← Chapters

အခန်း (၁၃၈)

Vol. 14 Ch. 138

အခန်း (၁၃၈)

Vol. 14 Ch. 138

လင်းရန်က အဘွားဖြစ်သူ၏စကားကို သဘောတူပြီးသည်နှင့် နေရာမှ ချက်ချင်းထကာ စားသောက်စရာ အခြောက်အခြမ်းများပြင်ဆင်ရန်အတွက် အိမ်ထဲသို့  ဝင်သွားခဲ့သည်။

သူမထံတွင် ယခင်ကတည်းက ယူလာသည့် အစားအသောက်များစွာရှိသကဲ့သို့ ပြီးခဲ့သည့်တစ်ခေါက်က စုန့်ဝေ့နှင့် လီရှိ့လီတို့ ယူလာခဲ့သည်များလည်း ရှိသည်ဖြစ်၍ စားစရာများမှာ  အတော်လေးပင် ပေါများပေသည်။

လင်းရန် အရာအားလုံးကို ပြင်ဆင်ပြီးသွားသည့်အချိန်၌  ဒေါက်တာတုန်တို့မှာ မနက်စာစားပြီးလုနီးပါး ဖြစ်နေလေပြီ။

သူမထွက်လာသည့်အခါ၌ ခေါက်ဆွဲ ပန်းကန်သုံးလုံးမှာ ဆေးကြောထားသည့် ပန်းကန်များကဲ့သို့ပင်

သန့်ရှင်းနေသည်ကို မြင်ရသည့်အတွက် လင်းရန် အလွန်အမင်း ကျေနပ်သွားခဲ့သည်။

လင်းကျန်းအန်းတို့သုံးဦးသည်က စားသောက်ပြီးသည့်နောက်၌ ခဏနားကာ အဘွားလင်း မျှော်လင့်ထားသည့်အတိုင်းပင်  တောင်ပေါ်တက်ရန် ပြင်ဆင်ခဲ့ကြသည်။

လင်းရန်နှင့်အဘွားလင်းက သူတို့၏လက်ထဲမှ စားသောက်ဖွယ်ပစ္စည်းများကို လင်းကျန်းအန်းအား

ထည့်ပေးလိုက်ပြီး တောင်ပေါ်၌သတိထားကြရန်နှင့် ဗိုက်ဆာလျှင် အချိန်မီစားကြရန်မှာကြားလိုက်သည်။

ထိုအချိန်၌ လင်းကျန်းအန်းလည်း ငြင်းပယ်ရန်အ‌တွေးမရှိတော့ဘဲ  ဒေါက်တာတုန်နှင့် သူတို့၏

ကိစ္စ ပြီးမြောက်ရန်သာ ဆန္ဒရှိနေခဲ့သည်။

ထိုကိစ္စ ပြီးသည့်အချိန်မှသာ သူအနေဖြင့် သူ၏ စတုတ္ထညီမ လင်းကျန်းဖူအားမည်သည်များ ဖြစ်ပျက်ခဲ့သည်ကို သူ မေးမြန်းရပေလိမ့်မည်။

ထို့ကြောင့် လင်းကျန်းအန်းသည်  လင်းကျန်းဖူကို စိုးရိမ်တကြီးကြည့်လိုက်ရုံသာ တတ်နိုင်ခဲ့ပြီး မည်သည်မှမပြောဘဲ ဒေါက်တာတုန်အား တပ်မဟာခေါင်းဆောင်ထံသို့ ဦးစွာ ခေါ်သွားခဲ့သည်။

မြို့ဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်သည့်ကိစ္စကို တပ်မဟာကို  ပြောပြရဦးမည်ဖြစ်ပြီးလူအနည်းငယ်ကို သူတို့နှင့်အတူ တောင်ပေါ်လိုက်တက်ရန် တောင်းဆိုရမည်ဖြစ်သည်။

သူနှင့် စုန့်ရှီးယန် နှစ်ဦးတည်းဆိုပါက  ဒေါက်တာတုန်အား  လုံခြုံစွာဖြင့်

တောင်ပေါ်ခေါ်သွားရန် မဖြစ်နိုင်ပေ။

*

သူတို့သုံးဦးထွက်သွားပြီးသည့်နောက်၌ ဘေးတွင်ရှိနေသော လင်းကျန်းဖူက သူမ၏ ဒုတိယအစ်ကို ထွက်သွားခါနီး၌ သူမအား

ကြည့်သွားသည့်အကြည့်ကို သတိရသွားသည်။

သူမသည်  သက်ပြင်းချကာ လက်နှစ်ဖက်ကို ဖြန့်၍  ပြောလိုက်လေသည်။

“ဒုတိယအစ်ကိုက စျေးကွက်ရှာဖွေရေးနှင့် သမဝါယမကို သွားခဲ့သေးတယ်ထင်တယ်၊ ပြီးတော့ ကျွန်မ အဲဒီမှာ အလုပ်မလုပ်တော့ဘူးဆိုတာကို သိသွားလောက်ပြီထင်တယ်”

သို့မဟုတ်ပါက လင်းကျန်းအန်းထွက်သွားခါနီး၌ ထိုကဲ့သို့ အမူအရာမျိုး  ရှိမည်မဟုတ်ပေ။

အဘွားလင်းနှင့် လင်းရန်မှာမူ ထိုကိစ္စကို ကြိုတင်သိထားပြီးသည် ဖြစ်၍ လင်းကျန်းဖူအား နှစ်သိမ့်လိုက်သည်။

“သူသိသွားရင်လည်း ဘာမှမဖြစ်ပါဘူး၊ သူက နင့်ကို စိုးရိမ်လို့ပါ၊ နောက်မှ သူ ပြန်လာတဲ့အခါ နင့်ကိစ္စကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်ရင် သူ နင့်ကို အပြစ်တင်မှာ မဟုတ်ဘူး”

မှန်ပေသည်။ သူတို့သည်က လင်းကျန်းအန်းမှ လော်မိသားစုအား ပြဿနာရှာမည်ကိုပင် ကာကွယ်ရဦးမည်ဖြစ်သည်။

“အင်း၊ ကျွန်မသိပါတယ်၊ ဒုတိယအစ်ကိုကို ဘယ်လိုပြောရမှန်းပဲ မသိတာပါ”

လင်းကျန်းဖူသည်ကား လော်မိသားစုအားစဥ်းစားမိလိုက်တိုင်း စိတ်မဆိုးဘဲမနေနိုင်ခဲ့ပေ။

လွန်ခဲ့သည့် တစ်ရက်က သူမ လော်ပင်းနှင့် ကွာရှင်းခဲ့ပြီး ထိုမိသားစုအား  စွန့်ခွာခဲ့သော်လည်း သူမ၏ပြဿနာများကို မိသားစုဝင်များအား

မပြောပြလို‌သေးပေ။ 

သူမ၏ မိသားစု စိုးရိမ်မည်ကို သိနေသည့်အတွက်ကြောင့်ဖြစ်သည်။အထူးသဖြင့် သူမနှင့်အရင်းနှီးဆုံးဖြစ်သည့် ဒုတိယအစ်ကိုပင် ဖြစ်ချေသည်။

လင်းကျန်းဖူ ဤမျှလောက် စိတ်ဓာတ်ကျနေသည်ကို မြင်သည့်အခါ လင်းရန်နှင့် အဘွားလင်းတို့သည်တစ်ဦးကိုတစ်ဦးကြည့်ကာ ထပ်၍ ပြောလိုက်သည်။

“တကယ်လို့ ဒေါ်လေး ဘယ်လိုပြောရမှန်း မသိဘူးဆိုရင် ကျွန်မပဲ  ဖေဖေနဲ့ သွားပြောလိုက်ရမလား”

ဘေးလူ ပြောသည်မှာ ပို၍လွယ်ကူနိုင်သော်လည်းမည်သူပြောပြော အတူတူပင်ဖြစ်သည်။

သို့ဖြစ်၍  လင်းကျန်းဖူသည်

စဥ်းစားလိုက်ပြီး သူမ၏ဒုတိယအစ်ကို လင်းကျန်းအန်းအား သူမကိုယ်တိုင် ပြောပြရန်ဆုံးဖြတ်လိုက်သည်။

သို့မှသာ သူမ၏ဒုတိယအစ်ကိုမှ နှစ်ပေါင်းများစွာ သူ့မအပေါ်  စိုးရိမ်ပူပန်ခဲ့မှုများမှာ အချည်းအနှီးမဖြစ်တော့မည် ဖြစ်သည်။

လင်းကျန်းဖူ ဆုံးဖြတ်ချက်ချပြီးသည်ကို မြင်သည့်အခါ၌  လင်းရန်လည်း ဆက်၍ မပြောတော့ပေ။

ထို့အပြင် အချိန်လည်း မစောတော့ပေ။

သူမ ကွန်မြူနတီသို့ အလုပ်သွားရဦးမည်ဖြစ်သည့်အတွက်ကြောင့် အဘွားလင်းနှင့်လင်းကျန်းဖူတို့အား နှုတ်ဆက်ကာ

ကွန်မြူနတီသို့ ထွက်လာခဲ့သည်။

ကွန်မြူနတီသို့ သွားသည့်လမ်း၌ လင်းရန်တစ်ယောက် သူမ၏အဒေါ် လင်းကျန်းဖူ ယမန်နေ့က ပြန်လာပြီးသည့်နောက်၌ ပြောခဲ့သည့်စကားများကို မနေနိုင်ဘဲ စဥ်းစားမိပြီး သက်ပြင်းချမိပြန်သည်။

သူမနှင့် အဘွားလင်းတို့ သူမ၏အဒေါ် လင်းကျန်းဖူဆီမှ ပြန်လာပြီးသည့်နောက်၌ နှစ်ရက်အတွင်း လော့ပင်းလည်း မြို့သို့

ပြန်ရောက်လာခဲ့သည်။

ထို့နောက် ဇနီးမောင်နှံနှစ်ယောက် စကားပြောဆိုကြပြီး နောက်တစ်နေ့၌ ကွာရှင်းခဲ့ကြသည်။

ကွာရှင်းပြီး နောက်တစ်နေ့တွင် လင်းကျန်းဖူက မြို့၏ ကုန်သွယ်ရေးသမဝါယမမှ အလုပ်ထွက်ကာ သူမ၏အထုပ်အပိုးများနှင့် ပြန်လာခဲ့သည်။

လင်းကျန်းဖူ၏ စကားအရ ဤသည်မှာ သူမယခင်ကတည်းက မျှော်မှန်းထားသည့်ရလဒ်ဖြစ်သည့်အတွက် ကွာရှင်းခြင်းသည်က သူမအတွက် စိတ်သက်သာရာရစေပြီး  ဆိုးရွားသည့် ကိစ္စမဟုတ်ပေ။

သူမသည်က ထိုကဲ့သို့ ခံယူထားနိုင်သော်လည်းကျန်သည့်လင်းမိသားစုများမှာ

သူမကဲ့သို့ စိတ်လွတ်လပ်ပေါ့ပါးခြင်း မရှိကြပေ။

အထူးသဖြင့် တပ်မဟာထဲမှ အခြားသူများမှာလင်းကျန်းဖူ တစ်ဦးတည်း အထုပ်အပိုးများနှင့် ပြန်လာတာသည်ကို မြင်သည့်အခါ

အသေးစိတ်အချက်အလက်များမှတဆင့် သဲလွန်စများကို လျင်မြန်စွာ ခန့်မှန်းမိသွားကြသည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း အဘွားလင်းတစ်ယောက်  လင်းကျန်းဖူကို သတင်းလာမေးလာသသည့်သူ

များစွာကို ဆူပူကြိမ်းမောင်းကာ

နှင်ထုတ်ခဲ့ရသည်။

မူလက လင်းကျန်းဖူသည်က ဤနှစ်ရက်အတွင်း အနားယူချင်ခဲ့သည်။ သို့သော် အပြင်လူများက ပြဿနာလာရှာသည့်အခါ သူမသည်က ကွာရှင်းပြီး ပြန်လာသင့်မသင့်ဆိုသည်ကို သံသယဝင်လာခဲ့ရသည်။

သို့သော်  မကွာရှင်းခဲ့လျှင်  လော်ပင်းနှင့်ထိုကဲ့သို့သော ဘဝမျိုးဖြင့် နှစ်ပါးသွားနေရဦးမည်မလား။

ထို့အပြင် သူမသာ မိဘအိမ်သို့ မပြန်လျှင် မည်သည့်နေရာကိုသွားရမည်နည်း။

ထိုအကြောင်းကို စဥ်းစားမိသည့်အခါ လင်းရန်မှာ ကာယကံရှင်မဟုတ်သော်ငြားလည်း ရင်ဘတ်ထဲ ပြည့်ကျပ်နေသကဲ့သို့ခံစားခဲ့ရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်ခေတ်ကာလတွင်ဖြစ်စေ ကမ္ဘာကြီးသည် အမျိုးသမီးများအပေါ်

ဤမျှလောက်ထိ ကြမ်းတမ်းသည်ကို သူမ ထပ်မံ၍ ညည်းညူနေမိသည်။

သို့သော် သူမ၏ ဒေါ်လေး လင်းကျန်းဖူသည်ကား ကွာရှင်းရန် ဆုံးဖြတ်နိုင်ခဲ့ပြီဖြစ်သည့်အတွက်

မကြာမီ စိတ်ပြန်လည်လာကာ ပို၍ပျော်ရွှင်ရပြီး ပိုမိုကောင်းမွန်သည့်ဘဝသို့ ဦးတည်သွားနိုင်လိမ့်မည်ဟု  သူမယုံကြည်ထားသည်။

လင်းရန်တစ်ယောက် ကွန်မြူနတီသို့ ရောက်ပြီးသည့်နောက် မီးဖိုချောင်ထဲသို့ တန်းဝင်ကာ ချက်ပြုတ်ရန် ပြင်ဆင်နေစဉ်တွင်  ချန်ဝမ်နှင့်တွေ့ခဲ့သည်။

မနက်ဖြန်သည်ကား ချန်ဝမ်၏ ယောက္ခမ မွေးနေ့ဖြစ်ပြီး အချိန်နီးကပ်လာသည်နှင့်အမျှ ချန်ဝမ်မှာ

ပို၍ စိတ်လှုပ်ရှားလာခဲ့သည်။

သူသည်က ချက်ပြုတ်မည့်သူမဟုတ်ဘဲ အဘယ်ကြောင့် စိတ်လှုပ်ရှားနေသည်ကို လင်းရန် မသိပေ။ စိတ်လှုပ်ရှားရမည်ဆိုပါက ချက်ပြုတ်ရမည့်သူဖြစ်သည့် သူမကသာ စိတ်လှုပ်ရှားသင့်သည် မဟုတ်ပါလား။

“ရှောင်လင်း၊ မင်း ပြင်ဆင်ထားတာ ဘယ်လိုနေလဲ၊ ငါ့အကူအညီ လိုသေးလားး”

လင်းရန် ခေါင်းကို ခါယမ်းပြလိုက်သည်။

“မလိုပါဘူး ဦးလေးချန်၊ ဒီရက်ပိုင်း ရှင် ကူညီပေးတာကြောင့် ကျွန်မ အားလုံးနီးပါး ပြင်ဆင်ပြီးပါပြီ၊မနက်ဖြန်မနက်ကျရင် ရှင့်ရဲ့အိမ်ကို တန်းပြီးယူလာရုံပါပဲ”

လင်းရန်သည်ကား ဤရက်ပိုင်းအတွင်း ချက်ပြုတ်ရန်လိုအပ်သည့်အရာများကို အမှန်တကယ်ပင် ပြင်ဆင်နေခဲ့သည်။

တပ်မဟာထဲရှိအခြားသူများထံမှ ကြက်၊ ဘဲ၊ ငါးများကို ၀ယ်ယူခဲ့ပြီး ကွန်မြူနတီ၏ ဆက်သွယ်မှုမှတဆင့် ရလာခဲ့သည့် အမဲသားများကိုလည်း မနက်ဖြန် ချန်ဝမ်၏ ယောက္ခမမွေးနေ့အတွက် ပြင်ဆင်ထားခဲ့ပေသည်။

ချန်ဝမ်သကားည် ဤသည်ကိုကြားသည့်အခါချက်ချင်းပင် စိတ်သက်သာရာရသွားခဲသည်။

ဤအချိန်များအတွင်း လင်းရန်နှင့် အတူတူနေပြီးသည့်နောက်၌ လင်းရန်သည်က ငယ်ရွယ်သည့်ပုံပေါက်သော်ငြားလည်း သူမသည်

အရာရာကို သပ်ရပ်စွာ ကိုင်တွယ်တတ်သည့်အပြင် စိတ်ချရသည့်သူတစ်ဦး ဖြစ်ကြောင်းချန်၀မ်

သိနေခဲ့ရသည်။

“ကောင်းပြီ၊ ဒါဆို မနက်ဖြန်မနက် သတ်မှတ်ထားတဲ့အချိန် မြို့မှာ စောင့်နေမယ်နော်”

“ကောင်းပါပြီ”

လင်းရန်ထံမှ စိတ်ချရသည့် စကားကို ထပ်မံ၍ ကြားရပြီးသည့်နောက်၌ ချန်ဝမ်တစ်ယောက် စိတ်အေးချမ်းသာစွာဖြင့် ပြန်သွားခဲ့သည်။

ချန်ဝမ်က သူမအား ထပ်၍ လာတွေ့ခဲ့သည့်အတွက်ကြောင့် လင်းရန်ကလည်း မနက်ဖြန် သူမ၏စွမ်းဆောင်ရည်ကို အသေအချာပင် ပြသရမည်ဟု ဆုံးဖြတ်လိုက်သည်။

ဤသည်မှာ သူမ၏ အနာဂတ်စီးပွားရေးနှင့် သက်ဆိုင်သည့်အတွက်ကြောင့် သူမ၏ စွမ်းရည်များကို ကောင်းစွာ

ပြသရမည် ဖြစ်သည်။

နေ့လည်ခင်း၌ လင်းရန်သည် ယနေ့ ကွန်မြူနတီမှကြက်တစ်ကောင် ပို့လာသည်ကို တွေ့သည့်အခါ၌ မနက်‌ဖြန်ချက်ရန် စီစဉ်ထားသည့်

ဟင်းလျာများထဲမှ  ကြက်သားစင်းကောနှင့် မှိုနဲ့ကြက်သားဟင်းများကို ချက်ပြုတ်ကာ ချန်ဝမ်အား

သူမ၏ လက်ရာကို  ကြိုတင်ပြသနိုင်ရန် စီစဉ်ခဲ့သည်။

ကြက်သားသည်က အသားများပြီး

ကွန်မြူနတီ၌ လူအနည်းငယ်သာ

ရှိသည့်အတွက်ကြောင့် ကြက်တစ်ကောင်တည်းဖြင့်ဟင်းလျာနှစ်မျိုး ချက်နိုင်ခဲ့သည်။

ကြက်သားစင်းကော၊ မှိုနှင့်ကြက်သားဟင်းများကို စားပြီးသည့်နောက်၌ ကွန်မြူနတီမှ သူများမှာ  လင်းရန်အား ပို၍

စိတ်အားထက်သန်စွာ ကြည့်လာခဲ့ကြသည်။

ဖြစ်နိုင်လျှင် လင်းရန်အား သူတို့အိမ်၌ ခေါ်ထားကာ နေ့စဥ်နေ့တိုင်း သူတို့အတွက် ချက်ပြုတ်စေချင်နေကြသည်။

လင်းရန်လည်း ထိုအကြည့်များကြောင့် လွန်စွာထိတ်လန့်သွားပြီး နေ့လည်စာစားပြီးသည်နှင့်တစ်ပြိုင်နက်  အလျင်အမြန်ထွက်လာခဲ့သည်။

ညနေပိုင်း အိမ်သို့ပြန်ရောက်သည့်အချိန်၌လင်းကျန်းအန်းနှင့်ဒေါက်တာတုန်တို့က

ပြန်မ‌ရောက်သေး‌သောကြောင့် လင်းရန်လည်း ချန်ဝမ်၏ယောက္ခမမိသားစုအတွက် မနက်ဖြန် မြို့၌ ချက်ပြုတ်ရန် ပစ္စည်းများကို ထုပ်ပိုးခဲ့သည်။

သူမ ထုပ်ပိုး၍ ပြီးသည့်အချိန်တွင်

ညနေစောင်းနေပြီဖြစ်ပြီးနောက်‌ဆုံး၌

လင်းကျန်းအန်းမှာ ဒေါက်တာတုန်နှင့်အတူ အိမ်သို့ ပြန်ရောက်လာခဲ့သည်။

လင်းကျန်းအန်းတို့ ပြန်ရောက်လာသည်ကို လင်းရန် တွေ့သည့်အခါ

ဤတောင်ပေါ်ခရီးစဥ်နှင့်ပတ်သက်ပြီး ဒေါက်တာတုန်မှာ  မည်မျှကျေနပ်အားရနေသည်ကို သူမ သိနိုင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဒေါက်တာတုန်သည်ကား  ပြုံးရွှင်စွာဖြင့် လင်းကျန်းအန်းနှင့် သူ၏သူငယ်ချင်းများတို့ဖြင့် ကောင်းမွန်သည့် ပတ်ဝန်းကျင်ဆက်ဆံ‌ရေးနှင့် ရာသီဥတုများအကြောင်း၊ သူတို့စိုက်ပျိုးထားသည့်အပင်များမှာလည်း အလွန်ကောင်းမွန်ကြောင်း ချီးကျူးမဆုံး ဖြစ်နေခဲ့သည့်အတွက်ကြောင့်ပင် ဖြစ်သည်။

ဤသို့ဆိုလျှင်  သူတို့တပ်မဟာနှင့်

မြို့ဆေးရုံတို့ ပူးပေါင်းဆောင်ရွက်သည့်ကိစ္စသည် တည်ငြိမ်သွားပြီဟု  ဆိုနိုင်ပေသည်။

*

All Chapters