← Chapters

အခန်း (၁၂၃)

Vol. 13 Ch. 123

အခန်း (၁၂၃)

Vol. 13 Ch. 123

ဒါရိုက်တာရှုတစ်ယောက် သူ၏ဇနီးဖြစ်သူ ရှုကတော်သည်က စုန့်စစ်ယွီ၏ စကားများကို မည်သို့ပြန်လည်ချေပရမည်မှန်း မသိတော့သည်ကို  မြင်သည့်အခါတွင် စုန့်စစ်ယွီအား လှမ်းကြည့်ကာ ဖြည်းဖြည်းချင်းပင် ပြောလိုက်သည်။

“စစ်ယွီ မင်းလဲ ဉာဏ်ကောင်းတဲ့သူတစ်‌ယောက်ပဲ၊ ဒါကြောင့် ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်၊ မင်းရဲ့ အခြေအနေနဲ့ဆိုရင် ငါတို့မိသားစုက လူထက် ပိုကောင်းတဲ့သူကို သေချာပေါက် ရှာနိုင်တယ်လို့ ငါထင်တယ်၊

ပြီးတော့ ငါ့မှာ မင်းကို မိတ်ဆက်ပေးလို့ရတဲ့ တခြားထူးချွန်တဲ့ လူငယ်တွေလည်း အများကြီး ရှိတယ်၊

ငါတို့မိသားစုက လူတွေက တကယ်တော့ အရည်အချင်း သိပ်မရှိပါဘူး၊ ဒါကြောင့် မင်းနဲ့ငါ့ရဲ့သား ကျစ်၀မ်က မထိုက်တန်မှာကို စိုးရိမ်မိတယ်”

ထိုသို့ ပြောလိုက်ရသော်လည်း

ဒါရိုက်တာရှု၏စိတ်ထဲတွင်မူ သူ၏သားသည်သာ အတော်ဆုံးဖြစ်သည်။

ဤကဲ့သို့ ပြောလိုက်ရခြင်းမှာလည်း သူ့အနေဖြင့် စုန့်စစ်ယွီအား သူ၏ချွေးမအဖြစ် အလိုမရှိကြောင်းကို တတ်နိုင်သမျှ သွယ်ဝိုက်ပြီး ဖော်ထုတ်လို၍သာ ဖြစ်ပေသည်။

တစ်ဖက်မှ စုန့်စစ်ယွီသည်လည်း  ဤအခြေအနေပင် ရောက်နေပြီဖြစ်၍  ရှုကျစ်ဝမ်အား  မည်သို့ပင်ဖြစ်စေ လက်မလွတ်လိုတော့ပေ။

ထိုကြောင့် သူမသည်က ရှုကျစ်ဝမ်အား နက်ရှိုင်းစွာ ချစ်မြတ်နိုးနေသကဲ့သို့ ဟန်ဆောင်ကာ တောင်းပန်လိုက်သည်။

-“ဦးလေး၊ ကျွန်မက ကျစ်၀မ်ကို တကယ် ချစ်တာပါ၊ သူကလွဲလို့ တခြားဘယ်သူ့ကို မချစ်နိုင်ပါဘူး၊

အဲဒီလိုစကားမျိုးတွေကို ကျေးဇူးပြုပြီး မပြောပါနဲ့၊

တကယ်လို့ ကျစ်ဝမ်သာ သိသွားရင် သူ အရမ်းဝမ်းနည်းသွားမှာ သေချာတယ်၊ သူက ဦးလေးတို့နှစ်ယောက်ကို တကယ်ကို ချစ်ကြောက်ရိုသေတာပါ”

ဒါရိုက်တာရှုသည်ကား ထိုစကားကိုကြားသည့်အခါတွင် ချက်ချင်းပင် အားပျော့သွားခဲ့သည်။

သူ၏  အားနည်းချက်မှာ သူ၏သား ရှုကျစ်၀မ်ပင်ဖြစ်ပေသည်။ စုန့်စစ်ယွီအား နောက်ဆုတ်‌စေခဲ့သည့်သူမှာ သူဖြစ်နေမှန်းကိုသာ သူ၏သားဖြစ်သူ ရှုကျစ်၀မ် သိသွားခဲ့လျှင်   သေချာပေါက်ပင် သူ့အား စိတ်ဆိုးသွားပေလိမ့်မည်။

ထိုအကြောင်းကို စဉ်းစားမိသည့်အခါ  ဒါရိုက်တာရှုမှာ  ပို၍ပင် ခေါင်းကြီးလာခဲ့ပြန်သည်။

ဤကောင်လေးသည်ကား မည်ကဲ့သို့သော အမြင်မျိုးဖြင့် ဤကဲ့သို့  အလွန်ပါးနပ်သည့်မိန်းကလေးမျိုးကို ရှာခဲ့ရသနည်း။  ဤကိစ္စကို ပြေလည်စေရန် လုပ်၍ရနိုင်သည့်  နည်းလမ်း တစ်ခုခု မရှိတော့သည်များလား။

ဒါရိုက်တာရှု ပြောစရာ စကားမရှိတော့သည်ကို ရှုကတော်  မြင်သည့်အခါ  ပို၍ပင် ဒေါသထွက်လာသည်။

“ကျွန်မ အစာစားချင်စိတ်မရှိတော့လို့ မစားတော့ဘူး၊ အိပ်ယာဝင်နှင့်ပြီ!”

သူမသည်ကား  စုန့်စစ်ယွီ နှင့် စုန့်မိသားစုအား  အမှန်တကယ်ပင် သဘောမကျပေ။၊

မည်သို့ပင်ဖြစ်စေ

စုန့်စစ်ယွီအားလည်း လက်မခံနိုင်ပေ။

ရှုကတော်မှာ စိတ်ဆိုးမာန်ဆိုးဖြစ်ကာအပေါ်ထပ်သို့ တက်သွားသော်လည်း သူမ၏ခင်ပွန်းဖြစ်သူ ဒါရိုက်တာရှုမှာတော့ ထိုကဲ့သို့ ထွက်သွား၍ မရနိုင်ပေ။

သူသည်ကား စုန့်စစ်ယွီအား မည်းမှောင်နေသည်  မျက်နှာထားဖြင့် ဆက်၍ ရင်ဆိုင်ရန်သာရှိတော့သည်။

“စစ်ယွီ၊ မင်းက တကယ်ပဲ ဒီလိုမျိုး ဖြစ်ချင်နေတာလား? ငါက မင်းနဲ့ ကောင်းကောင်းမွန်မွန်ပြောချင်ခဲ့တာ၊

ဘာပဲဖြစ်ဖြစ် ငါက ရှုကျစ်ဝမ်ရဲ့ ဖခင်ဆိုတာကို မင်း သိထားရမယ်၊ ငါသာ တကယ်လို့ သူ့ကို မင်းနဲ့အတူ နေခွင့်ပြုဖို့ ဆန္ဒမရှိရင်   သူဘယ်လိုပဲ ဖြစ်နေပါစေ ငါဂရုစိုက်နေမှာ မဟုတ်ဘူး၊

မင်းတို့တွေ ဘယ်လောက်ကြာကြာ တွဲခဲ့သည်ဖြစ်စေ ငါ့သားနဲ့ မင်းကို လက်ထပ်ခွင့်ပေးမှာ မဟုတ်ဘူး၊

ပြီးတော့ မင်းရဲ့  ငယ်ရွယ်တဲ့အချိန်‌တွေကို သူနဲ့  ဖြုန်းတီးပစ်မလို့လား”

စုန့်စစ်ယွီစိတ်ထဲ၌  လှောင်ရယ်လိုက်သည်။  သူမသည်က  ရှုကျစ်ဝမ်အား အမှန်တကယ် လက်ထပ်ချင်သည်ဟု သူတို့ ထင်နေကြသည်များလား။

အကယ်၍ သူမသာ ရွေးချယ်ခွင့်ရှိခဲ့လျှင် ရှုကျစ်၀မ်ကဲ့သို့ငတုံးတစ်ယောက်အား လှည့်၍ပင် ကြည့်မည်မဟုတ်ပေ။

“ဦးလေး၊ ကျစ်ဝမ်နဲ့ ကျွန်မက တကယ်ကို ချစ်ကြတာပါ၊ ဘာပဲဖြစ်ဖြစ် ကျွန်မအနေနဲ့ သူ့ကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူး၊သူလည်းပဲ ကျွန်မလိုပဲ တွေးနေလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။”

စုန့်စစ်ယွီမှာ ဇွဲမလျှော့ဘဲ ဆက်လက်၍သာ ခေါင်းမာစွ် ပြောနေသည်ကို  ဒါရိုက်တာရှု မြင်သည့်အခါ လုံးလုံးလျားလျားပင် စိတ်မရှည်နိုင်တော့ပေ။

“ငါ့သားကို လမ်းခွဲပေးဖို့အတွက် ငါ မင်းကို ဘာလုပ်ပေးရမလဲဆိုတာကိုပဲ ရှင်းရှင်းလင်းလင်း ပြောလိုက်ပါ၊ မင်း တောင်းဆိုတာမှန်သမျှ ငါလုပ်ပေးမယ်၊ ငါက နှမြောတွန့်တိုနေမှာ မဟုတ်ဘူး။”

  စုန့်စစ်ယွီသည်က  သူ၏သားကို ဤမျှလောက် လျင်လျင်မြန်မြန် ချစ်မိလိမ့်မည်လို့ ဒါရိုက်တာရှု လုံးဝ မယုံကြည်ပေ။

ဤမိန်းကလေးတွင် အခြား အကြံအစည်များ ရှိနေမည်မှာ သေချာသည်။

စုန့်စစ်ယွီသာ မည်သည့်အရာကို လိုချင်ကြောင်း ဖွင့်ဟလာခဲ့ပါက  ထိုအကြောင်းကို သူ၏သားအား

ပြောပြကာ စုန့်စစ်ယွီ၏ မျက်နှာအစစ်အမှန်ကို သူ၏သားအား မြင်စေရမည်။

သို့သော်  စုန့်စစ်ယွီသည်လည်း လောကကြီးအကြောင်းကို မသိထားသည့် သူငယ်နှပ်စားမဟုတ်ပေ။

ထို့ကြောင့် သူမနှင့်ရှုကျစ်ဝမ်တို့သည်က အမှန်တကယ်ပင်  ချစ်မြတ်နိုးနေကြ‌ကြောင်း ၊ အခြားအရာများကို လိုချင်နေ၍  ဤသို့ရှိနေရခြင်း မဟုတ်ကြောင်းကိုသာ ဆက်၍ ပြောနေခဲ့သည်။

ထိုအချိန်တွင် ဟင်းဝယ်ရန် ထွက်သွားသည့် ရှုကျစ်ဝမ်သည်ကား နိုင်ငံပိုင် စားသောက်ဆိုင်၌ တန်းစီနေရသည်။

သူ့အနေဖြင့် အိမ်သို့အမြန်ပြန်ရောက်ချင်သည့် ဇောဖြင့် အိမ်မှ  နိုင်ငံပိုင် စားသောက်ဆိုင်သို့ တစ်လျှောက်လုံး ပြေးလာခဲ့သည်။

သို့သော် သူ မမျှော်လင့်ထားသည်မှာ  ထိုအချိန်တွင် နိုင်ငံပိုင်ဟိုတယ်‌စားသောက်ဆိုင်၌

လူအတော်လေး များနေပြီး သူရောက်လာသည့်အခါတွင် တန်းစီနေရခြင်းကိုပင် ဖြစ်သည်။

သူ၏အရှေ့၌ တန်းစီစောင့်နေသည့်သူ အတော်များသေးသည်ကို တွေ့သည့်အခါ  ရှုကျစ်ဝမ်တစ်ယောက် အလွန်စိတ်ပူလာသည်။

သူစိတ်ပူသည်မှာ အခြားမဟုတ်ပေ။

လင်းရန်ကိစ္စကြောင့် သူ၏မိဘများ စုန့်စစ်ယွီအား ပြဿနာရှာမည်ကို စိတ်ပူခြင်းဖြစ်သည်။

ထိုသို့တွေးမိသည့်အခါ  သူသည်ကာ ချက်ချင်းပင် စုန့်စစ်ယွီထံသို့  လေယာဉ်နှင့် ပျံသန်းသွားလိုက်ချင်တော့သည်။

ဟင်းဝယ်နိုင်ရန် သူ၏ရှေ့မှ လူမည်မျှအား  စောင့်ရဦးမည်ကို  တွေးရင်း ရှုကျစ်ဝမ်မှာ ဆက်၍မစောင့်နိုင်တော့ပေ။

ထို့ကြောင့် သူသည် ရှေ့သို့ တစ်ချက်ကြည့်လိုက်ကာ လူအနည်းငယ်အကွာ၌  ကြင်နာတတ်ပုံရသည့် အသက်သုံးဆယ်ကျော်အရွယ်ခန့်ရှိ အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

ထိုလူလတ်ပိုင်းအရွယ်အမျိုးသားသည်ကားရိုးရှင်းစွာဝတ်ဆင်ထားပြီး စကားကိုလည်း ရည်မွန်စွာ ပြောတတ်သည့်သူပင် ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။

ထို့ကြောင့် ရှုကျစ်ဝမ်သည်က ရှေ့သို့

တိုးသွားပြီး ထိုအမျိုးသား၏ ပုခုံးကို ပုတ်၍ ပြုံးပြကာ ပြောလိုက်သည်။

“အစ်ကို၊ ကျွန်တော်  တစ်ခုလောက်

အကူအညီတောင်းလို့ရမလား?”

ထိုအမျိုးသား၏ မျက်နှာက သူ့ဘက်သို့ လှည့်လာသည့်အချိန်တွင်  ရှုကျစ်ဝမ်တစ်ယောက် ထိုအမျိုးသားအား အတော်လေးရင်းနှီးပုံရပြီး ယခင်က သူမြင်ဖူးသည့်သူတစ်ယောက်နှင့် အလွန်ဆင်တူသည်ဟု

ရုတ်တရက် ခံစားလိုက်ရသည်။

သို့သော် ခဏတာအတွင်း၌ မည်သူနှင်တူညီသည် ဆိုသည်ကိုတော့ သူ မမှတ်မိပေ။

လင်းကျန်းအန်းမှာ သူ၏ ပုခုံးကို အပုတ်ခံလိုက်ရသည့်အချိန်တွင် သူ့အနေဖြင့်  ဤမြို့၌  သိကျွမ်းသူ မရှိသည့်အတွက်ကြောင့် အနည်းငယ်ခေါင်းရှုပ်သွားခဲ့ရသည်။

သူ လှည့်ကြည့်လိုက်သည့်အခါ သူ့အား ခေါ်သည့်သူမှာ အသက်နှစ်ဆယ်ကျော် လူငယ်အရွယ် သူစိမ်းတစ်ယောက် ဖြစ်နေခဲ့လေသည်။

ရှုကျစ်ဝမ်၏ စကားပြောဆိုပုံမှာ ယဉ်ကျေးသည့်အတွက် လင်းကျန်းအန်းလည်း ယဉ်ကျေးစွာပြန်၍ ပြောလိုက်သည်။

“ဘာများလဲ၊ ညီလေး?”

“အော”

ရှုကျစ်ဝမ် သတိပြန်ဝင်လာကာ

ပြုံးပြလိုက်သည်။

“ဒီလိုပါ၊ ကျွန်တော့်မှာ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုရှိနေတယ်၊အဲဒါကြောင့် ကျွန်တော့်အနေနဲ့ အရေးတကြီး ပြန်သွားပြီး ဖြေရှင်းရမှာဖြစ်နေလို့ပါ၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ရှေ့မှာ တန်းစီနေတဲ့လူတွေက အရမ်းများနေတယ်၊ အဲဒါကြောင့် ကူညီတဲ့ အနေနဲ့  ကျေးဇူးပြုပြီး ကျွန်တော့်ကို အရင် ဝယ်ခွင့်ပြုလို့ရနိုင”မလားခင်ဗျ”

ထိုသို့ပြောပြီးနောက် သူ၏ တောင်းဆိုမှုမှာ အနည်းငယ် ရုတ်တရက်ဆန်သည်ဟု ခံစားရသည့်အတွက်  ဆက်လက်၍ စကားကို ဖြည့်စွက်ကာ ပြောလိုက်သည်။

“ တကယ်လို့ ကျွန်တော့်ကို အရင်၀ယ်ခွင့်ပြုရင် ကျွန်တော် အစ်ကို့ကို ထမင်းတစ်နပ် ကျွေးပါ့မယ်”

လင်းကျန်းအန်းမှာ သူ ရောက်သည်နှင့် ဤကဲ့သို့ ကိစ္စမျိုး ကြုံရလိမ့်မည်ဟု မထင်ထားခဲ့သည့်အတွက် ရုတ်တရက် ကြောင်အမ်းသွားခဲ့ရသည်။

မြို့ထဲမှ လူများသည်က အမှန်တကယ်ပင် ရက်ရောသည်လား။

သို့မဟုတ်  မျက်နှာပြောင်သည်လားကိုသူ မပြောတတ်တော့ပေ။

သို့သော် ရှုကျစ်ဝမ်၏ မျက်နှာ၌ စိုးရိမ်မှုများရှိနေသည်ကို မြင်သည့်အချိန်တွင် သူ့ထံတွင် အမှန်တကယ်ပင်အရေးကြီးသည့် ကိစ္စရှိသည်မှာ ဖြစ်နိုင်ပေသည်။

သူ့အနေဖြင့်မူ  စိတ်ပူရန် အကြောင်းမရှိဟု လင်းကျန်းအန်းတွေးလိုက်သည်။

မည်သို့ပင်ဖြစ်စေ ဆေးရုံမှ ဆေးဖက်ဝင်ပစ္စည်းများ ဝယ်ယူသည့် ဌာနမှာ ယခုအချိန်

အလုပ်ဆင်းသွားပြီဖြစ်သည်။

ဆေးဖက်၀င်အပင်များရောင်းလိုပါက မနက်ဖြန် မနက်ပိုင်းသို့ရောက်သည်အထိ စောင့်ရပေဦးမည်။

ထို့ကြောင့် ထိုလူငယ်အား

အဆင်ပြေအောင် လုပ်ပေးလိုက်မည်ဟု သူတွေးတောလိုက်သည်။

သို့သော် ထိုလူငယ်အား ထမင်းတစ်နပ် ကျွေးခိုင်းရန်အတွက်မူ  လင်းကျန်းအန်းက ဆန္ဒမရှိပေ။

သို့သော် သူ ပြန်လည်၍ စကားပြောတော့မည့် အချိန်တွင်  ဧည့်ဂေဟာသို့ သွားကာ လုပ်ရိုးလုပ်စဉ်များ လုပ်ပြီး၍ ပြန်လာခဲ့သည့်

စုန့်ရှီးယန်သည်ကား ထိုနေရာ၌ ဖြစ်ပျက်နေသည်များကို ကို သတိထားမိပြီး  လင်းကျန်းအန်းထံသို့ လာခဲ့သည်။

“ဘာဖြစ်လို့လဲ၊ ဒုတိယဦးလေး?”

ထိုသို့ပြောရင်း စုန့်ရှီးယန်က ရှုကျစ်ဝမ်အား သေချာကြည့်လိုက်ကာ ပြဿနာရှာရန် ရောက်လာသည့်သူဟု  ထင်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် လင်းကျန်းအန်းတွင် ထိုသို့ စကားပြောဆိုရန်အတွက် ဤမြို့၌ သိကျွမ်းသူ မရှိ၍ ဖြစ်သည်။

စုန့်ရှီးယန်၏ တောင့်တင်းသည့်

ခန္ဓာကိုယ်အချိုးအစားနှင့် အလွန်အမင်းသတိထားနေဟန်ရှိသည့် မျက်နှာပုံစံမှာ ရှုကျစ်ဝမ်အား ချက်ချင်းပင် ထိတ်လန့်သွားစေခဲ့သည်။

ရှုကျစ်၀မ်တစ်ယောက် သူ့ကိုယ်သူနှင့် စုန့်ရှီးယန်ကြားမှ ကိုယ်ကာယပိုင်း ကွာခြားမှုကို နှိုင်းယှဉ်ကြည့်ပြီးသည့်နောက်၌  အားပျော့သည့် အသံဖြင့် ရှင်းပြလိုက်သည်။

-

“ရဲဘော်၊ ခင်ဗျား တစ်ဖက်သတ်မတွေးလိုက်ပါနဲ့၊ ကျွန်တော်က ခင်ဗျားရဲ့ဒုတိယဦးလေးကို အကူအညီတောင်းရုံပါပဲ၊ ကျွန်တော့်မှာ တခြားဘယ်လို ရည်ရွယ်ချက် မရှိပါဘူး”

ရှုကျစ်ဝမ်မှာ စုန့်ရှီးယန်၏

မျက်နှာထားကြောင့် ကြောက်သွားသည်ကို လင်းကျန်းအန်း မြင်သည့်အခါ  ချက်ချင်းပင်

ပြုံးပြကာ ရှင်းလင်း၍ပြောလိုက်သည်။

“မကြောက်ပါနဲ့ ညီလေး၊ ရှောင်စုန့်က လူကောင်းတစ်ယောက်ပါ”

ရှုကျစ်ဝမ်က ရယ်မောလိုက်သည်။

စုန့်ရှီးယန် လူကောင်းလား၊ မကောင်းသည့်လူလားတော့ သူမသိ‌ပေ။

သို့သော် စုန့်ရှီးယန်၏  လက်သီးနှင့် ထိုးလျှင် သူခံနိုင်လောက်မည်ဟု သူ မထင်ပါချေ။

“ရှောင်စုန့်၊ ဒီညီလေးက ငါ့ကို သူနဲ့ နေရာလဲပေးဖို့ လာပြောတာ၊ သူ့ရဲ့အိမ်မှာ အရေးကြီး ကိစ္စရှိလို့တဲ့၊ ငါတို့လည်း ဒီည ဘာမှ မလုပ်စရာမရှိဘူးလို့ ထင်တာနဲ့...”

လင်းကျန်းအန်းမှာ ပြောဆိုရလွယ်ကူသည့် လူတစ်ဦးဖြစ်သည့်အတွက် ရှုကျစ်ဝမ်တောင်းသည့် အကူအညီအား သဘောတူပြီး နေရာလဲပေးရန် တွေးထားသည်။

သို့သော်  စုန့်ရှီးယန်မှာမူ လင်းကျန်းအန်းကဲ့သို့ စကားပြောဆိုရသည်မှာ မလွယ်ကူပေ။

သူနှင့်လင်းကျန်းအန်းတို့သည်  ယနေ့မနက်‌ပိုင်းက စောစီးစွာ ထွက်လာကာ ဤမြို့သို့  ရောက်ရန် ဆယ်နာရီကျော်ပင် ကြာမြင့်ခဲ့သည်။

သူသည်ကား အလွန်ဗိုက်ဆာနေပြီဖြစ်၍  အစားအစာများအား

မြင်သည်နှင့် တန်းစီခဲ့ရကာ  စားတော့မည့် အခြေအနေ၌ အဘယ်ကြောင့်  သူတို့၏ နေရာကို ရှုကျစ်ဝမ်အား ပေးရမည်နည်း။

ရှုကျစ်၀မ်သည်အသက်ကြီး‌နေ၍လား၊ အားနည်း

နေ၍လား၊ ဖျားနာနေ၍လား၊ မသန်စွမ်းများ ဖြစ်နေ၍လား။

သူ၏ လူပုံစံကို ကြည့်ရသည်မှာ

ကျန်းမာသန်စွမ်းသည့် ယောက်ျားတစ်ယောက်ပင်ဖြစ်သည်။

အကယ်၍  ဤမျှလောက် အလျင်လိုနေလျှင်  အိမ်ပြန်ကာ သူ၏ကိစ္စကို  ဦးစွာ ဖြေရှင်းပြီးမှ လာဝယ်၍ ရသည်မဟုတ်ပါလား။

ဤမျှလောက် အလျင်လိုနေလျှင် အဘယ်ကြောင့် အလုပ်အလွန်များသည့်အချိန်မှ လာရသနည်း။

စုန့်ရှီးယန်မှာ ဗိုက်ဆာလျှင်  စိတ်ဆိုးလွယ်လာတတ်သူဖြစ်ပြီး စကားပြောရာ၌  အဆင်မပြေဖြစ်လာတတ်သည့်သူမျိုးသာ ဖြစ်ပေသည်။

သို့ဖြစ်၍  စုန့်ရှီးယန်သည်က လင်းကျန်းအန်၏ စကားကို ကြားဖြတ်၍ ပြောလိုက်သည်။

“ဒုတိယဦးလေး၊ ကျွန်တော်တို့လည်း

ဗိုက်ဆာတာ ကြာနေပြီ‌လေ၊

ပြီးတော့ အစားအသောက် စားသောက်ဖို့ဆိုတာကလည်း

အရေးကြီးတဲ့ ကိစ္စပဲ၊

ဒီတစ်ယောက်သာ တကယ်အလျင်လိုနေရင် နောက်မှ ပြန်လာပြီးဝယ်တာ ပိုကောင်းမယ်”

*

All Chapters