အခန်း (၂၀၈)
Vol. 21 Ch. 208
လောကျိုးသည် ယွီယွဲ့နှင့် ပိုင်ရှောင်ရှီ၊ ချီလီနှင့် ဟန်ကျီယုကို နှုတ်ဆက်ပြီးနောက် လောဖေးသည် တစ်ယောက်တည်း တံခါးဝတွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။
လူတိုင်း သိချင်စိတ်များပြင်းပြနေတော့သည်။
"နင် လက်ထပ်ဖို့ ပြင်နေတာမဟုတ်ဘူးလား? ဘာလို့ သူ့ကိုမခေါ်လာတာလဲ၊ ဘာလဲ သူက ငါတို့နဲ့ တွေ့ရမှာကို ကြောက်လို့လား" ပိုင်ရှောင်ရှီ စိတ်ဝင်တစားမေးလာသည်။
လောဖေးသည် "သူ ကျန်းမာရေးသိပ်မကောင်းလို့လေ၊ ပြီးတော့ ကိုယ်ဝန်ကရှိနေတော့ အပြင်သွားတာတွေကို ငါ ကိုယ် တိုင်တားထားတာ"
ယွီယွဲ့သည် "အာ... မင်္ဂလာဆောင်နေ့ကျရင် သူမ မခံနိုင်မှာစိုးလို့မလား ဟားဟား"
အားလုံး ရယ်မောလိုက်ကြသော်လည်း လောကျိုး စိတ်ဓာတ်ကျနေသည်ကို သတိပြုမိလိုက်ကြသည်။
၎င်းတို့လည်း မေးမည်အပြု စမ်ထင်နှင့် ကျင်းရန်တို့သည် ကားတစ်စီးတည်းနှင့် အတူရောက်လာသဖြင့် သူတို့အတွက် အထူးအဆန်းဖြစ်နေရသည်။ ၎င်းတို့သည် မိသားစုဝင်များဖြစ်သော်လည်းများသောအားဖြင့် အတူတွဲမလာတက်ချေ။
"ဒီနေ့မှ ကြားသားမိုးကြိုး မင်းတို့နှစ်ယောက် ဘာလို့အတူတူ လာတာလဲ" ချီလီက "မင်းရဲ့ဝမ်းကွဲရော?"
ကျင်းရန်သည် "သူ့ ဖျော်ဖြေရေးကုမ္ပဏီရဲ့ပရောဂျက်စတော့မှာဆိုတော့ စမ်ထင်နဲ့ အတူမလိုက်လာနိုင်တာ၊ ငါတို့အဒေါ်ဆီမှာရောက်နေတာနဲ့ အတူတူလာလိုက်ကြတာ"
စမ်ထင် ပခုံးတွန့်ပြပြီးလောဖေးကိုမြင်တော့ "စကားမစပ် မင်းနောက်ဆုံးအကြိမ်က လုပ်ခိုင်းထားတဲ့ မင်္ဂလာလက်စွပ်က အဆင်သင့်ဖြစ်ပြီ၊ နောက်ကျ ယူဖို့ ငါ့ဆိုင်ကိုလာခဲ့တော့"
လောဖေးသည် ချက်ချင်းပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"အိုး ဒါဆို ငါတို့ထဲမှာ ချင်းရှန်းတစ်ယောက်တည်း သူ့လက်တွဲဖော်အတွက် စမ်ထင်ဆီမှာလက်ဝတ်ရတနာ မလုပ်ဖူးသေးတာပေါ့" ပိုင်ရှောင်ရှီ ရယ်လိုက်သည်။ ၎င်းတို့လင်မယား၏ လက် စွပ်များကို ရှားပါးပစ္စည်းများ၊ သပ်ရပ်သော လက်လုပ်မှုနှင့် တမူထူးခြားသော လက်ဝတ်ရတနာ ဒီဇိုင်းပညာရှင်သည် စမ်ထင်မှ ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်ာ
"ဟေး ဟေး! ဒီမှာ တစ်ယောက်ယောက် ကျန်ပါသေးတယ်" ရာသက်ပန် Single လေး ကျင်းရန်ကပြောလိုက်သည်။
ယွီယွဲ့က ရယ်လျက် "မင်း တစ်သက်လုံး တစ်ယောက်တည်းနေဖို့ စီစဉ်နေတာမလား"
ကျင်းရန်သည် ခေတ္တတုန်လှုပ်သွားသည်။
စမ်ထင်က "တကယ်တော့ ကျင်းရန်တစ်ယောက်တည်းပဲကျန်တော့တာ၊ ချင်ရှန့်က မကြာသေးခင်ကမှ ငါ့ကို စေ့စပ်လက်စွပ်လုပ်ပေးဖို့ တောင်းဆိုထားတယ်"
လူတိုင်း အံ့အားသင့်သွားပြီး ချက်ချင်းပင် မေးခွန်းများ စတင်မေးလာကြသည်။
သို့သော် စမ်ထင်သည် အတင်းအဖျင်းပြောတက်သူမဟုတ်သဖြင့် ချင်ရှန့်၏လိုအပ်ချက်များကိုသာ အံ့အားသင့်စွာပြောလိုက်သည်။
“သူ အဓိကပြောသွားတာက လက်စွပ်ကိုဈေးအကြီးဆုံး၊ အကောင်းဆုံးပစ္စည်းနဲ့လုပ်ပေးဖို့ပဲ"
လောဖေးသည် လက်စွပ်မှာဖို့ စဉ်းစားလိုက်ချိန်ထဲက သူ့ခေါင်းထဲ ဒီဇိုင်းအမျိုးမျိုးသော စိတ်ကူးစိတ်သန်းများရှိခဲ့သော် လည်း ငွေကြေးကိစ္စကို မစဉ်းစားခဲ့သောကြောင့် သူ့နှုတ်ခမ်းများ တလှုပ်လှုပ်ဖြစ်သွားသည်။
"လက်စွပ်တစ်ကွင်း လုပ်ခိုင်းတယ်ဆိုတာ ပေးတဲ့သူရဲ့ ရိုးသားမှုကိုပြတဲ့အနေနဲ့ ဒီဇိုင်းကိုပဲ အဓိကထားတာလေ၊ ဘယ်သူက ပိုက်ဆံကိစ္စကိုကြည့်လို့လဲ၊ ချင်ရှန့်က တကယ် စိတ်ခံစားချက်ကင်းမဲ့နေတဲ့စက်ရုပ်ကြီးပဲဖြစ်ရမယ်"
"ငါလည်း နားချခဲ့သေးတယ်"
စစ်ထင်သည် လက်ဝတ်ရတနာ ဒီဇိုင်းနှင့် ပတ်သက်လျှင် အလွန်စွဲလမ်းသူဖြစ်သောကြောင့် ထိုပိုက်ဆံကိစ္စကို အလေးအနက်တောင်းဆိုလာချိန်တွင် ဒေါသဖြစ်သွားမိသည်။
"ဒါပေမယ့် ကျီဖေးက အဲ့လိုမျိုးမှ ကြိုက်တာလို့ ပြောတယ်"
လူတိုင်းသည် သံသယများစွာရှိကြသော်လည်း စေ့စပ်လက် စွပ်သတင်းကပင် ၎င်းတို့အတွက် စိတ်၀င်စားစရာဖြစ်သော ကြောင့် တစ်ခြားကိစ္စများကို ထွေထူးစွာ မစဉ်းစားတော့ချေ။
ချင်ရှန့်သည် ကျီဖေးနှင့် သူ၏ဆက်ဆံရေးတွင် သူ့နှလုံးသားကို ထည့်သွင်းထားကြောင်း အမှန်တကယ်သက်သေပြခဲ့သည်။ သို့မဟုတ်ပါက ချင်ရှန့်လိုလူသည် သူငယ်ချင်းဖြစ်သူကို ဒီဇိုင်းဆွဲခိုင်းမည့်အစား လက်ဝတ်ရတနာဆိုင်မှ လက်စွပ်တစ်ကွင်းကို ဝယ်လိုက်ရုံပင်။
တကယ်တော့ ၎င်းတို့ တက္ကသိုလ် တက်ချိန်အခါက ၎င်းတို့သာ ချစ်ရသူရှိလာလျှင် စမ်ထင်ဆိုင်တွင် လက်ဝတ်ရတနာလာလုပ်ကိုလုပ်မည်ဟုသော စနောက်စကားမှ ယခုလိုအတည်တကျဖြစ်သွားခြင်းဖြစ်သည်။
ယခု ချင်ရှန့်သည် ထိုသဘောတူညီချက်ကို အမှန်တကယ် လိုက်နာခဲ့သဖြင့် သူလည်း သဘောတူကြောင်းမြင်နိုင်သည်။
"ကောင်းလိုက်တာ၊ လောဖေးနဲ့ ချင်ရှန့်တို့ရောဆိုတော့ ငါတို့အဖွဲ့ထဲမှာ စုံတွဲသုံးတွဲတောင်ရှိပြီ၊ နားထောင်လို့ ကောင်းလိုက်တာ! " ပိုင်ရှောင်ရှီ ရယ်မောလိုက်သည်။
"အင်း ?" လောဖေး ထွေထွေထူးထူး မတုံ့ပြန်ခဲ့ချေ။
ယွီယွဲ့သည် "ချီလီနဲ့ လောကျိုးတို့ နှစ်ယောက်စလုံး စမ်ထင်ကို လက်ဝတ်ရတနာလုပ်ခိုင်းသေးတယ်မဟုတ်လား? ဒါပေမယ့် သူတို့နှစ်ယောက်လုံး လမ်းခွဲလိုက်ပြီဆိုတော့ ငါ့အချစ်လေးက စိတ်ပူနေတာပဲ"
စမ်ထင်သည် ပိုင်ရှောင်ရှီကို ပြောစရာစကားပျောက်ဆုံးနေသော အကြည့်ဖြင့်ကြည့်နေသည်။
ပိုင်ရှောင်ရှီသည် ပြောင်စပ်စပ်ဖြင့် သူမရဲ့ လျှာကိုထုတ်လိုက် ကာ ချီလီသည် သူ့ရည်းစားဟောင်းကို သတိမရချင်သော ကြောင့် သူမကို ချက်ချင်း စူးရဲစွာစိုက်ကြည့်နေသည်။
ဟန်ကျီယုသည် မကြားသည့်အတိုင်း ပြုမူနေသော်လည်း ထိုလူသည် သူမကိုတစ်ခါတရံ ချိန်းတွေ့တိုင်းဝတ်ရန် အထူး နားကပ်တစ်စုံပေးထားမှန်း သတိရမိသည်။ ထိုအရာဖြစ်နိုင် သည်။
လောကျိုး၏ရှုပ်ထွေးနေသောစိတ်သည် ရုတ်တရက်အေးခဲသွားပြီး တစ်စုံတစ်ခုကိုတွေးတောကာ သူ့အမူအရာသည် စိတ်မသက်မသာ ဖြစ်နေသည်။
တစ်ချိန်က သူသည် ရွှမ်ရီအတွက် လည်ဆွဲတစ်ခုပြုလုပ်ရန် စမ်ထင်ကိုတောင်းဆိုခဲ့ပြီး သူမ ဝတ်ပြီးသည်နှင့် သူတို့၏လျှို့ ဝှက်ဆက်ဆံရေးကို သူငယ်ချင်းများကြားတွင် ထုတ်ဖော်ပြသနိုင်ရန်အတွက် ပေးအပ်ရန်စီစဉ်ခဲ့သည်။
သို့သော် သူမသည် သူ့မရီးဖြစ်လာသည်အထိ ဆွဲကြိုးသည် မပြီးစီးခဲ့ပေ။
လည်ဆွဲရသောအခါ သူ ဒေါသစိတ်ကြောင့် ဖျက်ဆီးပစ်ချင်ခဲ့မိသည်။ သို့သော်လည်း ထိုနေ့သည် ရွှမ်ရီ၏မွေးနေ့ဖြစ်သဖြင့် သူမအတွက် လက်ဆောင်မပြင်ဆင်ဘဲ သွားမတွေ့ချင်ပေ။
အဘယ့်ကြောင့်ဆို သူ့မိသားစုသည် သူမရီးအား လျစ်လျူရှုထားသည်ဟုထင်သွားပြီး မကျေနပ်ဖြစ်သွားမည်ကိုစိုးသော ကြောင့် ထိုအရာကို ရွှမ်ရီအားမွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ရန် ဆုံးဖြတ်လိုက်ပြီး တစ်နည်းအားဖြင့် သူ လွဲချော်ခဲ့သည့်အရာကိုမြင်စေလိုသည်။ သူသည် သူမကိုလှောင်ပြောင်လိုပြီး သူမကို နာကျင်အောင်လုပ်ချင်သည်၊ ထိုအရာသည် သူ့ကိုစိတ်သက်သာရာရစေမည်ဖြစ်သည်။
သို့သော် ထိုနေ့တွင် သူသည် တစ်စုံတစ်ခုကိုလျစ်လျူရှုမိသဖြင့်...
【ဒီသောက်ရူးကတော့၊ သူ ထန်အာကိုကြိုက်တယ်လို့ ပြောဖို့တောင် မထိုက်တန်ဘူး၊ သူသာ တကယ်ချစ်ရင် သူ့ကိုအဲ့လိုဆက်ဆံမလား?
အပေါ်ထပ်တွင် တိတ်တဆိတ်ကြည့်နေသော ကျီဖေးသည် ဒေါသတကြီးဖြင့် စိတ်ထဲ ကြိတ်ကာကျိန်ဆဲနေလိုက်သည်။
အောက်ထပ်ရှိ ချင်မိသားစုများသည် ကျီဖေး၏ အတွေးများကို ကြားချိန် နည်းနည်းအံ့သြသွားကြသည်။ သူ ဆင်းရဲဟန် ဆောင်ခဲ့လို့ သူ့ကောင်မလေးက သူ့ကို ထောက်ပံ့ပေးတယ်ဆိုတာထက် ပိုဆိုးတာရှိသေးတာလား ?
【ထန်အာက အဲ့လက်ကောက်ကို အရမ်းတန်ဖိုးထားပေမဲ့ တကယ်တမ်းက မူလလည်ဆွဲရဲ့ ၁၀၀ပုံ ၁ ပုံစာပဲ တန်ဖိုးရှိတယ်၊ အဲ့လက်ကောက်က ရွှမ်ရီလည်ပင်းမှာ ဆွဲထားတဲ့ ဆွဲကြိုးကနေ ကျန်တဲ့ဟာတွေနဲ့လုပ်ထားတာပဲ၊ အဲဒီတုန်းက သူတို့ ချိန်းတွေ့နေပြီ၊ နင်တို့ စတွေ့ချင်းချင်းမို့တွေ ဘာတွေမို့တွေ လာမပြောနဲ့ ချိန်းတွေ့တယ်ဆိုထဲက အပြန်အလှန်ခံစားချက်တွေရှိလို့ပဲမဟုတ်လား? နင် စမ်းသပ်ချင်တဲ့ ရောဂါပိုးက ခေါင်းထဲ၀င်သွားလို့များလား ဒီလက်ကောက်ကို ဘာအဓိပ္ပာယ်နဲ့ပေးရတာလဲ】
ချင်ရှန့်သည် အနည်းငယ်တော့ အပြစ်ရှိမိသည်။ သူ လက် ကောက်ကို မိတ်ကပ်ဆရာတစ်ဦးထံတွင် ပထမဆုံးမြင်လိုက်သောအခါ ထိုအရာကို လက်ဆောင်ပေးထားသည်ဟုသာ ထင်မိလိုက်သည်။
ထန်အာသည် လောကျိုး၏ကောင်မလေးဖြစ်သည်ကို သူကြားသောအခါမှ အရာအားလုံးကိုချိတ်ဆက်နိုင်ခဲ့သော်လည်း ထိုအချိန်တွင် ဖြစ်ပျက်နေသည့်အရာများမှာ များပြားလွန်းသဖြင့် သူလျစ်လျူရှုမိခဲ့သည်။
အခုမှ သူ သတိရတာပင်။
【မင်းအဲဒီနေ့က စိတ်အခြေအနေလို့ နင့်ရဲ့ရည်းစားမွေးနေ့ကို မေ့နေတာပဲ၊ အဲ့တာ လက်ဆောင်တစ်ခုမှ မပြင်ဆင်ထားလို့ ကားထဲမှာကျန်တဲ့ လည်ဆွဲသေတ္တာထဲမှာလည်း လက်ကောက်သေးသေးလေးတစ်ကွင်းက အဆင်သင့်ရှိနေပြီမို့ ထန်အာအ တွက် မွေးနေ့လက်ဆောင်အဖြစ်ယူလာတာပဲ၊ တကယ်ကြီး ? နင် နည်းနည်းလေးတောင် အပြစ်ရှိစိတ်မ၀င်မိဘူးလား]
ချင်ရှန့် ဘာပြောရမှန်းမသိတော့ချေ။ ဟူ လက်ဆောင်မပေးလျှင် ပိုကောင်းမည်ဟုခံစားမိသည်။
လောကျိုး အတွေးများကို သူ နားမလည်နိုင်တော့ပေ။ ၎င်းသည် တမင်သက်သက် ကောင်မလေးကို စော်ကားဖို့လုပ်ခဲ့တာလား?
[ဟင့်အင်း ငါမှားသွားတယ်၊ နင့်မှာဘယ်လိုလုပ် အပြစ်ရှိစိတ်ဖြစ်မှာလဲ၊ လက်ဆောင်ပေးပြီးတော့ နင့်မှာမလုံမလဲဖြစ်ဖို့နေနေသာဟာ ဒီလက်ဆောင်ရဲ့ တန်ဖိုးကများလွန်းလို့ ထန်အာရတာ ကံကောင်းတာလို့ သူ ထင်နေခဲ့တာ၊ ဒါပေမဲ့ သူ နင့်ရဲ့ဘ၀အမှန်ကို သံသယဖြစ်မှာကို ကြောက်တော့ နင်က ဒီလက် ကောက်က ယွမ်၁၀၀၀တန်တယ်ဆိုပြီး လိမ်ပြောခဲ့တယ်၊ နင့်ရဲ့မျက်လုံးထဲမှာ ထန်အာက ယွမ်တစ်ထောင်ပဲတန်တဲ့ လက်ဝတ်ရတနာနဲ့ပဲ ထိုက်တန်တယ်ပေါ့? တကယ်တော့ နင့်ကိုသာ သူမ မထောက်ပံ့ဘဲနေရရင် သူ့ဘာသာ ယွမ်ထောင်ချီတဲ့လက်ဝတ်ရတနာတွေ ဝယ်နိုင်တယ်ဆိုတာ နင် မသိဘူးလား】
ချင်ရှန့်သည် တိတ်တဆိတ်သက်ပြင်းချလိုက်ပြီး လောကျိုး၏ အချစ်ကို သူလည်း သံသယဝင်မိသည်။
【ပိုပြီးမုန်းစရာကောင်းတာက အဲ့ဒီတုံးအတဲ့ မိန်းကလေးထန်အာက နင် လက်ကောက်၀ယ်လိုက်ရလို့ တကယ်ပိုက်ဆံမရှိတော့ဘူးလို့ထင်ပြီး စိတ်မကောင်းဖြစ်သွားတာပဲ၊ ဒါကြောင့် သူက သူ့အတွက် အချိန်ပိုင်းအလုပ်အများကြီးကို တိတ်တိတ်လေးလုပ်ပြီး နင့်ကိုတစ်ဖက်လှည့်နဲ့ပြန်ဆပ်ခဲ့သေးတယ်၊ ပြီးတော့ နင့်ပေးထားတဲ့လက်ကောက်ကို သူမက အဖိုးမဖြတ်နိုင်တဲ့ ရတနာလိုသိမ်းထားခဲ့တာ၊ နင်ကတကယ့် တိရစ္ဆာန်ကောင်! နင် ဘာလို့ မိုးကြိုးပြစ်ပြီး တစ်ခါတည်း မသေသွားရတာလဲ? ဒီလိုရည်းစားမျိုးနဲ့ နင် ဘယ်လိုလုပ်ထိုက်ထန်မှာလဲ? ထန်အာက အတိတ်ဘဝတုန်းက တကယ် မီးရှို့ပြီးသတ်ခဲ့လို့လား?】
ကျီဖေးသည် ထန်အာမှာ ထိုလက်ကောက်ကိုမည်မျှတန်ဖိုးထားကြောင်း တွေးလိုက်တိုင်း ဒေါသထွက်လာသဖြင့် ခေါင်း ခါယမ်းလိုက်သည် ။
[အိုး နင်က ရွှမ်ရီနဲ့ချိန်းတွေ့တုန်းကတော့ အရမ်းရက်ရောတာပဲ ဒါပေမယ့် ထန်အာနဲ့ချိန်းတွေ့တုန်းကတော့ တွန့်တိုတက်တယ်၊ သူထင်တာ ထန်အာနဲ့မထိုက်တန်ဘူးလို့လား? ပြီးတော့ သူ့ မရီးဆီကို ချက်ချင်းအပြေးသွားတယ်ပေါ့ ? ထန်အာကို သူ့အကြောင်းသိသွားမှာဆိုးတော့ အလွန်အကျွံလုပ်ပြီးအချစ် တွေပဲ ထုတ်ပြနေတော့တာပဲ၊ သူတို့နှစ်ယောက်ကြည့်ရတာ အရမ်းလိုက်ဖက်တယ်၊ ဆန်ကုန်မြေလေးနဲ့ ခွေးမလိုမျိုး! ]
ချင်ရှန့်သည် သူ့မိန်းမ ဒေါသအလွန်ထွက်မည်ကိုကြောက်သောကြောင့် သူမခေါင်းကိုပုတ်လိုက်ရင့် လောကျိုးနှင့် ရွှမ်ရီတို့၏အကျင့်ပျက်မှုများကို အပြစ်တင်နေသည်။
ကျီဖေးသည် ဖန်သားပြင်ကို မကြည့်မီ စိတ်တည်ငြိမ်အောင် ခဏထားလိုက်သည်။ ထန်အာ လက်ကောက်အကြောင်းသိသွားရုံသာမက လောကျိုးနှင့် ရွှမ်ရီတို့၏ဆက်ဆံရေးအမှန်တရားကိုလည်း သိလိုက်သောကြောင့် သူမ တွန့်ဆုတ်နေခဲ့သည်။
ထန်အာသည် တုန်တုန်ယင်ယင်ဖြင့် ရွှမ်ရီကို စိုက်ကြည့်နေသည်။
"နင်... နင်ပဲ..."