အခန်း (၁၄၄)
Vol. 15 Ch. 144
အဘိုးလီ သားမက်ဖြစ်သူ၏စကားကြောင့် သူ့ဘာသာသူ တွေးကြည့်လိုက်မိသည်။
စားဖိုးမှူးအား သူတို့နှင့်အတူ ထမင်းစားရန်အတွက် ဖိတ်ခေါ်ကျွေးမွေးသည်ကို တစ်ဖက်မှအဘယ်ကြောင့် မပျော်ရမည်နည်း။
ဤစားပွဲပေါ်မှ အစားအသောက်များက စားဖိုးမှူးပါ ရောက်လာကာ စားသောက်လျှင် လုံလောက်မည်လားဆိုသည်ကိုမူ သူ မသိပေ။
တစ်ဖက်မှ စားဖိုးမှူးမှာ ဝတုတ်ပြီး စားသောက်နိုင်လွန်းသည့် စားဖိုးမှူး မဟုတ်ပါစေနှင့်ဟုသာ သူ မျှော်လင့်မိသည်။
အဘယ်ကြောင့်ဆိုသော် ပုံမှန်သဘာ၀အရ သာမန်စားဖိုးမှူးများသည်ကား ခန္ဓာကိုယ်အားဖြင့်ဝတုတ်သည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်လေ့ရှိသည်။
အချက်အပြုတ်စွမ်းရည်ရှိပြီး
အတွေ့အကြုံရှိသည့်သူမှသာ ဤကဲ့သို့ ပိုမို၍ အရသာရှိသည့်ဟင်းပွဲများ ချက်ပြုတ်နိုင်သည့်အတွက်ကြောင့် အဘိုးလီက သူ၏ မသိစိတ်ထဲတွင် စားဖိုးမှူးအား ဝဖိုင့်ကာ နားရွက်ကြီးသည် သတ်လတ်ပိုင်း အလယ်အလတ်အရွယ် အမျိုးသားပုံစံကိုသာ မြင်ယောင်နခဲ့သည်။
သို့သော် သူ၏သားမက် ချန်ဝမ်မှ လူနှစ်ဦးအား ခေါ်လာသည်ကို အဘိုးလီ မြင်လိုက်ရပြီး သူတို့ထဲမှ တစ်ဦးသည်ကား အသက်သိပ်မငယ်တော့သော်လည်း အလွန်လည်းမကြီးပေ။
ထို့အပြင် သူသည်က အရပ်ရှည်ကာ ပိန်သွယ်သည့် ခန္ဓာကိုယ်ရှိသည်။
ပုံမှန်သဘာ၀အရ မီးဖိုချောင်စားဖိုမှူးနှင့် လုံးလုံးလျားလျားပင် မတူပေ။
သို့သော် နောက်တစ်ဦးမှာ ပို၍ပင် ဆိုးလှသည်။ ထိုတစ်ယောက်သည်ကား ဆယ်ကျော်သက်အရွယ် ကောင်မလေးသာ ဖြစ်နေသည် မဟုတ်ပါလား။ သူမက အသားဖြူကာ လှပပြီး ထမင်းချက်တစ်ယောက်နှင့် မတူပေ။
ထိုသို့ ဘယ်ညာကြည့်ပြီးနောက်တွင် အဘိုးလီက နှစ်ဦးထဲမှ ထမင်းချက်ဖြစ်နိုင်ခြေအများဆုံးရှိသည့် လင်းကျန်းအန်းထံသို့ အာရုံစူးစိုက်ကာ ပြောလိုက်သည်။
“ဒီတစ်ယောက်က စားဖိုမှူးထင်ပါရဲ့၊ စားဖိုမှူး.. မင်း ချက်တဲ့ ဟင်းပွဲတွေက
အတော်ကို အရသာရှိတာပဲ၊ ငါတို့မိသားစုထဲမှာ ဒီဟင်းပွဲတွေကို မကြိုက်တဲ့သူ ဘယ်သူမှ မရှိဘူး!
မင်းက စားဖိုမှူး အနေနဲ့ အသက်သိပ်မကြီးသေးပေမဲ့ မင်းရဲ့ချက်ပြုတ်နည်းတွေက ကောင်းမွန်လွန်းတယ်၊ တကယ်ကိုတော်တဲ့ စားဖိုမှူးတွေ အများကြီးဆီကနေ သင်ယူထားတာ ဖြစ်ရမယ်၊ ဟုတ်တယ်မလား?”
အဘိုးလီမှ စိတ်လှုပ်ရှားစွာ မေးပြီးသည့်နောက်၌ လင်းကျန်းအန်းဟုအမည်ရသည့် စားဖိုမှူးမှာ သူ့ကိုယ်သူ စားဖိုမှူးဟူသည့် စကားကို ၀န်ခံရဲပုံမရဘဲ ခဏတာမျှ ရှက်ရွံ့သွားပုံရသည်။
ဤသည်ကို လော်ရှင်းဝမ်နှင့် သူ၏ဇနီးသည်တို့ မြင်သည့်အခါတွင် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မထိန်းနိုင်ဘဲ ကျယ်လောင်စွာ လှောင်ပြောင်ရယ်မောလိုက်မိကြလေ၏။
သူတို့နှစ်ဦးသည်ကား ဤနေရာတွင်ရှိသည့်သူများအားလုံးထက် လင်းကျန်းအန်း၏ အခြေအနေကို
ပိုသိသည်ဟု ပြော၍ ရသည်။
လင်းမိသားစု၏ နောက်ခံအခြေနေနှင့်ဆိုရင် ဘယ်လိုလုပ်ပြီး စားဖိုမှူး ဆရာကြီးတွေဆီကနေ သင်ယူပြီး လေ့ကျင့်ထားနိုင်မှာလဲ။
ကိုယ့်ဘာသာ ထမင်းချက်ပြီး ၀မ်းစာရှာစားနိုင်ရင်တောင် တော်လှပြီ။ ဘယ်လိုလုပ်ပြီး ဒီလောက်ကောင်းတဲ့ဟင်းပွဲတွေ ချက်နိုင်မှာလဲ!
ဤစားပွဲပေါ်မှ အစားအသောက်များမွာ အရသာရှိသည်ကို သူတို့ဝန်ခံသော်လည်း လင်းကျန်းအန်း၏ လက်ရာဖြစ်လိမ့်မည်ဟု သူတို့ မည်သို့အခြေအနေတွင်မှ ယုံမည်မဟုတ်ပေ။
လင်းကျန်းအန်းက တစ်နေရာကနေ တစ်ယောက်ယောက်ကို ဒီဟင်းပွဲတွေ လုပ်ခိုင်းပြီး လီအိမ်ကို ပို့လိုက်တာပဲ ဖြစ်လိမ့်မယ် ။
အကြောင်းရင်းကတော့ အဘိုးလီဆိုတဲ့ လူကြီးလူကောင်းကို စိတ်ကျေနပ်အောင် လုပ်ဖို့ပဲ ဖြစ်လိမ့်မယ်။
လင်းကျန်းအန်းသည်ကား ပုံမှန်အားဖြင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ခိုင်မာသည့်
သူတစ်ယောက်ဟု ထင်ရသော်လည်း
ယခုကဲ့သို့ ကလိန်ကကျစ်အတွေး များကို စဉ်းစားကာ လိမ်လည်လိမ့်မည်ဟု သူတို့ဇနီးမောင်နှံနှစ်ယောက် ထင်မထားခဲ့ပေ။
ကံကောင်းစွာဖြင့် သူတို့မိသားစုက
လင်းမိသားစုနှင့် မည်သို့မျှ မသက်ဆိုင်တော့ပေ။
လော်ဇနီးမောင်နှံနှစ်ယောက် ထိုသို့တွေးတောကာ သက်ပြင်းချလိုက်ပြီး စိတ်သက်သာရာရနေကြစဥ် သူတို့မတိုင်ခင်က ပြုံးရယ်လိုက်သည်ကို မျက်နှာချင်းဆိုင်မှ ချန်ဝမ်၏ဇနီးသည် မြင်မိသွားသည်ကို သူတို့သတိမထားမိခဲ့ကြပေ။
သူမက မျက်မှောင်ကြုတ်လိုက်ပြီး လော်ရှင်းဝမ်နှင့် သူ၏ဇနီးကို စိုက်ကြည့်လိုက်သည်။
ဒီလူတွေက ဘယ်လိုလူတွေလဲ?
ခုနကတော့ ဒီစားဖိုမှူးတွေ ချက်ထားတဲ့အစားအသောက်တွေကို စားထားပြီး အခုကျတော့ဒီလိုမျက်နှာအမူအရာတွေ ပြနေတယ်။
ဒါက သူတို့ကို မထီမဲ့မြင်ပြုလိုက်သလိုပဲမဟုတ်ဘူးလား။
သူတို့ဇနီးမောင်နှံသာ အဲဒီလောက်တော်နေမယ်ဆိုရင် မတိုင်ခင်က သူတို့စားထားတဲ့ စားဖိုမှူးတွေချက်ထားတဲ့အစားအသောက်တွေကို အကုန် ပြန်အန်ထုတ်လိုက်ပါလား။
နောက်ဆုံးကျန်သည့် အမဲသားတစ်တုံးအား သူမ မစားရသေးမီမှာပင် လော်ရှင်းဝမ်မှ စားလိုက်သည်ကို စဉ်းစားမိလိုက်သည့်အခါတွင် ချန်၀န်၏ဇနီးမှာ ပို၍ပင် စိတ်မချမ်းမသာဖြစ်သွားခဲ့ရသည်။
“အာ၊ အဖေ.. အဖေလူမှားသွားပြီ? ဒါ စားဖိုမှူးမဟုတ်ပါဘူး၊ ဒါက စားဖိုမှူးလင်းရဲ့ အဖေပါ၊
ဘေးမှာရှိနေတာကမှ စားဖိုမှူးပါ!”
ချန်ဝမ်သည် ရယ်ကာ မောကာဖြင့် အမှန်တရားကို ပြောပြလိုက်သည်။
ထို့နောက် သူကလင်းရန်အကြောင်းကို ချီးကျူးပြောပြရန်ကိုလည်း မမေ့ခဲ့ပေ။
“ငါပြောပြမယ်၊ ရှောင်လင်း၊
ငါ ကိုယ်တိုင်သာ မင်းချက်ပြုတ်တာကို မမြင်ခဲ့ဘူးဆိုရင် မင်းက စားဖိုမှူးဆိုတာ ဘယ်သူကမှ ယုံမှာမဟုတ်လောက်ဘူး!”
ဘာလဲ?
ဒီနေ့ ချက်ပြုတ်ဖို့အတွက် တာဝန်ယူထားတဲ့သူက အမှန်တကယ်တမ်းမှာ ဒီလောက်တောင် ငယ်ရွယ်လှပတဲ့ ကောင်မလေးဖြစ်နေတာလား။
အဘိုးလီသာမက စားပွဲဝိုင်းမှ အခြားသူများ တခြားလူများပါ အံ့အားသင့်သွားကြသည်။
အထူးသဖြင့် လော်ရှင်းဝမ်နှင့်သူ၏ဇနီးတို့ပင်ဖြစ်လေသည်။
“သမီးတဲ့လား? သူ့မှာ ဘယ်တုန်းက သမီးရသွားတာလဲ?”
လော်ကတော်သည်က အလွန်အံ့အားသင့်သွားသည့်အတွက် သူမ၏ စိတ်ထဲ၌ ရှိသည်ကို
မနေနိုင်ဘဲ ပြောထွက်မိသွားသည်။
ထိုအချိန်တွင် အခြားမည်သူမျှ အသံမထွက်သည်နှင့် တိုက်ဆိုင်သွားသည့်အတွက် သူမ၏အံ့အားသင့်စွာ ပြောလိုက်သည့်အသံမှာ ကျယ်လောင်သွားပြီး အနားတွင်ရှိနေသည့် လူအားလုံးကြားလိုက်ရသည်။
လီမိသားစု၀င်များမှာ အံ့အားသင့်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
လော်ရှင်းဝမ်နှင့်သူ၏ဇနီးတို့က
လင်းကျန်းအန်းတို့မိသားစုနှင့် သိနေကြလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
အဘိုးလီက မနေနိုင်စွာဖြင့် မေးလိုက်သည်။
“ဟေး၊ လောင်လော်၊ မင်းတို့နဲ့ စားဖိုမှူးလင်းတို့ သိကြတာလား၊ မင်းကတော့ အစကတည်းက အမှန်တိုင်းပြောလိုက်တာမဟုတ်ဘူး၊ ဒီလိုလက်ရာကောင်းတဲ့စားဖိုမှူးကို
မင်းသိတယ်ဆိုရင် အစောကတည်းက ငါ့ကို မိတ်ဆက်ပေးခဲ့ပါတော့လား၊
ငါသာ စားဖိုမှူးလင်းကို အစောကတည်းက တွေ့ခဲ့ရင် အရသာရှိတဲ့ အစားအသောက်တွေ ဘယ်လောက်တောင် စားခဲ့ရမလဲ မသိဘူး၊ ဟားဟား”
အဘိုးလီမှ ပြုံးရွှင်စွာ ပြောလိုက်သည့်အခါ လော်ရှင်းဝမ်သည်လည်း ခြောက်ကပ်ကပ်အပြုံးဖြင့်
ပြုံးပြကာ ပြန်၍ ပြောလိုက်သည်။
“အရင်က သူတို့နဲ့ ကျွန်တော် ပတ်သက်ခဲ့ပေမဲ့ သူတို့နဲ့ သိပ်အဆက်အသွယ်မရှိခဲ့ပါဘူး၊ သူတို့က ချက်ပြုတ်တတ်တယ်ဆိုတာကိုလည်း ကျွန်တော်မသိခဲ့ဘူးလေ”
သူ၏ဇနီးဖြစ်သူမှ လင်းကျန်းအန်းတို့နှင့် သိသည်ကို ရုတ်တရက် ဖော်ထုတ်လိုက်သည့်အတွက် လော်ရှင်းဝမ်မှာ ဇနီးဖြစ်သူအား ကျိန်ဆဲချင်စိတ်ပေါက်သွားခဲ့သည်။
ဒီမိန်းမ ရူးနေတာများလား?
သူတို့က လင်းမိသားစု မရှိတာကို အခွင့်ကောင်းယူပြီး အများကြီး လိမ်ညာပြောခဲ့တာလေ။
အခုလို ပြောလိုက်တော့ သူတို့ရဲ့ပတ်သက်မှုကို ဖော်ထုတ်ခံရဖို့ အဖြစ်နိုင်ဆုံး အခြေအနေ ဖြစ်မသွားဘူးလား။
သူ့ရဲ့ဇနီးသည်က ဦးနှောက်မရှိဘဲ လင်းကျန်းအန်းနဲ့ သူတို့မိသားစု သိနေခြင်းကို ဖော်ထုတ်လိုက်သည်။
လီမိသားစုထဲက တစ်စုံတစ်ယောက်ကသာ အဘိုးလီရှေ့တွင် သူ မတိုင်ခင်က ပြောခဲ့သည့်စကားများကို ပြောလိုက်မည်ဆိုပါက ယနေ့လာရသည့် ကိစ္စများမှာ အဆင်ပြေတော့မည်မဟုတ်ပေ။
လောိရှင်းဝမ်မှာ ထိုသို့ စဥ်းစားလေလေ တစ်ခုခုဖြစ်တော့မည်ဟု ပို၍ ခံစားရလေပင် ဖြစ်သည်။
ထို့ကြောင့် သူသည် အလျင်အမြန်ဖြင့် စကားလမ်းကြောင်းပြောင်းလိုက်ရသည်။
“ဒီနေ့က ခင်ဗျားရဲ့မွေးနေ့ မလား၊ အစ်ကိုလီ ကျွန်တော်တို့တွေကြားက ပတ်သက်မှုက ကြီးကြီးမားမားမဟုတ်တဲ့အတွက် ပြောစရာဘာမှမရှိပါဘူး၊ အခု စားဖိုမှူးတွေကိုပဲ အရင်ပြောကြမလား?”
လော်ရှင်းဝမ်မှ ထိုသို့ပြောလိုက်သည့်အခါ အဘိုးလီလည်း ဆက်၍ မေးမနေတော့ပေ။
အဘိုးလီက ခေါင်းကိုပြန်လှည့်ပြီး လင်းရန်ကို ကြည့်လိုက်သည်။ သူအနည်းငယ် အံ့အားသင့်နေသော်လည်း လူများကို သူတို့၏ အပြင်ပုံပန်းသဏ္ဍာန်ကိုကြည့်ကာ မဆုံးဖြတ်သင့်ဟူသည့် စကားပုံရှိပေသည်။
ဤကဲ့သို့သော မိန်းကလေးငယ်တစ်ဦးအား ချက်ပြုတ်ရာ၌ မကောင်းရဟု မည်သူကမှ သတ်မှတ်ထားခြင်းမရှိပေ။
“စားဖိုမှူးလင်း၊ အို၊မဟုတ်ဘူး၊ မင်းကို စားဖိုမှူးလေးရှောင်လင်းလို့ ခေါ်ရမှာပေါ့၊
ဟားဟားဟား၊ ဘယ်လိုပဲဖြစ်ဖြစ် အတူတူပါပဲလေ၊ မင်းရဲ့ ချက်ပြုတ်နည်းက အရမ်းအံ့သြစရာကောင်းတာပဲ၊ ငါအဖိုးကြီး ဒီထမင်းဟင်းလျာတွေစားရတာ အရမ်း ပျော်တယ်၊ တကယ်ကိုကျေနပ်တယ်!”
လင်းရန်အနေဖြင့် လော်ရှင်းဝမ်တို့အား သူမ၏ဖခင်လင်း၌ အဘယ်ကြောင့် သမီးမရှိရမည်နည်းဟု မေးချင်ခဲ့သည်။
သူမ၏ဖခင်ဘေး၌ သူမ မရှိနေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း သူမ မသေသေးပေ။
သို့သော် ယခုအချိန်၌ သူမက မွေးနေ့ရှင်၏ စကားများကို အရင်ဖြေရန် ဆုံးဖြတ်လိုက်သည်။
“အဘိုး၊ ကျွန်မ ချက်တဲ့ဟင်းတွေကို အဘိုး ကြိုက်တဲ့အတွက် ပျော်ပါတယ်၊ ဒီဟင်းပွဲတွေရဲ့ အရသာကို အဘိုးကြိုက်မှကြိုက်ပါ့မလားလို့ ကျွန်မစိုးရိမ်နေခဲ့တာ၊
အခု အဘိုးက
အရမ်းကို ပျော်ပျော်ရွှင်ရွှင်စားသောက်နေတာကို မြင်ရတော့ ကျွန်မ စိတ်သက်သာရာရပါတယ်၊ အခု တခါတည်းပဲ အဘိုးကို ကျန်းမာပါစေ၊ အသက်ရာကျော်ရှည်ပါစေ၊ ပိုပြီး ငယ်ရွယ်နုပျိုပါစေ လို့ ဆုတောင်းပေးပါတယ်!”
လင်းရန်သည်ကား ချောမောလှပသည့်အပြင် ယခုကဲ့သို့ ပြုံးရွှင်စွာဖြင့် မင်္ဂလာစကားများ
ပြောနေသည့်အတွက် ပို၍ပင်
ချစ်စရာကောင်းနေခဲ့သည်။
“ကောင်းပါပြီ၊ ကောင်းပါပြီ၊ ၊ဒီကလေးမလေးက တကယ်ကို လိမ္မာလွန်းတဲ့ ကလေးမလေးပဲ!”
အဘိုးလီသည် သူ၏သွားများပင် မဖုံးကွယ်နိာင်တော့သည်အထိ ပြုံးနေခဲ့သည်။
သူက လင်းရန်အား ပို၍ ချစ်ခင်သည့်မျက်နှာထားဖြင့် ကြည့်လိုက်သည်။
ထိုအကြည့်မှာ အဘိုးလီမှ လင်းရန်အား သူ၏ ကိုယ်ပိုင်မြေးမလေးအဖြစ် ချက်ချင်း လက်ခံချင်နေသကဲ့သို့ပင် ဖြစ်နေခဲ့လေသည်။
ဤသည်ကို သူ၏ဘေးမှ လော်ရှင်းဝမ် မြင်သည့်အခါ၌ ရုတ်တရက် ပို၍ စိတ်လှုပ်ရှားလာခဲ့သည်။
လင်းကျန်းအန်းတွင် မည်သို့ဖြစ်ပြီး ဤကဲ့သို့သော သမီးရှိသွားသည်ကို သူ မသိသော်ငြားလည်း စားဖိုမှူးရှောင်လင်း နှင့် လီမိသားစုကြားမှ
ဆက်ဆံရေး ပို၍ကောင်းလာလျှင်
သူ့အတွက် ဆိုးကျိုး ပို၍ ဖြစ်လာလိမ့်မည်ကို သူသိပေသည်။
အဘယ်ကြောင့်ဆိုသော် လင်းကျန်းအန်းသာ ဤအခွင့်အရေးကိုအသုံးချကာ အဘိုးလီရှေ့၌ သူတို့၏မကောင်းကြောင်းပြောလိုက်ပါက
လီမိသားစုနှင့် သူတို့လော်မိသားစုကြားမှ ဆက်ဆံရေးမှာ ကွဲကွာသွားပေလိမ့်မည်။
*