← Chapters

အခန်း (၁၁၄)

Vol. 12 Ch. 114

အခန်း (၁၁၄)

Vol. 12 Ch. 114

ကလေးမရရှိနိုင်သည့် ကိစ္စကြောင့် လော်ပင်း၏ မိခင်မှာ လင်းကျန်းဖူကို ဆေးရုံပေါင်း မည်မျှကို ခေါ်သွားခဲ့ပြီး ဤနယ်ပယ်တွင် အလွန်ကျွမ်းကျင်သည်ဟု ပြောသည့် “ကျွမ်းကျင်သူပညာရှင်” ဦးရေ မည်မျှကို ရှာခဲ့ကာ၊ လင်းကျန်းဖူအတွက် ရိုးရာဆေးနည်း မည်မျှ ဆေးညွှန်းပေးခဲ့သည်ဆိုသည်ကို မည်သူမျှ မသိနိုင်တော့ပေ။

သို့သော် ကံမကောင်းစွာဖြင့် တစ်ခုတလေမျှ ထိရောက်မှု မရှိခဲ့ပေ။

ထိုအတွက်ကြောင့် လော်မိသားစု၏ မိဘများက လင်းကျန်းဖူအပေါ်တွင် မကျေနပ်မှုများ တိုးလာခဲ့သည်။

အစတွင်ကတည်းက လော်မိသားစု၏ မိဘများက လင်းကျန်းဖူ၏ အိမ်ထောင်ရေးနှင့် စပ်လျဉ်း၍ အနည်းငယ် စိတ်မပျော်မရွှင် ဖြစ်ခဲ့ကြသည်။

သူတို့က လင်းကျန်းဖူကဲ့သို့ ကျေးလက်မှတ်ပုံတင်ရှိသူက သူတို့ကဲ့သို့ မြို့ပြမှတ်ပုံတင်ရှိသည့်သူများနှင့် ကွာခြားကာ နိမ့်ကျလွန်းသည်ဟု ခံစားခဲ့ကြရသည်။

သို့သော် သူတို့သားဖြစ်သူ၏ ကြိုက်နှစ်သက်မှုကို မဆန့်ကျင်နိုင်ခဲ့ကြပေ။ အိမ်ထောင်ပြုပြီးသည့်နောက်ပိုင်းတွင် လင်းကျန်းဖူ

မတရားခံရမည်ကို စိုးရိမ်၍ လော်ပင်းက သူကိုယ်တိုင်ပင် စတင်ကာ လင်းကျန်းဖူကို မိသားစုမှ ခွဲထွက်ကာ ခေါ်သွားပြီး အပြင်ဘက်တွင် နေထိုင်ခဲ့သည်။

ထိုအခြေအနေကို မြင်သည့်အချိန်တွင် လော်ပင်း၏ မိဘများကလည်း ထပ်၍ ဝင်မစွက်ဖက်ရဲတော့ဘဲ သဘောတူခဲ့ကြရသည်။

သူတို့ အိမ်ထောင်ပြုပြီး နှစ်နှစ်အတွင်းတွင် လင်းကျန်းဖူနှင့် လော်ပင်း တို့လင်မယားမှာ ချစ်သူစုံတွဲများကဲ့သို့ပင် သာယာချိုမြိန်သည့်ဘဝဖြင့် နေထိုင်ခဲ့ကြသည်။

သို့သော် လင်းကျန်းဖူ၏ ဝမ်းဗိုက်မှာ ကြီးထွားမလာဘဲ ဆက်၍ တိတ်ဆိတ်နေသည့်အတွက် လော်မိသားစု၏ မိဘများ၊ အထူးသဖြင့် လော်ပင်းသည်ကား မခံစားနိုင်တော့ပေ။

လော်ပင်း၏ မိခင်သည်က လင်းကျန်းဖူနှင့် လော်ပင်း တို့၏ အိမ်ကို မကြာခဏ သွားလည်ရုံသာမက လင်းကျန်းဖူကို ဆရာဝန်နှင့် ပြသရန်လည်း တစ်ယောက်တည်းခေါ်သွားခဲ့ဖူးသည်။

အမှန်တကယ်တွင် လင်းကျန်းဖူမှာ အနှောင့်အယှက်ပေးသည်ကို လုံးဝ မခံစားနိုင်ခဲ့ပေ။

သို့သော် သူမသည်ကား ဤခေတ်တွင် ကြီးပြင်းလာခဲ့သည့်သူတစ်ဦးပေဖြစ်သည်။ ဤခေတ်ကာလ၌ မိန်းကလေးများမှာ ပညာတတ်လျှင်ပင် လူကြီးများထံမှ အယူအဆဟောင်းအချို့၏ လွှမ်းမိုးမှုကို ခံနေရဆဲပင်ဖြစ်သည်။

ဥပမာအားဖြင့်၊ အိမ်ထောင်ပြုပြီးသည့်နောက် မိန်းကလေးတစ်ယောက်သည် ကလေးရကို ရရှိရပေလိမ့်မည်။ ကလေးမရလျှင် ပုံမှန်မဟုတ်ပေ။

ထို့ကြောင့် သူမသည်ကား

လော်ပင်းမိခင်၏ “အံ့ဖွယ်ဆေးနည်း” ဟုခေါ်သည့် ဆေးပစ္စည်းများကြောင့် အကြိမ်များစွာ ပျို့အန်ပြီး အဆင်မပြေခဲ့သော်လည်း သွားများကို တင်းတင်းကြိတ်ကာ သောက်ခဲ့ရသည်။

အစပိုင်းတွင် သူမအား ဤကဲ့သို့နာကျင်နေသည်ကို လော်ပင်း မြင်လျှင် စိတ်မကောင်းဖြစ်ခဲ့ကာ သူ၏ မိခင်အား သူမအတွက် ဆင်ခြေပေးကာ ပြောပေးခဲ့သည်။

သူမ၏ခင်ပွန်း သူမအတွက် ပြောပေးသည်ကို ကြည့်ကာ လင်းကျန်းဖူတစ်ယောက် မည်မျှပင် ဆိုးရွားနာကျင်နေသော်လည်း သူမ၏ နှလုံးသားထဲ‌၌ ချိုမြိန်မှုအရိပ်အယောင်လေးတစ်ခုကို ခံစားခဲ့ရသည်။

သို့သော် အချိန်များကုန်လွန်လာသည့်နောက်တွင် လော်ပင်း၏ မျက်နှာသည်ကား စိတ်မကောင်းဖြစ်သည့် အမူအရာကိုမပြတော့ဘဲ သူမမှ ထိုကိစ္စများကို ညည်းတွားသည့်အချိန်တိုင်းတွင် စိတ်မရှည်ဘဲ ပျင်းရိသည့်ပုံစံများ ဖြစ်လာခဲ့လေသည်။

ထိုသို့ပြောင်းလဲလာမှုက မည်သည့်အချိန်ကတည်းက စတင်လာခဲ့မှန်းကိုပဲ လင်းကျန်းဖူ မမှတ်မိတော့ပေ။

လင်းကျန်းဖူမှ ထိုကိစ္စများကို ပြောပြီးသည့်နောက် ခါးသီးစွာ ပြုံးနေခဲ့စဥ် အဘွားလင်း၏ မျက်လုံးများက နီရဲလာပြီး လင်းကျန်းဖူအား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

“မင်း ဘာလို့ ဒီကိစ္စတွေကို ငါ့ကို တစ်ခါမှ မပြောခဲ့ရတာလဲ? ဘာလို့ ဒီလိုကိစ္စကို ကိုယ့်ဘာသာ ဖုံးကွယ်ထားရဲတာလဲ!”

ထို့အပြင် နှစ်ပေါင်းများစွာကြာမြင့်အောင်ပင် ဤကိစ္စကို လျှို့ဝှက်ထားခဲ့သည်။

သူမ၏ ရင်ထဲ၌ မျိုသိပ်ထားသည့် ကိစ္စများကို ထုတ်ပြောနိုင်ခဲ့၍လား မသိပေ။

လင်းကျန်းဖူ၏ စိတ်ခံစားချက်သည် ယခင်ကထက် များစွာ ပို၍ ကောင်းလာခဲ့သည်။ အဘွားလင်း စိတ်သောက ရောက်နေသည်ကို လင်းကျန်းဖူ မြင်သည့်အခါတွင် အဘွားလင်းအားပင် ပြန်၍ နှစ်သိမ့်ပေးခဲ့လေသည်။

“အမေ၊ ကျွန်မ အဆင်ပြေပါတယ်၊အမေ ပြောနေတာက မသိရင် ကျွန်မကပဲ တစ်ခုခု အကြီးအကျယ် ဖြစ်ခဲ့သလိုမျိုးပဲ၊  ငိုနေတာကို ကြည့်လိုက်ဦး ၊ ဟိုမှာ ရန်ရန်တောင် ကြည့်နေပြီ!”

လင်းကျန်းဖူအနေဖြင့် ယခင်က ဤကိစ္စများကို သူမ၏မိသားစုဆီသို့ မပြောချင်ခဲ့သည့် အကြောင်းရင်းမှာ ပထမဆုံးအနေဖြင့် သူမ၏မိသားစုကို စိတ်ပူစေချင်သည့် ဆန္ဒမရှိသည့်အတွက်‌ကြောင့်လည်းကောင်း ၊ သူမကိုယ်တိုင်လည်း ယခုထိ ခံနိုင်ရည်ရှိသေး‌သောကြောင့်လည်းကောင်း ဖြစ်ချေသည်။

ဒုတိယအအနေဖြင့် လော်ပင်းသည်ကား ထိုအချိန်က စိတ်မရှည်သော်လည်း အနည်းဆုံးတော့ သူမဘက်တွင် ရှိနေသေး‌သည့်အတွက်ကြောင့် ဖြစ်သည်။

ဤတစ်ကြိမ်တွင်တော့ လော်ပင်းက လျှို့ဝှက်ချက်ပေါင်းများစွာ၊အကြောင်းပြချက်ပေါင်း များစွာဖြင့် အိမ်သို့ပင် ပြန်မလာခဲ့တော့ဘဲ ခရိုင်တွင်ရှိသည့် သူ့မိခင်၏ အိမ်၍သာ နေထိုင်နေတော့သည့်အတွက်ကြောင့် လင်းကျန်းဖူသည်လည်း တဖြည်းဖြည်းနှင့် စိတ်ပျက်အားလျော့လာခဲ့ရသည်။

လင်းရန် နားထောင်နေရင်းဖြင့် မျက်မှောင်ကြုတ်ကာ မေးမိသည်။

“ဒေါ်လေး ၊ ဦးလေးက အခုထိ အိမ်ကို ပြန်မလာသေးဘူးလို့ပြောခဲ့တယ်မလား ၊ ဒါဆို သူနဲ့ သူ့အမေက ဘယ်မှာ နေကြတာလဲ?”

ထိုစကားကြားသည့်အချိနာတွင် လင်းကျန်းဖူက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်လေသည်။

“သူ့အမေ ငှားထားတဲ့ အိမ်မှာ နေတာဖြစ်မယ်၊ ဒါမှမဟုတ် ဆွေမျိုးတွေနဲ့ နေတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ် ၊ဒေါ်လေးလည်း သေသေချာချာတော့ မသိဘူးလေ”

မည်သို့ပင်ဖြစ်စေ သူမ ထိုကိစ္စကို ‌တွေးကာစိတ်ပူမနေချင်တော့ပေ။ လော်ပင်းနှင့် သူ၏မိခင် လုပ်ချင်သကဲ့သို့သာ လုပ်ပါစေတော့ဟုသာ တွေးလိုက်မိသည်။ ကလေးမွေး၍ မရနိုင်သည်ကိုလည်း သူမ လက်ခံပြီးသားဖြစ်သည့်အတွက် ကိုယ့်ကိုကိုယ် ဆက်၍ ဒုက္ခမပေးလိုတော့ပေ။

ထို့အတူ လော်ပင်းက သူမအား ဒုက္ခပေးသည်ကိုလည်း မခံလိုတော့ပါချေ။‌လော်ပင်း ဤအတိုင်းပင် ဆက်၍ နေလိုသည်ဆိုလျှင်လည်း နေ၍ ရသည်။

မနေလိုတော့ဟုဆိုလျှင်လည်း ကွာရှင်းရုံသာ ရှိတော့သည်။

သူမ အနည်းငယ် စိတ်ရှုပ်ထွေးမိသည်မှာ သူမနှင့်လော်ပင်း ကွာရှင်းပြီးနောက်တွင် သူမ၏ စျေကွက်ရှာဖွေရေးနှင့် သမဝါယမမှ အလုပ်သည်ကား သေချာပေါက် ဆက်လုပ်နိုင်တော့မည်ကိုပင်ဖြစ်ပေသည်။

စျေးကွက်ရှာဖွေရေးနှင့် သမဝါယမဆီမှ သူမအား ထွက်မသွားစေချင်လျှင်ပင် သူမအနေဖြင့် ထိုနေရာတွင် ဆက်၍နေနိုင်တော့မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် လော်ပင်း၏ ဖခင်သည်လည်း အငြိမ်းစား မယူရသေးသည့်အပြင် သူမကိုယ်တိုင်လည်း လော်မိသားစုနှင့် ဆက်သွယ်လိုသည့်စိတ် မရှိတော့၍ ဖြစ်ပေသည်။

လင်းကျန်းဖူမှ အမှန်တကယ်ပင် စိတ်လျော့သွားပုံရသည်ကို မျင်လျှင် လင်းရန်သည်လည်း စိတ်အေးသွားခဲ့ရသည်။

သူမသည်ကား လင်းကျန်းဖူနှင့်

ပထမဆုံး တွေ့စဥ်ကတည်းကပင် သူမ၏ ဒေါ်လေးမှာ အပြင်ပန်း ဆက်ဆံရေးကောင်းပြီး တစ်ကိုယ်ရည်တစ်ကာယ ဆန်သည့် အမျိုးသမီးတစ်ယောက်ဟု ခံစားခဲ့ရသည်။

ဤအဖြစ်အပျက်များမှလည်း သူမ၏ ဒေါ်‌လေးမှာ သူမထင်ထားသည်ထက် ပို၍ များစွာ ပွင့်လင်းမြင်သာသည့်သူဖြစ်‌ကြောင်း

သက်သေပြခဲ့သည်။

အဘွားလင်းသည် ခဏတာမျှ ငိုကြွေးပြီးသည့်နောက် မျက်လုံးများ ပြူးကျယ်လာသည်အထိ ဒေါသထွက်လာပြန်သည်။

“ဒီလော်ပင်းဆိုတဲ့ကောင် ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတာလဲ ! သူက သူ့မိန်းမကို အိမ်မှာထားခဲ့ပြီး အပြင်မှာ ဒီလောက်ကြာကြာနေတာက ဘာလုပ်ချင်နေတာလဲ!”

“လေးယောက်မြောက်လေး၊ မင်း မကြောက်နဲ့၊ ငါ အခုပဲ လော်ပင်းရဲ့အဖေကို သွားရှာလိုက်မယ်၊ သူတို့ဆီက လိပ်စာတွေ ယူပြီးရင် ခရိုင်မြို့ကို သွားပြီး သူနဲ့ ရှင်းမယ်!”

လင်းကျန်းအန်းလည်း ယနေ့ ခရိုင်မြို့ကို သွားသည်ဖြစ်၍ အချိန်မီလျှင် သူနှင့်အတူ ပြန်လာနိုင်ပေလိမ့်မည်။

မကြာမီတွင် အဘွားလင်းက ထရပ်ပြီး လော်ပင်း၏ ဖခင်ကို ရှာရန် သွားတော့မည့်ဆဲဆဲတွင် လင်းကျန်းဖူက လျင်မြန်စွာ တားလိုက်သည်။

“အမေ၊ ထားလိုက်ပါတော့၊ သူတို့ကို မရှာပါနဲ့တော့”

“ဘာလို့ မရှာရမှာလဲ? ငါတို့မိသားစုမှာ လူမရှိတာ မဟုတ်ဘူး၊ အဲဒီလော်ပင်း ငါ့သမီးကို ဘာလို့ ဒီလို လုပ်တာလဲလို့ပဲ မေးချင်တာ! အရင်ကတော့ သူတို့မိသားစုရဲ့သားက မင်းကို လက်ထပ်ခဲ့တာပဲ မဟုတ်ဘူးလား?

အခု ဘယ်လောက်မှတောင် မကြာသေးဘူး သူက ဒီလို ဒုက္ခပေးနေပြီ၊ လော်မိသားစုမှာလည်း သားသမီးတွေ ရှိနေတာပဲ ၊ တခြားသူရဲ့ သားသမီးကို ဒီလိုမျိုး ဒုက္ခပေးနေတာကို ကောင်းသတယ်လို့ ထင်နေတာလား၊ နည်းနည်းပါးပါးတော့ သားသမီးချင်း ကိုယ်ချင်းစာဦးမှပေါ့”

အဘွားလင်းမှာ အလွန်အမင်း ဒေါသထွက်နေခဲ့သည်။

ဤသည်ကို လင်းကျန်းဖူနှင့်လင်းရန်တို့ နှစ်ဦးလုံး နားလည်နိုင်ပေသည်။ လင်းရန်လည်း အဘွာလင်း၏ လက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်ကာ နှစ်သိမ့်လိုက်သည်။

“အဘွား၊ နည်းနည်းလောက် စိတ်အေးအေးထားပါဦး၊ ဒေါ်လေးက သူတို့ဆီကို သွားစရာမလိုဘူးလို့ ပြောတယ်ဆိုတော့ သူမမှာ ကိုယ်ပိုင်အစီအစဉ် ရှိမှာပါ၊ အဘွား.. ဒေါ်လေးပြောတာကို အရင် နားထောင်ကြည့်ရအောင်လေ ဟုတ်ပြီလား?”

လင်းကျန်းဖူက သူမ၏အတွေးများကို ပြောပြလိုက်သည်။

“အမေ၊ အမေ လော်မိသားစုကို တကယ် သွားရှာစရာ မလိုတော့ပါဘူး၊ ကျွန်မ စဉ်းစားပြီးပါပြီ။၊ လော်ပင်းနဲ့ ကျွန်မ အတူတူ နေနိုင်သရွေ့ နေသွားကြမယ်၊ အတူတူ မနေနိုင်တော့ရင် ထွက်သွားရုံပဲ၊

အခု အမေ လော် မိသားစုဆီကို သွားရင်လည်း သူတို့က ကျွန်မ ကလေးမရနိုင်လို့ဖြစ်ရတာလို့ ပြောကြမှာပဲ၊  သူတို့တွေကတောင် ကျွန်မတို့ လင်းမိသားစုကို လာပြီး ဘာမှ‌မပြောရသေးဘူး၊ ကျွန်မတို့ကအရင် သူတို့ကို ပြဿနာရှာဖို့ လာကြတယ်ဆိုပြီး ပြောလာလိမ့်မယ်၊ အဲဒီအချိန်ကျရင် ကျွန်မတို့ပဲ နစ်နာမှာ မဟုတ်ဘူးလား?”

“အခုတော့ ဒီအတိုင်းပဲ ထားလိုက်ပြီး လော်မိသားစုက ကွာရှင်းဖို့ မပြောဘဲ မနေနိုင်တော့တဲ့အချိန်ကို စောင့်ကြည့်ရအောင်၊ အဲဒီအချိန်ကျမှ သူတို့နဲ့ ပြောမယ်ေိုရင်လည်း သိပ်နောက်မကျသေးပါဘူး၊ ဘာလို့လဲဆိုတော့ အဲဒီအချိန်ကိုရောက်ရင် ကျွန်မတို့က  နစ်နာကြေး ပိုပြီးရနိုင်သေးတယ်လေ”

မည်သို့ပင်ဖြစ်စေ လော်ပင်းနှင့် သူမ၏ အိမ်ထောင်သည်ဘ၀သည်ကား ကြာရှည်ခံမည် မဟုတ်ပေ။

ကွာရှင်းမှုမတိုင်မီ ဤအခြေအနေမျိုး၌ ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံး ကြိုးစားနေထိုင်သင့်သည် မဟုတ်ပါလား။

အမှန်ဆိုလျှင် လော်ပင်းနှင့်

သူ၏အမေ မည်သည့်အခါမှ ပြန်မလာလျှင်လည်း သူမ တစ်ယောက်တည်း ဤအိမ်တွင် နေထိုင်နိုင်မည်ပင်ဖြစ်သည်။

ရံဖန်ရံခါ ပျင်းသည်မှလွဲ၍ အဆင်မပြေသည်များ မရှိပေ။ ပြောရမည်ဆိုလျှင် အချိန်အများစုမှာ စိတ်လန်းဆန်းပြီး ပျော်ရွှင်စရာ ကောင်း‌ပေသည်။

သမီးဖြစ်သူ၏ ထိုစကားကြားလျှင် အဘွားလင်းလည်း နောက်ဆုံး၌ စိတ်တည်ငြိမ်သွားခဲ့သည်။ လင်းကျန်းဖူက လော်ပင်းနှင့် အဆင်မပြေလျှင် ဆက်မနေတော့ရန် ဆုံးဖြတ်ထားသည်ကို အဘွားလင်းမြင်ရသည့်အတွက် သက်ပြင်းချလိုက်ပြီး လင်းကျန်းဖူ၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

“ကောင်းပြီ၊ မင်း စဉ်းစားပြီးပြီဆိုတော့ အမေ ဘာမှ မပြောတော့ပါဘူး၊ ဒါပေမဲ့ အမေ မင်းကို  တစ်ခု ထပ်ပြီးပြောမယ်၊ အမေနဲ့ မင်းရဲ့အစ်ကိုတွေက အိမ်မှာ ရှိနေတယ်၊

မင်းဆီမှာ ဘာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်လာခဲ့မယ်ဆိုရင် အမေတို့ အမြဲတမ်း ရှိနေမယ်၊ အ‌မေတို့အားလုံးက မိသားစုတွေပဲ”

ထိုစကားတစ်ခွန်းသည် လင်းကျန်းဖူ၏နှလုံးသားအား နာကျင်စေခဲ့သည်။

“အမေ၊ ကျွန်မ သိပါပြီ”

**

All Chapters