← Chapters

အခန်း (၁၃၇)

Vol. 14 Ch. 137

အခန်း (၁၃၇)

Vol. 14 Ch. 137

တစ်ဖက်တွင်မူ လင်းကျန်းအန်းနှင့်အဘွားလင်းတို့သည်က ဒေါက်တာတုန်အား  ဧည့်ခန်းထဲသို့ ခေါ်လာပြီးသည့်နောက်၌  အဘွားလင်းမှ  သူမ၏ ထူးခြားသည့် လူမှုဆက်ဆံရေးစွမ်းရည်များအား အသုံးချကာ ဒေါက်တာတုန်အား စိတ်အားထက်သန်စွာ စကားပြောနေခဲ့သည်။

အဘွားလင်းသည်ကညး ပညာမတတ်သကဲ့သို့ မြို့ပေါ်သို့လည်း

တစ်ခါမျှ မရောက်ဖူးသော်လည်း

သူမ၏ လူမှုဆက်ဆံရေး ကောင်းမွန်မှုကြောင့် ဒေါက်တာတုန် နှင့် ပျော်ရွှင်စွာပင် စကားပြောဆိုနိုင်ခဲ့သည်။

ဒေါက်တာတုန်ကလည်း အဘွားလင်းနှင့် စကားပြောရင်း လင်းမိသားစု၏ပတ်ဝန်းကျင်နှင့် အခြေအနေကို သိရှိခဲ့ပြီးသည့်နောက်၌ လင်းမိသားစုဝင်များအားလုံးသည် ပေါင်းသင်းဆက်ဆံရာ၌  အလွန်လွယ်ကူသည်ဟု  ကောက်ချက်ချခဲ့သည်။

သူ၏ လင်းမိသားစုအပေါ် ပထမဆုံး ထင်မြင်ချက်မှာ နွေးထွေးပြီး ဧည့်ဝတ်ကျေပွန်ကာ အလုပ်ကြိုးစားသည့်အပြင် ရိုးရှင်းသည့် ပုံစံ ရှိနေခြင်းဖြစ်သည်။

ထို့ကြောင့်လည်း ဒေါက်တာတုန်၏

လင်းမိသားစုအပေါ် အထင်အမြင်မှာ  ပို၍ ရိုးရှင်းလာခဲ့သည့်အတွက်ကြောင့် အဘွားလင်းပြောသည့် စကားများနှင့် ပတ်သက်၍ ပျော်ရွှင်ရခြင်း ၊ မပျော်ရွှင်ရခြင်းကို အလေးအနက်မထားတော့ပေ။

သို့သော် သူ၏စိတ်ထဲ၌  မနေနိုင်ဘဲ တွေးမိသည်မှာ လင်းမိသားစုသည် အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဤမျှလောက် ကြွား၀ါ နေရသနည်း။

သူတို့၏ယုံကြည်မှုမှာ

လွန်ကဲလွန်းသည်ဟု ထင်မိသည်။

သူသည်က စိတ်ရှုပ်ထွေးနေသော်လည်း အဘွားလင်းနှင့် လင်းကျန်းအန်းတို့ ပြုံးနေသည့်မျက်နှာများကိုကြည့်ပြီး  သူ၏စိတ်ထဲ၌ တစ်ကိုယ်တည်း  ဆက်၍ ပြောနေခဲ့သည်။

လင်းရန်မှ  သူ့အတွက် မနက်စာအဖြစ် မည်သည့်အစားအစာကို ကျွေးမွေးလာသည်ဖြစ်စေ အလွန်အရသာရှိသည်ဟု  သေချာပေါက် ပြောလိုက်ရပေမည်။

ထိုအချိန်၌ သူ၏ရှေ့မှ

လင်းကျန်းအန်းနှင့် အဘွားလင်းတို့၏ မျက်လုံးများ လင်းလက်လာကာ သူ၏နောက်မှ တံခါးဝသို့  ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“အို၊ မနက်စာပြင်တာ ဒီလောက်မြန်မြန်ပြီးသွားပြီလား၊ ရန်ရန်က တော်လိုက်တာ!”

အဘွားလင်းသည်က သူမ၏

မြေးမလေး မည်မျှကောင်းကြောင်း တော်ကြောင်းကို ပြောရန် တစ်ခါမျှပင်  တွန့်ဆုတ်မနေခဲ့ပေ။

“ရန်ရန်က ချက်ပြုတ်တဲ့နေရာမှ အရမ်းတော်တယ်၊ ဒေါက်တာတုန်၊ ရှင်တစ်လုတ်စားကြည့်လိုက်တာနဲ့

ဒုတိယတစ်လုတ်ကို ဆက်စားချင်နေလိမ့်မယ်ဆိုတာ ကျွန်မ အာမခံရဲတယ်!”

အဘွားလင်း ပြောပြီးသည်နှင့်တစ်ပြိုင်နက် ဒေါက်တာတုန် နှာခေါင်းမှာ ရုတ်တရက် လှုပ်ရှားသွားပြီး တစ်စက္ကန့်မျှ ရပ်တန့်သွားကာ ချက်ချင်းလှည့်၍  တံခါးဝသို့ ကြည့်လိုက်သည်။

သူ၏ နှာခေါင်းသည်ကား အနံ့ခံ အာရုံ ထူးကဲကောင်းမွန်ပြီး ဆေးဝါးအတော်များများ၏ ကောင်းသည့် အနံ့အသက်များနှင့် မကောင်းသည့်အနံ့အသက်များကို ခွဲခြားသိနိုင်သည်။

ယခုတစ်ကြိမ် ဆေးရုံမှ သူ့အား ဆေးဘက်ဝင်အပင်များကို

ကြည့်ရှုရန် ဤနေရာသို့ စေလွှတ်လိုက်သည်မှာလည်း သူ၏ အနံ့ခံအာရုံကောင်းမွန်လှသည့် နှာခေါင်းကြောင့်ပင်ဖြစ်သည်။

ထို့ကြောင့် အမဲသားခေါက်ဆွဲပန်းကန် တံခါးဝ၌ ရောက်လာသည့်အခါ၌ ဒေါက်တာတုန်သည် အလွန်မွှေးကြိုင်သည့်အနံ့ကို ရလိုက်သည်။

“ဒေါက်တာတုန်၊ ဒုတိယဦးလေး၊ ခင်ဗျားတို့ အရင်စားနှင့်ကြလေ”

စုန့်ရှီးယန်က အိမ်ထဲသို့ အလျင်အမြန်ဝင်လာပြီး ပူနွေးနေသည့် အမဲသားခေါက်ဆွဲနှစ်ပန်းကန်ကို ဘေးမှ စားပွဲပေါ်သို့ တင်လိုက်သည်။

လင်းကျန်းအန်းက မတ်တပ်ရပ်ကာ စုန့်ရှီးယန်ကို ကျေးဇူးတင်စကားပြောလိုက်ပြီး ဒေါက်တာတုန်အား ကြည့်ကာ စားပွဲပသို့သွား၍  စားသောက်ရန် ဖိတ်ခေါ်လိုက်သည်။

“ဒေါက်တာ၊ ဒါဆို ကျွန်တော်တို့အရင်စားလိုက်ကြရအောင်”

ထိုသို့ ပြောလိုက်ပြီး  လှည့်ကြည့်လိုက်သည့်အခါ ဒေါက်တာတုန်သည်က သူ၏စကားကို လုံးဝပင် ကြားပုံမရဘဲ တစ်နေရာတည်းသို့

စူးစိုက်၍ ကြည့်နေသည်ကို  မျှော်လင့်မထားဘဲ တွေ့လိုက်ရသည်။

ဒေါက်တာတုန် ကြည့်နေသည့်နေရာမှာ မတိုင်ခင်က စုန့်ရှီးယန်  ခေါက်ဆွဲပန်းကန်တင်ထားသည့် စားပွဲဘက်သို့

ဖြစ်နေခဲ့သည်။

“ဒေါက်တာတုန်?”

လင်းကျန်းအန်းသည်က ဒေါက်တာတုန်၏ လက်ရှိအခြေအနေကို နားလည်သော်လည်း ထပ်၍ ခေါ်လိုက်သည်။

“အရင်သွားစားရ‌အောင်လေ၊ ခေါက်ဆွဲတွေက အေးသွားရင် အရသာသိပ်မရှိတော့ဘူး”

နောက်ဆုံး၌ ဒေါက်တာတုန်သည်လည်း  သတိဝင်လာပြီး ချက်ချင်းပင် ထကာ လင်းကျန်းအန်းနောက်မှနေ၍ စားပွဲသို့ လိုက်သွားခဲ့သည်။

စားပွဲသို့ လျှောက်သွားလေလေ၊ ပူစပ်ပြီးမွှေးကြိုင်သည့် အနံ့က ပို၍ ပြင်းထန်လာလေပင်ဖြစ်သည်။

လင်းမိသားစုနှင့် ပတ်သက်၍

သူ ယခင်က  ခန့်မှန်းထားသည့်ကိစ္စအားလုံးသည် အတော်လေးပင်  လွဲချော်နေသည်ကို တွေ့ရသည့်အတွက် ဒေါက်တာတုန်တစ်ယောက် အနည်းငယ် ရှက်ရွံ့မိသွားသည်။

လင်းမိသားစုသည်ကား အမှန်တကယ်ပင်  ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။

မိသားစု၀င်ဖြစ်၍လည်း  ချဲ့ကားပြောသည်မျိုး

မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော်

လင်းရန် ချက်ထားသည့် အစားအသောက်သည်က

အမှန်တကယ်ပင် အရသာရှိလွန်းသည့်အတွက်ကြောင့်သာ ဖြစ်သည်။

ဤခေါက်ဆွဲကို မစားရသေးလျှင်ပင်

ဒေါက်တာတုန်သည်က မွှေးကြိုင်သည့် အနံ့ကိုရရုံဖြင့် ဤခေါက်ဆွဲ၏  အရသာက ကောင်းမည်

သေချာသည်ဟု ကောက်ချက်ချနိုင်ခဲ့သည်။

လင်းကျန်းအန်းက ဒေါက်တာတုန်၏

အမူအရာကို မြင်သည့်အခါ၌

လင်းရန်၏ဟင်းလျာကိုသူ၏မိသားစုမှ

ပထမဆုံးအကြိမ်စားခဲ့စဉ်က  အဖြစ်အပျက်ကို မနေနိုင်ဘဲ တွေးမိသွားသည်။

သူ့အနေဖြင့် ၀က်ပေါင်ခြောက်ဖြင့် ချက်ထားသည့် ထမင်းကို ယခုထိ သတိရနေဆဲပင် ဖြစ်သည်။

“ဒေါက်တာတုန်၊ ဒီမှာ တူပါ၊

အိမ်မှာ ခင်ဗျားကို ကောင်းကောင်း ဧည့်ခံဖို့ ဘာမှမရှိပါဘူး၊ ဒါကြောင့် ကျေးဇူးပြုပြီး ဒီခေါက်ဆွဲနဲ့ပဲ အဆင်ပြေအောင်စားပေးပါဦး”

လင်းကျန်းအန်းသည်က ထိုသို့ ပြောရင်း တူကို ဒေါက်တာတုန်လက်ထဲသို့ ထည့်ပေးလိုက်သည်။

သူသည်လည်း အမှန်တကယ်တမ်းတွင် အတော်လေး ဗိုက်ဆာနေ‌လေပြီ။

သူ၏ရှေ့မှ အမဲသားခေါက်ဆွဲပန်းကန်ကို ကြည့်ရင်း လင်းကျန်းအန်း မနေနိုင်ဘဲ တံတွေးမြိုချလိုက်မိသည်။

သို့သော်  ဧည့်သည်ဖြစ်သည့် ဒေါက်တာတုန် မစားရ

သေးမီ၌  အိမ်ရှင်ဖြစ်သည့် သူ့အနေဖြင့် မည်မျှပင် ဗိုက်ဆာနေသော်ငြားလည်း  အရင်စား၍ မဖြစ်ပေ။

ထို့ကြောင့် သူသည် ဒေါက်တာတုန်အား ထပ်၍ ပြောလိုက်သည်။

“ဒေါက်တာတုန်၊ ကျွန်တော်တို့ အရင်...”

သူ စကားမဆုံးမီမှာပင် သူ၏မျက်နှာချင်းဆိုင်မှ ဒေါက်တာတုန်သည်က တူကို ကောက်ကိုင်လိုက်ကာ ခေါင်းငုံ့၍ အားပါးတရ စားနေပြီဖြစ်ကြောင်းကို မြင်လိုက်ရသည်။

လင်းကျန်းအန်းမှာ သူ၏နှုတ်ခမ်းဖျားမှ ဆက်၍ ပြောမည့်စကားလုံးကို မနည်းပင် မျိုချလိုက်ရလေသည်။

ဒေါက်တာတုန်သည်ကား ခေါက်ဆွဲကို ပထမဆုံးတစ်လုတ် စားလိုက်ပြီဖြစ်သည်။

ခေါက်ဆွဲနှင့် ဟင်းရည်တို့သည်က သူ၏ ပါးစပ်ထဲရောက်သည်နှင့်တစ်ပြိုင်နက် အမျိုးမျိုးသော အရသာများသည်က  သူ၏ခံတွင်းထဲ၌ ပျံ့နှံ့လာသည်။

ထို့နောက် နူးညံ့နေသည့် အမဲသားကို နောက်ထပ်တစ်လုတ်စားလိုက်သည့်အခါ အရသာမှာ သူ ယခင်က  နှစ်ပေါင်းများစွာ စားခဲ့ဖူးသည့်

ခေါက်ဆွဲများအားလုံးထက် ပို၍

ကောင်းနေခဲ့သည်။

လင်းမိသားစုမှ သူ့ကို လင်းရန်ချက်သည့် အစားအသောက်များသည်က  အရသာရှိလွန်းပြီး နိုင်ငံပိုင်စားသောက်ဆိုင်များစွာမှ စားဖိုမှူးများထက် ပို၍ ကောင်းသည်ဟု ထပ်ခါထပ်ခါပင် လေးနက်စွာ ပြောနေခဲ့သည်မှာ  မထူးဆန်းတော့ပေ။

ဒေါက်တာတုန်အနေဖြင့် ယခင်က   လင်စမိသားစုဝင်များ ချဲ့ကားပြောဆိုနေသည်ဟု  ထင်ခဲ့သော်လည်း ယခုတွင်မူ လွန်ခဲ့သည့် မိနစ်အနည်းငယ်က သူ့ကိုယ်သူအား ပြင်းထန်စွာပင် ရိုက်ပစ်ချင်စိတ် ပေါက်နေခဲ့သည်။

“  ကိုယ့်ကိုယ်ကိုယ် သိလှတတ်လှပြီ ထင်နေတာလား၊ ဆရာသခင်တွေက လူအများကြားထဲမှာ ပုန်းကွယ်ပြီး ရှိနေတယ်ဆိုတဲ့ စကားကို မင်းမကြားဖူးဘူးလား”

သူသည်က လင်းမိသားစု၌ နေထိုင်သည့် ဤရက်အနည်းငယ်အတွင်း လင်းရန်ထံမှ ဤခေါက်ဆွဲချက်ပြုတ်နည်းကို  သင်ယူကာ ကျွမ်းကျင်စွာ ချက်ပြုတ်နိုင်မည်လား ကြည့်ရမည်ဟု ဆုံးဖြတ်လိုက်သည်။

သို့မဟုတ်ပါက သူအိမ်ပြန်သွားသည့်အခါ၌ အသေအချာပင် ဤခေါက်ဆွဲကို သတိရကာ စားချင်နေပေလိမ့်မည်။

သို့ဖြစ်၍ ဒေါက်တာတုန်က လက်ရှိတွင် တခြားကိစ္စများကို မစဉ်းစားနိုင်တော့ဘဲ ခေါက်ဆွဲကိုသာ အားပါးတရစားနေခဲ့သည်။

လင်းကျန်းအန်းသည်လည်း ဤသည်ကို  မြင်သည့်အခါ သက်ပြင်းချလိုက်ပြီး ခေါက်ဆွဲကို  အတူတကွ စားလိုက်လေသည်။

စုန့်ရှီးယန်သည်ကား လင်းကျန်းအန်းတို့နှစ်ဦးအတွက် မနက်စာများကို ပို့ပေးပြီးသည်နှင့်တစ်ပြိုင်နက် အနောက်သို့ပြန်လှည့်ကာ မီးဖိုချောင်သို့ အပြေးအလွှားသွားခဲ့သည်။

သူ၏ ခေါက်ဆွဲပန်းကန်သည်က   မီးဖိုချောင်ထဲ၌သာ ရှိနေသေးသည် မဟုတ်ပါလား။

သို့သော် သူ ဧည့်ခန်းထဲမှ လှမ်းထွက်လိုက်သည့်အချိန်၌ လင်းရန်က သူ့အတွက် ခေါက်ဆွဲပန်းကန်ကို ယူပြီး လျှောက်လာနေသည်ကို တွေ့လိုက်ရလေသည်။

စုန့်ရှီးယန်တ်ယောက် ချက်ချင်းပင် အရှေ့သို့ အချှင်အမြန် လျှောက်သွားကာ လင်းရန်၏ လက်ထဲမှ ခေါက်ဆွဲပန်းကန်ကို လှမ်းယူလိုက်သည်။

“ကိုယ့်ကိုပေး၊ ကိုယ် ယူသွားလိုက်မယ်”

လင်းရန်က ငြင်းဆန်ခြင်းမရှိဘဲ သူ၏ လက်ထဲသို့ ပန်းကန်ထည့်ပေးလိုက်ပြီး စုန့်ရှီးယန်၏ အနောက်မှနေ၍ ဧည့်ခန်းသို့ လိုက်ဝင်လာခဲ့သည်။

အဖေလင်းနှင့် ဧည့်သည်ဖြစ်သူ ဒေါက်တာတုန်တို့ အရသာရှိစွာ စားသောက်နေသည်ကို လင်းရန် မြင်သည့်အခါ၌ မည်သို့မျှ မမေးခဲ့တော့ပေ။

သူမ၏ အချက်အပြုတ်စွမ်းရည်အရ

မေးမြန်းရန်ပင်မလိုဘဲ အရသာကောင်းမည်ဆိုသည်ကို သူတို့နှစ်ဦး စားသောက်နေသည်ကို ကြည့်ရုံနဲ့တင် သိနိုင်ပေသည်။

ထို့ကြောင့် လင်းရန်က အဘွားလင်းထံ သွားကာ ဒေါက်တာတုန် နှင့်မည်သည်များပြောခဲ့သည်ကို သိလို၍ အသံတိုးတိုးဖြင့် မေးလိုက်သည်။

အဘွားလင်းသည်လည်း တခြားလူများ စားသောက်နေသည့်အချိန်ကို အခွင့်ကောင်းယူပြီး   လင်းကျန်းအန်းထံမှ သူမ သိခဲ့ရသည့် အခြေအနေကို လင်းရန်အား

ပြောပြလိုက်သည်။

ထိုအခါမှ လင်းရန်သည် ဖခင်လင်းမှ

ဒေါက်တာတုန်အား  ခေါ်လာခြင်းမှာ

အကြီးစားစီးပွားရေးလုပ်ငန်းတစ်ခု ရှိ၍ ဖြစ်ကြောင်းသိခဲ့ရသည်။

မြို့ဆေးရုံနှင့်ရေရှည် ပူးပေါင်းဆောင်ရွက်နိုင်မည်ဆိုပါက သူမ၏ ဖခင်နှင့် တုန်ဖန်း တပ်မဟာ တစ်ခုလုံးအတွက် အသေအချာပင် ကောင်းသည့်ကိစ္စ ဖြစ်ပေလိမ့်မည်။

ယခုကဲ့သိုး အချိန်တိုအတွင်း၌

ဤမျှလောက် အကြီးစားကိစ္စကို ဖခင်လင်းမှ ဆောင်ရွက်နိုင်ခဲ့သည့်အတွက်ကြောင့် လင်းရန်သည်ကား အဖေဖြစ်သူအတွက်  စိတ်ရင်းမှန်ဖြင့် ဂုဏ်ယူမိသည်။

သူမ၏ ဖခင်သည်က  အမှန်တကယ်ပင် တော်လွန်းပေသည်မဟုတ်ပါလား။

“အဘွား ခန့်မှန်းရသလောက်ဆို

သူတို့စားပြီးတာနဲ့ တောင်ပေါ်ကို တက်ကြလိမ့်မယ်၊ ရန်ရန်..သမီးအဖေတို့ တောင်ပေါ်တက်ရင် ယူသွားဖို့ စားသောက်စရာအခြောက်အခြမ်းလေးတွေ ထုပ်ပိုးလို့ရမလားဆိုတာ သွားကြည့်လိုက်ပါဦး”

အဘွားလင်းက သတိရကာ လင်းရန်အား  လျင်မြန်စွာ သတိပေးလိုက်သည်။

သူတို့မိသားစုတွင် အခြောက်အခြမ်းများ ရှိသည်မှာမှန်သော်လည်း

ဒေါက်တာတုန်ပါ လိုက်ပါသွားမည်ဖြစ်၍ လင်းကျန်းအန်း ယခင်တောင်ပေါ်တက်စဉ်ကကဲ့သို့ အစားအသောက်အနည်းငယ်သာ

ယူသွား၍ မရပေ။ အသားခြောက် သို့မဟုတ် ခြား တစ်ခုခုကို အသေအချာပင် ယူသွားရပေလိမ့်မည်။

လင်းရန် ခေါင်းညိတ်လိုက်သည်။

“သမီး ချက်ချင်းသွားရှာလိုက်ပါ့မယ်”

All Chapters