အခန်း (၁၂၂)
Vol. 13 Ch. 122
ရှုကျစ်ဝမ်၏ အသံကြောင့် စုန့်ဝေ့သည်က စုန့်စစ်ယွီအား
လက်ဝှေ့ယမ်းပြကာ ပြောလိုက်လေသည်။
“ဒါဆို သွားလိုက်တော့၊ ကိုယ့်ဘာသာ ကိုယ် သေသေချာချာ ဂရုစိုက်နော် ၊
သမီး မကိုင်တွယ်နိုင်တဲ့ကိစ္စရှိရင် သည်းခံပြီး အိမ်ကိုပြန်လာရင် အဖေ့ကို ပြောပြ၊ကောင်းပြီလား”
စုန့်စစ်ယွီသည်လည်း ခေါင်းညိတ်လိုက်ပြီး စိတ်ကိုအသင့်ပြင်ကာ တံခါးကိုဖွင့်၍ ရှုကျစ်၀မ်နှင့်အတူ
ရှုမိသားစုအိမ်ရာဆီသို့ လိုက်သွားခဲ့သည်။
ထိုအချိန်၌ ရှုမိသားစုမှ ရှုကျစ်၀မ်၏မိခင်နှင့် ဒါရိုက်တာရှုတို့မှာ နေ့လယ်က သူတို့ကြားခဲ့ရသည့် ကောလာဟလများနှင့် အပြင်မှလူများက သူတို့အား စိုက်ကြည့်လာသည့်ပုံစံကို စဉ်းစားကာ အိမ်တွင် အလွန်အမင်း ဒေါသထွက်နေကြလေပြီ။
“ငါတို့ရဲ့မိသားစုနဲ့ စုန့်မိသားစုက အရင်ဘဝတုန်းက ရန်သူတွေများလား? ဘာလို့ သူတို့မိသားစုက လူတစ်ယောက်နဲ့ တွေ့တိုင်း ဒီလိုကိစ္စတွေ ဖြစ်နေရတာလဲ?”
ရှုကျစ်၀မ်၏ မိခင်မှာ အပြင်းအထန် ဒေါသထွက်လွန်း၍ ထမင်းဟင်းများပင် မချက်ပြုတ်ချင်တော့သည့်အတွက် ခေါက်ဆွဲတစ်ပန်းကန်သာ စားလိုက်သည်။
သူမ၏သားဖြစ်သူ ရှုကျစ်၀မ်ကို စုန့်စစ်ယွီအား ညစာအတူ လာရောက်စားသောက်ရန် ဖိတ်ခေါ်ခိုင်းလိုက်သည်မှာ အကြောင်းပြချက်သက်သက်သာဖြစ်ပြီး အဓိကအကြောင်းရင်းမှာ စုန့်စစ်ယွီအား ရှုကျစ်ဝမ်နှင့် မည်သို့ ဖြစ်ပျက်နေသည်ကို မေးမြန်းရန် ဖြစ်ပေသည်။
စုန့်မိသားစုမှ ဖခင်နှင့်သမီး နှစ်ဦးသည်က မည်သည့်အတွေးအခေါ်များကို တွေးတောနေကြသနည်း။
အဘယ်ကြောင့် ဤမျှလောက်အထိ မျက်နှာပြောင်တိုက် အရှက်မဲ့နိုင်ရသနည်း။
သူတို့စုန့်မိသားစု၏ မွေးစားသမီးသည်က မတိုင်ခင်အချိန်က မှရှုမိသားစုအား ထိခိုက်စေခဲ့ပြီး
ယခုအထျိန်တွင် သူတို့၏သွေးသားရင်းချာသမီးကိုပင် ဖော်ထုတ်လာကာ ရှုမိသားစု၏သားကို ထိခိုက်စေနေပြန်လေပြီ။
အဘယ်ကြောင့် တခြားသူတစ်စုံတစဦးမဟုတ်ဘဲ သူတို့၏သားသာ ဖြစ်နေရသနည်း။
သူမ၏သားဖြစ်သူ ရှုကျစ်၀မ်သည်ကား အမှန်တကယ်ပင် သနားဖွယ် ကောင်းနေလေပြီ။
သူ့အား ထိုညီအစ်မနှစ်ယောက်က လှည့်စားနေခြင်းသာ ဖြစ်ရမည်။
သူမ၏သားသည်ကား
စုန့်စစ်ယွီ၏ အရည်အချင်းများမှ် မည်မျှပင် ကောင်းမွန်ကြောင်းတောက်လျှောက် ပြောနေသည်မှာ ယခုဆိုလျှင် အရူးတစ်ယောက်နှင့်ပင် တူနေလေပြီ။
ဒါရိုက်တာရှုအတွက်ကတော့ ဒေါသထွက်လွန်း၍ စကားပင် ပြောလိုသည့်စိတ်မရှိတော့ပေ။
သူသည်ကား ယခုအချိန်တွင် လင်းရန်နှင့် စုန့်စစ်ယွီကိုသာမက စုန့်ဝေ့ကိုပါ မုန်းတီးနေခဲ့သည်။
စုန့်ဝေ့သည်သာ သူ၏သမီးနှစ်ယောက်လုံးကို စိတ်ဓာတ်နှင့်အသိပညာကောင်းကောင်းသင်ပေးခဲ့လျှင် အခြေအနေများမှာ ဤမျှလောက် ဖြစ်လာရန် အကြောင်းမရှိပေ။
သို့သော် သူသည်ကား လူကြီးလူကောင်းတစ်ယောက်ဖြစ်သည့်အတွက် စုန့်ဝေ့ထံသို့ သွားကာ
လက်ညှိုးထိုးပြီး ဆူပူစွပ်စွဲရန် မဖြစ်နိုင်ပါချေ။
ထို့ကြောင့် စုန့်စစ်ယွီအား နောက်ဆုတ်သွားစေရန်အတွက် နည်းလမ်းရှာရန်သာ တတ်နိုင်တော့သည်။
သူတို့ ရှုမိသားစု၏ အိမ်သို့ စုန့်စစ်ယွီလာသည်ကို စောင့်ဆိုင်းပြီး သူမ မည်မျှကြာကြာ သည်းခံနိုင်မည်ကိုသာ စောင့်ကြည့်ရပေတော့မည်။
နောက်ဆုံး၌ တံခါးအပြင်ဘက်မှ အသံများ ထွက်ပေါ်လာခဲ့သည်။
ရှုကျစ်၀မ်၏ မိဘများမှာ
စိတ်လှုပ်ရှားလာခဲ့ကြပြီး ချက်ချင်းပင် တံခါးဆီကို ကြည့်လိုက်ကြသည်းး။
ခဏအကြာ၌ တံခါးကပွင့်လာပြီး သူမ၏သား ရှုကျစ်ဝမ်သည်က စုန့်စစ်ယွီနှင့်အတူ အိမ်ထဲသို့ ဝင်လာခဲ့လေသည်။
စုန့်စစ်ယွီအား မြင်လိုက်သည်နှင့် ဒါရိုက်တာရှုတို့ဇနီးမောင်နှံ၏ မျက်နှာပေါာ၌ စိတ်ပျက်ငြီးငွေ့မှုများ အနည်းငယ် ပေါ်လာသည်။
ဤမိန်းကလေး၊ သူမ၏ညီမ နှင့် သူတို့မိသားစုတစ်ခုလုံးသည်က
ရှုမိသားစုကို ဤကဲ့သို့ ရှုပ်ထွေးအောင် လုပ်ခဲ့သည် မဟုတ်ပါလား။
သို့သော် ရှုဇနီးမောင်နှံသည် သူတို့၏ မျက်နှာအမူအရာများကို အလျင်အမြန် ပြင်ဆင်လိုက်ကြပြီး စုန့်စစ်ယွီအား သူတို့ မည်မျှ မုန်းတီးနေသည်ကို ရှုကျစ်၀မ်အား မသိစေခဲ့ရန် ဟန်ဆောင်လိုက်ကြသည်။
“အို၊ စစ်ယွီ ရောက်လာပြီလား၊ ထိုင်ပါဦး”
ရှုကျစ်၀မ်၏မိခင်ဖြစ်သူ ရှုကတော်က စုန့်စစ်ယွီအား ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည်။
သူမက သူမတို့၏မိသားစုအိမ်တွင် ညစာစားရန်အကြောင်းကိုမူ မပြောတော့ပေ။ဘစုန့်စစ်ယွီကဲ့သို့သော မိန်းကလေးမျိုးအတွက် အစားအသောက်များကို ရှုကတော်အနေနှင့် အနည်းငယ်မျှပင် ဖြုန်းတီးလိုစိတ်မရှိပါချေ။
ရှုကျစ်ဝမ်လည်း စုန့်စစ်ယွီအား အိမ်သို့ ခေါ်လာပြီးနောက်တွင် ညစာစားရမည့်ကိစ္စကို လုံးလုံးလျားလျား မေ့သွားခဲ့သည်။ သူသည်က စုန့်စစ်ယွီအား လှည့်ကြည့်ပြီး ပြောလိုက်လေသည်။
-“စစ်ယွီ၊ လာထိုင်ပါဦး၊ မင်း ကိုယ့်ရဲ့မိဘတွေကို တွေ့ဖူးတယ် မဟုတ်လား? စိတ်ပူနေဖို့မလိုဘူးနော်”
ဒါရိုက်တာရှုက စုန့်စစ်ယွီအား ပြုံးရွှင်စွာဖြင့် ကြည့်လိုက်လေသည်။
“ဟုတ်တယ်၊ စစ်ယွီ၊ မင်းအဖေနဲ့ ဦးလေးနဲ့က မိတ်ဆွေဟောင်းတွေပဲ၊ ဒါကြောင့် ဦးလေးတို့ မိသားစုနှစ်ခုက ဒီလောက်အထိ စိမ်းသက်နေစရာမလိုပါဘူး”
သူတို့လင်မယားမှာ စိတ်ထဲ၌ မည်မျှမုန်းတီးကာ မည်သို့ပင် တွေးနေကြသည်ဖြစ်စေ ထိုကိစ္စကို စုန့်စစ်ယွီအား မျက်နှာချင်းဆိုင် မပြောကြသေးပေ။
ထို့ကြောင့် စုန့်စစ်ယွီသည်လည်း
အတော်လေးပင် စိတ်သက်သာရာရသွားခဲ့သည်။
သို့သော် သူမသည်ကား ရှုကျစ်ဝမ်ကဲ့သို့ တုံးအနေသည့်သူတစ်ယောက် မဟုတ်ပါချေ။
ရှုမိသားစုက သူမအား ဖိတ်ခေါ်သည်မှာ သာမန်အတိုင်း ရိုးရှင်းစွာတွေ့လို၍ မဟုတ်ဆိုသည့်အကြောင်းကို သူမ ခန့်မှန်းမိသည်။
စုန့်စစ်ယွီထင်သည့်အတိုင်းပင် သူမ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ရှုကတော်သည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ဆင်းရဲဟန်ဖြင့် ပြောလိုက်လေသည်။
“အို၊ အမေ အသားဝယ်ဖို့ မေ့သွားခဲ့တာပဲ၊ ဒါဆို ကျစ်ဝမ်၊ နိုင်ငံပိုင် စားသောက်ဆိုင် မပိတ်ခင်မှာ အဲဒီကိုသွားပြီး အသားနည်းနည်းလောက် သွားဝယ်ပေးပါဦး၊ မဟုတ်ရင် စစ်ယွီက သားရဲ့အိမ်ကို ပထမဆုံးအကြိမ် လာလည်တာ၊ အသားတောင် မစားရဘူးဆိုရင် မကာင်းဘူးလေ ဟုတ်တယ်မလား”
ရှုကျစ်ဝမ်သည်လည်း ထိုစကားများအား ကြားသည့်အခါတွင်
အနည်းငယ်လောက် မလုပ်ချင်သော်လည်း ထရပ်လိုက်သည်။
“ကောင်ပြီ၊ ဒါဆို ကျွန်တော် အရင်ဆုံး စားစရာ နည်းနည်းလောက်သွားဝယ်လိုက်ဦးမယ်။ အဖေနဲ့အမေက စစ်ယွီနဲ့ အရင်စကားပြောနေကြဦးနော်၊ ကျွန်တော် မကြာခင် ပြန်လာခဲ့မယ်။”
ရှုကျစ်၀မ်သည်က သူ၏ မိဘများအား ထိုသို့ပြောပြီးနောက် စုန့်စစ်ယွီအားလည်း ပြောရန်ကို
မမေ့ခဲ့ပေ။
“စစ်ယွီ၊ ကိုယ် မကြာခင် ပြန်လာခဲ့မယ်နော်”
စုန့်စစ်ယွီက သူ့အား ညင်သာစွာ ပြုံးပြလိုက်သည်။
“အင်း၊ စိတ်မပူပါနဲ့၊ ဦးလေးနဲ့ အဒေါ်က အရမ်းစိတ်ကောင်းတဲ့သူတွေပါ၊
ဘာလဲ သူတို့က ကျွန်မကို ဝိုင်းပြီးအနိုင်ကျင့်မှာကို ရှင် စိတ်ပူနေတာလား? အဆင်ပြေပါတယ်၊ စိတ်ချလက်ချ သွားလိုက်နော်”
ရှုဇနီးမောင်နှံမှာ စုန့်စစ်ယွီ၏ ထိုစကားကို ကြားသည့်အခါ
သူတို့၏မျက်နှာပေါ်မှ အပြုံးများ ခေတ္တ ရပ်တန့်သွားသည်။
သူတို့သည်ကား ရှုကျစ်ဝမ်ထက် အသက်ကြီးပြီး ပို၍စဉ်းစားတတ်သည့်အတွက် စုန့်စစ်ယွီ၏
စကားများမှာ သူတို့အား တစ်စုံတစ်ခုကို တမင်တကာသတိပေးနေသည် ဟု ခံစားလိုက်ရလေသည်။ တစ်ချိန်တည်းတွင် စုန့်စစ်ယွီသည်င အလွန်ကောက်ကျစ်ကာ ပါးနပ်သည်ဟု
တွေးမိလိုက်ကြသည်။
သို့သော် သူတို့သား၏ ရှေ့၌ မည်သို့မျှ မပြောခဲ့ပေ။
သူတို့၏သားအား အပြင်ထွက်ကာ
ဟင်းများ၀ယ်ရန်သာ တိုက်တွန်းနေခဲ့သည်။
ရှုကျစ်ဝမ် ထွက်သွားပြီးသည့်နောက်၌ သူတို့လင်မယား၏ မျက်နှာပေါ်မှ အပြုံးများက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
ရှုကတော်က စုန့်စစ်ယွီအား ပြုံးပြလိုက်လေသည်။
“စစ်ယွီ၊ ပြောရမယ်ဆိုရင် ငါတို့ ရှုမိသားစုနဲ့ မင်းတို့ စုန့်မိသားစုက တကယ့်ကို ရေစက်ပါတာပဲ၊
မကြာသေးခင်ကမှ မင်းအဖေက မင်းရဲ့ညီမကို ငါတို့မိသားစုက ကျစ်ဝမ်နဲ့ ကြင်ဖက်တွေ့ခိုင်းခဲ့တာ၊
ဒါပေမဲ့ နောက်တော့ မင်းနဲ့ ကျစ်ဝမ်ကို ချိန်းတွေ့ခိုင်းပြန်တယ်၊ ပြောကြည့်ပါဦး၊ ငါတို့ မိသားစုနှစ်ခုက တကယ်ပဲ ရေစက်ပါနေတာများလား”
ရှုကတော်သည်ကား ရေစက်အကြောင်းဟူ၍ ပြောနေသော်လည်း အမှန်တကယ်တွင် လင်းရန်နှင့်
ရှုကျစ်ဝမ်တို့၏ ကိစ္စကို ပြန်၍ ပြောနေခြင်းပင်ဖြစ်သည်။
သူမသည်ကား စုန့်မိသားစုအား
ယခင်ကိစ္စများအတွက် အပြစ်တင်စကားဆိုခဲ့ခြင်းမရှိဘဲ သူမ၏သားအား စုန့်မိသားစုမှ ညီအစ်မနှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် လာ၍ ပတ်သက်နေသည်ကိုသာ ရည်ရွယ်၍ ပြောလိုက်ခြင်းဖြစ်အေသည်။
စုန့်စစ်ယွီမှာ ပြန်လည်၍ ပြောမထွက်ခဲ့ပေ။
ဤခရီးစဉ်မှာ ချောမွေ့မည် မဟုတ်ကြောင်း သူမ ကြိုတင်မျှော်မှန်းထားပြီးသည်ဖြစ်၍ ရှုကတော်ပြောလိုက်သည့် စကားများ၏ အခြားအဓိပ္ပာယ်ကို မသိဟန်ဆောင်ဆောင်လိုက်ကာ ညင်သာစွာဖြင့် ဆက်၍ ပြောလိုက်သည်။
-“အရင်က ကျွန်မရဲ့ ညီမက စဉ်းစားတွေးခေါ်တတ်တဲ့ဉာဏ်မရှိဘူး၊ ကျစ်ဝမ်ကလည်း သူမကို ညီမလေးလိုပဲ သဘောထားတယ်လို့ ပြောခဲ့တယ်၊
ဒါကြောင့် သူတို့ကြားက ကိစ္စတွေကို အလေးအနက်မထားပါနဲ့နော် ဒေါ်လေး”
“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်မကပဲ ဒေါ်လေးနဲ့ ဦးလေးကို ကျွန်မရဲ့ ဆိုးသွန်းလွန်းတဲ့ ညီမ လင်းရန် ကိုယ်စား တောင်းပန်ပါတယ်၊
သူမရဲ့ အရင်က လုပ်ရပ်တွေနဲ့ ကျွန်မတို့မိသားစုရဲ့ လုပ်ရပ်တွေက ဒေါ်လေးတို့ နှစ်ယောက်ကို စိတ်မထိခိုက်စေဖို့ မျှော်လင့်ပါတယ်၊
ဒါပေမဲ့ ဒေါ်လေးတို့ စိတ်ဆိုးသင့်တာကတော့ အမှန်ပါပဲ၊ ဒါကြောင့် ဒေါ်လေးတို့ စိတ်အေးသွားအောင် လုပ်နိုင်သရွေ့ ဘာပဲ တောင်းဆိုပါစေ၊ ကျွန်မ လုပ်ပေးပါ့မယ်”
ထိုသို့ ပြောပြီးနောက် စုန့်စစ်ယွီတစ်ယောက် အမှန်တကယ်ပင် နောင်တရနေဟန်သည့်ဖြင့် ခေါင်းကို ငုံ့လိုက်သည်။
သူမ ကဤမျှလောက်အထိ နှိမ့်ချတောင်းပန်နေခြင်းသည်က ရှုကတော်အား အနည်းငယ်မျှ စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။
စုန့်စစ်ယွီ၏ စိတ်ထဲတွင် တခြားအတွေးနှင့် အကြံစည်များ ရှိသော်ငြားလည်း သူမ၏ လက်ရှိအမူအရာမှာ ရှုလင်မယားအား ဆွံ့အသွားစေခဲ့သည်။
ဘေးနားမှ ဒါရိုက်တာရှုကတော့ည စုန့်စစ်ယွီအား နက်ရှိုင်းစွာ ကြည့်လိုက်သည်။
စုန့်စစ်ယွီသည် သူမ၏ ညီမဖြစ်သူုထက် ပို၍ ကောက်ကျစ်ကာပါးနပ်သည်ဟု ဒါရိုက်တာရှု ထင်ခဲ့သည်။
ယခု သူမအား တွေ့ရသည့်အခါ သူထင်ထားသည့်အတိုင်းပင် ဖြစ်နေခဲ်သည်။
စဉ်းစားကြည့်လျှင် သူမသည်ကား သူတို့၏ သားဖြစ်သူ ရှုကျစ်၀မ်ကြောင်းကို ကောင်းစွာသိထားသည်
သူတို့၏သားဖြစ်သူ ရှုကျစ်၀မ်သည်ကား အပြင်ပန်း ရုပ်ရည်ပုံပန်းသဏ္ဍာန်ကို အလွန်အမင်းပင်တပ်မက်လွန်းသည်။
သို့မဟုတ်လျှင် သူတိုး၏သားသည်က လင်းရန်၏အကြောင်းကို ဤမျှလောက် အချိန်ကာလကြာမြင့်စွာ တွေးတောနေမည် မဟုတ်ပေ။
ထိုသို့ လင်းရန်၏အကြောင်းကို အချိန်ကြာမြင့်စွာ တွေးတောနေခဲ့သည်ကိုပင် ယခုကဲ့သို့ အချိန်တိုအတွင်း၌ စုန့်စစ်ယွီ၏ အစားထိုး၀င်ရောက်ခြင်းကို ခံလိိုက်ရသည်။
စုန့်စစ်ယွီသည် ဤမျှလောက်ပင် သူ့၏သားအား ဆွဲဆောင်နိုင်သည်ဖြစ်၍ သူ့အနေဖြင့် စုန့်စစ်ယွီအား အထင်သေးကာ ဆက်ဆံပြုမူ၍ မရပေ။
*