← Chapters

အခန်း (၁၃၄)

Vol. 14 Ch. 134

အခန်း (၁၃၄)

Vol. 14 Ch. 134

စုန်ဝေ့တစ်ယောက်  သူ၏သမီး ပြောသည်ကိုကြားရသည့်အခါ၌ ယနေ့ကိစ္စများ ဖြစ်ပျက်ပြီးသည့်နောက်၌   သူ၏သမီး စုန့်စစ်ယွီနှင့်ရှုကျစ်၀မ်တို့၏ ဆက်ဆံရေးသည် လူသိရှင်ကြား ဖြစ်သွားလောက်ပြီဟု တွေးမိသည်။

အဘယ်ကြောင့်ဆိုသော်

သူတို့ ညစာစားသည့် အချိန်က ဟိုတယ်၌ တခြားဧည့်သည်များစွာ ရှိခဲ့သည့်အတွက်ကြောင့်ဖြစ်ပေသည်။

ဤသို့ဆိုလျှင် ယနေ့ညဖြစ်ပျက်ခဲ့သည့်ကိစ္စများသည်လည်း စကားကို အလွန်အကျွံပြောဆိုတတ်သည့် သူများမှ တဆင့် လျင်မြန်စွာ ပေါက်ကြားသွားပေလိမ့်မည်။

သူ၏သမီးဂုဏ်သိက္ခာသည်လည်း လုံးဝပျက်စီးသွားပေလိမ့်မည်။

ဤကဲ့သို့သော အခြေအနေမျိုး၌

ရှုမိသားစုနှင့်ဆက်ဆံရေးကို ရပ်စဲရန်မှာ အမှန်တကယ်ပင်  ခက်ခဲပေလိမ့်မည်။

ထိုအကြောင်းကို တွေးမိသည့်အခါ စုန့်ဝေ့တစ်ယောက် ရှုမိသားစုနှင့်ဆက်ဆံရေးဖြတ်တောက်မည့်

အစီစဉ်ကို လက်လျှော့လိုက်ရသည်။

သို့သော်လည်း ဒါရိုက်တာရှုကို စိတ်ကျေနပ်စေရန် နည်းလမ်းများ ရှာရလိမ့်မည်ဟု တွေးမိသည့်အခါတွင် ဒေါသထွက်လာရပြန်သည်။

“ကောင်းပြီ၊ ဒါဆိုလည်း နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ကြတာပေါ့”

“စိတ်မပူပါနဲ့ အဖေ၊ ရှုကျစ်ဝမ်ဘက်ကို သမီး သေသေချာချာ ကိုင်တွယ်လိုက်ပါ့မယ်၊

ရှုမိသားစုအိမ်မှာသာ သူရှိနေရင်

နောက်ဆုံးကျ ဒါရိုက်တာရှုလည်း သဘောတူရလိမ့်မယ်”

စုန့်ဝေ့မှာ သူ၏သမီး ပြောသည်ကို ယုံကြည်သော်လည်း “နောက်ဆုံး”  ဟူသည့် အခြေနေသည် လျင်မြန်စွာ ဖြစ်လာမည် မဟုတ်ဟု သူ ခံစားမိသည်။

“ဒီကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံးလုပ်တာ အကောင်းဆုံးပဲ၊ မဟုတ်ရင် ကြာလေ ဒုက္ခပိုရောက်နိုင်လေပဲ ဖြစ်လာလိမ့်မယ်”

အဘယ်ကြောင့်မှန်း မသိသော်လည်း သူ၏စိတ်ထဲ၌ မကောင်းသည့် အတိတ်နမိတ်တစ်ခုကို မြင်နေရကာ ဤကိစ္စကို ယခုအချိန် ရပ်တန့်လိုက်သည်မှာ အကောင်းဆုံး ဖြစ်ပြီး သို့မဟုတ်ပါက  တစ်ခုခုဖြစ်လိမ့်မည်ဟု ခံစားနေရသည်။

သို့သော် သူ၏သမီးဖြစ်သူမှာ ဤခြေလှမ်းကိုသာ ဆက်၍ လှမ်းရန် ဆုံးဖြတ်ထားသည်ကို  မြင်သည့်အခါ၌ သူလည်း မည်သို့မျှ  မကန့်ကွက်လိုတော့ပေ။

စုန့်စစ်ယွီမှ  ဤသည်ကိုကြားသည့်အခါ ချက်ချင်းပင် သဘောတူလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးသည် အခန်းထဲသို့ ပြန်ကာ အနားယူလိုက်ကြလေသည်။

သို့သော် စုန့်စစ်ယွီမှာ အိပ်မက်ထဲ၌ပင် ရှုမိသားစုအား မည်သို့ ကိုင်တွယ်ရမည်ကို စဉ်းစားခန်း၀င်နေခဲ့သည်။

ရှုမိသားစုသုံးဦးသည်ကတော့  အိမ် ပြန်ရောက်လာပြီးသည့်နောက်၌ တစ်ဦးကိုတစ်ဦး  စိတ်ဆိုးနေခဲ့ကြသည်။

တစ်ဦးနှင့်တစ်ဦး စိတ်၀င်စားခြင်း အလျဉ်းမရှိကြပေ။  အထူးသဖြင့် ရှုကျစ်ဝမ်မှာ ဒေါသများ ပြည့်နေသည်ဟု ပြောကာ ညစာပင် မစားတော့ပေ ။

ဤသည်မှာ ဒါရိုက်တာ ရှူအား အလွန်အမင်းပင် ဒေါသထွက်စေခဲ့သည်။

“ဒီကလေးကိုကြည့်လိုက်ဦး၊ မင်းကြောင့် ပျက်စီးနေတာ သိရဲ့လား!”

ဒါရိုက်တာရှုက ရှုကတော်အား မကျေနပ်စွာဖြင့် ကြည့်၍ ပြောလိုက်သည့်အခါ ရှုကတော်ကလည်း  မျက်လုံးလှန်ကာ ဒေါသတကြီး ကြည့်၍ ပြန်ပြောလိုက်လေသည်။

“ကျွန်မသားကို ကျွန်မတစ်ယောက်တည်း မွေးထားတာမဟုတ်ဘူး၊

ရှင် သူ့ကို သဘောကျတဲ့အချိန်ကျ

  အဲဒီလိုပြောတာ မမြင်မိပါလား!”

“မင်း!”

ဒါရိုက်တာ ရှုမှာ ဇနီးဖြစ်သူ၏ စကားများကြောင့် ပြန်၍ မပြောနိုင်တော့ဘဲ နောက်ဆုံး၌ ဒေါသတကြီး ထိုင်ချလိုက်ကာ  စိတ်ဆိုးနေခဲ့သည်။

“ဒီနေ့အဖြစ်အပျက်ကို မင်းလည်း မြင်တယ်မလား၊ စုန့်မိသားစုက အဲဒီ ဖအေနဲ့သမီးက နှစ်ယောက်စလုံး အချောင်သမားတွေချည်းပဲ၊ သူတို့ လက်ထပ်မဲ့ကိစ္စကို ငါ ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး!”

ထိုအချိန်၌ ရှုကတော်၏ ဆန္ဒမှာလည်း ဒါရိုက်တာရှုနှင့် အတူတူပင် ဖြစ်သည်။

“ဒါ‌တော့ဟုတ်တယ်၊ ကျွန်မလည်း ဒီကိစ္စကို သဘောမတူဘူး၊ကျွန်မရဲ့သားကတော့…”

ရှုကတော်မှာ  သူ၏သားသည်က စုန့်စစ်ယွီဟူသည့်  မိန်းကလေးအား လွန်စွာစွဲလမ်းနေသည်ကို

တွေးမိသည့်အခါ ဒေါသထွက်သွားသည်။

ဒါရိုက်တာ ရှုက မဲ့ပြုံးဖြင့် ပြုံးပြလိုက်သည်။

“တကယ်ပဲ ငါတို့သားက စုန့်စစ်ယွီကို

အရမ်းကြိုက်တယ်လို့  မင်းထင်နေတာလား၊

ဒါက အသစ်မို့လို့ ခဏလောက် ကြိုက်တာပဲရှိတာ၊  အရင်တုန်းကလည်း လင်းရန်ဆိုတဲ့ ကောင်မလေးကို သူ အရမ်းကြိုက်ခဲ့တာပဲမဟုတ်ဘူးလား၊

ဒါပေမဲ့ ကြည့်ပါလား၊ ရက်နည်းနည်းလောက်ကြာတော့ အဟောင်းကိုမေ့ပြီး အသစ်က ဆွဲဆောင်တာကို ခံလိုက်ရတာပဲလေ”

သူ၏သားအကြောင်းကို သူအသိဆုံးပင် ဖြစ်သည်။ ယခုအချိန်တွင်  ရှုကျစ်ဝမ်သည် စုန့်စစ်ယွီအား အလွန်စိတ်၀င်စားနေသော်လည်း ခဏတာမျှသာ ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ စိတ်၀င်စားမှု လျော့နည်းသွားပေလိမ့်မည်။

ရှုကတော်မှာ ဤသည်ကိုကြားသည့်အခါ မှင်တက်သွားပြီး တွေဝေစွာဖြင့် ပြောသည်။

“ရှင် ဘာကိုဆိုလိုတာလဲ”

“သူ ဘယ်သူနဲ့ပဲ တွဲတွဲ ကိစ္စမရှိဘူး၊ငါ စိတ်မပူသလို ဂရုလည်း မစိုက်တော့ဘူး၊ ဒါပေမဲ့ လက်ထပ်လို့‌တော့ မရဘူး!”

တနည်းအားဖြင့် သူတို့သည် လက်မထပ်သရွေ့ တွဲနေနိုင်ပြီး တစ်သက်လုံးပင်လျှင် တွဲသွားနိုင်သည်။

ဒါရိုက်တာ ရှု၏ ဆိုလိုရင်းကို ရှုကတော် နားလည်သွားသည်။ 

သူ၏သားမှ စုန့်စစ်ယွီအပေါ် စိတ်ဝင်စားမှု လျော့နည်းသွားသည့်အချိန်အထိ  အချိန်ဆွဲထားရန် ဖြစ်သည်။

ရှုကတော် ဤအကြောင်းကို တွေးမိသည့်အခါ စိတ်သက်သာရာရသွားသည်။

“ကောင်းပြီ၊ ဒါဆို ရှင်ပြောတဲ့အတိုင်းပဲ လုပ်မယ်!”

စုန့်စစ်ယွီသည်ကား အမှန်တကယ်ပင်

အလွန်အရည်အချင်းရှိပြီး  သူ၏သားအား ဆက်၍ ဆွဲဆောင်ဖြားယောင်းနိုင်လိမ့်မည်ဟု သူမ

မယုံကြည်ပေ။

စုန့်စစ်ယွီအား သူမ၏သား

ငြီးငွေ့ကာ လမ်းခွဲသွားသည့်မြင်ကွင်းကို သူမ မျှော်လင့်နေမိသည်။

အချိန်ဆွဲခြင်းသည် သူမ၏သား လူငယ်ဘဝကို ဖြုန်းတီးနေခြင်းမဟုတ်သည့်အတွက် သူမအနေဖြင့် အချိန်ဆွဲထားရပေလိမ့်မည်။

ထို့ကြောင့် သူတို့ဇနီးမောင်နှံမှာ ထိုကိစ္စကို ဤအတိုင်းပင် သဘောတူလိုက်ကြသည်။

နောက်တစ်နေ့ မနက်စောစော၌ ရှုကတော်သည် ရှုကျစ်ဝမ်အတွက် “သတင်းကောင်း” ဟု ဆိုရမည့် ကိစ္စကို ပြောပြခဲ့သည်။

မနေ့ကဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့်  စိတ်ဆိုးနေဆဲပင် ရှိနေသေးသည့် ရှုကျစ်ဝမ်မှာ သူ၏မိဘများက စုန့်စစ်ယွီအား လက်ခံသည်ဟု

ကြားလိုက်ရသည့်အခါ  ချက်ချင်းပင် ပျော်ရွှင်သွားပြီး ရယ်မောလိုက်လေသည်။

“အဖေ၊ အမေ၊ တကယ်ပြောတာလားဟင်၊ ကျွန်တော်နဲ့ စစ်ယွီ ချစ်သူဖြစ်တာကို တကယ် သဘောတူတာလား”

ရှုကတော်က ချစ်ခင်စွာဖြင့် ပြုံးပြလိုက်သည်။

“တကယ်ပြောတာလေ၊ သားရဲ့အဖေနဲ့ အမေက သားကို ဘာလို့လိမ်ရမှာလဲ၊ အခုကစပြီး သားနဲ့ စစ်ယွီတို့ ကောင်းကောင်းမွန်မွန် ချစ်ကြ

ကြိုက်ကြပါ၊ အမေတို့ မတားတော့ပါဘူး”

သနားစရာကောင်းလှသည့် ရှုကျစ်ဝမ်မှာ သူ၏အမေပြောလိုက်သည့် စကား၏ ဆိုလိုရင်းအဓိပ္ပာယ်ကို နားမလည်ဘဲ ပျော်ရွှင်နေခဲ့သည်။

“အဖေနဲ့အမေတို့က ကျွန်တော့်အပေါ် အရမ်းကောင်းကြတာပဲ၊ ကျွန်တော် စစ်ယွီနဲ့အတူ

အဖေအမေတို့ကို  သေချာပေါက် ပြန်ပြီး လုပ်ကျွေးပါ့မယ်!”

ဤစကားကိုကြားသည့်အခါ ဒါရိုက်တာရှုတို့ ဇနီးမောင်နှံမှာ ရယ်မောလိုက်ကြပြီး မည်သို့မျှမပြောလာကြတော့ပေ။

ထို့နောက်သူတို့ဇနီးမောင်နှံသည်က

ရှုကျစ်ဝမ်မှ နံနက်စာကို အလျင်အမြန်စားကာ

ထွက်သွားသည်ကို တွေ့လိုက်ရသည်။

ရှုကျစ်ဝမ် ထွက်သွားသည့် လမ်းကြောင်းမှာ စုန့်မိသားစုဘက်သို့ ဦးတည်နေသည်ကို သူတို့ တွေ့လိုက်ရလေသည်။ 

သူက  စုန့်စစ်ယွီအား

ထိုသတင်းကို ပြောပြရန် ထွက်သွားခြင်းသာ ဖြစ်ရပေမည်။

လင်းကျန်းအန်း၏ဘက်တွင်တော့ သူက မနက်စောစော၌ ဒေါက်တာတုန်အား သွားခေါ်ခဲ့ပြီး  ခရိုင်သို့ ပြန်သည့် ကားပေါ်သို့ သူတို့နှင့်အတူ ခေါ်ဆောင်သွားခဲ့သည်။

ချွန်ဖန်းကွန်မြူနတီသို့ ပြန်သော ခရီးစဥ်သည်က ဒေါက်တာတုန်အတွက် အမှန်တကယ်ပင် ဆန်းသစ်သည့် ခရီးစဥ်တစ်ခုဖြစ်သည်။

ယခင်က ကျောက်ရှီလဲ့ကဲ့သို့ပင် ဒေါက်တာတုန်သည် ပြတင်းပေါက်အပြင်ဘက် ရှုခင်းများမှာ အလွန်လှပသည်ဟု ခံစားရပြီး ပတ်ဝန်းကျင်ရှိ တောင်တန်းများနှင့် သစ်တောများကို ကြည့်ကာ ဤခရီးစဥ်အပေါ်  ပိုမို၍ယုံကြည်မှု ရှိလာသည်။

ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် စိုက်ပျိုးထားသည့် ဆေးဖက်ဝင်အပင်များ၏ အရည်အသွေးသည် အသေအချာပင် ပို၍ကောင်းပေလိမ့်မည်။

နာရီပေါင်းနှစ်ဆယ်ကျော် စီးလာပြီးသည့်နောက်၌ လင်းကျန်းအန်းတို့အဖွဲ့သည် နောက်တစ်နေ့မနက်စောစောတွင် မြို့ထဲသို့ ရောက်ရှိလာခဲ့သည်။

လင်းကျန်းအန်းက အနည်းငယ်ပင်ပန်းနေသော ဒေါက်တာတုန်ကို ကြည့်ကာ မပြောဘဲ မနေနိုင်တော့ပေ။

“ဒေါက်တာ၊ ကျွန်တော်တို့တပ်မဟာခွဲကို လမ်းလျှောက်သွားရင် တစ်နာရီလောက် ကြာနိုင်တယ်၊ ဒေါက်တာ မောနေပြီလား၊ မောနေရင် ကျွန်တော် တပ်မဟာကို ပြန်ပြီး နွားလှည်းနဲ့ လာခေါ်လို့ရပါတယ်”

ဒေါက်တာတုန်သည်က အနည်းငယ်ပင်ပန်းနေပုံရသော်လည်း သူ၏စိတ်ဓာတ်မှာ ထက်သန်နေဆဲ ဖြစ်သည်။

ထိုစကားကို ကြားလျှင် ဒေါက်တာတုန်က ပြုံးပြပြီး လက်ဝှေ့ရမ်းပြလိုက်သည်။

“ရပါတယ်၊ ခဏလောက် အနားယူလိုက်ရင်ရပါပြီ၊ ကျေးလက်က လေထုက အရမ်းကောင်းတယ်၊

လမ်းများများလျှောက်တာက ကျွန်တော့်အတွက်လည်း ကောင်းပါတယ်။”

ထို့အပြင် သူသည်ကား အသက် ၅၀ ကျော်လောက်သာ ရှိသေးပြီး လမ်းမလျှောက်နိုင်လောက်အောင် အသက်ကြီးသေးသည် မဟုတ်ပေ။

မြို့ထဲရှိ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ သူနှင့် အရွယ်တူများအား တွေ့ရသည်။ သူတို့သည် ကျောပိုးအိတ်ကြီးများကို လွယ်ကာ လျင်မြန်စွာ လျှောက်နေကြဆဲပင် ဖြစ်သည်။

ဤသည်ကို တွေ့လိုက်ရသည့်အခါ ဒေါက်တာတုန်မှာ သူ့ကိုယ်သူ ပို၍ ရှက်ရွံ့သွားပြီး လမ်းလျှောက်၍ သွားရန်သာ ဆုံးဖြတ်လိုက်သည်။

သူပြောသည်ကို လင်းကျန်းအန်း ကြားသည့်အခါ၌  သူ့အား ထပ်၍ မစည်းရုံးတော့ဘဲ အကယ်၍ လမ်းမလျှောက်နိုင်တော့လျှင် သူတို့ကို ပြောရန်သာ ဒေါက်တာတုန်အား ပြောခဲ့သည်။

သူတို့က ခရိုင်မှ ပထမဆုံးဘတ်စ်ကားဖြင့် မြို့ထဲသို့ ပြန်လာကြသည်။

ထိုအချိန်၌ မြို့ထဲတွင် လူမများသေးပေ။

သို့သော် အလုပ်သွားသည့်သူများက

အလုပ်လုပ်နေကြပြီဖြစ်သည်။

ပစ္စည်းပေးဝေရေး၊ စျေးကွက်ရှာဖွေရေးနှင့် သမဝါယမအဖွဲ့ ၏ ဝင်ပေါက်ကို ဖြတ်သွားရင်း လင်းကျန်းအန်းမှာ သူ၏ညီမအတွက် စိုးရိမ်စိတ်များကို ဖယ်ရှားမပစ်နိုင်သည့်အတွက် စုန့်ရှီးယန်အား ပြောလိုက်သည်။

“ရှောင်စုန့်၊ ဒေါက်တာတုန်ကို အရင်ဆုံး တပ်မဟာဆီ ခေါ်သွားပေးလိုက်ပါဦး၊ ငါ ပစ္စည်းပေးဝေရေး၊ စျေးကွက်ရှာဖွေရေးနှင့် သမဝါယမအဖွဲ့ ကို သွားကြည့်လိုက်ဦးမယ်”

စုန့်ရှီးယန်သည်လည်း လင်းကျန်းဖူ အကြောင်းကို သိထားပြီးဖြစ်၍ လင်းကျန်းအန်း၏ အစီအစဉ်ကို လျင်မြန်စွာ သဘောပေါက်သွားသည်။

သူ ခေါင်းညိတ်ကာ လင်းကျန်းအန်းကို ပြောလိုက်သည်။

“ကောင်းပူပြီ၊ ဒါဆို ကျွန်တော် ဒေါက်တာတုန်ကို အရင် ခေါ်သွားမယ်၊ ဒုတိယဦးလေး၊ ဂရုစိုက်ဦး‌နော်”

“စိတ်မပူပါနဲ့၊ငါ သွားပြီး အခြေအနေကို တစ်ချက်လောက် မေးကြည့်ရုံလေးပါ”

ထိုသို့ပြောပြီးသည့်နောက် လင်းကျန်းအန်းက လက်ကိုဝှေ့ရမ်းလိုက်ကာ ပစ္စည်းပေးဝေရေး၊ စျေးကွက်ရှာဖွေရေးနှင့် သမဝါယမအဖွဲ့ ထံသို့ လျှောက်သွားသည်။

ဒေါက်တာတုန်သည်က လင်းကျန်းအန်းတို့နှစ်ဦး ပဟေဠိကစားသကဲ့သို့ စကားပြောနေသည်ကို  ကြည့်နေခဲ့သော်လည်း  အကဲခတ်တတ်သည့်သူဖြစ်၍ မည်သည်ကိုမှ မမေးခဲ့ပေ။

သူတို့၏ မိသားစုကိစ္စများအကြောင်း ပြောနေခြင်းသာ  ဖြစ်ရမည်ဟု  ခန့်မှန်းခဲ့ပြီး မည်သို့မှ စူးစမ်းခြင်း မပြုလိုပေ။

ထို့ကြောင့် သူသည် စုန့်ရှီးယန်၏နောက်ကိုသာ ဆက်၍လိုက်ကာ ချွင်ဖုန်းတပ်မဟာသို့ သွားခဲ့သည်။

*

All Chapters