← Chapters

အခန်း (၁၃၉)

Vol. 14 Ch. 139

အခန်း (၁၃၉)

Vol. 14 Ch. 139

ညနေစာစားချိန်၌  လင်းမိသားစုဝင်အားလုံးမှာ အိမ်၌ရှိနေကြပြီး ဒေါက်တာတုန်သည်က

လင်းမိသားစု၀င်အားလုံးရှေ့၌ သူတို့ဆေးရုံသည် လင်းကျန်းအန်းတို့အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟူသည့်  သတင်းကောင်းကို ပြောကြားခဲ့သည်။

ထိုသတင်းကို ကြားရသည်နှင့်တစ်ပြိုင်နက် လင်းကျန်းအန်းတင်မက ကျန်သည့်လင်းမိသားစုဝင်များလည်း လွန်စွာ စိတ်လှုပ်ရှားသွားကြပြီး ဒေါက်တာတုန်အား ကျေးဇူးတင်စကားများ ထပ်ခါတလဲလဲပင်  ပြောခဲ့ကြသည်။

ဒေါက်တာတုန်သည်က သူ၏လက်နှစ်ဖက်ကို ထပ်ခါထပ်ခါ ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဒီကိစ္စအတွက် ကျွန်တော့်ကို ကျေးဇူးတင်စရာမလိုပါဘူး၊ကျွန်တော်လည်း ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်၊ ဒီလိုကောင်းမွန်တဲ့ ဆေးဘက်ဝင်အပင်တွေက ကျွန်တော်တို့ဆေးရုံကိုလည်း အများကြီး အထောက်အကူပြုနိုင်ပါလိမ့်မယ်”

“ဒါဆိုရင် ကျွန်တော်တို့ အချင်းချင်း ဖြည့်ဆည်းပေးရင်  အတူတူလုပ်ဆောင်သွားကြတာပေါ့!”

ဒေါက်တာတုန် ပြောပြီးသည်နှင့်တစ်ပြိုင်နက် တစ်မိသားစုလုံး ပျော်ရွှင်စွာ  ရယ်မောခဲ့ကြသည်။

လင်းရန်တစ်ယောက် အဖေလင်း၏ မျက်လုံးများ နီရဲလာသည်ကိုပင်

မြင်လိုက်ရသည့်အတွက်  ဤကိစ္စအောင်မြင်သွားသည့်အပေါ် သူမည်မျှစိတ်လှုပ်ရှားနေသည်ကို

သိရှိနေခဲ့သည်။

စားသောက်ပြီးနောက်၌ ဒေါက်တာတုန်က လျင်မြန်စွာ  ရေချိုးကာ  အနားယူသွားခဲ့သည်။

သူသည်ကား အသက်အရွယ်လည်းကြီးနေပြီဖြစ်ပြီးယနေ့တစ်နေ့လုံးလည်း  တောင်ပေါ်သို့ တက်ခဲ့သည်။

ယခုချိန်ထိ ဤမျှကြံ့ကြံ့ခံနိုင်သည်ကပင် အံ့သြဖွယ်ဖြစ်နေလေပြီ။

လင်းကျန်းအန်းတစ်ယောက် ဒေါက်တာတုန်အား နေရာထိုင်ခင်း စီစဉ်ပြီးသည့်နောက်၌ လင်းကျန်းဖူအား  ခြံဝင်းထဲသို့ ခေါ်ခဲ့လေသည်။

ကြယ်များစုံနေသည့်ကောင်းကင်အောက်၌ သူတို့ မောင်နှမနှစ်ဦး စကားပြောခဲ့ကြသည်။

အချိန်အတော်ကြာ စကားပြောပြီးသည့်နောက်၌လင်းကျန်းအန်းတစ်ယောက် သူ မရှိစဥ်က သူ၏ညီမ

လင်းကျန်းဖူနှင့် လော်မိသားစုကြားတွင် ဖြစ်ပျက်ခဲ့သည်များကို နောက်ဆုံး၌ နားလည်သွားခဲ့သည်။

“အိမ်မှာ ငါမရှိလည်း ဘာမှမဖြစ်ဘူး၊ အခုကစပြီး အိမ်မှာပဲ နေတော့၊

ဒီအိမ်က အမြဲတမ်း  မင်းရဲ့အိမ်ပဲ ဖြစ်နေမှာပဲ”

ဤကဲ့သို့ လင်းကျန်းအန်း၏ အပြစ်တင်ခြင်း၊ ဆဲဆူခြင်း မပါသည့် ရိုးရှင်းသော စကားတစ်ခွန်းသည် လင်းကျန်းဖူအားမျက်ရည်များဝိုင်းလာစေခဲ့သည်။

“ဒုတိယအစ်ကို၊ အစ်ကိုသာ အရင်တုန်းကလို ကျွန်မနဲ့ နေရလို့ဆိုပြီး  စိတ်မပျက်နဲ့”

လင်းကျန်းဖူက သူမ၏ မျက်ရည်များကို ထိန်းချုပ်ရင်း တမင်တကာ ရယ်စရာပြောလိုက်သည်။

“တော်တော့၊ မင်း အခု အသက်ဘယ်လောက်ရှိနေပြီလဲ၊ ငါတို့ ကလေးဘဝက ကိစ္စတွေကိုတောင် ပြောနေတုန်းပဲလား”

လင်းကျန်းအန်းက  ပြုံးကာ ပြောလိုက်သည်။

ထိုသို့ပြုံးနေသော်လည်း  သူ၏မျက်လုံးများမှာ မသိစိတ်မှ တဆင့် အေးစက်သွားခဲ့သည်ကို လင်းကျန်းဖူ မမြင်နိုင်ခဲ့‌ပေ။

သူသည်က ပြောမထွက်ခဲ့သော်လည်း စိတ်ထဲ၌ လော်ပင်းနှင့်လော်မိသားစုအပေါ် လွန်စွာပင် စိတ်ပျက်နေခဲ့သည်။

လော်မိသားစုနှင့် လင်းကျန်းဖူကြားမှ ကိစ္စမှာ ဤနေရာမှာပင်  ပြီးဆုံးသွားရန်သာ သူမျှော်လင့်ခဲ့သည်။ ထိုသို့မဟုတ်ဘဲ  သူ၏ညီမအား လော်မိသားစုမှ  ထပ်၍  ဒုက္ခပေးရန် သို့မဟုတ် သူမ၏ အနာဂတ်ဘဝကို နှောင့်ယှက်ရန် ပြုလုပ်လာပါက သူ့အနေဖြင့် လော်မိသားစုအား မည်သည့်အခါမှ အလွှတ်ပေးမည် မဟုတ်ပေ။

သို့သော် လင်းကျန်းအန်းသည် သူ မနေ့ညကထိုကဲ့သို့ ကျိန်ဆိုခဲ့ပြီး နောက်တစ်နေ့၌ပင် လော်မိသားစုသည် သူ့တို့မိသားစုအား အပုတ်ချကာ ဆဲဆိုကြိမ်းမောင်းလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထိုနေ့သည် သူ၏သမီး လင်းရန်မှာ မြို့မှ ချန်ဝမ်၏ယောက္ခမမွေးနေ့ပွဲတွင် ချက်ပြုတ်ပေးရန် သွားသည့်နေ့ဖြစ်သည်။

လင်းမိသားစုဝင်များအားလုံးမှာ ထိုအကြောင်းကို သိကြသော်လည်း

ထိုကဲ့သို့သော ကိစ္စမျိုးကို ယခုပြောလိုက်လျှင် လူများကြား၌ ကောလာဟလ မျံ့သွားပြီး

ဆိုးရွားပါက သတင်းပို့ခံရသည့်အတွက်ကြောင့် လင်းမိသားစု၀င်များက အသိတရားရှိစွာဖြင့်

မည်သူ့ကိုမှ ထိုအကြောင်းကို မပြောပြခဲ့ကြပေ။

လင်းကျန်းအန်းသည်က သူ၏သမီးမှ ပစ္စည်းများစွာကို တစ်ဦးတည်း

မြို့သို့  သယ်သွားရမည်ကို စိုးရိမ်သည့်အတွက်ကြောင့် သူကိုယ်တိုင် လိုက်ပို့ရန် စီစဉ်ခဲ့သည်။

သူပါ လိုက်ပါသွားမည်ဆိုပါက သူ၏ သမီးသည်က မြို့၌ လုပ်ဆောင်ရန်ကိစ္စရှိ၍ သွားခြင်းဖြစ်သည်ဟု  အကြောင်းပြကာ ပြောဆို၍ ရပေသည်။

ဒေါက်တာတုန်သည်လည်း မူလက နေ့လည်စာစားပြီးမှသာ ထွက်သွားရန် စီစဉ်ထားသော်လည်း လင်းကျန်းအန်းနှင့်လင်းရန်တို့မှ မြို့ကို ကိစ္စတစ်ခုခုရှိ၍ ထွက်သွားကြမည့်ပုံကို မြင်သည့်အခါ သူတို့နှင့်အတူ မနက်ပိုင်းမှာပင် ထွက်သွားရန် စီစဉ်လိုက်သည်။

လင်းမိသားစုမှ သူ့အား ဆက်နေရန်

စည်းရုံးခဲ့သော်လည်း ဒေါက်တာတုန်က ငြင်းပယ်ခဲ့သည်။

“နောက်တစ်ခါကျရင်ကျွန်တော် ဒီကို သေချာပေါက်ပြန်လာခဲ့ပါ့မယ်၊ အဲဒီအခါကျရင် မနေ့က ရှောင်လင်း လုပ်ပေးခဲ့တဲ့ ခေါက်ဆွဲကို ထပ်စားဦးမယ်၊ အရသာက အရမ်းကောင်းတာမလို့ နောက်တစ်ကြိမ် ထပ်စားချင်ပါတယ်”

ဒေါက်တာတုန်မှ ထိုသို့ပြုံးပြ၍ ပြောလိုက်သည့်အခိုက်တွင် လင်းရန်သည်လည်း သူ့ကို ခေါင်းညိတ်ပြကာ သဘောတူလိုက်သည်။

“ဒေါက်တာတုန်၊ နောက်တစ်ခါ ကျွန်မရါ့ ခေါက်ဆွဲတွေကို တင်မကဘဲ တခြားအရသာရှိတဲ့ ဟင်းလျာတွေလည်း လုပ်ပေးပါ့မယ်”

“ကောင်းပြီ၊ ဒါဆိုရင် ကျွန်တော် မှတ်ထားလိုက်ပါ့မယ်!”

ထို့နောက် ဒေါက်တာတုန်သည်က

အခြားသူများကို နှုတ်ဆက်ကာ  လင်းရန်၊ လင်းကျန်းအန်းတို့နှင့်အတူ မြို့သို့ ထွက်လာခဲ့သည်။

သူတို့ မြို့သို့ ရောက်သည့်အခါ၌  ချန်ဝမ်က လင်းရန်အား သူချိန်းဆိုထားခဲ့သည့်နေရာ၌ စောင့်နေသည်ကို တွေ့ရသည်။

လင်းကျန်းအန်းသည်ကား ဒေါက်တာတုန်ကို ကားသို့ ပို့ရဦးမည်ဖြစ်သည့်အတွက်ကြောင့်

ချန်ဝမ်၏ယောက္ခမ အိမ်လိပ်စာကိုသာ မေးပြီး နောက်မှ  လင်းရန်ထံသို့ သွားရောက်ကာ ကူညီပေးရန် ဆုံးဖြတ်ခဲ့သည်။

ချန်ဝမ်ကလည်း လင်းကျန်းအန်းအား သိသည်ဖြစ်၍ သူ၏ယောက္ခမအိမ်လိပ်စာကို လင်းကျန်းအန်းအားပြောပြခဲ့လေသည်။ ပြီးနောက်တွင် လင်းရန်အား  ကြိုတင်ပြင်ဆင်နိုင်ရန် အလျင်အမြန် ခေါ်သွားခဲ့သည်။

လင်းရန်လည်း သူမ၏ ဖခင်နှင့်

ခွဲခွပြီးသည့်နောက်၌ ချန်ဝမ်နောက်မှနေ၍ တစ်ဖက်လူ၏ယောက္ခမအိမ်သို့ လိုက်သွားခဲ့သည်။

ထိုသို့  သွားနေသည့်လမ်း၌  ချန်ဝမ်က လင်းရန်အား ယနေ့အခြေအနေအကြောင်း ပြောပြခဲ့သည်။

“ရှောင်လင်း၊ ဒီနေ့ လူနှစ်ယောက် ပိုလာနိုင်တယ်နော်၊ ဒါပေမဲ့ မင်းရဲ့အစားအသောက်ကတော့ လုံလောက်မှာပါ၊ ထမင်းတော့ နည်းနည်းပိုချက်ဖို့ လိုလိမ့်မယ်”

လူနှစ်ယောက်ပိုလာသည်မှာ

ပြဿနာကြီးကြီးမားမားမရှိသည်ဖြစ်၍ လင်းရန်က ချက်ချင်းပင် ခေါင်းညိတ်ကာ အဆင်ပြေကြောင်းပြောလိုက်သည်။

မကြာမီ သူမ သွားရမည့် အိမ်သို့ ရောက်လာခဲ့လေသည်။

သူမ၏ အရှေ့မှ အိမ်ကို မြင်လိုက်ရသည့်အခါတွင် လင်းရန် ရုတ်တရက် အလွန် ရင်းနှီးသကဲ့သို့ ခံစားလိုက်ရသည်။

ဤလမ်း၏ နောက်လမ်းသည်က သူမ၏ဒေါ်လေးဖြစ်သူ လင်းကျန်းဖူ  နေခဲ့သည့်နေရာ ဖြစ်ပုံရသည်။

ချန်ဝမ်၏ ယောက္ခမအိမ်လိပ်စာက

သူမ၏ဒေါ်လေး ယခင်က နေခဲ့သည့်နေရာနှင့် ဤမျှလောက်နီးကပ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သူမ ထိုအကြောင်းနှင့်ပတ်သက်၍

များစွာ မစဥ်းစားတော့ပေ။

သို့သော် ချန်ဝမ်မှ ထပ်၍ရောက်လာမည့် လူပိုနှစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ပြောပြခဲ့သည့်အချိန်၌မူ လင်းရန်၏ရင်ထဲ၌ ရုတ်တရက် မကောင်းသည့်ခံစားမှုတစ်ခု ဝင်လာခဲ့သည်။

“ အစတုန်းက ဒီလူနှစ်ယောက်ကို ခေါ်ဖို့ တကယ်အစီအစဉ်မရှိပါဘူး၊ ဒါပေမဲ့ သူတို့က အရင်တုန်းကအိမ်နီးချင်းဟောင်းလေ၊ သူတို့က အဲဒီအိမ်ကို သူတို့ချွေးမကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပေးခဲ့တာ၊

သူတို့တွေက ခုတလောမှ ပြန်ပြောင်းလာခဲ့တာ၊ အိမ်နီးချင်းဟောင်းတွေကို ဒီလောက်နှစ်တွေအများကြီး မတွေ့ရသေးဘူးဆိုပြီး တွေးလိုက်မိလို့လေ၊

ဒါ့အပြင် သူတို့က ငါ့ရဲ့ယောက္ခမဆီကို ငါမရှိခင်  လက်ဆောင်တွေယူပြီး ကိုယ်တိုင်လာကြတာဆိုတော့ ငါ့အတွက်လည်း ငြင်းဖို့က သိပ်ပြီး အဆင်မပြေတဲ့အတွက်ကြောင့် ခေါ်လိုက်ရတာပါ”

သို့သော် အမှန်တကယ်တွင်  သူတို့သည်က နှစ်ပေါင်းများစွာ အဆက်အသွယ်မရှိကြပေ။

ထို့အပြင် သူတို့မိသားစုသည် ယနေ့၌ အပြင်လူများကို မဖိတ်ကြားဘဲ သူတို့မိသားစုသက်သက်သာ စားသောက်ရန် စီစဉ်ထားကြခြင်းဖြစ်သည်။

ထိုအိမ်နီးချင်းလူနှစ်ဦးသည်က ရုတ်တရက် သူတို့ထံသို့ဧည့်သည်လုပ်ရန်အတွက် လာချင်နေခဲ့ကြသည်။ ထို့အပြင် လက်ဆောင်များကလည်း ပေါများသည့်အတွက် ချန်၀မ်တို့  တစ်အိမ်လုံးမှာ အနည်းငယ်

စိတ်မသက်သာဖြစ်ကာ မည်သို့ လုပ်ရမည်မှန်းမသိ ဖြစ်ခဲ့ကြသည်။

လင်းရန်တစ်ယောက် ထိုစကားကိုကြားသည့်အခါ ခဏတာမျှ မှင်တက်သွားခဲ့သည်။ ထိုအိမ်နီးချင်းဟောင်း၏  အကြောင်းအရာများသည် အဘယ်ကြောင့် သူမ ရင်းနှီးနေရသနည်း။

သို့သော်လည်း ချန်ဝမ်က ပေါ့ပေါ့ပါးပါး ညည်းညူရုံသာဖြစ်ပြီး သူ၏အိမ်နီးချင်းဟောင်းအပေါ် မည်သို့ ခံစားချက်ရှိမှန်း မပြောနိုင်သည်ကို သူမ တွေ့ရသည့်အတွက် ထပ်၍ မမေးတော့ပေ။

သူမ ဒေါ်လေး၏ ယောက္ခမများကို တစ်ခါမျှ မတွေ့ဖူးသော်လည်း သူတို့အိမ်ထဲရောက်သည့်အခါ သူတို့၏  မျိုးရိုးနာမည်ကို ကြားနိုင်ပေလိမ့်မည်။

ထိုမျိုးရိုးနာမည်များသာ

တိုက်ဆိုင်နေသည်ဆိုပါက  သူမဒေါ်လေး၏ ယောက္ခမများ ဖြစ်ကြောင်း သိရပေလိမ့်မည်။

အပိုဝင်ငွေရှာရန် ထွက်လာစဥ်က ဤကဲ့သို့သော ကိစ္စမျိုး ကြုံရလိမ့်မည်ဟု သူမလုံးလုံးလျားလျားပင်

မမျှော်လင့်ထားခဲ့ပေ။

လင်းရန်မှာ သူမ၏ကံကို  အမှန်တကယ်ပင် အံ့အားသင့်မိသည်။

သူမဒေါ်လေး၏  ယောက္ခမဟောင်းများနှင့် တွေ့ရသည်မှာ  ကံမကောင်းဟု  ခံစားရသော်လည်း သူမ၏စိတ်ပိုင်းဆိုင်ရာအခြေအနေကို အလျင်မြန်ဆုံး ချိန်ညှိကာ  သူမ၏အလုပ်ကို အာရုံစိုက်ကာ တက်ကြွစွာ  လုပ်မည်ဟု ဆုံးဖြတ်ခဲ့သည်။

ချန်ဝမ်၏  ယောက္ခမအိမ်ထဲသို့  ဝင်ရောက်ပြီးသည့်နောက်၌ ချန်ဝမ်၏ ယောက္ခမမိသားစု အခြေအနေမှာ  အမှန်တကယ်ကောင်းသည်ကို လင်းရန် သဘောပေါက်သွားသည်။

ခြံပြင်ပမှကြည့်လျှင် အခြားသူများ၏ အိမ်နှင့် ဆင်တူသည်ဟု

ခံစားရသော်လည်း  အတွင်းသို့

ဝင်လာပြီးသည့်နောက်၌ ခြံပြင်ပမှ မြင်ရသည့် ပုံစံနှင့် လုံးလုံးလျားလျားပင် ကွဲပြားခြားနားကြောင်း မြင်နိုင်ပေသည်။

ခြံ၀န်းသည်က အလွန်ကျယ်ပြီးအနည်းဆုံး အိမ်လေးငါးလုံး တန်းစီရှိကာ ခြံအလယ်၌ ဧရိယာကျယ်သည့် နေရာလွတ်တစ်ခုရှိသည်။

အလယ်တွင်မူ  သစ်သားပြဿဒ်ငယ်တစ်ခုရှိသည်။

ခြံနံရံပတ်ပတ်လည်၌ ဟင်းသီးဟင်းရွက်များစွာ စိုက်ပျိုးထားပြီး ခြံထောင့်နေရာများ၌

အိုးနှင့်စိုက်ထားသည့် အပင်လေးများလည်း ရှိသည်။

ဤကဲ့သို့ခေတ်ကာလတွင် ပန်းပင်များကိုပင် အိုးဖြင့် တယုတယ စိုက်ပျိုးထားသည့်သူများမှာ ဘက်ပေါင်းစုံမှ ကောင်းမွန်သော လူနေမှုအခြေအနေရှိသည့် မိသားစုများဖြစ်ကြောင်း  သိသာပေသည်။

ထို့ကြောင့် နှစ်ပေါင်းများစွာ မတွေ့ရသေးသည့် အိမ်နီးချင်းဟောင်းများသည် ဤအိမ်ပိုင်ရှင်၏မွေးနေ့ဟု ကြားသည့်အခါ၌ အပြေးအလွှား လာကြသည်မှာ  မထူးဆန်းပေ။

လင်းရန်က ဤမိသားစု၏ နောက်ခံအခြေနေကို အတော်လေးပင် နားလည်သွားသည်။

“ရှောင်လင်း၊ ဒီကိုလာ၊ မင်းကို မီးဖိုချောင်ကို ခေါ်သွားပေးမယ်၊ မင်းအရင်ဆုံး လုပ်စရာရှိတာလုပ်နေလိုက်နော်၊ တကယ်လို့ တစ်ယောက်တည်း လုပ်ရတာ မနိုင်ရင်  ငါ့ကို ခေါ်လိုက်လို့ရတယ်”

All Chapters