အခန်း (၁၂၆)
Vol. 13 Ch. 126
စုန့်ရှီးယန်တစ်ယောက် နေရာကို ကျွမ်းကျင်စွာ သွားလာနေခဲ့ပြီး ဆေးရုံအနောက်ဘက်မှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ရုံးခန်းဘက်သို့ ရောက်သည့်အချိန်တွင် ဘေးမှ ဖြတ်လျှောက်သွားသည့် သူနာပြုအား မေးလိုက်သည်။
“ရဲဘော်၊ ကျေးဇူးပြုပြီး ကျိုးကျယ်ပင်းလို့ခေါ်တဲ့ သမားတော်ကျိုး အခု ဘယ်နေရာမှာရှိလဲဆိုတာကို သိလား?”
သူနာပြုက သူ့၏စကားကို ကြားလျှင် သူ့အား လမ်းညွှန်ပြလိုက်လေသည်။
“သမားတော်ကျိုးက အခု ရုံးခန်းထဲမှာ ရှိပါတယ်”
စုန့်ရှီးယန် သူနာပြုအား ကျေးဇူးတင်ကြောင်းပြောလိုက်ကာ ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။
သူ လာတွေ့သည့် ကျိုးကျစ်ပင်း ခေါ် သမားတော်ကျိုးမှာ သူ၏ သူငယ်ချင်းပင်ဖြစ်ပေသည်။
သူတို့နှစ်ဦးသည်ကား ဆယ်ကျော်သက်အရွယ်ကတည်းက သိကျွမ်းခဲ့ကာ ကျောင်းတစ်ခုတည်း၌ အတူတက်ရောက်၍ကြီးပြင်းလာခဲ့ကြခြင်းဖြစ်သည်။
သို့သော် နောက်ပိုင်း၌ စုန့်ရှီးယန်က စစ်တက္ကသိုလ်သို့တက်ရောက်ခဲ့ စစ်တပ်ထဲသို့ ဝင်ခဲ့ပြီး ကျိုးကျယ်ပင်းသည်ကတော့ ဆေးပညာသင်ယူရန် ရွေးချယ်ခဲ့သည်။
သူတို့နှစ်ဦး ခွဲခွာသွားပြီးသည့်နောက်တွင် နှစ်ပေါင်းများစွာ မတွေ့ဖြစ်ကြတော့ပေ။
သို့သော် နှစ်စဉ် တရုတ်နှစ်သစ်ကူး၌ သူတို့၏နှစ်ဖက်မိဘများက အချင်းချင်း သတင်းမေးလေ့ရှိကြသည်။
ထို့ကြောင့် ကျိုးကျယ်ပင်းတစ်ယော်
ယခု မြို့ဆေးရုံ၌ ဆရာဝန်လုပ်နေကြောင်းကို စုန့်ရှီးယန် သိထားခဲ့သည်။
သူသည်ကား မတိုင်ခင်က ဆရာဝန်၏ရှေ့၌ ကျိုးကျယ်ပင်း၏ နာမည်ကို ထုတ်မပြောခဲ့ရသည့် အကြောင်းရင်းမှာ ကျိုးကျယ်ပင်းအား ဒုက္ခမပေးလို၍သာ ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် လင်းကျန်းအန်းကိုလည်းဖိအားမပေးလိုသည့်အတွက်ကြောင့် ဖြစ်ချေသည်။
တခြားသူများအား ကူညီရာ၌
အကောင်းဆုံးသောနည်းလမ်းမှာ ကူညီပြီးသည့်နောက်၌ မိမိကူညီခဲ့ကြောင်းကို အကူညီခံရသူများအား မသိစေခြင်းပင်ဖြစ်သည်မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ လင်းကျန်းအန်းနှင့် လင်းရန်တို့က ထိုကိစ္စအတွက်ကြောင့် သူ့ကို အလွန်အမင်းကျေးဇူးတင်လာခြင်းမျိုးကို စုန့်ရှီးယန် မလိုလားပါချေ။
သူသည်ကား စိတ်ရင်းမှန်ဖြင့် ကူညီချင်ရုံသာဖြစ်သည့်အတွက် ထိုကဲ့သို့အကြောင်းများကို ချဲ့ကားစာဖွဲ့၍ ပြောရန် မလိုအပ်ပေ။
ကျိုးကျယ်ပင်း၏ ရုံးခန်းအပြင်ဘက်သို့ ရောက်သည့်နောက် စုန့်ရှီးယန် တံခါးခေါက်လိုက်ချိန်တွင်
အတွင်းပိုင်းမှ ရင်းနှီးကျွမ်းဝင်လှသည့် အသံကို ကြားလိုက်ရသည်။
“ဝင်လာခဲ့ပါ”
စုန့်ရှီးယန်လည်း တံခါးကိပဖွင့်၍ ၀င်သွားခဲ့ကာ တစ်ဖက်လူကို စကားမပြောသေးဘဲ ကျိုးကျယ်ပင်းအား ခေါင်းအစခြေအဆုံး သေသေချာချာ အကဲခတ်ကြည့်လိုက်သည်။
ကျိုးကျယ်ပင်းသည်ကား ယခင်တုန်းက ပုံစံအတိုင်းသာ ရှိနေသည်ကို
တွေ့လိုက်ရသည့်အချိန်မှသာ အနည်းငယ် ရယ်မောလိုက်မိလေသည်။
ကျိုးကျယ်ပင်းသည်ကား အခန်းထဲသို့ ၀င်လာသည့်သူမှာ သူနာပြုဟုသာ ထင်ထားခဲ့ပြီး ခဏကြာမှသာတစ်ခုခုလွဲမှားနေသည်ကို သတိထားမိလိုက်သည်။
တစ်ဖက်လူက တံခါးကိုတွန်းဖွင့်၍ ၀င်လာသော်လည်း သူ့အား စကားမပြောလာသေးသည်မဟုတ်ပါလား။ သီု့နှင့် သူလည်း မှားယွင်းနေသယောင်ခံစားမိကာ ခေါင်းကိုမော့ကြည့်လိုက်သည်။
“စုန့်ရှီးယန်?”
ကျိုးကျယ်ပင်းတစ်ယောက် အံ့သြစွာဖြင့် ချက်ချင်းပင် ထရပ်လိုက်သည်။
“အင်း ငါပဲ၊ မင်း ဂျူတီကုတ်အင်္ကျီကို ဝတ်ထားတာက နည်းနည်းလောက်တော့ကြည့်ကောင်းသားပဲ!”
သူ၏သူငယ်ချင်းဖြစ်သူအား မတွေ့ရသည်မှာ ကြာပြီဖြစ်သည့်အတွက် စုန့်ရှီးယန်အနေဖြင့် ဤအချိန်တွင် အတော်လေးပျော်ရွှင်နေခဲ့သည်။
သူက အရှေ့သို့ တိုးသွားကာ ကျိုးကျယ်ပင်း၏ ပုခုံးကို အားပြင်းပြင်းနှင့် ပုတ်လိုက်ပြန်သည်။
စုန့်ရှီးယန်မှ ပုခုံးကိုပုတ်လာသည့် နှစ်ချက်သည်ကား ကျိုးကျယ်ပင်းအတွက်တော့ အတွင်းဒဏ်ရာများပင် ရစေမတတ် ဖြစ်သွားစေခဲ့သည်။
“ဖြည်းဖြည်းလုပ်စမ်းပါ၊ ဖြည်းဖြည်း၊ ငါတို့က ခုမှ တွေ့တာကို၊မင်းက ငါ့ကို သတ်ချင်နေတာများလား!”
ကျိုးကျယ်ပင်း၏ မျက်နှာသည်ကား အလွန်အမင်းချဲ့ကားသည့်အမူအရာဖြစ်နေခဲ့လေ၏။
“ကောင်းပြီ၊ မင်း ဘယ်လိုလုပ်ပြီး
ဒီလောက်တောင် အားနည်းနေရတာလဲ?ငါက အတိုင်းအဆလောက်နဲ့ ဖြည်းဖြည်းပဲ ထိလိုက်တာလေ”
စုန့်ရှီးယန်က ကျိုးကျယ်ပင်းအား စိတ်ပျက်ဟန်ဖြင့် တွန်းထုတ်လိုက်ပြီး အချိန်ခဏတာမျှ စကားပြောနေခဲ့ကြသည်။
ထို့နောက် စုန့်ရှီးယန်တစ်ယောက် သူထံတွင် အချိန် သိပ်မရှိတော့ဟု တွေးကာ ကျိုးကျယ်ပင်းအား သူလာရသည့်အကြောင်းရင်းကို ပြောပြလိုက်သည်။
“ငါ ဒီကို တစ်ခုခု မေးဖို့ လာတာ...”
စုန့်ရှီးယန်က ဆေးရုံ၏ ဆေးဖက်ဝင်ပစ္စည်းဝယ်ယူမှုများအကြောင်းကို ကျိုးကျယ်ပင်းအား မေးမြန်းလိုက်သည်။
ကျိုးကျယ်ပင်းအနေဖြင့်
ယခင်တုန်းက ထိုကိစ္စများကို သတိမထားမိခဲ့သော်လည်း အနည်းငယ်လောက်တော့ ကြားဖူးနေခဲ့သည်။
“ဒီကိစ္စအတွက်ဆိုရင်တော့ စိတ်မပူပါနဲ့၊ မင်း ခုနတုန်းက မြင်ခဲ့တဲ့ ဒေါက်တာက ငါတို့ဆေးရုံက သမားတော်တုန်ပဲ၊ သူက ရိုးသားဖြောင့်မတ်တဲ့သူပါ၊ သူ့ရဲ့စောင့်ကြည့်မှုအောက်မှာဆိုရင် ဘယ်သူမှ ဘာမှ မလုပ်ရဲပါဘူး”
ကျိုးကျယ်ပင်း၏စကားကြောင့် စုန့်ရှီးယန်တစ်ယောက် စိတ်သက်သာရာရသွားခဲ့သည်။
“ကောင်းပြီ၊ နောက်တစ်ခါ အချိန်ရရင် ဆုံကြတာပေါ့၊ ဒီနေ့တော့ မရသေးဘူး၊ ငါ တခြား ကိစ္စရှိလို့ အရင်သွားလိုက်ဦးမယ်”
ဒေါက်တာတုန်ဆိုသူက ဖြောင့်မတ်သည့်သူ ဖြစ်ကြောင်းကို အတည်ပြုပြီးသည့်နောက်၌ စုန့်ရှီးယန်လည်စ စိတ်အေး၀ွာဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။
ရုံးခန်းထဲ၌ ကျန်ခဲ့သည့် ကျိုးကျယ်ပင်းမှာကား ကြောင်အမ်းစွာဖြင့် ကျန်ခဲ့ရလေ၏။
သူ စုန့်ရှီးယန်နဲ့ မတွေ့ရတာ အတော်လေးနေကြာပြီလေ။ အခု
သူ့ကို လာတွေ့ရတဲ့ အကြောင်းရင်းက ဒီမေးခွန်းတွေ မေးဖို့အတွက်ပဲလား?
“ဟေး၊ ငါ့ကို စောင့်ဦး!”
ကျိုးကျယ်ပင်းမှာ ဤအချိန်တွင်
လူနာမရှိတော့သည်ဖြစ်၍ စုန့်ရှီးယန်၏နောက်သို့ ပြေးလိုက်သွားသည်။
“မင်း အခု ခွင့်ယူထားတာ မဟုတ်ဘူးလား? ဒီည အလုပ်ဆင်းပြီးရင် ငါနဲ့အတူတူ စားသောက်ရအောင်”
အချိန်ကြာမြင့်စွာ မတွေ့ခဲ့ရသည်ဖြစ်၍ ကျိုးကျယ်ပင်းမှာ စုန့်ရှီးယန်နှင့် ပြောရန် စကားများစွာ ရှိနေသည်။
စုန့်ရှီးယန်လည်း ခဏတာမျှ တွေဝေသွားသော်လည်း ထပ်၍ ငြင်းဆန်လာခြင်း မရှိတော့ပေ။
“ကောင်းပြီ၊ ငါ့ရဲ့ကိစ္စတွေပြီးရင် မင်းဆီကို ပြန်လာခဲ့မယ်၊ အခုတော့ ငါ့ကိစ္စကို အရင်သွားလုပ်လိုက်ဦးမယ်၊ မင်း ငါနဲ့ မလိုက်ခဲ့နဲ့တော့၊
ဒီကိစ္စက ငါ့ဘဝရဲ့ အရေးကြီးတဲ့ကိစ္စနဲ့ ဆက်စပ်နေတယ်၊ တစ်ခုခုသာလွဲချော်သွားရင် ငါတို့နှစ်ယောက်ကြားမှာ နောက့ထပ် ပြောနေစရာဘယ်လိုအကြောင်းမှ မရှိတော့ဘူး”
ထိုသို့ ပြောပြီးသည့်နောက် စုန့်ရှီးယန်က ကျိုးကျယ်ပင်းအား ရုံးခန်းထဲသို့ ပြန်သွားရန် ပြောလိုက်လေသည်။
ကျိုးကျယ်ပင်းမှာ စုန့်ရှီးယန်အား
ဒေါသထွက်စွာဖြင့် ရယ်မောလုနီးပါး ဖြစ်သွားသော်လည်း အလွန်အမင်းပင် စပ်စုချင်နေခဲ့သည်။
ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စ ဟုတ်လား?
အဲဒါက လက်ထပ်ပွဲကိစ္စတွေကို ပြောတတ်တဲ့စကားမျိုး မဟုတ်ဘူးလား?
စုန့်ရှီးယန်ဆိုတဲ့ကောင်က အမြဲတမ်း နားလည်ရခက်လွန်းတယ်။
အခုလိုမျိုး ကြိုက်တဲ့သူ ရှိနေပြီဆိုတာကမယုံနိုင်စရာကိစ္စပဲ။
ဒီအကြောင်းကို သူ့အမေနဲ့ ပြောပြီး တစ်ဖက်က ဘယ်လိုကောင်မလေးလဲဆိုတာ ရှာဖွေရမယ်!
*
စုန့်ရှီးယန် လင်းကျန်းအန်းထံသို့ ပြန်ရောက်လာပြီးနောက်တွင် လင်းကျန်းအန်း၏ စိုးရိမ်ပူပန်စွာ ပြောလာသည့်စကားကို ကြားလိုက်ရသည်။
“မင်း အဆင်ပြေရဲ့လား? ဘာလို့ ဒီလောက်ကြာနေတာလဲ?”
သန့်စင်ခန်းကိုသွားတာက ဒီလောက်ကြာနေတယ်။ ရှောင်စုန့်ရဲ့ ကျန်းမာရေးမှာ ပြဿနာရှိတာများလား။
လင်းကျန်းအန်းတစ်ယောက် စုန့်ရှီးယန်ကို အနည်းငယ်စိုးရိမ်စွာဖြင့် ကြည့်လိုက်သည်။
စုန့်ရှီးယန် ထိုအကြည့်ကြောင့် သူ၏နှုတ်ခမ်းကို လက်သီးဆုတ်ဖြင့်အုပ်ကာ ချောင်းဟန့်လိုက်သည်။
“အဟွတ်၊ ဘာကိစ္စမှ မရှိပါဘူး၊ အဲဒိနေရာမှာ လူတွေ အများကြီး ရှိနေလို့ပါ”
သူ၏ကျန်းမာရေးတွင် ပြဿနာရှိနေသည်ဟု လင်းကျန်းအန်း ထင်မှတ်သွား၍ မဖြစ်ပေ။
ထိုသို့ ထင်မှတ်သွားခဲ့ကာ လင်းရန်ကို သူနှင့် လက်ထပ်ခွင့်မပြုပါက ပြသနာများစွာရှိလာလိမ့်မည်။
စုန့်ရှီးယန်၏ ရှင်းပြချက်ကို နားထောင်ပြီးသည့်နောက်၌ လင်းကျန်းအန်းသည်လည်း ထိုအကြောင်း
မစဉ်းစားတော့ပေ။ သူက ဆေးရုံနှင့်ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင်သာ ဆက်လက်၍ စိုးရိမ်နေခဲ့သည်။
“ဟင်း.. ဘယ်လိုတွေဖြစ်နေပြီလဲ မသိဘူး”
မကြာသေးမီက ကျိုးကျယ်ပင်းထံမှ အခြေအနေကို သိခဲ့သည့်အတွက် စုန့်ရှီးယန် သူ့ကိုယုံကြည်မှုအပြည့်နှင့်ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ဒုတိယဦးလေး၊ ဒီကိစ္စမှာ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး”
“ ငါလည်း ဒီလိုပဲမျှော်လင့်ပါတယ်”
စုန့်ရှီးယန်၏ စကားများက အမှန်တကယ် ဖြစ်လာသည်လား၊ သို့မဟုတ် လင်းကျန်းအန်းသည်သာ ကံကောင်းသည်လားတော့ မသိပေ။
မကြာမီတွင် သူတို့နှင့်စကားကြောခဲ့သညဲ့ဆရာဝန်မှ ပြုံးရွှင်စွာဖြင့်
ထွက်လာခဲ့သည်။
ဆရာ၀န်၏ ပြုံးရွှင်နေသည့် မျက်နှာကို မြင်လိုက်သည်နှင့် စုန့်ရှီးယန်လည်း အခြေအနေမှာ အဆင်ပြေနေပြီ ဖြစ်ကြောင်းကို သိလိုက်သည်။
အမှန်တကယ်ပင် နောက်တစ်စက္ကန့်အကြာ၌ ဆရာဝန် ပြောသည်ကို သူတို့ ကြားလိုက်ရသည်။
“ခင်ဗျားတို့ နှစ်ယောက်ကို အကြာကြီး စောင့်စေမိပြီ၊ ကျွန်တော် ဒီကိစ္စကို အထက်ဘက်ကို ပြောပြခဲ့တယ်၊
မနက်ဖြန် ခင်ဗျားတို့နဲ့အတူ အခြေအနေကို သွားကြည့်ဖို့ အားလုံးက သဘောတူကြတယ်၊ အခြေအနေကသာ ခင်ဗျားတို့ပြောသလို မှန်ကန်နေခဲ့ရင် ကျွန်တော်တို့ ရေရှည် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်!”
ထိုစကားကြားသည့်အခါမှသာ လင်းကျန်းအန်း၏ ရင်ထဲမှ အလုံးကြီး ကျသွားခဲ့သည်။
“ဒါဆိုရင်တော့ ဝမ်းသာစရာပါပဲ၊ မနက်ဖြန် အတူတူ သွားကြတာပေါ့၊ ဒါနဲ့ ကျွန်တော်တို့က ဆေးရုံဝင်ပေါက်မှာ စောင့်နေရမှာလား ၊ ဒါမှမဟုတ် ဘယ်နေရာမှာ စောင့်နေရမလဲ?”
တစ်ဖက်မှဆရာဝန်သည်လည်း လင်းကျန်းအန်းနှင့် အချိန်နေရာကို ညှိယူလိုက်သည်။
သူတို့က မနက်ပိုင်း ဆေးရုံဝင်ပေါက်၌ တွေ့ဆုံကာ ဘတ်စ်ကားစီးပြီး ချွန်ဖန်းကွန်မြူနတီသို့ ဦးစွာ သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
*
ဆေးရုံမှ ထွက်လာပြီးသည့်နောက်တွင် လင်းကျန်းအန်း၏ စိတ်ခံစားချက်မှာ အထူး ကောင်းမွန်နေခဲ့သည်။
ယခုတွင်တော့ သူ၏ လက်ထဲတွင် ပိုက်ဆံရှိရုံသာမက အနာဂတ်တွင်လည်း ဆက်လက်၍
ဝင်ငွေရနိုင်ပေတော့မည်။
ထို့ကြောင့် ဤအခိုက်အတန့်တွင် သူ၏ရှေ့မှ အရာရာတိုင်းသည်က ပို၍ လင်းလက်တောက်ပနေသကဲ့သို့ ခံစားနေရသည်။
“ဒုတိယဦးလေး.. အခုတော့ ဦးလေးစိတ်ပူစရာမလိုတော့ဘူးပေါ့”
စုန့်ရှီးယန်က လင်းကျန်းအန်းအား စနောက်လိုစွာဖြင့် ပြောလိုက်လေ၏။
“ဟုတ်တယ်၊ ဒီတစ်ခါ ကိစ္စတွေသာ အဆင်ပြေသွားရင် ငါအတွက်တင် မကဘူး၊ ငါတို့တပ်မဟာအဖွဲ့အတွက်လည်း အခွင့်အရေးတွေ ပိုရလာမှာ သေချာတယ်!”
တပ်မဟာခွဲမှ လူအများအပြားသည်ကားလယ်ယာလုပ်ငန်းကိုသာ မှီခိုအားထားနေရဆဲပင်ဖြစ်ချေသည်။
ထို့အပြင် များစွာသော သက်ကြီးရွယ်အိုများမှာ တောတောင်နယ်နိမိတ်ထဲမှ တစ်ခါမျှပင်
မထွက်ဖူးသောကြောင့် အပြင်လောကကြီးအား မမြင်ဖူးသည်ကို စဉ်းစားမိသည့်အခါ လင်းကျန်းအန်း အနည်းငယ် ဝမ်းနည်းသွားသည်။
သူ့အနေဖြင့် ဤအခွင့်အရေးကို အသုံးချကာ သူတို့၏ တုန်ဖန်းတပ်မဟာအား အပြင်လောကနှင့်
ချိတ်ဆက်ပေးနိုင်မည်ဆိုလျှင် ငွေငွေရှာနိုင်သည့်ကိစ္စထက်ပင် ပို၍ အကျိုးရှိလာနိုင်ပေလိမ့်မည်။
စုန့်ရှီးယန်ကတော့ လင်းကျန်းအန်းပြောလာသည့်စကားများကို ကြားရသည့်အခိုက်တွင် စိတ်ထဲ၌ အံ့သြမှုအချို့ ကို ခံစားလိုက်ရသည်။
သူသည်ကား လင်းကျန်းအန်း၏ တခြားသူများအတွက် စဉ်းစားပေးတတ်သည့် ခံစားချက်ကို ချီးကျူးမိသည်။ ပြောရလျှင် လင်းကျန်းအန်းမှာ သာမန်ကျေးလက်ရွာမှ လယ်သမားများထက် ပို၍
အရှည်ကို မျှော်တွေးတတ်ပြီး ဗဟုသုတ ကျယ်ပြန့်သည်။
ထို့အပြင် စိတ်သဘောထားလည်း
ပို၍ ကောင်းမွန်သည်။ အနာဂတ်တွင် အခွင့်အရေးရှိလာပါက လင်းကျန်းအန်းသည်ကား အသေအချာပင် တိုးတက်အောင်မြင်လာနိုင်ပေလိမ့်မည်။
*