← Chapters

အခန်း (၁၄၂)

Vol. 15 Ch. 142

အခန်း (၁၄၂)

Vol. 15 Ch. 142

“ မင်းပြောသလိုပါပဲ၊ ကလေးနှစ်ယောက်က အကြာကြီးပေါင်းဖက်ကြဖို့  ရေစက်မပါဘူးလို့ပဲ

ဆိုရတော့မှာပေါ့၊ နောက်ပိုင်းကျရင် ပိုသင့်တော်တဲ့သူနဲ့ တွေ့ကြမှာပါ”

အဘိုးလီသည်ကား  စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်သည့်သူ မဟုတ်သကဲ့သို့  လူများအား မည်ကဲ့သို့  နှစ်သိမ့်ရမည်မှန်းလည်း မသိပေ။ ထို့ကြောင့် စကားအနည်းငယ်သာ ခြောက်ကပ်စွာဖြင့် ပြောနိုင်ခဲ့ပြီး 

စကားလမ်းကြောင်းပြောင်းရန် စီစဥ်ခဲ့သည်။

သို့သော်  လော်ရှင်းဝမ်၏ စကားမှာ မပြီးဆုံးနိုင်သေးပေ။

“  ကျွန်တော်ပြောခဲ့သလိုပါပဲ၊ သူတို့ကြားမှာ ရေစက်မပါလို့ထားလိုက်ပါတော့၊  ဒါပေမဲ့ သူမအတွက်ကြောင်း ကျွန်တော်တို့ တစ်မိသားစုလုံး၊ အထူးသဖြင့် ကျွန်တော့်သားနဲ့ ကျွန်တော်တို့ ဘယ်လောက်‌တောင်ညှိနှိုင်းခဲ့ရလဲဆိုတာ ကျွန်တော်မသိတော့ဘူး၊ အခု...”

လော်ရှင်း၀မ်သည်က စကားပြောနေရင်း ကြီးမားသည့်အခက်အခဲနှင့် ကြုံတွေ့နေရသကဲ့သို့ သူ၏ခေါင်းကို ငုံ့ကာ  သူ၏ မျက်လုံးထောင့်များကို ပွတ်သပ်နေခဲ့သည်။

အိုး.. ဘာလို့ ဒီလိုအချိန်အခါမျိုးမှာ လာပြီးငိုနေရတာလဲ?

လီမိသားစုဝင်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခဏတာမျှ မည်သို့လုပ်ရမည်မှန်းမသိ ဖြစ်ကုန်ကြသည်။

ထို့အပြင် ပြောရလျှင်  ယနေ့သည်က အဘိုးလီ၏ မွေးနေ့ဖြစ်သည့်အတွက် ပျော်စရာကောင်းသည့်နေ့သာ ဖြစ်သင့်‌ပေသည်။

သို့သော် ဧည့်သည်တစ်ဦးဖြစ်သည့်

 လော်ရှင်းဝမ်မှ မွေးနေ့အား ဂုဏ်ပြုရန် လာသည့်အချိန်တွင် ယခုကဲ့ ငိုနေသည်မှာ အဘယ်သို့သော သဘောမျိုးသက်ရောက်သွားမညာနည်း။

ဆိုရလျှက် သူတို့မိသားစု၌  ထိုသို့ဖြစ်ပျက်ခဲ့လျှင်ပင် ယခုကဲ့သိုး အချိန်မျိုး၌ လာရောက်၍ ငိုကြွေးမနေသင့်ပါချေ။

 ချန်၀မ်၏ ဇနီးသည်ကား ဤမြင်ကွင်းကို မြင်လျှင် မတိုင်ခင်က  လော်ရှင်း၀မ်အပေါ် ထားခဲ့သည့် 

သူ့မ၏ အမြင်များက  ပြန်၍ ရုပ်သိမ်းသွားခဲ့တော့သည်။ 

လော်ရှင်းဝမ်အပေါ် သူမ၏ အထင်အမြင်များက ခဏျာမျှ ပြောင်းလဲခဲ့သော်လည်း  ယခုတွင်မူ သူမအနေဖြင့် ဒေါသထွက်လုနီးပါး ဖြစ်နေလေ‌ပြီ။

မွေးနေ့မင်္ဂလာအချိန်တွင် လာရောက်ငိုနေသည်မှာ သွယ်ဝိုက်သောအားဖြင့် ကံမကောင်းမှုကို ယူဆောင်လာသည်ပင်  မဟုတ်ပါလား။

အဘိုးလီမှာမူ လက်ဝဲ လက်ယာကိုသာ ကြည့်နေခဲ့သည်။

လော်ရှင်းဝမ်ကဲ့သို့  လူကြီးတစ်ယောက်က ဤမျှလောက် လူများစွာရှေ့၌ ငိုယိုကာ ညည်းညူနေသည်မှာ  ရှက်စရာကောင်းသည်ဟု သူခံစားရသော်လည်း  တစ်ဖက်လူက သူအိမ်သို့ ဧည့်သည်အဖြစ်လာရောက်ခြင်းဖြစ်၍ အတတ်နိုင်ဆုံး ညင်သာစွာပြောရပေတော့မည်။

ထို့ကြောင့် သူသည် စိုးရိမ်တကြီးလေသံဖြင့်ပြောလိုက်သည်။

“လောင်လော် ၊ ဒီကမ္ဘာမှာ မမကိုင်တွယ်နိုင်တာ ဘာမှမရှိပါဘူး၊တဖြည်းဖြည်းချင်း အဆင်ပြေသွားမှာပါ”

“အစ်ကိုလီ၊ ခင်ဗျားမသိပါဘူး၊ ဒီကိစ္စကို ကျွန်တော် မကျော်ဖြတ်နိုင်မှာကို  ကြောက်တယ်၊ ကျွန်တော့်သားက သူ့ဇနီးဟောင်းရဲ့ကိစ္စကြောင့် သူ့အလုပ်ကို ဆက်လုပ်နိုင်မှာ မဟုတ်‌တော့ဘူး!”

အိုး..

အဲဒီလောက်အထိ  ပြင်းထန်နေခဲ့တာလား။

သို့သော် အဘယ်ကြောင့်  အိမ်တွင်းရေးရာ ကိစ္စများက လော်ပင်း၏အလုပ်နှင့်ဆက်စပ်နေရသနည်း။

အဘိုးလီ၏  မျက်နှာအမူအရာ ရှုပ်ထွေးနေသည်ကို လော်ရှင်း၀မ် မြင်သည့်အခါ အခွင့်အရေးကို

အလွဲချော်မခံခဲ့ပေ။

 သူသည် ညည်းညူနေရင်းဖြင့် သူလာရောက်လည်ပတ်ရသည့် အဓိကရည်ရွယ်ချက်ကို  တဖြည်းဖြည်းချင်းဖြင့်  ထုတ်ဖော်ပြောပြခဲ့သည်။

“ကျွန်တော့်သားက ခရိုင်က စက်ရုံတစ်ခုမှာ အဝယ်တော်အဖြစ် အလုပ်တာလေ၊  သူ့ရဲ့ ဇနီးဟောင်းက သူ့ကို အချိန်ရရင်ရသလို ပြဿနာရှာ ဒုက္ခပေးနေခဲ့တာ၊

 ဒါကြောင့် သူက မိသားစုဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် နေ့တိုင်းကြိုးစားခဲ့ရတယ်၊ ဒါပေမဲ့ အခု သူတို့လင်မယားနှစ်ယောက် ညှိနှိုင်းကြတော့ ရလဒ်ကောင်းထွက်မလာခဲ့ဘူး၊

လင်မယား ကွာရှင်းရုံတင်မကဘဲ စက်ရုံကလည်း သူအရင်တုန်းက သူ့ဇနီးအပေါ်ကိုပဲ အချိန်ပေးခဲ့ရတာကြောင့် အလုပ်လုပ်တုန်းက လေးလေးနက်နက်မလုပ်လို့ဆိုပြီး သဘောမကျတော့ဘူးတဲ့၊

သူ့ကို အလုပ်က ထုတ်ပစ်မှာကိုတောင် ကြောက်ရတယ်၊ ခင်ဗျား ပြောကြည့်ပါဦး၊ ကျွန်တော့်မှာ 

ဒီသားတစ်ယောက်ပဲရှိတာ၊ ပြီးတော့  သူက  ဇနီးသည်ကို အဲဒီလောက်ထိတောင် ကြင်နာခဲ့တာ၊ ဘာလို့ ဒီလိုဖြစ်သွားရတာလဲ!”

လော်ရှင်းဝမ်သည်ကား စကားပြောပြီးသည့်နောက်၌ ခေါင်းငုံ့ကာ  မျက်ရည်များ သုတ်နေခဲ့သည်။

လော်ရှင်းဝမ်၏ အကြောင်းကို မသိသူများသာ ဤသည်ကိုကြားလျှင် ဤမိသားစုမှာ ချွေးမဟောင်းကြောင့် ဒုက္ခရောက်ခြင်းသာဖြစ်သည်ဟု

ထင်ကြ‌ပေလိမ့်မည်။

သို့သော်  လွန်ခဲ့သည့်နှစ်အနည်းငယ်က လော်ရှင်းဝမ်နှင့် သိကျွမ်းခဲ့ဖူးသည့် သူတစ်ဦးအနေဖြင့် ချန်ဝမ်၏ဇနီးသည်က ထိုစကားများကို သူမ ရင်းနှီးနေသည်ဟု ခံစားရသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်က လော်ရှင်း၀မ် ကုန်သွယ်ရေးသမဝါယမ၏ ဒါရိုက်တာအလုပ်ကို ရခဲ့စဥ်ကလည်း ဤအတိုင်းပင်ဖြစ်သည်။

 ထို့အပြင်  သူပြောခဲ့သည့် စကားများမှာလည်း အနည်းငယ်ဆင်တူနေခဲ့သည်။

ထိုအကြောင်းကို စဥ်းစားမိသည့်အခါ  ချန်ဝမ်၏ဇနီးသည်က  ရုတ်တရက် သတိထားလာခဲ့ပြီး လော်ရှင်းဝမ်အား အဓိပ္ပာယ်ပါပါဖြင့်  ကြည့်လိုက်သည်။

အဘိုးလီမှာကား ထိုအချိန်တုန်းက  လော်ရှင်း၀မ်အား အသိအကျွမ်းတစ်ယောက်အနေနှင့် ကူညီရန် ပြော

ပေးနိုင်ခဲ့သည်။ 

ယခုတွင်မူ အဘိုးလီအနေဖြင့် အသက်အရွယ်ကြီးရင့်ပြီဖြစ်သည့်အတွက်ကြောင့် တစ်ဖက်လူကို သူ ကူညီနိုင်မည်မဟုတ်ဟု ခံစားရသည့်အတွက် ကူ‌ညီပေးရန်အကြောင်းကိာပင် သတိမရခဲ့ပေ။

သူသည်ကား လော်ရှင်းဝမ်၏သားအတွက် အမှန်တကယ်ပင်  စိတ်ရင်းဖြင့် စိတ်မကောင်းဖြစ်နေခဲ့သည်။

“ကိစ္စတွေက တကယ်တမ်း မလွယ်ကူလှဘူးပဲ”

လော်ရှင်းဝမ်က အဘိုးလီမှစကားများဆက်၍ ပြောထွက်လာရန် 

မျှော်လင့်တကြီး စောင့်နေခဲ့သည်။

 သို့သော် စက္ကန့်အနည်းငယ်ကြာ စောင့်ပြီးသည့်နောက်၌ အဘိုးလီဘက်မှ ဆက်ပြောလာသည့်စကား မရှိတော့သည်ကို သူတွေ့ရှိလိုက်ရကာ အနည်းငယ် ကြောင်အမ်းသွားခဲ့ရသည်။

ဆက်ပြောဦးလေ..!

ကံမကောင်းစွာဖြင့်  အဘိုးလီသည်က လော်ရှင်း၀မ်၏ မျက်လုံးထဲမှ  အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။

လော်ရှင်းဝမ်မှ သူ့အား  စိုက်ကြည့်နေသည်ကို မြင်ရသည့်အခါ  သူ၏နှစ်သိမ့်စကားများက မလုံလောက်သေးဟု ထင်သွားခဲ့ပြီး ခေါင်းကို ကုတ်ကာ  စကားအနည်းငယ် ထပ်၍ စဥ်းစားလိုက်ရသည်။

“ဘာမှမဖြစ်ပါဘူး၊ လော်ပင်းလည်း မငယ်တော့ဘူးလေ၊ နောက်ပိုင်းကျရင် ပိုကောင်းတဲ့အခွင့်အရေးတွေ သေချာပေါက် တွေ့မှာပါ”

လော်ရှင်းဝမ်: “?”

မဟုတ်ဘူးလေ၊ ဒီလောက်ပဲလား။

အဘိုးလီမှာ သူပြောတတ်သမျှနှစ်သိမ့်စကားများ ကုန်လု နီးပါးဖြစ်သွားသော်လည်း လော်ရှင်းဝမ်က သူ့အား စိုက်ကြည့်နေဆဲဖြစ်သည်ကို  မြင်ရသည့်အတွက် လုံးလုံးလျားလျားပင်  ရှုပ်ထွေးသွားခဲ့သည်။

ထို့ကြောင့် သူ လော်ရှင်းဝမ်ကိုသာ မျက်လုံးချင်းဆိုင် ကြည့်နေခဲ့မိလေ၏။

ဘေးနားမှ ချန်ဝမ်၏ဇနီးမှာ ထိုမြင်ကွင်းကို ကြည့်ကာ အော်ရယ်မိလုမတတ် ဖြစ်နေခဲ့သည်။

သူမသည်ကား မူလက သူမ၏ဖခင်ကို လော်ရှင်းဝမ်မှ ထပ်၍လှည့်စားလာမည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် ယခုတစ်ခါ၌  သူမ၏ဖခင်သည်  အမှန်တကယ်ပင် သင်ခန်းစာရသွားသည်လား ၊

သို့မဟုတ် လုံးဝတုံ့ပြန်မှုမရှိသည်လားဆိုသည်ကို  သူမ မသိပေ။

ဤစိုးရိမ်ပူပန်သည့် ပုံစံဖြင့် ပြောလိုက်သည့် စကားနှစ်ခွန်းမျှကို တုံ့ပြန်မှုဟု သတ်မှတ်နိုင်လိမ့်မည်။ 

ထို့အတွက် သူမ အတော်လေးပင် ကျေနပ်မိပေသည်။

လော်ရှင်းဝမ်င အဘိုးလီ၏

တုံ့ပြန်မှုအပေါ်  အနည်းငယ်စိတ်ပျက်မိသော်ငြားလည်း လက်မလျှော့ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ အဘိုးလီမှာ စိတ်ပျော့လွယ်သည်ကို သူသိသည်။အထူးသဖြင့် ယနေ့သည်က အဘိုးလီ၏ မွေးနေ့ဖြစ်သည့်အတွက် ဤကဲ့သို့  ကြီးကျယ်သည့်နေ့၌  ပို၍  စကားပြောချင်နေမည်ဖြစ်သည်။

ထို့ကြောင့် နောက်တစ်စက္ကန့်အကြာ၌ လော်ရှင်းဝမ်က အရှက်ကင်းမဲ့စွာဖြင့်  အဘိုးလီ၏ အဆက်အသွယ်များကို အသုံးပြုကာ လော်ပင်းအတွက် အလုပ်အသစ်တစ်ခုရှာပေးရန်အတွက် တောင်းဆိုရန်  ထပ်မံစီစဥ်ခဲ့သည်။

သို့သော် ထိုစကားကို မပြောရသေးမီမှာပင် အနည်းငယ်ရင်းနှီးသည့်အသံကို သူကြားလိုက်ရသည်။

“ရဲဘော်ချန်၊ စားပွဲပြင်ဖို့ အချိန်ရောက်ပါပြီ”

လော်ရှင်းဝမ်သည်ကား လင်းမိသားစု၏ အသံများကို 

အတော်လေးပင် ရင်းနှီးသည်။

 အဘယ်ကြောင့်ဆိုသာ် သူက တစ်နှစ်ပတ်လုံး ကုန်သွယ်ရေးသမဝါယမ၌ ရှိနေခြင်းဖြစ်ပြီး တစ်ခါတရံ  လင်းမိသားစုမှ လင်းကျန်းဖူအားလာတွေ့သည့်အချိန်မျိုးတွင် သူတို့နှင့် တွေ့ဆုံဖူးသည်။

ထို့ကြောင့် သူကြားလိုက်သည်နှင့်တစ်ပြိုင်နက် အသံမှာ  ရင်းနှီးပြီး လင်းကျန်းဖူ၏ ဒုတိယအစ်ကို၏ အသံနှင့်တူ‌သည်ကို သူသိလိုက်သည်။

သို့သော် လင်းကျန်းဖူ၏ဒုတိယအစ်ကိုက ကျေးလက်တပ်မဟာတွင် ရှိနေရမည်မဟုတ်ပါလား။ ထိုသူမှာ  လီမိသားစုထံတွင်လည်း ရှိမနေသင့်ပေ။ 

ထိုသူက လီမိသားစု၌  ထမင်းချက်စားဖိုမှူးအဖြစ် အစားအသောက်များ ချက်ပြုတ်ပြင်ဆင်ပေးခြင်းမျိုး လာလုပ်နေသည်မှာ ဖြစ်နိုင်စရာအကြောင်းမရှိပေ။

လော်ရှင်းဝမ်က သူ နားကြားမှားသည်ဟု  ထင်ခဲ့သော်လည်း လှည့်ကြည့်လိုက်သည့်အခါ၌ အမှန်တကယ်ပင်  လင်းကျန်းအန်းရှိနေသည်ကို တွေ့လိုက်ရသည်။

“မင်း-“  

သူ ဘာလို့ ဒီမှာရှိနေရတာလဲ?

သူ၏ မသိစိတ်မှ မေးရန်ပြင်လိုက်သော်လည်းယခုအချိန်၌ သူသည်က လီမိသားစုအိမ်၌ရှိနေခဲ့ပြီး 

ဘေးနားမှ မည်သူကမှ သူ့နှင့်လင်းကျန်းအန်းတို့၏ ပတ်သက်မှုကို  မသိကြသည့်အတွက် ပေါ့ဆစွာဖြင့် ဖော်ထုတ်၍ မဖြစ်ကြောင်း ချက်ချင်းပင် သူသဘောပေါက်ခဲ့သည်။

ထို့အပြင်  သူ့အနေဖြင့် မတိုင်ခင်က  လင်းမိသားစု၏နောက်ကွယ်၌ ဖြစ်ရပ်မှန်နှင့်  လုံးလုံးလျားလျား မတူညီသည့်စကားများကို  ပြောခဲ့သည်။

ဥပမာအားဖြင့် သူတို့မိသားစုသည်က လင်းကျန်းဖူမှ ကလေးမရနိုင်သည့်အတွက် သဘောမကျကြောင်းနှင့်  သူ၏သားအား အခြားမိန်းကလေးများနှင့် ဆက်သွယ်စေခဲ့ကြောင်း စသည့် အမှန်တရားများကို သူ မပြောခဲ့ပေ။ 

သူ၏ဇနီးသည်က သူ၏သားအား အိမ်နှင့်ဝေးရာတွင် အချိန်ကြာမြင့်စွာနေထိုင်ရန် တွန်းအားပေးခဲ့သည်။

ထို့အပြင် သူ၏သား လော်ပင်းအား လင်းကျန်းဖူနှင့် လမ်းခွဲရန် အတင်းအကျပ်ခိုင်းစေခဲ့သည်ဟုလည်း မပြောခဲ့ပေ။ 

မူလက သူ၏သားမှာ လင်းကျန်းဖူနှင့် ကွာရှင်းပြီးဖြစ်ပြီး လီမိသားစုမှလည်း လင်းကျန်းဖူဘက်မှ မည်သည့်မိသားစု၀င်ကိုမျှမသိသည်ဖြစ်၍ သူ မည်သို့ပင်ပြောသည်ဖြစ်စေ၊ လီမိသားစု၀င်များမှာ အမှန်တရားကို သိမည်မဟုတ်ဟု  သူထင်ထားခဲ့သည်။

သို့သော်  သူ လင်းကျန်းအန်းအား ဤနေရာ၌ တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

လော်ရှင်းဝမ်တစ်ယောက် ခဏတာမျှ အနည်းငယ် မလုံမလဲဖြစ်သွားခဲ့သည်။

သို့သော် သူ လင်းကျန်းအန်းကို လှမ်းကြည့်လိုက်ပြီးနောက် လင်းကျန်းအန်းကလည်း သူ့အားပေါ့ပေါ့ပါးပါးပင် ကြည့်ကာ အနောက်သို့လှည့်ပြီး အဘိုးလီ၏ သားမက်နှင့် 

ဆက်၍ ပြောနေသည်ကို တွေ့လိုက်ရသည်။

“ဟင်းပွဲတွေ ရပြီ၊ ကျန်တဲ့ဟင်းပွဲတွေလည်း မကြာခင် လာချပေးပါ့မယ်၊ ရဲဘော်ချန်၊  ဟင်းပွဲတွေကို ဒီမှာပဲတန်းချပေးရမလား၊ ဒါမှမဟုတ် နည်းနည်းစောင့်နေဦးမလား “

*

All Chapters