အခန်း (၂၀၇)
Vol. 21 Ch. 207
ရွှမ်ရီပြောလာသည့်အချိန် ကျီဖေးနှင့် ချင်ရှန့်တို့ နှစ်ယောက်စလုံးအံ့ဩသွားကြသည်။
သူတို့နှစ်ယောက်သည် အကြောင်းစုံကိုသိသဖြင့် ထိုစကားများကို မပြောသင့်ဆုံးသူမှာ ရွှမ်ရီဖြစ်သည်ကိုသိပေသည်။
ပြီးတော့ ဒီမှာ ဘာလို့ရှိနေကြတာလဲ? ရွှမ်ရီ ဘာလုပ်ဖို့ ကြံနေပြန်ပြီလဲ?
အထဲရှိ ထန်အာလည်းထိတ်လန့်သွားသည်။ သူမ အစကထင်သည်မှာ ဤမရီးဖြစ်သူသည် သူမကို လောမိသားစုကိုယ် စား ထွက်သွားရန်လာပြောသည်ဟုထင်ခဲ့သည်။ ထိုကဲ့သို့သောလုပ်ရက်သည် ချမ်းသာသောမိသားစုများကြားတွင် ဖြစ်ရိုးဖြစ် စဉ်တစ်ခုပင်။ ဒါပေမယ့် အခု သူ ဘာကိုပြောချင်တာလဲ ?
"ဘာကိုလဲ ?"
ထန်အာသည် အခြားကိစ္စများကို အမှန်တကယ် ဂရုမစိုက်နိုင်တော့ဘဲ ရွှမ်ရီ၏အပြုအမူကြောင့် စိတ်ရှုပ်ထွေးနေခဲ့သည်။
ရွှမ်ရီ၏မျက်လုံးများတောက်ပသွားပြီး အကူညီမဲ့နေပုံဖြင့်ပြောလိုက်သည်။
"တကယ်တော့ သူ့ရည်းစားဟောင်းကြောင့်ပဲ၊ သူ့ရည်းစားဟောင်းက မိသားစုရဲ့အနာဂတ်အတွက် အချစ်ကိုစွန့်လွှတ်ပြီး ပိုသင့်တော်တဲ့သူကို လက်ထပ်ဖို့ရွေးချယ်ခဲ့တယ်လေ၊ သူ့ရည်းစားဟောင်းက သူ့ကိုထားခဲ့ရပေမယ့် စိတ်ထဲမှာတော့ ချစ်နေတုန်းပဲ၊ သူလည်း သူ့ရည်းစားဟောင်းကို အရမ်းချစ်တာဆိုတော့ သူ့အပေါ်လုပ်ခဲ့တဲ့ အရာတွေကနာကျင်ဆိုတော့ သူ့ဘေးနားကို ကပ်လာတဲ့မိန်းကလေးတိုင်းကို ပိုက်ဆံကြောင့်လို့ပဲထင်တာ၊ ဒါကြောင့် သူ မင်းကို အခုလိုမျိုးလိမ်လိုက်ရတာပဲ"
ထန်အာ အေးခဲသွားပြီး သူ့ အမူအရာသည် ပိုဆိုးလာသည်။
[သူတကယ် ပြောရဲတယ်ပေါ့? ရူးသွားတာများလား? သူများတွေကြားမှာကို မကြောက်ဘူးပေါ့?အာ.. ဟုတ်သား လောကျိုးနဲ့ သူမရဲ့ဆက်ဆံရေးက လျှို့ဝှက်ထားလို့ သူတို့တွဲဖူးတယ်ဆိုတာကို ဘယ်သူမှမသိကြဘူး၊ လောမိသားစုက တစ်ခြားတစ် ယောက်ယောက်က ဒါကိုကြားရင်တောင် သူ့ရည်းစားဟောင်းက ရွှမ်ရီဖြစ်ခဲ့တယ်လို့ ထင်ကြမှာမဟုတ်ဘူး၊ ဒါကြောင့်ပဲ ရွှမ်ရီက ထန်အာ နာကျင်အောင် ဒီစကားကိုသုံးဖို့ မကြောက်တာပဲ၊ ဒါပေမယ့် ဒါက ထန်အာကို တော်တော်နာကျင်မယ်ဆိုတာ သူ ဘယ်လိုသိလဲ ?]
ချင်ရှန့်သည် မျက်မှောင်ကြုတ်လိုက်မိသည်။
ယခင်က ထန်အာထင်သည်မှာ ထိုလိမ်လည်မှုသည် လူချမ်း သာတစ်ယောက်၏အပျော်ရှာခြင်းဟုသာ ထင်ခဲ့သည်။
သို့သော် ယခုအခါ သူမ အလိမ်ခံရခြင်းမှာ အခြားအမျိုးသမီးတစ်ဦးကြောင့်ဖြစ်ကြောင်း ထန်အာသိလိုက်ရသည်။
မည်သည့်အရာသည် ပိုဆိုးသည်ဆိုသည်ကို ပြောရခက်သည်။
[ဒါမှမဟုတ် သူက တမင်သက်သက်ပြောနေတာများလား?] ကျီဖေး ကူကယ်ရာမဲ့စွာ စစ်ဆေးလိုက်ချိန် [ Fuck ! သူမက သေချာကိုတွက်ချက်ထားတာပဲ၊ ထန်အာက လော့ကျိုးကို အရမ်းချစ်လွန်းလို့ သူတို့နှစ်ယောက်မပြတ်မှာကို စိုးရိမ်နေတာပဲ၊ အခုလိုဆိုရင် သူ့ဘက်က ဘယ်လောက်ချစ်ချစ် ဒီလိုကိစ္စတွေကိုသည်းခံနိုင်မှာမဟုတ်ဘူးဆိုတာ ရွှမ်ရီကြိုသိနေတာပဲ]
ကျီဖေးသည် ဖုန်းစခရင်မှတဆင့် ထန်အာမည်မျှနာကျင်နေ သည်ကို ခံစားရသည်။
ထန်အာအတွက် ထိုသည်မှာ လိမ်လည်မှုသက်သက် မဟုတ်တော့ပဲ သူမ၏အချစ်ကို စော်ကားခြင်းပင်။
[ကျစ် ကျစ် လောကျိုးတော့ တကယ်သွားပြီပဲ၊ ထန်အာက ဒီကိုလာဖို့သဘောတူခဲ့တယ်ဆိုတာ သူ့ကိုလမ်းခွဲဖို့ပဲ၊ အခု သူမ အမှန်တရားကို သိသွားတော့ ပိုတောင်ဒေါသထွက်သွားပြီ]
လောကျိုးသည် ချင်ရှန့်၏ သူငယ်ချင်းကောင်းဖြစ်သော် လည်း ဤကိစ္စတွင်တော့ ချင်ရှန့် သူ့ညီအစ်ကိုအတွက် သက်ပြင်းချရုံသာတက်နိုင်သည်။
[တကယ်လို့ ဒီမရီးကတောင် သူ့ရဲ့ရည်းစားဟောင်းမှန်းသိရင် ထန်အာ ပိုပြီးတောင်ရွံသွားဦးမယ်]
ချင်ရှန့်ထင်သည်မှာ ထိုအရာသည် ရွှမ်ရီ၏လုပ်နိုင်စွမ်း အကန့်အသတ်ဖြစ်သည်ဟုပင်၊ သူမသာ ယခုထက်ပိုပြီး လွန်သွားပါက ထန်အာ မည်သို့တုံ့ပြန်မည်ကို သူမ အာမမခံနိုင်သောကြောင့်ပင်။
သူတွေ့နေစဉ် ရွှမ်ရီသည် စိတ်မကောင်းဖြစ်နေသံဖြင့် "ဟင်း... သူ့ကိုယ်သူ ညှဉ်းပန်းနှိပ်စက်တဲ့ပုံစံက သူ့ပတ်ဝန်းကျင်က လူတွေကို တကယ် စိတ်ပူစေတယ်..."
ထိုလေသံသည် မရီးတစ်ယောက်အနေဖြင့် သူ့မိသားစုအတွက် စိတ်ပူနေသံပေါက်သော်လည်း ဝမ်းနည်းမှုများရောယှက်ပါနေသည်မှာ အလွန်ရင်းနှီးသည့်ဟန်ပင်။
ကျီဖေးနှင့် ချင်ရှန့်တို့သည် အမှန်တရားကိုသိသောကြောင့် ရွံရှာခြင်းကိုသာခံစားရသည်။
ထန်အာသည် လောကျိုးနှင့်ပတ်သက်သော ကိစ္စရပ်များတွင် အလွန်အကဲဆတ်သောကြောင့် ထိုထူးဆန်းသောလေသံကို ချက်ချင်းသတိပြုမိလိုက်သည်။
သူမသည် ရွှမ်ရီကို အံ့အားသင့်စွာ မော့ကြည့်လာသည်။
ရွှမ်ရီသည် မျက်လုံးထဲတွင် ဝမ်းနည်းမှုအပြည့်ဖြင့် သူမလည် ပင်းတစ်ဝိုက်ရှိ လည်ဆွဲကို မသိစိတ်မှထိလိုက်မိသည်။
ဤလည်ဆွဲသည် ရွှမ်ရီ အခုမှပြောင်းဆွဲလာခြင်းဖြစ်ကာ ထန်အာ မမြင်မြင်အောင် ယပြတော့သည်။
ထန်အာသည် ထိုဆွဲကြိုး၏ ဒီဇိုင်းနှင့် ပုံစံကိုမြင်လိုက်ရချိန် သူမ မျက်နှာချက်ချင်းဖျော့သွားခဲ့သည်။
"ဒီဆွဲကြိုးက...?" ထန်အာ၏ အသံသည် တုန်ရီနေပြီး မယုံ ကြည်မှုများဖြင့် ပြည့်နှက်နေသည်။
ရွှမ်ရီသည် ယခုမှ သတိပြန်၀င်လာပုံရပြီး ထိတ်လန့်သွားဟန်ဖြင့် ထန်အာ၏အကြည့်ကို တမင်ရှောင်လိုက်သည်။
"ဒါက.. .ငါ့မိသားစုက ပေးထားတဲ့ မွေးနေ့လက်ဆောင်လေ၊ ဘာလို့လဲ? မစ္စထန်အာက ကြိုက်လား? ဒါဆိုရင်တော့ မင်းဒါကို မဝယ်နိုင်တော့မှာကို ငါ စိုးမိတယ် - ဘာလို့ဆို ဒါက ဒီကမ္ဘာပေါ်မှာ တစ်ခုပဲရှိလို့လေ၊ ပစ္စည်းရဲ့ထူးခြားမှုကြောင့် လည်ဆွဲတစ်ခုပဲ လုပ်လို့ရတယ်၊ ဪ.. ဟုတ်သားကျန်တဲ့ပစ္စည်းလေးတွေနဲ့တော့ လက်ကောက်သေးသေးလေးလုပ်ထားသေးတယ်၊ ဒါပေမဲ့ အဲ့လက်ကောက်က ဘယ်မှာလဲဆိုတာ ငါ မသိဘူး၊ မဟုတ်ရင် ငါ မင်းကိုလော့ကျိုးလုပ်ခဲ့တာတွေအတွက် လျော် ကြေးသဘောအနေနဲ့ ပေးပါတယ်"
ကျီဖေးသည် ဤဒရာမာအား ကြည့်ရင်းဖြင့် အနည်းငယ်စိတ် ရှုပ်သွားသည်။
[ထန်အာက ဘာလို့ ဆွဲကြိုးကို ရုတ်တရက် အရေးကြီးခွင်ကျယ်လုပ်နေတာလဲ... ရွှမ်ရီပြောပုံကြီးက လောကျိုးဆီက ရထားသလိုပဲ... ခဏလေး သူ့ဆီက တကယ်ကြီးရလာတာလား? ဒါပေမယ့် ထန်အာကရော ဘယ်လိုသိတာလဲ။]
ချင်ရှန့်သည် ရုတ်တရက် သူမအနားသို့ တိုးကပ်သွားသဖြင့် သူမပုခုံးဖြင့် ပွတ်တိုက်မိသွားကာ သူမ၏မျက်စောင်းလှလှလေးကို အပိုစောင်းရရှိလိုက်သည်။
ချင်ရှန့်သည် ကျီဖေးကိုကြည့်ပြီးနောက်မှ သူမ လက်ကောက် ၀တ်ကို သူ့လက်တစ်ဖက်ဖြင့်ဆုတ်ကိုင်လိုက်ပြီး လက်ကောက်ကို ညွှန်ပြပြီး ဖန်သားပြင်ပေါ်ရှိ ထန်အာကိုလက်ညှိုးထိုးပြလိုက်သည်။
ကျီဖေး နားမလည်သေးချေ။
ထိုအချိန်တွင် အောက်ထပ်ရှိ တီးဝိုင်းသည် တူရိယာများကို စတင်စမ်းသပ်နေပြီဖြစ်သောကြောင့် အောက်ထပ်မှ သာယာသော တေးဂီတများလည်း လွင့်ပျံလာသည်။
ချင်ရှန့်သည် ကျီဖေးဘေးသို့ တစ်ချက်စောင်းငဲ့ကာ သူမ နားကို နှုတ်ခမ်းဖြင့်ကပ်၍ ခပ်တိုးတိုး စကားဆိုလိုက်သည်။ "ထန်အာရဲ့ လက်ကောက်"
ယခုအချိန်တွင် ကျီဖေး၏ တွေးခေါ်နိုင်စွမ်းများ နှောင့်နှေးသွားသဖြင့် သူပြောလိုသည့် အကြောင်းကို မတွေးနိုင်သေးချေ။ ထိုသည်မှာ သူမ အပြစ်မဟုတ်ပေ။ ချင်ရှန့် စကားပြောလိုက်စဉ် သူ့အသက်ရှူသံသည် ကျီဖေး၏ ထိလွယ်ရှလွယ်သော နားလေးကိုဖြတ်သန်းသွားသောကြောင့် ပူလောင်နေမိသည်။ သူ၏ ဩရှသော စွဲအားပြင်လှသည့် အသံနှင့်ပေါင်း စပ်လိုက်ချိန် သူ့နားရွက်များ ယားယံလာပြီး ထိုအသံကြောင့် ကျီဖေး ရုတ်တရက်အားနည်းသွားပြီး ဒူးများပျော့ခွေသွားသည်ဟု ပြောလျှင်ပင် ချဲ့ကားပြောခြင်းမဟုတ်ပေ။
ပုံမှန်အားဖြင့် ချင်ရှန့်၏အသံသည် အေးဆေးတည်ငြိမ်သော ကြောင့် အခြားအတွေးများမရှိပဲ အသံကောင်းသည်ဟုသာတွေးမိမည်။ သို့သော် ယခုအချိန်တော့...
[သေစမ်း! ငါ့နားတွေတောင် ကိုယ်ဝန်ရတော့မယ်၊ ချင်ရှန့် ဘယ်လိုအသံနဲ့ လာပြောတာလဲ၊ သူက လူတွေကို တမင်တကာ ဆွဲဆောင်ဖို့ကြံနေတာလား? သူက တကယ့်ကို အဲ့လောက်ထိ ဆွဲဆောင်နိုင်စွမ်းပြင်းတဲ့ သူဆိုတာ ဘယ်သူသိမှာလဲ။]
ချင်ရှန့်သည် ဇနီးဖြစ်သူကို အတင်းအဖျင်း၏အဓိကသဲလွန်စသာပေးချင်ခြင်းဖြစ်သော်လည်း ယခုအခါ သူ့နားများသည် ကျီဖေးထက်တောင် နီလာသည်။
သူသည် ကျီဖေးကို ကသိကအောက်နိုင်စွာ ကြည့်လိုက်သော် လည်း အဆုံးတွင် အပြစ်ကင်းစင်စွာသာ တိတ်ဆိတ်နေလိုက်သည်။
ထိုအတောအတွင်း အောက်ထပ်ရှိ ချင်မိသားစုဝင်များသည် ဒရာမကို လေးလေးနက်နက် နားစွင့်နေကြသည်။ သူတို့သည် အတွေးများကြားထဲမှ နားထောင်ရသောကြောင့် ခက်ခဲလှသော်လည်း ယခုလိုမျိုး အတွေးများ ပါလာမည်ဟု မမျှော်လင့်ထားသဖြင့် ကြိုတင် စိတ်မပြင်ဆင်ထားခဲ့ပေ
ချင်မိသားစုဝင်များ:...
ချင်ရှန့်မှာ ဒီလိုဘက်ခြမ်းမျိုးရှိတယ်ဆိုတာ ဘယ်သူသိမှာလဲ?
သူ့ဇနီးကိုလိုက်ရှာဖို့ လိုက်ဖို့ ဒီလိုအရည်အချင်းတွေရလာတာလား?
ဒါဆို ဆွဲဆောင်မှုရှိတဲ့အမျိုးသား အသံဆိုတာ ဘာလိုမျိုးပါလိမ်?
၎င်းတို့သည် အဓိက ဒရာမာကိုတောင် မေ့လုနီးပါးဖြစ်သွားသည်။
ကံကောင်းထောက်မစွာ ကျီဖေးသည် ပရော်ဖက်ရှင်နယ် ဖရဲသီးစားသူဖြစ်သည်။ သူမသည် အလှတရားကြောင့် ခဏတာ အာရုံလွဲသွားသော်လည်း ချက်ချင်းပင် စိတ်ပြန်စုစည်းနိုင်ခဲ့သည်။
[ချင်ရှန့်က ဘာပြောချင်တာလဲ? ထန်အာ ရဲ့ လက်ကောက်တဲ့လား? အဲ့တာ ငါတို့ သူမကို ပစ္စည်းတွေ ကောက်ဖို့ ကူညီပေးတုန်းကလား? ဟမ်? ခဏနေပါဦး... ရွှမ်ရီက လက်ကောက်တစ်ခုရှိတယ်လို့ ပြောတယ်မလား? သူက အရေးမပါပဲနဲ့ အဲဒီစကားကို ဘယ်လိုပြောမလဲ မဟုတ်သေးဘူး၊ ငါ ထင်သလိုမဖြစ်နိုင်ဘူး၊ တစ်ချက်စစ်ဆေးကြည့်ဦးမှ... ဝှက်သယ်ဖက်! လောကျိုး နင် တကယ်သေသင့်တာ၊ ရွှမ်ရီကိုပါ အပါခေါ်သွားသင့်တယ်၊ နင်တို့တွေ ရူးနေကြတာပဲ!]