အခန်း (၁၂၇)
Vol. 13 Ch. 127
ဆေးရုံနှင့်ပူးပေါင်းဆောင်ရွက်မှုကို ယာယီ အပြီးသတ်ပြီးသည့်နောက်၌ သူတို့နှစ်ယောက်တွင် အခြား မည်သည့်ကိစ္စမျှ လုပ်ရန်မရှိတော့ပေ။
ထို့ကြောင့် သူတို့က လင်းရန် ကြီးပြင်းလာခဲ့သည့် ပတ်ဝန်းကျင်ကို ကြည့်ရှုရန်အတွက် စက်ယန္တရားစက်ရုံနားတစ်ဝိုက်သို့ သွားရောက်လည်ပတ်ကြည့်ရှုရန် စီစဉ်လိုက်ကြသည်။
စုန့်ရှီးယန်သည်လည်း ငြင်းဆန်ခြင်း အလျဉ်းမရှိပေ။
ထို့ကြောင့် သူတို့နှစ်ဦးက
လမ်းတစ်လျှောက် မေးမြန်းရင်း စက်ယန္တရားစက်ရုံဆီသို့ သွားခဲ့ကြတယ်။
ထိုသို့ လမ်းပေါ်၌ လျှောက်သွားရင်းဖြင် သူတို့နှစ်ဦး ပတ်ဝန်းကျင်ကို ကြည့်ကာ အတော်လေးပင် စိတ်အေးချမ်းသာယာမှုကို ခံစားလာခဲ့ရသည်။
လင်းကျန်းအန်းတစ်ယောက် ထိုပတ်၀န်းကျင်မှ အခြေအနေများကို မြင်သည့်အခါတွင် ယခင်က လီရှိ့လီအပေါ် ၌ ထားရှိခဲ့သည့် မကျေနပ်မှုများမှာ လျော့နည်းသွားခဲ့သည်။
အဘယ်ကြောင့် ဆိုသော် လီရှိ့လီသည်က သူ၏သမီး လင်းရန် ကြီးပြင်းလာသည့် ထိုနှစ်များအတွင်း
ဤကဲ့သို့ ကောင်းမွန်သည့် ဘဝတွင် နေထိုင်ခွင့်ပြုခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။
ထိုသို့ သူသည်ကား လီရှိ့လီအကြောင်းကို တွေးတောပြီးသည့်နောက် လမ်းထောင့်ချိုးကို ကွေ့လိုက်သည့်အခါ၌ အမှန်တကယ်ပင် လီရှိ့လီအား မြင်လိုက်ရသည်။
အချိန်မှာ မနက် ကိုးနာရီသာရှိသေးပြီး အလုပ်မရှိသည့် အိမ်ရှင်မတစ်ယောက်အနေဖြင့် လီရှိ့လီ၏ နေ့စဉ်အလုပ်မှာ ဟင်းချက်စရာဝယ်ခြင်း၊ ချက်ပြုတ်ခြင်း၊ စုန့်စစ်ယွီနှင့် စုန့်ဝေ့တို့ကို အလုပ်အကျွေးပြုခြင်းသာ ဖြစ်သည်။
အထူးသဖြင့် ဤအချိန်အတွင်း၌ သူမအနေဖြင့် မပေါ့ဆရဲပေ။
ထို့ကြောင့် လီရှိ့လီတစ်ယောက် ဟင်းဝယ်ပြီး၍ သူမ၏ ပစ္စည်းများကို သယ်ကာ အိမ်သို့ ပြန်လာစဥ် လမ်းပေါ်၌ ရင်းနှီးသည့် ပုံပန်းသဏ္ဍာန်တစ်ခုကို မြင်လိုက်ရသည်။
“လင်းကျန်းအန်း!”
သူမ လင်းကျန်းအန်းကို မှတ်မိလိုက်သည်နှင့် လင်းကျန်းအန်းက သူမအား ဒုက္ခပေးရန် ရောက်လာခြင်းဖြစ်သည်ဟု ထင်မှတ်ကာ လီရှိ့လီတစ်ယောက် ထိတ်လန့်သွားခဲ့ရသည်။
သူ ဘာလို့ ဒီကို ရောက်လာတာလဲ၊သေချာပေါက် လင်းရန်ကြောင့်ပဲဖြစ်ရမယ်!
“ရှင်...ရှင်... ရှင်ဒီမှာ ဘာလုပ်နေတာလဲ? ဒါ မြို့နော်၊ရှင့်ရဲ့ ကျေးလက် မဟုတ်ဘူး၊ ရှင်တစ်ခုခု လုပ်ရဲရင် လုပ်ကြည့်၊ ကျွန်မ လူတွေကို ခေါ်လိုက်မှာ!”
လင်းကျန်းအန်းဘက်တွင်တော့ အင်အားကြီး ရန်သူတစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေသည့် လီရှိ့လီနှင့် မတူပေ။
သူ့အနေဖြင့် လီရှိ့လီအား
လုံးလုံးလျားလျားပင် စကားပြောချင်စိတ်မရှိပေ။
လီရှိ့လီသာ သူ၏အမည်ကို မခေါ်ခဲ့လျှင် သူက မသိချင်ယောင်ဆောင်ကာ နေလိုက်မိပေလိမ့်မည်။
မတိုင်ခင်ကပင် လီရှိ့လီမှ လင်းရန်အား မြို့သို့ ခေါ်လာခဲ့သည့် ကိစ္စကြောင့် လီရှိ့လီအပေါ်
သူ၏ သဘောထားမှာ အနည်းငယ်နူးညံ့သွားခဲ့ သေးသည်။
သို့သော် ယခုတွင်မူ လီရှိ့လီသည်ကားသူခိုးလူမိသကဲ့သို့ အော်ဟစ်နေသည့်အတွက်
လင်းကျန်းအန်းတစ်ယောက် ဒေါသထွက်သွားရသည်။
လင်းကျန်းအန်းသည်က လီရှိ့လီအား အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။
“လီရှိ့လီ၊ ဒီမြို့တစ်မြို့လုံးကို မင်းပိုင်တယ်များမှတ်နေတာလား၊ ငါ ဒီကို မင်းကြောင့် လာတာ မဟုတ်ဘူး၊မင်း အဲဒှလောက် ကြောက်နေစရာမလိုဘူး၊ မင်းလို မိန်းမမျိုးကိုလည်း ငါ ဘာမှ မလုပ်ဘူး”
လင်းကျန်းအန်းမှ ထိုသို့ ပြောလိုက်သော်လည်း လီရှိ့လီမှာမူ စိတ်မချမ်းသာနိုင်သေးပေ။
သူမ နောက်ဆုံးအကြိမ် လင်းမိသားစု၏ ဇာတိမြေသို့ သွားခဲ့စဉ်က မြင်ကွင်းမှာ သူမ၏စိတ်ထဲ၌ ထင်ရှားစွာ ရှိနေဆဲပင်ဖြစ်သည်။
လင်းမိသားစု၏ တတိယမြောက် ချွေးမက တံမြက်စည်းနှင့် ရိုက်ခဲ့သည့် သူမ၏ နောက်ကျော
မှ ဒဏ်ရာမှာ အခုပင် နာကျင်လာသကဲ့သို့ ခံစားရသည်။
ထို့အပြင် လင်းကျန်းအန်းသည်ကား
ဤမြို့၌ ဆွေမျိုးမိတ်ဆွေများ မရှိပေ။
ထို့ကြောင့် လင်းကျန်းအန်း ရုတ်တရက် မြို့သို့
ရောက်လာပြီး စက်ယန္တရားစက်ရုံသို့
သီးသန့်လာရသည့် ရည်ရွယ်ချက်ကို လီရှိ့လီအနေဖြင့် သံသယမဝင်ဘဲ မနေနိုင်ပေ။
လီရှိ့လီနှင့် စကားပြောရန် မည်သို့မှ
အဆင်မပြေသည်ကို တွေ့ရသည့်အခါ လင်းကျန်းအန်းသည်လည်း အချိန်မဖြုန်းလိုတော့ပေ။
သို့ဖြစ်၍ သူက စုန့်ရှီးယန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ရှောင်စုန့်၊ သွားကြစို့”
လင်းကျန်းအန်းသည်က ဤပတ်၀န်းကျင်မှ အရာရာတိုင်းကို မြင်ခဲ့ပြီးဖြစ်သည့်အပြင် သူ၏သမီး လင်းရန်ကြီးပြင်းလာခဲ့သည်နေရာကိုလည်း အကြမ်းဖျင်း နားလည်ထားပြီးဖြစ်၍
ထပ်၍ ကြည့်နေရန် မလိုအပ်တော့ပေ။
ထို့အပြင် သူ မသွားရသေးဘဲ ကျန်နေသည့်နေရာမှာ စုန့်မိသားစုသာဖြစ်ပြီး ထိုနေရာသို့ သွားရောက်လည်ပတ်သည်မျိုးလည်း မရှိသေးပေ။
စုန့်ရှီးယန်က ခေါင်းညိတ်ကာထွက်သွားရန် ပြင်လိုက်သည်။
သို့သော် သူတို့နှစ်ယောက် ထွက်သွားရန် ပြင်နေစဉ်မှာပင် မမျှော်လင့်ဘဲ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“သူတို့က ဘယ်သူတွေလဲ?”
ထိုအသံကို သူတို့ ကြားလိုက်ရချိန်တွင် မိန်းကလေးတစ်ယောက်၏ အသံဖြစ်ပုံရသည်ဟု တွေးမိလိုက်ကြသည်။
လင်းကျန်းအန်းတစ်ယောက် သိရှိလိုသည့်အကြည့်ဖြင့် ကြည့်လိုက်မိလျှင် သူ၏သမီး လင်းရန် ၀တ်စားထားသည့်ပုံစံနှင့် ဆင်တူစွာ ဝတ်စားထားသည့် ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည့်အတွက် မျက်မှောင်ကြုတ်သွားရသည်။
ထိုအချိန်တွင် လီရှိ့လီက ထိတ်လန့်တကြားဖြင့် ထိုမိန်းကလေး၏အမည်ကို ခေါ်လိုက်လေသည်။
“စစ်... စစ်ယွီ၊ နင် ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ!”
အမှန်တကယ်ပင် ထိုမိန်းကလေးသည်ကား စုန့်ဝေ့၏ သမီးအရင်း စုန့်စစ်ယွီ ဖြစ်နေသည်။
လင်းကျန်းအန်း ထိုသို့သိသွားသည့်အခိုက်တွင် စုန့်စစ်ယွီကို ပို၍ ကြည့်မိသည်။
လင်းကျန်းအန်းမှ သူ၏သမီးလင်းရန်အား သူမ၏ အစ်မဝမ်းကွဲသည်
သူမအား မည်သို့ဆက်ဆံသနည်းဟု ယခင်က မေးဖူးသည်။
လင်းရန်က အသင့်အတင့် ဟုသာ ဖြေခဲ့သည့်အတွက် ညီအစ်မနှစ်ယောက်ကြားမှ ဆက်ဆံရေးသည် ကောင်းမွန်ခြင်းမရှိကြောင်းက သိရှိနိုင်ပေသည်။
ဖခင်တစ်ဦးအနေဖြင့် လင်းကျန်းအန်းသည်က သူ၏သမီး လင်းရန်ဘက်မှရပ်တည်ကာ
စုန့်စစ်ယွီက လင်းရန်အပေါ် မကောင်းဟု အလိုအလျောက် ခံစားမိသည်။
စုန့်စစ်ယွီ ဤကဲ့သို့ဝတ်ဆင်ထားသည်ကို မြင်သည့်အခါ၌ လင်းကျန်းအန်းမှာ အနည်းငယ် စိတ်မသက်မသာဖြစ်နေရလေပြီ။
ဤသည်မှာ သူ၏သမီးလင်းရန်၏ ပုံစံနှင့် လွန်စွာတူနေသည်။
ထို့အပြင် လင်းရန်ထံမှ သူသိရသည်မှာ သူမနှင့် သူမ၏အစ်မဝမ်းကွဲ တို့၏ ပုံစံမှာ အနည်းငယ်မျှပင် မတူပေ။
အစ်မ၀မ်းကွဲသည်က လင်းရန်၏ဝတ်စားဆင်ယင်မှုကိုပင် မနှစ်သက်ဟုပင် သိရသည်ဖြစ်ကာ
ထိုစုန့်စစ်ယွီသည် ရိုးရှင်းပြီး အရည်အချင်းရှိသည့် မိန်းကလေးဖြစ်ရမည်ဟု သူကောက်ချက်ချခဲ့သည်။
သို့သော် ယခုကြည့်လိုက်သည့်အခါ သူ၏သမီးဖြစ်သူ လင်းရန်၏ ဝတ်စားဆင်ယင်သည့်ပုံစံနှင့် အလွန်ဆင်တူနေသည်။
ဤသို့ဆိုလျှင် စုန့်စစ်ယွီသည် သူ၏သမီး ထွက်သွားမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ပြီး ယခုအချိန်တွင် သူမ၏ စိတ်ရင်းအမှန်ကို ထုတ်ဖော်ရန် မစောင့်ဆိုင်းနိုင်တော့သည်များလား။
စုန့်စစ်ယွီမှာ မူလက လမ်းလျှောက်ထွက်လာခြင်းဖြစ်သည်။
သို့သော် လီရှိ့လီတ၀်ယောက်
သူမ မမြင်ဖူးသည့် အမျိုးသားနှစ်ယောက်နှင့် စကားပြောနေသည်ကို သူမ မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။
အထူးသဖြင့် လီရှို့လီသည်
သူမ(လီရှို့လီ)၏အရွယ်ခန့်ရှိသည့် အမျိုးသားတစ်ဦးကို သိနေပုံရပြီး သူမ၏အမူအရာမှာလည်း လွန်စွာ ထိတ်လန့်ပုံ ပေါ်နေသည်။
စုန့်စီယွီသည်ကား လီရှိ့လီအား သဘောမကျသည့်အပြင် သူမ၏ဖခင် စုန့်ဝေ့သည်လည်း အနည်းငယ်သဘောမကျကြောင်းကို သိထားသည်။
ယခု လီရှိ့လီသည်က
သူမအဖေ၏ နောက်ကွယ်၌ အခြားအမျိုးသားတစ်ဦးနှင့် မည်သည်များလုပ်နေသည်ကို မသိသည့်အတွက် စုန့်စစ်ယွီမှာ အလွန်အမင်းပင် ဒေါသထွက်နေသည်။
“ကျွန်မမေးမယ်၊ သူတို့က ဘယ်သူတွေလဲ၊ ပြီးတော့ ရှင်တို့ဘာတွေပြောနေကြတာလဲ”
စုန့်စစ်ယွီသည်ကား သူမအား ပြန်သွားရန် ပြောနေသည့် လီရှိ့လီ၏ စကားကို နားမထောင်ဘဲမျက်မှောင်ကြုတ်ကာ လီရှို့လီ နှင့်
လင်းကျန်းအန်းတို့အား သံသယမျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
“ဟို... သူတို့... သူတို့က လမ်း လာမေးတဲ့သူတွေပါ
ပါ၊ ငါလည်း ဘယ်သူတွေမှန်း မသိပါဘူး...”
လီရှို့လီမှာ သူမ၏ရှေ့မှ လူသည် လင်းကျန်းအန်း ဖြစ်ကြောင်းကို စုန့်စစ်ယွီအား မပြောရဲပေ။
သို့မဟုတ်ပါက စုန့်စစ်ယွီသည်က သူမနှင့်လင်းကျန်းအန်းတို့ တိတ်တခိုး ချိန်းတွေ့နေသည်ဟု
ထင်သွားကာ စုန့်ဝေ့အား ပြောပြလိုက်လျှင် သူမ ဒုက္ခရောက်မည်ကို စိုးရိမ်မိသည့်အတွက် ထိုသို့
လိမ်ညာကာ ပြောလိုက်ရတော့သည်။
ကံကောင်းစွာဖြင့် လင်းကျန်းအန်းသည်လည်း လီရှို့လီ၏စိတ်ပူနေသည့် အမူအရာကို ကြည့်ကာ သူ မည်သူမည်ဝါ ဖြစ်ကြောင်း မဖော်ထုတ်ခဲ့ပေ။
လင်းကျန်းအန်းက စုန့်ရှီးယန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“သွားကြရအောင်”
သူ့အနေဖြင့် လီရှိ့လီ၊ စုန့်စစ်ယွီတို့နှင့် ဤနေရာတွင်အချိန်ဖြုန်းကာ ဆက်လက်၍ ငြင်းခုန်နေလိုစိတ်မရှိပေ။
သို့သော် စုန့်စစ်ယွီက သူတို့အား ချက်ချင်းပင် တားဆီးလိုက်သည်။
“ရပ်ဦး!”
ထိုလူမှာ လီရှိ့လီပြောသကဲ့သို့ လမ်းမေးသည့်သူ မဖြစ်နိုင်မှန်း စုန့်စစ်ယွီ သိသည်။
ထိုလူမှာ လီရှိ့လီနှင့် ယခင်ကတည်းက သိသည့်သူဖြစ်ကြောင်း သိသာလှပေသည်။
ထို့အပြင် လီရှိ့လီသည်က ထို့ကဲ့သို့ ဖုံးကွယ်သည့် စကားကိုပြောလိုက်သည့်အတွက်ကြောင့် သူတို့နှစ်ယောက်ကြားမှ အဖြစ်အပျက်သည်ကမရိုးရှင်းဟု စုန့်စစ်ယွီ ရုတ်တရက် ခံစားလိုက်ရသည်။
“ရှင်တို့က လမ်းမေးနေတာလား၊ဘယ်ကိုသွားချင်လဲပြောလေ၊ကျွန်မ ပြောပြလို့ရတယ်”
စုန့်စစ်ယွီမှ ရှေ့သို့ ဇွတ်တိုး၍ ပြောနေသည်ကို မြင်ရသည့်အခါ လင်းကျန်းအန်းပါမက စုန့်ရှီးယန်ပင် စိတ်မရှည်တော့ချေ။
လင်းကျန်းအန်းသည်ကား စုန့်စစ်ယွီအား အေးစက်စွာ ကြည့်လိုက်ကာ သူမ၏ အကျင့်စရိုက်ကို မှန်းဆမိသည်။
စုန့်စစ်ယွီနှင့် လင်းရန်တို့သည်ကား ၀တ်စားဆင်ယင်မှုတွင် အတော်လေးပင် ဆင်တူသော်လည်း ရုပ်ရည်နှင့် စိတ်နေသဘောထားအရဆိုပါက
လင်းကျန်းအန်း၏ စိတ်ထဲတွင် လင်းရန်က ပို၍ ပြည့်စုံသည်။
လင်းရန်သာဆိုပါက လမ်းပေါ်မှ အမျိုးသားနှစ်ယောက်ကို ဤကဲ့သို့ တားဆီးမည်မဟုတ်သည်ကို
ကြည့်ခြင်းအားဖြင့် လင်းရန်သည် စုန့်စစ်ယွီထက် အဆပေါင်းများစွာ သာလွန်နေချေပြီ။
“ မင်းက ငါတို့ကို လမ်းပြချင်တာ သေချာလား၊ တကယ်လို့ ငါတို့က အမျိုးသားသန့်စင်ခန်းကို သွားချင်တာဆိုရင် ဘယ်လိုလုပ်မလဲ”
စုန့်ရှီးယန်က အေးစက်စွာဖြင့်
နှာခေါင်းရှုံ့လိုက်ကာ စုန့်စစ်ယွီအား
တမင်တကာပင် မချေမငံ ပြန်၍ ပြောလိုက်သည်။
စုန့်စစ်ယွီ၏ အမူအရာမှာ ပြောင်းလဲသွားကာ အလွန်အမင်းပင် ရုပ်ဆိုးသွားလေသည်။
သို့သော် သူမသည်ကား အရပ်ရှည်သည့် စုန့်ရှီးယန်၏ ပုံစံကိုကြည့်လိုက်သည့်အခါ ခဏတာမျှ ကြောက်ရွံ့သွားသည်။
သူမက စုန့်ရှီးယန်အား
စိတ်ထဲတွင် ရွံရှာမိသော်လည်း ရန်ဖြစ်၀ံ့သည့် သတ္တိမရှိပေ။
သူမက စုန့်ရှီးယန်နှင့် ရန်မဖြစ်၀ံ့သော်လည်း လီရှိ့လီကိုမူ ပြောရဲဆိုရဲသည်ဖြစ်၍ လီရှိ့လီဘက်သို့ လှည့်ကာ သူမ၏ဒေါသများကို
လီရှိ့လီထံသို့ ပုံချလိုက်သည်။
“ဒီကိစ္စကို ကျွန်မအဖေကို ပြောပြမယ်၊ ကျွန်မရဲ့အဖေက စက်ရုံမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး ရှင့်ကို ထောက်ပံ့ပေးနေတာ၊ ဒါကို ရှင်က အပြင်မှာ တခြားသူတွေနဲ့ ချိန်းတွေ့နေသေးတယ်၊ တကယ်ပါပဲ ရှက်စရာကောင်းလိုက်တာ!”
စုန့်စစ်ယွီသည့် ပြင်းထန်စွာ နှာခေါင်းရှုံ့လိုက်ကာ လီရှိ့လီ အား အပြစ်တင်ပြောဆိုလိုက်လေသည်။
သူမသည်ကား လီရှိ့လီအား အမြဲလိုလို အပြစ်တင်ပြောဆိုချင်ခဲ့သော်လည်း အချိန်အတော်ကြာသည်အထိ သင့်တော်သည့် အခွင့်အရေးကို ရှာမတွေ့ခဲ့ပေ။
ထို့အပြင် သူမ၏အဖေသည်က လီရှိ့လီအပေါ် ခံစားချက်ရှိသည်ဟု ယခင်က သူမ ထင်ခဲ့သောကြောင့် ထိန်းခားခဲ့ရသည်။
သို့သော် ယခု သူမ၏ဖခင်သည် လီရှိ့လီအား အလုပ်ခိုင်းစေပြီး ပိုက်ဆံအနည်းငယ်ပေးကာ ထောက်ပံ့ရုံသာရှိပြီး ဤသည်မှာ အိမ်ဖော်တစ်ယောက် ရှာထားသည်နှင့် အတူတူပင် ဖြစ်သည်ဟု သူမ တွေးလိုက်သည်။
ယခုတွင်မူ လီရှိ့လီအပေါ် သဘောထားနှင့်ပတ်သက်၍ ဖခင်နှင့်သမီးကြားမှ အထင်အမြင်လွဲနေမှုများက ရှင်းလင်းသွားလေပြီ။
သူမသည်လည်း အရွယ်ရောက်လာပြီဖြစ်၍ အခြားသူများ၏ ဂရုစိုက်မှုကို မလိုအပ်တော့ပေ။
ထို့ကြောင့် စုန့်မိသားစု၌ လီရှိ့လီ ရှိနေခြင်းမှာ အနည်းငယ်အဓိပ္ပာယ်မရှိတော့ ဟု သူမခံစားလိုက်ရသည်။
ဤအခြေအနေမျိုးတွင် သူမအနေဖြင့် လီရှိ့လီအား နေ့တိုင်း မျက်စိနောက်ခံ၍ ကြည့်နေရမည့်အစား လီရှိ့လီအား စုန့်မိသားစုမှ နှင်ထုတ်ရန် အခွင့်အရေးရှာသည်မှာ ပို၍ ကောင်းပေလိမ့်မည်။
ယခု သူမ၏ ရှေ့မှ အခွင့်အရေးသည် အကောင်းဆုံးဖြစ်သည်ဟု စုန့်စစ်ယွီတွေးလိုက်လေသည်။