အခန်း (၂၀၁)
Vol. 21 Ch. 201
ကျီဖေး အိမ်ရောက်တော့ ထိုင်ခုံခါးပတ်ကို ဖြုတ်ပြီး ကားပေါ်မှ ဆင်းရန်ပြင်လိုက်သည်။ သူမသည် နစ်မွန်းနေပုံရပြီး ထိုညက အရေးကြီးသောအရာကို မေ့သွားသလိုခံစားရသည်။
ယနေ့ည၏ ဖရဲသီးကြီးသည်အရည်ရွှမ်းလှသောကြောင့် သူမ ခေါင်းထဲမှ းထုတ်လို့မရသေးပေ။
သူမ အပြင်မထွက်ခင် တစ်ယောက်ယောက်သည် သူမ လက် ကောက်ဝတ်ကိုလှမ်းဆွဲလာသည်။
ကျီဖေးလှည့်ကြည့်လိုက်ချိန် ချင်ရှန့်၏မျက်လုံးရွှဲကြီးများကို တွေ့လိုက်ရပြီး သူ့အမူအရာသည် ပြောစရာရှိနေပုံပင်။
[သူ တောင်းပန်ပြီးတော့ လျော်ကြေးလည်းပေးပြီးပြီလေ၊ ဘာထပ်ပြောချင်စရာကျန်သေးလို့များလဲ]
"ဘာကိစ္စရှိလို့လဲ ?" ကျီဖေး မေးလိုက်သည်။
"ကျီဖေး.. မင်း မင်္ဂလာပွဲ မလုပ်ချင်ဘူးလား" ချင်ရှန့်သည် စိတ်လှုပ်ရှားစွာ "အခု မင်း လိုချင်ရင် ကိုယ်တို့ဆောင်ကြမယ်လေ"
ချင်ရှန့်သည် နှလုံးသားရေးရာများတွင် အတွေ့အကြုံမရှိသူဖြစ်သလို ဤသည်မှာ သူ၏ပထမဆုံးအချစ်ဖြစ်သောကြောင့် ခံစားချက်များကို မည်သို့ထုတ်ဖော်ရမှန်းမသိချေ။
သို့ဖြစ်ရာ သူ ကျီဖေးကို ရွေးချယ်ခွင့်ပေးလိုက်သည်။
သူသည် တုံးအသူမဟုတ်ချေ။ လက်ရှိ ကျီဖေးသည် လွန်ခဲ့ သောခြောက်လကလူနှင့် အလွန်ကွာခြားသွားခြင်းမှာ နှစ်နှစ်ကျော်လောက်ဆိုးရွားနေသည့် သူတို့၏ဆက်ဆံရေးကြောင့် သူမ စိတ်ပျက်သွားတာဖြစ်နိုင်သည်။ ထို့ကြောင့် သူမ အရာအားလုံးကိုလွှတ်ချပြီး ကွာရှင်းဖို့သာတွေးနေခြင်းဖြစ်နိုင် သည်။
ကျီဖေးသည် ယခင်ကလို သူ့အပေါ် စွဲစွဒလမ်းလမ်း မရှိတော့ကြောင်း သူ သိသည်။
သူ့ရုပ်ရည်၊ သူ့ပိုက်ဆံများကို သူ မကြိုက်သော်လာ်း သူ့ကိုတော့... ကျီဖေး မကြိုက်တော့တာ ဖြစ်နိုင်သလို ယခင်ကထဲက သူ့အပေါ်ရှိသော ခံစားချက်များမှာ စွဲလမ်းမှုသာဖြစ်နိုင်သည်။
သူ ကျီဖေး၏ အခြေအနေကို နားလည်သော်လည်း သူ့တွင် သူမအတွက် ခံစားချက်များ ဖြစ်ပေါ်လာသည်ကို သတိပြုမိသွားသဖြင့် ချင်ရှန့် သူမကို ဆုံးရှုံးရနိုင်ချေရှိသည့်အတွက် စိုးရိမ်ပြီးဝမ်းနည်းနေခဲ့သည်။
ယခင်က သူမ၏ အစစ်အမှန်ဖြစ်သူမှုကို မရှာခဲ့သည့် သူ့ကိုယ်သူသာ အပြစ်တင်နေမိပြီး ယခုအခါ နောင်တရမိသော်လည်း အချိန်နှောင်းသွားပြီဖြစ်သည်။
သူ ဘာလုပ်ရမှန်းမသိဖြစ်နေကာ အချိန်မရွေးထွက်သွားဖို့ အဆင်သင့်ဖြစ်နေပုံပေါ်သည့် ကျီဖေးကို ဆက်ဆွဲထားချင်မိသည်။ ကျီဖေးသာ ကွာရှင်းဖို့အကြောင်းကို အရင်မစသ၍ သူ့တွင် အခွင့်အရေးရှိဆဲဟုထင်မိသည်။
တကယ့်ကို ဟာသတစ်ခုလိုပင်။ သူသည် အမြဲတစေစိတ်ခံစားချက်ကို ပိုင်နိုင်စွာထိန်းချုပ်နိုင်သဖြင့် ထိုသို့သော ခံစားချက်မျိူးသည် သူ့ဘဝတွင် ရှားရှားပါးပါးပေါ်လာခဲ့သည်။
ထိုအရာသည် သူ့တစ်ကိုယ်လုံးကို ကိုင်ရိုက်ထားသည့်အလား နာကျင်မိပြီး အသက်ရှုရတာတောင် ခက်ခဲလာသလိုပင်။
ကျီဖေး၏ မျက်လုံးများသည် မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။
[ သူ အတည်ပြောနေတာလား ! ငါနဲ့ မင်္ဂလာဆောင်ပွဲ လုပ်ဖို့ တကယ်ပြောနေတာလား? သူဘာတွေ တွေးနေတာလဲ ? သူ့မှာ အချစ်ဦးမရှိဘူးဆိုရင်တောင် ခဏနေပါဦး.... သူ့မှာ အချစ်ဦး မရှိခဲ့ဆိုရင် ဘာလို့ အရင်ထဲက မင်္ဂလာပွဲကိုမလုပ်တာလဲ... အာ ငါသိပြီ၊ အခု ငါတို့ ပြေလည်သွားလို့ဖြစ်ရမယ်၊ ဒီညပွဲပြီးတော့ သူက ငါ့ကို သင့်တော်တဲ့ အခမ်းအနားပေးသင့်တယ်လို့ ခံစားရတာနဲ့တူတယ်၊ ပြီးတော့ ချင်မိသားစုအမွေဆက်ခံမယ့်သူမှာ သင့်တော်တဲ့မင်္ဂလာပွဲတောင်မလုပ်ထားဘူးဆိုတာကမကောင်းဘူးလေ]
ချင်ရှန့်သည် ကျီဖေး၏အတွေးများကိုမငြင်းနိုင်ဘဲ တိတ်ဆိတ် နေသည်။
[သူ့မှာ အချစ်ဦးမရှိရင် ငါ့ကို အနှောက်အယှက်ဖြစ်စေမဲ့ ရှုပ် ထွေးမှုတွေလည်း ရှိလာမှာ မဟုတ်ဘူး၊ အခု ငါ့ခင်ပွန်းက ချမ်းသာတယ်၊ ရုပ်ချောတယ်၊ ပြီးတော့ ယောက္ခမတွေကလည်း ငါ့ကို ကောင်းကောင်းဆက်ဆံတယ်၊ ငါ့မှာ... ငြင်းစရာအကြောင်းမရှိဘူး၊ ဒါပေမယ့် အဓိကမေးချင်တာက... ငါတို့ လက်ထပ်ပြီးရင် ငါသူနဲ့ အတူအိပ်ရမှာမလား? ဟင်း.. ငါသူနဲ့ ဇနီးမောင်နှံလို မအိပ်ချင်ဘူး]
စိတ်လှုပ်ရှားနေသော ချင်ရှန့်သည် ရုတ်တရက်ချောင်းဆိုးမိသွားဩ်။
သူသည် ကျီဖေးမှာ ထိုသို့တိကျစွာကောက်ချက်ချလိမ့်မည်ဟု မမျှော်လင့်ထားချေ။ သူ ကျီဖေးကိုကြည့်ဖို့တောင် ရှက်မိသွားသည် ။
သူသည် တစ်ခုခုကိုပြောဖို့ကြိုးစားလိုက်သောကြောင့် သူ့လည် ပင်းတွင်ရှိသော အာဒမ်ပန်းသီးလေးမှ တလှုပ်လှုပ်ဖြစ်သွားသည်။- "ကိုယ်.. ကိုယ် မင်းနဲ့ လက်ထပ်ချင်တယ်"
ကျီဖေးသည် သူမ အတွေးထဲတွင်သာ နစ်မြုပ်နေသောကြောင့် သူ၏တိုးညှင်းသော အသံကို မကြားလိုက်ချေ။
အမှန်တယ် သူတို့သာ မင်္ဂလာပွဲလုပ်ခဲ့မည်ဆိုပါက သူမသည် အစစ်အမှန်လက်ထပ်လိုက်သလိုဖြစ်သွားပြီး ယခုနှင့် လုံးဝ ကွဲပြားသွားလိမ့်မည်။
သူမ၏ယခင်ဘဝတွင် ခင်ပွန်း၊ အချစ် သို့မဟုတ် အိမ်ထောင် ရေးကိစ္စများကို မထိတွေ့ဖူးသော မိဘမဲ့တစ်ယောက်သာဖြစ်ခဲ့သည်။ သူမဘဝမှာ ကြုံခဲ့ရသည့် အခက်အခဲမျိုးစုံက သူမအတွက်တော့ မိတ်ဆွေဖွဲ့ဖို့တောင် ခက်ခဲစေသည်။ အကယ်၍ သူမသာ ဤနေရာသို့ ပို့ဆောင်ခြင်းမခံရပဲ သူမ လက်ထပ်ကာ တစ်ခြားတစ်ယောက်နှင့် ဘ၀တစ်ခုထူထောင်နိုင်ပါ့မလားဆိုသည်မှာ မေးခွန်းထုတ်စရာပင်။
ကျီဖေးသည် သူမ၏ သုံးသပ်ချက်ကို ဆက်လက်တွေးနေခဲ့သည်။
[ငါက ချင်မိသားစုက အမွေဆက်ခံသူရဲ့ ဇနီးဖြစ်လာမှာဆိုတော့ ချင်ရှန့်ရဲ့ ဘီလီယံရာဂဏန်းနီးပါးရှိတဲ့ ကြွယ်ဝချမ်းသာမှုကို ခံစားရင်း ဘာအလုပ်မှမလုပ်ပဲ ငါးဆာနယ်တစ်ကောင်လိူ နေလို့ရပြီ၊ ဒါက ကွာရှင်းရင်ရမဲ့ လျော်ကြေး သန်းနှစ်ရာထက် အများကြီး ပိုကောင်းတယ်]
ထိုအတွေးကိုကြားတော့ ချင်ရှန့် ရုတ်တရက် ယုံကြည်မှုပိုရှိလာသည်။ ကံကောင်းထောက်မစွာ... ကံကောင်းစွာဖြင့် သူ့တွင် ဘီလီယံရာချီပိုင်ဆိုင်သည့် အားသာချက်ရှိသည်။
တကယ်တော့ သူ့မှာ ဝမ်းဗိုက်ကြွက်သား ရှစ်ခုတောင်ရှိသေးပြီး ကျီဖေးလိုချင်တာမှန်သမျှ သူ့တွင်အကုန်ရှိသည်။
[ဒါပေမဲ့ ငါက ချုပ်ချယ်ခံရတာကို မကြိုက်ဘူး၊ သူနဲ့သာ လက်ထပ်ပြီးရင် ငါ့ကို လွတ်လွတ်လပ်လပ် နေခွင့်မပေးဘူးဆိုရင် ဘယ်လိုလုပ်မလဲ? ဒါမှမဟုတ် တစ်နေ့မှာ ချင်ရှန့်က တခြားတစ်ယောက်အပေါ် ခံစားချက်တွေရှိလာရင် ကွာရှင်းတဲ့ ဒရမ်မာကြီးပါရင်တောင် ငါ မကြောက်ဘူး၊ ဒါပေမဲ့ ငါတို့က မင်္ဂလာဆောင်ပြီးသွားတော့ လူတွေအမြင်မှာမစ္စချင်ပဲ၊ ဒါဆို ငါ အချစ်သစ်လေးတွေရှာရင် အဆင်ပြေမှာမဟုတ်ဘူး။ ပြီးတော့ မင်္ဂလာဆောင်ဆိုတာက...]
ကျီဖေးသည် သူ့အတွေးထဲတွင် ပျောက်ဆုံးသွားကာ သူ့ အမြင်အာရုံများ မပြတ်သားတော့ချေ။
သူမ တစ်စုံတစ်ခုရို ထိန်းချုပ်နိုင်စွမ်းမရှိတော့သလို ခံစားလိုက်ရပြီး အလိုလိုလွတ်မြောက်ချင်လာသည်။
သို့သော် ထိုအခိုက်အတန့်တွင် ချင်ရှန့်သည် သူမ၏လက်ကို လွှတ်ပြီး ရုတ်တရက် ကားတံခါးဖွင့်ကာထွက်သွားခဲ့သည်။
ကျီဖေးအံ့ဩသွားသည်။ သူမအကြာကြီးတွေးနေလို့လား?
သူမ ကားပေါ်မှ အမြန်ဆင်းလိုက်လာသည်။
သူမ ဆင်းပြီးသည်နှင့် ချင်ရှန့်လည်း သူမအနားရောက်လာကာ ရှည်လျားသော လက်တစ်ဖက်သည် သူမကို ရှောင်ပြေးစရာမရှိအောင် ကားဖြင့်ပိတ်ဆို့ထားသည်။
ကျီဖေးသည် ချင်ရှန့်၏ရုတ်တရက်ဆန်သော ပိုင်စိုးပိုင်နက် လှုပ်ရှားမှုကြောင့် ကြောင်တက်တက်သာ စိုက်ကြည့်နေမိ သည်။
ချင်ရှန့်သည် သူ့အသက်ရှူမှုများကိုတည်ငြိမ်အောင် ကြိုးစားရင်းပါးစပ်မှပင် လေများရှုသွင်းနေသည်။
ထိုထွက်သက်ဝင်သက်များသည် သူပြောရန် ခက်ခဲနေသော စကားလုံးအချို့ကို ဖော်ပြနေသည့်အလားပင်။ သူ့ခံစားချက်များကို ဖော်ပြလိုက်ချင်သော်လည်း တစ်စုံတစ်ခုသည်တား ဆီးထားသည့်ပမာ သူ့လည်ချောင်းတောင် တင်းကျပ်လာခဲ့သည်။
ဒီစကားတွေပြောဖို့ ဒီလောက်တောင်ခက်ရလား။
သူ့ ဘ၀တစ်သက်လုံး ဘယ်မိန်းမကိုမှ ဒီလို စကားမျိုးမပြောဖူးဘူးဆိုတာ သူ သိသည်။
သို့သော် ကျီဖေး၏အတွေးများကို သူကြားလိုက်ရချိန် သူပြောဖို့လိုအပ်နေမှန်းသိလိုက်သည် ။
"ကျီဖေး.. မင်း မင်္ဂလာပွဲကျင်းပဖို့ သဘောတူရင် ကိုယ်မင်းကို ကြိုပြောထားချင်တဲ့ အရာတွေရှိတယ်"
[ဟင်၊ ငါသဘောမတူရသေးဘူးလေ၊ စည်းကမ်းတောင်ချတော့မှာလား? ငါ့ကို တာဝန်တွေနဲ့ဖို့သတ်မလို့လား?]
ချင်ရှန့်သည် ကျီဖေးကို စူးစိုက်ကြည့်ရင်း သူ့အကြည့်များ ပိုလေးနက်လာသည် " ကိုယ့်မိန်းမဖြစ်လာမဲ့သူက ဘာပဲလုပ်လုပ်လုပ်ချင်သလိုလုပ်လို့ရတယ်၊ ဘာမှမလုပ်ချင်ရင်လည်း မလုပ်နဲ့ ဒါ မင်းရဲ့ လွတ်လပ်မှုပဲ၊ ကိုယ့်အတွက် ဘာမှလုပ်စရာမလိုဘူး၊ ကိုယ့်ဘေးမှာပျော်နေရုံနဲ့တင် လုံလောက်ပြီ၊ မင်းက မင်းပဲ၊ ကိုယ့် မိန်းမဖြစ်လာရင်တောင်မှ မင်းက မင်းပဲ ကိုယ့် မိန်းမနေရာက ဒုတိယ"
(T/N : ကျီဖေးကို ကိုယ့်ကိုကိုယ်ပိုချစ် ပိုဦးစားပေးခိုင်းတာ ချင်ရှန့်ရဲ့ဇနီးဆိုတဲ့နေရာကဒုတိယနေရာမှာထားလို့ပြောလိုက်တာ)
ကျီဖေး လုံးဝ အံသြသွားသည်။
[သူဘာတွေပြောနေတာလဲ! သူပြောနေတဲ့ပုံစံက လက်ထပ်ခွင့်တောင်းနေတယ်လို့ ဘယ်သူထင်မှာလဲ?]
ချင်ရှန့်၏မျက်လုံးများ လှုပ်ခတ်သွားကာ "ကိုယ်တို့အရင်က ဆိုးရွားခဲ့တဲ့ အရာတွေကို အသစ်ကပြန်စချင်တယ်၊ ကျီဖေး ကိုယ် ပန်းတွေ၊ လက်စွပ်တွေဘာမှမပြင်ဆင်ထားပေမယ့် အခုမင်းကို လက်ထပ်ခွင့်တောင်းနေတာ၊ မင်း နားလည်ပြီလား"
ကျီဖေး: [ဟမ်ဟမ်? ခဏလေး ခဏလေး၊ ဒါက ဘယ်လိုလက် ထပ်ခွင့်တောင်းတာကြီးလဲ? တကော.. တကောကြည့်ရတာ ငါ့အပေါ် ခံစားချက်တွေ ရှိနေသလိုပဲ! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!!]
ချင်ရှန့်သည် ကျီဖေး၏ ပေါက်ကွဲလုနီးပါး းးအတွေးများကို လျစ်လျူရှုခဲ့သည်။
သူသည် အဆုံးတွင် ပြောထွက်လိုက်ပြီဖြစ်သဖြင့် ရှေ့ကို ငုံ့ကာ ကျီဖေး၏တုန်လှုပ်နေသော အကြည့်အောက်တွင် သူမလေး၏ ချောမွတ်သော နဖူးကိုနမ်းလိုက်သည်။
ထိုစဉ် သူ၏အာဒမ်ပန်းသီးလေးသည် အနည်းငယ်တုန်ရီနေ ကာ နူးညံသောအထိအတွေးအေးမြသော ခံစားချက်သင်းပျံ့သောရနံ့များကြောင့် သူ ပြန်ခွာရန်တွန့်ဆုတ်နေမိသည်။
သို့သော် သူ့အောက်ရှိ သူ့ဇနီးလေးသည် မည်မျှ တောင့်တင်းနေလဲဆိုသည်ကို သူ ခံစားရသည်။
ချင်ရှန့် နောက်ဆုတ်လိုက်ပြီး သူမကို ငုံ့ကြည့်လိုက်ရာ သူမမျက်လုံးထဲရှိ ထိတ်လန့်မှုကိုမြင်လိုက်သောကြောင့် ပြုံးမိလိုက်သည်။
"ကိုယ် မင်းကို ချစ်မိသွားလို့ မင်းနဲ့ အတူရှိချင်တယ်"