← Chapters

အခန်း (၁၂၄)

Vol. 13 Ch. 124

အခန်း (၁၂၄)

Vol. 13 Ch. 124

သူတို့၏ နောက်တွင် တန်းစီနေသည့် လူများစွာရှိသေးသည်။ သူတို့သာ နေရာဖယ်ပေးလိုက်ပါက နောက်ဆုံးမှ ဆက်၍တန်းစီနေရဦးမည်မဟုတ်ပါလား။

အတိုချုံ့၍ ပြောရလျှင်  စုန့်ရှီးယန်မှာ ယခုအချိန်တွင် လွန်စွာဗိုက်ဆာနေပြီး စိတ်မရှည်တော့သည့်အပြင် ရှုကျစ်၀မ်အား နေရာလဲပေးရန်လည်း စိတ်ကူးမရှိပေ။

ရှုကျစ်ဝမ်တစ်ယောက် စုန့်ရှီးယန်၏ ထိုစကားကြားသည့်အခါ နေရာလဲမပေးတော့မည်ကို စိုးရိမ်လာသည်။

“ဟေး၊ မင်းက ဘာဖြစ်နေတာလဲ? မင်းရဲ့ဒုတိယ ဦးလေးက  ခုနကပဲ နေရာလဲပေးဖို့ သဘောတူခဲ့တာကို!”

“ပြီးတော့  ငါက ငါ့ကောင်မလေးဆီကို ပြန်သွားဖို့ အလျင်လိုနေတာကို မင်းသိလား၊ ငါ့မိသားစုက ငါ့ကောင်မလေးနဲ့ ဒါပထမဆုံးအကြိမ် တွေ့တာ။

ငါသာ အစောကြီး မပြန်သွားလို့ တစ်ခုခု လွဲချော်သွားရင် ငါ့လက်ထပ်ပွဲကို ဘယ်သူတာဝန်ယူမှာလဲ? မင်း တာဝန်ယူမှာလား?”

ရှုကျစ်ဝမ်အနေဖြင့် နောက်ဆုံးစကားကို မပြောခဲ့လျှင် ပို၍ ကောင်းပေလိမ့်မည်။ ရှုကျစ်၀မ် ထိုသို့ ပြောလိုက်သည့်အခါ  စုန့်ရှီးယန်သည်ကာ ဒေါသထွက်စွာဖြင့် ရယ်လိုက်ပြီး သူ၏ပါးစပ်ထောင့်အား တွန့်လိုက်ကာ လှောင်ပြောင်လိုက်သည်။

“မင်းရဲ့ လက်တွဲဖော်ကောင်မလေး ထွက်ပြေးသွားရင်  မင်းကိုယ်တိုင် အရည်အချင်းမရှိလို့ပဲ ဖြစ်မှာပေါ့၊

ငါတို့နဲ့ ဘာမှမဆိုင်ဘူး၊ ဘာလဲ၊ မင်းသာ ဒီကအစားအသောက်တွေ မ၀ယ်သွားဘူးဆိုရင် မင်းရဲ့ကောင်မလေးက မင်းကို လက်မထပ်တော့ဘူးတဲ့လား”

ဘေးနားမှလူများမှာ  ထိုစကားအား

ကြားသည့်အခါမရယ်မောဘဲ  မနေနိုင်တော့ပေ။

ရှုကျစ်ဝမ်၏ မျက်နှာမှာ နီရဲသွားသည်။

သူသည်ကား လွန်စွာဒေါသထွက်နေ၍ မဆင်မခြင်ဘဲ ထိုသို့ ပြောလိုက်မိသည်ကို  သူကိုယ်တိုင်လည်း သိပေသည်။ သို့သော် စုန့်ရှီးယန်ဟူသည့် လူမှာ  တစ်စက်မျှ လူဆန်ခြင်းမရှိဟု တွေးလိုက်သည်။

“မင်းလိုလူမျိုးကတော့ တစ်သက်လုံးနေလို့တောင့ လက်တွဲဖော် လုံးဝမရတော့မှာကို ငါစိုးရိမ်မိတယ်၊ မင်းကိုလဲ ဘယ်သူမှ ကြိုက်မှာမဟုတ်ဘူး၊မင်းဘာသာမင်း နေရာလဲပေးသည်ဖြစ်စေ၊ မလဲပေးသည်ဖြစ်စေ ငါကလည်း လုံး၀ ဂရုမစိုက်ဘူး”

အလွန်ဆုံးမှ ယနေ့ သူ အသားမစားရရုံသာ ရှိမည်။ မနက်ဖြန်မှ စုန့်စစ်ယွီအား မြို့လယ်သို့  ခေါ်သွားကာ အစားအသောက်ကောင်းများ ကျွေးရပေတော့မည်။

ထိုသို့တွေးကာ  ရှုကျစ်ဝမ်သည်က ဒေါသတကြီးဖြင့်လှည့်ထွက်သွားခဲ့သည်။

ဤသည်ကို လင်းကျန်းအန်းမြင်သည့်အခါ မည်သို့မှ မပြောပေ။ မြို့ထဲမှ လူငယ်များသည် လွန်စွာစိတ်ဆိုးတတ်ကြပုံရသည်ဟုသာ သူ၏စိတ်ထဲ၌ တွေးကာ သက်ပြင်းချလိုက်သည်။

ကံကောင်းစွာပင် သူ၏သမီးဖြစ်သူ လင်းရန်မှာ ဆင်ခြင်တုံတရားအသိဉာဏ်ရှိသည့် မိန်းကလေးတစ်ဦးဖြစ်နေခဲ့သည်။

ထို့နောက် သူသည်ကား စုန့်ရှီးယန်အား လှည့်ကြည့်လိုက်သည့်အခါ  စုန့်ရှီးယန်သည် ရှုကျစ်ဝမ်ဘက်ကိုပင် မကြည့်တော့ဘဲ  တန်းစီနေသည့် ပြတင်းပေါက်ကို ကြည့်ကာ သူ့အား

မေးလာခဲ့သည်။

“ဒုတိယဦးလေး  ဘာစားချင်လဲ”

လင်းကျန်းအန်းလည်း မည်သို့မှ  မတတ်နိုင်တော့ပေ။

“ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်”

ဤသည်မှာ လင်းကျန်းအန်း၏ မြို့ထဲ၌ ပထမဆုံး အကြိမ် စားရသည့် အစားအသောက်ပင် ဖြစ်သည်။

သူ၏စိတ်ထဲ၌  အနည်းငယ် နာကျင်နေသကဲ့သို့ခံစားရသည်။ မနက်ဖြန် သူ၏ဆေးဖက်ဝင်ပစ္စည်းများ ဈေးကောင်းရရန်သာ မျှော်လင့်မိတော့သည်။

ရှုကျစ်ဝမ်သည်ကား ထိုနေရာမှ  ဒေါသတကြီး ထွက်လာခဲ့ရသော်လည်း အိမ်ပြန်လမ်း၌  စိတ်အခြေအနေမကောင်း ဖြစ်နေခဲ့သည်။

အဆိုးဆုံးမှာ  သူ အိမ်သို့ ပြန်ရောက်လျှင် သူ၏မိဘများက သူ့အား အဘယ်ကြောင့်

ဟင်းမဝယ်လာသနည်း ဟု သေချာပေါက် မေး‌ပေလိမ့်မည်။

သူ့အနေဖြင့် မတိုင်ခင်က ဖြစ်ပျက်ခဲ့သည်များကိုလည်း သူ့မိဘများအား မပြောပြချင်ပေ။ ရှုကျစ်၀မ်မှာ

လွန်စွာ ရှက်သည့်အတွက်ကြောင့်

လမ်းဘေးမှ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး ပူးပေါင်းအဖွဲ့သို့သာ သွားကာ ဘီစကစ်၊ ကြက်ဥ၊ခေါက်ဆွဲ၊ကိတ်မုန့် စသည်များကို ဝယ်ယူလိုက်သည်။

ထိုအရာများသည်လည်း စား၍ ရသည်မဟုတ်ပါလား။

မကြာသေးမီက  နိုင်ငံပိုင်ဟိုတယ်၌ တွေ့ခဲ့ရသည့် စုန့်ရှီးယန်နှင့် လင်းကျန်းအန်းတို့အကြောင်း သူစဉ်းစားမိလျှင် သူ အလွန်အမင်း ခံပြင်း ဒေါသထွက်နေဆဲပင် ဖြစ်သည်။

“မင်းတို့နှစ်ယောက် ငါနဲ့ ထပ်မတွေ့ပါစေနဲ့၊ မဟုတ်လို့က‌တော့ နောက်တစ်ခါ ငါ မင်းတို့ကို ကောင်းကောင်းကြီး ပြန်ပြီး ပညာပေးပြမယ်!”

ရှုကျစ်၀မ်သည်ကား  ထိုသို့ဒေါသတကြီးဖြင့်  ရေရွတ် ပြောဆိုပြီးနောက်  အိမ်သို့ပြန်သွားခဲ့ရုံသာ တတ်နိုင်ခဲ့သည်။

သူလမ်းလျှောက်နေစဉ်မှာပင် ထိုလူလတ်ပိုင်းအရွယ်အမျိူးသားသည်က မည်သူနှင့်တူသည်ကို  ရုတ်တရက် သူသတိရသွားခဲ့သည်။

ထိုလူလတ်ပိုင်းအရွယ်အမျိုးသားသည်ကား လင်းရန်နှင့်

အနည်းငယ် ဆင်တူနေခဲ့သည်။

သူသည်က လင်းရန်၏ ရုပ်ရည် ပုံပန်းသဏ္ဍာန်ကို အတော်လေးပင် စွဲမက်ခဲ့သည်ဖြစ်၍ လင်းရန်အား

ဤအချိန်ထိပင် မှတ်မိနေခဲ့သည်။

ယခုတွင်  သူသည် လင်းရန်အား မတွေ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်သော်လည်း  လင်းရန်နှင့် အနည်းငယ် ဆင်တူသည့် လင်းကျန်းအန်းကို မြင်လိုက်သည်နှင့် ချက်ချင်းပင် မှတ်မိသွားသည်။

သို့သော် သူ စဉ်းစားကြည့်သည့်အခါ

စုန့်စစ်ယွီက  လင်းရန်သည်က ကျေးလက်ဒေသရှိ လင်းမိသားစုထံသို့ သွားသည်ဟု  ပြောခဲ့သည်မဟုတ်ပါလား။

ထိုဒေသမှ  လင်းမိသားစုမှာ လယ်ယာစိုက်ပျိုးရေးလယ်သမားများသာ ဖြစ်ကြသည်။၊

မြို့တွင် ဆွေမျိုးမရှိ‌ကြပေ။

ထို့ကြောင့် မြို့သို့ လာသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

ထို့အပြင် သူသည်က မတိုင်ခင်က လင်းရန်နှင့်ဆင်တူသည့် အမျိုးသားတစ်ဦးကို တွေ့ခဲ့ရာတွင် ထိုလူသည်

ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ သဘောထားမှာ  အတော်လေးပင် ကောင်းမွန်သည်ကို တွေ့ရသည်။

ထိုအမျိုးသားမှာ လွန်စွာကြည့်ကောင်းပြီး အသက်လည်း များစွာမကြီးသေးသည်သပုံရသည်။

သို့ဖြစ်၍ ထိုအမျိုးသားကို လင်းရန်၏ အစ်ကိုဟု သတ်မှတ်ခြင်းက ပို၍ သင့်တော်ပေလိမ့်မည်။

ထိုကဲ့သို့ စဉ်းစားမိသည့်အခါ

 နိုင်ငံပိုင်ဟိုတယ်၌ သူတွေ့ခဲ့သည့် အမျိုးသားမှာ  လင်းရန်နှင့် ရုပ်ချင်း ဆင်တူခြင်းသာဖြစ်ပြီး လင်းရန်၏မိသားစုဝင် မဖြစ်နိုင်ဟု တွေးလိုက်သည်။

ထို့အပြင် ထိုအမျိုးသားသည်သာ အမှန်တကယ်ပင် လင်းရန်၏ဖခင် သို့မဟုတ် သူမ၏မိသားစုဝင်ဆိုပါကလည်း သူ့အနေဖြင့် မည်သို့မျှ ဖြစ်‌ပျက်နေရန် မလိုပေ။ 

သူနှင့်လင်းရန်ကြား၌

မည်သည့်ကိစ္စမှ မဖြစ်ပျက်ခဲ့သည့်အပြင် သူတို့နှစ်ဦးလုံးမှာ လက်မထပ်ရသေးသည့် လူပျို အပျိုများပင် မဟုတ်ပါလား။

ယခုတွင် သူသည်ကား

သူ့အတွက် ပို၍  သင့်တော်သည့်သူဖြစ်သည့် စုန့်စစ်ယွီအား တွေ့ခဲ့လေပြီ။

ထိုအတွက်လည်း

သူ့အနေဖြင့် လင်းရန်အပေါ် အားနာနေရန် မလိုအပ်ပေ။

အကယ်၍ သူနှင့် စုန့်စစ်ယွီတို့ တွဲနေသည်ကို လင်းရန် သိသွားခဲ့လျှင်လည်း သူမကိုယ်သူမ ဒုက္ခခံကာ ပြဿနာလာရှာဝံ့မည် မဟုတ်ပေ။

ရှုကျစ်၀မ်တစ်ယောက် သူ၏စိတ်ထဲ၌ ထိုသို့ ခွဲခြမ်းစိတ်ဖြာကာ သုံးသပ်ပြီးသည့်နောက်တွင် လုံးလုံးလျားလျားပင် စိတ်သက်သာရာရသွားခဲ့သည်။

အိမ်သို့ ပြန်ရောက်လာသည့်အခါ ဧည့်ခန်း၌ သူ၏ဖခင်နှင့်စုန့်စစ်ယွီတို့ နှစ်ယောက်တည်း ထိုင်နေသည်ကို မြင်လိုက်ရပြီး သူတို့ကြား၌

စကားပြောရန် မည်သည့်ကိစ္စမျှ ရှိပုံမရ‌ပေ။

ရှုကျစ်၀မ်တစ်ယောက်  ချက်ချင်းပင် စိုးရိမ်လာကာ သူတို့အား မေးခွန်းအနည်းငယ် မေးမြန်းလိုက်သည်။

သို့သော် စုန့်စစ်ယွီနှင့် ဒါရိုက်တာရှုတို့ကလည်း ပါးနပ်စွာဖြင့် ထိုကိစ္စကို ရှုကျစ်ဝမ်ရှေ့၌ မပြောခဲ့ကြပေ။

“ဘာမှ မဟုတ်ပါဘူး၊ မင်းအမေ ရုတ်တရက် နေမကောင်းဖြစ်သွားလို့ အိပ်ယာဝင်သွားတာ၊ ဒီည အဖေတို့တွေပဲ တစ်ခုခုပဲ စားလိုက်ကြရအောင်။”

ထိုသို့ ပြောပြီးနောက် ဒါရိုက်တာရှုငထရပ်ကာ  ထမင်းစားခန်းသို့ သွားရန်ပြင်လိုက်သည်။

ရှုကျစ်ဝမ်အနေဖြင့် ထိုစကားကို  ကြားသည့်အခါ မဖြစ်နိုင်ဟု တွေးလိုက်သည်။

ဤသည်မှာ စုန့်စစ်ယွီအနေဖြင့် သူတို့အိမ်သို့ ပထမဆုံးအကြိမ် လာခြင်းမဟုတ်ပါလား။

သို့သော် တိုက်ဆိုင်စွာပင် သူသည်လည်း ယနေ့တွင် သင့်တော်သည့် အသားနှင့် ဟင်းသီးဟင်းရွက်များ ဝယ်လာခြင်း မရှိသည်ဖြစ်၍  သူ၏ ဖခင်အား ပြောလိုက်သည်။

“ဒါဆို ဒီနေ့တော့ ထားလိုက်ပါတော့၊မနက်ဖြန် ကျွန်တော်တို့ စစ်ယွီရဲ့ အဖေနဲ့ အနာတီကို နိုင်ငံပိုင် စားသောက်ဆိုင်မှာ အတူတူ စားဖို့ ဖိတ်ခေါ်လိုက်မယ်လေ၊

အဲဒီလိုပဲ လုပ်လိုက်ရအောင် အဖေ၊ မနက်ဖြန်ညနေကျရင် ညစာစားဖို့ကိစ္စကို ကျွန်တော် စီစဉ်လိုက်ပါ့မယ်!”

ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဒါရိုက်တာရှုမှာ ပါးစပ်မှ သွေးစိမ်းအန်မတတ် ဖြစ်သွားကာ ရှုကျစ်ဝမ်အား မုန်းတီးမှုအပြည့်နှင့်

ကြည့်လိုက်သည်။

အလွန်ပင်ရူးမိုက်သည့် သားကို သူပိုင်ဆိုင်ထားလဲ့ရသည်ပင်။

သူတို့၏ မိသားစုထံမှ စုန့်မိသားစုအား ပထုတ်ရန်အတွက်ပင် အချိန်က အလွန် နောက်ကျသွားခဲ့လေပြီ။

ဤသို့အချိန် အဘယ်ကြောင့် သူ၏သားသည်က ဤကိစ္စကို အလျင်လိုနေရသနည်း။

ဘေးနားမှ စုန့်စစ်ယွီမှာ ထိုစကားကြားသည့်အခါတွက် လွန်စွာကျေနပ်သွားသည်။

ယခုအချိန်၌  ရှုမိသားစုသည် သူမအား မည်မျှပင် မုန်းတီးစေကာမူ  သူမသာ ရှုကျစ်ဝမ်အား

ခိုင်မြဲစွာ  ဆုပ်ကိုင်ထားနိုင်မည်ဆိုလျှင် ရှုမိသားစုအား အလျှော့ပေးရန် မလိုအပ်သည်ကို သူမ သိသွားလေပြီ။

ထိုစကားကြားပြီးနောက် စုန့်စစ်ယွီသည် လေသံဖျော့ကာ ပြောလိုက်သည်။

“ဒါဆိုလည်း ဒီလောက်နော် ကျစ်ဝမ်၊ ဒေါ်လေးက သိပ်နေမကောင်းဘူးဆိုတော့ သူမကို သွားကြည့်ပြီး

ဂရုစိုက်ပေးလိုက်ပါဦး၊

ကျွန်မတို့တွေ မနက်ဖြန်ညဘက်ကျမှ တွေ့ကြတာ‌ပေါ့၊ ကျွန်မ အခုပြန်သွားရင် ဒီအကြောင်းကို အဖေနဲ့ အန်တီတို့ကို ပြောပြလိုက်ပါ့မယ်”

ရှုကျစ်၀မ်က ထိုစကားကိုကြားသည့်အခါ လျင်မြန်စွာ ပြန်၍ ပြောလိုက်လေသည်။

“ကောင်းပါပြီ၊ ဒါဆို ဂရုစိုက်ဦးနော်၊ကိုယ် မင်းကို ပြန်လိုက်ပို့ပေးရဦးမလား”

“မလိုပါဘူး၊ အဆင်ပါတယ်”

စုန့်စစ်ယွီက  ပြုံးပြကာ သူမ၏လက်ကို ဝှေ့ယမ်းပြပြီး ရှုမိသားစုအိမ်မှ ထွက်သွားခဲ့သည်။

သို့သော်သူမ ရှုမိသားစုမှ ထွက်လာစဉ်က  ရှုကျစ်ဝမ်တစ်ယောက် သူမအား တစ်စုံတစ်ခု  ပြောချင်နေပုံရသည်ဟုခံစားလိုက်ရသည်။

ရှုကျစ်၀မ်၏မျက်နှာအမူရာမှာအနည်းငယ် အပြစ်ရှိသကဲ့သို့ ဖြစ်နေသော်လည်း သူမအား မပြောပြခဲ့ပေ။

ဘေးတွင် ဒါရိုက်တာရှုလည်း ရှိနေသည့်အတွက်ကြောင့် စုန့်စစ်ယွီမှာ  သူ့အား မည်သို့မေးရမည်မှန်း မသိခဲ့ပေ။

ရှုမိသားစု၏ အိမ်မှ ထွက်လာပြီးသည့်နောက် သူမ၏ စိတ်အခြေနေမှာ ပို၍ ကောင်းလာခဲ့သည်။

သူမသည်ကား ယနေ့တွင် ရှုမိသားစု၏ သူမအပေါ် ထားရှိသည့် သဘောထားကို သိသွားခဲ့လေပြီ။

သူတို့သည်က သူမအား သဘောမကျသော်လည်း ရှုကျစ်ဝမ်‌ကြောင့် မည်သို့မှ လုပ်၍ မရပေ။

ဤအချက်မှာ ကိစ္စတိုင်းကို ပို၍ လွယ်ကူစေလိမ့်မည်။ သူမသည်ကား ရှုကျစ်ဝမ်ကို လွယ်ကူစွာကိုင်တွယ်နိုင်သည်မဟုတ်ပါလား။

ရှုမိသားစုနှင့် ပတ်သက်၍ အခြေအနေမှာ အတော်လေးပင် ကောင်းမွန်နေသည်ဖြစ်၍ အိမ်သို့ အပြန်လမ်း၌ စုန့်စစ်ယွီ၏ စိတ်ခံစားချက်မှာ အဆင်ပြေနေခဲ့သည်။

သူမ အိမ်ရောက်သည့်အခါ၌ စုန့်ဝေ့အား ထိုအကြောင်းကို ပြောပြလိုက်သည်။ 

ထိုအကြောင်းကို ကြားရသည့်အချိန်တွင် စုန့်ဝေ့ကလည်း စိတ်ကျေနပ်စွာ  သက်ပြင်းချလိုက်သည်။

“ကောင်းပြီ၊ အခု သူတို့ရဲ့ သဘောထားက ပေါ်လာပြီဆိုတော့ သမီးသာ ရှုကျစ်ဝမ်ကို ကိုင်တွယ်နိုင်ရင် ဘာပြဿနာမှ မရှိတော့ဘူး၊တစ်ခုခုဆို အဖေ့ကို ပြောပြလို့ရတယ်”

စုန့်ဝေ့က သူ၏သမီးသည် ကိစ္စများကို ကောင်းစွာကိုင်တွယ်နိုင်သည်ဟု တွေးကာ သူ ဝင်စွက်ဖက်ရန် မလိုအပ်တော့ဟု ခံစားမိပြီး ပို၍

စိတ်သက်သာရာရသွားခဲ့သည်။

စုန့်စစ်ယွီကတော့ သူမ၏ အကြံစည်မှာ  အောင်မြင်ရန် နီးကပ်လာပြီ ဟု ခံစားရသည့်အတွက် တစ်ညတာလုံး  စိတ်အခြေနေ ကောင်းမွန်နေခဲ့လေသည်။

ထို့ကြောင့် ညနေဘက်အချိန်က  ရှုကျစ်ဝမ်၏ အပြစ်ရှိသကဲ့သို့ ဖြစ်နေသည့် မျက်နှာအမူအရာကိုပင်

သတိမရတော့ပေ။

*

All Chapters