အခန်း (၂၀၂)
Vol. 21 Ch. 202
သူမ နှလုံးသားလေးသည် အပျိုဖျန်းလေးလိုတလပ်လပ် ခုန်ပေါက်လို့နေသည်။
ကျီဖေးစိတ်သည် လုံးဗလာဖြစ်သွားပြီး ချင်ရှန့်၏စကားများသာ သူ့စိတ်ထဲတွင် လွင့်မျောနေသည်။
ချင်ရှန့်သည် မိမိုက်အောင် သရုပ်ဆောင်ထားရာမှ ရှက်ကိုး ရှက်ကန်းဖြစ်လာပြီး သူ့နားရွက်မှတစ်ဆင့် မျက်နှာတစ်ခုလုံး နီရဲလာကာ ကျီဖေးကို မဝံ့မရဲကြည့်လိုက်သည်။
သူ ၀န်ခံပြီးတာနဲ့ ကျီဖေးထွက်ပြေးမှာကိုကြောက်နေခဲ့တာပင်။
ဒါပေမယ့် အခုလို ဘာမှမပြောဘဲနဲ့ သူတို့ စကားဘယ်လိုစကြမလဲ?
ချင်ရှန့်သည် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေချိန်တွင် ကျီဖေး၏ အတွေးအချို့ကိုကြားရန် မျှော်လင့်စောင့်ဆိုင်းနေစဉ် သူ့ကို တွန်းဖယ်သွားသည်ကိုခံစားလိုက်ရသည်။
ချင်ရှန့်၏ နှလုံးသားတင်းကြပ်သွားသည်။
ကျီဖေး၏မျက်လုံးများသည် ထိတ်လန့်မှုများပြည့်နေသော် လည်း အားတင်းရယ်လိုက်ကာ "ဟဟ? ရှင် မမှားတာ သေချာလို့လား"
ချင်ရှန့်ရုတ်တရက် အနည်းငယ်နာကျင်သွားပြီး "မင်း လက်မခံချင်သေးတာတို့ စဉ်းစားဖို့အချိန်လိုတာဆိုရင် အဆင်ပြေပါတယ်၊ ဒါပေမယ့် ကိုယ့်ကိုငြင်းတော့ မငြင်းပါနဲ့... ဒါက ကိုယ်မိန်းကလေးတစ်ယောက်ပေါ်ကို ခံစားချက်ရှိတာ ပထမဆုံးအကြိမ်မို့လို့ပါ"
ကျီဖေးသည် စီအီးအိုကြီးချင်ရှန့်၏ မျက်နှာတစ်ခုလုံးတွင် စာရွက်နဲ့တောင် ရေးထားမတက်ပြီပြင်နေသော ကလေးဆန်သည့် စိုးရိမ်ပူပန်မှုများကိုမြင်လိုက်ရချိန် အမှန်ပင် စိတ်ရှုပ်သွားသည်- သူ ဒီလိုကိစ္စမျိုးကို အရင်က မဖြေရှင်းဖူးဘူး။
ဘယ်ဘက်မှ ခံစားချက်များ မရှိနေဘူးဆိုလျှင် ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆရုံတာလိုအပ်သဖြင့် ရိုးရှင်းလှသည်။ ပိုက်ဆံ သို့မဟုတ် ဆွဲဆောင်မှုများသည် အဆင်ပြေသော်လည်း စိတ်ခံစားမှုများဆိုပါက… သူမသည် ကိုယ့်ကိုယ်ကို ပိုက်ဆံနှင့် ဆွဲဆောင်မှုများသာမက ခံစားချက်များကိုပါ လှည့်စားဖို့ ကြိုးစားနေသည့် အနုပညာရှင်တစ်ယောက်လို ခံစားနေရသည်။
ကျီဖေး၏စိတ်သည် စစ်မှန်သောခံစားချက်များကို အလွန်လေးစားသည်။
ထို့ကြောင့် ချင်ရှန့်၏ရုတ်တရက် ဝန်ခံချက်ကို မည်သို့တုံ့ပြန်ရမည်ကို သူမ အမှန်တကယ် မသိခဲ့ပေ။
[ဒါက လုံးဝပြောင်းပြန်ကြီးမဟုတ်ဘူးလား၊ အရင်တုန်းက အေးစက်တဲ့ အမူအရာက ဘာရောက်သွားတာလဲ? သူက ချောက်ကမ်းပါးမြင့်မြင့်ပေါ်က လက်လှမ်းမမှီနိုင်တဲ့ ပန်းတစ်ပွင့်လေ၊ အခုလို ငါ့အပေါ် ခံစားချက်ရှိလာတယ်ဆိုတာက တကယ်ကြီးလား ဟ ?]
ကျီဖေး၏တုံ့ပြန်မှုသည် တကယ့်ကို သူ မျှော်လင့်ထားသလိုပင်။
ထို့ကြောင့် ချင်ရှန့်သည် နောက်ပြန်ဆုတ်ရန်ရွေးချယ်ခဲ့သည်။
"ကျီဖေး မင်း ဘယ်လိုဖြေရမှန်းမသိရင် ကိုယ်စောင့်ပါ့မယ်၊ ကိုယ်တို့ ဖြည်းဖြည်းချင်းချိန်းတွေ့နိုင်ပြီး မင်း အဆင်သင့်ဖြစ်တဲ့အခါကိုယ့်ကိုပြောလို့ရတယ်၊ ပြီးရင် ကိုယ်တို့မင်္ဂလာဆောင်ကြတာပေါ့"
ကျီဖေးသည် ထိုစကားကြားပြီးနောက် သက်ပြင်းချမိလိုက်ပြီး ချင်ရှန့်၏ဆုတ်ခွာရေးဗျူဟာသည် အလွန်ထိရောက်ကြောင်း ၀န်ခံရမည်။
တစ်ယောက်ယောက်ကိုဖမ်းဖို့ အိမ်ခေါင်မိုးကို ဖြိုတော့မည့် လူတစ်ယောက်သည် တံခါးကိုဖွင့်ကာ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်သလိုပင်။
ကျီဖေးသည် အလွန်ပျင်းရိတက်သူဖြစ်သောကြောင့် ရှုပ်ထွေးသောအရာများကို အလွန်အကျွံမစဉ်းစားတက်ဘဲ၊ ဖြစ်နိုင်ပါက ရှောင်ရှားရသည်ကိုနှစ်သက်သည်။
"အင်း...ကောင်းပြီ... ဒါ.. ဒါဆိုအဲ့လိုပဲလုပ်ကြတာပေါ့ ဟားဟား"
သိသာစွာပင် သူမ ရှောင်ပြေးထွက်သွားသည်။
"ကိုယ်လည်းပင်ပန်းနေပြီ၊ အရင်အနားယူကြတာပေါ့"
ချင်ရှန့် အနည်းငယ် စိတ်ပျက်သွားသော်လည်း သူ ဘာမှထပ်မပြောဘဲ ကျီဖေးကိုလွတ်မြောက်စေခဲ့သည်။
သူမ ပင်မတံခါးကို ဖြတ်သွားပြီးနောက် ပျောက်ကွယ်သွားပြီး သူမ၏ အတွေးများကို သူ မကြားနိုင်တော့သဖြင့် သူမတစ် ယောက်တည်း အခန်းထဲတွင် စိတ်ကြိုက်တွေးလို့ရတော့မည်။
သို့သော် ယနေ့ညတွင် သူမ သိပ်မစားခဲ့ရသောကြောင့် ပုံမှန်ဆိုလျှင် သူမ ပြန်ရောက်သည်နှင့် အန်တီကိုရှာမည်ဖြစ်သော် လည်း ယခုမူ... ချင်ရှန့် ကူကယ်ရာမဲ့ ပြုံးပြီး သူမအတွက် အန်တီရှာပေးရန် ပြင်လိုက်ပြီးမှ ပထမထပ်သည်အလွန် ရှင်းလင်း နေသည်ကို သတိထားမိလိုက်သည်။
အတန်းပြန်တွေ့ဆုံပွဲသည် အစောကြီးပြီးသွားသည့်အတွက် ယခုအချိန်လောက်ဆို ချင်မိသားစုများ ပထမထပ်တွင်ရှိနေမည့်အချိန်ပင်။
သူ အံ့သြနေချိန်မှာပဲ အခန်းတစ်ခုကအဖြတ် လူတော်တော်များများစကားပြောနေသလိုမျိုး အသံကိုကြားလိုက်ရသည်။
ချင်ရှန့် လှည့်ကြည့်လိုက်ချိန် စောင့်ကြည့်ခန်းဖြစ်နေသည်ကို တွေ့လိုက်သည်။
သူ တံခါးကို တွန်းဖွင့်ကာ၀င်သွားသည်။
"အာ့စောင်သာ အာ့ကောကို မချစ်တော့ဘူးဆိုရင် သူ့ကို တကယ်ထားခဲ့မှာလား?" ချင်ရုန် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"သမီးတို့ ဘာလုပ်ကြမလဲ ? သမီး ကျီဖေးကိုသဘောကျတယ်၊ သမီးတို့ ချင်မိသားစုကို မထားခဲ့စေချင်ဘူး" ချင်ရန် စိုးရိမ်တကြီးပြောသည်။
"မလန့်ပါနဲ့၊ သူက အာ့ကောကို မငြင်းရသေးဘူး မဟုတ်လား? ငါ အာ့ကောရဲ့စွဲဆောင်မှုကိုယုံတယ်" ချင်ကျောက် ပြောလိုက်သည်။
မားမားချင်က "ဒါ ဇနီးလေးကို မီးပင်လယ်ကိုဖြတ်ပြီး ဓါးတောင်ကိုကျော်တဲ့အထိ လိုက်ဖမ်းတယ်လို့ပြောရမလား"
ပါးပါးချင်က "ဟင့်အင်း မဟုတ်ဘူး၊ ဒါကို 'နောက်မှသိတဲ့အချစ်က မြက်ပင်ထက်တောင် စျေးပေါတယ်' လို့ ခေါ်သင့်တယ်"
"အာ့ရှုရှုနဲ့ အာ့ရီက လင်မယားဖြစ်နေပြီမဟုတ်ဘူးလား" ကျီဖေး၏ အတွေးများကို မကြားနိုင်သည့် ချင်မိသားစု၀င် ချင်ရှီသည် မေးလိုက်သည်။
"အာ့ရှောက်နိုင်နိုင်မှာ ရှောင်ရယ်အတွက် ခံစားချက်တွေရှိနေသေးတယ်လို့ ကျွန်တော်တော့ ထင်တယ်၊ သူ အချိန်လိုရုံပါပဲ"
ကျီဖေး၏အတွေးများကို မကြားနိုင်သော ချင်မိသားစု၏ ဒုတိယလူဖြစ်သော အိမ်ထိန်းမှပြောလိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ သူတို့မှာ ပုံမှန်ချိန်းတွေ့တဲ့ အတွေ့အ ကြုံတောင်မရှိသေးဘူးလေ၊ အာ့ရှောက်နိုင်နိုင်က ရှောင်ရယ် သူ့ကိုချော့မော့ပြီး လိုက်စေချင်တာနဲ့တူတယ်"
ကျီဖေး၏အတွေးများကိုမကြားရသည့် တတိယလူဖြစ်သော အန်တီကပြောလာပြန်သည်။
ကောင်းပြီ၊ ပင်မနေအိမ်ရှိလူများသာမက ဝန်ထမ်းအားလုံးသည်ပင် စောင့်ကြည့်ခန်းတွင် စုရုံးနေကာ ဒရာမာကြည့်နေကြခြင်းဖြစ်သည်။
မူလအစမှာ ချင်ရှန့်ကားသည် အ၀င်ဝတွင် အကြာကြီးရှိနေသောကြောင့် အခြားသူများ စူးစမ်းချင်စိတ်ဖြစ်လာသည်။ ထိုမှတစ်ဆင့် လရောင်အောက်တွင် ၎င်းတို့၏အချစ်ရေးအချစ်ရာများပြောနေသည်ကိုကြားလိုက်သဖြင့် ၎င်းတို့ကိုအနှောင့်အ ယှက်ဖြစ်စေမည်ကိုစိုးကာ အပြင်မထွက်ဘဲ တိတ်တိတ်လေး ချောင်းကြည့်ရာမှ ဒရာမာအသစ်ကိုသိခဲ့ရခြင်းပင်။
တကယ်တော့ ချင်မိသားစုအများစုသည် ချင်ရှန့်နှင့် ကျီဖေးတို့ ကြားဆက်ဆံရေး ပိုကောင်းလာကြောင်းသာသိကြပြီး ချင်ရှန့်သည် သူ့ဇနီးအပေါ်ထားရှိသော သဘောထားပိုကောင်းလာသည်ဟုသာထင်မိသည်။
သို့ဖြစ်ရာ 'ချစ်တယ်' ဟူသော စကားလုံးသည် ချင်ရှန့်နှင့် သိပ်မလိုက်ဖက်သောကြောင့် သူပြောလိုက်ချိန် တစ်မိသားစုလုံး တုန်လှုပ်ခြောက်ခြားစရာသတင်းကြားလိုက်ရသလို တုံ့ပြန်လာကြခြင်းပင်။
၎င်းတို့သည် သူတို့၏အတန်းပြန်လည်ဆုံဆည်းခြင်း၏ဒရာမာကိုကြည့်ရန် လိုင်းပေါ်တွင် အချိန်မပြတ်စောင့်နေရသည်ထက် ပိုစိတ်လှုပ်ရှားစရာကောင်းသည်။
မူလက ချင်ရှန့်၏၀န်ခံမှုတွင် နားလည်လွဲမှားမှုများကို ရှင်းထုတ်ပြီးနောက် ၎င်းတို့နှစ်ဦးကြားဆက်ဆံရေးသည် ပိုမိုနီး ကပ်လာမည်ဟုသာ ထင်မိကြသော်လည်း ချင်ရှန့်သည် ထိုသို့ ပြတ်ပြတ်သားသား၀န်ခံလာမည်ဟု လူတိုင်းမမျှော်လင့်ထားချေ။
၎င်းသည် စီးပွားရေးကိစ္စတွင် ပြတ်သားသူဖြစ်ကြောင်း လူတိုင်းသိကြသော်လည်း အခြားဆက်ဆံရေးကိုလည်း ထိုနည်းလည်းကောင်းဖြစ်မည်ဟုမထင်ထားပေ။
လူတိုင်းအပြင်းအထန်ဆွေးနွေးနေကြစဉ်တွင် တစ်စုံတစ် ယောက်ရှိနေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။ ချင်ရှန့်သည် တံခါး၀တွင် ဗလာကျင်းသောအမူအရာဖြင့် ရပ်နေသည်ကိုတွေ့လိုက်ကြသဖြင့် သူတို့ချက်ချင်းရှက်ရွံသွားသည်။
အခြားတစ်ယောက်၏ဒရာမာကိုသာ ကြည့်သည်ဆိုပါက ချင်မိသားစုဝင်များအတွက် အထူးရှက်စရာမဟုတ်ပေ။
ချင်ကျောက်က "အာ့ကော ရဲရင့်လိုက်စမ်းပါ၊ မနက်ဖြန် အာ့စောင်နဲ့ ချက်ချင်းသွားဒိတ်တော့ ဒါမှ သူ အာ့ကောရဲ့ခံစားချက်တွေကိုသိလာမှာ"
ချင်ရုန် ချက်ချင်းဆိုသလို "ဟင့်အင်း မဟုတ်ဘူး၊ အာ့စောင်က ဒီညထဲက သူ့ကိုရှောင်သွားတာဆိုတော့ အချိန်တစ်ခုလိုမှာပဲ၊ ဖြည်းဖြည်းဟာလုပ်၊ မိန်းကလေးတွေဆိုတာ ဖိအားတွေကြုံလာရင် အလိုလိုခုခံလာလိမ့်မယ်"
ချင်ကျောက် ချင်ရုန်ကို ချက်ချင်းပြန်ပြောသည် "ဒါက နင်လေလေ၊ အာ့စောင်မှာ နင်နဲ့မတူတဲ့ အကျင့်တွေရှိတယ်"
ချင်ရုန်က "ဒါဆို ကောလည်း အာ့ကော မဟုတ်ဘူးလေး၊ မိန်း ကလေးတွေကိုလိုက်တဲ့အတွေ့အကြုံကို အကြံမပေးသင့်ဆုံးက စန်းကောပဲ"
ချင်ကျောက် သွေးအန်လုနီးပင် "ဟမ့် နင်လည်း အကြံမပေးသင့်ဘူး၊ နင့်ရဲ့အတွေ့အကြုံတွေအားလုံးက ကျရှုံးတာပဲလေ"
ချင်ရန် ၎င်းတို့ငြင်းခုံနေကြတာမြင်တော့ "ငါ ထင်တာ..."
၎င်းတို့ နှစ်ယောက်သား သူမကိုကြည့်လိုက်ကာ သူတို့၏အမူ အရာများ သိသာလွန်းလှသဖြင့် ချင်ရန် ပါးစပ်ကိုချက်ချင်းပိတ်လိုက်သည်။ ဟုတ်တယ်၊ သူ့မှာ စန်းတိတို့နဲ့ မျှဝေဖို့အတွေ့ အကြုံကောင်းတွေ မရှိခဲ့ဘူးပဲ။
"သူတို့လေးယောက်က ကိုယ်တို့ အချစ်ရေးနဲ့ ဘာလို့ မျိုးဗီဇမတူကြရတာလဲ" ပါးပါးချင် ကူကယ်ရာမဲ့စွာပြောလိုက်သည်။
“သူတို့ကျမှ ဗီဇပြောင်းသွားတာဖြစ်မယ်”
"မဒမ်က တော်လိုက်တာ" ပါးပါးချင် သဘောတူသည်။
ချင်ရှန့်သည် စိတ်ပျက်လက်ပျက်နှင့် ခေါင်းကို ကိုင်ထားလိုက်ပြီး "ပါးတို့ ဘာမှမသိဘူးလို့ ဟန်ဆောင်ထားလိုက်၊ မဟုတ်ရင် သူ ရှက်နေလိမ့်မယ်"
ကျီဖေးသည် အခြားသူများအကြောင်း အတင်းအဖျင်းပြောခြင်းကို နှစ်သကသော်လည်း အခြားသူများ သူမကိုအတင်း အဖျင်းပြောပါက မည်သို့တုံ့ပြန်မည်ကို ဘယ်သူသိမည်နည်း။
လူတိုင်းသည် ချက်ချင်းပင် ကတိပေးလိုက်ကြသည်။
သို့သော် သူတို့ စောင့်ကြည့်ခန်းထဲကမထွက်ကြပေ။
ချင်မောင်နှမများသည် ယနေ့ည ချင်ရှန့်၏လုပ်ရပ်ကို အံ့ဩနေကြဆဲဖြစ်ပြီး သူဘယ်အချိန်က ချစ်မိသွားလဲမမေးပဲမနေနိုင်ချေ။ သူ့ခံစားချက်တွေ ဘယ်လောက်တောင် နက်ရှိုင်းခဲ့တာလဲ ? ရုတ်တရက် ဘယ်လိုဖြစ်သွားတာလဲ ?
ချင်ရှန့်တွင်လည်း အဖြေမရှိသောကြောင့် ထိုမေးခွန်းများကိုမဖြေခဲ့ပေ။
သို့သော် ပါးပါးချင်နှင့်မားမားချင်တို့သည် သူကို နားလည်တာကြောင့် သိပ်သိချင်စိတ်မရှိချေ။
ချင်ရှန့်၏ စိတ်ခံစားမှုများသည် အလွန်အထိမခံချေ၊ အမှန်မှာ... သူ့အတိတ်က အခြေအနေနှင့် ဆက်စပ်နေသည်။ သူသည် ငယ်စဉ်ကပင် အထီးကျန်ဆန်ခြင်းကိုခံစားခဲ့ရပြီး ပြင်ပကမ္ဘာနှင့် အချိန်အတော်ကြာဆက်သွယ်ရန် ငြင်းဆန်ခဲ့သူဖြစ် သည်။
သို့သော် သူ့အတွင်းစိတ်သည် အမှန်တကယ် ပြင်းထန်လွန်းသည်။
ချင်ရှန့် ငယ်ငယ်တုန်းက စကားပြောဖို့ ငြင်းဆန်တာခဲ့သဖြင့် သူ့ စိတ်ခံစားချက်များ ပြောင်းလဲစေရန် အားလပ်ရက်ကို အပြင်ခေါ်သွားခဲ့ကြသည်။
ထိုအချိန်တွင် သူတို့သည် ကျီဖေး၏မိသားစုနှင့်အတူ အပန်း ဖြေခရီးထွက်ခဲ့သည်။
ကျီဖေးသည် ချင်ရှန့်နောက်သို့ အရိပ်လေးပမာလိုက်ကပ်တက် သည်။ ချင်ရှန့်သည် ကျီဖေးအား စကားတစ်ခွန်းမျှ မပြောဘဲ ထိုညီမငယ်လေးကို လုံးဝဂရုမစိုက်ပုံရသည်။
သို့သော် ကျီဖေးသည် သူ့မိသားစုနှင့်ထွက်သွားချိန်တွင် ပြဿနာစလာသည်။
ထိုသည်မှာ ချင်ရှန့် ရုတ်တရက် ငိုလိုက်သောကြောင့်ပင်။ ထိုအချိန်တွင် သူတို့သည် ဆရာဝန်များကိုသာ အမြန်ခေါ်လိုက်ပြီး ကျီဖေးကို ပြန်ခေါ်ဖို့ဆိုတာမဖြစ်နိုင်တော့ချေ။
သူပြန်ကောင်းလာပြီးနောက် အရာရာကိုဂရုမစိုက်သလို ဖြစ်သွားသည်။
သို့သော် အမှန်မှာ သူ့ခံစားချက်တွေ အတိုင်းအတာတစ်ခုအထိ တိုးလာသည်နှင့် ချက်ချင်းဆိုသလို ပေါက်ကွဲသွားတက်သည်။ အထူးသဖြင့် ကျီဖေးနှင့်ဆိုလျှင်ဖြစ်နိုင်သည်။
ကျီဖေး၏အခြေအနေနှင့် ပတ်သက်ပြီးကတော့...
တကယ်တော့ ကျီဖေးသည် ချင်ရှန့်နှင့် ဆက်ဆံရာမှာအလွန်ထူးဆန်းသည်။ သူမကိုမွေးစားခြင်းမပြုမီ သူတို့နှစ်ဦးသည် အကြိမ်ရေအနည်းငယ်သာတွေ့ဆုံခဲ့ကြသည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် မတွေ့ရသည်မှာ ဆယ်နှစ်နီးပါးကြာပြီဖြစ်သည်။
ငယ်ငယ်တုန်းက ကျီဖေးသည် နေရောင်ခပ်သေးသေးလေးလိုပင်။ လူတိုင်းကို အမြဲတမ်းတက်ကြွစေပြီး ဖော်ရွေသည့်သူမို့ သူတို့နှစ်ယောက် ပထမအကြိမ်တွေ့ဆုံချိန်တွင် ချင်ရှန့်ကို အလွန်အမင်းဖော်ရွေသည်မှာ လူကြီးတွေအမြင်မှာတော့ ထိုသည်မှာ ကလေးသဘာ၀ကစားခြင်းပင်။
နောက်ပိုင်းတွင် သူမ ချင်မိသားစုသို့ပြောင်းရွှေ့ပြီးနောက် အခြားသူများကို လျစ်လျူရှုပြီး အေးစက်နေတက်သည်မှာ သူမ၏မိဘများကိုဆုံးရှုံးလိုက်ရသည့် ဒဏ်ရာကြောင့်ဟုသာ သတ်မှတ်ခဲ့ကြသောကြောင့် သူ့အပြုအမူအားလုံးကိုသည်းခံခဲ့ကြသည်။
ချင်ကျောက်သည် ကျီဖေးနှင့် လုံး၀မျက်နှာချင်းမဆိုင်ပဲလျစ် လျူရှုတက်သည်။ ချင်ရုန်သည် ကျီဖေးထက် ငယ်သော်လည်း ကျီဖေးသည် သူမနှင့်ကစားရန် ဆန္ဒမရှိသည်ကို သတိပြုမိသောအခါကြောင့်ဖြစ်ပြီး ချင်ရုန်သည်တော့ မဝံ့မရဲဖြစ်နေခဲ့သည်။ ချင်ရန်သည် အိမ်ထောင်ကျပြီးနောက် စောစောထွက်သွားခဲ့သည်။
ချင်ရှန့်သည် ကောလိပ်တက်နေဆဲဖြစ်ကာ အိမ်ပြန်ခဲသော် လည်း ကျီဖေးသည် သူ့ကို မြင်မြင်ချင်းချစ်မိသွားပုံရပြီး သူအိမ်ပြန်ရောက်တိုင်း တက်ကြွစွာဆက်ဆံတက်သည်။ ချင်ရှန့်သည်အခြေခံယဉ်ကျေးသိမ်မွေ့မှုကိုထိန်းသိမ်းသဖြင့် အလိုက် သင့်သာဆက်ဆံသည်။
သူတို့ အိမ်ထောင်ကျပြီး နှစ်နှစ်အကြာတွင် ကျီဖေး၏လိုက်ကပ်မှုသည် ပိုမိုပြင်းထန်လာပြီး မကြာခဏရှက်စရာကောင်း သော အမူအရာတို့လည်းလုပ်တက်သည်။
သို့သော် ကျီဖေးသည် ချင်ရှန့်ကို တကယ်ချစ်တာလား ? သူမ ဘဝအတွက် ခိုလှုံရာဖြစ်စေရန် မစ္စချင်ဟူသော အဆင့်အတန်းကိုလိုချင်တာလားဆိုတာတော့ သူတို့ ရှင်းရှင်းလင်းလင်းမသိရချေ။
ယခုအချိန်တွင် ချင်ရှန့်၏ခံစားချက်များ ပေါက်ဖွားလာသော ကြောင့် ၎င်းတို့သည် သဘာဝအတိုင်းပျော်ရွှင်နေပြီး ၎င်းတို့နှစ်ဦးချစ်မိသွားမည်ကို မျှော်လင့်ကြသည်။
ပါးပါးချင်သည် မထွက်သွားခင် ချင်ရှန့်၏ပခုံးကို ပုတ်လိုက်ပြီး "တကယ်တော့ တစ်စုံတစ်ယောက်ကို လိုက်ဖို့က ရိုးရှင်းပါတယ်၊ မင်းရဲ့ စိတ်ရင်းမှန်ကိုသုံး"
မားမားချင်လည်း ပြုံးပြီးပြောသည် "မင်းတို့နှစ်ယောက်ကြားကကံကြမ္မာက မင်းတို့ကို အတူတူအဆုံးသတ်ခွင့်ပြုမယ်လို့ မား ယုံကြည်တယ်"
သို့သော် ကျီဖေးသည် ချင်ရှန့်ကို တစ်ပတ်ကြာရှောင်ခဲ့သည်။
တစ်ပတ်အကြာတွင် လောမိသားစုသည် ဖိတ်စာတစ်စောင်ပေးပို့လာသောအခါမှ ကျီဖေးသည် သူ မေ့သွားသည့်အရာကို ရုတ်တရက်သတိရသွားသည်။
[ထန်အာတို့က အခုထိ မကွဲကြသေးဘူးလား? ပြီးတော့ ရွှမ်ရီက သူမကို လောမိသားစုရဲ့ မိတ်ကပ်ဆရာလုပ်ဖို့ ဖိတ်ထားတယ်? မဟုတ်သေးဘူး.. ရွှမ်ရီက အစ်ကိုကြီးလောနဲ့ လက် ထပ်ပြီးပြီကို၊ သူ့ရည်းစားဟောင်းနဲ့ အနာဂတ်ယောင်းမရဲ့ကိစ္စတွေကို ဘာလို့နှောက်ယှက်နေရတာလဲ?]
[ခဏလေး အဓိကအချက်က ထန်အာတို့ အခုထိ လမ်းမခွဲရသေးတာပဲ၊ ဟမ်... ငါဒီဒရာမာကို လူကိုယ်တိုင်သွားကြည့်ချင်လာပြီ]
အဆုံးတွင် ကျီဖေးသည် ဖိတ်ကြားလွှာကိုကိုင်ဆောင်ထားသော ချင်ရှန့်ကိုမျှော်တလင့်လင့်ဖြင့်ကြည့်လိုက်သည်။