← Chapters

အခန်း (၁၄၀)

Vol. 14 Ch. 140

အခန်း (၁၄၀)

Vol. 14 Ch. 140

ချန်ဝမ်သည်က မည်သည့်အခါကမှ ချက်ပြုတ်သည်ကို မသင်ခဲ့ဖူးသော်ငြားလည်း ယနေ့တွင် သူ၏ယောက္ခမအတွက် အရသာရှိသည့် မွေးနေ့ညစာကို ကျွေးနိုင်ရန်  သူတတ်နိုင်သမျှ ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။

သို့‌သော် လင်းရန်က ဤသို့ ပြန်၍  ပြောလိုက်လေသည်။

“မလိုပါဘူး၊ ကျွန်မတစ်ယောက်တည်း လုပ်နိုင်ပါတယ်၊ ဦးလေးချန်ရဲ့ အလုပ်သာ သွားလုပ်ပါ၊ ကျွန်မ မီးဖိုချောင်ထဲမှာ အရင် ပြင်ဆင်လိုက်ပါ့မယ်”

ယခုအချိန်သည်  မနက်ကိုးနာရီသာ ရှိသေးသည်။ နေ့လည်စာ စားပွဲစတင်ရန်အတွက် သုံးနာရီခန့် လိုသေးပေသည်။ ထိုသုံးနာရီသည်ကား အချိန်များစွာ ကျန်သေးသည်ဟု ထင်ရသော်လည်း ဟင်းလျာချက်ရန်သည်လည်း အချိန်ယူရသည်။

ကံအားလျော်စွာဖြင့်

ယမန်နေ့ကညနေ သူမ အိမ်၌ရှိစဥ်က  အသားအဆီအနှစ်များကို ပြင်ဆင်ထားပြီးသားဖြစ်ကာ အမဲသားနှင့် ကြက်ကင်များကို တစ်ဝက်ပြီးစီးသည့်အခြေနေအဖြစ် ပြုပြင်ထားပြီးဖြစ်သည့်အတွက် ယခု  နောက်ဆုံးအဆင့် ချက်ပြုတ်ရန် နာရီဝက်ခန့်သာ အချိန်လိုအပ်တော့သည်။

မီးဖိုချောင်ထဲသို့ ရောက်သည့်အခါ၌ လင်းရန်က အလေးအနက်စူးစိုက်ကာအလုပ်လုပ်တော့သည်။ သူမသည်က ယနေ့အတွက် ဟင်းလျာများကို ချန်ဝမ်နှင့် ကြိုတင်ညှိနှိုင်းပြီးသား ဖြစ်သည်။

စုစုပေါင်း ဟင်းလျား ရှစ်မျိုး ပြင်ဆင်မည် ဖြစ်ပြီး ကြက်၊ ဘဲ၊ ငါး၊ ဝက်သားနှင့် အမဲသား စသည့် အသားဟင်းလျာ ငါးမျိုး၊ ကြက်သားဟင်းချိုနှင့်ဟင်းသီးဟင်းရွက်ဟင်း နှစ်မျိုး တို့ ဖြစ်ပေသည်။

ဤမျှများပြားသည့်အစားအသောက်များကို စားသောက်နိုင်သည်မှာ  နောက်ပိုင်းခေတ်၌ သာမန်မိသားစုတစ်စုအတွက်ပင် ကောင်းမွန်သည်ဟု သတ်မှတ်နိုင်သည်ဖြစ်၍ ဤခေတ်တွင်  အလွန်အမင်းကောင်းမွန်သည်ဟု ဆိုရပေမည်။

လင်းရန်က ကြိုတင်နှပ်ထားသည့် အမဲသားတစ်ဝက်ကျော်ကို သေချာစွာ ပြန်၍ နှပ်နေစဥ် နှပ်ထားသည့် အသား၏မွှေးရနံ့သည်

မီးဖိုချောင်ပြတင်းပေါက်မှ တဆင့် ထွက်လာပြီး ခြံ၀န်းတစ်ခုလုံး မွှေးကြိုင်သွားခဲ့သည်။

ဧည့်ခန်းထဲ၌ ချန်ဝမ်နှင့်သူ၏ဇနီးတို့က ယောက္ခမဘက်မှ ယနေ့လာရောက်ကြသည့် ဆွေမျိုးများကို

ဧည့်ခံနေကြသည်။

ဆွေမျိုးများမှာ များများစားစားမရှိပေ။

ဆယ်ယောက်ကျော်မျှသာ ရှိပြီး  သူတို့သည်က ဤမိသားစု၏ အရင်းအချာများ ဖြစ်ပေသည်။

သူ၏ယောက္ခမ သားသမီးများအပြင်

သူ၏ညီအစ်ကိုနှစ်ယောက်ပါ ရှိသည်ဖြစ်၍ ရခဲလှသော မိသားစုပြန်လည်ဆုံဆည်းသည့် အခွင့်အရေးသာဖြစ်သည်။

သူတို့မိသားစုအားလုံးက ယခုအချိန်တွင် ဝိုင်း၍ ထိုင်ကာ ရယ်မောပြောဆိုနေခဲ့ကြသည်။

“ ဒီအနံ့က ဘာအနံ့လဲ? အရမ်းမွှေးတာပဲ၊ ဘယ်သူချက်နေတာလဲ?”

ချန်ဝမ်၏ ယောက္ခမအမည်မှာ လီ ဖြစ်သည်။

သူသည်က ယခုနှစ်တွင် အသက်ခြောက်ဆယ်ရှိပြီဖြစ်သော်လည်း

အစားအသောက်ကောင်းများကြိုက်ဆဲပင်ဖြစ်ပြီး အထူးသဖြင့် အစားအစာကောင်းကြိုက်တတ်သည်။

ထို့ကြောင့် တစ်စက္ကန့်အလိုက

သူ၏သားသမီးနှင့် စကားပြောကာ ပျော်ရွှင်နေသော်လည်း အမဲသားနှပ်၏ မွှေးရနံ့ကိုရလိုက်ပြီးသည့်နောက်၌ သူ၏သမီးနှင့် သားမက်ကို အံ့သြတကြီး မျက်နှာနှင့် ကြည့်ကာ မေးလိုက်သည်။

သူ၏ သမီးနှင့် သားမက်သည်

ယခုတစ်ကြိမ် သူ၏ မွေးနေ့အတွက် အံ့အားသင့်ဖွယ်ရာ တစ်ခု ပြင်ဆင်ထားသည်ဟု ပြောခဲ့ကြသည်။

ဤအစားအစာသာ သူတို့ပြောသည့် အံ့အားသင့်ဖွယ်ရာဖြစ်မည်ဆိုလျှင် သူ အတော်လေးပင် ကျေနပ်မိပေလိမ့်မည်။

ချန်ဝမ်၏ဇနီးက သူမ၏ဖခင်မှ ဟင်းလျာအနံ့အားကျေနပ်နေသည်ကို မြင်ရသည့်အခါ သက်ပြင်းချလိုက်သည်။

အမှန်တကယ်တွင် ချန်ဝမ်မှ သူမအား သူတို့၏ ကွန်မြူနတီ စားဖိုဆောင်မှ လင်းရန်ကို လာ၍ချက်ပြုတ်ပေးစေရန်  အကြံပြုစဉ်က သူမအနည်းငယ်တွေဝေခဲ့သည်။

ချန်ဝမ်က စားဖိုဆောင်တွင်ချန်ထားခဲ့သည့် အစားအသောက်များကို စားပြီး အရသာအတော်ပင် ကောင်းသည်ဟု ထင်ကြောင်းပြောပြခဲ့ပြီးနောက်၌ပင်လျှင် လင်းရန်အား အချက်အပြုတ်အတွက် ခေါ်ယူရန်

သူမ မဆုံးဖြတ်ရဲခဲ့ပေ။

ယနေ့ခေတ်တွင် စားသောက်ဆိုင်သို့ သွားရခြင်းမှာ အရသာရှိသည့်အစားအသောက်များ စားရန်အပြင် အခြားအကြောင်းပြချက်တစ်ခု ရှိသေးသည်။

ထိုအကြောင်းပြချက်မှာ စားသောက်ဆိုင်သွားပြီး မျက်နှာရရန်ပင်ဖြစ်သည်။

ပိတ်ရက်များ သို့မဟုတ် မွေးနေ့များ၌ မိသားစုအား

အပြင်ခေါ်သွားကာ စားသောက်သည်ကအသိုင်းအဝိုင်းများကြားတွင် မျက်နှာရှိသည့်ကိစ္စပင်ဖြစ်သည်။

သို့သော်  သူတို့မိသားစုသည်က ထိုကဲ့သို့ မျက်နှာရရန်အတွက်နှင့် ထိုကိစ္စကို အသေးစိတ်ပြောနေရန်

မလိုအပ်ပေ။

ထို့ကြောင့် လင်းရန်၏ အချက်ပြုတ် စွမ်းရည်များသည်က ပြောင်းလဲမည် မဟုတ်ဟု ချန်ဝမ်မှ အကြိမ်များစွာ အတည်ပြုပြီးသည့်နောက်မှာသာ သူမက ချန်ဝမ်၏ အကြံပြုချက်ကို နောက်ဆုံး၌  သဘောတူခဲ့သည်။

မွေးနေ့ရောက်ရန်အတွက် အချိန် ပို၍ နီးကပ်လာလေလေ၊ သူမသည်က ပို၍ စိတ်မသက်မသာခံစားရလေပင်ဖြစ်နေခဲ့ရသည်။

အရေးကြီးသည့်အချိန်၌  လင်းရန်သာ အမှားအယွင်း တစ်စုံတရာ လုပ်မိပါက  သူမဖခင်၏ အသက်ခြောက်ဆယ်ပြည့်မွေးနေ့ ပျက်စီးသွားမည်ကို သူမ စိုးရိမ်နေခဲ့သည်။

ကံကောင်းစွာဖြင့် လင်းရန်သည်ကား သူမ မျှော်မှန်းထားသည်ထက် အဆပေါင်းများစွာ ကောင်းမွန်နေကာ

အတော်လေးပင် စိတ်ချရနေခဲ့သည်။

ဤဟင်းလျာအနံ့ကို ရလိုက်ရုံနှင့်တင် သူမဖခင်မှာ ဆွဲဆောင်ခံလိုက်ရပေပြီ မဟုတ်ပါလား။‌  လင်းရန်အား

ခေါ်လာတဲ့သည့်သူ အနေဖြင့်

ချန်ဝမ်ကလည်း ယခုအချိန်တွင်

မနေနိုင်စွာဖြင့်သူ၏ယောက္ခမကို ပြုံးပြကာ အလျင်အမြန်ပြန်၍ ဖြေဆိုလိုက်သည်။

“အဖေ့ကို အံ့အားသင့်စရာလို့ ပြောထားတယ်လေ၊  ဒါကို အဖေ့အတွက် အံ့အားသင့်စရာလို့  ပြောလို့မရသေးပါဘူး၊ အစားအသောက်တွေ ရပြီဆိုရင် ဒါတွေက  ဘယ်သူချက်တာလဲ ဘယ်လောက်ထိ ကောင်းမွန်တာလဲဆိုတာကို အဖေသိပါလိမ့်မယ်”

အဖေလီက ဤသည်ကို ကြားသည့်အခါတွင် ချန်ဝမ်အား ပြုံး၍  ကြည့်လိုက်ရုံမျှသာ တတ်နိုင်ခဲ့သည်။

“ကောင်းပြီလေ၊ ဒါဆိုလည်း ငါ ဒီမှာစောင့်နေမယ်”

ဤအံ့အားသင့်စရာသည်က

မည်မျှလောက်အထိ အံ့အားသင့်ဖွယ် ကောင်းကြောင်းကို သူ ကြည့်လိုသည်။ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ မီးဖိုချောင်မှ  မွှေးရနံ့အမျိုးမျိုးတိာ့သည်လည်း ဆက်တိုက်ပင်

ထွက်လာသည်။

အဖေလီမှာ နေရာ၌ငြိမ်သက်စွာ ထိုင်နေနိုင်သေးသော်လည်း မီးဖိုချောင်သို့ အမှန်တကယ်ပင် အပြေးအလွှား သွားချင်ခဲ့သည်။

ထိုအချိန်၌ တံခါးခေါက်သံသည်က  သူ့၏ မီးဖိုချောင်အတွင်းသို့ ဝင်သွားလိုစိတ်ကို  အချိန်မီရပ်တန့်သွားစေခဲ့သည်။

“ကျွန်တော် တံခါးသွားဖွင့်လိုက်ပါ့မယ်!”

ချန်ဝမ်သည်ကား သားမက်ကောင်းတစ်ယောက်ဖြစ်ပြီး အလွန်ပင်  လိမ္မာပါးနပ်သူဖြစ်သည်။

တံခါးခေါက်သံကြားသည်နှင့်တစ်ပြိုင်နက် သူကတံခါးဖွင့်ရန် အလျင်အမြန်သွားခဲ့သည်။

ထိုအချိန်တွင် လင်းရန်၏ဖခင် လင်းကျန်းအန်း ရောက်လာခြင်းသာ ဖြစ်လိမ့်မည်ဟု ချန်၀မ် ထင်ထားခဲ့သည်။ သိုံသော်လည်း သူတံခါးဖွင့်လိုက်သည့်အခါ လော်ရှင်းဝမ်တို့ ဇနီးမောင်နှံကို မြင်လိုက်ရသည့်အတွက် အချိန်ခဏတာမျှ မှင်တက်သွားခဲ့ပြီးမှသာ ပြန်၍ ပြုံးပြလိုက်သည်။

“ဦးလေးလော်၊ ခင်ဗျားတို့ ရောက်လာကြပြီပေါ့”

“အင်းလေ၊ မင်းအဖေရဲ့မွေးနေ့က ဒီလောက်ကြီးမားတဲ့ကိစ္စပဲကို ၊ ငါတို့လာပြီး ဂုဏ်မပြုလို့ ဘယ်ဖြစ်ပါ့မလဲ၊ ဒါနဲ့ မင်းရဲ့အဖေ ဘယ်မှာလဲ၊

သူ အရက်ကြိုက်တာကို ငါမှတ်မိပါသေးတယ်၊

ဒါက ငါ ခရိုင်က လူတစ်ယောက်ကို ခိုင်းပြီး အထူးတလည် မြို့ကနေ သယ်လာတဲ့ ဝိုင်ကောင်းတွေပဲ၊ မြန်မြန်ယူသွားပြီး သူ့ကို မြည်းစမ်းခိုင်းလိုက်ပါဦး!”

ထိုသို့  ပြောပြီးသည်နှင့် လော်ရှင်းဝမ်က သူ၏လက်ထဲမှ ဝိုင်ကို ချန်ဝမ်အား ပေးလိုက်သည်။

ချန်ဝမ်၏ယောက္ခမအား ဆရာဝန်က

အရက်သိပ်မသောက်ရန် လွန်ခဲ့သည့်ရက်အနည်းငယ်က သတိပေးထားခဲ့ခြင်းဖြစ်ပြီး သူတို့မိသားစုသည်ကား သူ၏ယောက္ခမအား အရက်သောက်နားရန် လွန်စွာကြိုးစားလုပ်ယူခဲ့ရသည်။

သို့သော်  ယခု လော်ရှင်းဝမ်မှ ဝိုင်ပုလင်းကြီးတစ်လုံးကို ယူလာသည့်အခါ ချန်၀မ်တစ်ယောက် သူ၏အပြုံးကို တည်တံ့နိုင်စေရန်အတွက် မနည်းထိန်းထားလိုက်ရသည်။

ဤလူများသည်က သူ၏ယောက္ခမအား စေတနာနှင့် ပေးခြင်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

သို့သော် ယခုသည်ကား ဤစေတနာကို လက်ခံရန်အတွက် အဆင်မပြေသည့်အချိန် ဖြစ်နေပေသည်။

သို့သော် ချန်၀မ်က ပြုံးပြကာ ပြောလိုက်သည်။

“အဖေက ဧည့်ခန်းထဲမှာ ထိုင်နေပါတယ်၊ ဦးလေးလော်၊ ခင်ဗျားအရင်သွားလိုက်ပါ၊

ဒီဝိုင်ကို ကျွန်တော့်ကို ပေးလိုက်လေ၊

ကျွန်တော်ယူပြီး အရင်သိမ်းထားလိုက်ပါ့မယ်”

ဤဝိုင်ပုလင်းကိုသာ သူ၏ ယောက္ခမ မ မြင်သွားပါက အရက်သောက်ရန်အတွက် စိတ်ပါ၀င်စားလာတော့မည်ဖြစ်ကာ ငြင်းဆန်၍  ရနိုင်လိမ့်မည်မဟုတ်ပေ။

သို့သော်  ချန်၀မ်မှ ဝိုင်ပုလင်းကိုယူရန်လက်ကို ဆန့်တန်းလိုက်သည်နှင့် လော်ရှင်း၀မ်က ဝိုင်ပုလင်းအား ပြန်၍သိမ်းကာ ပြောလိုက်သည်။

“ရပါတယ်၊ ဒီဝိုင်ပုလင်းက မလေးပါဘူး၊ ဦးလေးကိုယ်တိုင် သယ်သွားလို့ရပါတယ်”

လော်ရှင်း၀မ်၏ဇနီ ကလည်း ပြုံးပြကာ  ထပ်ပေါင်း၍ ပြောလိုက်သည်။

-“ဟုတ်တယ်၊ ရှောင်ချန်၊ ဒေါ်လေးတို့ အရင်က ဒီခြံကို မကြာခဏလာဖူးတယ်၊  လမ်းပျောက်မှာကို စိုးရိမ်မနေပါနဲ့နော်”

ထိုသို့ ပြောပြီးသည်နှင့် လော်ဇနီးမောင်နှံနှစ်ဦးသည်ကား ဝိုင်ပုလင်းကို တင်းတင်းဆုပ်ကိုင်ရင်း ဧည့်ခန်းဘက်သို့ လျှောက်သွားခဲ့ကြသည်။

ဤဝိုင်ကို ရရှိရန်အတွက် သူ

များစွာ အားထုတ်ခဲ့ရသည်။ ထို့အတွက် ဤဝိာင်ပုလင်းကို မစ္စလီရှေ့၌ သေချာပေါက် ဝှေ့ယမ်းပြရမည်။

သို့မဟုတ်ပါက ဤဝိုင်သည် သူ့ထံမှ လက်ဆောင်မှန်း မည်သူမျှသိမည်မဟုတ်‌ပေ။

လီမိသားစုတစ်အိမ်လုံးက ညနေပိုင်း၌ မွေးနေ့ လက်ဆောင်များကို ရေတွက်ကြမည်ဖြစ်သော်လည်း မည်သူ့ဆီက လက်ဆောင်လဲဟူသည်ကိုတော့ညမေ့လျော့သွားခြင်းများ ရှိနိုင်ပေသည်။

သူ၏လက်ဆောင်ကိုသာ မတော်တဆ မေ့သွားခဲ့လျှင် သူ့အတွက် အကျိုးမရှိ ဖြစ်သွားပေလိမ့်မည်။

ထိုစိတ်ဖြင့် လော်ရှင်းဝမ်သည် ဝိုင်ပုလင်းအား အဘိုးလီထံသို့  သူကိုယ်တိုင် သယ်သွားရန် ဆုံးဖြတ်ချက်ချခဲ့သည်။

ချန်ဝမ်၏ အပြုံးသည်က မျက်နှာပေါ်၌ တောင့်ခဲစွာ ကျန်နေခဲ့သည်။သူ အခြားမည်သည်မှ မပြောနိုင်မီမှာပင် လော်မိသားစုသည်က ဝိုင်ပုလင်းကို သယ်ကာ သူ၏ယောက္ခမရှိသည့်

ဧည့်ခန်းဘက်သို့ အပြေးအလွှားသွားနေသည်ကို ချန်၀မ်မြင်လိုက်ရသည်။

သူတို့၏ ခြေလှမ်းများမှာ အလွန်မြန်နေပြီး နောက်မှလူများ သူတို့အား  မှီလာမည်ကို ကြောက်ရွံ့နေသကဲ့သို့ ဖြစ်နေခဲ့သည်။

ချန်ဝမ်တစ်ယောက် ၎င်းကိုကြည့်ကာ  ကျိန်ဆဲချင်စိတ် ပေါက်သွားခဲ့သည်။

သူ အပြေးအလွှားပြေးသွားကာ

သူ၏ယောက္ခမကို ထိုနေရာ၌  ဝိုင်ပုလင်းမဖွင့်မိအောင် တားဆီးရန် ကြိုးစားနေစဥ်မှာပင် အခြားလူတစ်ဦးက တံခါးဝသို့ ရောက်လာပြန်သည်။

“ရဲဘော်ချန်လား?”

ချန်ဝမ်လှည့်ကြည့်လိုက်ချိန်တွင်

ရောက်လာသည့်သူမှာ လင်းကျန်းအန်းဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ အလျင်အမြန်ပြောလိုက်သည်။

“ဟုတ်ပါတယ်၊ ရှောင်လင်းက မီးဖိုချောင်ထဲမှာပါ၊ ကျွန်တော် ခင်ဗျားကို ခေါ်သွား‌ပေးပါ့မယ်”

ချန်၀မ်သည်က လော်ဇနီးမောင်နှံအား လျငိမြန်စွာ တားဆီးလိုခဲ့သည်။

သို့သော် ချက်ပြုတ်ခြင်းသည်လည်း

အရေးကြီးသည့်ကိစ္စဖြစ်၍ သူ့အနေဖြင့် လင်းကျန်းအန်းကို မီးဖိုချောင်သို့ အလျင်အမြန်ခေါ်သွားကာ  လင်းရန်နဲ့အတူ လုပ်ကိုင်နေစေခဲ့ရသည်။

လော်မိသားစု၏ ဝိုင်ပုလင်းအပေါ်သို့ စိတ်ရောက်နေသည့်အတွက်ကြောင့် ချန်ဝမ်ျစ်ယောက် လင်းကျန်းအန်းအား မီးဖိုချောင်သို့ ခေါ်သွားပြီးသည်နှင့် တစ်ပြိုင်နက် အလျင်လိုပြီး အလွန်စိုးရိမ်နေသည့်ပုံစံဖြင့်  လှည့်ထွက်သွားခဲ့သည်။

*

All Chapters