← Chapters

အခန်း (၁၄၁)

Vol. 15 Ch. 141

အခန်း (၁၄၁)

Vol. 15 Ch. 141

ချန်၀မ်၏ အမူအရာကို လင်းကျန်းအန်း တွေ့သော်လည်း များစွာ မစဥ်းစားခဲ့ပေ။ ယနေ့သည်က မွေးနေ့ပွဲဖြစ်၍ အိမ်၌ အမျိုးမျိုးသော ကိစ္စများဖြင့် အလုပ်များနေ၍သာ ဖြစ်လိမ့်မည်ဟု သူထင်ခဲ့သည်။

လင်းကျန်းအန်းက မီးဖိုချောင်ကိုသွားပြီးသည့်‌နောက်၌ လင်းရန်အား မည်သည်များ ကူညီရန် လိုအပ်သနည်းဟု မေးလိုက်လေ၏။

လင်းရန် အနည်းငယ် စဥ်းစားလိုက်သော်လည်း ငြင်းဆန်ခြင်းမပြုခဲ့ပေ။

သူမက လင်းကျန်းအန်းအား လုပ်ရလွယ်ကူပြီး အလုပ်မရှုပ်သည့် အလုပ်အချို့ကို ကူညီစေလိုက်သည်။

ဖခင်နှင့်သမီး မီးဖိုချောင်၌

အတူတူအလုပ်လုပ်နေကြသည့်အချိန်၌ ဧည့်ခန်းထဲတွင်

လော်မိသားစုသည်က သူတို့ယူလာသည့် ဝိုင်ပုလင်းအား အဘိုးလီကို အဖိုးတန် ရတနာတစ်ခုကဲ့သို့ပေးခဲ့ကြလေပြီ။

အဘိုးလီသည်ကား  ယခုရက်ပိုင်းအတွင်း မိသားစုဝင်များ၏ ကြီးကြပ်မှုအောက်၌ ရှိနေသည့်အတွက် အရက် အနည်းငယ်မျှပင် မသောက်ခဲ့ရပေ။

သားသမီးများက သူ၏ကျန်းမာရေးအတွက် ဤကဲ့သို့ အရက်မသောက်မခိုင်းသည်ကို သိသော်ငြားလည်း မသောက်ရ မနေနိုင်ဘဲ ဖြစ်နေခဲ့သည်။

အိမ်တစ်အိမ်လုံးကို ရှာဖွေခဲ့သော်လည်း ဝိုင်တစ်စက်မှ ရှာမတွေ့ခဲ့သည်မှာ သူ့အတွက် ဝမ်းနည်းဖွယ်ကောင်းလှသည်။

ယခုအကြိမ် သူ့၏အသက်ခြောက်ဆယ်ပြည့်မွေးနေ့၌  စားပွဲပေါ်တွင်  ဝိုင်ရှိမည်မဟုတ်ဟု တွေးထင်ခဲ့ပြီး  သူ၏ရင်ထဲ၌  ပုရွက်ဆိတ်များ တကိုက်နေသကဲ့သို့ ခံစားရသော်လည်း

မတောင်းရဲခဲ့ပေ။

ထို့ကြောင့် ယနေ့  သူအရက်သောက်ရတော့မည် မဟုတ်ဟု ထင်နေစဉ်မှာပင် လော်ရှင်းဝမ်မှ သူ့အား ဝိုင်တစ်ပုလင်းကို  မမျှော်လင့်ဘဲ ယူလာပေးခဲ့သည့်အတွက်ကြောင့်  သူအလွန်အမင်းပင် ပျော်ရွှင်သွားခဲ့သည်။

“အိုး၊ မင်းက လာမယ်ဆိုရင် ဒီအတိုင်း လာခဲ့လို့ရတာပဲ၊

ဘာလို့လက်ဆောင်တွေ ယူလာတာလဲ!”

လော်ရှင်းဝမ်သည်က အဘိုးလီ၏

မျက်နှာပြုံးရွှင်နေသည်ကို

မြင်လိုက်ရသည့်အခါ၌ သူ၏လက်ဆောင်မှာ

အဘိုးလီ၏ စိတ်နှလုံးထဲသို့  ရောက်သွားပြီဟု ခံစားလိုက်ရသည်။

သူ့တွင် ဤကဲ့သို့ ဥာဏ်ကြီးရှင် ဦးနှောက်ရှိသည့်အတွက်ကြောင့်လည်း သူ့ကိုယ်သူ အလွန်အမင်း ဂုဏ်ယူနေခဲ့သည်။

“အစ်ကိုလီက ပြောတော့မယ်၊ ကျွန်တော်တို့မိသားစုတွေက  နှစ်ပေါင်းများစွာ အိမ်နီးချင်းတွေဖြစ်ခဲ့တာလေ၊

ကျွန်တော်တို့ရဲ့ခင်မင်မှုကလဲ ကြာပြီမဟုတ်ဘူးလား၊ ခင်ဗျားရဲ့မွေးနေ့ ရှိနေသေးတာကို  ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး မလာဘဲ နေနိုင်မလဲ”

အဘိုးလီသည်က သူ့အတွက်

ဝိုင်အလုံအလောက်ရပြီဖြစ်၍ စကား

များစွာ မပြောတော့ပေ။

ဘေးနားမှ ချန်ဝမ်၏ဇနီးမှာမူ ဤသည်ကို ကြည့်‌နေရင်း အနည်းငယ် မပျော်မရွှင်ဖြစ်နေခဲ့သည်။

အထူးသဖြင့် သူမ၏ဖခင်သည်  ဝိုင်ပုလင်းအား ရတနာတစ်ခုကဲ့သို့ လက်ထဲ၌ ဆုပ်ကိုင်ထားသည်ကို မြင်ရသည့်အခါ သူ့ထံမှ ဝိုင်ပုလင်းအား လုယူလိုစိတ် ပေါက်သွားခဲ့သည်။

သူမ၏ ဖခင်အရက်စွဲနေသည်ကို  ဖျောက်ပစ်ရန် လွန်စွာ ကြိုးစားခဲ့ရသည်။ ယခုတော့ အလွယ်တကူ ပင် ပြန်၍ အရက်စွဲသွားပေတော့မည်။

လော်လင်ဇနီးမောင်နှံသည်က သူတို့၏ ရန်သူကဲ့သို့ပင်ဖြစ်နေသည်။

ယနေ့ ထမင်းစားပွဲသည်ကား

သူတို့မိသားစုသာ စားသောက်ရန်

ရည်ရွယ်ထားခြင်းဖြစ်ပြီး လော်မိသားစုအား သူမအနေဖြင့် မမြင်လိုပေ။

သို့သော် လော်မိသားစုသည်က  မဖြစ်မနေပင် လာရောက်ခဲ့ကြပြီး ယခု ဝိုင်ပုလင်းပါ ယူလာသည့်အတွက်

သူမ ပို၍ပင် လော်မိသားစုအား မြင်မလိုတော့ပေ။

ထို့အပြင် ဤကဲ့သို့ “အိမ်နီးချင်းဟောင်း” ဟုပြောသော်လည်း လမ်းကြားတစ်လမ်း ခြားနေသေးပြီး

သူတို့မိသားစုနှင့် ဆယ်နှစ်နီးပါးခန့်  အဆက်အသွယ်မရှိသည့်အတွက်  သူတို့ကြား၌ နက်ရှိုင်းသည့် ခံစားချက်မရှိပေ။

သူမ အနေဖြင့်  ပြောရမည်ဆိုလျှင်  ဤလော်ဇနီးမောင်နှံသည်  သူမ၏ ဖခင်အား မျက်နှာချိုသွေးရန် လာခြင်းသာ ဖြစ်သည်ဟု သူမခံစားရသည်။

အဘယ်ကြောင့်ဆိုသော်  လော်ရှင်းဝမ် စျေးကွက်ရှာဖွေရေးနဲ့ကုန်သွယ်ရေးသမဝါယမ၏ ဒါရိုက်တာဖြစ်လာခဲ့သည့်အကြောင်းရင်းမှာ  သူမ ဖခင်အား

လာတွေ့ပြီးသည့်နောက် သူမ၏ ဖခင်ကို ပြဿနာများကို  အမျိုးမျိုးပြောပြပြီး သူ့ကိုယ်သူ လူကောင်းတစ်ယောက်ဖြစ်ကြောင်းကျိန်ဆိုခဲ့သည့်အတွက်ကြောင့်ပင်။

သူမ၏ဖခင်မှ လော်ရှင်းဝမ်အတွက် စကားအနည်းငယ်ပြောပေးကာ ကူညီခဲ့သည့်အတွက်ကြောင့် ကုန်သွယ်ရေးသမဝါယမ၏ ဒါရိုက်တာရာထူးကို ရခဲ့ခြင်းသာ ဖြစ်သည်။

သို့သော် လော်ရှင်းဝမ် ကုန်သွယ်ရေးသမဝါယမ၏ ဒါရိုက်တာဖြစ်ပြီး မကြာခင်မီမှာပင် သူတို့လင်မယားနှစ်ယောက်သည်က  ဤနေရာကို စွန့်ခွာကာ အခြားအိမ်သို့ ပြောင်းရွှေ့သွားခဲ့ကြသည်။

သူတို့ မြို့သည် မကြီးမားသည့်အတွက် အမှန်တကယ်သာ တွေ့လိုပါက နေ့တိုင်းပင် တွေ့၍ ရပေသည်။

သို့သော် နှစ်ပေါင်းများစွာအတွင်း လော်ရှင်းဝမ်နှင့်သူ၏ဇနီးတို့သည် သူမဖခင်အား လာမတွေ့ခဲ့ကြပေ။

ယခုတစ်ကြိမ်  သူတို့ရုတ်တရက် ရောက်လာသည်မှာ အကျိုးလို၍ ညောင်ရေလာလောင်းခြင်းသာ ဖြစ်လိမ့်မည်ဟု သူမ ခံစားခဲ့ရသည်။

သို့သော်  လော်ရှင်းဝမ်နှင့်သူ၏ဇနီးတို့၏ ရိုးသားဟန်ရှိသည့်

မျက်နှာများကို ကြည့်ရင်း သူမ အတွေးလွန်နေခြင်းသာ  ဖြစ်ပါစေဟု  မျှော်လင့်နေခဲ့သည်။

“ဖေဖေ၊ ဝိုင်ပုလင်းကို ကျွန်မဆီကိုပေးပါ၊ ကျွန်မ သိမ်းထားလိုက်ပါ့မယ်”

ချန်ဝမ်၏ဇနီးသည်က ထိုကဲ့သို့  စဥ်းစားလိုက်သော်လည်း မည်သို့ပင်ဖြစ်စေ သူမ၏ဖခင်အား  ဤကဲ့သို့  အရက်ပေးသောက်ခိုင်း၍ မရဟု တွေးမိခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ဖခင်အား ယခုတစ်ကြိမ် သောက်ခွင့်ပြုလိုက်ပါက နောက်ဆိုလျှင် အကြိမ်ပေါင်းများစွာ ဆက်၍ သောက်နေပေလိမ့်မည်။

ထို့ကြောင့် ယခုအကြိမ်ကတည်းက တားဆီးရမည်ဖြစ်သည်။

အဘိုးလီမှာ သူနှစ်သက်သည့် အရက်ကြောင့် ပျော်ရွှင်နေခဲ့သော်လည်း နောက်တစ်စက္ကန့်အကြာ၌ သမီးဖြစ်သူ၏ ဆန့်တန်းလာသည့် လက်များကို မြင်ရသည့်အခါ၌ ပျော်ရွှင်မှုမှာ  ရပ်တန့်သွားခဲ့ရတော့သည်။

“သမီး၊ ဒီနေ့က အဖေ့

အတွက် နေ့ကောင်းနေ့မြတ်မဟုတ်ဘူးလား၊ ဘာလို့ အဖေ့ကို  တစ်ခွက်လောက်တောင် မသောက်ခိုင်းရတာလဲ”

အဘိုးလီသည်က  သူ၏သမီးအား

ချော့မော့သည့် မျက်နှာနှင့် ကြည့်ကာ ပြောနေသော်လည်း သူ၏သမီးမှာ အေးတိအေးစက်ပင်ရှိနေခဲ့သည်။

“ဆရာဝန်က မသောက်ရဘူးပြောရင် သောက်လို့ မဖြစ်ဘူးလေ၊ အဖေ အဖေရဲ့ ကျန်းမာရေးကို ဂရုမစိုက်ဘူးဆိုရင်တော့ သောက်လို့ရတယ်”

သူ၏သမီးမှ  အလွန်လေးနက်စွာဖြင့်အတည်ပေါက်ပြောနေသည်ကို မြင်သည့်အခါ၌  အဘိုးလီသည်လည်း  ဝိုင်ပုလင်းအား သနားစရာကောင်းသည့်မျက်နှာဖြင့် သူ၏သမီးထံသို့ လွှဲပြောင်းပေးလိုက်ရတော့သည်။

သို့သော် သူပြန်၍ စဥ်းစားလိုက်သည့်အခါတွင် သူ၏သမီးသည်က သူ့ကျန်းမာရေးအတွက်

စဥ်းစားပေးသောကြောင့်သာ ဖြစ်သည့်အတွက် မည်သို့မှ မပြောတော့ပေ။

ချန်ဝမ်၏ဇနီးသည်က သူမ၏ဖခင် စကားနားထောင်သည်ကို မြင်ရသည့်အခါ များစွာပို၍သက်သောင့်သက်သာ ခံစားလိုက်ရသည်။

သူမက ဝိုင်ပုလင်းအား သူမတို့ ဇနီးမောင်နှံ၏ အခန်းထဲသို့ ယူသွားချိန်၌ ဧည့်ခန်းထဲတွင် အဘိုးလီနှင့် ဆွေမျိုးအနည်းငယ်၊ လော်ရှင်းဝမ်နှင့် သူ၏ဇနီးတို့သာ ကျန်နေခဲ့ကြသည်။

လော်ရှင်း၀မ်တို့ ဇနီးမောင်နှံမှာ  သူတို့ယူလာသည့်ဝိုင်ပုလင်းအား  ချန်ဝမ်၏ဇနီးမှ ယူသွားကာ သိမ်းထားသည်ကို  မြင်လိုက်ရသည့်အခါ

အနည်းငယ် စိတ်မချမ်းမသာဖြစ်သွားခဲ့ကြသည်။

သူတို့သည်ကား ဤဝိုင်ပုလင်းအား  များစွာကြိုးစားအားထုတ်ပြီးမှ ရလာခဲ့သော်လည်း မမျှော်လင့်ဘဲ

အဘိုးလီမှ တစ်ငုံပင် မသောက်ရသေးမီ၌ သူ၏သမီးက သူ့ထံမှ ယူသွားခဲ့သည်။

အဘယ်ကြောင့်နည်း။ သူတို့ပေးသည့် ဝိုင်ပုလင်းက  ရှက်စရာကောင်းလွန်းသည့်အတွက် တစ်ငုံပင်

သောက်ခွင့်မပြုသည်များလား။

ချန်ဝမ်၏ဇနီး ပြောခဲ့သည့်  “ဆရာဝန်မှ  မသောက်ခိုင်းတာ” ဟူသည့် စကားကိုမူ သူတို့နှစ်ယောက် ဂရုမစိုက်ခဲ့ကြပေ။

ဆရာဝန်အနေဖြင့်  လူနာ၏ကျန်းမာရေး ထိခိုက်စေမည့် မည်သည်အစားအ‌သောက်မှ

မသောက်မစားသည်ကို ဆန္ဒရှိမည်မှာ အမှန်ပင်ဖြစ်သည်။

သို့သော် ဤကဲ့သို့သော မွေးနေ့မျိုး၌  တစ်ငုံမျှသောက်ရုံနှင့် အမှန်တကယ်ကျန်းမာရေးထိခိုက်စေနိုင်သည်မှာ ယုံကြည်ရန် ခက်ခဲလှပေသည်။

ဤသည်မှာ အဓိပ္ပာယ်မရှိပေ။

သူတို့ဇနီး‌မောင်နှံနှစ်ဦးလုံး အနည်းငယ် စိတ်မချမ်းမသာဖြစ်နေကြသော်လည်း လီမိသားစု၏အိမ်ဖြစ်သည့်အတွက် ပြောရန် ခက်ခဲသည့်အတွက် သူတို့က အဘိုးလီ၏ ယခင်ရောဂါအကြောင်းကို မေးမြန်းသကဲ့သို့သာ ဟန်ဆောင်ခဲ့ကြသည်။

အဘိုးလီက  သူ၏လက်ကို ဝှေ့ယမ်းကာ ပြုံးပြရင်း ပြောလိုက်သည်။

“ပြင်းထန်တဲ့ရောဂါမဟုတ်ပါဘူး၊ အတော်လေး သက်သာသွားပါပြီ၊ အဲဒီကလေးမလေးက ငါ့ကို စိုးရိမ်နေတာ၊ ငါသက်သာလာရင် မင်းတို့ပေးတဲ့ဝိုင်ကို နည်းနည်းတော့ သောက်ရမှာပဲ!”

ထိုစကားမှာ  အတော်လေးပင်  နားထောင်၍ ကောင်းသည့်အတွက် လော်ရှင်းဝမ်လည်း စိတ်ခံစားမှု အနည်းငယ်ကောင်းလာခဲ့သည်။

ထို့ကြောင့် မည်သည်မှ မဖြစ်ပျက်ခဲ့သကဲ့သို့ ဟန်ဆောင်ကာ အဘိုးလီနှင့် ဆက်၍ စကားပြောနေခဲ့သည်။

အဘိုးလီမှ သူတို့အား

အဘယ်ကြောင့်  ရုတ်တရက်ပြန်၍

ပြောင်းလာကြသနည်းဟု  မေးလိုက်သည့်အခါ၌ လော်ရှင်းဝမ်၏မျက်နှာအမူအရာ ပြောင်းသွားကာရုတ်တရက် သက်ပြင်းချလိုက်သည်။

“ဒါက  မိသားစုရေးရာကိစ္စတွေကြောင့်ပါပဲ၊ ကျွန်တော်ပြောပြတာကိုလည်း ရယ်စရာတစ်ခုလို့ပဲ သဘောထားလိုက်ပါ”

ဤကိစ္စတွင်  လော်မိသားစု၏ အိမ်တွင်းရေးကိစ္စများပါ၀င်နေသည်ဟု ကြားသည်နှင့်တစ်ပြိုက်နက် အဘိုးလီမှာ စကားလမ်းကြောင်းပြောင်းပစ်ချင်ခဲ့သည်။

သူသည်ကား အသိတရားရှိပြီး

အခြားသူများ၏ မိသားစုရေးရာအတွင်းရေးကိစ္စများကို စပ်စုရန်  စိတ်မဝင်စားပေ။

သို့သော် သူစကားလမ်းကြောင်းမပြောင်းမီမှာပင် လော်ရှင်းဝမ်ကိုယ်တိုင်မှ အလွန်တက်ကြွစွာဖြင့် ပြောပြလာခဲ့သည်။ သူ၏ပြောပြချက်အရ လော့ရှင်းဝမ်နှင့်သူ၏ဇနီးတို့ ဤအိမ်သို့

ပြန်လာ၍ နေထိုင်ရသည့် အကြောင်းရင်းမှာ သူ၏သားနှင့်ချွေးမဖြစ်သူတို့ ကွာရှင်းခဲ့ကြ၍ဖြစ်ကြောင်းကို အဘိုးလီနှင့်ဘေးနားမှ လီမိသားစု၀င်များ သိလိုက်ရသည်။

မူလက သူတို့သည်က ဤအိမ်အား သူ၏သားနှင့်ချွေးမတို့ နေထိုင်ရန် ပေးထားခဲ့ခြင်းဖြစ်သည်။

အကြောင်းရင်းမှာ  ငယ်ရွယ်သည့် ဇနီးမောင်နှံနှစ်ဦးအား   သီးသန့်နေရာပေးကာ မျိုးဆက်နှစ်ခုကြား၌  ပဋိပက္ခများ မဖြစ်စေရန် ဖြစ်ပေသည်။

သူတို့သည်က သူတို့ချွေးမအား  များစွာ  နေရာပေးကာ အရေးတယူဆက်ဆံခဲ့ကြပြီး သူမအတွက် အလုပ်လည်း ရှာပေးခဲ့သည်။

ချွေးမဖြစ်သူသည်က ကျေးလက်ဒေသမှ လာသည်ကိုလည်း သူတို့ အထင်အမြင်သေးခြင်စမရှိဘဲ  ကောင်းမွန်စွာ ဆက်ဆံပေးခဲ့သည်။

သို့သော် နောက်ဆုံး၌ သူမသည်က သူတို့၏သားနှင့် ကွာရှင်းခဲ့လေသည်။

ထိုသို့ လော်ရှင်း၀မ်ပြောသည်ကို  ကြားပြီးသည့်နောက်၌ ဘေးနားမှ လီမိသားစုဝင်များက မနေနိုင်စွာဖြင့် စူးစမ်းကာ မေးလိုက်ကြသည်။

“သူတို့က ဘာလို့ ကွာရှင်းချင်ခဲ့ကြတာလဲ?”

သူတို့ကြားသည့်အတိုင်းဆိုလျှင်  လော်မိသားစုမီ သူတို့၏ချွေးမအား  အတော်လေးပင် ကောင်းမွန်စွာ ဆက်ဆံပုံရသည်။

အလုပ် ရှာပေးသည့်အပြင် နေထိုင်ရန် အိမ်ကိုလည်း အထူးစီစဥ်ပေးပြီး

လူငယ်ဇနီး‌မောင်နှံအတွက်

သီးသန့်နေရာလည်း ချန်ထားပေးသည်။

ဤကဲ့သို့သော ယောက္ခမမျိုးမှာ ရှားပါးလှပေသည်။

ဤကဲ့သို့ ကောင်းမွန်သည့် လော်မိသားစု၀င်ခင်ပွန်းတစ်ယောက်နှင့် လော်မိသားစု၏ချွေးမကို ကွာရှင်း‌စေခဲ့သည့် အဖြစ်အပျက်၊အကြောင်းရင်းကို လီမိသားစု၀င်များ နားမလည်နိုင်ခဲ့ကြပေ။

ထိုကိစ္စနှင့်ပတ်သက်၍ လော်ရှင်းဝမ်က သက်ပြင်းချကာ ပြောလိုက်သည်။

  “ဟင်း.....၊ ငါတို့လို အသက်ကြီးတဲ့လူအိုကြီး နှစ်ယောက်က သူတို့လို ကလေးနှစ်ယောက်အကြောင်းကို မေးရဲတာမဟုတ်ဘူးလေ၊ သူတို့‌တွေ ရေစက်မပါဘူးလို့ပဲ ဆိုရတော့မှာပေါ့”

လော်ရှင်းဝမ်သည်က ဤမျှ ပြောနေခဲ့သည်တိုင်အောင်ပင်  သူ၏ချွေးမ မကောင်းကြောင်းကို တစ်ခွန်းမျှ

မပြောသည်ကို မြင်ရသည့်အခါ  သူ၏ ဘေးနားမှ လူများမှာ  သူ့အပေါ်၌ အမြင်ပြောင်းသွားကြသည်။

အထူးသဖြင့် အခန်းထဲမှ

ယခုမှထွက်လာသည့် ချန်ဝမ်၏ဇနီးဖြစ်သည်။

သူမသည်ကား မူလက လော်ရှင်းဝမ်အား သဘောမကျသော်လည်း ထိုသူသည်က ဤအချိန်ထိပင်  သူ၏ချွေးမအတွက် ကြိုးစား ဖုံးကွယ်ပေးနေသည်ကို မြင်ရ

သည့်အခါ၌ လော်ရှင်း၀မ်အပေါ်  ဖြစ်တောင့်ဖြစ်ခဲပင် သူမ၏ အမြင်ပြောင်းလဲသွားသည်။

*

All Chapters