← Chapters

အခန်း (၁၄၇)

Vol. 15 Ch. 147

အခန်း (၁၄၇)

Vol. 15 Ch. 147

“ကိစ္စကတော့ အဲဒီလိုမျိုးဖြစ်ခဲ့တာပါပဲ၊ ဦးလေးချန်.. ဒီကိစ္စကြောင့်

ဦးလေးတို့မိသားစုနဲ့ လော်မိသားစုကြားက ဆက်ဆံရေးအပေါ်  သက်ရောက်မှု မရှိစေဖို့ ကျွန်မမျှော်လင့်ပါတယ်”

ချန်ဝမ်က ဤသည်ကိုကြားသည့်အခါ၌ လက်ကို လျင်မြန်စွာ ဝှေ့ယမ်းပြလိုက်သည်။

“အာ မဟုတ်တာ၊ ငါတို့မိသားစုနဲ့ လော်မိသားစုက ဘာမှမဆိုင်ပါဘူး၊ဒီတိုင်း အိမ်နီးချင်းဟောင်းတွေသက်သက်ပဲ”

ထို့အပြင် အိမ်နီးချင်းဟောင်းဟု ဆိုသော်လည်း ဆယ်နှစ်အကြာမှသာ ပြန်၍ အဆက်အသွယ်ရခြင်းဖြစ်ပြီး၊ ရုံး၌ အတူတူလုပ်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များလောက်ပင်လျှင် ရင်းနှီးသည့် ဆက်ဆံရေး မရှိခဲ့ပေ။

ယခု လော်မိသားစုမှ ထိုကိစ္စမျိုး လုပ်ခဲ့သည်ကို သိလိုက်ရသည့်အခါ၌  ချန်ဝမ်သည်က သူတို့မိသားစုနှင့် လော်မိသားစုကြားမှ ဆက်ဆံရေးမှာ

ကောင်းမွန်စွာဖြင့် ရှေ့ဆက်သွားနိုင်မည် မဟုတ်တော့ဟု ခံစားမိသည်။

သူတို့မိသားစုနှစ်စုကြား၌ မေးထူးခေါ်ပြောအဆင့်သာ ရှိပေတော့မည်။

သူ့အနေဖြင့် အိမ်ထဲသို့ပြန်ကာ သူ၏ဇနီးအား ထိုကိစ္စကို  အလျင်အမြန်ပြောပြဖို့ တွေးလိုက်သည်။ သူ၏ဇနီးမှတဆင့် သူ၏ယောက္ခမထံသို့ ပြောခိုင်းရမည်။

သို့မဟုတ်ပါက သူ၏ယောက္ခမမှာ လော်ရှင်းဝမ်၏ လှည့်စားမှုအား နားယောင်ကာ ထပ်မံ၍ ခံရမည်ကို  စိုးရိမ်ရပေသည်။

ယခုနေ့လယ်ခင်းအချိန်က  လော်ရှင်းဝမ်၏ သဘောထားအမူအရာကို ကြည့်ခြင်းအားဖြင့် သူ၏သားဖြစ်သူ လော်ပင်း၏ အလုပ်ကိစ္စအတွက် အဖြေရှာပေးရန် လာခဲ့ခြင်းသာ ဖြစ်နိုင်သည်။

လော်မိသားစုနှင့် လော်ပင်း၏

သဘောသဘာဝအခြေနေကို မသိလျှင်ပင် သူတို့မိသားစုနှစ်ခု၏ ဆက်ဆံရေးအရ ဤကဲ့သို့သော ကိစ္စမျိုးကို  လော်မိသားစုအား ကူညီရန် မလိုအပ်ပေ။

လော်ရှင်းဝမ်၏ လက်တွေ့မကျသည့်

မျှော်လင့်ချက်များ ရှိနေရခြင်း၏

အကြောင်းရင်းမှာ သူ၏ယောက္ခမသည်က အလွန် သဘောကောင်းလွန်းပြီး စကားလည်းများတတ်၍ပင် ဖြစ်သည်။

သို့သော် သူ၏ယောက္ခမသည်က စိတ်ထားကောင်းသကဲ့သို့ အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်နိုင်သည့်

အရည်အချင်းလည်း ရှိသည်။

ထို့ပြင် သူ၏ယောက္ခမသည်ကား

ရှေ့တစ်မျိုး၊ကွယ်ရာတစ်မျိုး လုပ်တတ်သည့် သူများကို မုန်းတီးတတ်သည်။

သို့ဖြစ်၍ လော်ရှင်းဝမ်လုပ်ခဲ့သည့် ကိစ္စများပေါ်လာသည့်အခါ၌  သူ၏ယောက္ခမသည် လော်ရှင်းဝမ်တို့မိသားစုအား သေချာပေါက်ပင် မကျေမနပ်ဖြစ်ကာ မုန်းတီးနေပေတော့မည်။

နောင်အခါ လော်ရှင်းဝမ်မှ သူ့ထံတွင် မည်သို့ပင်  အကူအညီတောင်းစေကာမူ သေချာပေါက်ပင့် စိတ်ပျော့သွားတော့မည်မဟုတ်ပေ။

“ရှောင်လင်း၊ ဒီကိစ္စကို ပြောပြပေးလို့ တကယ်ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ငါတို့မိသားစု ဒုက္ခအများကြီးရောက်သွားနိုင်တယ်”

ချန်ဝမ်သည်က လော်ရှင်းဝမ်၏ကိစ္စကို ဤနည်းဖြင့် ဖြေရှင်းနိုင်သည်ကို  စဥ်းစားမိလိုက်သည့်အခါ အနည်းငယ် ပျော်ရွှင်သွားခဲ့သည်။

သို့သော် လင်းရန်နှင့် လင်းကျန်းအန်းတို့ရှေ့၌ ပျော်ရွှင်မှုကိုပြသနေခြင်းမှာ မကောင်းကြောင်း သိသည့်အတွက် သူသည် စကားကိုသာ ပို၍ ပြောလိုက်သည်။

“နောက်ပိုင်း ဘာပဲ ဖြစ်လာပါစေ၊ ငါ့ကို ပြောပြဖို့ မမေ့ပါနဲ့၊ ငါ ကူညီနိုင်တဲ့ကိစ္စဆိုရင် လုံးဝ ရှောင်ဖယ်နေမှာမဟုတ်ပါဘူး!”

လင်းရန်နှင့်လင်းကျန်းအန်းတို့လည်း ချန်ဝမ်ထံမှ အကြောင်းပြချက်မရှိဘဲ ထိုကဲ့သို့ကတိတစ်ခုရလိုက်သည့်အတွက် အတော်လေးပင် ပျော်ရွှင်နေခဲ့ကြသည်။

“ကောင်းပါပြီ၊ ဒါဆိုရင် ဦးလေးချန်ကို ကျေးဇူးတင်ပါတယ်”

ချန်ဝမ်သည်က လော်မိသားစုအကြောင်းကို သူ၏ဇနီးအား ပြောပြရန်  ဆန္ဒစောနေသည့်အတွက်ကြောင့် ကြာကြာမနေတော့ဘဲ

လင်းရန်နှင့်လင်းကျန်းအန်းတို့အား

ဟုန်ပေါင်းများ ပေးပြီးသည့်နောက်

လှည့်ထွက်သွားခဲ့သည်။

လင်းရန်နှင့် လင်းကျန်းအန်းတို့လည်း သူတို့၏ ပစ္စည်းများကို အလျင်အမြန်ထုပ်ပိုးပြီးသည့်‌နောက်၌ လီမိသားစုအိမ်မှ  ထွက်ခွာခဲ့ကြသည်။

အိမ်အပြန်လမ်း၌ လင်းကျန်းအန်းမှာ လော်ရှင်းဝမ်၏မျက်နှာ မဲမှောင်ကာ ထွက်သွားရပုံကို စဥ်းစားမိသည့်အခါ သူ၏ စိတ်ထဲတွင် မဖော်ပြနိုင်သည့် စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။

သူ တွေးတောကြည့်လိုက်လျှင်  သူ၏ဒေါသအား ပြေပျောက်စေနိုင်ခဲ့သည့်အကြောင်းရင်းမှာ သူ၏သမီးကိုယ်တိုင် လော်ရှင်းဝမ်တို့ဇနီးမောင်နှံအား ပညာရှိစွာ ပြောဆိုခဲ့၍ပင် ဖြစ်ပေသည်။

သူ့ကိုယ်တိုင်ဆိုပါက ထိုနေရာတွင်  ချီတုံချတုံဖြစ်နေကာ နောက်ဆုံး၌  အကြောင်းအမျိုးမျိုးကြောင့် ထိုအခွင့်အရေးအား လွဲချော်သွားနိုင်ပေသည်။

ထိုအကြောင်းအား စဥ်းစားမိလျှင် လင်းကျန်းအန်း သူ့ကိုယ်သူ ရှက်ရွံ့မိသွားခဲ့သည်။ သူသည်ကား ထိုကိစ္စများတွင် သူ၏သမီးနှင့် ယှဥ်ကြည့်ပါက သတ္တိနှင့် ရဲရင့်မှု အနည်းငယ် လိုအပ်နေပေသည်။

ထိုကဲ့သို့သော အကျင့်ဗီဇတွင်

အားသာချက်များရှိသကဲ့သို့   အားနည်းချက်များလည်း ရှိနေတတ်သည်။

သို့သော် သူ၏သမီး ထက်မြက်နေသည်ကို မြင်ရသည့်အခါ၌ ဖခင်တစ်ယောက်အနေဖြင့် သူ၏စိတ်ရင်းထဲမှ ပျော်ရွှင်ကာ ဂုဏ်ယူမိသည်။

လင်းရန်တစ်ယောက် လမ်းလျှောက်နေရင်းနှင့်  သူမ၏ အဖေမှာ အဘယ်ကြောင့်ရုတ်တရက် စိတ်သက်သာရာရသွားသည်ကို  မသိခဲ့ပေ။

နောက်ဆုံးတွင်မူ လော်မိသားစု၏ ကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း အောင်မြင်သည့်အတွက်‌ကြောင့်သာ ဖြစ်မည်ဟုသာ သူမ သတ်မှတ်လိုက်ရသည်။

သူမသည် ထိုကိစ္စအား  ထိုထက်ပို၍ပင် ပြောချင်ခဲ့သည်။

ဒါက ခုမှ အစပဲရှိသေးတယ်။ နောက်ကျရင် လော်မိသားစုကို နောင်တရအောင်လုပ်ဖို့အတွက်

အချိန်နဲ့အခွင့်အရေးတွေ အများကြီး ရှိလာဦးမှာပဲ။

ပြီးတော့ လူတစ်ယောက်ကို နောင်တအရဆုံး ဖြစ်စေနိုင်တာက သူတို့ အရင်က မထီမဲ့မြင်ပြုခဲ့တဲ့သူတွေ၊ အထင်အမြင်သေးခဲ့တဲ့သူတွေ ကောင်းကောင်းမွန်မွန်နေထိုင်နေတာကို သူတို့ မြင်ရတဲ့အချိန်မှာပဲ။

ဒါမှမဟုတ် သူတို့ ဘယ်လိုမှ လိုက်မမီနိုင်တဲ့အထိ ကောင်းမွန်တဲဘဝမျိုးမှာ နေထိုင်နေတာကို မြင်ရတဲ့အချိန်မှာ သူတို့တွေက မနာလိုဖြစ်ပြီးနောင်တတွေရနေမဲ့အပြင် အဆိုးဆုံးအနေနဲ့ သေချင်တဲ်အထိ ဖြစ်လာရလိမ့်မယ်။

ထိုအကြောင်းကို စဥ်းစားမိသည့်အခါ လင်းရန်တစ်ယောက် ရုတ်တရက် ရည်မှန်းချက်နှင့် အစီအစဉ်တစ်ခု အတွေးထဲ ရောက်လာခဲ့သည်။

ထိုအစီအစဉ်မှာ သူမ၏ဒေါ်လေးအား ကောင်းမွန်သည့်ဘဝတစ်ခုတွင် နေထိုင်နိုင်စေရေးအတွက် လမ်းပြပေးရန်သာ ဖြစ်ပေသည်။

လင်းရန် သူတို့ အိမ်ကို ပြန်ရောက်သည်နှင့် သူမ၏ ဒေါ်လေးလင်းကျန်းဖူထံသို့ သွားကာ ယနေ့ဖြစ်ပျက်ခဲ့သည်များကို ပြောပြရဖို့ တွေးတောခဲ့သည်။

သို့မှသာ သူမ၏ ဒေါ်လေးလည်း ပျော်ရွှင်နိုင်ပေလိမ့်မည်။

လင်းကျန်းအန်းသည်ကား အိမ်သို့ ပြန်ရောက်သည်နှင့်  အဘွားလင်းမှ  တပ်မဟာခေါင်းဆောင်သည် သူ့အား အကြိမ်များစွာ လာရှာကြောင်း၊ အရေးပေါ်ပြောရန် အကြောင်း တစ်ခုခုရှိနိုင်ကြောင်း၊ ယခု သူပြန်ရောက်ပြီဖြစ်၍ အလျင်အမြန် ခေါင်းဆောင်ထံသို့ သွားကာ မေးမြန်းသင့်ကြောင်း  ပြောပြခဲ့သည်။

လင်းကျန်းအန်းလည်း တပ်မဟာခေါင်းဆောင်မှ သူ့အား ဒေါက်တာတုန်၏ကိစ္စနှင့်ပတ်သက်၍ ရှာနေခြင်းသာ ဖြစ်မည်ဟု တွေးမိသည့်အတွက် သူ့၏  လက်ထဲတွင် ကိုင်ထားသည်များကို လျင်လျင်မြန်မြန်ချကာ ခေါင်းဆောင်ထံသို့ သွားခဲ့သည်။

လင်းရန်က သူမ၏အခန်းထဲသို့ ဝင်ကာလင်းကျန်းဖူအား ယနေ့ဖြစ်ပျက်ခဲ့သည်များကို ပြောပြခဲ့သည်။

သူမ မျှော်လင့်ထားသည့်အတိုင်းပင်

လင်းကျန်းဖူသည်ကား ထိုသတင်းများအား ကြားပြီးသည့်နောက်၌ အတော်လေးပင် စိတ်သက်သာရာရသွားခဲ့သည်။

“ရန်ရန်၊ ဒေါ်လေးကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်”

လင်းရန်မှ ချန်ဝမ်အား မည်သည့်စကားများကို ပြောခဲ့သည်ကို  လင်းကျန်းဖူ အနေဖြင့် ဂရုမစိုက်ပေ။

ထိုအစား လော်မိသားစုအား စိတ်ပျက်အောင် လုပ်နိုင်သည့် အရာမှန်သမျှ  တန်ဖိုးရှိသည်ဟု သူမ ခံစားရသည်။

လင်းမိသားစု၏ အိမ်သို့ရောက်ကတည်းက မမြင်ခဲ့ရသည့် လင်းကျန်းဖူ၏စစ်မှန်သည့် အပြုံးကိုမြင်လိုက်ရသည့်အတွက်  လင်းရန် တိတ်တခိုးဖြင့် သက်ပြင်းချလိုက်မိသည်။

သူမ၏ဒေါ်လေး လင်းကျန်းဖူသည်ကား လက်ထဲတွင်အထုပ်အပိုးများကို ကိုင်ဆောင်ကာ လင်းမိသားစု၏ အိမ်သို့ ပြန်ရောက်လာခဲ့သည်။ အိမ်ကိုရောက်ရှိပြီး နှစ်ရက်ကြာအထိ ကွာရှင်းသည်ကို ဂရုစိုက်ပုံမရဘဲ အလွန်လွတ်လပ်သည့်ပုံစံဖြင့် နေထိုင်ခဲ့သော်လည်း   ညလယ်ခေါင်အချိန်များတွင် သက်ပြင်းချနေသည်ကို

လင်းရန် ကြားနေရဆဲပင်ဖြစ်သည်။

အိမ်၌ အခန်းများကမလုံလောက်သည့်အပြင် လင်းကျန်းဖူ လက်မထပ်မီက နေခဲ့သည့်အခန်းမှာလည်း  အခြားသူများက နေထိုင်ထားပြီဖြစ်၍ အိမ်သို့ ပြန်ရောက်ပြီးနောက် တူမဖြစ်သူ လင်းရန်နှင့်အတူ တစ်ခန်းထဲ နေထိုင်ခဲ့ကြသည်။

ဤသည်မှာ  အဒေါ်နှင့်တူမ နှစ်ဦးကြားမှ ဆက်ဆံရေးအား  ဤရက်အနည်းငယ်အတွင်း၌ အတော်ပင် ကောင်းမွန်စေခဲ့သည်ဟု ပြောနိုင်ပေသည်။

သူမတို့နှစ်ဦး၏ ဆက်ဆံရေးက ဤမျှလောက် လျင်မြန်စွာ ရင်းနှီးနွေးထွေးလာကြသည်မှာ အတူစားသောက်ကာ တစ်ခန်းတည်း အတူနေကြသည့်အတွက်ကြောင့်ဖြစ်ပေသည်။

လင်းရန်မှာ သူမ၏ဒေါ်လေး လင်းကျန်းဖူနှင့် တစ်ခန်းတည်းအတူနေရသည်ကို မည်သို့မှ သဘောမထားပေ။ အဘယ်ကြောင့်ဆိုသော်

သူမ၏ဒေါ်လေးနှင့် ပို၍ ရင်းနှီးလာလေလေ၊ ဒေါ်လေးဖြစ်သူအား  ပို၍ လေးစားကာ သဘောကျလေလေ ဖြစ်သည့်အတွက်ကြောင့်ဖြစ်သည်။

လင်းကျန်းဖူသည်ကား  အလယ်တန်းကျောင်းအထိ တက်ခဲ့ပြီး ထောက်ပံ့ရေးနှင့်စျေးကွက်ရှာဖွေရေးဌာနတွင် အလုပ်လုပ်ခဲ့ကာ လူများစွာနှင့် ပြောဆို ဆက်ဆံခဲ့ရသည့်အတွက် သူမ၏အမြင်နှင့်

အတွေးအခေါ်များမှာ ထိုခေတ် အမျိုးသမီးအများစုထက် များစွာပို၍ကျယ်ပြန့်ကာ လွတ်လပ်မှုရှိနေခဲ့သည်။

လင်းရန်သည်ကား လင်းကျန်းဖူ၏ ဘဝအပေါ်ထားရှိသည့် သဘောထားကို အထင်ကြီးလေးစားသည်။

အကယ်၍ လင်းကျန်းဖူသာ နောက်ပိုင်းခေတ်များ၌ မွေးဖွားခဲ့ပါက သူမသည်ကား အံ့သြစရာကောင်းပြီး သန်မာသည့်အမျိုးသမီးတစ်ဦး ဖြစ်လာမည်မှာ သေချာပေသည်။

“ဒေါ်လေး၊ နောင်ပိုင်းမှာ ပျော်ရွှင်စရာတွေ အများကြီးရှိလာဦးမှာပါ၊ လော်မိသားစုဝင်တွေအားလုံးက ဒေါ်လေးကို ဒီလိုလုပ်ခဲ့အတွက်  သူတို့တွေ နောင်တရအောင်

ကျွန်မတို့ အတူတူ ကြိုးစားကြရအောင်!”

လင်းရန်မှ ထိုသို့ ပြောလာသည့်စကားကိုကြားလျှင် လင်းကျန်းဖူက ရှည်ရှည်ဝေးဝေး စဉ်းစားမနေခဲ့ချေ။  လင်းရန်မှ သူမအား နှစ်သိမ့်ပေးနေခြင်းသာဖြစ်မည်ဟုသာ တွေးထင်ခဲ့သည်။

သို့သော်  နောင်တစ်ချိန်၌  လော်မိသားစုမှ ငိုယိုကာ  နောင်တရကြောင်း ပြောပြီး သူမအား ပြန်လာရန်တောင်းပန်မည့် မြင်ကွင်းကို စဥ်းစားရုံနှင့် သူမ ရယ်ချင်လာခဲ့သည်။

ထိုမြင်ကွင်းသည်က  အတော်လေးပင် လှပပေလိမ့်မည်။

“ကောင်းပြီ၊‌ ဒေါ်လေး သေချာပေါက် ကြိုးစားမှာပါ!”

သို့သော် သူမ မည်သည့်အရာကို လုပ်နိုင်မည်နည်း။

ဤနှစ်ရက်လုံး စဉ်းစားခဲ့ပြီးနောက်တွင်ပင် သူမ၏ အနာဂတ်အတွက် မည်သို့ လုပ်ရမည်မှန်း မသိဖြစ်နေခဲ့ရသည်ကို ပြန်၍ တွေးမိသည့်အခါ လင်းကျန်းဖူတစ်ယောက်

သူမကိုယ်သူမ ဒေါသထွက်လာခဲ့သည်။

ကျေးလက်ဒေသများ၌

အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် သတ်မှတ်နိုင်သည့် တစ်ခုတည်းသော လုပ်ငန်းမှာ လယ်ယာလုပ်ငန်းသာ ဖြစ်သည်။

သို့သော် သူမသည်ကား အိမ်ထောင်ကျကာ

အိမ်ထောင်စုစာရင်းပြောင်းလဲပြီးသွားသည့်သူတစ်ဦးဖြစ်သည့်အတွက် သူမ ပိုင်ဆိုင်သည့်မြေနှင့်

အလုပ်အမှတ်များကို အဖွဲ့အစည်းအနေဖြင့် တခြားသူများအား ပေးခဲ့သည်မှာ ကြာလေပြီ။

သူမ၏ကွာရှင်းမှုလုပ်ငန်းစဉ်များ

ပြီးစီးသွားသည့်အချိန်တွင် သူမ၏မိဘများဘက်၌

သူမ၏ အိမ်ထောင်စုစာရင်းကို ပြန်လည်မှတ်ပုံတင်ရမည် ဖြစ်ပြီး၊ သူမသာ တောင်းဆိုခဲ့ပါက

အဖွဲ့အစည်းမှ သူမအား ပြန်လည်၍   အလုပ်အကိုင်စီစဥ်ပေးမည်မှာ သေချာပေသည်။

သို့သော် လင်းကျန်းဖူမှာ ဤအလုပ်က မျှော်လင့်ချက် သိပ်မရှိဟုခံစားနေရဆဲပင်။

လယ်ယာလုပ်ငန်းလုပ်ကိုင်ခြင်းသည်ကား အစားအသောက် လုံလောက်စွာဖြင့် ဘဝကို ဖြတ်သန်းနိုင်သော်လည်း စားနိုင်သောက်နိုင်ရုံသာ ဖြစ်လိမ့်မည်။

လော်မိသားစုအား နောင်တရအောင် လုပ်ရန်အတွက်ဆိုလျှင် ထိုအလုပ်ဖြင့် မလုံလောက်ပါချေ။

All Chapters