← Chapters

အခန်း (၁၂၀)

Vol. 12 Ch. 120

အခန်း (၁၂၀)

Vol. 12 Ch. 120

စုန့်စစ်ယွီအတွက်တော့ ရှုကျစ်၀မ်ဟူသည့်လူသည်ကား သူမအတွက်မူ မည်သို့မျှ အသုံးကျသည့် သူမျိုး မဟုတ်ပေ။

ဒါရိုက်တာရှု၏လက်ခံမှုကို မရရှိခဲ့သည်ကြောင့်လား၊ သို့မဟုတ် မတိုင်ခင်က ရှုကျစ်ဝမ်၏ လုပ်ရပ်ကို ရွံရှာခဲ့သည်ကြောင့်လား မသိပေ။

စုန့်စစ်ယွီ၏ စိတ်ခံစားမှုမှာ အဆင်မပြေဖြစ်လာကာ ရှုကျစ်ဝမ်နှင့် ညစာစားပြီးသည့်နောက်တွင် အိမ်သို့ ပြန်သွားရန် စီစဉ်လိုက်သည်။

ရှုကျစ်ဝမ်သည်ကတော့ ဆက်၍ အလုပ်လုပ်ရမည်ဖြစ်သည့်အတွက် စုန့်စစ်ယွီ နှင့် မခွဲချင်သော်ငြားလည်း စုန့်စစ်ယွီ ထွက်သွားသည်ကိုသာ ကြည့်နေခဲ့ရတော့သည်။

စုန့်စစ်ယွီ၏ အဆင်မပြေသည့် စိတ်ခံစားချက်မှာ ရှုကျစ်၀မ် နှင့် ခွဲခွာခဲ့ပြီးသည့်နောက်၌ အနည်းငယ် ကောင်းမွန်လာခဲ့သည်။

ရှုကျစ်ဝမ်အား မမြင်ရတော့သည့်အချိန်တွင် ကောင်းကင်သည်တောင်မှ အနည်းငယ် ပို၍ ကြည်လင်လာသကဲ့သို့ ခံစားရသည်။

စုန့်စစ်ယွီသည် မူလက အိမ်သို့သာ တိုက်ရိုက်ပြန်ရန် စီစဉ်ထားခဲ့သော်လည်း သူမ လမ်းလျှောက်နေစဉ် လမ်းပေါ်၌ သူမ သိကျွမ်းသည့်သူ တစ်ဦးနှင့် တွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထိုသူမှာ စက်ရုံဝန်းထဲရှိဌာနရုံးမှ အန်တီဝမ်ပင်ဖြစ်ပေသည်။

အန်တီဝမ်မှာ စကားအလွန်များသည့်သူဖြစ်၍ သူမကို မြင်သည်နှင့် နှုတ်ဆက်ရပေမည်။ ထိုသို့မဟုတ်ဘဲ နှုတ်မဆက်ဘဲ ထွက်သွားပါက အန်တီ၀မ် တခြားသူအမားထံတွင် မည်သည်များကို ပြောလိမ့်မည်ကို မည်သူမှ မသိနိုင်ပေ။

ထို့ကြောင့် စုန့်စစ်ယွီတစ်ယောက် အတင်းအကြပ် ပြုံးပြလိုက်ကာ အန်တီဝမ်အား နှုတ်ဆက်ရန်

ပြင်လိုက်သည်။

သို့သော် သူမ အရှေ့သို့မရောက်မီမှာပင် အန်တီဝမ်သည် သူမထံသို့ တက်ကြွစွာ လျှောက်လာပြီး မေးမြန်းလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

“စစ်ယွီ၊ ခုနတုန်းက နင်နဲ့ ညစာစားနေတဲ့သူက ဒါရိုက်တာရှုရဲ့မိသားစုက ရှုကျစ်၀မ်လား၊ နင် တကယ်ပဲ သူနဲ့ ချိန်းတွေ့နေတာလား”

စုန့်စစ်ယွီ ကြောင်အမ်းသွားသည်။ အန်တီဝမ်၏မေးခွန်းများမှာ ဤမျှလောက် တည့်တိုးဆန်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

စုန့်စစ်ယွီမှာ အလွန်အမင်း ဒေါသထွက်နေခဲ့သော်လည်း အလွန် စိတ်သဘောထားကောင်းမွန်သူကဲ့သို့  နွေးထွေးစွာ ပြောလိုက်ချေသည်။

“ဟုတ်ပါတယ် အန်တီဝမ်၊ ကျွန်မနဲ့ ကျစ်ဝမ်နဲ့ တွဲနေကြပါပြီ”

သူမ ထိုသို့ ပြောရင်း ရှက်ရွံ့ဟန်ဖြင့်ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။

သို့သော် သူမအား စောင့်ဆိုင်းနေသော နောက်ဆက်စကားလုံးများမှာ အန်တီ၀မ်ထံမှ ဆူပူကြိမ်းမောင်းသံများသာဖြစ်သည်။

“ဒါပေမဲ့ ရှောင်ရှုက နင့်ရဲ့ညီမကို အရင်က ကြိုက်ခဲ့တာမလား?

နင်..နင်.....နင်က အခု ရှောင်ရှုနဲ့ ချိန်းတွေ့နေတယ်ပေါ့၊ နင် နင့်ညီမ လင်းရန်အတွက် ဘယ်တုန်းကမှ ထည့်မစဉ်းစားခဲ့ဘူးလား? နင် ဘယ်လိုဖြစ်ပြီး ဒီလိုလူမျိုး ဖြစ်နေခဲ့တာလဲ? နင့်ညီမရဲ့ လူကို ဒီလောက်တောင်မှ လုယူရတာကို ကြိုက်နေတာလား? !”

အန်တီ၀မ်၏ အသံမှာ ကျယ်လောင်၍ အားအင်ပြည့်ဝနေပြီး မျက်နှာမှာ သူမ၏  မျက်နှာမှာလည်း အလွန်တရာပင် ဒေါသထွက်နေသည့် ပုံစံဖြစ်နေသည်။

လုယူခံရသည်က လင်းရန် မဟုတ်ဘဲ သူမကိုယ်တိုင် စိန်စစ်ယွီထံတွင် လုယူခံရသကဲ့သို့ ဖြစ်နေခဲ့သည်။

သူမ၏ စကားသံ တိတ်သွားသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်မှ လူများမှာ ရပ်တန့်သွားခဲ့ကြကာ စူးစမ်းစပ်စုလိုသည့်အကြည့်များဖြင့် သူတို့ရှိရာနေရာဆီသို့ ကြည့်လိုက်ကြလေသည်။

စုန့်စစ်ယွီသည်ကား ထိုလူများ၏ မျက်လုံးများထဲမှ အကြည့်များကြောင့် ရှက်ရွံ့မှုများနှင့်ထုံကျင်သွားရသည်။

လူတိုင်း၏ မျက်လုံးထဲ၌ ပြစ်တင်ရှုံ့ချမှုနှင့် အထင်အမြင်သေးကာမထီမဲ့မြင်ပြုမှုများ ပြည့်နေသည်ဟု သူမ

ခံစားလိုက်ရသည်။

သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး နှုတ်ခမ်းပေါ်မှ အပြုံးကို အတတ်နိုင်ဆုံး ထိန်းထားကာ အန်တီဝမ်အား ပြောလိုက်သည်။

“အန်တီဝမ်၊ ဒါက အန်တီ အစွန်းရောက်နေတာပဲ၊ ကျွန်မရဲ့ညီမ လင်းရန်နဲ့ ကျစ်၀မ်ကြားမှာ ဘာမှမဖြစ်ခဲ့ပါဘူး၊ တစ်ယောက်ယောက်က မှားပြောတာကို အန်တီ ကြားမိခဲ့တာများလား?”

စုန့်စစ်ယွီ၏ စကားများမှာ အန်တီ၀မ်အား နကျယ်အုံကို တက်နင်းမိလိုက်သကဲ့သို့ ဖြစ်သွားစေသည်။ မတိုင်လးခင်က အန်တီဝမ်မှာ ဒေါသထွက်ကာ ပြစ်တင်ရှုံ့ချရုံသာ ရှိသေးသော်လည်း ယခုတွင်မူ လုံးလုံးလျားလျား ဒေါသပေါက်ကွဲသွားခဲ့တောသည်။

“ငါကပဲ မှားကြားရတယ် ရှိသေးတယ်၊ နင်က ငါ့ကို ဘယ်လိုလူလိုများ မှတ်နေတာလဲ၊ ငါက ငါတို့ရဲ့စက်ရုံလမ်းထဲမှာ သတင်းအစုံဆုံးလူပဲ!

ငါပြောလိုက်မယ် စစ်ယွီ၊ ငါ အစကတော့ နင့်ကို မိမ်းမပျိုလေးတစ်ယောက်မို့လို့ ကောင်းကောင်းမွန်မွန်ပြောချင်ခဲ့တာ၊ ဒါပေမဲ့ နင်က ဒီ‌လိုပြောနေမှတော့ ငါကလည်း ဖုံးကွယ်မနေတော့ဘူး၊

နင့်အဖေနဲ့ ဦးနှောက်ပျက်နေတဲ့ လီရှို့လီတို့က လင်းရန်ကို ရှုမိသားစုဆီကို ရှုကျစ်ဝမ်နဲ့ ကြင်ဖက်တွေ့ဖို့အတွက် ပို့ခဲ့တာကို ငါမသိဘူးများ ထင်နေတာလား၊

ဘာလဲ နင်က လင်းရန် မသိဘူးဆိုပြီး လင်းရန်ရဲ့လူကို အလောတကြီး လုယူဖို့ လုပ်နေတာလား၊ စစ်ယွီ နင် ဒီလိုမလုပ်သင့်ဘူးနော်

၊ နင် လုပ်တာတွေကို ဘုရားသခင်က စောင့်ကြည့်နေတယ်!”

လင်းရန်သည်ကား ကျေးလက်ဒေသသို့ ကိုယ်တိုင်သွားလိုသည့် ဆန္ဒရှိခဲ့သည့်အတွက်ကြောင့် အန်တီ၀မ်သည်က လင်းရန်အပေါ် အလွန်တရာမှ အထင်ကြီးလေးစားခဲ့သည်။

အန်တီ၀မ်၏ စိတ်ထဲတွင် လင်းရန်သည်က ငယ်ရွယ်သူများ၏ ထူးချွန်မှုကို ကိုယ်စားပြုနိုင်သည့် မိန်းကလေးတစ်ဦးဖြစ်သည်။

စုန့်စစ်ယွီမှာမူ ကျေးလက်သို့သွားရန် လျှောက်လွှာ တင်ခဲ့ပြီးမှ ပြန်ယူသွားကာ သူမ၏ ညီမကိုလည်း ကျေးလက်ဒေသသို့ သွားစေခဲ့သည့် အစ်မတစ်ယောက်အဖြစ် အန်တီ၀မ်၏ စိတ်ထဲ၌ မှတ်သားထားသည်။

ယခု စုန့်စစ်ယွီသည်က ရှုကျစ်၀မ်နှင့် အဘယ်ကြောင့် ချိန်းတွေ့နေနိုင်ရသနည်း။ ရှုကျစ်၀မ်သည် ယခင်က လင်းရန်အား ကြိုက်ခဲ့သည်မဟုတ်ပါလား။

ရှုမိသားစု နှင့် စုန့်မိသားစုက ထိုကိစ္စကို ပြင်ပလူများအား မပြောခဲ့ကြသော်လည်း ထိုကိစ္စများမှာ စက်ရုံဝန်ကြီးတစ်ခုလုံးကို ခြုံငုံကြည့်ရှုနိုင်သည့် အန်တီ၀မ်၏ မျက်လုံးထဲမှ မလွတ်မြောက်နိုင်ခဲ့ပေ။

ထိုအချိန်က လင်းရန်နှင့် ရှုကျစ်ဝမ်တို့ မတွဲခဲ့သည်ကို အန်တီ၀မ်တစ်ယောက် အနည်းငယ် နောင်တရနေခဲ့သည်။

သို့သော် လင်းရန်သည်ကား ကျေးလက်သို့ သွားလိုကြောင်းနှင့် သူမ၏ ကောင်းမွန်သည့် ရည်ရွယ်ချက်ကို ပြောကြားပြီးသည့်နောက်တွင် အန်တီ၀မ်သည်လည်း ထိုကိစ္စနှင့် ပတ်သက်၍ မည်သို့မှ မပြောလာခဲ့တော့ပေ။

သို့သော်လည်း လင်းရန်အား ယခင်က ကြိုက်နှစ်သက်ခဲ့သည့် ရှုကျစ်ဝမ်သည် နောက်ပိုင်း၌ စုန့်စစ်ယွီနှင့် ဤကဲ့သို့ ချိန်းတွေ့နေလိမ့်မည် ဟု အန်တီ၀မ် ထင်မှတ်မထားခဲ့ပေ။

ရှုကျစ်၀မ်က မည်ကဲ့သို့သော ယောကျ်ားမျိုးနည်း။

စုန့်စစ်ယွီဟူသည့် မိန်းကလေးသည်လည်း သူမ၏ မျက်လုံးများကို အလှဆင်ရန်သာ သုံးသည်များလား။

ရှုကျစ်၀မ်သည်က ယောက်ျားကောင်း ဖြစ်နိုင်၊ မဖြစ်နိုင်ဟူသည်ကို သူမ၏ ဦးနှောက်က မစဉ်းစားတတ်သည်များလား။

အန်တီ၀မ်မှာ လွန်စွာပင် ဒေါသထွက်နေခဲ့သည်။

အန်တီဝမ်မှ ဤမျှလောက် များစွာ သိ‌နေလိမ့်မည်ဟု စုန့်စစ်ယွီ ထင်မထားခဲ့ပေ။

ထို့အပြင် အန်တီ၀မ်သည်က ထိုကိစ္စကို လူများစွာ၏ ရှေ့၌ ပြောလိုက်သည့်အတွက် စုန့်စစ်ယွီမှာ မျက်နှာပြရန်ပင် သတ္တိမရှိတော့ပေ။

စုန့်စစ်ယွီ၏ မျက်နှာမှာ လုံးလုံးလျားလျားပင် ဖြူဖွေးဖျော့တော့သွားသည်။

“အန်တီဝမ်၊ ဒီကိစ္စက ရှင်ထင်ထားသလို မဟုတ်ပါဘူး!”

အန်တီဝမ်မှာ အလွန်အမင်းဒေါသထွက်နေကာ သူမ၏စကားများကိုပင် နားမထောင်နိုင်တော့သည်ကို စုန့်စစ်ယွီ မြင်သည့်အခါတွင် သူမ ထပ်၍ ရှင်းပြလျှင်လည်း အချည်းနှီးသာဖြစ်သည် ဟု သတ်မှတ်ကာ အံကြိတ်၍ ပြောလိုက်သည်။

“ကျွန်မ တခြားလုပ်စရာရှိသေးတာမို့ အရင်သွားလိုက်ပါဦးမယ်”

“ဟေး၊ မသွားနဲ့ဦး၊ ငါ‌ နင့်ကို ထပ်ရှင်းပြဖို့ ရှိသေးတယ်၊ နင်က ဒီလောက်ငယ်သေးတာကို လမ်းမှားမရောက်စေနဲ့...”

သူမ၏ အနောက်ဘက်မှ အန်တီဝမ်၏ စကားသံမှာ ဆက်၍ ထွက်လာခဲ့သော်လည်း စုန့်စစ်ယွီမှာ ပို၍ လျင်မြန်စွာ လျှောက်သွားခဲ့သည်။

စုန့်စစ်ယွီက သူမသာ လျင်မြန်စွာ လမ်းလျှောက်သွားခဲ့လျှင် အန်တီဝမ်သည်က သူမအား မမြင်ရတော့သည့်အတွက် ထိုစကားများကို ဆက်၍ ပြောမည် မဟုတ်ဟု ထင်ထားခဲ့သည်။

သို့သော် စုန့်စစ်ယွီမှာ အန်တီဝမ်၏ မပျင်းမရိ စကားပြောနိုင်မှုနှင့် ကောလာဟလ ပြောတတ်သည့် ကျွမ်းကျင်မှုကို အထင်သေးရာ ရောက်သွားခဲ့ချေပြီ။

စုန့်စစ်ယွီ ထွက်သွားခဲ့သော်လည်းပတ်ဝန်းကျင်မှ လူများက ထိုကိစ္စကို

လွန်စွာ စိတ်ဝင်စားနေဆဲပင်ဖြစ်သည်။

သူတို့သည် အန်တီဝမ်၏အနီးသို့ ချဉ်းကပ်ကာ ထိုကိစ္စ၏အသေးစိတ်ကို မေးမြန်းခဲ့ကြသည်။

ယခုအချိန်တွင် အန်တီဝမ်၏ပြောပြချင်သည့်စိတ်မှာလည်း လွန်စွာမှ ပြင်းပြနေခဲ့သည်။

လူတိုင်းက အလွန်စူးစမ်းမေးမြန်းချင်နေသည်ကို အန်တီ၀မ် မြင်သည့်အခါတွင် သူမက ဆက်လက် မထိန်းနိုင်တော့ဘဲ ထိုကိစ္စကို သူတို့အား ပြောပြလိုက်ပြီး သူမအား ထောက်ခံမည့်သူများကို ရှာလိုက်သည်။

“... ဒါကို မှန်တယ်လို့ ထင်လား?”

“...ဒါ အဆင်ပြေတယ်လို့ နင်တို့ ထင်ကြသလား? လုံး၀ကိုအဆင်မပြေတာ ဟုတ်တယ်မလား!”

ပတ်ဝန်းကျင်မှ လူများကလည်း ထိန်းမနိုင်သိမ်းမနိုင်ပင် ခေါင်းညိတ်ကြကာ အန်တီဝမ်အား ထောက်ခံခဲ့ကြသည်။

တစ်ချိန်တည်းတွင်ပင် အန်တီ၀မ်သည် စုန့်စစ်ယွီ၏ မတိုင်မီက ပုံစံကို စဉ်းစားကာ သက်ပြင်းချလိုက်မိသည်။

“ဒီကောင်မလေးက လူသားဆန်တဲ့ပုံစံလေးမို့ ဒီလို မသင့်တော်တဲ့ ကိစ္စတွေကို လုပ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ ရှုကျစ်၀မ်က သူမရဲ့ညီမနဲ့ ဘာမှ မပတ်သက်ဘူးဆိုရင်တောင် သူမအပေါ် သက်ရောက်မှု မကောင်းဘူး‌လေ၊ သူမရဲ့ ညီမသာ သိရင် ဘယ်လောက်တောင် ဝမ်းနည်းနေမလဲ မသိဘူး။”

“ဟုတ်တယ်မလား၊ လင်းရန်ခမျာ

အခုဆိုရင် ကျေးလက်မှာ ဘယ်လောက်တောင် ဆင်းဆင်းရဲရဲနဲ့ နေရလဲမသိဘူး။

ဒီကောင်မလေးက တကယ်ကို သနားစရာကောင်းပြီး ကံဆိုးရှာပါတယ်၊ သူတို့မိသားစုတစ်ခုလုံးမှာ စိတ်သဘောကောင်းမွန်တဲ့သူဆိုလို့ သူမ တစ်ယောက်တည်းပဲ ရှိတာ၊ နှမြောစရာကောင်းလိုက်တာ”

အန်တီဝမ်သည်ကား လင်းရန်အတွက် လွန်စွာစိတ်မကောင်းဖြစ်ကာ သနားသွားပြီး လင်းရန်ထံသို့အလျင်အမြန်သွား‌ရောက်ကာ ချစ်ခင်စွာဖြင့် ပွေ့ဖက်ပေးလိုသည့် ဆန္ဒများပင် ဖြစ်ပေါ်လာခဲ့သည်။

ဤသို့ဖြင့် ထိုသတင်းသည် တစ်ဦးမှ တစ်ဦးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ စုန့်စစ်ယွီ အိမ်ပြန်ရောက်သည့်အချိန်၌ သူမနှင့် ရှုကျစ်ဝမ်အကြောင်း၊ ရှုကျစ်ဝမ်သည် ယခင်က လင်းရန်အား ကြိုက်ခဲ့သည့် အကြောင်းများမှာ စက်ရုံဝန်းကြီးတစ်ခုလုံးသို့ ပျံ့နှံ့နေလေပြီ။

*

All Chapters