← Chapters

အခန်း (၂၀၆)

Vol. 21 Ch. 206

အခန်း (၂၀၆)

Vol. 21 Ch. 206

ထိုစကားများပြောပြီးသည်နှင့် ကျီဖေး၏စိတ်ထဲ ရုတ်တရက်တုန်လှုပ်သွားသည်။

[နေဦး၊ ဒါ အခွင့်အရေးပဲမဟုတ်ဘူးလား? ဘယ်လိုတောင်တိုက်ဆိုင်တာလဲ၊ ငါ့တ်ခမ်းနီက အရမ်းပျက်လွယ်တာပဲ၊ ပြီးတော့ ရှင်၊ ချင်ရုန့်၊ ရှင်က တကယ့်ကို ကျွန်မရဲ့ကံကောင်းတဲ့ကြယ်ပွင့်လေးပဲ]

ကျီဖေးသည် မျှော်လင့်ချက်အပြည့်ဖြင့် လော့ကျိုးအားချက် ချင်းကြည့်လိုက်သည်။

လော့ကျိုးသာစိတ်ပျံ့လွင့်မနေလျှင် ချင်ရှန့်၏အပြုအမူအား လုံးကို သူ့ရှုထောင့်မှမြင်နိုင်သော်လည်း လွတ်သွားခဲ့သည်။ အခြေအနေကိုမြင်သောအခါ လမ်းပြပေးရန်အတွက် ထဖို့ပြင်သည်။

ကျီဖေးက "မလိုပါဘူး၊ ဘယ်မှာရှိလဲဆိုတာပဲ ပြောပြပေးပါ၊ ကျွန်မကိုယ်တိုင် ရှာတွေ့နိုင်မှာပါ။"

[လော့ကျိုးကို လိုက်လာခွင့်မပြုနိုင်ဘူး။ ထန်အာ ဒီကိုရောက် လာရတဲ့အကြောင်းအရင်းက လော့ကျိုးနဲ့ မျက်နှာချင်းဆိုင်ဖို့ပဲ၊ လူတွေရဲ့ကံကြမ္မာကို ငါဒီလိုမျိုးမနှောင့်ယှက်ချင်ဘူး။ ဒရာမာကိုကြည့်ရတာကောင်းပေမယ့် ဒရာမာကိုတက်တက်ကြွကြွဖန်တီးပေးတာကတော့ ? အဆင်မပြေဘူး - ဒါ ဒရာမာကြည့် ရှုသူတစ်ယောက်ရဲ့ ပရော်ဖက်ရှင်နယ် ဂုဏ်သိက္ခာပဲ။]

"ဟမ်?" လောကျိုးအံ့အားသင့်သွားသည်။

"စိတ်မပူပါနဲ့၊ မင်း မရီး မိတ်ကပ်ခန်းထဲမှာရှိသေးတယ်၊ သူဂရုစိုက်ပေးပါလိမ့်မယ်"

လော့ချန်သည် ဤအခိုက်အတန့်တွင် သူတို့၏စကားသံကို ကြားလိုက်ရသဖြင့် ကျီဖေးအားအပြုံးဖြင့် " ဒါ ရှာရလွယ်ပါတယ်၊ ဒုတိယထပ်က ပထမခန်းပဲ။ ငါတို့အိမ်မှာ ကန့်သတ် ချက်မရှိဘူး၊ မင်း စိတ်ဝင်စားရင်လှည့်ကြည့်နိုင်တယ်။ အိမ်နောက် ဘက်မှာရှိတဲ့ဥယျာဉ်နဲ့ ခေါင်မိုးအပေါ်ထပ်နှစ်ခုလုံးက ရှုခင်းကောင်းတယ်။"

အခြေအနေကိုကြည့်လျှင် တခြားဧည့်သည်များ ရောက်မလာသေးဘဲ ဝိုင်မြည်းစမ်းပွဲသည် တရားဝင်မစရသေးသည့်အ တွက် သူတို့ပျင်းနေတာကို သူသတိထားမိသွားသည်ထင် သည်။

သူတို့ မိသားစုမှလူငယ်များက တကယ်ကိုငြီးငွေ့ လာသည်။

ကျီဖေးသည် လောချန်အား တကယ်ကိုချစ်စရာ ကောင်းသည်ဟုခံစားမိပြန်သည်။ တကယ်တော့ ထင်ရှားသည့်မိသားစုမှလူတွေက သူ့ကို ကွဲပြားစွာဆက်ဆံနိုင်ပေမယ့် ယခုအချိန်အထိတော့ လောချန်၏စိတ်နေသဘောထားက ယဉ်ကျေးပျူငှာ သည်။ အခြားရှုထောင့်မှကြည့်လျှင် သူက ချင်ရှန့်ကိုလေးစားသောကြောင့် ချင်ရှန့်၏ဇနီးကိုလည်းလေးစားသည်။ ဒီကိစ္စတွင်သူသည် သူ့ဇနီးနှင့်သူညီ တို့ထက် ပိုမိုကောင်းမွန်စွာလုပ် ဆောင်ခဲ့သည်။

အကိုကြီးအား ကိုယ်ချင်းစာစိတ်ဖြင့် တစ်ဖန် တွေးတောမိပြန် သည်– “ဒီလိုထူးချွန်တဲ့လူက ဒီလိုအခြေအနေမျိုးနဲ့ ဘာလို့ကြုံတွေ့ရမှာလဲ? သူ ပိုကောင်းတာနဲ့ထိုက်တန်ပါတယ်။

ကျီဖေး အမြန်ထရပ်လိုက်ပြီး ဒရာမာကြည့်ရန် စိတ်အားထက်သန်နေသည်။

သတိမထားမိဘဲ ချင်ရှန့်လည်းထကာ သူ့ နောက်လိုက်သွားခဲ့သည်။

သို့သော် မထွက်ခွာမီ ချင်ရန့်သည် ၎င်း၏မိသားစုဝင်များထံမှ ပြင်းထန်သည့်နာကြည်းမှုခံစားချက်ကို ခံစားခဲ့ရသည်။

အင်း၊ သူ့မိန်းမနောက်လိုက်တာက အဓိပ္ပါယ်ရှိတယ်လေ၊ သူတို့အားလုံး အတူတူမသွားနိုင်ဘူးလေ။

သူတို့ လိုက်မသွားနိုင်ဘူးဆိုတာသိလျက် ကျီဖေး၏အတွင်းစိတ်အတွေးမှ ကိုယ်တွေ့ Live အလားကြားနိုင်သည့် drama များအား သူတို့ကြားနိုင်သည့်အကွာအဝေး အတွင်းမှာတင်ရှိစေဖို့ဆုတောင်းနေကြသည်။

လော့ကျိုးသည် ကျီဖေး၏နောက်သို့ မဆိုင်းမတွလိုက်နေသည့် ချင်ရှန့်အားတွေ့သောအခါ ခဏတာ အံ့အားသင့်သွားသည်။

အတန်းဖော်ပြန်ဆုံချိန်ကစ၍ အခုချိန်အထိ သူ ထိုသို့ မလုပ်ဖူးပေ။

"ကျီဖေးမှာ ဘယ်လိုမှော်ပညာတွေရှိလို့ မင်းရဲ့အာ့ကောကို ဒီလိုပြောင်းလဲသွားအောင်လုပ်လိုက်တာလဲ... တစ်နှစ်ခွဲအတွင်းမှာတင် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတာလား?"

လော့ကျိုးသည် သူ့ဘေးနားမှ ချင်ကျောက်အားမမေးပဲမနေနိုင်ပေ။

ချင်ကျောက်က လော့ကျိုးကို တစ်ချက်ကြည့်လိုက် ပြီး "ဒါက အချစ်ရဲ့မှော်ပညာလေ။ သူတို့က လင်မယားတွေပဲဟာ၊ တပူးပူးတတွဲတွဲနေတာပုံမှန်ပါပဲ။ ဘာလဲ ? မင်းနဲ့ မင်းကောင်မလေးကတပူးတွဲတွဲမနေဘူးလား? မင်း နီးကပ်ရတာကိုကြိုက်တယ်မလား?"

လော့ကျိုးက မမျှော်လင့်ဘဲ မြှားနဲ့ထိမှန်သွားသလို ခံစားလိုက်ရပြီး သူ့အမူအရာအဆင်မပြေဖြစ်သွားသည်။ ချင်ကျောက်သည် အနာကိုမတော်တဆထိမိသွားသည်ဟုထင်သောကြောင့် သူ ပြန်ပြောရန် အစီအစဉ်မရှိပေ။

ထိုအခါချင်ရုန်က ရုတ်တရက်ဝင်လာသည် "လောအာ့ကော ၊ ရှင့်ကောင်မလေး ဘယ်မှာလဲ? သူ မလာဘူးလား? "

နောက်ထပ်မြှားတစ်စင်းထိမှန်သွားပြန်သဖြင့် လော့ ကျိုးက "သူ အလုပ်များနေတယ် ?" ဟုသာ အားတင်းပြီးပြောနိုင်ခဲ့သည်။

နောက်ဆုံးတွင် ချင်ရန်က "အို၊ ဒါဆို သခင်လေးလော့မှာ ကောင်မလေးရှိတယ်ပေါ့ ? ငါတို့ အရင်က တစ်ခါမှမကြားမိဘူးရယ်။"

တတိယအကြိမ်မြောက် မြှားမှန်သွားပြန်သော လောကျိုး…

သူတို့တကယ်ပဲ ဒီခေါင်းစဉ်ကိုပြောင်းဖို့လိုလို့လား?

အမှန်ပင်၊ သူ တစ်စုံတစ်ဦးနှင့်ချိန်းတွေ့နေသည်ကို သူငယ် ချင်းများနှင့် မိသားစုကသာသိကြပြီး၊ သူ့ ရည်းစားကို လူသိ ရှင်ကြား တစ်ခါမှမပြဖူးသည့်အပြင် သူသည် ချမ်းသာသည့် ပလေးဘွိုင်းဖြစ်သဖြင့် လူအများစုသည် ထိုအကြောင်းကို ကြားပြီးသည်နှင့်မေ့သွားကြသည်။ သူ့မိသားစုကိုယ်တိုင်ပင်လျှင် လော့ကျိုးမှ သူတို့နှင့်တွေ့ရန်အတွက် အိမ်ခေါ်မလာဖူးသည့် ထိုကောင်မလေးအား ဂရုမစိုက်သလို သူပုံမှန်အတိုင်းသာကစားနေသည်ဟု ယူဆကြသည်။

ဟိုးအရင်က သူချိန်းတွေ့ခဲ့သည့်အကြောင်း ကြားဖူးကြပေမယ့် လမ်းမခွဲခင်ကတည်းက တခြားလူ မည်သူမည်ဝါဆိုသည်ကို အစမှအဆုံးအထိ မသိလိုက်ကြချေ။

လော့မိသားစုက ဒါကို ကျင့်သားရနေပြီးသားဖြစ်သည်။

ထိုအချိန်တွင် အခြားဧည့်သည်များ တယောက်ပြီး တယောက်ရောက်ရှိလာသောကြောင့် လောချန်သည် လောကျိုးအားဧည့် သည်များကို နှုတ်ဆက်ရန်ခေါ်ဆောင်သွားခဲ့သည်။

ထိုအချိန်တွင်ကျီဖေးသည် စစ်မြေပြင်၏အစွန်းသို့ ရောက်ရှိခဲ့သော်လည်း အခြေအနေသေးသေးလေးတစ်ခုကို ကြုံတွေ့ခဲ့ရသည်။ ဤအခြေအနေသည် ချင်ရှန့်မှ သူ့နောက်သို့လိုက်နေခြင်းကြောင့်မဟုတ်ပေ။

ကျီဖေးသည် ချင်ရှန့်မှသူ့နောက်လိုက်နေ သည့်အတွက် အစပိုင်းတွင် စိတ်ရှုပ်နေခဲ့သော်လည်း သူ အရမ်းမတွေးခင်မှာပင် မိတ်ကပ် ခန်းထဲမှအသံများအားကြားလိုက်ရသည်။ အသံ တွေက အရမ်းကိုကြည်လင်ပြတ်သားပြီး လှေကားထစ်ကိုတက်လာသည့်လူတိုင်း ကြား နိုင်သည်။

"ဒါကတိုက်ဆိုင်မှုဆိုတာ ငါ မယုံဘူး။ နင်ငါ့ကို နှစ်ခါလောက်ငှားပြီး ဒီတခေါက်ကျတော့ နင် ငါဒီကိုလာဖို့အတွက် ရယ်စ ရာကောင်းတဲ့အခကြေးငွေကိုပေးခဲ့တယ်။ နင့် ရည်ရွယ်ချက်က ဘာလဲ? ငါ ငတုံးမဟုတ်ဘူး။ နင် ငါ့ကို လာစမ်းစရာမလိုဘူး၊ ငါ့ ချစ်သူလို့ခေါ်တဲ့သူက လော့မိသားစုရဲ့ဒုတိယမြောက်သခင်လေးဆိုတာကို ပထမအကြိမ်ကတည်းက သိလိုက်တယ်။"

[ဝိုးး၊ တံခါးမပိတ်ထားဘူးလား?၊ ပြီးတော့ ငါဒီမှာ အပြင်ကနေ ခိုးကြောင်ခိုးဝှက်ခိုးနားထောင်ဖို့ တွေးထားတာလေ။]

ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူ့ လက်ကောက်ဝတ်ကို ညင်သာစွာဆုပ်ကိုင်လိုက်သည်။

ကျီဖေးလှည့်ကြည့်လိုက်တော့ ချင်ရှန့်က သူ့ကိုကြည့်ရင်း နံရံကိုမှီပြီးနားထောင်သင့်သည်ဟု အကြံပေးလိုက်သည်။

[ဩော်၊ ဒါဆိုချင်ရှန့်လည်း ဒီလိုအတင်းအဖျင်းမှာ ပါဝင်နေတာပဲ။ ကောင်းပြီလေ၊ ဒီလိုအရေးကြီးတဲ့ ဆွေးနွေးမှုတွေကိုကြားတဲ့အခါ ဘယ်သူက ခိုးနားမထောင်ပဲနေနိုင်မှာလဲ?]

ကျီဖေးသည် အမြဲတမ်းမျှဝေလိုစိတ်ရှိသောကြောင့် သူသည် စာရိုက်ရန်ဖုန်းကိုထုတ်ကာ အတွင်းလူမှာ ထန်အာဖြစ်ကြောင်း ချင်ရှန့်ကိုသိစေခဲ့သည်။

ချင်ရှန့်သည် အံ့အားသင့်သည့်အမူအရာဖြင့် ပူးပေါင်းလုပ် ဆောင်ခဲ့သည်။

ကျီဖေး ပိုစိတ်လှုပ်ရှားလာသည်။

"ဒါဆို ရှင့်ညီအကိုကောင်းက ထန်အာ သူ့ကိုချိန်းတွေ့ အောင်လှည့်စားဖို့ ဆင်းရဲချင်ဟန်ဆောင်နေတာလား?"

ချင်ရှုန့်သည် လော့ကျိုး၏အပြုအမူအား မနှစ်သက်ကြောင်းဖော်ပြကာ မျက်မှောင်ကြုတ်လိုက်သည်။

ကျီဖေးစိတ်သက်သာရာရသွားသည်။ ကံကောင်းထောက်မစွာပင်၊ သူတို့သည် တူညီသည့်တန်ဖိုးများ ကိုမျှဝေခဲ့ကြပြီး နှစ်ဦးစလုံးသည် လော့ကျိုးတွင် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားခဲ့ရသည်။

စာရိုက်ရာတွင် အဆင်မပြေဖြစ်မနေပါက ကျီဖေးသည် ဤအကြောင်းကို ချင်ရှန့်နှင့် ကောင်းမွန်စွာဆွေးနွေးလိုမည်ဖြစ် သည်။

အထဲမှစကားဝိုင်းမှာမူ ဆက်သွားနေခဲ့သည်။

"ဒါဆို နင်တစ်လျှောက်လုံးသိထားတာတောင်မှ ဆက်ဆံရေးကိုထိန်းထားတုန်းပဲပေါ့။ သေချာတာပေါ့၊ သူက လောမိသားစုရဲ့ ဒုတိယသခင်ငယ်လေးပဲ ၊ ဒီလို ချမ်းသာတဲ့သူဌေးတစ်ယောက်လို့ သိထား တော့ နင့်လိုကောင်မလေးက ဘယ်လိုလုပ်စွန့်လွှတ်နိုင်ပါ့မလဲ? ဘာပဲဖြစ်ဖြစ် ငါ့ မတ်လေးကလည်း ကောင်းတဲ့လူမဟုတ်ဘူး၊ နင့်ကို ဒီလိုလှည့်စားနေတာ။ သူ့ကိုယ်စား ငါတောင်းပန်ပါတယ်။"

[Fuck ၊ ပလတ်စတစ်အိတ်တောင်မှ သူ့လောက် အတုအ ယောင်မဆန်ဘူး၊ သူ အခု ဘယ်လို အမူအရာလုပ်ထားလဲ တကယ်ကြည့်ချင်သား]

ထိုစဉ် ကျီဖေး ပုံမှန်အတိုင်းညည်းညူလိုက်သည်။

ချင်ရှန့်သည် သူ့ဖုန်းတွင် အက်ပ်တစ်ခုကိုဖွင့်ကာ ကင်မရာပြောင်းလိုက်သည်၊ ထို့နောက် လက်ကိုဆန့် ကာ ထောင့်ကိုချိန်ညှိပြီး ပုံကို zoom ဆွဲလိုက်ကာ မကြာမီတွင် အခန်းတွင်းရှိမြင်ကွင်းအား ကျီဖေးမြင်လိုက်ရသည့်အခါ ချင်ရှန့်အား အံ့အားသင့်စွာကြည့်လိုက်သည်။

ရွှမ်ရီသည် ယခု ထန်အာနှင့် မျက်နှာချင်းဆိုင်ရပ်နေသည်။

ဤခွဲခြမ်းစိတ်ဖြာမှုကိုမြင်လိုက်ရတော့ ကျီဖေး မျက်လုံးတွေပြူးပြီး ချင်ရှန့်အား ကြည့်လိုက်သည်။

[သူတကယ် အံ့ဩစရာကောင်းလွန်းတယ်၊ သူဒီလို paparazzi skill တွေတောင် ကျွမ်းကျင်နေတာလား?]

ချင်ရှန့်၏လက်သည် ရိုက်ကူးမှုကိုပျက်လုမတတ်တုန်ခါနေပြီး သူ့ပါးစပ်ကိုလှုပ်ကာ - ဒါ အခြေခံသင်္ချာနှင့် ရူပဗေဒကြောင့်ပါ

ကျီဖေး ဝမ်းသာသွားသည်။ ဆိုလိုတာက သူတို့မှာ အသံရော ရုပ်ပုံပါရှိသည်။

[ဟီးဟီး၊ ဒါဆို ချောင်းကြည့်မိလို့ဆိုပြီး နင်ငါတို့ကိုအပြစ်မတင်နိုင်တော့ဘူး... နေစမ်းပါဦး? ဘာလို့ တံခါးမပိတ်တာလဲ? လူတွေသိမှာကို မကြောက်ဘူးလား? ဘယ်သူမှတက်လာမယ်လို့မထင်ထားတာ ဟုတ်တယ်မလား?]

ချင်မိသားစုဝင်များ အောက်ထပ်ကို ခိုးကြည့်နေကြသည်။

နောက်တော့ တခြားလော့မိသားစုမှအမျိုးသမီးတစ်ယောက်က မစ္စလော့နှင့်တီးတိုးပြောနေတာကို သူတို့တွေ့လိုက်ကြပြီး သူတို့အနီးတွင်ထိုင်နေတာကြောင့် ကြားလိုက်ရသည်။

"နင့် ဆံပင်တွေ လုပ်ပြီးပြီလား? အပေါ်တက်ပြီး မပြင်ချင်ဘူးလား?"

"ဟင့်အင်း၊ အဆင်ပြေပါတယ်။"

"ဒါဆို ငါလည်း မိတ်ကပ်သွားမဖို့တော့ဘူး၊ ဧည့်သည်တွေကိုပဲ အရင်သွားနှုတ်ဆက်ရအောင်"

[ဖြစ်နိုင်ပါ့မလား... ချီးပဲ၊ တကယ်ကြီးဟ။ ရွှမ်ရီက လော့မိသားစုကအမျိုးသမီးတွေ မိတ်ကပ်လာလိမ်းမှာကိုစောင့်နေပြီး ထန်အာနဲ့လော့ကျိုးကြားက မှားယွင်းတဲ့ဆက်ဆံရေးကို လူတိုင်းသိစေချင်နေတာ။ နေဦး၊ မရီးနဲ့ရည်းစားဟောင်းဆိုတော့ သူ့အနေနဲ့ အခုလက်ရှိရည်းစားကို ဘယ်လိုလုပ်သည်းခံနိုင်ပါ့မလဲ ? သူက သူတို့ အတူမနေနိုင်အောင်သေချာအကွက် ချထားစတာပဲ။]

"နင် သူ့ကိုအပြစ်မတင်ဖို့ ငါ မျှော်လင့်ပါတယ်၊ သူ ဒီလိုလုပ်ဖို့မရည်ရွယ်ခဲ့ပါဘူး... အဲ့ဒီမှာ... အကြောင်းပြချက်တွေရှိပါတယ်"

All Chapters