အခန်း (၁၁၈)
Vol. 12 Ch. 118
လင်းရန်အတွက်ကတော့ သူမ၏ဖခင်မှာ ဤမျှလောက်အထိ ကြိုတွေးထားနေသည်ကို လုံးဝမသိခဲ့ပေ။
သူမအနေဖြင့် သူမ၏ဖခင်နှင့်အတူ မြို့ကိုသွားရန် မပြောခဲ့သည်မှာ သူမ၏ဖခင် လမ်းပျောက်မည်ကို စိုးရိမ်ခြင်းမရှိ၍သာ ဖြစ်သည်။
သူမ၏ဖခင်သည်ကား လူကြီးတစ်ယောက်ဖြစ်၍ သူ လမ်းမသိလျှင်လည်း လမ်းမေးရမည်ဖြစ်ကြောင်းကို သိပေလိမ့်မည်။
အဓိကအချက်မှာ ဤအခြေအနေ၌ သူမသည် ဖခင်နှင့်အတူ လိုက်သွားမည်ဟု ပြောလျှင် သူမ၏ဖခင်က ကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့ကျသွားလိမ့်မည်ဆိုသည်ကို သိသည့်အတွက် ပြောရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် သူမ၏ဖခင် တစ်ဦးတည်းသာ မြို့သို့သွားခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
စုန့်ရှီးယန်အတွက်ကတော့ သူသည်က ထိုအကြောင်းများကို သိသွားသည့်အခါ၌ ခေတ္တတွေဝေသွားကာ လင်းကျန်းအန်းမှ တပ်မဟာ ခေါင်းဆောင်ထံ လက်မှတ်ထုတ်ရန် သွားသည့်အခါ သူလည်း လိုက်သွားခဲ့သည်။
သူသည်ကား ကျေးလက်ဒေသ၌ မည်သည့်အလုပ်မှ မလုပ်ရဘဲ နေ့တိုင်း ထိုင်နေခဲ့ရသည်။
ထို့အပြင် လင်းကျန်းအန်းမှ ဤ “အပိုလုပ်ငန်း” ကို ယခုကဲ့သို့ စိုးရိမ်နေသည်ကို မြင်သည့်အချိန်၌ စုန့်ရှီးယန် အနည်းငယ် တွန့်ဆုတ်နေမိခဲ့သည်။ သူသာ မတိုင်မီက ဤကိစ္စကို မပြောခဲ့လျှင် လင်းကျန်းအန်းအနေဖြင့် ဤမျှလောက် ဒုက္ခရောက်မည် မဟုတ်ဟု သူ တွေးနေခဲ့မိသည်။
လင်းကျန်းအန်းသည်ကား လင်းကွမ်းချင်း၏ ဒုတိယ ဦးလေးဖြစ်သကဲ့သို့ လင်းရန်၏ ဖခင်လည်း ဖြစ်သည့်အတွက် စုန့်ရှီးယန်အနေဖြင့် သူ အစွမ်းကုန် ကူညီရမည်ဟူ၍ တွေးထားခဲ့မိသည်ပင်။
“ဦးလေးကျန်းအန်း၊ ကျွန်တော် ဦးလေးနဲ့အတူ မြို့ကို လိုက်ခဲ့ပါရစေ၊ ကျွန်တော်လည်း မြို့ပေါ်မှာ လုပ်စရာကိစ္စလေးရှိနေသေးတယ်”
စုန့်ရှီးယန်မှ ထိုသို့ပြောလိုက်လျှင် လင်းကျန်းအန်းသည်လည်း သိပ်ပြီးစဉ်းစားနေခဲ့ခြင်းမရှိပါဘဲ စုန့်ရှီးယန်အနေဖြင့် အမှန်တကယ် လုပ်စရာ ကိစ္စရှိနေခဲ့သည်ဟု ထင်မှတ်ခဲ့ကာ စုန့်ရှီးယန်အား သူနှင့်အတူ ခွင့်ပြုချက်လက်မှတ်ထုတ်ယူရန် ခေါ်သွားခဲ့သည်။
လင်းရန်သည်ကား ထိုအကြောင်းများကို ညနေပိုင်းကိုရောက်မှသာ သိလိုက်ရလေသည်။ စုန့်ရှီးယန်က သူမ၏ဖခင်နှင့်အတူ မြို့ကိုသွားမည်ဆိုသည့်အကြောင်းကို သိလိုက်ရသည့်အချိန်တွင် သူမ တစ်ဖက်လူအား နားမလည်သည့် အမူအရာဖြင့် ကြည့်လိုက်မိသည်။
သူ၏ခွင့်ရက်က ကုန်သွားသည်များလား?
လုပ်ဆောင်ရန်ကိစ္စများက အဘယ်ကြောင့် ဤမျှလောက် များပြားနေရသနည်း။
သို့သော် ညပိုင်း၌ စုန့်ရှီးယန်အား မေးမြန်းရန် အခွင့်အရေးမရခဲ့ပေ။
လင်းရန်လည်း စုန့်ရှီးယန်သာ မြို့သို့ အတူလိုက်သွားလျှင် သူမ၏ဖခင် တစ်ယောက်တည်း ဖြစ်နေမည်ကို စိတ်ပူရန် မလိုတော့ဟုသာ တွေးတောလိုက်မိသည်။
လင်းကွမ်းချင်းသည်လည်း စုန့်ရှီးယန်မှ မြို့သို့သွားပြီး မည်သည်များကို ပြုလုပ်ချင်သည်ကို သူတို့အိပ်ရာမဝင်မီတွင် မမေးဘဲ မနေနိုင်ခဲ့ပေ။
သူသည်ကား စုန့်ရှီးယန်၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထူး ဂရုစိုက်သည့်အတွက် စုန့်ရှီးယန်အား ရှင်းရှင်းလင်းလင်း မေးမြန်းချင်ခဲ့သည်။
သို့သော် ရလဒ်အနေဖြင့် စုန့်ရှီးယန်က သူ့အား လေးနက်စွာ တစ်ချက်ကြည့်ပြီး ပြောလိုက်လေ၏။
“အရေးကြီးတဲ့ကိစ္စတွေ ရှိနေလို့လေ၊ မင်း နောက်ကျရင် နားလည်လာပါလိမ့်မယ်”
လင်းကွမ်းချင်း- “ဟင်”
စုန့်ရှီးယန်က ဘယ်အကြောင်းအရာတွေကို ပြောချင်နေတာလဲ?
အခုအချိန်မှာ ပြောပြလို့ မရသေးတဲ့ အရေးကြီးကိစ္စများ ရှိနေတာများလား။
စုန့်ရှီးယန်၏ ပဟေဠိကဲ့သို့ စကားများကြောင့် လင်းကွမ်ချင်းတစ်ယောက် စုန့်ရှီးယန်၌ မည်သည့်အရေးကြီးကိစ္စများရှိနေသနည်းဆိုသည့်အကြောင်းကို တစ်ညတာလုံး စဉ်းစားနေခဲ့မိသည်။
သူ့အနေဖြင့် နောက်တစ်နေ့ တွင် မနက်စောစောထကာ ထပ်မံ၍ မေးမြန်းကြည့်ချင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် စုန့်ရှီးယန်သည်ကား မနက်စောစောကတည်းက သူ၏ဒုတိယဦးလေးလင်းကျန်းအန်းနှင့်အတူ ထွက်သွားခဲ့လေပြီ။
လင်းရန်သည်လည်း မနက်စောစောထပြီးသည့်နောက် သူမ၏ဖခင်နှင့် စုန့်ရှီးယန်တို့နှစ်ဦးကို မတွေ့ရသည့်အတွက်ကြောင့် အံ့အားသင့်သွားသည်။
သူမသည်ကား သူတို့နှစ်ဦးအတွက် လမ်းခရီး၌ စားသောက်ရန်အတွက် အရသာရှိသည့် အစားအစာများ ချက်ပြုတ်ပေးရန် မနက်အစောကြီး ထလာခဲ့ခြင်းဖြစ်သည်။
သို့သော် သူမ ထလိုက်သည့်အချိန်တွင် သူတို့နှစ်ဦးလုံး ထွက်သွားသည်မှာ အချိန်အနည်းငယ်ရှိပြီဖြစ်ကြောင်း သိလိုက်ရသည်။
လင်းရန် အံ့အားသင့်စွာနှင့်မျက်တောင်ခတ်လိုက်ရုံသာ တတ်နိုင်တော့သည်။
ယနေ့အတွက် လင်းရန်၏ လုပ်ငန်းဆောင်တာများမှာလည်း ပုံမှန်အတိုင်းသာဖြစ်ပေသည်။
သို့သော် တစ်ခုတည်းသော ကွာခြားချက်မှာ သူမ ကွန်မြူနတီ စားဖိုဆောင်သို့ သွားတော့မည့်အချိန်တွင် ကျောက်ရှီလဲ့မှ ရုတ်တရက် ရောက်လာခြင်းပင် ဖြစ်သည်။
ကျောက်ရှီလဲ့သည်ကား အလျင်လိုသည့် ပုံစံဖြစ်နေပြီး စာတစ်စောင်ကို လက်၌ကိုင်ထားသည်။ သူမက
လင်းမိသားစု၏ အိမ်သို့ရောက်သည်နှင့်တစ်ပြိုင်နက် လင်းရန် ၏အမည်ကို အော်ခေါ်လာခဲ့လေသည်။
“ဘာလဲ၊ ငါ ဒီဘက်မှာ”
လင်းရန် သူမ၏ ခေါ်သံကို လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
“ငါ နင့်ကို ကိစ္စကြီးတစ်ခု ပြောစရာရှိတယ်။”
ထိုအချိန်တွင် အိမ်၌ အဘွားလင်းမှလွဲ၍ အခြားသူများ မရှိသည့်အတွက် ကျောက်ရှီလဲ့က စောင့်ဆိုင်းမနေတော့ဘဲ လင်းရန်အား ထိုအရေးကြီးကိစ္စကို ခြံဝင်းထဲ၌ပင် ပြောပြလိုက်သည်။
“ငါ့အမေနဲ့ တခြားသူတွေဆီက မနက်ကပဲ စာတစ်စောင် ရတယ်၊ စာထဲမှာ ပြောထားတဲ့အတိုင်းဆိုရင် နင့်ရဲ့အစ်မက မကြာခင် လက်ထပ်တော့မယ့် ပုံပဲတဲ့!”
ဘာလဲ?
လင်းရန်တစ်ယောက် ထိုစကားကို ကြားလိုက်ရသည့်အချိန်မှာ ကြောင်အမ်းသွားရသည်။ သူမအနေဖြင့် နားကြားမှားသွားသည်ဟုပင် ထင်လိုက်မိဘေသည်။
သူမ၏ အစ်မဟုဆိုလျှင် စုန့်စစ်ယွီသာဖြစ်ရမည်။
သူမ စုန့်စစ်ယွီကို နောက်ဆုံးတွေ့ခဲ့သည်မှာ တစ်လခွဲမျှသာ ရှိသေးသော်လည်း ယခု လက်ထပ်တော့မည်ဆိုလာသည်လား။
ဘယ်လိုကိစ္စများ ဖြစ်သွားခဲ့ရတာလဲ?
လင်းရန် အလွန်အံ့သြသင့်သွားခဲ့ရကာ အချိန်အတော်ကြာ စကားမပြောနိုင်သည်ကို မြင်လျှင် ကျောက်ရှီလဲ့က ဆက်၍ပြောလိုက်သည်။
“အဟွတ်၊ ရန်ရန်၊ ငါ့အမေပြောတာတော့ နင့်အစ်မရဲ့ လက်တွဲဖော်က အခြေအနေကောင်းပုံရတယ်တဲ့.. သူက အလုပ်သမား ခန့်အပ်ရေးရုံးရဲ့ ဒါရိုက်တာဖြစ်တဲ့ ဒါရိုက်တာရှုရဲ့သားတဲ့”
ကျောက်ရှီလဲ့မှာ စကားများကို ပြောလေလေ၊စိတ်ထဲ၌ ပို၍ မကျေနပ်လေလေဖြစ်လာကာ ဒေါသတကြီး ပြောလိုက်သည်။
“နင့်ရဲ့ အမေနဲ့ တခြားသူတွေက နင့်အစ်မအတွက် ဒီလိုမျိုးတိုတောင်းတဲ့အချိန်အတွင်းမှာတောင် ဒီလောက်ကောင်းတဲ့ အိမ်ထောင်တစ်ခု ရှာပေးနိုင်တယ်၊
ဒါကို နင့်အတွက်ကျတော့ ဘာလို့ အစကတည်းက မရှာပေးခဲ့တာလဲ၊ သူတို့က နင့်ကိုကျတော့ ကျေးလက်ဒေသကိုလာခိုင်းတယ်၊
ငါပြောချင်တာက နင် ကျေးလက်ကိုလာတာက မှားတယ်လို့ ဆိုလိုတာမဟုတ်ဘူး၊ အဲဒီလိုမျိုး မိဘတွေကို မြန်မြန် ရှောင်နိုင်လေ ပိုကောင်းလေပဲ၊ ကြည့်ရတာ သူတို့က နင့်ကို စိတ်မဝင်စား၊ ဂရုမစိုက်ဘူး ထင်တယ်...”
လင်းရန်သည်ကား ကျောက်ရှီလဲ့၏ မကျေနပ်သည့် အချက်များကိုလုံးလုံးလျားလျားပင် ဂရုမစိုက်ခဲ့ပေ။
ထို့အစား ကျောက်ရှီလဲ့ ပြောလိုက်သည့် စုန့်စစ်ယွီ၏ လက်တွဲဖော်မှာ ဒါရိုက်တာ ရှု၏သားဖြစ်သည် ဆိုသည့် စကားကသာ လင်းရန် ပို၍ ထိတ်လန့်တုန်လှုပ်သွားသည်။
ဒါက မဖြစ်နိုင်ဘူးမလား။
စုန့်စစ်ယွီနှင့် စုန့်ဝေ့တို့က ရူးသွားတာများလား။
ရှုကျစ်ဝမ်က မည်သို့သော လူစားမျိုး ဖြစ်သည်ကို စုန့်ဝေ့ အနေဖြင့် ရှင်းလင်းစွာမသိလျှင်ပင် စုန့်စစ်ယွီက သေချာပေါက် သိနေလိမ့်မည် ဖြစ်သည်။
စုန့်စစ်ယွီအနေဖြင့် ယခင်က ရှုကျစ်ဝမ်၏ အကြောင်းအလုံးစုံကို သိမြင်ပြီးဖြစ်သည်ပင်။
သို့သော် သူမသည်က ယခုတွင် ရှူကျစ်ဝမ်နှင့် အမှန်တကယ်ပင် လက်ထပ်ရန် ဆန္ဒရှိနေသည်လား။
ထိုကိစ္စနှင့် ပတ်သက်၍ လင်းရန်မှာ သက်ပြင်းသာ ချနိုင်ခဲ့သည်။
“အင်အားကြီးမားချင် တဲ့သူတွေက ဒီလောက်တောင် ကြောက်စရာကောင်းတာကိုး”
စုန့်စစ်ယွီနှင့်စုန့်ဝေ့တို့ နှစ်ဦး မည်သည်များ တွေးနေသည်ကို လင်းရန်အနေဖြင့် သေသေချာချာမသိပါချေပေ။
သို့သော် သူတို့သည်ကား ရှုမိသားစုနှင့် အမှန်စင်စစ် လက်ထပ်ချင်သည်မှာ မဖြစ်နိုင်ဟု သူမ ခန့်မှန်းနိုင်သည်။
မည်သူကမှ ကိုယ့်ကိုကိုယ် ပူလောင်မည်မှန်းသိလျက်နှင့် မီးပုံထဲ ခုန်ချမည် မဟုတ်ပေ။
ထို့ကြောင့် စဉ်းစားကြည့်လျှင် အများဆုံးဖြစ်နိုင်သည့် အကြောင်းရင်းမှာ သူတို့က ဒါရိုက်တာရှု၏ အကူအညီဖြင့် တစ်စုံတစ်ခု လုပ်လို၍သာ ဖြစ်နိုင်သည်။
ထိုသို့ တွေးကြည့်လိုက်လျှင် စုန့်စစ်ယွီနှင့် စုန့်ဝေ့တို့မှာ ကြီးမားသည့် ကိစ္စများကို လုပ်ချင်သည့် သူများဖြစ်ပေသည်။
သူတို့က သူတို့ အောင်မြင်ရန်အတွက်လက်ထပ်ခြင်းနှင့် ပျော်ရွှင်မှုကိုပင် လျစ်လျူရှုထားနိုင်ကြသည်။
ကျောက်ရှီလဲ့က လင်းရန်အတွက် မကျေမနပာဖြစ်ကာ ပြောပေးပြီးသည့်နောက်၌ လင်းရန်မှာ အတွေးထဲတွင် နစ်မြောနေသေးသည်ကို တွေ့သည့်အတွက် လင်းရန်သည် စုန့်ဝေ့နှင့် လီရှို့လီတို့အပေါ် ဒေါသထွက်နေသည်ဟု ထင်မှတ်ပြီး အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။
“ဘာမှမဖြစ်ဘူး ရန်ရန်၊ ငါ ဒါရိုက်တာ ရှုရဲ့သားကို အရင်က မြင်ဖူးတယ်၊ သူက ရဲဘော်စုန့်လောက်တောင် မချောပါဘူး!”
စုန့်ဝေ့နှင့်လီရှို့လီတို့က လင်းရန်နှင့် ကြင်ဖက်တွေ့ဆုံရန်အောင်သွယ်မှု လုပ်ခဲ့သည့်သူမှာ ရှုကျစ်ဝမ်ဖြစ်ကြောင်းကို ကျောက်ရှီလဲ့ မသိခဲ့ပေ။
သူမ ယခင်က တွေ့ခဲ့ဖူးသည့် ရှုကျစ်ဝမ်၏ ကဏ္ဍနှစ်ခုကို စဉ်းစားကြည့်လျှင် ရှုကျစ်ဝမ်သည်က အမှန်တကယ် ချောမောသည်။
ရှုမိသားစု၏အခြေအနေသည်လည်း ကောင်းမွန်ပြီး အလွန်ချမ်းသာသည်။
ထို့ကြောင့် လင်းရန်အပေါ် ရှုကျစ်၀မ်နှင့် ပတ်သက် မတွေးတောပေးသည့်အတွက် လင်းရန်၏အမေနဲ့ပထွေးဖြစ်သူကို အားမလိုအားမရဖြစ်နေခဲ့ခြင်းဖြစ်ပေသည်သည်။
သို့သော် လင်းရန်၏ ပါးစပ်မှနောက်ထပ်စကားများ ထွက်လာသည်နှင့် ကျောက်ရှီလဲ့တစ်ယောက် ယခင် သူမ၏ အတွေးများကို ပြန်၍
ရုပ်သိမ်းချင်သွားရဆော့သည်။
“သူတို့ အရင်က ငါ့ကို ကြင်ဖက်တွေ့ဖို့ လုပ်စေချင်ခဲ့တာလဲ အဲ့
ဒီရှုမိသားစုနဲ့ပဲ”
လင်းရန်သည်ကား ရိုးသားဖြူစင်သည့် ပုံစံဖြင့် ကျောက်ရှီလဲ့အား ကြည့်ကာ ပြောလိုက်သည်။
ကျောက်ရှီလီ: “?”
“ဘာလဲ၊ ဒါရိုက်တာ ရှုရဲ့သားက အရင်က နင့်နှင့်အရင်တုန်းက ချိန်းတွေ့ဖို့လုပ်ခဲ့သေးတယ်ပေါ့၊ အဲဒါကို အခုကျဆော့ နင့်အစ်မနဲ့ ပြန်ပြီးချိန်းတွေ့နေတာလား”
ဤသည်မှာ လူတစ်ယောက်နှင့်တွေ့လျှင် နောက်တစ်ခါပြန်ချစ်သည့် သန့်ရှင်းစင်ကြယ်သည့် အချစ်ဟုဆိုသည့်အရာများလား။
ကျောက်ရှီလဲ့သည်ကား မတိုင်လင်က လင်းရန်မှာ ကောင်းမွန်သည့် ခင်ပွန်းသည်တစ်ယောက်ကို လွတ်သွားခဲ့သည်ဟု ခံစားခဲ့ရသည်။ ယခုမူကား ထိုအကြောင်းကို စဉ်းစားလိုက်သည်နှင့် ရင်ထဲ၌ ပျို့တက်လာရလေသည်။
လင်းရန် ပုခုံးတွန့်လိုက်သည်။
“သူတို့ကြားမှာ ဘာတွေဖြစ်နေလဲဆိုတာတော့ ငါ မသိဘူး၊ ဘာပဲဖြစ်ဖြစ် ငါ ရှုကျစ်ဝမ်ကိုသဘောမကျဘူး၊ စုန့်စစ်ယွီကတော့ သူနဲ့ ရှုကျစ်ဝမ်အတူရှိနေမယ်ဆိုရင် ပါရမီရှင်တစ်ယောက်နဲ့ လှပတဲ့အမျိုးသမီးတစ်ယောက်စုံတွဲဖြစ်ပြီး လိုက်ဖက်မယ်လို့ သတ်မှတ်ထားသလားမှ မသိတာ”
*