← Chapters

အခန်း (၂၁၁)

Vol. 22 Ch. 211

အခန်း (၂၁၁)

Vol. 22 Ch. 211

ထန်အာ တစ်ယောက်တည်းသာမဟုတ်ပဲ ဝမ်းကွဲသည် သူမကို အောက်ထပ်သိုြခေါ်လာခြင်းဖြစ်သည်။

ထန်အာ၏မျက်နှာအရောင် မကောင်းသော်လည်း ဝမ်းကွဲသည် သူမအား မိန်းမပျိုများ၏ဝိုင်းထဲသို့ အတင်းဆွဲခေါ်ခြင်းခံရသည်။ ရွှမ်ရီလည်း ထိုနေရာတွင် ရှိနေပြီး ဤမိတ်ကပ်ပညာ ရှင်ကို ပတ်ဝန်းကျင်ရှိ ညီအစ်မများနှင့် မိတ်ဆက်ပေးရန် အသင့်ဖြစ်နေပုံရသည်။

ထန်အာသည် လှည့်မကြည့်ချေ။ သူထိုနေရာတွင် မသက်မသာသာရပ်နေရုံသာတက်နိုင်သည်။ တုံ့ပြန်ရန်အတတ်နိုင်ဆုံးပင်။

[ဖက်! ဒါကလုံး၀အရှက်မရှိတာပဲ၊ ရွှမ်ရီ နင်ဘယ်လိုတောင်လုပ်နိုင်ရတာလဲ၊ သူမ ပြန်လာမှာကို နင်စိုးနေတာလား? သူတို့ကို မတွေ့တွေ့အောင် စုံပေးဖို့ စိတ်ကူးထားတဲ့ပုံပဲ ကလေးဆန်လိုက်တာ]

ကျီဖေးတင်မဟုတ်ပဲ သူမအတွေးများကို ကြားနိုင်သည့် ချင်မိသားစု၀င်များလည်း အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာကို စိုးရိမ်တကြီး စောင့်နေကြသည်။

[ထန်အာက လောကျိုးနဲ့ မတွေ့ချင်ဘူး၊ သူမက တစ်ဖက်လူရဲ့ အရေးကြီးတဲ့အချိန်မှာ ပြဿနာမဖြစ်အောင် ရှောင်ချင်ရုံပဲ၊ သူမက သူ့ကို ရွံသွားပြီ၊ဒါကြောင့် လောကျိုးနဲ့ မျက်နှာချင်းတောင်မဆိုင်ချင်တော့ဘူး၊ ဒါကြောင့် လောကျိုးရောက်နေမှန်း သူမ သိပေမဲ့ သူမမျက်နှာပဲလွှဲထားခဲ့တယ်၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ သူတို့က သူမကို တစ်ယောက်တည်းနေခွင့်မပြုဘူး]

"လောကျိုး၊ မင်းဘယ်သူ့ကိုကြည့်နေတာလဲ? ရွှမ်ရီလားဒါမှမဟုတ် အဲဒီဝမ်းကွဲလေးကို?" ချီလီက စိတ်ဝင်တစား မေးသည်။

၎င်းတို့သည် လော့ကျိုးမှု ကျီဖေးနှင့် ချင်ရှန့်တို့အား ငြင်းခုံလာမည်ဟု မျှော်လင့်ထားသော်လည်း သူ ရုတ်တရက် ရပ်သွားခဲ့သည်။ လောကျိုး၏ စိတ်နေစိတ်ထားအရ ထိုအရာသည် အလွန်ထူးဆန်းသည်။

"အိုး? အဲဒီ မိတ်ကပ်ပညာရှင်ကိုး" ဟန်ကျီယုသည် ချီလီအနားမှ ရုတ်တရက် ပြောလိုက်သည် ။

သူမ အံ့သြမှုကြောင့် အပြစ်ကင်းသော ပုံရိပ်လေးကို ထိန်းသိမ်းရန် ခဏတာ မေ့သွားသည်။ ချီလီသည် သူမကို သူ၏အချစ်ဦးနေရာသို့ အစားထိုးခြင်းဖြစ်သောကြောင့် သူမ တက်တက်ကြွကြွနေသည်ကို မကြိုက်သောကြောင်း သတိပေးလေ့ရှိသည်။

သို့သော် ကျီဖေးသည် ထိုစကားကိုကြားသောအခါ စူးစမ်းချင်စိတ်ဖြစ်လာပြီး ဟန်ဇီယူကို ကြည့်လိုက်သည်။ "နင်ရောသိတာလား?"

ဟန်ကျီယုသည် သူမ၏ idolမေးသံကိုကြားလိုက်ချိန် သူဌေးဖြစ်သူ သတိပေးထားသည်ကို လျစ်လျူရှုပြီး "ဟုတ်ပါ၊ ကျွန်မ အဲဒီဟိုတယ်မှာ နောက်ဆုံးတစ်ခေါက်က ကျင့်ပတဲ့ အတန်ပြန်ဆုံပွဲရဲ့ သန့်စင်ခန်းတစ်ခုပဲ တွေ့ခဲ့တာပါ၊ သူ့မှာ ရှင့် လတ်မှတ်ပါတဲ့ မိတ်ကပ်ပစ္စည်းတွေရှိလို့ စကားစမြည်ပြောခဲ့သေးတယ်"

ဟန်ကျီယုသည် လျင်မြန်စွာနှင့် စိတ်အားထက်သန်စွာ ပြောဆိုကာ အရာအားလုံးကို လျင်မြန်စွာရှင်းပြသည်။

လောကျိုးသည် ထန်အာ ခေါင်းမော့ကြည့်မလာသည့်အတွက် သူမ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ မသိသော်လည်း ဟန်ကျီယု၏စကားကိုကြားတော့ သူ အံ့ဩသွားပြီး မျက်ခုံးများကိုပင့်ကာ မယုံနိုင်စွာမေးလိုက်သည်။

"အဲဒီတုန်းက သူ ရှိနေတာလား?"

[အိုး... သူက အဲဒီနေ့က သူ့ဘ၀မှန်ကို သူမသိသွားတာလားဆိုပြီး သိချင်နေတာပဲ]

"ဘယ်လိုတောင် တိုက်ဆိုင်လိုက်တာလဲ ?" ကျင်းရန် မျက် မှောင်ကြုတ်လိုက်သည်။

"သူက ဒီလုပ်ငန်းမှာ နာမည်ကြီးတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်လား ?" နိုင်ငံခြားမှာ အချိန်အတော်ကြာနေတာကြာသည့် ပိုင်ရှောင်ရှီသည် ဤနိုင်ငံ၏အခြေအနေများကို မရင်းနှီသည့်အတွက် မေးလိုက်သည်။

စမ်ထင် ခေါင်းခါလိုက်ပြီး "ငါ သူမအကြောင်း တစ်ခါမှမကြားဖူးဘူး"

လောဖေးသည် ကျီဖေးဘက်လှည့်ပြီးမေးသည်။

"သူ့မှာ မင်းရဲ့ လက်မှတ်ရှိတယ်ဆိုတော့ မင်းရဲ့ fan လား? ဒါက မင်းလည်း သူ့ကို သိတယ်လို့ပြောတယ်မလား? မင်း သူ့ကို သိလား"

သူသည် တကယ့်ရဲအရာရှိတစ်ယောက်ဖြစ်သည့်အတွက် ဘောပေါက်လွယ်သည်။

လောကျိုးသည် လောဖေး၏စကားကြောင့် ကျီဖေးကို ချက် ချင်းကြည့်ကာ "မင်းလည်း သူ့ကို သိတာလား?"

သူသည် ကျီဖေးကိုသတိထားကြည့်လာကာ သူမနှင့် ဆက်စပ်နေသည့်အရာတိုင်း မကောင်းနိုင်တော့ဟု ခံစားလာရသည်။

သို့သော်လည်း ကျီဖေးသည် သူ့ကိုလှမ်းကြည့်လာချိန် လောကျိုး၏ကျောရိုးတစ်ခုလုံး အေးခဲသွားသည် ။

ကျီဖေး၏အကြည့်တွင် ပြင်းထန်သော ကဲ့ရဲ့မှုများပါဝင်နေသည်ဟု သူ ခံစားမိသည်။

ဟုတ်တယ်၊ ကျီဖေးက တစ်ခုခုကိုသဘောပေါက်သွားလို့ သူ့ကိုအပြစ်‌တင်နေတာ အမှန်ပဲ။

[ဒီလူယုတ်မာက ထန်အာကို ချစ်တယ်လို့ ပြောပေမယ့် ငါတော့ လုံး၀မယုံဘူး၊ သူက အရိုးထဲထိကို ဆန်ကုန်မြေလေးကောင်ဖြစ်နေလို့ သူ့မှာ အသိတရားမရှိဘူး။]

"အွန်း ဟုတ်တယ်၊ ကျွန်မ သိတယ်၊ ကျွန်မ အရင် variety show မှာ ထန်အာက ကျွန်မနဲ့ ချင်ကျောက်ရဲ့မိတ်ကပ်အဖွဲ့မှာ နှစ်လလောက်လုပ်ခဲ့တယ်၊ တကယ့်ကို တိုက်ဆိုင်တာပဲ"

ကျီဖေး ပြုံးပြီးပြောသည်။

ချင်ရှန့်လန့်သွားပြီး တစ်ခုခုကိုရိပ်မိသွားပြီး လောကျိုးကိုမယုံကြည်နိုင်စွာကြည့်လိုက်သည်။

လောကျိုးသည်လည်း အံ့သြနေပုံရသည်။

[သူ့မှာ ထန်အာ ငါနဲ့အတူ နှစ်လလောက်အလုပ်လုပ်ခဲ့မှန်းတောင်မသိဘဲ အံ့သြတကြီးဖြစ်နေတယ်၊ သူ သတင်းတွေကို ဂရုမစိုက်ဘူးဆိုရင်တောင် ငါတို့ရဲ့ ရှိုးပွဲက အရမ်းနာမည်ကြီးလို့ ငါတို့အတူတူတွေ့ခဲ့တာကို ထန်အာက ဘယ်လိုလုပ်မပြောပဲနေမှာလဲ? သူ ပြောခဲ့ပေမဲ့ သူကတော့ သူ့အတွေးတွေနဲ့ပဲ အလုပ်ရှုပ်နေခဲ့တာ၊ သူ့ရည်းစားကို ဘယ်လောက်ထိ ဂရုစိုက်လိုက်လဲ? သူရဲ့အသက်မွေးဝမ်းကြောင်းကိုတောင် သူ လုံးဝဂရုမစိုက်ဘူးဆိုတာ ရှင်းနေတာပဲလေ။]

ယခုတော့ ထိုအတွေးများကိုကြားနိုင်သည့် ချင်မိသားစုဝင်များကလည်း သဘောပေါက်စပြုလာသည်။

ချင်ကျောက်နှင့် ချင်ရုန်တို့သည် အထူးပြောစရာမရှိတော့ပေ။ အထူးသဖြင့် ရှိုးသည် အလွန်နာမည်ကြီးသည့်အတွက် ၎င်းတို့အဖွဲ့ထဲကလူတွေက ၎င်းတို့ဘယ်သူအတွက် အလုပ်လုပ်တယ်ဆိုတာကိုသိကြမှာပင်။ လောကျိုး မသိသည့်အချက်သည် တုံးအလို့တော့မ‌ဖြစ်နိုင်ချေ။

အခု သူတို့တွေးကြည့်တော့ ပြောစရာစကားမဲ့တယ်ဆိုသည်ထက်ကို ပြောစရာစကားကိုမရှိတော့ပေ။

ကျီဖေးသည် လောကျိုးမှာ သူ့ကိုယ်သူမည်မျှ ရွံရှာဖွယ်ကောင်းသည်ကို သတိမပြုမိသေးသည်ကို မြင်လိုက်ရသဖြင့် ဒေါသထွက်သွားသည်။

သူမ တည့်တိုးပြောလိုက်သည်။

"ထန်အာက လူကောင်းတစ်ယောက်လေ သူက သိပ်တော်တာ၊ အလုပ်အပေါ်မှာလဲကျွမ်းကျင်တယ်၊ ကြိုးစားတယ်၊ အခက် အခဲတွေကို မကြောက်ဘူး၊ သူ့မှာ ကံဆိုးတာဆိုတော့ ပိုက်ဆံကိစ္စနဲ့ အချစ်ရေးပဲ"

"ဘယ်လိုမျိုးလဲ ?" ပိုင်ရှောင်ရှီသည် ချက်ချင်းတုံ့ပြန်လိုက်ပြီး သူ့ အသွေးထဲအသားထဲကို ဖရဲသီးစားချင်နေသည်အား သက် သေပြလိုက်သည်။

လောကျိုးသည် ထန်အာကိုအကဲခတ်ကြည့်ရင်း သူမသည် သူ့နောက်ကွယ်တွင် သူ့မကောင်းကြောင်းကိုပြောနေသည်ဟုသံသယဝင်နေသည့်ပမာပင်၊ သူမသည် သူ့ကို ပြုစုပျိုးထောင်ခဲ့သော်လည်း သူ့ဘ၀ကိုသိလို့ဖြစ်ကာ ယခုအခါ သူ့အကြောင်းကို အပြင်သို့ပါလိုက်ပြောနေပုံပင်။

ကျီဖေးနှင့် ချင်ရှန့်တို့၏အစောပိုင်း လှောင်ပြောင်မှုကို သူ ကြောက်ရွံ့နေခဲ့သည်

ကျီဖေးသည် စားပွဲပေါ်မှ လူတိုင်း၏အာရုံကို စွဲဆောင်ထားကာ အတင်းအဖျင်း ပြောသည့်လေသံဖြင့် စတင်ပြောဆိုနေပြီဖြစ်သည်။

"အရင်က သူါ ရည်းစားဆိုတဲ့တစ်ယောက်က ဇိမ်ခံကားပိုင်ရှင်နဲ့ မတော်တဆမှုဖြစ်တော့ သူကိုယ်တိုင် ဆရာဖြစ်တဲ့သူဆီကနေပိုက်ဆံချေးရတာပေါ့ သူ့ ရည်းစားကြောင့် သောင်းနဲ့ချီပြီး အကြွေးတွေတင်သွားခဲ့တယ်၊ သူမှာ ငွေစုထားတာလည်းမရှိဘူး၊ ဒါကြောင့် အရေးပေါ်ကိစ္စဆိုရင် သူ့ဆရာဆီကနေ ပိုက်ဆံချေးရတယ်၊ နောက်တော့ အကြွေးပြန်ဆပ်နိုင်ဖို့ နေ့ရောညပါ အလုပ်တွေလုပ်ရတော့ ရှိုးမှာလည်း အားအင်စိုက်ပြီးလုပ်ခဲ့ရတယ်"

ဤစကားကိုကြားသောအခါ လောကျိုးသည် သူ၏ဖုန်တက် နေသောမှတ်ဉာဏ်မှ အဖြစ်အပျက်လေးကို ဖော်ထုတ်ခံလိုက်ရသလို လုံး၀ထိတ်လန့်သွားသည်။

သူ၏အကဲဆက်သည့် စိတ်ကြောင့် ထန်အာသည် လျော်ကြေးငွေကို ပေးဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူသည် သူမတွင် ပိုက်ဆံရှိသည်ဟုသာ ယူဆကာ သူမ မိသားစုထံမှ ပိုက်ဆံမည်မျှသုံးစွဲခဲ့သည်ကိုမသိသလို၊ ထန်အာလစာ ဘယ်လောက်ရလဲဆိုသည်ကိုပါ တွက်ချက်ရန်စိတ်မ၀င်စားခဲ့ချေ။

"ဘာ ? သူ့ ရည်းစားက အဲ့လောက်တာဝန်မဲ့လား ?" ပိုင်ရှောင်ရှီမျက်မှောင်ကြုတ်လိုက်သည်။

စမ်ထင်- "ပြသာနာရှာတက်တာက အဆင်ပြေသေးတယ် ဒါပေမယ့် တာဝန်မယူတက်တဲ့သူတွေက အဆိုးဆုံးပဲ"

"သူ့ကောင်မလေးက ဒီကုန်ကျစရိတ်ကို ခံနိုင်ရည်ရှိရဲ့လား" ယွီယွီလည်း ရွံရှာစွာပြောသည်။

"ဒီထန်အာက အချစ်မျက်ကန်းမလေးနဲ့တူတယ်၊ သူ ဒါတွေကြုံရတာတောင် လမ်းမခွဲသေးဘူးလား?" ကျင်းရန်ရယ်လိုက်သည်။

စကားတစ်ကြောင်းဆုံးတွင်း လောကျိုး၏မျက်နှာသည်ပိုမိုမည်းမှောင်လာကာ သု့ နှုတ်ခမ်းများသည် တုန်ရီနေပြီး ခေါင်းတစ်ခေါင်းလုံးတောင်ယားယံလာကာ သူ အသေးအဖွဲဖြစ်ရပ်ဟု ယူဆသည့်အရာသည် အခြားသူများထံမှ ဤကဲ့သို့ပြင်း ထန်စွာ ဝေဖန်ခဲ့ရမည်ဟု မထင်မှတ်ခဲ့ပေ။

လောဖေးနှင့် ချီလီအံ့အားသင့်သွားပြီး သူတို့ ဤအခြေအနေကိုရင်းနှီးသလို ခံစားလိုက်ရသည်။

အကြောင်းမှာ လောကျိုးဒေါသထွက်သောအခါ ဇိမ်ခံကားပိုင်ရှင်သည် ဇိမ်ခံကားပိုင်ရှင်သာဖြစ်ကြောင်း ချီလီနှင့် လောဖေးအား ရင်ဖွင့်ဖူးသည်။

ထို့နောက် ကျီဖေးသည် "မကြာသေးခင်က သူမ မိသားစုဒုက္ခ ရောက်နေလို့ပိုက်ဆံချေးဖို့လိုနေတယ်၊ သူ နေရာတိုင်းမှာကြိုး စားချေးပေမယ့် ချေးငွေမရလို့ သူ့ ရည်းစားကို အကူအညီတောင်းဖို့ပဲ သူ တတ်နိုင်တော့တယ်"

All Chapters