← Chapters

အခန်း (၁၃၂)

Vol. 14 Ch. 132

အခန်း (၁၃၂)

Vol. 14 Ch. 132

ဒါရိုက်တာရှု၏  စိတ်အားထက်သန်လွန်းသော စကားများကြောင့် ဘေးနားမှ စုန့်ဝေ့မှာလုံးလုံးလျားလျားပင်

စိတ်ရှုပ်ထွေးနေလေပြီ။

ဤဒေါက်တာသည်က မည်သူနည်း။

ယခင်က သူနှင့် တစ်ခါမျှ မတွေ့ဖူးပေ။ သို့သော် ဒါရိုက်တာရှု၏ မျက်နှာအမူအရာအရ ဒေါက်တာကျိုး၏ နောက်ခံသည် အတော်လေးပင် မြင့်မားလိမ့်မည်ဟု သူပြောနိုင်သည်။ 

သို့မဟုတ်ပါက ဒါရိုက်တာရှုကဲ့သို့ လူစားမျိုးသည် ဒေါက်တာကျိုးအပေါ် ဤမျှလောက် စိတ်အားထက်သန်နေမည် မဟုတ်ပေ။

ထိုအကြောင်းကို စဉ်းစားမိသည့်အခါ  စုန့်ဝေ့သည် မည်သည်များဖြစ်နေသည်ကိုသိလိုက်ရသည်။

ဒေါက်တာကျိုးသည်ကား သူ့အား

မည်သို့သိသည်ကို သူ ယခုထိ မသေချာသေးသော်လည်း ယခင်က သိခဲ့သည်ဖြစ်စေ၊ မသိခဲ့သည်ဖြစ်စေ ယခုကဲ့သို့ အခွင့်အရေး ရစဉ်၌

တစ်ဦးကိုတစ်ဦး သိကျွမ်းရန် လုပ်ထားရမည်မဟုတ်ပါလား။

ထိုသို့တွေးပြီး စုန့်ဝေ့သည် ပြုံးရွှင်စွာနှင့် ထရပ်ကာ ကျိုးကျယ်ပင်းအား နှုတ်ဆက်ရန် ပြင်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်မှာပင်

ကျိုးကျယ်ပင်း၏  မျက်နှာအမူအရာမှာ ပြောင်းသွားပြီး စိတ်ရှုပ်ထွေးသွားပုံပေါ်ကာ ဒါရိုက်တာရှုအား ပြောလိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်တော်က  ဒီက လောင်စုန့်ကို ပြောတာပါ “

ထိုသို့ပြောရင်း ကျိုးကျယ်ပင်းက အားနာစွာဖြင့် သူ၏ဘေးနားမှ စုန့်ရှီးယန်အား လက်ညှိုးထိုးပြလိုက်သည်။

စုန့်ရှီးယန်မှာ  ဒါရိုက်တာရှုနှင့် စုန့်ဝေ့တို့၏ မျက်နှာအမူအရာများကို ဘေးမှ ကြည့်ကာ ရယ်မောချင်နေခဲ့ရသည်။ 

သူ၏သူငယ်ချင်းသည်က ထိုကိစ္စကို

ဤမျှလောက် လျင်လျင်မြန်မြန်ဆုံးခန်းတိုင်စေလိမ့်မည်ဟု  သူ မမျှော်လင့်ထားခဲ့သည့်အတွက်

အနည်းငယ်မျှပင် စိတ်မကောင်းဖြစ်သွားရသည်။

“ဘာလဲ!”

ဤအဖြစ်အပျက်ကို မြင်လိုက်ရသည့်အခါ ဒါရိုက်တာရှုအပါအ၀င် အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြလေ၏။

ဒါရိုက်တာရှုသည်ကား စုန့်ဝေ့အား ပြူးကျယ်သည့် မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ခဏက သူ၏သားအား စကားမပြောနိုင်အောင် လုပ်ခဲ့သည့် စုန့်ရှီးယန်အား ပြန်ကြည့်လိုက်သည်။

ဒါဆို ဒီကောင်လေးကပဲ ဒေါက်တာကျိုးရဲ့ သူငယ်ချင်းဖြစ်နေတာလား။

ဒေါက်တာကျိုး ပြောသည့်  “လောင်စုန့်”က  စုန့်ဝေ့လည်း မဟုတ်ဘူးပေါ့!

ဤသည်ကို ဒါရိုက်တာရှု သတိပြုမိသွားကာ မတိုင်ခင်က စုန့်ရှီးယန်နှင့် ဒေါက်တာကျိုးတို့ရှေ့၌သူပြောခဲ့သည်များ နှင့် လုပ်ခဲ့သည်များအား

ပြန်၍ စဉ်းစားမိသည့်အခါ  သတိလစ် မူးမေ့ချင်စိတ်ပင် ပေါက်သွားရလေသည်။

ဤသည်မှာ  အလွန်ရှက်စရာကောင်းသည်။

သူသည်ကား အမြဲလိုလို တည်ငြိမ်သည့်မျက်နှာနှင့် လေးနက်စွာနေတတ်သည့်သူဖြစ်ပြီး  ယခုကဲ့သို့

လူများစွာရှေ့၌  မျက်နှာပျက်ခဲ့ရသည့်အတွက်ပို၍ ရှက်ကာ ဒေါသထွက်နေခဲ့ရသည်။

သို့သော် ဤသည်မှာ  ပြဿနာကြီးကြီးမားမားဟု သူ မခံစားရပေ။ ယခုရောက်နေသည့် လူများထဲ၌

စုန့် ဟုသည့် အမည်နှင့် လူများစွာ ရှိနေသည် မဟုတ်ပါလား။

အကြီးမားဆုံးပြဿနာမှာ  စုန့်ဝေ့ပင်ဖြစ်သည်။

စုန့်ဝေ့အနေဖြင့် ဒေါက်တာကျိုးနှင့်  မရင်းနှီးလျှင် အဘယ်ကြောင့်  ချက်ချင်းထကာ မပြောခဲ့သနည်း

ယခုတွင်မူ  သူ့အနေဖြင့်  အရှက်ကွဲနေခဲ့ရလေပြီ။

ဒါရိုက်တာရှုမှာ စဉ်းစားလေလေ

၊ ဒေါသထွက်လေလေ ဖြစ်လာရသည်။

သူသည်ကား သူ၏သားနှင့် စုန့်စစ်ယွီအားယခင်ကတည်းက သဘောမတူခဲ့ပေ။

သို့သော် စုန့်ဝေ့တွင်သာ ဒေါက်တာကျိုးနှင့် ဆက်ဆံရေးရှိလျှင်

သူ၏သားနှင့် စုန့်စစ်ယွီအား ဆက်၍

ရင်းနှီးခွင့်ပေးရမည်ဟု  သူ တွေးထားခဲ့သည်။

သို့သော် ဤသည်မှာ  အထင်လွဲမှု တစ်ခုဖြစ်သွားလိမ့်မည်ဟု သူထင်မထား‌ခဲ့ပေ။

ဒီစုန့်‌ဝေ့ နဲ့ သူနဲ့ ဘယ်တော့မှ ဆွေမျိုး မဖြစ်စေရဘူး!

ကျိုးကျယ်ပင်းသည်လည်း လက်ရှိအခြေနေကို သိရှိသွားပုံရပြီး အလျင်အမြန် ဆက်၍ ပြောလိုက်သည်။

“အဟမ်း၊ ခင်ဗျားတို့ ဒီမှာစားကြပါဗျ၊ စုန့်ရှီးယန်နဲ့ ကျွန်တော်တို့ ဘေးနားမှာ ထိုင်ပြီး ကိုယ့်ဘာသာ

စားလိုက်ပါ့မယ်၊ ကျန်းမားရေးနဲ့ ပတ်သက်ပြီးအဆင်မပြေတာ ရှိရင် ဆေးရုံကိုလာခဲ့ပါ”

ကျိုးကျယ်ပင်းက  ဆရာဝန်တစ်ယောက်အနေနှင့် ဒါရိုက်တာရှုအား ညွှန်ကြားပြီးသည့်နောက် စုန့်ရှီးယန်အား  အလျင်အမြန် ခေါ်ထုတ်လိုက်သည်။

“လောင်စုန့်၊ မင်းဘယ်စားပွဲမှာထိုင်တာလဲ၊ ငါ့ကို မြန်မြန် ခေါ်သွားပေးပါဦး!”

ဤနေရာတွင် ဆက်၍ ရပ်နေသည်မှာ

လွန်စွာ ရှက်ဖွယ်ကောင်းသည်ဖြစ်၍

ကျိုးကျယ်ပင်းလည်း မည်သို့မျှ

မခံစားနိုင်တော့ပေ။

ထိုအချိန်၌  စုန့်ရှီးယန်လည်း ဆက်၍

မပြောတော့ပေ။ သူက သူနှင့်

လင်းကျန်းအန်းတို့ ခဏက  ထိုင်ခဲ့သည့် စားပွဲအား လက်ညှိုးထိုးပြလိုက်ပြီး ကျိုးကျယ်ပင်းအား ဦးစွာ သွားခိုင်းလိုက်သည်။

“ဒူဆို မင်းကရော”

ကျိုးကျယ်ပင်းက  စူးစမ်းစွာဖြင့် မေးလိုက်သည်။

“ငါက လုပ်စရာရှိသေးတယ်၊ ခဏနေ လိုက်လာခဲ့မယ်၊ မင်း ကိုယ့်ဘာသာ အစားအသောက် မှာနှင့်ထားလိုက်”

စုန့်ရှီးယန်က ထိုသို့ပြော၍ ကျိုးကျယ်ပင်းအား တွန်းတိုက်ကာ နှင်ထုတ်လိုက်သည်။

ကျိုးကျယ်ပင်းသည်ကား စုန့်ရှီးယန်တစ်ယောက် မည်သည့်အရာများ

ဆက်၍ လုပ်ဦးမည်ဆိုသည်ကို  အမှန်တကယ်ပင် စူးစမ်းချင်သော်လည်း သူ၏ စူးစမ်းလိုစိတ်ထက်သူ၏စိတ်ထဲမှ  ရှက်ရွံ့သည့်စိတ်မှာ ပို၍ များနေသည်ဖြစ်၍   ထိုနေရာမှ ဝေးရာသို့ သွားလိုက်ရတော့သည်။

ကျိုးကျယ်ပင်း ထွက်သွားသည်နှင့်တစ်ပြိုင်နက် စုန့်ရှီးယန်က ရှုကျစ်ဝမ်နှင့် စုန့်ဝေ့တို့အား ထပ်၍  အာရုံစူးစိုက်လိုက်သည်။

“ခုနက ဘယ်အထိ ပြောပြီးပြီလဲ၊အိုး..ကိုယ့်အကြောင်းကို ကိုယ်သိတဲ့အကြောင်းကို ပြောနေတာ မဟုတ်ဘူးလား...”

သို့သော် ဤတစ်ကြိမ်တွင်မူ  သူ၏

စကားမဆုံးသေးမီမှာပင် သူ၏ဘေးနားမှ ဒါရိုက်တာရှုက စကားကို ဖြတ်၍ ပြောလိုက်သည်။

“ကျစ်ဝမ်၊ သူတို့ကို တောင်းပန်လိုက်စမ်း!”

ရှုကျစ်ဝမ်တစ်ယောက်မျက်လုံးပြူးကျယ်ကာ တုန်လှုပ်သွားပြီး ဒါရိုက်တာရှုအား  အံ့သြသည့်မျက်နှာဖြင့် ကြည့်လိုက်သည်။

“အဖေ!”

သူ ကြားလိုက်ရတဲ့ စကားက နားကြားလွဲသွားတာများလား?

သူရဲ့အဖေက သူ့ကို ဒီလိုမျိုးကျေးလက်က ဆင်းရဲသားတစ်ယောက်ကိုတောင်းပန်ခိုင်းနေတာတဲ့လား။

“မင်း နားမကြားဘူးလား၊ ရဲဘော်ရှောင်စုန့်ကို တောင်းပန်လိုက်ဖို့ ငါပြောနေတယ်လေ!”

ဒါရိုက်တာရှု၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။

စုန့်ဝေ့မှ သူ့အား ထိုကိစ္စကို  မရှင်းပြခဲ့၍ သူ ဒေါသထွက်နေဆဲဖြစ်‌သော်လည်း

ဤကဲ့သို့ အရေးကြီးသည့်အချိန်‌၌ သူ၏ အခြေအနေနှင့်လိုက်လျောညီထွေစွာ  တုံ့ပြန်နိုင်သည့် စွမ်းရည်မှာ ရှိနေဆဲပင် ဖြစ်သည်။

ကျိုးကျယ်ပင်းသည်ကား စစ်ရေးနယ်မြေကဲ့သို့ ပတ်ဝန်းကျင်မျိုး၌ ကြီးပြင်းလာခဲ့ကာဘွဲ့ရပြီးနောက် မြို့ပြဆေးရုံကို ရောက်လာခြင်းဖြစ်သည်။

သို့ဖြစ်၍ သူသည်က “ကျေးလက်‌လူ” ဟု ခေါ်သည့်သူများနှင့် လုံးဝပင် အဆက်အသွယ်မရှိသည်မှာ သိသာသည်။ ထိုစုန့်ရှီးယန်ဆိုသည့် သူသည် ကျိုးကျယ်ပင်း ကလေးဘ၀တည်းက သိကျွမ်းခဲ့သည့် သူငယ်ချင်းပင်ဖြစ်လိမ့်မည်။

ကျိုးကျယ်ပင်း၏  ကလေးဘဝကတည်းက သူငယ်ချင်းဖြစ်၍ စုန့်ရှီးယန်၏ အဆင့်အတန်းသည်လည်း ထူးခြားနေပေလိမ့်မည်။

စုန့်ရှီးယန်၏ အဆင့်အတန်းကို သူ မသိသော်လည်း စစ်ရေးနယ်မြေပတ်၀န်းကျင်၌   ကြီးပြင်းလာခဲ့မည်မှာ အသေအချာပင် ဖြစ်သည်။

ဤကဲ့သို့သောလူမျိုးကို သူ ဒေါသထွက်အောင် မလုပ်ရဲပါချေ။

သူ့၏သား ကျစ်၀မ်သာဆိုပါက  စကားထဲပင် ထည့်ပြောနေရန်မလိုတော့ပေ။

သူ၏သား ရှုကျစ်ဝမ်သည်ကား မတိုင်ခင်ကလူအများရှေ့၌ စုန့်ရှီးယန်အား ဆိုးရွားသည့်စကားများဖြင့် တစ်ဖက်လူကိုအထင်သေးစွာ ငြင်းခုန်ခဲ့သည်ကို စဉ်းစားမိသည့်အခါဒါရိုက်တာရှုတစ်ယောက် ကြိုးပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့  ခံစားရကာ အလွန်အမင်း စိတ်လှုပ်ရှားလာရသည်။

အကယ်၍  ဤလူများသာ သူတို့အပေါ်အာဃာတထားပါက  မည်သို့ လုပ်ရပါမည်နည်။

“ကျွန်တော် မတောင်းပန်နိုင်ဘူး အဖေ! ကျွန်တော်က ဘာလို့ သူ့ကို တောင်းပန်ရမှာလဲ၊ ကျွန်တော် ခုနက ပြောတာ မှားလို့လား၊ အဖေ  ကျွန်တော်က အဖေ့သားလား၊ သူက အဖေ့သားလား”

ဤသည်ကို ကြားသည့်အခါတွင် ဒါရိုက်တာရှု၏ မျက်နှာမှာ နီရဲသွားခဲ့ရတော့သည်။

ရှုကျစ်၀မ်တစ်ယောက် သူ၏အဖေမှ

သူ့အား အော်ငေါက်နေသည်ကို မြင်သည့်အခါ၊ အထူးသဖြင့် စုန့်စစ်ယွီ၏ အရှေ့တွင် အော်ငေါက်နေခြင်းဖြစ်သည့်အတွက် ပို၍ပင် ဒေါသကြီးလာခဲ့သည်။

ဒီသားမိုက်ကတော့!!

ဒါရိုက်တာရှုမှာ အမှန် တကယ်ပင်

စိတ်ပူနေ‌လေပြီ။ စုန့်ရှီးယန် နှင့် အခြားသူများသာ မရှိလျှင် သူ၏သား ရှုကျစ်ဝမ်၏

နားများကို ဆွဲကာ အဓိကပြဿနာကို  ခွဲခြမ်းစိတ်ဖြာခိုင်းလိုက်ချင်နေတော့သည်။

သို့သော်လည်း လက်ရှိနေရာတွင် စုန့်ရှီးယန် ရှိနေသည့်အတွက်ကြောင့်  သူ မည်သည်ကိုမျှ မပြောရဲခဲ့ပေ။

မည်သို့ပင်ဖြစ်စေ

တစ်ဖက်မှလူများသာ ပြဿနာရှာရန် အစီအစဉ်မရှိပါက သူပြောလိုက်သည့် စကားများသည် သူတို့အား မည်သို့လုပ်ရမည်ဆိုသည်ကို

သတိပေးသကဲ့သို့  ဖြစ်နေပေလိမ့်မည်။

“ကောင်းပြီ၊ မင်း မတောင်းပန်ဘူးမလား၊ ဒါဆို အဖေ ကိုယ်တိုင်မင်းအတွက် တောင်းပန်ပေးမယ်!”

ထိုသို့ပြောကာ ဒါရိုက်တာရှုက

စုန့်ရှီးယန်အား ကြည့်ပြီး ပိုမို၍

မြှောက်ပင့်ပြောဆိုကာ တောင်းပန်လိုက်သည်။

“တောင်းပန်ပါတယ်၊ ရဲဘော်စုန့်၊

ကျွန်တော့်ရဲသသားက ငယ်ရွယ်သေးပြီး အသိဉာဏ်ကလည်း မရှိ‌တော့ စကားကို ဘယ်လိုပြောရမှန်းလည်းမသိဘူး၊

အဲဒါတွေကြောင့်  စိတ်အနှောင့်အယှက်ဖြစ်စရာ စကားတချို့ ပြောမိသွားတယ်၊ သူ့ကိုယ်စား  ကျွန်တော်ကပဲ တောင်းပန်ပါတယ်၊

မင်းက ဗဟုသုတများတဲ့သူဆိုတော့

သူ့ကို ဗွေမယူပါနဲ့၊  အိမ်ကို ပြန်ရောက်ပြီရင်  ကျွန်တော် သူ့ကို သေချာပေါက် ကောင်းကောင်းဆုံးမလိုက်ပါ့မယ်”

ဒါရိုက်တာရှု၏  ရုတ်တရက် ထိုသို့

တောင်းပန်လိုက်ခြင်းသည်က ရှုကျစ်ဝမ်အား အထိနာစေခဲ့ပြီး သူ၏စိတ်ထဲ၌ အကြီးအကျယ် မမျှတမှု ကို ခံစားလိုက်လိုက်ရသည်။

ဘေးနားတွင်ရှိနေသည့် စုန့်ဝေ့နှင့်စုန့်စစ်ယွီတို့ပင် မျက်နှာပျက်သွားကြလေသည်။

လင်းကျန်းအန်းသည်က သူတို့၏အနား၌ ရပ်နေဆဲပင်ဖြစ်သည့်အတွက် ဤသို့ဖြစ်ပျက်ခဲ့သည်ဆိုလျှင် သူတို့က လင်းမိသားစုအား ရှုံးသွားသည်ဟု  ဆိုလိုသည်မဟုတ်ပါလား။

စုန့်ရှီးယန်မှာ ရှုကျစ်ဝမ်နှင့် ထပ်၍

ပြောချင်နေသေးသော်လည်း ဒါရိုက်တာရှုဘက်မှ  ဤမျှလောက်စောစီးစွာ အလျှော့ပေးလိမ့်မည်ဟု သူထင်မထားခဲ့ပေ။

စုန့်ရှီးယန် သက်ပြင်းချလိုက်ကာ

ရုတ်တရက် ထိုကိစ္စအပေါ် စိတ်ဝင်စားမှုမရှိတော့ပေ။

သို့သော် ကောင်းသည့်ဘက်မှ စဉ်းစားကြည့်လျှင် လင်းကျန်းအန်းကို ကူညီပေးရန် လာခဲ့သည့်

သူ၏ ရည်ရွယ်ချက်မှာ ပြည့်မြောက်ခဲ့လေပြီ။

ကျိုးကျယ်ပင်း၏ ဖော်ရွေသည့် အကူအညီကြောင့်လည်း အကျိုးသက်ရောက်မှုမှာ ကောင်းသည်ဖြစ်၍  သူ့အနေဖြင့်  စုန့်မိသားစု၊ ရှုမိသားစုတို့နှင့် ဆက်၍ ရှုပ်ထွေးမနေလိုတော့ပေ။

ထို့ကြောင့် သူသည် လင်းကျန်းအန်းကို ပြောလိုက်သည်။

“ဒုတိယ ဦးလေး၊ ပြန်ပြီး ထမင်းသွားစားကြရအောင်၊ မဟုတ်ရင် ခဏနေရင် ဟင်းတွေ အေးကုန်လိမ့်မယ်”

လင်းကျန်းအန်းကလည်းခေါင်းညိတ်လိုက်သည်။ သူတို့အနေဖြင့် စုန့်ဝေ့တို့နှင့် ပြောရန် စကားမရှိတော့သည့်အတွက်ကြောင့် စုန့်ရှီးယန်နှင့်အတူ စားပွဲဝိုင်းသို့ ပြန်သွားလိုက်လေ၏။

*

All Chapters