← Chapters

အခန်း (၁၃၃)

Vol. 14 Ch. 133

အခန်း (၁၃၃)

Vol. 14 Ch. 133

လင်းကျန်းအန်နှင့် စုန့်ရှီးယန်တို့နှစ်ယောက်မှာ ခဏတာမျှသာ လာပြီး ပြန်ထွက်သွားခဲ့ကြသော်လည်း   ရှုမိသားစုနှင့် စုန့်မိသားစုအပေါ်  သူတို့ထားခဲ့သည့် သက်ရောက်မှုမှာ ကြီးမားလှသည်။

အထူးသဖြင့် ထိုအချိန်၌ ရှုကျစ်၀မ် မှာ သူ၏အဖေမှ  စုန့်ရှီးယန်အား

တောင်းပန်ခဲ့သည့်အတွက်ကြောင့် လွန်စွာရှက်ရွံ့နေဆဲပင်ဖြစ်ပြီး စားပွဲဝိုင်းမှ အေးခဲသွားသည့် အခြေအနေကို ပြေလျော့စေရန် နည်းလမ်း မရှိကြတော့ပေ။

ဘေးနားမှ ဖခင်နှင့်သမီးဖြစ်သည့်စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့မှာလည်း ဒါရိုက်တာရှုအား ပြုံးရွှင်စွာဖြင့် ဧည့်ဝတ်ကျေရန် စိတ်အားထက်သန်စွာ စောင့်နေစေခဲ့သည့် ဒေါက်တာကျိုးမှာ စုန့်ရှီးယန်၏ ဘေး၌ရုတ်တရက် ပေါ်လာသည့်အတွက်ကြောင့် မည်မျှအထိ ပြဿနာကြီးမားကြောင်းကို သဘောပေါက်သွားကြသည်။

ဖြစ်နိုင်ချေရှိသည်မှာ လင်းမိသားစုသည်က သူတို့ ထင်ထားသည်ကဲ့သို့

အားကိုးရာမဲ့ခြင်း မဖြစ်နိုင်ပေ။

လင်းမိသားစုသည်က သူတို့တက်ပင် ပို၍ ကောင်းသည့်ဆက်ဆံရေးများ ရှိနေနိုင်ပေသည်။

ထိုအကြောင်းကို တွေးမိသည့်အခါတွင် စုန့်‌ဝေ့နှင့်စုန့်စစ်ယွီတို့မှာ 

အစာစားချင်စိတ်များပင် မရှိတော့ပေ။

ဤညစာစားပွဲသည်က သူတို့အတွက် အမှန်တကယ်ပင် မခံမရပ်နိုင်သည့် ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။

မိသားစုနှစ်စုက ခဏတာမျှ

ထိုင်နေကြပြီး သားသမီးများအတွက်

ဝမ်းနည်းရသကဲ့သို့ အမူအရာများဖြင့် ထွက်သွားကြသည်။

ထိုမိသားစုများ ထွက်သွားသည်ကို 

စုန့်ရှီးယန်နှင့်လင်းကျန်းအန်းတို့

သတိထားမိကြသည်။

သို့သော်   တစ်ချက်မျှသာ ကြည့်လိုက်ကြပြီး အာရုံ မစိုက်တော့ဘဲ တခြားဘက်သို့ လှည့်လိုက်ကြသည်။

ထိုညစာစားပွဲ၌ စုန့်ရှီးယန်က

ကျိုးကျယ်ပင်းနှင့် လင်းကျန်းအန်းတို့အား မိတ်ဆက်ပေးခဲ့ကာ  သူတို့သုံးဦး အတူထိုင်၍ ညစာစားခဲ့ကြသည်။

ထို့ကြောင့်လည်း စုန့်ရှီးယန်မှာ  ဤရက်ပိုင်းတွင်လင်းမိသားစုထံ၌ နေထိုင်သည်ကို ကျိုးကျယ်ပင်း

သိသွားခဲ့ပြီး  လင်းကျန်းအန်း မြို့ဆေးရုံသို့ ဆေးဖက်ဝင်ပစ္စည်းများ လာရောင်းသည်ကိုလည်း သိသွားခဲ့သည်။

“ဒီမနက် မင်း ငါ့ကို အထူးတလည် လာပြီးမေးတာ အံ့သြစရာမရှိတော့ပါဘူး”

“မြန်မြန်စားလေ၊ စားလိုက်တော့!”

ကျိုးကျယ်ပင်း  စကားမဆုံးမီမှာပင်

စုန့်ရှီးယန်က လက်ထဲမှ တူဖြင့် ဟင်းကိုနှိုက်ကာ ကျိုးကျယ်ပင်း၏ ပါးစပ်ထဲသို့ အလျင်အမြန်ခွံ့လိုက်ပြီး  စကားမပြောနိုင်စေရန် ပြုမူလိုက်သည်။

သို့သော် လင်းကျန်းအန်းသည်ကား

ကျိုးကျယ်ပင်း၏  ယခင်စကားများမှတဆင့် အချက်အလက်အချို့ကို ခန့်မှန်းမိပြီးဖြစ်ပြီး ဤနေ့မနက်ပိုင်းက စုန့်ရှီးယန် တစ်ဦးတည်း သန့်စင်ခန်းသွားသည်ကို တွေးကြည့်မိသည့်အခါ အလျင်အမြန်ပင် အကြောင်းကိစ္စများကို သဘောပေါက်သွားခဲ့သည်။

မနက်ပိုင်းက စုန့်ရှီးယန် သန့်စင်ခန်းသွားတာ ကြာလွန်းသည်ဟု သူပြောခဲ့သေးသည်။ အမှန်တကယ်တွင် စုန့်ရှီးယန်သည်က သန့်စင်ခန်းသို့ မသွားဘဲ ကျိုးကျယ်ပင်းကို သွားရှာကာ သူ့အတွက် သတင်းသွားမေးမြန်းခြင်းသာ ဖြစ်နိုင်သည်။

ထိုအကြောင်းကို တွေးမိသည့်အခိုက်တွင် လင်းကျန်းအန်းတစ်ယောက် စုန့်ရှီးယန်အား ပို၍ ကျေးဇူးတင်သည့် အကြည့်ဖြင့်ကြည့်လိုက်လေသည်။

သို့သော်  စုန့်ရှီးယန်မှာ သူ့အား ထိုအကြောင်းကို ပြောပြရန် ရည်ရွယ်ထားခြင်းမရှိသည့်အတွက် သူသည်လည်း သဘောမပေါက်သကဲ့သို့ပင် ဟန်ဆောင်နေလိုက်သည်။

သူတို့သုံးဦး စားသောက်နေစဉ် လင်းကျန်းအန်းက စုန့်ရှီးယန်နှင့်ကျိုးကျယ်ပင်းတို့၏ စကားပြောဆိုမှုမှတဆင့် စုန့်ရှီးယန်၏ မိသားစု အခြေအနေအကြောင်းကို ပို၍သိလာခဲ့သည်။ 

စုန့်ရှီးယန်၏ မိသားစုသည်ကား

နောက်ခံကောင်းပြီး သူ၏အဖေမှာ

စစ်တပ်အရာရှိတစ်ဦး ဖြစ်ပုံရသည်ကို သူ သိလိုက်ရသည်။

သို့သော်  စုန့်ရှီးယန်မှာ သူတို့လင်းမိသားစု၌ ပုံမှန်အတိုင်းပင် ရင်းနှီးဖော်ရွေစွာ နေတတ်သည့်အတွက် သူကိုယ်တိုင်ပင်  အရာရှိတစ်ဦး ဖြစ်ကြောင်းကို မေ့နေလောက်ပေပြီ။ 

သူ၏အဖေသည်က သူ့ထက် ပို၍ အရည်အချင်းရှိနိုင်သည်ကို လင်းကျန်းအန်း သိလိုက်ရသည်။

ထို့ကြောင့် စုန့်ရှီးယန်သည်ကား ကိုယ်တိုင် အရည်အချင်းရှိရုံသာမက သူ၏ မိသားစုတစ်ခုလုံးကလည်း အရည်အချင်းရှိပေသည်။

ထိုကဲ့သို့ကြည့်လျှင် စုန့်ရှီးယန်သည်

အမှန်တကယ်ပင် အဘက်ဘက်မှ ပြည့်စုံသည့် လူကောင်းတစ်ယောက်ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူ၏သမီး လင်းရန်သည်ကား (၁၈) နှစ်သာ ရှိသေးပြီး လွန်စွာ ငယ်ရွယ်သေးသည်။

သို့မဟုတ်ပါက စုန့်ရှီးယန် နှင့် လင်းရန်အား လက်ထပ်ပေးရန် ကိစ္စကို အမှန်တကယ်ပင် စဉ်းစား၍ ရပေလိမ့်မည်။

သို့သော် တခြားမိသားစုများ၏  မိန်းကလေးများမှာ

(၁၈) နှစ်ဖြင့် ကလေးမိခင်များ ဖြစ်နေသည်ကိုမူ လင်းကျန်းအန်း မေ့သွားခဲ့ပုံရသည်။

ညစာစားပြီးသည့်နောက်၌

သူတို့သုံးဦးလည်စ နိုင်ငံပိုင်ဟိုတယ် ဝင်ပေါက်၌ ခွဲခွာခဲ့ကြသည်။

သို့သော် သူတို့ ခွဲခွာကာနီး၌  ကျိုးကျယ်ပင်းက စုန့်ရှီးယန်အား မေးမြန်းလိုစိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်သည်။

“ဒါဆို ဒီနှစ် နှစ်သစ်ကူးကို မင်း ပြန်သွားမှာလား”

စုန့်ရှီးယန် ခဏတာမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။

“အဲဒီကိစ္စ နောက်မှ ပြောကြတာပေါ့ကွာ”

စုန့်ရှီးယန်၏ ပုံစံကို ကြည့်ကာ  သူငယ်ချင်းကောင်းဖြစ်သည့် ကျိုးကျယ်ပင်းကလည်း မည်သည်ကိုမျှ  ထပ်၍ မပြောတော့ပေ။

“ကောင်းပြီ၊ ဦးလေးလင်းလည်း

နောက်ကို ဘာကိစ္စပဲရှိရှိ ကျွန်တော့်ဆီလာခဲ့ပါ၊ ကျွန်တော်နဲ့ လောင်စုန့်က  ညီအစ်ကို အရင်းလိုပါပဲ၊

ဒီကာလအတွင်း သူ့ကို ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊နောက်ဆိုရင် ဘာတွေပဲ အကူအညီပဲလိုလို ကျွန်တော့်ကို ဆက်သွယ်လိုက်ဘို့ရတယာ”

လင်းကျန်းအန်းမှာ ကျိုးကျယ်ပင်းက ဤမျှလောက် လွယ်ကူစွာ

ပြောဆိုဆက်ဆံတတ်လိမ့်မည်ဟု

ထင်မထားခဲ့ပေ။

“ရပါတယ်၊ ရှောင်စုန့်ကသာ ဦးလေးတို့ကို အများကြီး ကူညီပေးခဲ့တာပါ”

နှစ်ယောက်သား ယဉ်ကျေးစွာ

စကားအချို့ ပြောဆိုပြီးသည့်နောက်၌  ခွဲခွာသွားခဲ့ကြသည်။

လင်းကျန်းအန်းနှင့် စုန့်ရှီးယန်တို့နှစ်ယေောက် ဧည့်ရိပ်သာကို ပြန်ရောက်ပြီးသည့်နောက် လျင်မြန်စွာ ရေချိုးကာ အိပ်ရာဝင်ခဲ့ကြသည်။

သူတို့အနေဖြင့်  မနက်ဖြန်မနက်စောစော၌ ဒေါက်တာတုန်အား

တပ်မဟာသို့ ခေါ်သွားရန် စောင့်ကြရဦးမည်ဖြစ်သည်။

သူတို့နှစ်ဦးက ငြိမ်သက်စွာ အိပ်ပျော်သွားခဲ့ကြသော်လည်း စုန့်မိသားစုနှင့် ရှုမိသားစုမှာ တစ်ညလုံး အိပ်မပျော်ခဲ့ကြပေ။

မိသားစုနှစ်စု၏  စိတ်အခြေအနေမှာ တစ်ဦးထက်တစ်ဦးပို၍ ဆိုးရွားနေခဲ့ကြသည်။ အဆိုးဆုံးမှာ

စုန့်ဝေ့ နှင့် စုန့်စစ်ယွီတို့သာ ဖြစ်ပေလိမ့်မည်။

ယခုညတွင်  ဒါရိုက်တာရှုနှင့်သူ၏မိသားစု၏ ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်ရန် အခွင့်အရေးကောင်းကြီး ဖြစ်ခဲ့သော်လည်း မမျှော်လင့်ဘဲ လင်းကျန်းအန်းက ဝင်ရောက်ရှုပ်ထွေးစေခဲ့သည်။

သူတို့သည်ကား လင်ကျန်းအန်း၏ လက်စားချေမှုကို ရင်ဆိုင်ရန် ပြင်ဆင်ထားပြီးသား ဖြစ်သော်လည်း လင်းကျန်းအန်း ခေါ်လာသည်မှာ သူတို့ မမျှော်လင့်ထားသည့် အကူညီ ဖြစ်နေသည့်အတွက်ကြောင့်

မည်သို့မျှ မတတ်နိုင်ခဲ့တော့ပေ။

“အဖေ၊ အဲဒီ လင်းကျန်းအန်းက တကယ်ပဲ အရည်အချင်းမရှိတဲ့ လယ်သမားတစ်ယောက်လား၊ သူ့မှာ တခြားဆက်ဆံရေးတွေ မရှိဘူးဆိုတာ သေချာလား”

စုန့်စစ်ယွီမှာ စုန့်မိသားစု စာကြည့်ခန်းထဲ၌ လှည့်ပတ်သွားလာနေရင်း ဒေါသ ထွက်နေခဲ့သည်။

စုန့်ဝေ့သည်ကား ကုလားထိုင်ပေါ်တွင် ထိုင်နေကာ သူ၏မျက်ခုံးများကို တင်းတင်းကြုတ်ထားလေသည်။

“အခုတော့ မသေချာတော့ဘူး”

ထိုကိစ္စမဖြစ်ပွားမီက လင်းကျန်းအန်းသည်ကား အရည်အချင်းမရှိ၊ ဆက်ဆံရေးလည်းမရှိဟု စုန့်ဝေ့အနေဖြင့် ရာနှုန်းပြည့် သေချာခဲ့သည်။

ထို့အပြင် သူ ကိုယ်တိုင်လည်း

ကျေးလက်ကို သွားကြည့်ခဲ့သည်မဟုတ်ပါလား။ လင်းမိသားစုသည်က သူတို့ပတ်ဝန်းကျင်မှ တခြားမိသားစုများကဲ့သို့သာဖြစ်ပြီး ပုံမှန်ကျေးလက်အိမ်များသာဖြစ်သည်။

ငွေကြေးနှင့် အရည်အချင်း မည်သည်မျှမရှိပေ။ လင်းမိသားစုသည်လည်း ဆင်းရဲကြပ်တည်းနေသည်။ သို့သော်  ယနေ့ နိုင်ငံပိုင်ဟိုတယ်မှ အခြေအနေကို ကြည့်ခြင်းအားဖြင့် လင်းကျန်းအန်း၏ဆက်ဆံရေးသည် သူထင်ထားသည်ထက် ပို၍ ကျယ်ပြန့်ပုံရသည်။

အထူးသဖြင့် ဒါရိုက်တာရှုက ရှောင်စုန့်ဟု ခေါ်သည့်သူသည်က လင်းကျန်းအန်းအား ဒုတိယဦးလေးဟု ခေါ်ခဲ့သည်။

ဤဆက်ဆံရေးသည်က ထူးခြားသည်မှာ သိသာပေသည်။

“ဒါဆို အခု ဘာလုပ်ရမလဲ၊ ဒီနေ့ညနေ ဒါရိုက်တာရှု  ထွက်သွားတုန်းက ကျွန်မတို့ကို မုန်းသွားလောက်ပြီလို့ ထင်တယ်”

မှန်ပေသည်။

ပို၍ တိကျစွာ ပြောရလျှင်

သူမ၏ဖခင် စုန့်ဝေ့အား မုန်းတီးသွားခြင်း ဖြစ်ပေလိမ့်မည်။

ယခုအချိန်တွင် စုန့်ဝေ့သည်လည်း ထိုကိစ္စနှင့်ပတ်သက်၍ လွန်စွာ ဒေါသထွက်နေသည်။

လင်းကျန်းအန်း၏ ဆက်ဆံရေးပတ်သက်မှုသည် အရေးမကြီးပေ။

အရေးကြီးသည်မှာ

ဒါရိုက်တာရှုသာဖြစ်သည်။

စုန့်ဝေ့ တွေးတောရင်း စိတ်ပျက်သွားရသည်။

လောင်စုန့် ဆိုတာ  ဘယ်သူ့ကို ခေါ်နေတာလဲဆိုတာ ဘယ်သူက သိမှာလဲ။

ဒေါက်တာကျိုးက သူ့ကို ခေါ်နေတာဆိုပြီး ဒါရိုက်တာရှုကိုယ်တိုင်က အရင်ဆုံး ကြိုတင်ပြီး မှားယွင်းယူဆခဲ့တာလေ။

သူကလည်း  သူ့ကို ခေါ်တာပါ ဆိုပြီး တက်တက်ကြွကြွနဲ့  ပါ၀င်ခဲ့တာမှ မဟုတ်တာ။

စုန့်ဝေ့မှာ  တွေးလေလေ ပို၍ ဒေါသထွက်လေပင်ဖြစ်သည်။

“ဒါရိုက်တာ ရှုနဲ့ ဆက်ဆံရေးရှိချင်သေးရင် သူ့ကို စိတ်ကျေနပ်အောင်လုပ်ဖို့ နည်းလမ်းရှာရလိမ့်မယ်!”

အမှန်တကယ်တွင်  ယနေ့ဖြစ်ရပ်များကို ကြည့်ကာ စုန့်ဝေ့မှာ  ရှုမိသားစုနှင့် ဆက်၍  အချိန်ဖြုန်းရန် စိတ်ကူးမရှိတော့ပေ။

သူက  စုန့်စစ်ယွီအား ကြည့်ကာ

မေးလိုက်သည်။

“စစ်ယွီ၊ ခုလက်ရှိအခြေနေတိုင်းဆိုရင် သမီး အနေနဲ့ ဒါရိုက်တာ ရှုရဲ့  ဆက်ဆံရေးကို ခက်ခက်ခဲခဲနဲ့ ဖြတ်ကျော်ရလိမ့်မယ်၊အဖေတို့ဆီမှာ တခြားရွေးချယ်စရာ နည်းလမ်း စဉ်းစားလို့မရတော့ဘူးလား”

သူ ဆိုလိုသည်မှာ သူတို့အနေဖြင့် နောင်ဖြစ်လာမည့် ကိစ္စများစွာကို သိထားသည့်အတွက် အသစ်မှ

ပြန်စကာတအခြားနည်းလမ်းများ၊ တခြားလမ်းကြောင်းများကို စဉ်းစား၍ ရသည်မဟုတ်ပါလား။

ယခင်လမ်းကြောင်းအတိုင်း လိုက်ရန်မလိုပေ။ သူတို့သည်ကား အနာဂတ်တွင် ဖြစ်လာမည့် ပြောင်းလဲမှုများကို သိထားပြီးဖြစ်၍ သေချာပေါက် အခြားနည်းလမ်းများ ပို၍ ရှိလာပေလိမ့်မည်။

သူ၏စကားများမှာ စုန့်စစ်ယွီအား လုံးလုံးလျားလျားပင် အံ့အားသင့်သွား‌စေခဲ့ပြီး ချက်ချင်းပင် မှင်တက်သွားသည်။

သူမသာ အခြားရွေးချယ်စရာရှိလျှင် ရှုကျစ်၀မ်ကဲ့သို့ လူမျိုးနှင့် အချိန်ဖြုန်းမည်မဟုတ်သည်မှာ

အသေအချာပင် ဖြစ်သည်။

သို့သော် သူမ၌ အခြားရွေးချယ်စရာ မရှိပေ။

သူမက အနာဂတ်၌ ပြောင်းလဲလာမည့် လူ့အဖွဲ့အစည်းနှင့် ပတ်သက်၍ သိထာ့သည်။

သူမအနေဖြင့် အသေအချာ သိသည့်  တစ်ခုတည်းသော အောင်မြင်မှုလမ်းကြောင်းမှာ ဒါရိုက်တာ ရှုနှင့်  ဆက်ဆံရေးအား မှီခိုအားကိုးရန်ပင်ဖြစ်သည်။

အခြားသူများနှင့် ဆက်ဆံရေးမှာ မည်သို့အသုံး၀င်မည်ကို သူမ သေချာစွာ မသိပေ။

သို့ဖြစ်၍ သူမအနေဖြင့် တခြားနည်းလမ်းတစ်ခုအား မစဉ်းစားလိုပေ။

ထို့အပြင် သူမအနေဖြင့် ထိုကိစ္စနှင့် ပတ်သက်၍  လောင်းကြေးမထပ်၀ံ့သကဲ့သို့ ယုံကြည်မှုလည်း မရှိပါချေ။ ထို့ကြောင့် ယခုလက်ရှိနည်းလမ်းကိုသာ အလေးပေး၍ ပြောဆိုနိုင်ခဲ့သည်။

“အဖေ၊ ဒါက အလုံခြုံဆုံးနည်းလမ်းပဲလေ၊ နောက်ပြီး ကျွန်မတို့ ဒီအထိ‌တောင် ရောက်နေပြီကို၊ လမ်းတစ်ဝက်မှာ လက်လျှော့လိုက်ရင် အရမ်းရှက်စရာကောင်းသွားမှာပေါ့”

*

All Chapters