← Chapters

အခန်း (၂၀၅)

Vol. 21 Ch. 205

အခန်း (၂၀၅)

Vol. 21 Ch. 205

မိသားစုနှစ်စုမှအကြီးအကဲများသည် ငယ်ရွယ်သောအဖွဲ့ဝင်များအား နှုတ်ခွန်းဆက် စကားများဖလှယ်ရန် ဦးဆောင်ခဲ့သည်။ လောမိသားစု၏အကြီးဆုံးသားနှင့် ဤပွဲကျင်းပသည့် အိမ်ရှင်အဖြစ်လော့ချန်သည် ဧည့်သည်များအား ဖျော်ဖြေရာတွင် အဓိကအခန်းကဏ္ဍကိုတာဝန်ယူထားခဲ့သည်။

သူ့အပြောအဆိုမှာ သပ်ရပ်ပြီးယဉ်ကျေးသည်။ လော့ကျိုးလောက်မချောပေမယ့် သူ့တွင် ထူး ထူးခြားခြားအသွင်အပြင်ရှိသည်။ သူသည် ချင်ရှန့် ကဲ့သို့သော မျိုးဆက်သစ်လူငယ်များကြားတွင် ထူးခြားခြားအရည်အချင်းများမရှိသော်လည်း ကိုယ်ပိုင်အခန်းကဏ္ဍများတွင် ထူးချွန်နေဆဲဖြစ်သည်။ ထူး သူ့ လော့မိသားစုသည် အကြီးဆုံးသားကိုအမွေဆက်ခံရန် အလွယ်တကူဆုံးဖြတ်ခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။

[ရွှမ်ရီသည် ဤမျှကောင်းမွန်သည့်ဘဝဖြင့် နေထိုင်နေပြီဖြစ်သော်လည်း၊ သူသည် ပိုမျက်စိကျနေဆဲဖြစ်သည်။ သူဘယ် လောက်တောင် လောဘကြီးနိုင်ရတာလဲ?]

ချင်မိသားစုမှအဖွဲ့ဝင်အချို့သည် လော့ချန်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သော်လည်း ၎င်းတို့၏ပထမဆုံးသဘောထားမှာ အလွန်ကောင်းမွန်သော ကြောင့် ကျီဖေး၏ စိတ်ထဲမှအကြံကို သဘောမတူပဲမနေနိုင်ပေ။

အစ်ကိုကြီးသည် အရာရာတိုင်းတွင်ထူးချွန်သည်။ ရွှမ်ရီသည် သူ မည်မျှကံကောင်းသည်ကို အမှန်ပင်မသိချေ။

ရွှမ်ရီက သူ့ယောက္ခမအတွက်နောက်ကွယ်မှာ ဘယ်လိုအကြံ အစည်တွေကြံစည်နေလဲကိုစဉ်းစားရင်း လော့ချန်ကိုပိုလို့တောင် စာနာစိတ်နှင့်ကြည့်နေခဲ့သည်။

ပျော်ရွှင်စရာတွေဖလှယ်ရင်း လူအများ၏အလယ် တွင်ရှိနေသည့်လော့ချန်သည် သူ့ကျောရိုးထဲသိသိသာသာအေးစက် သွားသလို ခံစားလိုက်ရကာတုန်လှုပ်ခြောက်ခြားသွားသည်။

"ပင်မခန်းမမှာရှိတဲ့ ဝိုင်မြည်းစမ်းဖို့နေရာက အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ရဲ့ ဧည့်ဝတ်မ ကျေပွန်မှုကို ခွင့်လွှတ်ပေးပါ၊ ပြင်ဆင်ရမှာလေး တွေကျန်နေသေးလို့ပါ။"

ထို့နောက်၊ လော့ကျိုးသည် အားလုံးကိုပင်မခန်းမသို့ ဦးစွာခေါ်ဆောင် သွားသည်။

ချင်ရှန့်နှင့်လော့ကျိုးတို့သည် ရင်းနှီးသော သူငယ်ချင်းများဖြစ်သောကြောင့် လော့ချန်သည် လော့ကျိုး၏သူငယ်ချင်းအတွက် လော့ကျိုးအား ကောင်းစွာဖျော်ဖြေရန်အလိုရှိခဲ့သည်။

သို့ပေမယ့်သူလှည့်ကြည့်လိုက်တော့ လော့ကျိုးအာရုံလွင့်နေတာကို တွေ့လိုက်ရသည်။ ရည်းစားဖြစ်သူနှင့် စကားများရန် ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။ လော့ချန်သည် သူ့ညီဘာဖြစ်နေကြောင်း အတိအကျမသိသော်လည်း ဤကဲ့သို့သော အရေး ကြီးသည့်နေ့တွင် ဧည့်သည်များအတွက် ဧည့်ဝတ်ပြုမှုအပေါ် မလိုလားအပ်သောခံစားချက်များ လွှမ်းမိုးခွင့်မပြုနိုင်ပေ။

လော့ချန်သည် လော့ကျိုး၏ကျောကို ပွတ်သပ်ပေးပြီး "ကျိုး၊ စိတ်လွင့်နေတာရပ်ပြီး မင်း သူငယ်ချင်းဆီ သွားလိုက်ဦး" ဟု ပြုံးပြီးသတိပေးလိုက်သည်။

လော့ကျိုးသည် သူ့မျက်လုံးအောက်တွင် ညိုမည်းနေသည့်စက်ဝိုင်းများရှိပြီး နေမကောင်းသည့်ပုံပေါ် ကာ တကယ့်ကို အချစ်ကြောင့်ညှဉ်းပန်းနှိပ်စက် ခံနေရသူတစ်ယောက်ပုံစံ ပေါ်လွင်နေသည်။

သူ့အသိစိတ်များပြန်ဝင်လာတော့ လော့ကျိုးက သူ့ အာရုံများကိုစုစည်းကာ ချင်မိသားစုဝင်များအား ပင်မခန်းမသို့ပို့ဆောင်နိုင်ခဲ့သည်။

မစ္စတာလော့နှင့်မစ္စလော့တို့သည် လော့ချန်ပြင်ဆင်မှုများဆက်လက်လုပ်ဆောင်နေစဉ်တွင် ပါးပါးချင် နှင့်မားမားချင်တို့နှင့်အတူ သဘာဝအတိုင်းလိုက်ပါသွားခဲ့သည်။

"ဟန်နီ၊ ကျွန်မ မိတ်ကပ်လိမ်းတာမပြီးသေးဘူး။ အခုဆက်လိမ်းလိုက်ဦးမယ်နော်။" လော့ချန်အား တိုးတိုးလေးပြောလိုက်သည်။

လော့ချန် ခေါင်းညိတ်သဘောတူလိုက်သည်။

ရွှမ်ရီမှ သူတို့နှင့်လိုက်မသွားတာကို မြင်လိုက်ရပြီး သူ့ပုံစံက တစ်ဝက်သာသာရှိနေတာကို သတိထားမိလိုက်တော့ ကျီဖေးက တစ်ခုခုကို ချက်ချင်းသဘောပေါက်သွားတယ်။

[အိုးးးမိုင် ဂေါ့!!၊ ငါ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒရာမာကို လွတ်တော့မလို့ပဲ။]

ချင်မိသားစုဝင်များသည် ချက်ချင်းပင် နားစွင့်လိုက်ကြသည်။

[ထန်အာ ရောက်နေပြီ! လော့ကျိုးက သူ့အခန်းထဲမှာ သုန်မှုန်နေလို့ ထန်အာက သူ့အိမ်ထဲရောက်နေပြီဆိုတာကို သူ မတွေ့လိုက်ဘူး။ ပြီးပြည့်စုံတဲ့အချိန်ပဲ - - အရမ်းကြီးလည်းမစောလွန်းဘူး ဒီအတိုင်းအချိန်မှန်ပဲ။ ထန်အာက တောင်ပံတွေအောက်မှာ စောင့်နေပြီသား၊ ပြီးတော့ ငါတို့က စာရင်းကိုဖွင့် ရှင်းလိုက်မဲ့အချိန်မှာ အချိန်မှီသွားလိုက်ရုံပဲ!]

ချင်မိသားစုဝင်များ : !!

ထိုအချိန်မှာပင် ၎င်းတို့သည် ဝိုင်ပုလင်းများ၊ ဖန်ခွက်များနှင့်ဆက်စပ်ပစ္စည်းများအား ခရစ်စတယ်မီးပန်းဆွဲများအောက်တွင် လှပစွာစီရီထားသည့် ခန်းမထဲသို့ဝင်ရောက်လာကာ နတ်သမီးပုံပြင်ထဲကကဲ့သို့ မြင်နေရသည်။

ပြပွဲစတန်းတစ်ခုစီတွင် ဧည့်သည်များမြည်းစမ်း ကြည့်ရန် ဝိုင်ထည့်ပေးမည့်ဝန်ထမ်းများအား အထူး စီစဉ်ပေးထားသည်။

ထောင့်တစ်နေရာတွင် ဂီတတူရိယာမျိုးစုံကိုထားရှိပြီး နောက် ပိုင်းတွင် လေထုကိုမြှင့်တင်ရန် တီးဝိုင်းတစ်ခုဖျော်ဖြေရန်ဖိတ်ကြားထားခြင်းဖြစ်ကြောင်းဖော်ပြနေသည်။

လော့မိသားစုဝင်များသည် အထင်ကြီးလောက်စရာ ဖြစ်သည်ဟုယူဆသောကြောင့် ချင်မိသားစုဝင်များသည် အံ့အားသင့်သည့်အမူအရာများအား မပြ ပဲမနေနိုင်ခဲ့ပေ။

လော့စုံတွဲသည် အနည်းငယ်ဂုဏ်ယူမိသည်။

မစ္စလော့ကပြုံးပြီး " ဒါတွေကို လော့ချန်နဲ့ ရွှမ်ရီတို့အတွဲက ဒီဇိုင်းဆွဲပြီးစီစဉ်ခဲ့တာလေ"

ချင်မိသားစုသည် အစကမအံ့ဩခဲ့သော်လည်း ၎င်းတို့သည် အထင်ကြီးစရာကောင်းသည့်အစီအစဉ်များအား သဘာဝအတိုင်းချီးကျူးရမည်ဖြစ်သည်။

"ဒါက ကျွန်တော်တို့မိသားစုရဲ့ ပထမဆုံးဝိုင်မြည်းစမ်းပွဲဖြစ်ပြီး ချို့ယွင်းချက်ရှိမရှိမသေချာဘူး။ ကျွန်တော့် ဧည့်သည်တွေရဲ့မျှော်လင့်ချက်တွေ နဲ့ ကိုက်ညီမယ်လို့မျှော်လင့်ပါတယ်" ဟု မစ္စတာလောက အပြုံးလေးဖြင့်ပြောကြားခဲ့သည်။

"အမှန်တော့ စီစဉ်ထားတာတွေက အရမ်းကောင်းပါတယ်" ဟု ပါးပါးချင် မှတ်ချက်ကောင်းကောင်းပေးခဲ့သည်။

"လူတိုင်းကို အထင်ကြီးအောင်လုပ်နိုင်သရွေ့တော့ လုံလောက်ပါပြီ၊ ဟားဟား!" မစ္စတာလော ရွှင်မြူးစွာပြောသည်။

[ဟင်းး၊ မစ္စတာလောအတွက် စိတ်မကောင်းဖြစ်မိတယ်။ ဒါက သူတို့မိသားစုဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးတဲ့ပရောဂျက်တစ်ခုလို့ ရည်မှန်းထားပေမယ့် ချွေးမလေးကတော့ သူတို့သားငယ်လေးရဲ့ချစ်သူနဲ့ ဆက်ဆံဖို့စွန့်စားနေတယ်။ Tsk tsk၊ ကိစ္စတွေသာ မှားယွင်းသွားခဲ့ရင် ဒီညကဧည့်သည်တွေအတွက် တကယ် အထင်ကြီးသွားစေနိုင်တယ်။]

ကျီဖေး၏စောင်းမြောင်းသည့်အတွေးများနှင့် လော့စုံတွဲ၏ စိတ်လှုပ်ရှားနေသည့်မျက်နှာများကို မြင်လိုက်ရတော့ အားလုံးက သူတို့အတွက်စိတ်မကောင်းဖြစ်မိသွားသည်။ သီလရှိသည့်မယားနှင့် ထိမ်းမြားအပ်၏ဟူသောစကားသည် ဤကဲ့သို့သော ချွေးမနှင့်သာကြံ့ကြံ့ခံနိုင်သည်။

လော့ဇနီးမောင်နှံ- ထူးဆန်းတယ်၊ သူတို့က ဘာလို့ ငါတို့ကိုဒီလိုကြည့်နေတာလဲ? စီစဉ်ထားတာတွေမှာ တစ်ခုခုမှားယွင်းနေလို့လား?

အားလုံးထိုင်ပြီးနောက် လော့ကျိုးသည် ချင်ရှန့်၏ဘေးတွင်ထိုင်နေသော်လည်း၊ သူ့သူငယ်ချင်း ကောင်းကိုတွေ့ရခြင်းအတွက် စိတ်အားထက်သန်မှုပြရမည့်အစား သူ့ဖုန်းကို မကြာ ခဏစစ်ဆေး နေသည်။

[ထန်အာ သူ့ကိုအရင်ဆက်သွယ်လာဖို့ စောင့်နေတာလား?]

အားလုံးက လော့ကျိုးကို တိတ်တဆိတ်စိုက်ကြည့်နေကြသည်။

အမှန်တကယ်တော့ လော့ကျိုးက မှုန်ကုပ်ကုပ်ဖြစ်နေသည်။ ထန်ကျန်းနှင့် စစ်အေးတိုက်ပွဲဖြစ်ပွားခဲ့သည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ပြီး သူ လုံးဝအဆက်သွယ်မရခဲ့ပေ။ ဒါက ဘာကိုဆိုလိုတာလဲ?

ဆက်သွယ်မှုကိုတားဆီးနေတာ အပြစ်ရှိလား?

ဒါမှမဟုတ် တမင်တကာ ခက်ခဲချင်ယောင်ဆောင်နေတာလား?

ခံစားချက်အစစ်အမှန်တွေရှိရင် သူ့ကိုရှင်းပြပြီး တောင်းပန်ဖို့ မဆက်သွယ်သင့်ဘူးလား?

လော့ကျိုး ထိုအကြောင်းကိုပိုတွေးလေလေ၊ ဒေါသပိုထွက်လေလေဖြစ်သည်။ ဝိုင်မြည်းစမ်းဖို့မနေချင်တော့သလို သူ့ကိုသွားရှာပြီး အဖြေတွေတောင်းချင်နေခဲ့သည်။

သို့ပေမယ့် သူ့မာနနှင့်ဂုဏ်သိက္ခာကတော့ သူ့ကို ထိုသို့မလုပ် ဆောင်ရာတားဆီးနေခဲ့သည်။

ကျီဖေး၏မျက်နှာသည် သူ့ဘေးမှနေ၍ စိတ်လှုပ်ရှားမှုများပြည့်နှက်နေသည်ကိုမြင်လိုက်ရသဖြင့် ချင်ရှန့်သည် တခဏမျှတွေးကာ ဇနီးသည်၏အတင်းအဖျင်းစကားများအားကြားနိုင်ရန်အခွင့်အလမ်းကိုဖန်တီးပေးခဲ့သည်။

သူက လော့ကျိုးကိုမေးလိုက်သည် “ဘာဖြစ်နေတာလဲ? မင်းဒီနေ့ အဆင်မပြေတဲ့ပုံပဲ။"

ကျီဖေးမှ ချင်ရှန့်၏ပခုံးပေါ်တွင်လက်တွေ့ကျကျမှီ နေသည်ကို သတိပြုမိသောအခါတွင် လော့ကျိုးစိတ်မကောင်းဖြစ်ကာ ညည်းညူတော့မည် ဖြစ်သည်။ သူသည် သူတို့အားကြည့်မနေ သော်လည်း ပြတ်ပြတ်သားသားနားထောင်နေသည်။ အတင်း အဖျင်းပြောခြင်းအတွက် ကျီဖေး၏ သိသာထင်ရှားသည့်စိတ်အားထက်သန်မှုသည် လော့ကျိုး၏ရင်ဖွင့်လိုသောဆန္ဒကို သတ်ပစ်လိုက်သည်။

ထို့အပြင်၊ ပတ်ဝန်းကျင်ရှိသက်ကြီးရွယ်အိုများ လည်းရှိနေရာ သဘာဝအတိုင်းပင် သူ မပြောချင်တော့ပဲ “ဘာမှမဖြစ်ပါဘူး”

[ဒီအချိန်အထိစောင့်နေခဲ့တာ ဒီအတွက်ပဲဟ ? နင် တကယ် စကားမပြောတတ်တော့ဘူးလား။]

ချင်ရှန့်သည် ကျီဖေးအား အားကိုးရာမဲ့အကြည့်တစ်ချက်ပေး လိုက်သော်လည်း သူ့ပခုံးပေါ်ရှိအလေးချိန်နှင့် နံဘေးမှပျံ့နှံ့နေသည့်ရနံ့ကို ခံစားလိုက်ရသဖြင့် ပြုံးမိရုံမျှမက ကြွက်သားများကို ပင်မလှုပ်ဝံ့ဘဲ ကျီဖေးမှသူ့အား ပိုကြာကြာမှီနိုင်ရန်သာ မျှော်လင့်နေသည်။

သို့သော်ရုတ်တရက် ကျီဖေးသည် မတ်တတ်ထထိုင်လိုက်သည်။

[စနေပြီ! ရွှမ်ရီက ထန်အာကို ရည်းစားကိစ္စနဲ့ပတ်သတ်ပြီး ပေါ့ပေါ့ပါးပါးလေး စကားပြောနေပြီ။ သူ့ အစီအစဉ်ကိုစနေပြီလား? အား အား အားးး ငါ Live show ကြည့်ဖို့ မိတ်ကပ်ခန်းထဲသွားချင်တယ်၊ ဘာ လုပ်သင့်လဲ ? အပေါ်ထပ်တက်ဖို့အ ကြောင်းပြချက် ရှာရမလား? ဘာအကြောင်းပြချက်နဲ့ဆိုရင် သင့်တော်မလဲ...]

ချင်မိသားစုဝင်များသည်လည်း စိတ်လှုပ်ရှားနေကြသော် လည်း ဒရာမာအား ဤနေရာမှမြင်တွေ့ရခြင်းသည်ပင် လုံ လောက်နေပြီဖြစ်သည်။ ထိုသို့သော သီးခြားနေရာသို့သွားရန် သင့်လျော်သည့် အကြောင်းပြချက်မှာ ရှာဖွေရန်ခက်ခဲပေလိမ့်မည်။

ချင်ရှန့်သည် သူ့ပခုံးကိုတိတ်တဆိတ်ငုံ့ကြည့်ကာ နှုတ်ခမ်းကိုဖိကိုက်ပြီး ကျီဖေးအား ဘလင်းဘလင်းမျက်လုံးများဖြင့်ကြည့်ကာ လက်ကိုမြှောက်လိုက်သည်။

ကျီဖေးမှ အစီအစဉ်တစ်ခုကိုတွေးနေတုန်းမှာပင် သူ့နှုတ်ခမ်းကို လက်ညိုးနှင့်ပွတ်လိုက်သလို ခံစားလိုက်ရသည်။

ချင်ရှန့်မှဒီလိုလုပ်တာ ဒါပထမဆုံးအကြိမ် မဟုတ်ပေ၊ ကျီဖေး သည် ထိုခံစားချက်ကိုကွက်ကွက်ကွင်းကွင်းအမှတ်ရနေတာကြောင့် သူ အဖြစ်အပျက်ကိုချက်ချင်းသဘောပေါက်ပြီး ချင်ရှန့်ကိုထိတ်လန့်စွာကြည့်နေခဲ့သည်။

[သ-သ-သူ ဘာလုပ်နေတာလဲ!]

ချင်ရှန့်မှ ဝန်ခံပြီးသားဖြစ်နိုင်သော်လည်း ကျီဖေးသည် သူ့လုပ်ရပ်များအတွက် အထူးသတိထားနေဆဲပင်။

"မင်းရဲ့နှုတ်ခမ်းနီတွေ ပေနေတယ်" ချင်ရှန့် ပြောပြီး လော့ကျိုးဘက်သို့လှည့်ကာ "သူ မိတ်ကပ်လိမ်းလို့ရမဲ့ နေရာရှိလား" ဟု မေးလိုက်သည်။

All Chapters