← Chapters

အခန်း (၁၅၀)

Vol. 15 Ch. 150

အခန်း (၁၅၀)

Vol. 15 Ch. 150

လင်းရန် သူမ၏ ဒေါ်လေးအား မေးခဲ့သည်။

“ဒေါ်လေး ၊ ကျွန်မကို လာတွေ့တဲ့သူက မိန်းကလေးလား၊ ယောက်ျားလေးလား?”

“ယောက်ျားလေးပဲ၊ ရုပ်ရည်ကတော့ အတော်လေးချောတယ်၊ သူက မင်းကို  မေးစရာရှိတယ်လို့ ပြောတယ်”

ယောက်ျားလေးလား။

သူမ မျှော်လင့်ထားသည့်အတိုင်း သေချာပေါက် ချန်ကျားယန်သာ ဖြစ်လိမ့်မည်။

လင်းရန် စဥ်းစားလိုက်ပြီးနောက်  လက်ကိုဝှေ့ရမ်းကာ ပြောလိုက်သည်။

“ဒေါ်လေး၊ ပညာတတ်လူငယ်စခန်းမှာ ကျွန်မရဲသသူငယ်ချင်းက တစ်ယောက်ပဲ ရှိတယ်၊ အဲဒါက ကျောက်ရှီလဲ့လို့ ခေါ်တဲ့ အမျိုးသမီးပညာတတ်လူငယ်တစ်ယောက်ပါ၊

နောက်တစ်ခါ ကျွန်မ သူမကို အိမ်မှာ ညစာစားဖို့ ဖိတ်ခေါ်ပြီး ဒေါ်လေးကို မိတ်ဆက်ပေးမယ်၊ ကျန်တဲ့ ပညာတတ်လူငယ်တွေအတွက်ကတော့ ကျွန်မ မရင်းနှီးပါဘူး”

လင်းရန်၏ ပြောစကားအရ  ယနေ့

လာတွေ့သည့် အမျိုးသားပညာတတ်လူငယ်သည်က လင်းရန်နှင့် ရင်းနှီးသည့်သူ  မဖြစ်နိုင်ပေ။

လင်းကျန်းဖူက အတွေးလွန်ခြင်းမရှိ သော်လည်း အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

“အဲဒီလူငယ်လေးရဲ့ပုံစံက သူ မင်းနဲ့ အရမ်းရင်းနှီးနေတဲ့ပုံမျိုးပဲ၊ ဒါကြောင့် မင်းတို့တွေ ပညာတတ်လူငယ်စခန်းမှာ ဒါမှမဟုတ် မြို့ပေါ်မှာ တွေ့ဖူးတာများလားလို့ ငါထင်မိခဲ့တာ”

သူမ၏ ဒေါ်လေး လင်းကျန်းဖူတစ်ယောက် ချန်ကျားယန်၏ဟန်ဆောင်မှုအောက်၌ လှည့်စားခံရသည်ကို လင်းရန် သိလိုက်ရသည်။ ထို့ကြောင့် သူမ မနေနိုင်စွာဖြင့် သတိပေးလိုက်သည်။

“ဒေါ်လေး၊ ကျွန်မက အဲဒီအမျိုးသားပညာတတ်လူငယ်နဲ့ တစ်ခါပဲ တွေ့ဖူးတာ၊ စကားတောင် နည်းနည်းပဲ ပြောဖူးသေးတယ်၊

သူ ဘာလို့ ရုတ်တရက် ကျွန်မကို လာရှာပြီး အရမ်းရင်းနှီးသလိုမျိုး လာပြောနေတာလဲဆိုတာကတော့  ကျွန်မလည်း မသိဘူး”

လင်းရန် ထိုသို့ပြောလိုက်သည့်အခါ

လင်းကျန်းဖူတစ်ယောက် ရုတ်တရက် သတိထားမိလာခဲ့သည်။

ဤခေတ်ကာလအချိန်အတွင်း၌  အမျိုးသားနှင့် အမျိုးသမီးကြားမှ ဆက်ဆံရေးကို တင်းကျပ်စွာ ထိန်းသိမ်းရမည်ဖြစ်သည်။

အထူးသဖြင့် လင်းရန်ကဲ့သို့ လက်မထပ်ရသေးသည့် မိန်းကလေးငယ်တစ်ဦးအတွက်ဆိုလျှင် ပို၍ပင် ထိန်းသိမ်းရလိမ့်မည်။

အသက်အရွယ် သိပ်ကွာခြားခြင်းမရှိသည့် အမျိုးသားတစ်ဦးမှ သူမအား လာရှာသည်မှာ သူငယ်ချင်းများဆိုပါက ပုံမှန်ပင်ဖြစ်သည်။

သို့သော် ယခု လင်းရန်မှ ထိုပညာတတ်လူငယ်နှင့် သူမက သူငယ်ချင်း မဟုတ်ကြောင်း ပြောသည်။

သူငယ်ချင်း မဟုတ်ဘဲ သူမအား

တမင်တကာ လာ၍ တွေ့သည်မှာ

နောက်ကွယ်၌ မရိုးသားသည့် ရည်ရွယ်ချက်များ ရှိ၍သာ ဖြစ်လိမ့်မည်။

လင်းရန်၏ ဒေါ်လေးတစ်ယောက်အနေဖြင့်လည်းကောင်း ၊ ထိုကိစ္စများကို ဖြတ်သန်းခဲ့ဖူးသူတစ်ယောက်အနေဖြင့်လည်းကောင်း၊ လင်းကျန်းဖူတစ်ယောက်  သူမ၏ တူမလေးအတွက် ထိုကိစ္စအား စောင့်ကြည့်ပေးရန် တာဝန်ရှိသည်ဟု  ခံစားရသည်။

“ငါ သိပြီ၊ သူ နောက်တစ်ခါလာရင်

ဘယ်လိုကိစ္စရှိလို့ လာတွေ့တာလဲဆိုတာ ငါ မေးလိုက်မယ်၊ သူ မင်းဆီ ထပ်မလာအောင် လုပ်ရမယ်”

သူမ၏ဒေါ်လေးမှ သူမ၏စကားအဓိပ္ပာယ်အား နားလည်သွားသည်ကို မြင်လိုက်ရသည့်အတွက် လင်းရန်မှာ စိတ်သက်သာရာရသွားခဲ့သည်။

ချန်ကျားယန် သူမထံမှ မည်သည့်အရာကို လိုချင်ကြောင်းကို သူမ မသိချင်ပေ။

တစ်ဖက်လူအားလည်း  ထပ်၍ မတွေ့ချင်တော့ပေ။

သူမသာ သူနှင့် ရင်းနှီးသွားပါက  သေချာပေါက် ကံဆိုးမှုများကိုသာ ကြုံရပေလိမ့်မည်။

သူတို့နှစ်ယောက်  ချန်ကျားယန်၏အကြောင်းကို ပြောနေစဥ်တွင်  ချန်ကျားယန်သည်ကား လယ်ကွင်းထဲ၌ စိတ်ပျက်လက်ပျက်ရှိနေခဲ့သည်။

လယ်ကွင်းထဲတွင်  ဤနှစ်ရက်အတွင်း အနည်းငယ် အလုပ်များနေလေ၏။ ထို့ကြောင့် သူ၏ခြေထောက်များမှာလည်း အနည်းငယ်မျှပင် လွတ်လပ်ခွင့်မရသေးဘဲ လူများစွာနှင့်အတူ  လယ်ကွင်းထဲ၌ အတင်းအဓမ္မ အလုပ်လုပ်နေရသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က လင်းရန်နှင့်အဘွားလင်းတို့ ပို့ပေးသည့် သကြားရည်ဖြင့် သူ့ခန္ဓာကိုယ်၏ကျန်းမာရေးကို   ထိန်းသိမ်းထားနိုင်ခဲ့သော်လည်း ရက်အနည်းငယ်အတွင်းမှာပင် ပြန်လည်ပိန်ကျသွားပြန်သည်။

ဤအလုပ်များမှာ ရက်အနည်းငယ် အိပ်ရာထဲ၌ လဲနေပြီး သက်တောင့်သက်သာ ဘဝကို ဖြတ်သန်းခဲ့သည့်

ချန်ကျားယန်အတွက် အတော်လေးပင် အံဝင်ခွင်ကျမဖြစ်နေခဲ့ပေ။

ထို့အပြင်  သူသည် ယမန်နေ့က တစ်စုံတစ်ယောက်ပြောလာသည်ကို  ကြားခဲ့ရသည်။

လင်းကျန်းအန်းသည်က မြို့ဆေးရုံနှင့် ဆက်ဆံရေးရှိပုံရပြီး  ဆေးရုံနှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ချင်သည့် ဆန္ဒရှိနေခဲ့သည်။ အကယ်၍  တပ်မဟာခေါင်းဆောင်နှင့် ကွန်မြူနတီမှ ခွင့်ပြုချက်ရခဲ့မည်ဆိုလျှင် အဆင်ပြေသွားလိမ့်မည်ဖြစ်သည်။

လက်ရှိတိုးတက်မှုအရ လင်းကျန်းအန်းသာ ဤအခွင့်အရေးကို ဆုပ်ကိုင်နိုင်မည်ဆိုပါက

လင်းမိသားစုမှာ နောင်အခါ၌

လင်းကျန်းအန်း၏ ဦးဆောင်မှုဖြင့်

ပိုကောင်းသည့်ဘဝကို ရရှိနိုင်တော့မည် မဟုတ်ပါလား။

ထိုအကြောင်းကို စဥ်းစားမိသည့်အခါ၌ ချန်ကျားယန်မှာ ထိုင်မနေနိုင်တော့ပေ။

ထို့ကြောင့် ဤမနက်ပိုင်း အားလပ်ချိန်ရသည့်အခိုက်တွင်  လင်းမိသားစုအိမ်သို့

သွားခဲ့ခြင်းဖြစ်သည်။

သူက လင်းရန်အား တွေ့ဆုံကာ

သူ့ကို သကြားပေးခဲ့သည့်အတွက်

သူမနှင့်အဘွားလင်းအား ကျေးဇူးတင်ကြောင်းပြောလိုခဲ့သည်။

သို့သော် ဤသည်မှာ

လင်းရန်နှင့် ပို၍ နီးစပ်သည့် အခွင့်အရေးရစေရန်အတွက် ဆင်ခြေတစ်ခုမျှသာ ဖြစ်ပေ၏။

သို့ရာတွင် သူ မမျှော်လင့်ထားစွာဖြင့် သူရောက်သွားသည့်အခါ၌ 

လင်းရန်၏မျက်နှာကိုပင်  မတွေ့ခဲ့ရပေ။

ထိုအစား မကြာမီကမှ ပြန်ရောက်လာသည့် လင်းမိသားစု၏ မိသားစု၀င် လင်းရန်၏ဒေါ်လေးကိုသာ တွေ့လိုက်ရသည်။

သူမ၏ အသက်အရွယ်အရ သူမသည်က လက်ထပ်ပြီးသားဖြစ်ရမည်။ သို့သော်  သူမက မိဘအိမ်သို့  အကြောင်းပြချက်မရှိဘဲ ပြန်လာလဲ့။ ဤသည်သည်မှာ သူမ၏ ယောက္ခမဘက်၌ ပြဿနာရှိနေ၍သာ ဖြစ်ရမည်ဟု ချန်ကျားယန် ခန့်မှန်းမိသည်။

ယခင်ကဆိုလျှင်  ချန်ကျားယန်အနေဖြင့် ဤကဲ့သို့သော အသေးအဖွဲ ကိစ္စများကို ဂရုစိုက်နေမည်မဟုတ်ပေ။ သို့သော် ယခုမှာ ယခင်ကနှင့် မတူတော့ပေ။

လင်းမိသားစုတွင် လူတစ်ယောက် ပိုတိုးလာသည်နှင့်အမျှ သူ၏ ပစ္စည်းကို  လုယူမည့်သူ တစ်ယောက်

တိုးလာသည်နှင့်  အတူတူပင် ဖြစ်သည်မဟုတ်ပါလား။

ထို့ကြောင့် ချန်ကျားယန်က  လင်းကျန်းဖူအား အထင်သေးသည်။

သူမကို လင်းမိသားစုထံမှ  အမြန်ဆုံး

ထွက်သွားခိုင်းချင်ခဲ့သည်။

သို့သော်လည်း ယခုအချိန်၌  သူနှင့်

လင်းရန်တို့၏ ဆက်ဆံရေးမှာ

လုံးဝပင် တိုးတက်မှုမရှိသေးကြောင်း

သိသာပေသည်။

ဤအချက်မှာ သူ့အား  စိတ်အပူပန်ဆုံးဖြစ်စေသည့် အချက်ဖြစ်သည်။

ချန်ကျားယန်အနေဖြင့် အချိန်အတော်ကြာအောင် စဥ်းစားပြီးသည့်နောက်၌  တခြားရွေးချယ်စရာမရှိတော့သည့်အတွက် လင်းရန်နှင့် အနီးစပ်ဆုံးဖြစ်သည့် ကျောက်ရှီလဲ့နှင့် စတင်ရန်သာ ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူ ကျောက်ရှီလဲ့အား  လှည့်ကြည့်လိုက်သည်။

ဤအချိန်တွင်  ကျောက်ရှီလဲ့တစ်ယောက် အလွန် အလုပ်ရှုပ်နေလေသည်။ သူမက နောက်ဆုံးအချိန်မှ ရောက်ရှိလာသည့် ပညာတတ်လူငယ်ဖြစ်သော်လည်းသူမ၏ လိုက်လျောညီထွေမှုနှင့် အလုပ်စွမ်းဆောင်ရည်မှာ  ပညာတတ်လူငယ်ဟောင်းများထက် မနိမ့်ကျ ဟု ပြောနိုင်သည်။ 

ဤသည်ကို တပ်မဟာခေါင်းဆောင်ကပင် မြင်ခဲ့ပြီး ကျောက်ရှီလဲ့အကြောင်းကို ချီးမွမ်းစကားအနည်းငယ် ပြောခဲ့သည်။ ထိုချီးကျူးသံမှာ  ကျောက်ရှီလဲ့ကို

ပျော်ရွှင်စေခဲ့ပြီး  အလုပ်တွင် ပို၍ တက်ကြွလာစေခဲ့သည်။

ချန်ကျားယန်ကတော့  ဤကဲ့သို့သော

အလုပ်မျိုးနှင့် မည်သို့ဆက်သွားရမည်ကို မသိတော့ပေ။ ထို့အပြင်ကျောက်ရှီလဲ့သာ  ဤအလုပ်တစ်ခုတည်းအပေါ်  ကြိုးစားလုပ်ကိုင်နေပါက သူမက  လင်းရန်ကို သွားရှာရန် အချိန်ရှိတော့မည် မဟုတ်ပေ။

ချန်ကျားယန် ခဏတာမျှ စဥ်းစားပြီးသည့်နောက်၌  အရှေ့သို့ တိုးကာ

ကျောက်ရှီလဲ့အား စူးစမ်းလိုစိတ်ဖြင့်

ပြောလိုက်သည်။

“ရဲဘော်ကျောက်၊ ဒီနှစ်ရက်အတွင်း လူတိုင်းပြောနေကြတဲ့  ‘ဦးလေးလင်းက တပ်မဟာမှာ အလုပ်မလုပ်တော့ဘူး’ဆိုတဲ့ သတင်းကို  မင်း ကြားမိလား”

ကျောက်ရှီလဲ့ ခဏတာမျှ ရပ်တန့်သွားကာ ချန်ကျားယန်အား သတိဖြင့်  ကြည့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤနှစ်ရက်အတွင်း၌  ပညာတတ်လူငယ်စခန်းမှ လူများစွာသည် သူမထံသို့ လာကာ ထိုကိစ္စအား မေးမြန်းခဲ့ကြသည့်အတွက်‌ကြောင့်ဖြစ်ချေသည်။

သူမအနေဖြင့် မေးခွန်းများကို အမေးခံရသည်ကို အလွန်စိတ်ပင်ပန်းနေပြီဖြစ်သည့်အတွက် သတိထားရပေတော့မည် ။

သူမသည်လည်း အလွန်ရိုးသားလွန်းသူမဟုတ်ပေ။

အဘယ်ကြောင့်  ထိုလူများက ရုတ်တရက် ထိုကိစ္စကို  စိတ်ဝင်စားလာကြသနည်း။

အမှန်တကယ်တွင် အကြောင်းရင်းမှာ အလွန်ရိုးရှင်းပေသည်။

သူတို့သည်က အခွင့်အရေးကို အသုံးချကာ လင်းမိသားစုနှင့် နီးစပ်ချင်ကြသည့်အတွက်ကြောင့်သာ ဖြစ်ပေလိမ့်မည်။

သူတို့သည်က မြို့မှ ရေုက်လာကြသည့်လူများဖြစ်ကြသည့်အတွက်  သူတို့၏ အမြင်မှာ ကျေးလက်ဒေသမှ လူများထက် များစွာ ပို၍ ကျယ်ပြန့်သည်။

ယခု တပ်မဟာမှ လူများစွာက  လင်းကျန်းအန်းအကြောင်းကို မကောင်းပြောနေကြသည်။

လင်းကျန်းအန်းကတပ်မဟာမှ အလုပ်ကောင်းတစ်ခုကို  လျစ်လျူရှုကာ  အပိုစီးပွားရေးလုပ်ငန်းကို လုပ်နေသည်မှာ မိမိကိုယ်ကို  ဒုက္ခပေးနေခြင်းသာဖြစ်သည်ဟု ထင်နေကြသည်။

ဤသည်မှာ  တည်ငြိမ်သည့်အလုပ်ကို နုတ်ထွက်ပြီး အာမခံချက်မရှိ‌သည့် အလုပ်တစ်ခုကို လုပ်နေသည်နှင့် အတူတူပင် ဖြစ်သည်။

သို့သော် ပညာတတ်လူငယ်အုပ်စု၏ အမြင်၌ မြို့ဆေးရုံကဲ့သို့သော

အဖွဲ့အစည်းတစ်ခုနှင့် ပို၍ နီးစပ်နိုင်သည်မှာ သာမန်လယ်ယာလုပ်ငန်းထက် သေချာပေါက်ပင်

ပိုကောင်းသည့် ထွက်ပေါက်တစ်ခုပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်  မြို့ထဲ၌ပင်

မြို့ဆေးရုံမှ ဆရာဝန်များနှင့် အပြန်အလှန်ဆက်သွယ်ရန်  အခွင့်အရေးရှိသည့်သူကများစွာမရှိသကဲ့သို့ ဆရာဝန်များနှင့် ရင်းနှီးသည့်သူများလည်း များစွာမရှိပါချေ။

ဆရာ၀န်များနှင့် လုပာငန်းအဖြစ် ပူးပေါင်းလုပ်ဆောင်နိုင်ရန်သည်ကိုတော့ ပို၍ပင်  ပြောနေရန် မလိုတော့ပေ။

ထို့ကြောင့် လင်းမိသားစုအနေဖြင့် ထိုလုပ်ငန်း၌  အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ထိုကဲ့သို့သော ဆက်ဆံရေးမျိုးရှိနေသရွေ့ လင်းမိသားစု၏ ရှေ့ရေးသည်ပ  လူအများစုထက်  ပို၍ လွယ်ကူနေပေလိမ့်မည်။

ဤအချက်များအား ကျောက်ရှီလဲ့ပင် စဥ်းစားနိုင်ခဲ့သည့်အတွက် အခြားသူများလည်း သေချာပေါက် စဉ်းစားမိပေလိမ့်မည်။

ထို့ကြောင့် သူမအနေဖြင့်  ထိုကိစ္စနှင့်ပတ်သက်၍ ဤမျှလောက်ထိ  အထိမခံဖြစ်နေခြင်းဖြစ်ပြီး တစ်စုံတစ်ဦးမှ  မေးလာပါက မသိသကဲ့သို့  ဟန်ဆောင်နေရန်သာ ဆုံးဖြတ်ထားခဲ့သည်။

သို့သော်  ချန်ကျားယန်မှာ ထိုအတွက် သေချာပြင်ဆင်လာခဲ့ပေသည်။

သူ ထိုသို့ပြောပြီးသည့်နောက်၌   ကျောက်ရှီလဲ့အား ပြုံးပြကာ  ဆက်၍ ပြောလိုက်သည်။

“ကျွန်တော့်မှာ  တခြားဘာစိတ်မှမရှိပါဘူး၊ လွန်ခဲ့တဲ့ရက်နည်းနည်းလောက်တုန်းက ရဲဘော်လင်းရန်နဲ့ အဘွားလင်းတို့က  ကျွန်တော့်ရဲ့ကျန်းမာရေးအတွက် အာဟာရဖြစ်စေမဲ့ပစ္စည်းတွေ ယူလာပေးခဲ့ကြတယ်လေ၊

ကျွန်တော် သူတို့ကို ကျေးဇူးတင်နေခဲ့တာ ၊ အခု တခြားသူတွေက ဒီအကြောင်းတွေကို ပြောနေတာကို ကြားတော့ ဦးလေးလင်းတို့ မိသားစုမှာ တစ်ခုခုဖြစ်နေတာလားဆိုတာ နည်းနည်း သိချင်လာလို့ပါ၊

တစ်ခုခုဆိုရင် ကျွန်တော်လည်း ကျွန်တော်တတ်နိုင်သမျှ အစွမ်းကုန် ကူညီပေးချင်တယ်လေ”

ယခင်က  သတိထားနေခဲ့သည့်  ကျောက်ရှီလဲ့မှာ ချန်ကျားယန်၏ စကားကြောင့် ရုတ်တရက် များစွာစိတ်အေးသွားခဲ့သည်။

သူမသည်ပား လင်းရန်နှင့်ပတ်သက်၍  ချန်ကျားယန်အပေါ်  ယခင်က  မကောင်းသည့် ထင်မြင်ချက် ရှိခဲ့သည်။

သို့သော် နောက်ပိုင်း၌  ချန်ကျားယန်က လင်းကျန်းအန်းအား တောင်ပေါ်၌ ရှာတွေ့ခဲ့ပြီး သူကိုယ်တိုင်၏ခြေထောက်၌လည်း ဒဏ်ရာရခဲ့သည်။

ထိုအဖြစ်အပျက်မှ ကြည့်လျှင် ချန်ကျားယန်ကစိတ်ရင်းကောင်းသည့် လူတစ်ယောက်ဖြစ်သည်ဟု သူမ ထင်ခဲ့သည်။

ထို့အပြင် လင်းမိသားစုအား  စိတ်ပူ၍ မေးနေခြင်းဖြစ်သည့်အတွက် သူမသည် အနည်းငယ် စဥ်းစားကာ ချန်ကျားယန်အား ပြောလိုက်သည်။

“ရန်ရန်တို့ မိသားစု အဆင်ပြေပါတယ်၊ ဘာမှမဖြစ်ပါဘူး၊ စိတ်မပူပါနဲ့၊ ရဲဘော်ချန်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”

*

All Chapters