← Chapters

အခန်း (၁၃၅)

Vol. 14 Ch. 135

အခန်း (၁၃၅)

Vol. 14 Ch. 135

လင်းကျန်းအန်းသည်က ပစ္စည်းပေးဝေရေး၊ စျေးကွက်ရှာဖွေရေးနှင့် သမဝါယမအဖွဲ့ သို့

ရောက်သွားသည့်အခါ၌ သူ၏ညီမ လင်းကျန်းဖူအ မတွေ့ခဲ့ရပေ။

လင်းကျန်းဖူအစား ပစ္စည်းပေးဝေရေး၊ စျေးကွက်ရှာဖွေရေးနှင့် သမဝါယမအဖွဲ့မှ တခြားအရောင်း၀န်ထမ်းတစ်ဦးသာ ထိုနေရာ၌ တာဝန်ကျနေသည်ကို တွေ့လိုက်ရသည်။

သူသည်က ယနေ့ လင်းကျန်းဖူ၏ နားရက်ဟု ထင်သော်လည်း ပို၍သေချာစေရန်  ထိုအရောင်း၀န်ထမ်းအား မေးကြည့်လိုက်သည်။

“ရဲဘော်၊ ဒီနေ့က လင်းကျန်းဖူ နားရက်လား”

လင်းကျန်းဖူသည်က ဤနေရာ၌

နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး လင်းမိသားစုသည်လည်း တစ်ခါတရံ သူမအား လာရှာလေ့ရှိသည့်အတွက်ကြောင့် ထိုအရောင်း၀န်ထမ်းက လင်းမိသားစုနှင့် အနည်းငယ် တွေ့ဖူးသည်။

ထို့ကြောင့် တစ်ဖက်မှအရောင်း၀န်ထမ်းသည် လင်းကျန်းအန်းအား လင်းကျန်းဖူ၏ မောင်နှမများထဲမှ တစ်ဦးဖြစ်ကြောင်း မှတ်မိသွားကာ

အံ့အားသင့်စွာဖြင့် ပြန်၍ ဖြေလိုက်သည်။

“ရှောင်လင်းလား၊ ရှင်တို့ကို မပြောပြဘူးလား၊ သူမက ပစ္စည်းပေးဝေရေး၊ စျေးကွက်ရှာဖွေရေးနှင့် သမဝါယမအဖွဲ့မှာ မလုပ်တော့ဘူးလေ”

လင်းကျန်းအန်း တုန်လှုပ်သွားသည်။

“မေးပါရစေ၊ သူမက ဘယ်တုန်းကစပြီး ဒီမှာမလုပ်တော့တာလဲ”

သူ မြို့သို့ မသွားမီ ရက်အနည်းငယ်အလိုက မဟုတ်သည်မှာ သေချာပေသည်။

“မနေ့ကပဲ၊ အမှန်ဆိုရင် သူမ ဒီနေ့ အလုပ်လာရမှာ၊ ဒါပေမဲ့ သူမ ပစ္စည်းပေးဝေရေး၊ စျေးကွက်ရှာဖွေရေးနှင့် သမဝါယမအဖွဲ့မှာ အလုပ်မလုပ်တော့ဘူးလို့ ကျွန်မ သိလိုက်ရတယ်၊ ဒါကြောင့် ကျွန်မ ရောက်လာပြီး ဒီမှာ တာဝန်ယူရတာပေါ့”

ထိုအရောင်း၀န်ထမ်းသည်  ယနေ့

နားရက်ယူရန် မူလက စဉ်းစားထားခဲ့သော်လည်း ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

အရောင်း၀န်ထမ်းက ထိုသို့ ပြောပြီးသည့်နောက်၌ လင်းကျန်းအန်းကို သံသယမျက်လုံးများနှင့် ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ၊ သူမက ဒီအကြောင်းကို ရှင်တို့မိသားစုကို မပြောပြခဲ့ဘူးလား”

လင်းကျန်းအန်း သတိပြန်ဝင်လာကာ အောင့်သက်သက်ဖြင့် ပြုံးပြလိုက်သည်။

“အိုး မဟုတ်ပါဘူး၊ ကျွန်တော်က မြို့ကို ရက်အနည်းငယ်‌လောက်က သွားခဲ့တာဆိုတော့ အိမ်မှာမရှိတဲ့အတွက် ဒီကိစ္စကို  မသိရလို့ပါ၊

ကျေးဇူးအများကြီးတင်ပါတယ် ၊ ကျွန်တော် ပြန်လိုက်ပါဦးမယ်”

အရောင်း၀န်ထမ်းမှ  အခြားမေးခွန်းများ ထပ်၍ မေးချင်နေသည်ကို မြင်သည့်အခါ လင်းကျန်းအန်းလည်း လျင်မြန်စွာ ထွက်လာခဲ့သည်။

လင်းကျန်းအန်းသည်က ခရိုင်တွင် လော်ပင်းနှင့် တွေ့ခဲ့ပြီးသည့်နောက် ယခုကဲ့သို့ အဖြစ်အပျက်မျိုး ရောက်လာလိမ့်မည်ဟု သူ တွေးထားပြီးဖြစ်သော်လည်း  ဤမျှလောက် လျင်လျင်မြန်မြန် ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ မရှိသည့် ဤရက်များအတွင်း သူ၏ညီမ၊ လော်ပင်းနှင့်လော်မိသားစုကြား၌ မည်သည်များ ဖြစ်ပျက်ခဲ့သည်ကို သူ မသိပေ။ သို့ဖြစ်၍  ယခုအချိန်တွင် သူ၏ညီမ နေသည့် နေရာသို့သွားကာ အခြေအနေကို မေးမြန်းကြည့်ရပေတော့မည်။

မကြာမီမှာပင် လင်းကျန်းအန်းသည် မြို့ထဲရှိ လင်းကျန်းဖူ နေသည့်အိမ်သို့ ရောက်လာခဲ့သည်။

သူရောက်သွားသည့်အခါတွက် အိမ်မှာ တံခါးပိတ်ထားပြီး အပြင်ဘက်၌ သော့ကြီးတစ်ခု ချိတ်ထားသည်ကို တွေ့လိုက်ရသည်။

အိမ်၌ မည်သူမှ မရှိသည်ကသိသာပေသည်။

လင်းကျန်းအန်း တံခါးအပြင်ဘက်၌ စက္ကန့်အနည်းငယ်မျှ ရပ်နေပြီးသည့်နောက်၌ ပြန်၍ လှည့်ကာ ချွန်ဖန်း တပ်မဟာသို့  ပြေးသွားတော့သည်။

သူ၏ညီမသည်က အလုပ်၌လည်း မရှိ၊

အိမ်၌လည်း မရှိသည်ဖြစ်၍

ဖြစ်နိုင်‌ချေရှိသည့်သည့် တစ်ခုတည်းသော အခြေအနေမှာ  မိဘများထံ ပြန်သွားခြင်းသာ ဖြစ်နိုင်ပေသည်။

လင်းကျန်းအန်းက မြို့ထဲ၌  အချိန်များစွာ  ကြန့်ကြာနေခဲ့သော်လည်း စိုးရိမ်စိတ်ကြောင့် စုန့်ရှီးယန် နှင့်ဒေါက်တာတုန်တို့အား

လျင်မြန်စွာပင် လိုက်၍ မီသွားခဲ့သည်။

လင်းကျန်းအန်း၏ မျက်နှာအမူအရာ

အနည်းငယ်မကောင်းသည်ကို   စုန့်ရှီးယန် မြင်သည့်အခါ လင်းကျန်းဖူနှင့် ပတ်သက်၍ မကောင်းသည့်ကိစ္စ တစ်ခုခု  ဖြစ်နိုင်သည်ဟု  ခန့်မှန်းမိလိုက်သည်။

သို့သော် ဒေါက်တာတုန်ရှိနေသည့်အတွက်ကြောင့် မမေးတော့ပေ။

စုန့်ရှီးယန်က လင်းကျန်းအန်းကို ပြောလိုက်သည်။

“ဒုတိယဦးလေး၊ အလျင်လိုနေရင် အရင်ပြန်နှင့်လိုက်ပါ၊ ကျွန်တော် ဒေါက်တာတုန်နဲ့အတူ

ပြန်ခဲ့လိုက်ပါ့မယ်”

ဤအချိန်ပင် ရောက်နေပြီဖြစ်၍

လင်းကျန်းအန်းလည်း အလျင်မလိုတော့ပေ။

“ရပါတယ်၊ အတူတူသွားကြတာပေါ့၊

ကျွန်တော်တို့ တပ်မဟာပတ်ဝန်းကျင်က အခြေအနေတွေကို ဒေါက်တာတုန်ကို မိတ်ဆက်ပေးပါ့မယ်”

လင်းကျန်းအန်းသည်က သူ၏ညီမကိစ္စကို ခဏတာမျှ မေ့ပစ်ထားလိုက်ပြီး  ဒေါက်တာတုန်အား တပ်မဟာသို့ ခေါ်သွားကာ ပတ်ဝန်းကျင်ရှိ

အရာအားလုံးနှင့် မိတ်ဆက်ပေးခဲ့သည်။

ကွန်မြူနတီ ၏  ဂိတ်တံခါးကို ဖြတ်သွားရင်း လင်းကျန်းအန်းက သူ၏သမီး လင်းရန်ကို

တွေးမိလိုက်ကာ ရုတ်တရက် ဂုဏ်ယူလိုစိတ် ဖြစ်ပေါ်လာခဲ့ပြန်သည်။

“ဒေါက်တာတုန်၊ ဒါက ကျွန်တော်တို့ ကွန်မြူနီတီပါ၊ ကျွန်တော့်သမီးက ဒီမှာ အလုပ်လုပ်တယ်လေ”

လင်းကျန်းအန်းရဲ့ သမီးက

တော်တော် အရည်အချင်းရှိသားပဲ။

ဒေါက်တာတုန်သည်က ကျေးလက်၌ တစ်ခါမျှ မနေဖူး‌သော်လည်း  ကွန်မြူနတီသည် ကျေးလက်၌ ကောင်းမွန်သည့်

အလုပ်အကိုင်ဌာနတစ်ခု ဖြစ်ကြောင်း သူ သိသည်။

ဤနေရာတွင် အလုပ်လုပ်နိုင်သည့်သူများမှာ ကွန်မြူနတီ နှင့်အနီးအနားမှ  တပ်မဟာများ၏ အရည်အချင်းရှိသူများသာ  ဖြစ်ရပေမည်။

“ကောင်းတာပေါ့၊ ခင်ဗျားတို့ရဲ့မိသားစုမှာ အရည်အချင်းရှိတဲ့သူတွေနဲ့ ပြည့်နေတာပဲ”

ဒေါက်တာတုန်၏ စိတ်ကူးထဲမှ

လင်းကျန်းအန်း၏ သမီးမှာ

ကွန်မြူနတီ ရုံး၌ ထိုင်ကာ

ပတ်ဝန်းကျင်မှ လူများအတွက်

ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးသည့်သူမျိုး ဖြစ်နိုင်သည်။

သို့သော် နောက်တစ်စက္ကန့်၌ သူသည်

လင်းကျန်းအန်း၏ ဂုဏ်ယူစွာ ရယ်မောပြီး ဆက်၍ပြောသည်ကို ကြားလိုက်ရသည်။

“ဟုတ်တယ်၊ ကျွန်တော့်သမီးရဲ့ ချက်ပြုတ်တာက ကျွန်တော် မြည်းစမ်းဖူးသမျှထဲမှာ အကောင်းဆုံးပဲ၊ ရိုးရိုးသားသားပြောရရင် ဒီနှစ်ရက် မြို့ထဲက နိုင်ငံပိုင် စားသောက်ဆိုင်တွေမှာ စားခဲ့တဲ့ အစားအသောက်တွေထက်တောင် ပိုကောင်းသေး

တယ်”

ဒေါက်တာတုန်– “?”

ဘာအဓိပ္ပာယ်လဲ။

ခဏက သူ့သမီး ကွန်မြူနတီ မှာ အလုပ်လုပ်တဲ့အကြောင်း ပြောနေတာ မဟုတ်ဘူးလား။

ခုနောက်တစ်စက္ကန့်မှာ ရုတ်တရက် သူ့သမီးရဲ့ အချက်အပြုတ်စွမ်းရည်အကြောင်း ဖြစ်သွားတယ်။

သူ့သမီး ကွန်မြူနတီမှာ လုပ်တဲ့အလုပ်က ချက်ပြုတ်တာများလား။

ဒေါက်တာတုန်မှာ လုံးလုံးလျားလျားပင်  ရှုပ်ထွေးသွားရသည်။

“အိမ်ရောက်တာနဲ့ ရန်ရန်ကို ဟင်းကောင်းကောင်းလေး ချက်ခိုင်းလိုက်မယ်၊ ဒေါက်တာ့ကို ဗိုက်တင်းသွားအောင် ကျွေးမွေးရမယ်!”

လင်းကျန်းအန်းသည်ကာစ သူ၏သမီး အချက်အပြုတ်စွမ်းရည်ကို ဒေါက်တာတုန်

အံ့အားသင့်သွားမည့် မြင်ကွင်းကို မျှော်လင့်နေခဲ့သော်လည်း  ဒေါက်တာတုန်၏ မျက်နှာအမူအရာမှာအနည်းငယ် နားလည်ရခက်နေခဲ့သည်

သူသည် ကျေးလက်သူများကို အထင်သေးခြင်း မဟုတ်သော်လည်း  လင်းကျန်းအန်း၏

စကားများမှာ အလွန်အမင်းချဲ့ကားပြောဆိုနေသည်ဟု ခံစားရသည်။

သူတို့မြို့ရှိ နိုင်ငံပိုင်ဟိုတယ်မှ  စားဖိုမှူးများအားလုံးသည် ဂရုတစိုက် ရွေးချယ်ထားခြင်း ဖြစ်သည်။

ဟိုတယ်၌  စားဖိုမှူးအဖြစ် အောင်မြင်စွာ ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် အရည်အချင်းအချို့ရှိရမည်။

အချက်အပြုတ်စွမ်းရည်မှာ ကမ္ဘာပေါ်ရှိ မည်သူ့ထက်မဆို ပို၍ ကောင်းသည်ဟု မဆိုနိုင်သော်ငြားလည်း ၉၀ ရာခိုင်နှုန်းခန့်မှာ အသေအချာပင် ဖြစ်သည်။

ကျေးလက်မှ မိန်းကလေးတစ်ဦးအနေဖြင့် ငယ်စဥ်ကတည်းက ချက်ပြုတ်ခဲ့ဖူးလျှင်ပင်

သူမ၏ အမြင်နှင့်အတွေ့အကြုံများသည် မြို့ကြီးမှ စားဖိုမှူးများနှင့် အမှန်တကယ်ပင် နှိုင်းယှဉ်၍ မရနိုင်ပေ။

ထို့ကြောင့် ဒေါက်တာတုန်မှာ လင်းကျန်းအန်း၏ စကားများသည် လွန်စွာချဲ့ကား‌ပြောဆိုနေသည်ဟု  ခံစားရသည်။

သို့သော် အခြားရှုထောင့်မှ စဉ်းစားကြည့်လျှင် ဖခင်တစ်ယောက်အတွက် သူ၏သမီး ချက်သည့် အစားအသောက်များမှာ မည်မျှပင် မကောင်းနေစေကာမူ အရသာရှိနေမည်သာဖြစ်သည်။  

ဖခင်၏ သမီးအပေါ်ထားသည့်  ပြင်းပြသည့် မေတ္တာစိတ်ကြောင့်ဖြစ်ပေလိမ့်မည်။

ထိုသို့ တွေးကြည့်လိုက်သည့်အခါ   နားလည်ပေး၍ ရပေသည်။

ထို့ကြောင့် ဒေါက်တာတုန်သည်လည်စ လင်းကျန်းအန်း၏ စကားကို  မည်သို့မျှ စောဒကတက်ခြင်း မရှိဘဲ

ပြုံးပြကာ ပြောလိုက်သည်။

“ရပါတယ်ဗျာ ၊ ကြိုက်တာကို ချက်ကျွေးလို့ရပါတယ်၊ ကျွန်တော်က အစားမရွေးပါဘူး”

“မဟုတ်တာ၊ ဒီမှာက ခင်ဗျားတို့ကို ဖျော်ဖြေပေးစရာ  ဘာမှမရှိပေမဲ့ အရသာရှိတဲ့ ကျေးလက်အစားအသောက်‌ကတော့ စားလို့ရပါသေးတယ်”

လင်းကျန်းအန်း၏ စကားများကြောင့် ဒေါက်တာတုန်မှာ ပို၍

စိတ်သက်သာရာရသွားသည်။

ရိုးရိုးကျေးလက်အစားအသောက်သည် အကောင်းဆုံးသာ ဖြစ်သည်။

သို့မှသာ သူ့အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေသည့်အပြင် လင်းမိသားစုကိုလည်း ဒုက္ခများစေတော့မည် မဟုတ်ပေ။

ထို့ကြောင့် ဒေါက်တာတုန်သည်က

အစားအသောက်အကြောင်းကိုလျင်မြန်စွာပင် မေ့လျော့သွားခဲ့သည်။

မကြာမီမှာပင်  သူတို့ သုံးဦးက

တုန်ဖန်းတပ်မဟာသို့  ရောက်လာခဲ့ကြသည်။

လင်းကျန်းအန်းမှာ ရက်အတော်ကြာအောင် အပြင်သွားနေခဲ့သည့်အတွက် တပ်မဟာထဲရှိ မည်သူမှ သူ့အား မတွေ့ရတော့ပေ။

ထိုကြောင့် လင်းကျန်းအန်းသည်က အခြားအပိုလုပ်ငန်းတစ်ခု လုပ်နေသည်ကို သူတို့ သိနေခဲ့ကြသည်။

သူ၏ လုပ်ရပ်အပေါ် လူတိုင်းက ထင်မြင်ချက်အမျိုးမျိုး ရှိကြပြီး

အများစုမှာ  အဆိုးမြင်သူများ ဖြစ်သည်။

လင်းကျန်းအန်းသည်က သူ၏အဖွဲ့ထဲ၌ အလုပ်ကြိုးစားမှုကြောင့် လူသိများသည်။

နှစ်စဉ် အလုပ်မှတ်အပြည့်ရကာ

အခြားသူများ၏ လုပ်အားနှစ်ဆနှင့် ညီမျှသည်။

သူသည်က ထိုကဲ့သို့ကောင်းမွန်သည့်

အခြေအနေမျိုးမှာပင်လျှင်   သူ၏အလုပ်ကို စွန့်လွှတ်ကာ အောင်မြင်မည်လား သေချာမသိနိုင်သေးသည့် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်လိုခဲ့သည်။

အဓိကအချက်မှာ သူ၏မိသားစုနှင့်

တပ်မဟာခေါင်းဆောင်သည်လည်း ထိုသို့လုပ်သည်ကို  သဘောတူခဲ့ကြခြင်းဖြစ်သည်။

လင်းကျန်းအန်းသည်က သူတို့အပေါ် မည်ကဲ့သို့ ဆန်းကြယ်သည့် အတတ်များ သုံးခဲ့သည်လည်း မသိပေ။

လင်းကျန်းအန်းအပေါ် အကောင်းမြင်သူများလည်း ရှိသည်။ လင်းမိသားစုမှလွဲ၍  ထိုသို့ အကောင်းမြင်သူများမှာ လင်းကျန်းအန်း၏ မောင်နှမများပင်ဖြစ်သည်။

အခြားသူများ မည်သို့ပင် ထင်စေကာမူ ယခုအချိန်တွင် လင်းကျန်းအန်းသည်က  သူ၏ အနာဂတ်အပေါ်  ယုံကြည်မှုအပြည့် ရှိနေပြီဟု

ပြော၍ ရသည်။

သူသည်က ဒေါက်တာတုန်အား အိမ်သို့  ခေါ်လာသည့်အခါ၌ လင်းမိသားစု၏ မိသားစု၀င်များမှာ

အလုပ်သွားကြပြီဖြစ်သည်။

  လင်းရန်နှင့် အဘွားလင်းသာလျှင် အိမ်၌ ကျန်တော့သည်။ ထို့ပြင် လင်းကျန်းအန်း မျှော်လင့်ထားသည့် လူတစ်ဦးလည်း  ရှိနေသည်။

“ဒုတိယအစ်ကို၊ ပြန်ရောက်လာပြီလား”

လင်းကျန်းဖူက လင်းကျန်းအန်းကို အံ့အားသင့်စွာ ကြည့်ပြီး အိမ်ထဲသို့

အလျင်အမြန်ဝင်သွားကာ အော်ပြောလိုက်သည်။

“အမေ၊ ရန်ရန်၊ ဒုတိယအစ်ကို ပြန်ရောက်ပြီ!”

လင်းရန်က အဘွားလင်းအား

မီးဖိုချောင်ရှင်းရန် ကူညီနေသည်။

လူတိုင်း နံနက်စာစားပြီးသည်နှင့်

အလုပ်သွားကြကာ  အမျိုးသမီးအနည်းငယ်သာ အိမ်၌ ကျန်ခဲ့လေသည်။

လင်းရန်လည်း အဘွားလင်းအား တစ်ဦးတည်း မလုပ်စေချင်သည်ဖြစ်၍

မီးဖိုချောင်သို့  လိုက်ဝင်သွားကာ ကူညီနေခြင်းဖြစ်သည်။

သူမ၏ အဒေါ်ဖြစ်သူ လင်းကျန်းဖူမှာ ခြံ၀င်းထဲ၌ သန့်ရှင်းရေး လုပ်နေသည့်အတွက်ကြောင့် လင်းကျန်းအန်းတို့အဖွဲ့ပြန်လာသည်ကို ပထမဆုံး မြင်လိုက်ရခြင်းဖြစ်ပေသည်။

မီးဖိုချောင်ထဲမှ လင်းရန်နှင့် အဘွားလင်းတို့သည်လည်း လင်းကျန်းဖူ၏အသံကို ကြားသည့်အခါ၌

တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး

နောက်တစ်စက္ကန့်တွင် သူတို့ ကိုင်ထားသည်များကို ချလိုက်ကာ  ခြံထဲသို့ အလျင်အမြန်ပြေးသွားခဲ့ကြသည်။

“ဒုတိယအစ်ကို၊ ပြန်ရောက်ပြီ!”

“အဖေ!”

လင်းကျန်းအန်းက အပြင်တွင် နှစ်ရက်သုံးရက်ခန့်သာ နေခဲ့ရသော်လည်း သူ၏မိသားစုကို လွမ်းဆွတ်တမ်းတနေခဲ့သည်။

အဘွားလင်းနှင့် လင်းရန်တို့သည်လည်း ထိုကဲ့သို့ပင် ခံစားရမည်မှန်း သိသာပေသည်။

သူတို့မြေးအဘွားနှစ်ဦးသည်

လင်းကျန်းအန်းကို မြင်သည့်အချိန်ခဏတာအတွင်း၌  သူတို့၏ မျက်နှာများမှာ ချက်ချင်းပင် ပြုံးရွှင်သွားကြကာ လင်းကျန်းအန်းထံသို့ အလျင်အမြန် လျှောက်သွားကြသည်။

*

All Chapters