အခန်း (၂၀၉)
Vol. 21 Ch. 209
ရွှမ်ရီ ဘာကိုမှဝန်ခံမှာမဟုတ်ပေ။ ထို့ကြောင့် သူက ချက်ချင်းပင် "မစ္စထန် ရှင် ဘာဖြစ်နေတာလဲ? ကျေးဇူးပြုပြီး အရမ်းစိတ်မဆိုးပါနဲ့?"
ထိုသို့ပြောနေပေမယ့် သူ၏ အဆင်မပြေသည့်အမူအရာနှင့် အပြစ်ရှိသည့်အမူအရာသည် အရာအားလုံးကို ထုတ်ဖော်ပြသနေပြီးသားပင်။
[ထန်အာက ဘာဖြစ်နေတာလဲ? နင့်ရဲ့ စက်ဆုပ်ဖွယ်အပြုအမူကြောင့် သူ စိတ်ထိခိုက်သွားတာလေ။]
ကျီဖေးသည် ရွှမ်ရီ၏ဖျော်ဖြေမှုကို မယုံကြည်နိုင်စွာဖြင့် ဖန်သားပြင်ပေါ်မှကြည့်နေခဲ့သည်။
[ရွှမ်ရီရဲ့မူလအစီအစဉ်အရ လော့မိသားစုထဲက ဆွေမျိုးသား ချင်းတစ်ဦးဦးက သူတို့ရဲ့စကားတွေကိုကြားရင် ထန်အာနဲ့လော့ကျိုးရဲ့ဆက်ဆံရေးအကြောင်းကိုပဲအများစုကသိကြမှာ။ သူတို့ရဲ့အမူအရာတွေကို မမြင်နိုင်သရွေ့ အစောကစကားပြောသံကိုကြားရင် လော့ကျိုးရဲ့အတိတ်ကအသဲကွဲမှုကိုပဲထုတ် ပြောလာလိမ့်မယ်။ ဘယ်သူကမှ ရည်းစားဟောင်းဖြစ်တဲ့ရွမ်ရီက သူ့ကိုယ်သူ ဖော်ထုတ်လိမ့်မယ်လို့ မှန်းထားမှာမဟုတ်ဘူး။]
ချင်ရှန့် မထိန်းနိုင်ဘဲ နှုတ်ဆိတ်နေလိုက်သည်။ အမှန်ပင်၊သူသည် မည်သည့်အစွန်းအထင်းမှ မကျန်ရစ်ခဲ့ပေ။
သို့သော် အမှန်တကယ်လိမ္မာပါးနပ်သူများသည် ရည်းစားဟောင်းဇာတ်လမ်းကို ထန်အာအား ပထမနေရာတွင် ထုတ်ဖော်ပြသမည်မဟုတ်ပေ။ ရွှမ်ရီ၏မနာလိုမှုသည် သူ့အား ထိုသို့ပြု လုပ်ရန် ကျိုးကြောင်းဆီလျော်မှုကို ဆုံးရှုံးသွားစေပုံရသည်။
"နင်...အရှက်မရှိဘူး!"
ထန်အာသည် နောက်ဆုံးတွင် ကျယ်လောင်စွာကျိန်ဆဲလိုက်သည်။
ရွှမ်ရီ၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီး "မစ္စထန်၊ ရှင့်ရဲ့အလုပ်ရှင်ကို ဒီလိုစော်ကားတာက မသင့်တော်ပါဘူး။ နောက်ဆုံးတော့ ရှင့်ရဲ့အရေးပေါ်အခြေအနေကနေ ကျွန်မကူညီပေးခဲ့တယ်၊ ရှင်ကျွန်မကိုကျေးဇူးတင်သင့်တယ်။"
ရွှမ်ရီကို စိုက်ကြည့်နေရင်း ထန်အာ့တစ်ကိုယ်လုံး ဒေါသကြောင့်တုန်လှုပ်သွားသည်။
"နင်ငါ့ကို မိတ်ကပ်လိမ်းခိုင်းဖို့ ဒီကိုခေါ်ကတည်းက မလိုအပ်တဲ့အရာတွေမပြောနဲ့။ ဒီလိုရွံစရာကိစ္စတွေကိုသိရဖို့ ငါ စိတ် ဝင်စားမှာမဟုတ်ဘူး!"
စကားပြောပြီးနောက်ထန်အာသည် ရွှမ်ရီနှင့် နောက်ထပ်လေမဖြုန်းချင်တော့ပုံရသည်။ သူသည် နောက်ပြန်လှည့်ကာ သူ၏ ဂုဏ်သိက္ခာကိုထိန်းသိမ်းပြီး သူ့မိတ်ကပ်ပစ္စည်းအစုံလိုက်ကို စတင်ထုတ်ကာ လုပ်ငန်းစတင်ခဲ့သည်။
ဖုန်းစခရင်ပေါ်မှ မြင်နေရသည့်လှုပ်ရှားမှုတွေကတစ်ဆင့် ထန်အာသည် သူ့ဝမ်းနည်းမှုကိုထိန်းချုပ်ထားသော်လည်း ငိုနေ သည်မှာထင်ရှားသည်။
ရွှမ်ရီသည်နောက်ဆုံးတွင် သာလွန်ကောင်းမွန်သည့် သဘော ထားကိုပြသကာပြုံးပြလိုက်ပြီး "တကယ်တော့ နင်ပိုက်ဆံရှာဖို့ လော့ကျိုးနဲ့ရှိနေရင်တောင် အဆင်ပြေပါတယ်။ သူ့ဒဏ်ရာတွေကိုကုစားဖို့ သူအသုံးချနေတဲ့ ဆက်ဆံရေးတစ်ခုပါပဲ။ အဲဒါအပြင် နင်နဲ့မဆိုင်တဲ့အရာတွေအကြောင်း အိပ်မက်မမက်တော့ဘူးလို့ ငါ မျှော်လင့်ပါတယ်။ အကယ်၍လော့ကျိုးက နင့်ကိုကတိအချို့ပေးခဲ့ရင်တောင် အဲ့တာတွေက... ဒီအတိုင်းမရည်ရွယ်ပဲပြောလိုက်တာပဲ၊ ငါဒီနေ့ နင့်ကိုဒီလာဖို့ခေါ်လိုက်တာက နင်နဲ့ ဒီမိသားစုကြားကကွာခြားချက်ကိုပြချင်လို့။"
[ ဝိုးးး ၊ သူ ဒါတွေကို ဘယ်လိုများပြောနိုင်ရတာလဲ? လော့ကျိုးလုပ်သမျှက သူ့အတွက်ပဲလို့ယုံကြည်ပြီး သူကိုယ်သူ ရဲရဲ တောက်ယုံကြည်မှုရှိနေတာဖြစ်နိုင်မလား? သူတကယ်ပဲ ယုံ ကြည်မှုရှိတာလား? သူတကယ်ယုံကြည်မှုရှိတယ်ဆိုရင် တစ် ယောက်ယောက်ကိုနှောင့်ယှက်ဖို့ ဘာလို့ဒီကိုလာတာလဲ ? သနားစရာ ထန်အာလေး၊ အရူးနှစ်ယောက်နဲ့ ရောထွေးနေရရှာတယ်။]
ချင်ရှန့်၏အမူအရာသည် ဖော်ရွေမှုကင်းမဲ့သွားကာ ရွှမ်ရီသည် ထန်အာအတွက် လော့ကျိုး၏စစ်မှန်သည့်ခံစားချက်ကို သတိ ပြုမိသောကြောင့် သူသည် ဤပြဿနာအားလုံးကိုဖြစ်ပေါ်စေခဲ့သည်။ သူကိုယ်တိုင်က တစ်ခုခုကိုမလိုချင်ပေမဲ့ အခြားသူရသွားမှာကိုလည်းခွင့်မပြုပေ။ လော့ကျိုးက သူ့အပိုင်ဖြစ်ရမယ်ဟု သူ ထင်နေတုန်းပင်။
ထန်အာသည် ဤရွံရှာဖွယ်လူများအားလျစ်လျူရှုရန် စိတ်အားထက်သန်နေပုံရသောကြောင့် သူနှုတ်ဆိတ်နေခဲ့သည်။
သူ၏ပန်းတိုင်ကိုအောင်မြင်တယ်လို့ခံစားရပြီး ရွှမ်ရီက အ ကြောင်းအရာကို ဆက်မပြောတော့ပဲ "အိုကေ၊ ငါ မိတ်ကပ်ပြင်ပြီးပြီ၊ ငါ့ဝမ်းကွဲက နောက်မှမိတ်ကပ်လိမ်းဖို့လာလိမ့်မယ်။ နင်အဆင်သင့်ဖြစ်နေမယ်လို့ မျှော်လင့်ပါတယ်။"
တခြားတစ်ယောက်လာနေပြီလား ?
ကျီဖေးနှင့်ချင်ရှန့်တို့သည် သူတို့၏လက်ရှိအခြေအနေသည် အခြားသူများမြင်ရန်မသင့်တော်သောကြောင့် မျက်လုံးချင်းစုံကာ တိတ်တဆိတ်အကြည့်ချင်းဖလှယ်ကြသည်။
ချင်ရှန့်က နောက်ဆုတ်ရန်အကြံပြုသည်။
ကျီဖေး ခဏလောက်တုံ့ဆိုင်းသွားသော်လည်း ရွှမ်ရီ၏ခြေသံကိုကြားလိုက်ရပြီး သူ ထွက်လာပုံရသည်။ ဒီဒရာမာက ဇာတ်သိမ်းသွားပုံပေါ်သည်။
နှစ်ယောက်သား အခင်းဖြစ်ရာနေရာမှ အမြန်ထွက်သွားကြသည်။
ကျီဖေးသည် ချင်မိသားစုဝင်များကိုရှာဖွေရန်အတွက် ပထမထပ်ခန်းမထဲသို့ ဘေးကင်းစွာပြန်လာခဲ့ပြီး ချင်ရှန့်ကသူ့အား ထောင့်တစ်နေရာသို့ ဆွဲခေါ်လိုက်သည်။
ကျီဖေးသည် ချင်ရှန့်မှသူ့အား စိုက်ကြည့်နေတာကို မြင်ပြီး သူ့နှုတ်ခမ်းကိုမသက်မသာညွှန်ပြသည့်အခါ အံ့သြသွားသည်။
ကျီဖေးအေးခဲသွားပြီး ချင်ရှန့်ဆိုလိုချင်သည့်အဓိပ္ပါယ်ကို နားမလည်နိုင်။
သူက ထောက်ပြပြန်သည်။
ကျီဖေး၏အမူအရာသည် တဖြည်းဖြည်း ထူးဆန်းလာသည်။
[သူ မဖြစ်နိုင်ပါဘူး... ငါ့ကို နမ်းချင်နေတာလား?!]
ချင်ရှန့် အေးခဲသွားသည်။
သနားစရာမိန်းကလေးအားအနိုင်ကျင့်နေသည့် မရီး၏ဒရာမာကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရသည့် ချင်မိသားစုဝင်များသည် ဒီအတွေးကိုကြားတော့ ကျောခိုင်းလုနီးပါးပင်။
ဘာလဲ ? ဘာလဲ ? သူတို့ရဲ့ ဒုတိယသားက၊ သူ ဘယ်လိုလုပ် ဒီလောက်မြန်မြန်လှုပ်ရှားလာတာလဲ !?
ဒါပေမယ့် ဒါ တိုးတက်မှုတစ်ခုမဖြစ်သင့်ဘူးလား? ရုတ်တရက်ကြီး နမ်းခွင့်တောင်းတယ်?!
ငါတို့သွားကြည့်သင့်လား? သူတို့ကြည့်ရတာ နီးနီးလေးမှာ ရှိနေပုံရတယ်။
မဟုတ်ဘူး၊ မဟုတ်သေးဘူး ဒီလိုအရာတွေကို ဘယ်လိုလုပ်ကြည့်နိုင်မှာလဲ? အဲဒါက သူတို့ကို အနှောက်အယှက်ဖြစ်စေမှာမဟုတ်ဘူးလား?
ကျီဖေးကြောင့် သူတို့ဒရာမာကြည့်ရတာကိုစွဲလန်းသွားသဖြင့် ယခုအချိန်မျိုးတွေမှာပင် ချောင်းကြည့်ချင်နေကြပြီဖြစ်သည်။
ဒါဆို... သူတို့နမ်းကြမှာလား ?
[အိုး၊ အိုး၊ အိုး၊ ငါ အခုမှတ်မိပြီ၊ အဲဒါ နှုတ်ခမ်းနီပဲ၊ အရင်က တည်းက အကြောင်းပြချက်တွေနဲ့ မဖြေရှင်းခဲ့ဘူးလို့ သူသတိပေးခဲ့တာ။ ငါ့ ကိုယ် ငါကြောက်လာပြီ! အနမ်းနဲ့ပတ် သက်ပြီးကောက်ချက်ချရအောင် ငါ ဘာတွေတွေးနေတာလဲ?!]
ချင်ရှန့်၏မျက်နှာသည် ပူထူလာပြီး အနည်းငယ်အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ ဝန်ခံပြီးကတည်းကကျီဖေး သည်ကြောက်လန့်နေသည့် ငှက်တစ်ကောင်လိုခုန်နေပုံရသည်။
ခိုးနားထောင်နေသည့်ချင်မိသားစုဝင်များအားလုံး တညီတ ညွတ်တည်း သက်ပြင်းချလိုက်ကြသည်။
သူတို့ဆန္ဒကိုဖြည့်ဆည်းဖို့က လွယ်မှာမဟုတ်ဘူးဆိုတာ သူတို့သိသည်။
ကျီဖေးသည် သူ၏မိတ်ကပ်မှန်သေးသေးလေးကို ထုတ်ကာ နှုတ်ခမ်းအနည်းငယ်ဆိုးပြီး ဖြေရှင်းရန်စဉ်းစားပြီးနောက် ချင်ရှန့်နှင့်အတူ ဝိုင်မြည်းစမ်းပွဲသို့ပြန်လာခဲ့သည်။
သူတို့၏အသွင်အပြင်သည် ချက်ချင်းတိုသလို လူတိုင်း၏အာ ရုံကို ဆွဲဆောင်ခဲ့သည်။
ချင်ရှန့်၏သာလွန်သည့်အသွင်အပြင်နှင့် အဆင့်အတန်းသည် အာရုံစူးစိုက်မှုကိုအမြဲခံရပြီး ယခုတစ်ကြိမ်တွင် ကျီဖေးကိုလည်း မသိပဲမနေကြပေ။ ထို reality showသည် သူ၏ကျော် ကြားမှုကိုတိုးစေခဲ့သည်။ မင်္ဂလာပွဲမရှိရင်တောင် ဒီလူတွေက သူ့ကိုတစ်ချက်ကြည့်လိုက်ရုံနှင့်မှတ်မိသည်။
ချင်ရှန့်နှင့်သူ့ကိုတွေ့တော့ သူတို့ ရုတ်တရက် နားလည်လိုက်ကြသည် - ဖျော်ဖြေရေးနယ်ပယ်မှာ ဒီလိုမုန်တိုင်းကြီးဖြစ်စေခဲ့တဲ့ အမျိုးသမီးအနုပညာရှင်ကို ချင်မိသားစုရဲ့တတိယသားက အကာအကွယ်ပေးခဲ့တာ အံ့သြစရာမရှိဘူးပဲ။ တကယ်တော့သူက ချင်မိသားစုရဲ့ဒုတိယချွေးမကိုး။
အံ့သြစရာမဟုတ်ပါဘူး... အံ့သြစရာမဟုတ်ပါဘူး... အချို့သော ကွန်ရက်များသည် ထိုအချိန်အတောအတွင်း အဖြစ်အ ပျက်အမျိုးမျိုးကြောင့် ထိခိုက်နစ်နာခဲ့ရပြီး ၎င်းကို မည်ကဲ့သို့ဖိနှိပ်ရန်ကြိုးစားသော်လည်း မလုပ်ဆောင်နိုင်ခဲ့ကြပေ။ သူသည် စစ်မှန်သည့် ချမ်းသာသောမိသားစု၏ဇနီးဖြစ်သည်။
မကြာသေးမီက အတန်းဖော်ပြန်လည်တွေ့ဆုံပွဲမှ အဖြစ်အ ပျက်အကြောင်းလည်း သူတို့ကြားသိခဲ့ရသည်။ သူတို့စုံတွဲ၏ ဆက်ဆံရေးသည် မတုန်မလှုပ်ဖြစ်ပြီး သူတို့မိသားစုကိုဖျက် ဆီးဖို့ကြိုးစားသည့် တတိယဘီးလုံးအားအပြစ်ပေးဖို့အတူ တကွလုပ်ဆောင်ခဲ့ကြသည်။
ဤဖျော်ဖြေရေးနယ်ပယ်မှတရားသူကြီးသည် အလွန်လျှို့ဝှက်ဆန်းကြယ်ကြောင်းကြားသိခဲ့ရသော်လည်း၊ ၎င်းသည် တကယ့်ဝိဇ္ဇာပညာရှင်ဟုတ်မဟုတ် သို့မဟုတ် သာမန်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းကို မည်သူသိနိုင်မည်နည်း ?
လူတို့သည် သဘာဝအားဖြင့် အတင်းအဖျင်းကို နှစ်သက်ကြပြီး စပ်စုတတ်ကြသည်။ သူတို့ပိုရင်းနှီးလျှင့် ၎င်းကို သူတို့တကယ်မေးချင်မည်ပင်။
ကျီဖေးနှင့်ချင်ရှန့်တို့သည် အမျိုးမျိုးအဖုံဖုံသော အကြည့်များအား ရရှိခဲ့သည်။ ဒရာမာများနှင့်ပြည့်နှက်နေသည့် သူတို့၏အ တွေးများဖြင့် ချင်မိသားစုဝင်များထိုင်နေသည့်နေရာကိုပြန် သွားကြသည်။
မမျှော်လင့်ပဲ၊ လော့စုံတွဲသည် သူတို့နှင့်အတူရှိနေခဲ့ပြီး ချင်မိသားစုဝင်များအား အလွန်လေးစားကြောင်းထင်ရှားသည်။
သို့သော်ချင်မိသားစုသည် ထိုကဲ့သို့ စိတ်အားထက်သန်သည့်ဧည့်ဝတ်ကျေပွန်မှုကို အမှန်တကယ် မလိုအပ်ခဲ့ဘဲ အိမ်ရှင်များ၏အတင်းအဖျင်းစကားများအား သီးသန့်ဆွေးနွေးလိုကြပြီး ၎င်းကိုထိန်းချုပ်ထားရသည့်အတွက် စိတ်မကောင်းဖြစ်ရပါသည်။
နှစ်ယောက်သားထိုင်ခါနီးတွင် မဝေးလှသည့်ထိုင်ခုံများမှတစ် စုံတစ်ယောက်က သူတို့ကိုဝှေ့ယမ်းပြနေသည်ကိုတွေ့လိုက်ရသည်၊ ၎င်းမှာ ချင်ရှန့်၏သူငယ်ချင်းတစ်စုဖြစ်သည်။
သူတို့ရောက်သွားပြီးနောက် လော့ကျိုးမရှိတော့သည်ကို သတိပြုမိသည်။
ကျီဖေးသည် ထိုလူယုတ်မာလော့ကျိုးရှိရာကို ချက်ချင်းကြည့်ချင်လာသည်။ သူသည် နောက်ဘာဆက်ဖြစ်မည်ကို အမှန်တကယ်သိချင်နေပြီး၊ ယနေ့ ဝိုင်မြည်းစမ်းပွဲ၌ ၎င်းတို့နှစ်ဦး အချင်းချင်းရန်ဖြစ်မည်လားဟု သိချင်နေသည်။
မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်သောအခါ လော့ကျိုးသည် သူတို့ဆီသို့ ခေါင်းငုံ့ကာလျှောက်လာနေပြီး အမျိုးသမီးငယ်တစ်ယောက်က သူ့အား စိတ်အားထက်သန်စွာ လက်မောင်းကိုကိုင်ထားပြီးဖက်တွယ်ထားဖို့ကြိုးစားနေသည်။ သို့သော်လည်း ရုတ်တရက်ဖုန်းဝင်လာပြီးနောက် အမျိုးသမီးကပြန်ဖြေပြီး ထွက်သွားခဲ့သည်။
ကျီဖေး၏အတင်းအဖျင်းအကြောင်းသိချင်စိတ်ကို မကျေနပ်သေးမီလော့ကျိုးကထိုင်ချလိုက်ပြီး ချီလီပြုံးကာပြောသည်။
"မင်းတို့ညီအကိုနှစ်ယောက်လုံးက မိသားစုတစ်ခုတည်းနဲ့လက်ထပ်ဖို့ ဘာလို့စီစဉ်နေကြတာလဲ ? အဲ့တာ ရွှမ်ရီရဲ့ဝမ်းကွဲမဟုတ်လား ?"
[အိမ်ထောင်ပြုဖို့ စီစဉ်နေတယ် ?!!! လော့ကျိုးနဲ့ ရွှမ်ရီရဲ့ဝမ်းကွဲ ?!]