အခန်း (၂၀၄)
Vol. 21 Ch. 204
[အခုတစ်ကြိမ်မှာ ထန်မိသားစုက ငွေ းအရေးပေါ်လိုနေတာ၊ ထန်အာါမိဘတွေကလည်း တခြားရွေးချယ်စရာမရှိတော့တဲ့အခါ ထန်အာကိုပဲ အကူအညီတောင်းရတော့တာပေါ့၊ ထန်အာ အခြားလူတွေဆီက ပိုက်ဆံချေးဖို့ကြိုးစားပေမဲ့ သူမကို ဘယ်သူမှမချေးကြဘူး၊ အဲ့တော့ သူမမှာ ရွေးစရာမရှိတော့တဲ့အဆုံး လောကျိုးကိုမေးကြည့်ရတာပဲ၊ လောကျိုးသာ အမှန်တရားကို သေချာရှင်းပြပြီး သူ့ကိုကူညီမယ်ဆိုရင် သူအရင်က လိမ်ခဲ့တာကို သူမ ခွင့်လွှတ်ဖို့ စဉ်းစားမယ်လို့တွေးနေခဲ့တာ]
[ဒါပေမဲ့ လောကျိုးရဲ့သဘောထားက ချက်ချင်းပြောင်းလဲသွားပဲ၊ သူ့မှာ ပိုက်ဆံမရှိဘူးဆိုပြီး သူမ ဘာသာတွေးချင်ရာတွေးနေတာလို့တောင် ပြောလိုက်သေးတယ်၊ ထန်အာက လောကျိုး အခုလိုပြောလာမယ်လို့ မမျှော်လင့်ထားဘူး၊ သူမ လိမ်တာမဟုတ်ဘူးလို့ အသေအချာပြောခဲ့ပေမဲ့ လောကျိုးကတော့ ဒေါသတကြီးနဲ့ထွက်သွားခဲါတယ်]
ချင်မိသားစု အံ့ဩသွားပြီး မယုံနိုင်အောင်ဖြစ်သွားသည်။ မယုံနိုင်စရာ ဘာရှိလို့လဲ ?
သူသည် သူတစ်ပါးကိုလိမ်သည့်သူဖြစ်သော်လည်း သူအား လိမ်ညာသည်ဟု မည်သို့စွပ်စွဲဝံ့သနည်း?
အပြစ်ရှိတဲ့သူတွေက တခြားသူတွေအပေါ် အပြစ်ပုံချတာကို ကြိုက်တာများလား?
[လောကျိုးက ငတုံးတစ်ကောင်နဲ့တူပေမဲ့ တကယ်တော့ အဲ့တာက ရွှမ်ရီရဲ့အစီအစဥ်ပဲ]
ချင်မိသားစု : ဘာလဲ ? သူ ဘာလုပ်ခဲ့ပြန်တာလဲ ?
[ရွှမ်ရီက တမင် ထန်အာနဲ့ လောကျိုးကိုအတန်းပြန်လည်ဆုံဆည်းပွဲမှာ မတွေ့တွေ့အောင်လုပ်ခဲ့တာပဲ၊ အဲ့အချိန် သူထင်လိုက်တာ သူတို့ရန်အကြီးအကျယ်ဖြစ်ပြီး ပျက်ကြမယ်ပေါ့၊ ဒါပေမဲ့ အဲ့နေ့က ဘာဒရမ်မာမှမဖြစ်လာခဲ့ဘူး၊ လောကျိုးက သူ့မိသားစုကိုပွဲကျရင် သူ့ရည်းစားကိုပါ ခေါ်လာပေးမယ်ဆိုပြီးပြောခဲ့တယ်၊ ဒါကို ရွှမ်ရီမကျေမနပ်ဖြစ်စေတာ၊ သူထင်လိုက်တာက ထန်အာက လော့ကျိုးဘ၀အကြောင်း သိလား၊ မသိလား စုံစမ်းလိုက်တဲ့အချိန် ထန်အာက ငွေအသည်းအသန်လိုက်ချေးနေတယ်ဆိုတာကို သိလိုက်ရတာပဲ၊ ဒါနဲ့ သူ လောကျိုးကိုပြောလိုက်တယ်...]
ချင်မိသားစု စိုးရိမ်တကြီး နားထောင်နေသည်။
သူ ဘာပြောလိုက်တာလဲ!
[လောကျိုးရဲ့ဘ၀အကြောင်းက တကယ်တော့ လျှို့ဝှက်ချက် တစ်ခုမဟုတ်တော့ ထန်အာသာစုံစမ်းချင်ရင် လွယ်လွယ် စုံစမ်းလို့ရတယ်ဆိုပြီး ပြောခဲ့တယ်၊ သူပြောတာ ထန်အာက သူရဲ့ ဘ၀အကြောင်းကိုသိလို့ သူ ဆင်းရဲချင်ယောင်ဆောင်နေတာကို စိတ်ထဲမထားပဲ တမင်သက်သက် သူ့ဇနီးဖြစ်အောင် ကြံစည်နေတာလို့ပြောခဲ့တယ်]
ချင်မိသားစု - ထိုစကားလုံးများသည် လူတစ်ယောက်ကို အထင်မှားစေနိုင်သည်။
[အစပိုင်းတော့ လောကျိုး မယုံဘူး၊ ဒါပေမယ့် ရွှမ်ရီက ထန်အာ သူ့ရှေ့မှာပိုက်ဆံလိုသလိုဟန်ဆောင်ပြီး တောင်းလိမ့်မယ်လို့အရိပ်အမြွက်ပြောပြခဲ့တယ်၊ Fuck... ဘယ်လောက်တောင် ပြီးပြည့်စုံတဲ့ ထောင်ချောက်လဲ!]
ချင်မိသားစုလည်း အံသြသွားသည်။ ဒီလိုမျိုးလှည့်ကွက်အကြီးကြီးရှိနေမည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားချေ။
ချင်ရှန့်နှင့် ရွှမ်ရီသည် အတန်းဖော်များဖြစ်ခဲ့သော်လည်း ယခုအခါ သူမအပေါ် သူ့အမြင်သည် လုံးဝပြောင်းလဲသွားခဲ့သည်။
သို့သော် ရွှမ်ရီသည် ထောင်ချောက်ဆင်ခဲ့သော်လည်း လောကျိုးသာ ထန်အာကိုတကယ်ချစ်ပါက နားလည်မှုမလွဲနိုင်ပေ။ ထန်အာကို သူ ဘယ်လိုလုပ် လွယ်လွယ်နဲ့ နားလည်မှု လွဲသွားတာလဲ ?
လူတိုင်းသည် အတင်းအဖျင်းစကားများကိုဆက်ကာခိုးနား ထောင်လိုက်ကြသည်။
ကျီဖေးသည်လည်း အရေးကြီးသော အပိုင်းကို ကြည့်လိုက်သည်။
[ထန်အာက အစောပိုင်းမှာ အခြားသူတွေဆီကရော ပိုက်ဆံချေးဖို့ ကြိုးစားခဲ့တယ်ဆိုတာ လောကျိုးသိလိုက်ရတော့ ရွှမ်ရီပြောခဲ့တဲ့စကားနဲ့ ကိုက်နေတယ်လို့ ခံစားရတာ၊ ဒါပေါ့ သူ သိပ်မယုံတော့ ထန်အာမိသားစုလည်း ပိုက်ဆံချေးနေလားဆိုတာကို လျှို့ဝှက်စုံစမ်းခဲ့ပေမဲ့ သဲလွန်စမတွေ့ခဲ့ဘူး]
ချင်မိသားစုသည် ထိုလှည့်ကွက်ကြောင့် စိတ်ရှုပ်သွားသည်- အတုလား? ထန်အာက သူ့မိသားစုဆီက အလိမ်ခံရတာလား?
[သူက တကယ့်ကို Single ခွေးပဲဖြစ်သင့်တယ်၊ သူ့နေရာမှာ ချင်ရှန့်ဆိုရင် စေ့စေ့စပ်စပ်စုံစမ်းမှာပဲ၊ ဒါပေမဲ့ အဲ့အရူးကတော့ ထန်အာမိသားစုက လူမသိသင့်တဲ့ ကိစ္စတစ်ချို့ မှားယွင်းသွားလို့ ဘယ်သူမှမသိအောင် ငွေရှာနေရတယ်ဆိုတာမသိဘူး၊ ဒါကြောင့် သူတို့ ဒီအကြပ်အတည်းက ဖြတ်ကျော်နိုင်အောင် ထန်အာကိုပဲအားကိုးရတော့တာ တစ်ယောက်ယောက်သာ သိသွားရင် သူတို့မိသားစုဒုက္ခရောက်လိမ့်မယ်]
ပရော်ဖက်ရှင်နယ် အတင်းအဖျင်းများကို နှစ်သက်သော ချင်မိသားစု - ဒီလို ဖြစ်ခဲ့တာကိုး
ချင်ကြံကြံဖန်ဖန် ကြည်နူးတက်သောရှန့် သူ ငါ့ကို ချီးကျူးနေတာပဲ...
[ဒါကြောင့် သူစုံစမ်းတော့ ထန်အာ့ မိသားစုက အခြားသူတွေဆီပိုက်ဆံမချေးခဲ့ဘူးဆိုတာတွေ့သွားတော့ ထန်အာ လိမ်နေတာလို့ယုံသွားရော ထန်အာက သူ့ကို အကူအညီတောင်းဖို့ကလွဲလို့ရွေးချယ်စရာမရှိတော့ သူ့ ဘ၀အမှန်ကိုလည်းသိနေတာနဲ့ သူ့ဆီကနေ ပိုက်ဆံရဖို့ ဒီလိုနည်းလမ်းကိုသုံးတာလို့ထင်သွားတာပဲ၊ သူက အရင်နာကျင်သွားပြီး လမ်းတောင်ခွဲချင်... အေး! နင်ဘာလို့ ချက်ချင်းလမ်းမခွဲလိုက်ရတာလဲ! ဘာလို့ သူ့ကို တစ် ယောက်တည်း ထားခဲ့ရတာလဲ! ဘယ်လိုတောင် အရှက်မရှိတဲ့ကောင်လဲဟ!]
ကျီဖေး အဆုံးတွင် သည်းမခံနိုင်တော့ချေ။
အရာအားလုံးသည် နားလည်မှုလွဲပုံသာရသော်လည်း အဲ့လောကျိုးဆိုတဲ့ကောင်ကတော့... ဆန်ကုန်မြေလေးကောင်ပဲ!
ချင်မိသားစုသည် ခေါင်းတဆတ်ဆတ်ညှိမ့်ကာ ထောက်ခံ သည်။ ထိုအရာသည် ထန်အာအတွက် မည်မျှ ဆိုးရွားစေမည်ကို တွေးရန်ပင်မလိုချေ။
ဝမ်းနည်းစရာအကောင်းဆုံးမှာ ထန်အာသည် ယခုမှအရာရာကိုသိကြောင်းပြောသော်လည်း လောကျိုးသည် သူ့ပိုက်ဆံကြောင့်ဟုသာ သံသယ၀င်နေဆဲပင်။
ဒါအစထဲက လောကျိုးရဲ့အပြစ်မဟုတ်ဘူးလား ? သူသည် အစကတည်းက လိမ်ညာမှုများဖြင့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခဲ့သူပင်။
[အရူးလို လုပ်ပဲနေလိုက်! နင်မကြာခင် နင့်ကိုယ်နင် လူရွှင် တော်တစ်ယောက်ပဲဆိုတာ သိသွားမှာပဲ၊ နင်ငြင်းလို့သာ ထန်အာကလက်ထပ်ပွဲမှာ နင့်မားနဲ့ ယောက္ခမအတွက် မိတ်ကပ်ပြင်ပေးဖို့ ရွှမ်ရီရဲ့အလုပ်ကို လက်ခံဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိတော့တာ]
ချင်မိသားစုသည် မတွေးပဲမနေနိုင်ချေ- ဒီရွှမ်ရီက ငြိမ်ငြိမ်လေးမနေနိုင်ဘူးလား?!
သူမသည် ၎င်းတို့ မပျက်မှာကို စိုးနေသောကြောင့် အားလုံးရှေ့တွင် ဖော်ထုတ်ဖို့စီစဉ်ထားသည်။
ထို့အပြင် ကောင်လေးမှာ ထိုအိမ်တော်၏သခင်ငယ်လေးဖြစ်ပြီး ကောင်မလေးမှာ ထိုအိမ်တော်အားမိတ်ကပ်ပညာရှင်အဖြစ်လာရသည်။ သူတို့ ဘ၀များမှာ ကွဲပြားသည်မှာ မှန်သော်ငြား နိမ့်ကျမှုမရှိသော်လည်း ရွှမ်ရီ၏အမြင်တွင် ထိုသည်မှာ အရှက်ရစရာပင်။
[လောကျိုး ထန်အာကိုမြင်တဲ့အခါ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ငါကြည့်ချင်သေးတယ်]
ကျီဖေး အတင်းအဖျင်းများကို ဖတ်ပြီးချိန် ချင်ရှန့်၏လက်ထဲမှ ဖိတ်စာကိုကြည့်ကာ "ဒါဆို... ကျွန်မတို့သွားမှာလား"
ထိုသည်မှာ ဝိုင်မြည်းစမ်းပွဲဖြစ်သောကြောင့် ချင်ရှန့်သည် ပုံမှန်ဆိုလျှင် ထိုပွဲများကိုငြင်းဆိုတက်သဖြင့် သူ မသွားမှာကို စိုးရိမ်နေခဲ့သည်။ သူ မသွားလျှင် သူမလည်းသွားရန်မသင့်ချေ။
"ဒါ ရှင့်သူငယ်ချင်းရဲ့ ပွဲပဲ၊ ရှင် သွားသင့်တယ်"
ချင်ရှန့်၏နှလုံးသားသည် ကျီဖေး၏မျှော်လင့်ချက်အပြည့်ဖြင့် အမူအရာကိုမြင်လိုက်ရသောအခါ အရည်ပျော်ကျသွားသလိုပင်။
သူ ကျီဖေးကို ချိုမြိန်သော အပြုံးဖြင့်ကြည့်နေသည်။ ပုံမှန်အားဖြင့် သူ ထိုပွဲများကိုမတက်သော်လည်း သူမ သွားလိုပါက သူ့ဇနီးလေးနှင့်အဖော်လိုက်ပေးမည်ပင်။
"အင်း ကိုယ်တို့နှစ်ယောက်..." ချင်ရှန့် စကားမဆုံးသေးခင် ဖြတ်ပြောခြင်းကိုခံလိုက်ရသည်။
"ဖိတ်စာက ငါတို့တစ်မိသားစုလုံးအတွက် မဟုတ်လား" မားမားချင် ရုတ်တရက်မေးလာသည်။
ပါးပါးချင်သည် "ငါ ဝိုင်မမြည်းစမ်းကြည့်တာ တော်တော်ကြာပြီပဲ၊ လောမိသားစုက ဒီလူအိုကြီးကို ကြိုဆိုကောင်းပါရဲ့"
"ကျွန်မလည်း အားနေတယ်" ချင်ရန် ချက်ချင်း၀င်ပြောသည်။
ချင်ကျောက် လည်ချောင်းရှင်းလိုက်ပြီး "ကျွန်တော် နိုင်ငံခြားသွားဖို့အတွက် လက်ဆောင်ဝယ်ချင်နေတာ၊ လောမိသားစုရဲ့ ဝိုင်က တော်တော်လေးကောင်းတယ်လို့ကြားမိတယ်"
"သ.. သ.. သမီး မကြာသေးခင်ကမှ ဝိုင်အကြောင်းကို တကယ်လေ့လာချင်တေခဲ့တာ" ချင်ရုန် နောက်ဆုံးတော့ အကြောင်းပြချက်တစ်ခုရှာတွေ့ခဲ့သည်။
"တကယ်! ဒါဆို ကျွန်မတို့ အားလုံးအတူတူသွားကြရအောင်!"
[ကောင်းလိုက်တာ၊ ငါ ချင်ရှန့်နဲ့ နှစ်ယောက်တည်းရင်ဆိုင်ဖို့မလိုတော့ဘူး ဟားဟား!]
ချင်ရှန့်:...
သူ့အကြည့်များသည် လူတိုင်းအပေါ် လွှမ်းခြုံသွားသည်။
လူတိုင်း ခေါင်းငုံ့ထားလိုက်ကြသည်။
ဆောရီးပါ၊ သူတို့ ချင်ရှန့်နဲ့ ကျီဖေးရဲ့ ဆက်ဆံရေးကိုကူညီပေးချင်ပေမယ့်လည်း ဖရဲသီးအကြီးကြီးကိုလက်မလွှတ်ချင်ပေ။
ယခုအချိန်တွင် သူတို့သည်အတင်းအဖျင်းချစ်သူများ၊ အတင်းအဖျင်းပြောသူများသာဖြစ်ပြီး သူတို့အတွက် အတင်း အဖျင်းကသာ အရေးကြီးသည်။
ချင်ရှန့်၏အကြည့်များသည် ဒေါသမီးများတဟုန်းဟုန်းထနေသောကြောင့် တစ်မိသားစုလုံးပိုလို့ပင် အပြစ်ရှိသလိုခံစားရပေသည်။
ထားလိုက်တော့၊ သူတို့အဲ့ကိုရောက်ရင် သူတို့ဘာသာ သီးသန့်နေလို့ရတာပဲလေ။
ချင်ရှန့်သည် ခေါ်သွားရန် မလိုလားသော်လည်း လောမိသားစု ၏ဝိုင်မြည်းစမ်းသည့်နေ့တွင် တစ်မိသားစုလုံး အတူတူသွားရဆဲဖြစ်သည်။
သူတို့သည် အခြားဧည့်သည်များထက် စောစောသွားကြသည်။
အဘယ့်ကြောင့်ဆိုသောါ အတင်းအဖျင်းများအတွက်ဆိုသည်မှာ သိသာလှသည်။
မိတ်ကပ်ပညာရှင်များသည် စောစောရောက်လာလေ့ရှိသည်။
ဒရာမာကြီးက စောစောထဲက ပြီးသွားရင် ဘယ်လိုလုပ်မလဲ?
သူတို့ လွတ်သွားလျှင် အချည်းနှီးဖြစ်သွားမည် မဟုတ်ပါလား။
သို့သော် ချင်မိသားစုလို အဆင့်အတန်းမြင်သည့် မိသားစုအတွက်တော့ ဤနေရာသို့ ကိုယ်စားလှယ်တစ်ယောက်ပို့ရုံဖြင့် လုံလောက်လေပြီ။ ထို့အပြင် လောမိသားစုနှင့် ချင်မိသားစုကြားရှိဆက်ဆံရေးသည် လောကျိုးနှင့် ချင်ရှန့်တို့၏ ရင်းနှီးမှုသာရှိသည်။
ထို့အတွက် မိသားစုတစ်စုလုံး အတူရောက်လာသည့်အခါ လောမိသားစုဝင်များအားလုံး ထွက်ကြိုကြသည်။
၎င်းတို့သည် လုပ်ငန်းကိစ္စများ ပူးပေါင်းဆောင်ရွက်ဖို့ လာကမ်းလှမ်းတာလားဟုထင်သဖြင့် သူတို့လည်း နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
သူတို့ အမှန်တရားကို သတိမထားမိခဲ့ကြပေ။
၎င်းတို့မိသားစုရောက်လာချိန် ယဉ်ကျေးစွာကြိုဆိုခြင်းခံရသော်လည်း သူတို့မျက်လုံးများသည် လောကျိုး၊ ရွှမ်ရီနှင့် ရိုးသားလှသော အကိုကြီးထံသို့သာရောက်မိနေသည်။