အခန်း (၁၄၆)
Vol. 15 Ch. 146
လင်းရန်၏ စကားအနည်းငယ်နှင့် လော်ကတော်၏ မဆင်မခြင် ပြောဆိုမှုနှင့် ပေါင်းစပ်လိုက်သည့်အခါတွင် အခြေအနေမှာ ချက်ချင်းပင်
ပြောင်းပြန်လှန်သွားခဲ့လေပြီ။ လော်ရှင်းဝမ်၏မျက်နှာသည်ကား အလွန်အမင်း မဲမှောင်သွားခဲ့သည်။
“ခင်ဗျားတို့ ထင်သလိုမဟုတ်ပါဘူး, ကျွန်တော့်သားနဲ့ သူမရဲ့ ဒေါ်လေးကြားက အိမ်ထောင်ရေးက လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက ပြီးသွားခဲ့တာပါ၊ ဒါပေမဲ့ ဒီကာလအတွင်းမှာ ကျွန်တော့်သားက သူ့ဇနီးဟောင်းအပေါ် မျက်နှာပျက်စရာ ဘာမှမလုပ်ခဲ့ပါဘူး!”
“ဒေါ်လေးအပေါ် မျက်နှာပျက်စရာ လုပ်ခဲ့တယ်လို့ ဘယ်သူမှ မပြောပါဘူး၊ ကျွန်မက သူတို့နှစ်ယောက်လုံးအတွက် ကောင်းမွန်စေဖို့အတွက် ဆုတောင်းပေးနေတာမဟုတ်ဘူးလား၊
အဘိုးလော် ခုလိုပြောလိုက်တာက မသိရင် ကျွန်မကပဲ ဦးလေးလော်ကို တမင်တကာ မကောင်းပြောနေတဲ့အတိုင်းပဲနော်”
လင်းရန် လော်ရှင်းဝမ်အား အပြစ်ရှိသကဲ့သို့ ကြည့်လိုက်သည်။
လော်ရှင်းဝမ်မှာ လင်းရန်ကြောင့် ဒေါသထွက်ကာသွေးအန်တော့မတတ်ပင် ဖြစ်သွားခဲ့ရလေသည်။
လင်းရန်သည်က ရှင်းလင်းစွာမပြောခဲ့သော်ငြားလည်း သူမ၏စကားကိုကြားလိုက်ရသည့် မည်သူမဆို လင်းရန်မှ သူ၏သား လော်ပင်းအား ထိခိုက်ပြောဆိုနေသည်ကို သိနိုင်ပေသည်။
ထိုအကြောင်းကို စဥ်းစားမိသည့်အခါ လော်ရှင်းဝမ် သည် ရုတ်တရက် ပို၍ ဒေါသထွက်လာခဲ့သည်။
ဤမိန်းမပျက်သည် မည်သည့်နေရာမှ ရုတ်တရက်ပေါ်လာသနည်း။
အဘယ်ကြောင့် သူ၏အစီအစဉ် အကုန်လုံးကို ဖျက်ဆီးပစ်လိုက်သနည်း။
သူတိုနှစ်ယောက်ကြားမှ တင်းမာမှုကို အဘိုးလီမြင်သည့်အခါ၌ မနေနိုင်တော့ဘဲ အိမ်ရှင်တစ်ဦးအနေဖြင့် ဝင်ရောက် ဖျန်ဖြေရတော့သည်။
“လောင်လော်၊ မင်းကလည်း ဘာလို့
စားဖိုမှူးလေးရှောင်လင်းလို ကလေးမလေးတစ်ယောက်နဲ့ အပြင်းအထန် ယှဉ်ပြောနေရတာလဲ၊
သူမက အသက်အရမ်းငယ်ငယ်လေးပဲရှိသေးတာ၊ မင်းရဲ့မြေးမအရွယ်လောက်ပဲရှိတာလေ၊ ကလေးမလေးကို ဗွေမယူပါနဲ့၊
ပြီးတော့ မင်း ခုနက သူမ ချက်တဲ့အစားအသောက်ကို စားခဲ့တာပဲမလား”
ဤသည်ကိုကြားသည့်အခါ လော်ရှင်းဝမ်မှာ သူ မတိုင်ခင်က စားခဲ့သည့် အစားအသောက်များကို
သူ၏လည်ချောင်းထဲမှ ပြန်၍
တူးထုတ်ပစ်ချင်စိတ် ပေါက်သွားခဲ့သည်။
ထိုအစားအသောက်ကို သူ မစားခဲ့သင့်ပေ။
သူသာ မစားခဲ့ပါက ယခုအချိန်တွင် သူ့ကိုယ်သူ ပို၍ ယုံကြည်မှုရှိပေလိမ့်မည်။
“အစ်ကိုလီ၊ ဒီကိစ္စတွေက ကျွန်တော့်သားရဲ့ဂုဏ်သိက္ခာနဲ့ ပတ်သက်နေတာလေ၊
ဖခင်တစ်ယောက်အနေနဲ့ တခြားသူတွေက ကျွန်တော့်ရဲ့သားကို ဒီလိုပြောဆိုတာကို ဒီအတိုင်း ကြည့်နေလို့မရဘူးလေ”
လော့ရှင်းဝမ်၏ မျက်နှာမှာ
စိတ်မချမ်းမသာဖြစ်နေဟန် ပေါ်နေခဲ့သည်။
လော်ရှင်း၀မ်၏ အိုမင်းနေသည့်မျက်နှာသည်ကား လင်းရန်၏ ဝမ်းနည်းနေသည့် မျက်နှာအမူအရာ နှင့် တစ်ထပ်တည်း တူညီအောင် ပြုလုပ်နေသည်ကို အဘိုးလီ မြင်သည့်အခါ သူ၏ မျက်နှာအမူအရာမှာ ထူးဆန်းလာခဲ့သည်။
မျက်နှာအမူအရာချင်းတူနေလျှင်ပင်
အဘိုးလီသည်က လင်းရန်ကိုသာ ပို၍ နှစ်သိမ့်ပေးချင်စိတ် ပေါက်နေခဲ့သည်။
လော်ရှင်းဝမ်၏ မျက်နှာအမူအရာပုံစံကိုမူ အဘိုးလီမှာ မည်သို့မှ ကြည့်၍ မရပေ။
“အင်း၊ ဘယ်လိုပဲဖြစ်ဖြစ်.. ပြောစရာရှိတာ ပြောကြပါ၊ ငါလည်း ဒီမှာ ရှိနေတာဆိုတော့ တစ်ခုခု နားလည်မှုလွဲတာရှိရင် သက်သေအဖြစ် ကူညီဖြေရှင်းပေးပါ့မယ်!”
ဤသည်ကိုကြားသည့်အခါ လော်ရှင်းဝမ်တစ်ယောက် နောက်ထပ်မေးခွန်းများကို မဖြေဝံ့တော့ပေ။
ယခု သူအလိုချင်ဆုံးအရာမှာ ဤကိစ္စကိုပြောနေခြင်းအား အလျင်အမြန် ရပ်တန့်စေရန်သာဖြစ်သည်။
သူသာ ဆက်၍ ပြောနေမည်ဆိုပါက လင်းရန်နှင့် လင်းကျန်းအန်းမှ ထိုကိစ္စအား ပို၍နက်ရှိုင်းစွာ ဖော်ထုတ်လာမည်ကို သူ သေချာစွာ သိသည်။
“ဘာမှပြောစရာမရှိတော့ပါဘူး၊ အစ်ကိုလီ ဒီနေ့က ခင်ဗျားရဲ့ နှစ်ခြောက်ဆယ်ပြည့်မွေးနေ့လေ၊ တခြားကိစ္စတွေ မပြောတော့ပါဘူး၊ ခင်ဗျား ဒီနေ့ ပျော်ရွှင်နေဖို့ လိုအပ်တယ်မလား”
လင်းရန်က လော်ရှင်းဝမ်ဘက်မှ ထိုသို့ပြောကာ ထိုကိစ္စအား ဆက်၍ မပြောလိုတော့သည်ကို မြင်သည့်အခါ ထပ်၍ ပြောလိုက်သည်။
“ဟုတ်ပါတယ်၊ အဘိုးလီ၊ ကျွန်မတို့ရဲ့ကိစ္စတွေကို သီးသန့်ဆွေးနွေးလို့ရပါတယ်၊ ဒီနေ့က အဘိုး ပျော်ပျော်နေဖို့ပဲ လိုပါတယ်”
သူတို့နှစ်ဦးလုံးမှ ထိုသို့ ပြောသည်ကို အဘိုးလီ မြင်သည့်အခါ မည်သည်မှ ထပ်၍ မပြောတော့ပေ။
ကျန်သည့် လီမိသားစုဝင်များသည်လညား ထိုညို့မှိုင်းနေသည့်အခြေအနေမှ ပျော်ရွှင်သည့် အခြေနေသို့ ပြန်လည်ရောက်ရှိသွားအောင်
တက်ကြွစွာ ပြုလုပ်ခဲ့ကြသည်။
သို့သော် သူတို့ပြောသည့်အကြောင်းအရာများမှာ သူတို့၏ ကိုယ်ပိုင်မိသားစုအကြောင်းချည်းများသာ ဖြစ်နေခဲ့သည်။
ဘေးနားတွင်ရှိနေသော လော်ရှင်းဝမ်မှာ ထိုင်ကြည့်နေရုံသာ တတ်နိုင်ခဲ့ပြီး စကားတစ်ခွန်းပင် ဝင်၍ မပြောနိုင်ခဲ့ပေ။
အချိန်ကြာမြင့်စွာစောင့်ပြီးသည့်နောက်၌လည်း သူသည်က ဝင်ပြောရန် သင့်တော်သည့် အခွင့်အရေးကို မတွေ့ခဲ့ရပေ။
နေ့လည်စာလည်း စားပြီးသွားပြီဖြစ်၍ သူ့အနေဖြင့် အခြားသူ၏အိမ်၌ အရှက်ကင်းမဲ့စွာ
ဆက်နေ၍ မရတော့ပေ။
ထို့ကြောင့် နောက်ဆုံး၌ သူ မည်မျှ မပြန်ချင်ဖြစ်နေစေကာမူ ထရပ်လိုက်ရကာ လီမိသားစုအား နှုတ်ဆက်လိုက်ရတော့သည်။
လီမိသားစု၏ခြံထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူ၏မျက်နှာပေါ်မှ အပြုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
ယနေ့တွင် မွေးနေ့လက်ဆောင် ပေးခဲ့ပြီးသွားသော်လည်း သူဆန္ဒရှိသည့် ကိစ္စများမှာ မည်သည့်တိုးတက်မှုမျှ မရှိပေ။
ထမင်းကောင်းတစ်နပ် စားရရုံမှလွဲ၍
မည်သည်မှ မရရှိခဲ့ဟုပင် ပြော၍ ရသည်။
သူ၏အစီအစဉ်အား တားဆီးခဲ့သည့်သူများမှာ လင်းရန်နှင့် လင်းကျန်းအန်းတို့ သားအဖပင်ဖြစ်သည်။
ထိုလင်းမိသားစုသည် သူတို့လော်မိသားစုနှင့် အမှန်တကယ်ပင် ဆက်ဆံရန် အဆင်မပြေနိုင်ပေ။
“ဒီလိုပဲ ထွက်သွားကြရတော့မှာလား၊ ကျွန်မတို့သားအတွက် ဘယ်လို လုပ်ကြမလဲ?”
လော်ကတော်မှာ လီအိမ်ရှေ့
တံခါးဝ၌ ရပ်ကာ သူမ၏ မျက်နှာ၌
မလိုလားမှုများ အပြည့်ရှိနေသည်။
“ဒီမှာရပ်နေရုံနဲ့ ဘာမှဖြစ်လာမှာမဟုတ်ဘူး၊ ငါ မကြာခင် ပိုပြီးသင့်တော်တဲ့အခွင့်အရေးတစ်ခုကို သေချာပေါက် ရှာတွေ့မှာပါ!”
လော်ရှင်းဝမ်က သူ၏ဇနီးအား
အေးစက်စွာဖြင့် စိုက်ကြည့်လိုက်ကာ ပြောလိုက်သည်။
“လင်းမိသားစုက ဒီမှာရှိနေသေးရင် ငါတို့အစီအစဥ် အောင်မြင်မယ်လို့ မင်းထင်နေသေးလား?”
ဒီမိန်းမက ဘာလို့ ဦးနှောက်မရှိရတာလဲ?
သူမသာ စကားတွေကို ထိန်းမထားနိုင်ဘဲ လင်းရန်နဲ့ စကားများပြဿနာဖြစ်ဖို့ မစခဲ့ရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး!
ထိုအကြောင်းကို စဥ်းစားမိသည့်အခါ လော်ရှင်းဝမ်တစ်ယောက် အလွန်ပင် စိတ်ဆိုးနေခဲ့သည်။
ထိုသို့ အပြောခံလိုက်ရသည့်အခါတွင်လော်ကတော်သည်လည်း မနေနိုင်ဘဲ တီးတိုးပြောကာ ပြန်၍ ချေပလိုက်သည်။
“ဒါဆို အဲ့ဒီမိန်းမပျက်က ကျွန်မရဲ့သားကို အဲလိုကျိန်သာတိုက်ပြောဆိုနေတာကို ကျွန်မက ထိုင်ကြည့်နေရမှာလား?”
လော်ရှင်း၀မ် သည်းခံနိုင်သော်လည်း
သူမအနေဖြင့် မည်သို့မျှ သည်းမခံနိုင်ပေ။
“ဟုတ်ပြီ၊ဟုတ်ပြီ၊ မင်းနဲ့ အဓိပ္ပာယ်မရှိတာတွေ ဆက်မပြောချင်တော့ဘူး၊အခု အိမ်ကို မြန်မြန်ပြန်မယ်၊ လင်းမိသားစုက အဲနှစ်ယောက် ထွက်သွားတဲ့အခါမှ အဘိုးကြီးလီနဲ့ ဒီကိစ္စအကြောင်းပြောဖို့ အခွင့်အရေးရနိုင်မလားဆိုတာ စောင့်ကြည့်လိုက်မယ်”
မည်သို့ပင်ဖြစ်စေ သူတို့လင်မယားသည်က ဤအိမ်သို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပြန်ပြောင်းလာခဲ့ကြခြင်းဖြစ်ပြီး အဘိုးလီနှင့် အချိန်များစွာ ကုန်ဆုံးခဲ့ကြပြီးဖြစ်၍ အခွင့်အရေးအတွက် စိတ်ပူရန် မလိုတော့ပေ။
နောက်ဆုံး၌ လော်ကတော်လည်း
ခင်ပွန်းသည်ဖြစ်သူ၏စကားကို နားထောင်လိုက်ပြီး သူတို့လင်မယားနှစ်ယောက်က ဘေးနားရှိ လမ်းကြားထဲမှ သူတို့အိမ်သို့ ပြန်သွားခဲ့ကြသည်။
လင်းရန်နှင့် လင်းကျန်းအန်းတို့လည်း
လော်ရှင်းဝမ်တို့ ထွက်သွားပြီးသည့်နောက်၌ မီးဖိုချောင်သို့ ပြန်သွားကာ သန့်ရှင်းရေးလုပ်ပြီး အိမ်သို့ ပြန်ရန် စီစဉ်ခဲ့ကြသည်။
လင်းရန်နှင့်ချန်ဝမ်တို့က နေ့လည်စာ ချက်ပြုတ်ရန်သာ ညှိနှိုင်းထားကြပြီး ညစာချက်ပြုတ်ရန်ကိုမူ ပြောဆိုထားကြခြင်းမရှိပေ။
ထို့ကြောင့် လင်းရန်ပးအနေဖြင့် ယခု နေ့လည်စာချက်ပြုတ်ပြီးစီးသွားခဲ့ပြီ ဖြစ်၍ အိမ်သိူ့ ပြန်၍ ရနိုက်ပြီဖြစ်သည်။
သို့သော် မတိုင်ခင်က လော်ရှင်းဝမ်တို့ ဇနီးမောင်နှံနှင့် စကားပြောလိုက်ရသည့်အတွက် အချိန်အနည်းငယ် လင့်သွားခဲ့ရသည်။
လင်းရန်တို့ မီးဖိုချောင်ထဲဝင်သွားသည့်အချိန်တွင် ချန်ဝမ်လည်း သူမတို့၏ နောက်မှလိုက်သွားသည်။
သူ လိုက်လာရသည့် အကြောင်းရင်းမှာ နစ်ခုရှိသည်။
တစ်ခုမှာ လင်းရန်နှင့်လင်းကျန်းအန်းတို့အား ဟုန်ပေါင်းများ ပေးရန်ဖြစ်ပြီး နောက်တစ်ခုမှာ
လင်းရန်၏ဒေါ်လေးနှင့် လော်မိသားစုကြား၌ မည်သည်များဖြစ်ခဲ့သည်ကို သူ သိနိုင်မည်လားဆိုသည်ကို မေးရန်ပင်ဖြစ်သည်။
သူသည်က လင်းရန်အား အမှန်တကယ်ပင် ယုံကြည်သော်လည်း သတိထားသည့်အနေဖြင့် ထိုကိစ္စ၏အကြောင်းရင်းကို စူးစမ်းချင်သေးသည်။
သူမေးသည်ကို မြင်သည်အခါ လင်းရန်လည်း ဖုံးကွယ်မနေတော့ပေ။
လော်ရှင်းဝမ်နှင့် သူ၏ဇနီးတို့က
အဘိုးလီအား လိမ်ညာလှည့်ဖျားရန်
လီမိသားစုထံသို့ လာခဲ့ကြခြင်းဖြစ်နိုင်ကြောင်း သူမတွေ့မြင်နိုင်သည်။
ဤသို့ဆိုပါက သူမသည်လည်း လော်ရှင်းဝမ်၏ အကြံအစည်အား သေချာပေါက် အောင်မြင်စေမည်မဟုတ်ပေ။
ထို့ကြောင့် လင်းရန်က သူမ ပြောနိုင်သည့် ကိစ္စများအားလုံးကို ချန်ဝမ်အား ပြောပြလိုက်သည်။
ဤကိစ္စမှာ သူမ ဒေါ်လေး၏ ကိုယ်ရေးကိုယ်တာနှင့် ပတ်သက်နေသည့်အတွက် အဖြစ်ပျက်အကုန်လုံးကိုမူ ပြောမပြနိုင်ပေ။
သူမ၏ ဒေါ်လေး လက်ထပ်ပြီးသည့်နောက် သားသမီးမရနိုင်ခဲ့သည့် အကြောင်းကို မပြောပြခဲ့ဘဲသူမ၏ဖခင် ခရိုင်မြို့သို့
သွားရောက်ခဲ့သည့် အကြောင်းနှင့် လော်မိသားစုမှ သူမ၏ဒေါ်လေးအား မုဆိုးမကဲ့သို့ တစ်ဦးတည်း ပစ်ထားခဲ့ကြောင်းများကို ပြောပြခဲ့သည်။
မည်သို့ပင်ဖြစ်စေ လော်ရှင်းဝမ်သည်က သူမ၏ဒေါ်လေးကို မကောင်းပြောရဲခဲ့သည့်အတွက် သူမအနေဖြင့် သူ၏ ပြောဆိုမှုအား ပြန်၍ တုံ့ပြန်သင့်သည်မဟုတ်ပါလား။
ချန်ဝမ်မှာ လင်းရန်၏ ပြောပြမှုများကို နားထောင်ပြီးသည့်နောက်၌ သူ၏ စိတ်ထဲ၌ စကားလုံးတစ်ခွန်းတည်းနှင့်သာ ဖော်ပြနိုင်သည့် ခံစားချက်များ ပြည့်နှက်နေခဲ့သည်။
_အဲဒီမိသားစု ဘာတွေကြံစည်နေကြတာလဲ
လင်းရန်နှင့်လင်းကျန်းအန်းတို့ရှေ့၌
ရှက်ရွံအားနာနေခြင်းသာ မရှိခဲ့ပါက
သူသည်က လော်ရှင်းဝမ်အား သေချာပေါက်ပင် ဆူပူမိပေလိမ့်မည်။
လော်ရှင်း၀မ်အနေဖြင့် သူ၏သားနှင့်သူတို့ဇနီးမောင်နှံလုပ်ခဲ့သည့် ကိစ္စများကို တစ်ခွန်းမျှမဟဘဲ လင်းရန်နှင့်သူမ၏ဒေါ်လေးကိုသာ ပြောဆို စွပ်စွဲနေခဲ့သည်။
လင်းရန်၏ရှုထောင့်မှ ကြည့်ပါက
သူမဘက်မှ တစ်စုံတစ်ခုကိုဖုံးကွယ်ထားသည်ကို ချန်၀မ် ခန့်မှန်းမိမည်မှာသေချာပေသည်။
သို့သော် လော်ရှင်းဝမ်နှင့် လင်းရန်တို့၏ ပြောစကားများကို ဆက်စပ်လိုက်ပါက ထိုကိစ္စတွင် လော်မိသားစု၌ ပို၍ တာဝန်ရှိကြောင်း သိသာ ထင်ရှားပေသည်။
လော်လင်မယားသည်က သူတို့၏သားနှင့်ချွေးမအား သီးခြားခွဲနေစေကာ မကွာရှင်းသေးမီမှာပင်
သူတို့သားအတွက် အိမ်ထောင်ဖက်အသစ်ရှာရန် စတင်ခဲ့ကြပြီး ကြင်ဖက်တွေ့ဆုံခြင်းကိုပင် လုပ်စေခဲ့ကြသည်
ဤသို့ဆိုပါက မည်သူပင်မဆို ဒေါသထွက်ပေလိမ့်မည်မဟုတ်ပါလား။