် သမဝါယမသို့ တိုက်ရိုက်ခေါ်သွားခဲ့သည်။

သို့သော် ယနေ့တာဝန်ကျသည့် အရောင်းစာရေးမှာ လင်းကျန်းဖူ မဟုတ်နေခဲ့ပေ။ ဤသည်ကို မြင်လျှင် အဘွားလင်းက အနောက်သို့ ပြန်လှည့်ကာ လင်းရန်ကို လင်းကျန်းဖူ၏ အိမ်သို့ခေါ်သွားခဲ့သည်။

လင်းကျန်းဖူ ယခုနေထိုင်သည့်နေရာမှာ သူမ၏ ခင်ပွန်း လော်ပင်း၏ မိဘများပိုင်သည့် အိမ်ထဲမှ တစ်လုံးဖြစ်ပေသည်။

လော်ပင်း၏ မိဘများသည်ကား မြို့ခံများဖြစ်ကာ အိမ်ထောင်မပြုမီကတည်းက အိမ်ရာခွဲတမ်းများ ရရှိခဲ့ကြသည်။

နောက်ပိုင်း၌ သူတို့ဇနီးမောင်နှံသည်လည်း အရည်အချင်းရှိသည့်အတွက် အိမ်နှစ်လုံးကို တိုက်ရိုက် ပြင်ဆင်ခဲ့ကြသည်။

အိမ်ပုံစံမှာ သာမန် ကိုယ်တိုင်ဆောက်ထားသည့် အိမ်များနှင့် ဆင်တူနေသော်လည်း အုတ်နီခဲ၊ ဘိဘိလပ်မြေကြမ်းခင်းများဖြစ်ပြီး မြို့ပြအိမ်များဖြစ်သည့်အတွက်  ကျေးလက်ဒေသမှ အိမ်များထက် အရည်အသွေး ပို၍မြင့်မားသည်မှာ အသေအချာပင်ဖြစ်ချေသည်။

လော်ပင်းနှင့် လင်းကျန်းဖူတို့ လက်ထပ်စဉ်က ဇနီးမောင်နှံနှစ်ဦးမှာ ဆက်ဆံရေး အလွန်ကောင်းခဲ့ကြသည်။‌ လော်ပင်းကလည်း သူ၏ဇနီးမှာ သူ၏မိဘများနှင့် အတူနေလျှင် ပြဿနာဖြစ်မည်ကို စိုးရိမ်

သည့်အတွက်ကြောင့် လင်းကျန်းဖူကို တခြားအိမ်တစ်လုံး၌ နေထိုင်ရန် သူကိုယ်တိုင်ပင် ခေါ်သွားခဲ့သည်။

ထိုအချိန်က  လော်ပင်း၏ လုပ်ရပ်သည်က လင်းမိသားစုအား အတော်ပင် ကျေနပ်စေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လော်ပင်းသည်က လင်းကျန်းဖူကို အမှန်တကယ်ကောင်းမွန်စွာ ဆက်ဆံသည်ဆိုသည့်အချက်ကို သွယ်ဝိုက်ကာ သက်သေပြနိုင်‌သောကြောင့်ပင်။

သို့မဟုတ်ပါက သူ ဤမျှလောက် လင်းကျန်းဖူအတွက် စဉ်းစားပေးခဲ့မည်မဟုတ်ပေ။

ဤခေတ်ကာလတွင် မည်သည့်မိသားစု၏ သားက အိမ်ထောင်ပြုပြီးသည်နှင့် သူ၏ဇနီးကို ခေါ်ပြီး မိဘများနှင့် ခွဲ၍နေရန် ကိုယ်တိုင် လုပ်ခဲ့မည်နည်း။

ဤကိစ္စကြောင့် လင်းမိသားစုက လော်ပင်းအား နှစ်ပေါင်းများစွာ စိတ်ကျေနပ်ခဲ့ကြပြီး ယဉ်ကျေးစွာ ဆက်ဆံခဲ့ကြသည်။

မိသားစုနှစ်စု ဤမျှလောက် နီးစပ်နေသည့်အချိန်တွင်ပင် ထိုသူက ရုံးပိတ်ရက်များတွင်သာ လင်းမိသားစုထံသို့  လာလည်ခဲ့ကိုပင်  လင်းမိသားစုက မည်သို့မှ မပြောခဲ့ကြပေ။

သို့သော် ထိုအရာများမှာ အတိတ်မှ ကိစ္စများသာဖြစ်ခဲ့ပေပြီ။ ဘဝတွင် အရေးအကြီးဆုံးမှာ အသက်အရွယ်နှင့် အချိန်အခါပင်ဖြစ်သည်။ သူ  ယခင်က လင်းကျန်းဖူကို ကောင်းမွန်ခဲ့သော်လည်း နောက်ပိုင်းအချိန်ကာလများပြောင်းလဲလာသည့်အခိုက်တွင် စိတ်များလည်း ပြောင်းလဲသွားသည်များလား။

မကြာမီမှာပင် လင်းကျန်းဖူနေသည့် တစ်ထပ်တိုက်အိမ်လေးက အဘွားလင်းနှင့် လင်းရန်တို့ရှေ့၌ ပေါ်လာခဲ့သည်။ အဘွားလင်းက တံခါးဝကို လျှောက်သွားကာ တံခါးခေါက်လိုက်လေသည်။

“ရှောင်စစ်၊ ရှောင်စစ်!”

အိမ်ထဲတွင် လင်းကျန်းဖူတစ်ယောကင နေ့လည်စာ စားပြီးကာစဖြစ်ကာ ပန်းကန်များကို ဆေးကြောနေစဥ် အပြင်ဘက်မှ သူမအမေ၏ အော်သံကို ကြားလိုက်ရသည်။

သို့နှင့် သူမ လက်များပင် သုတ်ရန် အချိန်မရဘဲ အလျင်အမြန် သွားဖွင့်ပေးလိုက်လေသည်။ တံခါးကိုဖွင့်လိုက်သည့်အချိန်တွင် အဘွားလင်းသာမက သူမ၏တူမ လင်းရန်ပါ ရှိနေသည်ကို တွေ့လိုက်ရသည်။

လင်းကျန်းဖူ၏ မျက်နှာတွင် အံ့သြမှုများ အပြည့်ဖြစ်သွားရကာ မေးလိုက်မိလေ၏။

“အမေ၊ ရန်ရန်၊ ဘာလို့ ဒီကို ရောက်လာတာလဲ၊ စားပြီးခဲ့ကြပြီလား?”

လင်းကျန်းဖူ ယခုအချိန်ထိ အခြေအနေကို သတိမထားမိသေးသည်ကိုမြင်ရသည့်အတွက် အဘွားလင်းတစ်ယောက် လမ်းတစ်လျှောက်လုံး သူမ၏ ကိစ္စများကြောင့် ဒေါသထွက်လုနီးပါး ဖြစ်ခဲ့သည်ကို တွေးမိပြီး  ချက်ချင်းပင် လင်းကျန်းဖူကို မျက်စောင်းထိုးကာ ဒေါသတကြီး ပြောလိုက်သည်။

“စား‌ခဲ့ပြီ၊ ခု အချိန်နှစ်နာရီ၊သုံးနာရီ နာရီရှိပြီ၊  နင် ခုထိမစားရသေးဘူးလား!”

လင်းကျန်းဖူသည်လည်း အဘွားလင်းက ထိုသို့  ပြန်ပြောသည်ကိုပင်  ဒေါသမထွက်ဘဲ သူမ၏နှာခေါင်းကို ကူကယ်ရာမဲ့ ပွတ်သပ်လိုက်ပြီး လင်းရန်ကို ကြည့်လိုက်သည်။

“ရန်ရန်၊ သမီးရဲ့အဘွားက အိမ်မှာနေတုန်းကဆိုရင်  အန်တီလေးကို ဒီလိုပြောမှာ မဟုတ်ဘူး၊ အခုတော့တကယ်ပဲ မြေးမလေးရှိတော့ သမီးကို မေ့သွားတာပဲ”

လင်းရန် ဤသည်ကို မြင်လိုက်ရလျှင် မရယ်မောဘဲ မနေနိုင်တော့ပေ။

“ဒေါ်လေး၊ ဒီလို မပြောပါနဲ့၊ အဘွားက လမ်းတစ်လျှောက်လုံး ဒေါ်လေးအရမ်းစိုးရိမ်ပူပန်နေတာဆိုတော့ စကားပြောတာ ဒေါသထွက်သလိုဖြစ်သွားပြီး စိတ်မထိန်းနိုင်တော့တာဖြစ်လိမ့်မယ်”

အာ?

အလွန်စိုးရိမ်ပူပန်နေတာတဲ့လား?

သူတို့ရ့်အိမ်မှာ ကိစ္စ တစ်ခုခု ဖြစ်ခဲ့တာများလား?

ထိုသို့တွေးမိသည့်အခါတွင် လင်းကျန်းဖူ၏ မျက်နှာအမူအရာမှာ အလွန်ပင် တည်ငြိမ်လေးနက်သွားခဲ့သည်။

“ရန်ရန်၊ အိမ်မှာ တစ်ခုခု ဖြစ်ခဲ့တာများလား?”

သို့မဟုတ်လျှင် အဘယ်ကြောင့် သူတို့မြေးအဘွားနှစ်ဦးက သူမထံ ဤကဲ့သို့ အလျင်အမြန် လာကြမည်နည်း။

လင်းကျန်းဖူမှာ ဤအချိန်ထိ သူမ၏  ကိစ္စကို အမှန်အတိုင်း ပြောရန် စိတ်ကူးမရှိသည်ကို အဘွားလင်း မြင်သည့်အတွက် ပိုမို၍ ဒေါသထွက်လာသည်။

“လင်းကျန်းဖူ၊ ငါ့ကို မင်းရဲ့ မွေးမိခင်အဖြစ် မသတ်မှတ်ထားဘူးလား! မြန်မြန် ပြောစမ်းပါ၊ မင်းနဲ့ လော်ပင်း ဘာဖြစ်နေတာလဲ၊ ဘာလို့ သူ အိမ်မှာ

မနေတာလဲ!”

ထိုစကားကြားသည့်အချိန်တွေင်တော့ လင်းကျန်းဖူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် တောင့်ခဲသွားကာ သူမ၏မျက်လုံးများ မှိုင်းမှိုင်းမှောင်မှောင် ဖြစ်သွားခဲ့တော့သည်။

အဘွားလင်းအား ဆက်လက်၍

မဖုံးကွယ်နိုင်တော့သည်ကို  မြင်သည့်အတွက်  နောက်ဆုံး၌ ထိုကိစ္စကို ပြောပြလိုက်ရသည်။

လင်းရန်နှင့်အဘွားလင်းတို့  ထင်ထားသည့်အတိုင်းပင် လော်ပင်းသည်ကား ဤရက်ပိုင်း အိမ်တွင်မနေဘဲ ခရိုင်မြို့၌ သူ၏အမေနှင့်အတူ သွားနေခဲ့ခြင်းဖြစ်သည်။

‌လော်ပင်း၏မိခင်မှာကား  လက်ရှိတွင်အငြိမ်းစားယူပြီးသူ တစ်ဦးဖြစ်သည်။  ပုံမှန်အခြေအနေအရဆိုလျှင် သက်ကြီးရွယ်အိုများသည်ကား အငြိမ်းစားယူပြီးသည့်နောက် အိမ်၌ မြေးများနှင့်အတူ ကစားကာ မြေးများကို ကြည့်ရှုစောင့်ရှောက်ကြသည်။

သို့သော် လော်ပင်းနှင့် လင်းကျန်းဖူတို့၏ အခြေအနေမှာ အနည်းငယ် ကွာခြားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်သည်ကား အိမ်ထောင်ပြုသည့်အချိန်မှစ၍ ယခုအချိန်အထိ ကလေး မရရှိသေး၍ပင်ဖြစ်ပေသည်။

သူတို့ ဇနီးမောင်နှံနှစ်ယောက်မှာ

အိမ်ထောင်သက်ဆယ်နှစ်နီးပါး ရှိနေပြီဖြစ်သော်လည်း  ကလေးတစ်ယောက်မှ မရှိခဲ့ပေ။

သူတို့က ကလေး မလိုချင်ခြင်း သို့မဟုတ် ကလေးယူရန် အချိန်မကျသေးဟု ထင်ခြင်းကြောင့် မဟုတ်ဘဲ  ကိုယ်ဝန်မရနိုင်ခြင်းကြောင့်သာ ဖြစ်သည်။

*

All Chapters