အခန်း (၁၃၀)
Vol. 13 Ch. 130
ရှုကတော်၏စကားများက လင်းရန်၏အကြောင်းများပါ ပါဝင်လာသည့်အတွက် တစ်ဖက်တွင်ရှိနေသည့် ဘေးနားစားပွဲမှ နားထောင်နေသော လင်းကျန်းအန်းနှင့် စုန့်ရှီးယန်တို့မှာ
ငြိမ်သက်စွာ မနေနိုင်တော့ပေ။
သူတို့သည်ကား မတိုင်ခင်က လင်းရန်၏အကြောင်းကိုပြောခဲ့သည့် အလယ်မှ အမျိုးသမီးကြီး၏ စကားထဲမှ အံ့အားသင့်ဖွယ်စကားတစ်ခွန်းကို ကြားခဲ့ရသည်။
ဤသည်မှာ စုန့်ဝေ့နှင့်လီရှိ့လီတို့မှ
လင်းရန်အား ယခင်က မိတ်ဆက်ပေးခဲ့သည့်သူမှာ ယခု လီရှိ့ လီ၏ လင်ပါသမီး စုန့်စစ်ယွီနှင့် တွဲနေသည် ဆိုသည်ကိုပင် ဖြစ်ပေသည်။
နှစ်ဖက်မိဘများသည်လည်း ညစာ အတူတူထိုင်စားကာ သူတို့၏လက်ထပ်ပွဲအတွက်
ဆွေးနွေးဖို့လုပ်နေကြောင်းကို သိသာစွာ မြင်နိုင်နေခဲ့သည်။
ဤသည်က မည်သည့်အရာကို ဆိုလိုသနည်း။
စုန့်မိသားစု ရူးသွားသည်များလား။
သို့မဟုတ် သူတို့က အိမ်ထောင်ဘက်ရှာပေးရမည်ကို အလွန်ပျင်းရိလွန်းနေသောကြောင့် မိသားစုတစ်ခုတည်းမှ သမီးနှစ်ယောက်ကို လူငယ်တစ်ယောက်တည်းနှင့် ကြင်ဖက်တွေ့ဆုံခွင့် လုပ်ရန် ခွင့်ပြုလိုက်သည်များလား။
သူတို့၏ကျေးလက်ဒေသ၌သာ ဤသို့လုပ်ပါက ကျောရိုးကျိုးသည်အထိ အရိုက်ခံရမည်မှာ သေချာသည်။
မူလက ထိုကိစ္စသည်က သူတို့နှင့်
မသက်ဆိုင်သော်လည်း ယခု တစ်ဖက်စားပွဲဝိုင်းမှ လင်းရန်၏အကြောင်း ပြောနေခဲ့သည်ဖြစ်၍ သူသည်က လင်းရန်၏ ဖခင်အနေဖြင့် အခြားသူများ၏ကိစ္စတွင် လင်းရန်အကြောင်းကို ထည့်သွင်း ပြောဆိုနေရန်အတွက် ခွင့်ပြုနေမည်မဟုတ်ပေ။
သူက ဘေးနားတွင်ဝှိနေသော စုန့်ရှီးယန်အား တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ရှောင်စုန့်၊ ငါ ဟိုဘက်ကို ခဏသွားလိုက်ဦးမယ်”
စုန့်ရှီးယန်ကလည်း ချက်ချင်းပင် တူများကို ချပြီး ထရပ်လိုက်သည်။
“ကျွန်တော်လည်း အတူ လိုက်ခဲ့မယ်”
လင်းကျန်းအန်းက ဤသည်ကို ကြားသည့်အခါတွင် သိပ်ပြီးမစဉ်းစားခဲ့ပါချေ။ စုန့်ရှီးယန်က
သူ့ကို လိုက်ပါကူညီချင်၍ဟုသာ ထင်မှတ်လိုက်ကာ ငြင်းဆန်ခြင်းမရှိခဲ့ပေ။
ထို့ကြောင့် သူတို့နှစ်ယောက်က ထိုင်ရာမှ ထရပ်ကာ စုန့်ဝေ့၏ စားပွဲသို့ လျှောက်သွားခဲ့ကြသည်။
ထိုအချိန်တွင် ရှုကျစ်ဝမ်သည်က
သူ၏အမေ မတိုင်ခင်က ပြောခဲ့သည့်
စကားများကြောင့် စိတ်ဆိုးနေဆဲပင်ဖြစ်သည်။
သူ၏အမေပြောသည်မှာ အမှန်ဖြစ်နေသော်လည်း အဘယ်ကြောင့် ဤကဲ့သို့အချိန်မျိုး၌ ယခင်က ကိစ္စများကို ပြန်လည်၍ ထုတ်ပြောရသနည်း။
ဤသည်က သူနှင့်
စစ်ယွီကို ရှက်ရွံ့အောင် လုပ်လိုက်ခြင်းသာ မဟုတ်ဘူးပေဘူးလား။
သူ၏အမေကို စိုက်ကြည့်ပြီးသည့်နောက် ရှုကျစ်ဝမ်က အခြေအနေကိုပြန်ကောင်းစေရန် အလျင်အမြန်ပြုံးပြလိုက်သည်။
“ဦးလေးစုန့်၊ စစ်ယွီ၊ ကျွန်တော့်အမေက စကားပြောတတ်တာ မဟုတ်လို့ ဗွေမယူကြပါနဲ့၊ သူမ
ခုနတုန်းက ပြောလိုက်တာက ဘေ်လိုသဘောမှမရှိပါဘူး၊ စိတ်ထဲမထားကြပါနဲ့!”
ရှုကျစ်ဝမ်၏ စကားကြောင့် စုန့်ဝေ့လည်း သူ၏ မကျေနပ်မှုများကို မျိုချလိုက်ရပြီး ရှုကျစ်၀မ်၏ စကားအတိုင်း အလိုက်သင့်ပြောလိုက်သည်။
“ဟားဟား၊ ဘာမှမဖြစ်ပါဘူး ရှောင်ရှု၊ ဦးလေးတို့ မိသားစုနှစ်ခုက ဒီလောက် နှစ်ပေါင်းများစွာ သိလာခဲ့ကြတာပဲ၊ ဒီလိုအသေးအဖွဲ့လေးတွေကို စိတ်ထဲမထားပါဘူး၊
အရင်ကကိစ္စတွေက ဦးလေးရဲ့အမှားပါ၊ ဒါပေမဲ့ နောင်ပိုင်းကျရင် မိသားစုဝင်တွေ ဖြစ်လာတော့
မှာဆိုတော့ အဲဒီလိုကိစ္စတွေကို ဦးလေး ထပ်မပြောတော့ပါဘူး”
ရှုကတော်မှာ အလွန်အမင်းပင်
ဒေါသထွက်နေလေပြီ။
“ကျွန်မလည်း မပြောချင်ပါဘူး၊ ခုနကလည်း ကျစ်ဝမ်က မိသားစုတွေ့ဆုံပွဲအကြောင်းကို ပြောနေတာ မဟုတ်ဘူးလား၊
ကျွန်မကလည်း ရှင်တို့ရဲ့သမီး
လင်းရန်ကို သတိရသွားလို့လေ၊ ရှင်တို့မိသားစုက သူမကို ဂရုမစိုက်ဘူးဆိုရင်တော့ ကျွန်မတို့လို အပြင်လူတွေကလည်း ဂရုမစိုက်ပါဘူး”
ရှုကတော်၏ အသံမှာ အားအင်အပြည့်နှင့် ကြားနေရဆဲဖြစ်သော်လည်း အမှန်တကယ်တမ်းတွင် အလွန်အမင်းအားအင်ကုန်နေသည်မှာ သိသာလှသည်။
စုန့်ဝေ့နှင့်စုန့်စစ်ယွီတို့က စိတ်သက်သာရာရစွာ သက်ပြင်းချရန် ပြင်နေစဉ် ဘေးနားမှ အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
“ဘာလဲ၊ စုန့်ဝေ့၊ လီရှိ့လီ၊ မင်းတို့က
ရန်ရန် လုံးဝပြန်မလာတော့ဘူးဆိုတာ
တခြားသူတွေကို မပြောထားဘူးလား၊
မင်းတို့တွေ အဲ့ဒီတုန်းက ငါ့အိမ်ကိုလာပြီး ကြမ်းးတမ်းရက်စက်ျဲ့ စကားတွေကို ပြောခဲ့တယ်မလား၊ မင်းတို့တွေ ရန်ရန်ကို ထပ်ပြီး အသိအမှတ်မပြုတော့ဘူးဆို၊ အခုမှ နောင်တရနေတာလား”
လင်းကျန်းအန်းက စုန့်ဝေ့နှင့် လီရှိ့လီတို့ကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။
“ဒါပေမဲ့ မင်းတို့ နောင်တရရင်တောင် ရန်ရန် လုံးဝပြန်မလာတော့ဘူးဆိုတာ သိထားကြ၊ ပြီးတော့ သူမက မင်းတို့ စုန့်မိသားစုနဲ့ ဘာမှမဆိုင်တော့ဘူး၊
မင်းတို့ရဲ့ ကိစ္စတွေမှာ ရန်ရန်ကို ထပ်ပြီး မပါဝင်စေနဲ့၊ မဟုတ်လို့ကတော့ ငါ လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး!”
ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှုမိသားစုမှ သုံးယောက်လုံးက ခဏတာမျှ တုန်လှုပ်သွားသည်။ သူတို့က တခြား မည်သည်ကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ လင်းကျန်းအန်းအား အံ့သြမှုအပြည့်နှင့် ကြည့်နေမိလိုက်ကြသည်။
ဒါရိုက်တာရှုက အလျင်အမြန်ဆုံး သတိပြန်၀င်လာခဲ့ကာ လင်းကျန်းအန်းကို ကြည့်၍ မေးလိုက်သည်။
“ဒီကမိတ်ဆွေ ၊ ခင်ဗျားက ဘယ်သူလဲ”
လင်းကျန်းအန်းက သူ့အား
တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြန်၍ ဖြေလိုက်သည်။
“ကျွန်တော်က လင်းရန်ရဲ့ ဖခင်အရင်း၊ လင်းကျန်းအန်းပါ”
ဘုရားရေ!
ဒါဆို ဒီလူက အမှန်တကယ်ကို လင်းရန်၏ အဖေအရင်းဖြစ်နေလား။
ရှုကျစ်ဝမ်သည်ကား ယမန်နေ့က သူ့ကို မြင်စဉ်က ရင်းနှီးသည်ဟု ခံစားရသည်။ သို့သော် ထိုစဉ်က
ဤလူမှာ မည်သူနှင့်တူသည်ကို သူ သေချာမသိပေ။
ယခု လင်းကျန်းအန်းပြောသည်ကို ကြားလိုက်ရသည့်အခါမှသာ လင်းရန်နှင့် တူနေသည်ကို ရှင်းလင်းစွာ သိလိုက်ရသည်။
လင်းကျန်းအန်းသည်ကား
စုန့်ဝေ့တို့မိသားစုက လင်းရန်နှင်း ပတ်သက်ခြင်းမရှိတော့ဟု ပြောခဲ့သည်။
ဒါက ဘာတွေ ဖြစ်နေတာများလဲ?
ရှုကျစ်ဝမ်သည်ကား ယခု လင်းရန်ကို သဘောမကျတော့ဘဲ စုန့်စစ်ယွီအား ချစ်မိသွားပြီဟု ခံစားရသော်လည်း လင်းရန်ကို
ဤမျှလောက် လျင်မြန်စွာ သူစိမ်းတစ်ယောက်ကဲ့သို့ သဘောထားရန်မှာ မဖြစ်နိုင်သေးပေ။
အဘယ်ကြောင့်ဆိုသော် လင်းရန်သည်က သူ သဘောကျခဲ့ဖူးသည့် မိန်းကလေးတစ်ဦးပင် မဟုတ်ပါလား။
သို့သော် မကြာမီတွင် သူသည်
နောက်ထပ်အချက်တစ်ခုကို သတိပြုမိသွားပြီး စုန့်စစ်ယွီအား မကြည့်ဘဲ မနေနိုင်တော့ပေ။
စုန့်မိသားစုက လင်းရန်နှင့် ဆက်ဆံရေးဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး စုန့်စစ်ယွီသည် ဤကိစ္စကြီး ကိုပင်
သူ့အား မပြောပြခဲ့ပေ။
သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး
ယုံကြည်ကာ လျှို့ဝှက်ချက်များ မထားကြရန် ပြောခဲ့ကြသည် မဟုတ်ပါလား။
ဤမျှလောက်ကြီးမားသည့်ကိစ္စကို
စုန့်စစ်ယွီ မသိသည်မှာ မဖြစ်နိုင်ပေ။
သို့သော် သူမသည်က သူ့အား ထိုကိစ္စကို တစ်ခါမျှ မပြောပြခဲ့ပေ။
ထိုအကြောင်းကို စဉ်းစားမိသည့်အခါတွင် ရှုကျစ်၀မ်တစ်ယောက် စုန့်စစ်ယွီထံမှ လိမ်ညာခံလိုက်ရသကဲ့သိား ခံစားရလိုက်ရကာ
အနည်းငယ် စိတ်မပျော်မရွှင် ဖြစ်သွားရသည်။
စုန့်စစ်ယွီသည်လည်း ရှုကျစ်ဝမ်၏
အကြည့်ကို အလျင်အမြန် သတိထားမိသွားပြီး သူမ၏ ရင်ထဲ၌ တင်းကျပ်သွားလေသည်။
ရှုကျစ်ဝမ်၏ မျက်လုံးများက သူမအား မကျေနပ်သည့် ပုံစံနှင့် ကြည့်နေသည်ကို သူမ မြင်နိုင်ပေသည်။
သူမက ဤကိစ္စကို ဖုံးကွယ်ထားခဲ့သည်ဟု ရှုကျစ်၀မ် ထင်သွားမည်မှာ အသေအချာပင်ဖြစ်လိမ့်မည်။
သူမ လင်းကျန်းအန်းကို စိတ်ထဲ၌ ဒေါသတကြီး ဆဲဆိုကာ ဖြေရှင်းရန် နည်းလမ်းအား အလျင်အမြန် စဉ်းစားလိုက်သည်။
ကံကောင်းစွာပင် သူမအနေဖြင့် ထိုပြဿနာအား ဖြေရှင်းရန် နည်းလမ်းကို လျင်မြန်စွာ စဉ်းစားမိသွားသည်။
စုန့်စစ်ယွီက ချက်ချင်းပင်
အံ့သြတုန်လှုပ်သည့် မျက်နှာအမူအရာ လုပ်လိုက်ကာ စုန့်ဝေ့အား ကြည့်ပြီး သံသယဖြစ်စွာဖြင့် မေးလိုက်သည်။
“အဖေ၊ ဘာတွေဖြစ်နေတာလဲ၊
ရန်ရန်က ဘာဖြစ်သွားတာလဲ၊
ဦးလေးလင်းပြောတာ အမှန်ပဲလား၊
အိမ်မှာ ဒီလောက်ကြီးတဲ့ကိစ္စ ဖြစ်သွားတာတောင် ဘာလို့ ကျွန်မကို မပြောပြတာလဲ!”
ထိုသို့ပြောရင်း စုန့်စစ်ယွီမှ စုန့်ဝေ့အား မျက်စိမှိတ်ပြလိုက်သည်။
စုန့်ဝေ့နှင့်စုန့်စစ်ယွီတို့သည်ကား
သွေးသားရင်းများ ဖြစ်သည့်အလျောက် စုန့်ဝေ့သည်လည်း သူ၏သမီး စုန့်စစ်ယွီ၏
အစီအစဉ်ကို အလျင်အမြန် သဘောပေါက်သွားသည်။
စုန့်ဝေ့ သက်ပြင်းချကာ ပြောရန် စကား မရှိတော့သည့် အမူအရာ လုပ်လိုက်သည်။
“ဟင်း.....၊ သမီးက ငယ်သေးတယ်လေ၊အဖေတစ်ယောက်အနေနဲ့ အဲဒီတုန်းက ကိစ္စကို အဖေ ကောင်းကောင်းမကိုင်တွယ်နိုင်ခဲ့ဘူး၊ ဒါတွေကိုသမီး စိတ်ပူမှာစိုးလို့ အဖေ မပြောပြခဲ့တာပါ”
သူတို့သားအဖမှာ သံစုံညီသီချင်းတိုက်ထားသကဲ့သို့ အတိုင်အဖောက်ညီစွာ ပြောဆိုကာ
ရှုကျစ်ဝမ်၏သံသယများကို အလျင်အမြန် ဖြေရှင်းလိုက်သည်။
ဒါဆို တကယ့်အဖြစ်မှန်က စုန့်စစ်ယွီကလည်း ဒီကိစ္စကို တကယ်မသိလို့ သူ့ကို မပြောပြခဲ့တာပဲ။
ထိုစကားကို ကြားပြီးသည့်နောက် ရှုကျစ်ဝမ်၏ စိတ်ခံစားချက်မှာ ကောင်းမွန်လာပြီး စုန့်စစ်ယွီအား
အနည်းငယ်အားနာသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
သူ့အနေဖြင့် စုန့်စစ်ယွီအား
မှားယွင်းစွာ အပြစ်တင်ခဲ့မိသည်ဟု ခံစားမိလိုက်ရလေ၏။
စုန့်စစ်ယွီကတော့ ထိုကိစ္စကို မသိသကဲ့သို့ ဟန်ဆောင်ကာ မျက်မှောင်ကြုတ်ပြီး စုန့်ဝေအား
ဆက်၍ ပြောလိုက်သည်။
“ဒါဆို တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ အဖေ၊ ဦးလေးရှုတို့ရှေ့မှာ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ရှင်းပြပေးသင့်တယ်”
ယခု လင်းကျန်းအန်းမှ ရုတ်တရက် ပေါ်လာပြီး ရှုမိသားစု၏ရှေ့တွင် ထိုစကားများကို ပြောသည်မှာ
သူမနှင့် ရှုကျစ်ဝမ်တို့၏ ကိစ္စများကို
နှောင့်ယှက်ရန်ပင် ဖြစ်ပေလိမ့်မည်။
ယခုကဲ့သိုး အခြေအနေမျိုးတွင် ဤအခွင့်အရေးကို အသုံးချပြီး ထိုကိစ္စကို ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်သည်က ပိုကောင်းပေသည်။
ဤသို့ဆိုလျှင် လင်းကျန်းအန်းဘက်မှ သူမတို့၏ အခြေအနေကို နှောင့်ယှက်ချင်လျှင်ပင်
သူမ အနေဖြင့် ဖြေရှင်းနိုင်မည် မဟုတ်ပါလား။
စုန့်ဝေ့က စုန့်စစ်ယွီ၏ အကြံစည်ကို နားလည်သွားပြီး သူ၏အတွေးများကို ပြောင်းလဲကာ နောက်ဆုံး၌ ရှင်းပြရန် ဟန်ပြင်လိုက်သည်။
“သမီး မှတ်မိသေးတယ်မလား၊ သမီးရဲ့အန်တီနဲ့အဖေ အရင်က ကျေးလက်ကိုသွားပြီး ရန်ရန်ကို ပြန်ခေါ်ဖို့ စီစဉ်ခဲ့ကြတာလေ၊ ဒါပေမဲ့ ကျေးလက်ကိုရောက်တော့ ရန်ရန်က သူမရဲ့အဖေ ရဲဘော်လင်း နဲ့ ဆက်ဆံရေး အရမ်းကောင်းတာကို တွေ့လိုက်ရတယ်၊
နှစ်တွေအများကြီး အဖေက သူမကို ကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့တာဆိုတော့ အဲဒါကို တွေ့တဲ့အခါ ခဏလောက် စိတ်ဆိုးပြီး အဲ့စကားတွေ ပြောမိသွားတာပဲ၊
ဒါပေမဲ့ ရဲဘော်လင်းက အဲဒါကို အတည်ယူသွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး...”
သူ စိတ်ဆိုးပြီး ပြောသည်က ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ ရှုမိသားစုက ထိုအချိန်တုန်းက နေရာတွင် ရှိခဲ့သည်မဟုတ်ပေ။
ထို့ကြောင့် လင်းကျန်းအန်းဘက်မှ အမှန်ကို ပြောဆိုခြင်းဖြစ်သည်ဟု
ထပ်ခါတလဲလဲ ပြောနေလျှင်ပင် မည်သို့မျှ ထူးလာမည်မဟုတ်ပါချေ။
သူ့ဘက်မှ စိတ်ဆိုးပြီး ပြောခဲ့မုသည်ဟု ပြောလိုက်လျှင် စိတ်ဆိုးပြီး ပြောခဲ့ခြင်းသာဖြစ်လိမ့်မည်။
သူ လင်းရန်နဲ့ အမှန်တကယ် ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်က အမှမ်ဖြစ်နေသော်လည်း ယခုအချိန်က ရှုမိသားစုကို သူ့၏ စိတ်နေစိတ်ထားကို ယုံကြည်စေချင်ရုံသက်သက်သာဖြစ်ပေသည်။
နောက်ပိုင်း ရှုကျစ်ဝမ်နဲ့ သူ၏သမီးကြားမှ ကိစ္စများ ပြီးသွားခဲ့လျှင် သူ့ကို ကောင်းမွန်သည့်ပထွေးဟုတ်မဟုတ်ကို မည်သူကမျှ ဂရုစိုက်နေမည် မဟုတ်တော့ပေ။