အခန်း (၁၂၁)
Vol. 13 Ch. 121
ညနေပိုင်း စုန့်ဝေ့ အလုပ်မှ အိမ်သို့ပြန်သည့်အချိန်တွင် စက့ရုံ၏ဝန်ထမ်းအိမ်ရာ တံခါးဝမှ ဖြတ်သွားရင်း မိသားစုအိမ်တံခါးဝ၌ ထိုင်ကာ စကားပြောရသည်ကို ကြိုက်သည့် မိန်းမကြီးများကို ထပ်၍ တွေ့လိုက်ရပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ
ထိုမိန်းမကြီးများက သူ့အား ကြည့်သည့်ပုံစံမှာ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
စုန့်ဝေ့ ထိုကဲ့သို့ ခံစားမှုမျိုး ဖြစ်ပေါ်ခဲ့သည့် နောက်ဆုံးအကြိမ်မှာ လင်းရန် ကျေးလက်သို့ ကိုယ်တိုင်သွားရန် ဆုံးဖြတ်စဥ်က ဖြစ်ပြီး၊
ထိုစဉ်က သူနှင့်သူ၏သမီးစုန့်စစ်ယွီသည်က သူ၏မွေးစားသမီး လင်းရန်လောက်ပင် အသိဉာဏ် မပွင့်လင်း ဟု အပြစ်တင်ခံခဲ့ရသည်။
ထိုအချိန်တ၀်ယောက် စုန့်ဝေ့သည် ရှင်းလင်းချက်များစွာကို အလွန်အမင်းပြုလုပ်ပြီးမှသာ လူများအား ထိုကိစ္စကို မေ့ပစ်စေနိုင်ခဲ့သည်။
ဤသို့ဆိုလျှင် လက်ရှိတွင်လည်း ယခု သူ မသိသေးသည့် လွန်စွာခက်ခဲသည့် ကိစ္စတစ်ခုခု ဖြစ်နေသည်များလား။
ထိုအကြောင်းကို စဉ်းစားမိသည့်အချိန်တွင် စုန့်ဝေ့တစ်ယောက် ရုတ်တရက် သူ၏ ဣန္ဒြေကိုပင် မထိန်းနိုင်တော့ဘဲ အိမ်သို့ အလျင်အမြန် ပြန်သွားခဲ့သည်။
အိမ်ထဲသို့ ရောက်သည်နှင့် သူသည်က မည်းမှောင်နေသည်သ မျက်နှာထားဖြင့် လီရှို့လီအား ခေါ်ကာ မေးလိုက်သည်။
“မင်း ဒီနေ့ အပြင်မှာ ပြဿနာတစ်ခုခု ရှာခဲ့သေးလား?”
စုန့်ဝေ့ စဉ်းစားမိသည့် တစ်ခုတည်းသော အရာမှာ ပေါ့ပေါ့တန်တန်နေတတ်သည့် လီရှို့လီတစ်ယောက် အပြင်ဘက်သို့ထွက်ကာ နောက်တစ်ကြိမ် ပြဿနာထပ်၍ ရှာခြင်းသာ ဖြစ်လိမ့်မည် ဟူ၍ပင် ဖြစ်ပေသည်။
သို့မဟုတ်လျှင် အပြင်ဘက်မှ လူများက သူ့အား ထိုကဲ့သို့ ကြည့်ကြမည် မဟုတ်ပေ။
အဘယ်ကြောင့် ထိုပြဿနာမှာ စုန့်စစ်ယွီကြောင့် ဖြစ်နိုင်သည်ဟု သူ မစဉ်းစားမိခဲ့သနည်း။
ထိုမေးခွန်း၏ အဖြေအတွက်တော့ ဖခင်တစ်ယောက်အနေဖြင့် စုန့်ဝေသည်ကာ ယခုအချိန်တွင် သူ၏သမီးဘက်မှ လုံးလုံးလျားလျားပင် ရပ်တည်နေခဲ့သည်။
သူ၏သမီးသည်က အလွန်စွမ်းဆောင်ရည်ရှိသည့်အတွက်ကြောင့် ရှုကျစ်ဝမ်ကို အချိန်တိုအတွင်း၌ပင်
ချည်းကပ်ကာ ရယူနိုင်ခဲ့သည် မဟုတ်ပါလား။
စုန့်ဝေ့၏ မျက်လုံးထဲ၌ စုန့်စစ်ယွီသည် ထိုကဲ့သို့ မသိနားမလည်ဘဲ ပြဿနာရှာမည့်သူ မဖြစ်နိုင်ချေ။
ထို့ကြောင့် သူ စဉ်းစားမိသည့် တစ်ဦးတည်းသောသူမှာ လီရှို့လီသာ ဖြစ်ပေသည်။
သို့သော် လီရှို့လီ၏ စိတ်ထဲ၌ အမှန်တကယ်ပင် သူမသည် မည်သည့်ပြဿနာမှ မပြုလုပ်ခဲ့ဟု ထင်ခဲ့သည်။
“ကျွန်မ မလုပ်ပါဘူး၊ ကျွန်မ ဒီနေ့ အပြင်တောင် မထွက်ရသေးဘူး…”
လီရှို့လီသည် စုန့်ဝေ့အား တိုးညင်းစွာ ရှင်းပြလိုက်သည်။
“ကျွန်မ အပြင်တောင် မထွက်သေးတာ၊ ဘယ်လိုလုပ် ပြဿနာရှာတာ ဖြစ်နိုင်မှာလဲ?
ရှင် ရှင့်သမီး စစ်ယွီကို မေးတာ ပိုကောင်းမယ်၊ သူမ ပြန်လာတုန်းက မျက်နှာသိပ်မကောင်းဘူး…”
စုန့်ဝေ့ ထိုစကားကြားသည့်အခါ မျက်မှောင်ကြုတ်သွားသည်။
“ ဘာဖြစ်လို့ မျက်နှာမကောင်းတာလဲဆိုတာ မင်း သူမကို မမေးခဲ့ဘူးလား?”
လီရှို့လီ ခေါင်းခါလိုက်သည်။
သူမ အဘယ်ကြောင့် မေးရဲမည်နည်း။
ယခုဆိုလျှင် သူမသည်ကား စုန့်မိသားစု၌ အိမ်စေတစ်ယောက်ကဲ့သို့ အခြေအနေမျိုး ရောက်နေလေပြီ။
စုန့်စစ်ယွီအား အဘယ်ကြောင့် စိတ်မပျော်သည်ကို မေးရန်ပင် မဆိုထားနှင့်။
စုန့်စစ်ယွီနှင့်စုန့်ဝေ့တို့ စိတ်ထဲ၌
သူမအား မထီမဲ့မြင်ပြုခံရမည်ကို
ကြောက်၍ အသံကျယ်ကျယ်ပင် မပြောရဲပေ။
အကယ်၍ သူတို့သာ သူမအား သဘောမကျတော့လျှင် မည်သို့လုပ်ရမည်မှန်းကို သူမ မသိတော့ပေ။
ပြောရလျှင် လီရှို့လီသည် ယခု
စုန့်မိသားစု၌ နေရသည်မှာ ရေခဲအလွှာပါးပေါ် လမ်းလျှောက်နေရသကဲ့သို့ပင် ဖြစ်နေခဲ့သည်။၊ ယခင်ကကဲ့သို့ မဆင်မခြင် မပြုမူရဲတော့ပေ။
ကံကောင်းစွာဖြင့် စုန့်ဝေ့နှင့်စုန့်စစ်ယွီတို့ နှစ်ဦးလုံးမှာ ကိုယ်ပိုင်အလုပ်များ
ရှိသည့်အတွက်ကြောင့် သူမအား ပြဿနာရှာရန် အချိန်မရှိခဲ့ပါချေ။ ထို့ကြောင့်သာ လီရှို့လီ၏ဘဝမှာ
အနည်းငယ် အဆင်ပြေနေခဲ့သည်။
စုန့်ဝေ့ အိမ်ပြန်လာသည်နှင့် သူမအား ထိုသို့ ပြဿနာရှာသည့်သူအဖြစ် စွပ်စွဲမေးမြန်းခဲ့သည်ကို တွေးမိပြီး လီရှို့လီမှာ အလွန်မခံမရပ်နိုင် ဖြစ်နေဆဲပင်ဖြစ်သည်။
သူမ မည်သည့်ပြဿနာမှ မရှာသည်မှာ သိသာနေလျက်နှင့် အဘယ်ကြောင့် စုန့်ဝေ့သည်က သူမအား စွပ်စွဲမေးမြန်းခဲ့ရသနည်း။
ယခင်က ဤကဲ့သို့သာ ဖြစ်ခဲ့လျှင်
သူမသည် စုန့်ဝေ့နှင့် အပြင်းအထန် ရန်ဖြစ်မိမည်မှာ သေချာသည်။
သို့သော် ယခုအချိန်တွင် ရန်ဖြစ်ရန်ကိုမဆိုထားနှင့် ၊ သူမ နောက်ထပ်စကားတစ်ခွန်းမျှပင် မပြောရဲတော့ပေ။ မည်သူတစ်ဦးတစ်ယောက်ကိုမှလည်း မကျေမနပ်ဖြစ်စေရန် မလုပ်ရဲတော့ပေ။
သူမ၏ မကျေနပ်ချက်များကို နားထောင်ပေးခဲ့သည့် သူမ၏ တစ်ဦးတည်းသော သွေးသားရင်းချာသမီးဖြစ်သူ လင်းရန်သည်လည်း ယခု စုန့်မိသားစု၌ မရှိတော့ချေ။
ထိုအကြောင်းကို စဉ်းစားမိသည့်အချိန်တွင် လီရှို့လီမှာ ရုတ်တရက် ပို၍ ဝမ်းနည်းသွားသည်။
စုန့်ဝေ့သည်က သူ၏သမီး စုန့်စစ်ယွီ ပြန်လာစဥ်က မျက်နှာမကောင်းကြောင်း လီရှို့လီထံမှ ကြားခဲ့ရပြီးသည့်နောက် စိုးရိမ်ပူပန်သွားခဲ့ကာ လီရှို့လီနှင့် ထပ်၍ အချိန်ဖြုန်းကာ စကားမပြောတော့ဘဲ စုန့်စစ်ယွီအား သွားတွေ့ရန် အပေါ်ထပ်သို့အလျင်အမြန် တက်သွားခဲ့သည်။
သူ စုန့်စစ်ယွီ၏ အခန်းတံခါးကို ခေါက်ကာ ဖွင့်လိုက်သည့်အချိန်တွင် စုန့်စစ်ယွီမှာ မျက်မှောင်ကြုတ်ကာ
အလွန်စိတ်ဆိုးနေသည်ကို စုန့်ဝေ့ တွေ့လိုက်ရသည်။
သို့နှင့် စုန့်ဝေ့လည်း ကိစ္စတစ်ခုခု ဖြစ်နေသည်ဟု ရိပ်မိသွားခဲ့ပြီး စုန့်စစ်ယွီအား မေးမြန်းလိုက်သည်။
စုန့်စစ်ယွီလည်း သူမ၏ ဒေါသကို ထိန်းချုပ်ကာ စုန့်ဝေ့အား သူမ စက်ရုံဝန်းထဲ၌ ကြုံတွေ့ခဲ့ရသည်များကို ပြောပြလိုက်လေသည်။
စုန့်ဝေ့တစ်ယောက် ထိုစကားကြားသည့်အခါ တံခါးဝမှ မိန်းမကြီးများအဖွဲ့ သူ့အား ခုနက ကြည့်သည့်ပုံစံကို သတိရကာ
ရုတ်တရက် အာမေဋိတ်သံ ထွက်လာသည်။
“အာ!”
ဤအခြေအနေအား သုံးသပ်ကြည့်လျှင် သူတို့နှင့်ရှုမိသားစုကြားမှ ကိစ္စများမှာ အတော်များများ ပျံ့နှံ့သွားလေပြီဟု သတ်မှတ်ရပေတော့မည်။
ထို့နောက် စုန့်ဝေ့သည် သူ ပြန်လာစဉ်က ကြုံတွေ့ခဲ့ရသည်များကို စုန့်စစ်ယွီအား ပြောပြလိုက်သည်။
စုန့်စစ်ယွီသည်လည်း ထိုစကားကြားသည့်အခါ အနည်းငယ် စိုးရိမ်လာခဲ့သည်။
သူမနှင့်သူမ၏ဖခင်ဖြစ်သူ စုန့်ဝေ့တို့သည်ကား ရှုမိသားစုနှင့် သူတို့၏ ဆက်ဆံရေးကို လူသိရှင်ကြား ကြေညာရန် မစီစဉ်ရသေးပေ။
ရှုကျစ်ဝမ်နှင့်ဆက်ဆံရေးကို မကြေငြာရသေးသည့်အပြင် ၊ ရှုကျစ်ဝမ်နှင့် လင်းရန်တို့ ယခင်က
ပတ်သက်ခဲ့သည်ကိုလည်း တစ်ဦးဦးက သိသွားမည်ကို သူတို့ စိုးရိမ်ခဲ့ကြသည်။
ထို့ကြောင့် သူတို့က ပထမဆုံးအနေဖြင့် ရှုမိသားစုနှင့် အပြီးအပိုင် ချည်းကပ်ရန် စီစဉ်ခဲ့ကြသည်။
လူတိုင်းက လင်းရန်၏အကြောင်းကို လုံးလုံးလျားလျား မေ့သွားကြသည့်အချိန်မှသာ ရှုမိသားစုနှင့်ပတ်သက်သည့် ကိစ္စများကို ဖြည်းဖြည်းချင်း ကြေညာရန် စီစဉ်ထားခဲ့ကြသည်။
ယခုတွင်မူ သူတို့အနေဖြင့် ကိစ္စများအား တစ်ခုမျှပင် မဖြေရှင်းရသေးမီတွင် တခြားတစ်ဘက်၌ အန်တီဝမ်မှ ထိုကိစ္စများကို ပျံ့နှံ့စေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
“အဲဒီ အန်တီဝမ်ဆိုတဲ့ မိန်းမကြီး ဘာဖြစ်နေတာလဲ၊ ဘာလို့ဒီလောက်တောင် စကားများနေရတာလဲ!”
ထိုကိစ္စကို သိသွားပြီးသည့်နောက် စုန့်စစ်ယွီမှာ အလွန်ဒေါသထွက်သွားသည်။
အန်တီဝမ်သည်က သူမအား ဒေါသထွက်စေရုံတင်သာမက လမ်းထဲမှ လူတိုင်းကိုပင် ထိုအကြောင်းကို သိသွားစေရန် ပြောပြေနေခဲ့လိမ််လိမ့်မည်ဟု စုန့်စစ်ယွီ ထင်မထားခဲ့ပေ။
စုန့်ဝေ့မှာ ထိုအဖြစ်အပျက်ကြောင့် ခေါင်းကိုက်နေခဲ့သော်လည်း စုန့်စစ်ယွီထက် ပို၍ တည်ငြိမ်ဟန် ရှိသည်။
“အဆင်ပြေတယ်၊ စစ်ယွီ ကိစ္စက ပျံ့ပြီးသွားပြီဆိုမှတော့ အခု လူတွေကို ကျိန်ဆဲနေလို့လည်း ဘာမှ အဓိပ္ပာယ်မရှိဘူး။
အရေးအကြီးဆုံးက သမီးရဲ့ ပြင်ပပုံရိပ်ကို ဘယ်လိုပြောင်းလဲမလဲဆိုတာ စဉ်းစားဖို့ပဲ! ပြီးတော့…”
စုန့်ဝေ ခဏတာမျှ စဉ်းစားကာ ရုတ်တရက် ပြောလိုက်သည်။
“တကယ်တော့ ခုလို သတင်းပျံ့သွားတာ မကောင်းတဲ့ကိစ္စကြီးလည်း မဟုတ်ပါဘူး”
စုန့်စစ်ယွီ ကြောင်အမ်းသွားပြီး အဘယ်ကြောင့် မကောင်းသည့်ကိစ္စ မဟုတ်ရမည်နည်းဟု တွေးနေစဉ်မှာပင် စုန့်ဝေ ဆက်၍ ပြောသည်ကို သူမ ကြားလိုက်ရသည်။
“ဒါရိုက်တာရှုက အခု သမီးကို သိပ်ပြီး လက်ခံချင်နေတာ မဟုတ်ဘူးလေ၊ ဒါပေမဲ့ ကိစ္စက ပျံ့နှံ့သွားပြီဆိုတော့ လမ်းထဲက လူတိုင်းက သမီးနဲ့ ရှုကျစ်ဝမ်တို့ရဲ့ ဆက်ဆံရေးကို သိသွားလောက်ပြီ၊
ဒီအချိိန်မှာ တကယ်လို့ ဒါရိုက်တာရှုက သမီးကို မကြိုဆိုဘူး၊ သမီးနဲ့ ရှုကျစ်ဝမ်တို့ရဲ့ ပတ်သက်မှု လက်မခံဘူးဆိုရင် သူ့ရဲ့ဂုဏ်သတင်းက သေချာပေါက် ထိခိုက်လိမ့်မယ်”
ယခု လူတိုင်းက ထိုကိစ္စကို စိတ်ဝင်စားနေကြသည်။
သို့သော် ထိုသူတို့သည်ကား စုန့်မိသားစုကိုသာ ပြစ်တင်ပြောဆိုကြမည်မဟုတ်ပေ။
ထိုကိစ္စနှင့် ပတ်သက်သည့် ရှုမိသားစုသည်လည်း လူတိုင်း၏ ပြစ်တင်ရှုံ့ချမှုမှ သေချာပေါက် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထို့အပြင် ဒါရိုက်တာရှုသည် စုန့်ဝေ့ထက် ရာထူး ပိုမြင့်၍ သူ၏ဂုဏ်သတင်းကို ပို၍ ဂရုစိုက်ရန်လိုအပ်သည်။
ဒါရိုက်တာရှုက သူ့ကိုယ်သူထက်
သူ၏ အပြင်ဘက်မှနာမည်ဂုဏ်သတင်းကို ပို၍ အလေးထားပေလိမ့်မည်။
ထို့ကြောင့် ထိုကိစ္စ ပေါ်ပေါက်လာသည်နှင့် ဒါရိုက်တာရှုသည် သူ၏သားနှင့် စုန့်စစ်ယွီတို့၏ ကိစ္စကို လက်မခံချင်လျှင်ပင် အတင်းအကြပ် လက်ခံရပေတော့မည်။
သို့မဟုတ်ပါက ရှုကျစ်ဝမ်နှင့် ဒါရိုက်တာရှုသည်ကား လူများ၏ ပြစ်တင်ရှုံ့ချကျိန်ဆဲခြင်းကို သေသည်အထိ ခံရပေတော့မည်။
စုန့်စစ်ယွီမှာ ဤသည်ကို ကြားသည့်အခါ ထိုကိစ္စ၏ အဓိကအချက်ကို အလျင်အမြန် သဘောပေါက်သွားပြီး သူမ၏စိတ်ထဲ၌ မမျှော်လင့်ဘဲ ပျော်ရွှင်မှုတစ်မျိုးကို ခံစားလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ စုန့်စစ်ယွီသည် ဒါရိုက်တာရှု၏ အကူအညီကို ရရှိရန် သူမ၏လက်ထပ်ခြင်းကိုပင် စတေးနိုင်ခဲ့သည်ဖြစ်၍ သူမအပေါ်
အခြားသူများ၏ ထင်မြင်ချက်ကိုလည်း ဂရုမစိုက်တော့ပေ။
ဒါရိုက်တာရှုသာ ဤနည်းလမ်းကြောင့် အလျှော့ပေးခဲ့လျှင် ဤသည်မှာ သူမအတွက်ကောင်းမွန်သည့် ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။
“အဖေ၊ ဒါဆို ဒီကိစ္စကို ဒီလိုပဲ ထားလိုက်ရအောင်။ အခု အပြင်ကလူတိုင်းက ရှုကျစ်ဝမ်နဲ့ သမီးအကြောင်းကို သိသွားပြီဆိုတော့ ဒါရိုက်တာရှုလည်း သိသွားလောက်ပြီလို့ သမီးယုံတယ်။
အခု သမီးတို့ကို သူနဲ့တွေ့ဖို့အတွက် ရှုကျစ်ဝမ် သမီးတို့ဆီကို လာပြောမှာကို စောင့်နေရုံပဲ ပျန်တော့တယ်”
စုန့်ဝေ့လည်း ထိုနည်းတူပင် တွေးမိလိုက်သဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သားအဖနှစ်ယောက်လုံး ပြုံးလိုက်ကြသည်။
သူတို့ ထင်ထားသည့်အတိုင်းပင် ညနေပိုင်း သူတို့မိသားစု ညစာစားနေစဥ် တံခါးခေါက်သံ ကြားလိုက်ရသည်။
“စစ်ယွီ၊ အိမ်ထဲမှာ ရှိလား?”
ထိုအသံကို ကြားလိုက်သည်နှင့် စုန့်ဝေ့က ချက်ချင်းပင် ဇွန်းကို ချလိုက်ကာ စုန့်စစ်ယွီအား တစ်ချက်ကြည့်လိုက်သည်။
သူတို့နှစ်ဦး၏ စိတ်ထဲ၌ တစ်ပြိုင်နက်တည်း အမည်တစ်ခု ပေါ်လာသည်။
ထိုအမည်မှာကား ရှုကျစ်ဝမ်ပင်ဖြစ်ပေသည်။
*