အခန်း (၁၂၅)
Vol. 13 Ch. 125
လင်းကျန်းအန်းနှင့် စုန့်ရှီးယန်တို့ စားသောက်ပြီးနောက် ဗိုက်ပြည့်သွားသည့်အချိန်တွင် နိုင်ငံပိုင်စားသောက်ဆိုင်မှ ပြနာလည် ထွက်ခွာလာခဲ့ကြသည်။
သူတို့ နှစ်ယောက် စားသောက်ဆိုင်တွင် စားနေစဉ်အချိန်အတွင်း ဘေးစားပွဲမှလူများ၏ စကားမှတဆင့်
သူတို့ ယခုရောက်နေသည့်နေရာမှာ မြို့၏ အမှတ်တစ် စက်ယန္တရားစက်ရုံနှင့် သိပ်မဝေးသည်ကို သိလိုက်ရပြီး အံ့အားသင့်သွားကြလေသည်။
လင်းကျန်းအန်းသည်ကား မြို့၏ အမှတ်တစ် စက်ယန္တရားစက်ရုံကို တစ်ခါမျှ မရောက်ဖူးသော်လည်း
မည်သည့်နေရာဆိုသည်မူ သိထားသေးသည်။
ဆိုရလျှင် စုန့်ဝေက အမှတ်(၁) စက်ယန္တရားစက်ရုံမှ အလုပ်သမားတစ်ယောက်ဖြစ်သည့်အတွက်
လီရှို့လီနှင့် လင်းရန်တို့သည်လည်း ထိုနေရာ၌ နေထိုင်ခဲ့ကြသည်။
ဤနေရာသည်ကား သူ၏သမီး လင်းရန် ဆယ်နှစ်ကျော်မျှ နေထိုင်ခဲ့သည့်
နေရာပင်ဖြစ်ချေသည်။
ထိုအကြောင်းကို စဉ်းစားမိသည့်အခိုက်တွင် လင်းကျန်းအန်း၏ မျက်လုံးများမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
“ရှောင်စုန့်၊ ဒါက ရန်ရန် ကြီးပြင်းလာခဲ့တဲ့နေရာပဲ”
လင်းကျန်းအန်းတစ်ယောက် သက်ပြင်းချကာ ပတ်ဝန်းကျင်ကို လှည့်ပတ်၍ ကြည့်လိုက်သည်။
သူ့အနေဖြင့် သူ၏သမီးလင်းရန် တဖြည်းဖြည်း ကြီးပြင်းလာသည်ကို မြင်နေရသကဲ့သို့ ခံစားရသည်။
သို့သော် သွေးသားရင်းချာ ဖခင်တစ်ယောက်အနေဖြင့် သူသည်ကာ့ ထိုနှစ်များတစ်လျှောက်အတွင်း သမီး ဖြစ်သူ၏ ဘေး၌ ရှိမပေးနိုင်ခဲ့ပေ။
ထိုအကြောင်းကို တွေးမိသည့်အခါ
သူ အနည်းငယ် ၀မ်းနည်းမိရသည်။
စုန့်ရှီးယန်မှာမူ ထိုအကြောင်းကို ပထမဆုံးအကြိမ် သိရှိခြင်းဖြစ်ပြီး အတော်လေးပင် အံ့သြသွားရလေသည်။
သူသည်လည်း ပတ်၀န်းကျင်ကို လှည့်ကာ ကြည့်လိုက်သည်။
မတိုင်ခင်က ဤမရင်းနှီးသည့် နေရာဒေသမှာလင်းရန် ကြီးပြင်းခဲ့သည့်နေရာဖြစ်ကြောင်း သိလိုက်ရသည့်အခိုက်တွင် သူ၏စိတ်ထဲ၌ ပို၍ပင် စိတ်လှုပ်ရှားလာခဲ့တော့သည်။
လင်းရန် ယခင်က မည်သည့်နေရာများကို သွားဖူးသည်ကိုမူ သူ မသိပေ။
နောင်တစ်ချိန်တွင်တော့ လင်းရန် သွားလာခဲ့ဖူးသည့် နေရာများကို သူမနှင့်အတူ ပြန်သွားချင်မိသည်ပင်။
စုန့်ရှီးယန်တစ်ယောက် မေးစေ့ကို ပွတ်သပ်လိုက်ပြီး အတွေးနယ်ချဲ့နေခဲ့သည်။
“သွားကြစို့၊ မနက်ဖြန် ကိစ္စတွေ ပြီးသွားရင် ဒီနားတစ်ဝိုက်ကို ထပ်သွားကြည့်ရအောင်”
လီရှို့လီ၊ စုန့်ဝေ့တို့နှင့် မတွေ့စေဖို့ကိုတော့ လင်းကျန်းအန်း မျှော်လင့်မိသည်။ သို့သော်
သူတို့နှင့် တွေ့လျှင်လည်း ကိစ္စမရှိပေ။
အလွန်ဆုံးဖြစ်နိုင်သည်က သူတို့အား အနည်းငယ် တုံ့ပြန်လိုက်ရုံသာဖြစ်သည်။
လင်းကျန်းအန်းသည်ကား သူတို့ကို အနည်းငယ်မျှပင် မကြောက်ရွံ့ပါချေ။
ထို့အပြင် သူသည်က ထိုအခွင့်အရေးကို အသုံးချပြီး ဤကာလအတွင်း၌ စုန့်ဝေ့တို့ဇနီးမောင်နှံမှ
လင်းရန်၏ ဂုဏ်သတင်းကို ပျက်စီးအောင် လုပ်ရန် အခွင့်အရေးရှာနေသည်လားဆိုသည်ကိုလည်း
စုံစမ်းနိုင်သည် မဟုတ်ပါလား။
နောက်တစ်နေ့၌ လင်းကျန်းအန်းနှင့်
စုန့်ရှီးယန်တို့က မနက်စောစာထကာ
အနီးဆုံးတွင်ရှိသည့် မြို့ဆေးရုံသို့ သွားခဲ့ကြသည်။
လင်းကျန်းအန်းသည်ကား မြို့ဆေးရုံများနှင့် ခရိုင်ဆေးရုံများ၏ အခြေအနေများနှင့် ပတ်သက်၍ အတွေ့အကြုံရှိပြီး အတော်လေးပင် ကျွမ်းကျင်နေခဲ့သည်။
သူက ဆေးရုံ၏
ဆေးဝယ်ယူရေးဌာနကို ရှာဖွေကာ အခြေအနေကို ဦးစွာမေးမြန်းခဲ့သည်။
ကံကောင်းစွာပင် သူ၏ ကြိုးစားမှုသည်က အရာထင်လာခဲ့သည်။မြို့ဆေးရုံမှ ဝန်ထမ်းများကလည်း သူ ယူလာသည့် ဆေးဖက်ဝင်ပစ္စည်းများ၏ အရည်အသွေးကို မြင်သည့်အချိန်တွင် အလွန်အမင်း အံ့သြဝမ်းသာသွားခဲ့ကြသည်။
သူတို့ထံမှ ပေးလာသည့် ဈေးနှုန်းများမှာလည်း သင့်တင့်လှသည်။
ထိုဂျင်ဆင်းအမြစ်အနည်းငယ်နှင့်အခြားဆေးဖက်ဝင်ပစ္စည်းများကို ထပ်၍ ပေါင်းထည့်လိုက်သည့်အခါ သူတို့က လင်းကျန်းအန်းအား ခြောက်ဆယ့်ငါးယွမ်အဖြစ် မြင့်မားသည့် ဈေးနှုန်းကို ပေးနိုင်ခဲ့သည်။
ခြောက်ဆယ့်ငါးယွမ်သည်ကား သာမန်အလုပ်သမားတစ်ဦး၏ နှစ်လစာထက်ပင် ပို၍ များပေသည်။
ထိုပမာဏကို ကြားသည့်အချိန်တွင် လင်းကျန်းအန်းတစ်ယောက် ပြောမပြတတ်အောင်ပင် အံ့သြမှုများနှင့်
ပြည့်နှက်သွားခဲ့ရသည်။
လင်းကျန်းအန်းမှ ခေါင်းညိတ်ရန် ပြင်နေစဥ် ဘေးနားမှ စုန့်ရှီးယန်က ရုတ်တရက် ဆေးရုံမှ တာဝန်ခံကို ကြည့်၍ ပြောလိုက်သည်။
“ရဲဘော်၊ တကယ်တော့ ကျွန်တော်တို့ ရွာက တောင်တွေမှာ ဒီလို ဆေးဖက်ဝင်ပစ္စည်းတွေ အများကြီး ရှိနိုင်ပါတယ်၊ ဒီထက် ပိုပြီး အရည်အသွေး ကောင်းတာတွေတောင် ရှိနိုင်တယ်”
ဆရာဝန်မှာ ထိုစကားကို ကြားလိုက်ရလျှင် မျက်လုံးများပင် အရောင်တောက်လာခဲ့သည်။
သူသည်ကား ဝါရင့်သည့် ဆရာဝန်တစ်ယောက်ဟု ယူဆ၍ရနိုင်ပြီး ဆေးဖက်ဝင်ပစ္စည်းများစွာ မြင်ဖူးသည်။
ယခု သူတို့ဆေးရုံမှ ဆေးဖက်ဝင်ပစ္စည်း အများစုသည်က အနီးအနားရှိ ကျေးလက်ဒေသများမှ ဝယ်ယူထားခြင်းဖြစ်သည်။
ဤပတ်၀န်းကျင်ရှိ ကျေးလက်ဒေသများမှာ မြို့နှင့်နီးစပ်ကာ
လာရောက်ရောင်းချနေခဲ့ကြသည်မှာလည်း ကြာမြင့်နေလေပြီ။
ထို့ကြောင့် ကောင်းမွန်သည့်
ဆေးဖက်ဝင်ပစ္စည်းများမှာ အချိန်ကြာမြင့်စွာကတည်းကပင် ပျောက်ကွယ်သွားကြပြီဖြစ်သည်။
ထို့ကြောင့် သူတို့ဆေးရုံသည်က မူလကတည်းက ပို၍ ဝေးသည့်ဒေသများထံမှ ဆေးဖက်ဝင်ပစ္စည်းများ ဝယ်ယူရန် စီစဉ်ထားခဲ့သည်။
ကံမကောင်းစွာပင် အချိန်ကုန် လူပန်း ဖြစ်ရုံသာမက ကောင်းမွန်သည့် ဆေးဖက်ဝင်ပစ္စည်းများကို ရှာမတွေ့နိုင်ခဲ့သည့်အတွက်ကြောင့် ထိုကိစ္စနဲ့ပတ်သက်၍ စိတ်ပူနေခဲ့ကြရခြင်းဖြစ်ပေသည်။
မထင်မှတ်ဘဲ စုန့်ရှီးယန်၏ ထိုကဲ့သို့ပြောလာသည့်စကားများက သူတို့၏ အရေးတကြီး လိုအပ်ချက်များကို ဖြေရှင်းပေးရန် မျှော်လင့်ချက်ရလာစေခဲ့သည်။
အကယ်၍ ဤကဲ့သို့အရည်အသွေးရှိသည့် ဆေးဖက်ဝင်ပစ္စည်းများသာ သူတို့ထံ၌ ရှိနေသေးလျှင် သူတို့ထံတွင်ရှိသလောက် ဆေးရုံမှ အရာအားလုံးကိုလိုချင်မည်မှာ သေချာသည်။
ရေရှည်ပူးပေါင်းဆောင်ရွက်ရန်ဖြစ်နိုင်သည်ကိုမူ မေးရန်ပင် မလိုတော့ချေ။
“မင်းတို့တွေက ဘယ်ကလဲ? ဒီမြို့ကနေ ဝေးလား? သိပ်မဝေးဘူးဆိုရင် ငါ မင်းတို့နဲ့အတူ အခြေအနေကို သွားကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်လို့ရပါတယ်၊
မင်းပြောတဲ့အတိုင်း မှန်နေရင် ဆေးရုံက မင်းတို့ တပ်မဟာနဲ့ အနာဂတ်မှာ ရေရှည် ပူးပေါင်းဆောင်ရွက်နိုင်တယ်၊ မင်းတို့ တောင်တွေမှာ တူးဖော်နိုင်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ အားလုံးကို ငါတို့ ဆေးရုံက ဝယ်ယူပါ့မယ်!”
လင်းကျန်းအန်းတစ်ယောက် သူ လိုချင်နေခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုက ဤမျှလောက် လျင်မြန်စွာ ဖြစ်လာလိမ့်မည်ဟု အမှန်တကယ်ပင် မမျှော်လင့်ထားခဲ့ပေ။
ဆရာဝန်က ထိုသို့ပြောလိုက်သည့်အတွက် လင်းကျန်းအန်းမှာ နောက်ဆက်တွဲစကားများပင် မပြောနိုင်လောက်အောင်ဖြစ်နေခါ့ရသည်။
ဆိုရလျှင် ဆရာဝန်၏ တုံ့ပြန်မှုသည်ကား စုန့်ရှီးယန် မျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်ပေသည်။
သူ့အနေဖြင့် မတိုင်မီကတည်းကဘေးမှရပ်ကာ စောင့်ကြည့်နေခဲ့သည်။
လင်းကျန်းအန်း ထုတ်ပြလာသည့် ဆေးဖက်ဝင်ပစ္စည်းများကို ဆရာ၀န် မြင်သည့်အချိန်တွင် သူ၏မျက်လုံးထဲမှ အံ့သြမှုသည်ကား ဟန်ဆောင်ခြင်းမဟုတ်ဘဲ အမှန်တကယ်ဖြစ်ကြောင်းကို စုန့်ရှီးယန် သိနိုင်သည်။
ထို့ကြောင့် ဆေးဖက်ဝင်ပစ္စည်းများကို ကြိုက်နှစ်သက်ပြီး ကျေနပ်နေသည့် ဆရာ၀န်၏အခြေအနေအပေါ်ကို အခွင့်ကောင်းယူကာ စုန့်ရှီးယန်က တုန်းဖန်းတပ်မဟာ၏ အခြေအနေကို ပြောပြခဲ့ခြင်းဖြစ်ပေသည်။
*
လင်းကျန်းအန်းက ဆရာဝန်၏စကားကိုကြားလိုက်ရပြီးနောက်တွင်
ဆရာဝန်အား သူတို့၏ ဇာတိမြေတည်ရှိသည့်နေရာနှင့် အကွာအဝေးကို အလျင်အမြန် ရှင်းပြလိုက်သည်။
သူတို့၏ရွာက မြို့နှင့် အနည်းငယ်ဝေးကွာကြောင်းကို ကြားလိုက်ရသည့်အချိန်တွင် ဆရာဝန်က အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။
သို့သော် ကံကောင်းစွာပင် ထိုအကွာအဝေးမှာ အလွန်ဝေးလွန်းသည်မဟုတ်ဘဲ လက်ခံနိုင်လောက်သည့် အကွာအဝေးအတွင်စမှာရှိနေဆဲသာဖြစ်ပေသည်။
သူတို့အတွက် လက်ရှိတွင် အရေးအကြီးဆုံးမှာ ဆေးဖက်၀င်ပစ္စည်းများ၏အရည်အသွေးပင်ဖြစ်သည်။
တောင်ပေါ်တွင် ဤကဲ့သို့ အရည်အသွေးရှိသည့် ဆေးဖက်ဝင်ပစ္စည်းများ သို့မဟုတ် ထိုပစ္စည်းများထက် အနည်းငယ် အရည်အသွေးနိမ့်သည့် ဆေးဖက်၀င်ပစ္စည်းများဆိုလျှင်ပင် လက်ခံနိုင်သည်။
“သမားတော်ကြီး၊ ခင်ဗျားတို့သာ သဘောတူမယ်ဆိုရင် ကျွန်တော်တို့ မနက်ဖြန် မနက်စောစော ထွက်ခွာလို့ရပါတယ်၊ ကျွန်တော် ကိုယ်တိုင် ခင်ဗျားတို့ကို တောင်ပေါ်ကိုခေါ်သွားပြီး ပတ်ဝန်းကျင်ကို ပြပေးနိုင်မ
တယ်၊
တောင်ပေါ်မှာ ကျွန်တော်တို့တွေ မတူးရသေးတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ အများကြီး ရှိပါသေးတယ်!”
လင်းကျန်းအန်းက ထက်မြက်စွာဖြင့်
ဆရာဝန်အား ယဥ်ကျေးစွာဖြင့် အလျင်အမြန် ဖိတ်ခေါ်လိုက်သည်။
ထိုဆရာဝန်က ခဏတာလောက် တွေဝေသွားသော်လည်း နောက်ဆုံး၌ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ လင်းကျန်းအန်းအား ပြောလိုက်သည်။
“ကောင်းပြီ၊ ဒါဆို ခင်ဗျားတို့ ဒီမှာ ခဏလောက် စောင့်နေကြပါဦး၊ ကျွန်တော် ဆေးရုံနဲ့ သွားပြောလိုက်ပါဦးမယ်၊ အားလုံး အဆင်ပြေရင် ကျွန်တော်တို့မနက်ဖြန် မနက်စောစော ထွက်ခွာလို့ရတယ်”
ထို့နောက် ထိုဆရာဝန်က ထိုကိစ္စအားအထက်အရာရှိများကို ပြောပြရန်အတွက် အလျင်အမြန်ထွက်ခွာသွားပြီး လင်းကျန်းအန်းနှင့် စုန့်ရှီးယန်တို့ကို ထိုနေရာ၌ စောင့်နေစေခဲ့သည်။
လင်းကျန်းအန်းသည်ကား သူ၏လက်ထဲမှ ဆေးဖက်ဝင်ပစ္စည်းများ ရောင်းထွက်သွားသည့်အတွက် အမှန်တကယ်ပင် ပျော်ရွှင်နေခဲ့သည်။
သို့သော် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အရေးနှင့် ပတ်သက်လျှင်မူ သူ စိုးရိမ်ပူပန်နေခဲ့သေးသည်။
ထိုသို့ဆိုလျှင်ပင် သူ့အနေဖြင့် စုန့်ရှီးယန်အား ကျေးဇူးတင်သင့်ပေသည်။
“ရှောင်စုန့်၊ ခုနတုန်းက မင်း ဒုက္ခခံပြီး ဝင်ပြောပေစခဲ့လို့သာပေါ့၊ မင်းသာ ပြောမပြခဲ့ရင် ငါ မေ့နေလောက်ပြီ”
ယခု စိတ်အေးအေးထားပြီး စဉ်းစားကြည့်သည့်အခါ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်သည့်ကိစ္စမျိုးကို ပြောသည့်အခါမျိုးတွင် အချိန်အခါကို ကြည့်ပြီး ပြောတတ်ရန်က လွန်စွာအရေးကြီးပေသည်။
ဥပမာအားဖြင့် ထိုစကားများကို ဆရာ၀န် စိတ်အကျေနပ်ဆုံးနှင့်အပျော်ဆုံးဖြစ်နေချိန်တွင် ပြောခဲ့လျှင် ပူးပေါင်းဆောင်ရွက်ရန်အတွက် ညှိနှိုင်းခြင်းက ပို၍ အောင်မြင်နိုင်ချေများသည်။
စုန့်ရှီးယန်သာ မတိုင်ခင်က အခွင့်အရေးကို အသုံးမချခဲ့ဘဲ
နောက်ပိုင်းတွင်သာ ပြောခဲ့လျှင် ယခုကဲ့သို့ ချောမွေ့ပြီး အဆင်ပြေနိုင်မည်မဟုတ်ဟု လင်းကျန်းအန်း တွေးမိသည်။
ဤကဲ့သို့ ကိစ္စများ ချောချောမွေ့မွေ့ ဖြစ်သွားခြင်းမှာ စုန့်ရှီးယန်၏ အကူအညီပါသည်ဟု ပြော၍ရပေမည်။
စုန့်ရှီးယန်လရ်း ထိုစကားကို ကြားလျီင် အနည်းငယ် ပြုံး၍ ပြန့ပြောလိုက်မိသည်။
“ဒုတိယဦးလေး၊ ကျွန်တော်တို့တနှစ်ယောက်ရဲ့ကြားမှာ ဒီလိုစကားမျိုးတွေ ပြောစရာမလိုပါဘူး၊ ပြီးတော့ ကျွန်တော်လည်း သိပ်ပြီးကူညီလိုက်တာ မဟုတ်ဘူးလေ”
စုန့်ရှီးယန်အနေဖြင့်ဆိုလျှင် သူ ယခုတစ်ခေါက် မြို့သို့ လာရောက်ရသည့် အဓိက ရည်ရွယ်ချက်မှာ လင်းကျန်းအန်းအား ဤကိစ္စတွင် ကူညီရန်ပင် ဖြစ်သည်။
စုန့်ရှီးယန်က ထိုဆရာဝန် အချိန်အတော်ကြာသည်အထိ ထွက်မလာသေးသည်ကို မြင်လျှင် အခြေအနေများ ပြောင်းလဲသွားမည်ကို စိုးရိမ်သည့်အတွက် လင်းကျန်းအန်းကို ပြောလိုက်သည်။
“ဒုတိယဦးလေး၊ ကျွန်တော် သန့်စင်ခန်းကို သွားလိုက်ဦးမယ်၊ ဦးလေး ဒီမှာ ခဏလောက် စောင့်နေပေးပါဦး”
ထိုသို့ပြောပြီးနောက် စုန့်ရှီးယန်တစ်ယောက် သန့်စင်ခန်းသို့ သွားရာ လမ်းတစ်ဝက်မှ ပြန်၍ လှည့်ကာ တခြားဘက်သို့ သွားခဲ့လေသည်။
လင်းကျန်းအန်းသာ ထိုမြင်ကွင်းကို မြင်လျှင် အံ့သြသွားမည်မှာ သေချာသည်။
အဘယ်ကြောင့်ဆိုသော်
စုန့်ရှီးယန်သွားသည့် လမ်းကြောင်းမှာ မတိုင်ခင်က ဆရာဝန် ထွက်သွားသည့် လမ်းကြောင်းဖြစ်နေသည့်အတွက်ကြောင့် ဖြစ်သည်။
မှန်ပေသည်။ စုန့်ရှီးယန်သည်ကား ဆရာဝန်များရှိနေသည့်နေရာသို့
သွားခဲ့ခြင်းသာ ဖြစ်သည်။
လင်းကျန်းအန်းက မသိနိုင်သော်ငြားလည်း စုန့်ရှီးယန်ဆိုသည်က အစိုးရအဖွဲ့အစည်းတစ်ခု၌ ကြီးပြင်းလာသည့် လူငယ်တစ်ယောက်ဟု သတ်မှတ်နိုင်သည်။
ထို့ကြောင့် ဤနေရာများ၏ ဆက်စပ်မှုကို စုန့်ရှီးယန်က ကောင်းစွာ နားလည်ပြီး ကိစ္စများကို အဆင်ပြေအောင် ပြုလုပ်နိုင်ပေသည်။
ဥပမာအားဖြင့် သူ၏ရှေ့တွင် တစ်ခါတရံ၌ ရွေးချယ်ရန် အခွင့်ရေး နှစ်ခုရှိကာ တစ်ခုသည်က လက်ရှိကိစ္စနှင့်သက်ဆိုင်မှုရှိပြီး အခြားတစ်ခုမှာ မည်သို့မှ သက်ဆိုင်ခြင်းမရှိဆိုပါက
ထိုအခြေနေမျိုးတွင် စုန့်ရှီးယန်မှ အခွင့်အရေးနှင့်သက်ဆိုင်သည့် ရွေးချယ်မှုမျိုးကို အတည်ပြုပေးနိုင်သည်။
မည်သို့ပင်ဖြစ်စေ လင်းကျန်းအန်း၌
ကြီးမားသည့် အကူညီအထောက်အပံ့ မရှိသော်လည်း စုန့်ရှီးယန်တွင်တော့ ရှိနေပေသေးသည်။
*