အခန်း (၂၁၂)
Vol. 22 Ch. 212
ဤထူးဆန်းသောအခြေအနေသည် ရွံရှာခြင်းနှင့် အံ့သြခြင်းအမျိုးမျိုးကို ဖြစ်ပေါ်စေသည်။
ကျီဖေးသည် ပုံပြင်တစ်ပုဒ်လို မြိန်ရေရှက်ရေ ပြောပြနေခဲ့ပြီး ကျန်လူတိုင်းသည် စေ့စေ့စပ်စပ်နားထောင်နေကြသည်။
လောဖေးနှင့် ချီလီတို့သည် လောကျိုးကိုကြည့်ရင်း စိတ်မသက်မသာဖြစ်နေကြသည်။ လောကျိုးလည်း ပိုက်ဆံချေးတာနဲ့ပတ်သက်ပြီး တစ်ခုခုပြောခဲ့တာ မဟုတ်ဘူးလား? ဒါ တိုက် ဆိုင်မှုတစ်ခုလား?
ထိုအချိန်တွင် လောကျိုးသည် ထိန်းမနိုင်သိမ်းမရစိုးရိမ်စိတ်များစတင်ခံစားနေပြီဖြစ်သည်။ ကျီဖေးသည် သူ့ကို တမင်တ ကာလှောင်ပြောင်နေသည်ဟု သူထင်ခဲ့သော်လည်း ပိုက်ဆံချေးတဲ့သတင်းသည် ကျီဖေးလိုမျိုးလူပင် သိနေသဖြင့် သူအတွေးများသွားသည်။
"သူမ အရေးပေါ်ငွေရေးကြေးရေးပြဿနာတွေကို ဖြေရှင်းပးနိုင်တဲ့ အလုပ်ကြီးတစ်ခုကိုရခဲ့တယ်ကြားတယ်၊ အဲ့ဒါနဲ့ပဲ"
ကျီဖေးသည် စဉ်းစဉ်းစားစားနှင့် လောကျိုးကိုကြည့်လိုက်ကာ
"အွန်း ရှင့်ရဲ့မရီးက သူ့ကို အထူးတလည်ရှာခဲ့တာလေ၊ သူ ကျွန်မရဲ့ ရှိုးကိုကြည့်ပြီး ကျွန်မ မိတ်ကပ်လိမ်းတာကို သဘော ကျသွားလို့ ထန်အာကိုငှားတာနဲ့တူတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်မ ကျေးဇူးတင်ရမယ်။"
ကျီဖေးသည် လောကျိုးကိုပစ်မှတ်ထားရုံဖြင့် မရပ်တန့်သေးပေ။ သူ ရွှမ်ရီကိုလည်း ချန်မထားခဲ့ချင်ပါ။
လောကျိုး၏မျက်နှာသည် ချက်ချင်းဆိုသလိုအရောင်မျိုးစုံပြောင်းသွားပြီး သူ့အမူအရာသည် လျင်မြန်စွာပြောင်းလဲသွားသည်။
ဟုတ်တယ်၊ ရွှမ်ရီ သူမကို ဒီကိုခေါ်လာတာ၊ သူလည်း အတန်းပြန်ဆုံပွဲမှာ ရှိနေခဲ့တာမလား ? ဒါတွေအားလုံးက တိုက်ဆိုင်မှုတစ်ခုပဲလား၊ သူ့စိတ်ထဲတွင် တစ်စုံတစ်ခု မူမမှန်ဟုခံစားမိပြီး လုံးဝကမောက်ကမဖြစ်နေသည်။
"သူ့ကို ဒီနေရာကနေကိုတောင် ခေါ်လာခဲ့တာဆိုတော့ အဆက် အသွယ်တွေပိုရစေချင်လို့ ဖြစ်နိုင်တယ်၊ သူ့ရည်းစားကအသုံးမကျလို့ ငွေရှာဖို့ သူ့ ကိုယ်သူ အားကိုးနေရရှာတယ်"
"ဒါဆို ငါလည်း သူနဲ့ သွားတွေ့မယ်" ပိုင်ရှောင်ရှီသည် စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "သနားစရာမိန်းကလေးကို အလုပ်တွေများအောင်ကူညီပေးပြီး အဲ့လူယုတ်မာကိုမေ့ပစ်ခိုင်းရမယ်"
စမ်ထင် ခေါင်းညိတ်ပြပြီး သူမကိုမိတ်ဖွဲ့ရန် စီစဉ်နေပုံရသည်။
လောကျိုး၏မျက်နှာသည် အရှက်တရားများဖြင့် ဖုံးလွှမ်းသွားပြီး သူ့လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသည်။
လောဖေးသည် နောက်ဆုံးတွင် သိချင်စိတ်ကို မထိန်းနိုင်တော့ပဲ"မင်း သူ့ကိုသိတာလား?"
ချီလီလည်း တစ်ခုခုရိပ်မိသဖြင့် "မင်းရဲ့ အမူအရာက သိသိသာသာပြောင်းလဲနေတော့ မဟုတ်မှလွဲရော ဒီထန်အာဆိုတဲ့ မိန်းကလေးက မင်းရဲ့ရည်းစားတော့ မဟုတ်ပါဘူးနော်"
ထိုစကားသည် စားပွဲရှိလူတိုင်းကို ချက်ချင်းနှုတ်ဆိတ်သွားစေသည်။
လောကျိုး၏ မျက်လုံးများပြောင်းလဲသွားသည်ကို မြင်လိုက်သော်လည်း သူ မငြင်းခဲ့ပေ။ တဖြည်းဖြည်းနှင့် လူတိုင်း၏ မျက်လုံးများသည် အံ့သြမှုကြောင့် ပြူးကျယ်သွားသည်။
လေထုသည် အလွန်ကို အဆင်မပြေဖြစ်လာပြီး အစောပိုင်းတွင် "လူယုတ်မာ" ဟု ဝေဖန်နေသူများသည် ယခုအခါ ကျီဖေးကို ဝေဝေဝါးဝါးကြည့်နေကြသည်။
ကျီဖေး အသံထွက် ရယ်မိလုနီးပါးဖြစ်သွားသဖြင့် ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး အံ့အားသင့်သောအမူအရာဖြင့် ပြောလိုက်သည်။
"ရှင်လား ? အာ.. ထန်အာရဲ့ချစ်သူက ဆန်ကုန်မြေလေးကောင်လို့ လူတွေပြောကြတာအံ့သြစရာတော့ မဟုတ်တော့ဘူး၊ ရှင်တမင်တကာဆင်းရဲဟန်ဆောင်ပြီး ထောက်ပံ့ခွင့်ပေးလိုက်တာလား?"
ဤစကားသည် လေထုကိုပိုမိုပြင်းထန်စေသည်။ မူလကသာ သူတို့ သူငယ်ချင်းဖြစ်သူ၏ စမ်းသပ်ခြင်းကိုကြားပါက သာမာန်ဂိမ်းတစ်ခုအဖြစ် မြင်မည်ဖြစ်ကာ စားပွဲရှိလူတိုင်းသည် ၎င်းတို့၏သူငယ်ချင်းဘက်မှ ရပ်တည်ကြမှာ အသေအချာပင်။
သို့သော် အခုချိန်တော့ နှစ်ဖက်စလုံးသည် တစ်ယောက်နှင့်တစ်ယောက်သိနေကြတော့ ခံစားချက်များလုံးဝကွဲပြားသွားသည်။ လောကျိုး၏လုပ်ရက်ကို အားလုံးသဘောမတူကြချေ။
လောကျိုး၏မျက်နှာသည် ပြာသွားသော်လည်း စကားတစ်ခွန်းမှမပြောသေးဘဲ ခပ်လှမ်းလှမ်းမှ ထန်အာကိုစိုက်ကြည့်နေသည်။
လေထုသည် ထူးဆန်းလွန်းသဖြင့် ကျင်းရန်ချောင်းဟမ့်ကာ အကြောင်းအရာကို အမြန်ပြောင်းရန် ကြိုးစားသည်။
"မဖြစ်နိုင်တာ၊ ရွှမ်ရီက ဘာလုပ်နေတာလဲ ? ထန်အာလည်း သိတယ်မဟုတ်လား"
အကြောင်းအရာကို ပြောင်းလဲရန် ကြိုးပမ်းသော်လည်း မအောင်မြင်ပေ။
စားပွဲပေါ်ရှိ လေထုသည် ပို၍ပင် ခြောက်ခြားဖွယ်ကောင်းလာသည်။ ပိုင်ရှောင်ရှီသည် ရွှမ်ရီနှင့် လောကျိုးတို့၏အရင်ဆက် ဆံရေးအကြောင်းကို မသိသေးပေ။
ယွီယွဲ့သည် ဤအချက်အလက်မှာ အရေးကြီးမှန်းသော်လည်း သူငယ်ချင်းကို ဂရုမစိုက်တော့ဘဲ ပိုင်ရှောင်ရှီအားပြောပြလိုက်သည်။
ပိုင်ရှောင်ရှီ အံ့သြလွန်းလို့ ငိုလုမတတ်ပင်။
"ဒါဆို ထန်အာက မိတ်ဆက်ပေးဖို့ တကယ်ပဲ ဆင်းလာခဲ့တာလား?" စင်ထင်သာ အေးအေးဆေးဆေးမေးခွန်းမေးလိုက်သည်။ ချမ်းသာသည့်မိသားစုများတွင် ထိုသို့အခြေအနေကို အများကြီးတွေ့ဖူးသည်။
သူတို့ သူငယ်ချင်းသည် ယခုလို ရွံရှာစရာကောင်းသည့် စိတ်ရှိမည်ဟု မမျှော်လင့်ထားဘးပေ။ ယခုမူ အရာအားလုံးသည် သံသယဖြစ်ဖွယ်မရှိလောက်အောင် တိုက်ဆိုင်နေပုံရသည်။
မည်သူမှ ထပ်မတွေးမိသေးခင် လူတစ်စုသည် ထန်အာနှင့်အတူ သူတို့ဆီလျှောက်လှမ်းလာသည်။
သူတို့ ဘာလုပ်ဖို့စီစဉ်နေတာလဲ ?
စားပွဲရှိလူတိုင်း အံ့သြစွာကြည့်နေကြသည်။
ဤတင်းမာသောလေထုထဲတွင် တစ်ယောက်ယောက်သည် စကားစပြောလာသည်။
"လောကျိုး ထန်အာက မင်း ဘယ်သူလဲဆိုတာ သိတာသေချာလို့လား? မင်း ထင်တာမှားရင် မင်းကိုတွေ့တဲ့အခါ ငါထိုးမယ်!"
လောကျိုးသည် ထန်အာ့ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေသော် လည်း သူမသည် ခေါင်းငုံ့လျက်သာ သူ့ကိုပြန်မကြည့်လာပေ။
မူလက လောကျိုးသည် ထန်အာမှာ သူ့မည်သူမည်ဝါဖြစ်သည်ကို သိရှိသဖြင့် ပြန်လည်သင့်မြတ်ရန် အခွင့်အရေးဖန်တီးဖို့ တမင်တကာလာသည်ဟုသာ တွေးတောနေခဲ့သည်။
သို့သော် ထိုစကားသည် လောကျိုးအား မီတာတစ်ရာမြင့်သော ချောက်ကမ်းပါးမှ ပြုတ်ကျသလိုမျိုး သူ့နှလုံးသားကို ဗလာ ကျင်းသွားသလို ခံစားရသည်။
ကြောက်ရွံ့မှုတစ်ခုသည် သူ့အပေါ်သို့ တိုးဝင်လာသော်လည်း သူမတုံ့ပြန်မီ ထန်အာသည်မော့ကြည့်လာသောကြောင့် သူတို့၏မျက်လုံးများ ခဏတာဆုံသွားသည်။
လောကျိုးသည် သူ့လည်ချောင်းမှာ တစ်ဆို့သွားသလို ခံစားလိုက်ရပြီး သူ့အကြည့်ကိုအနည်းငယ်မျှပင်မလွှဲဝံ့ပေ။ သို့သော် ထန်အာသည် အဝေးကိုအကြည့်လွှဲပြီးဖြစ်သည်။
သူတို့နှစ်ယောက်ကြားရှိ အခြေအနေကိုတခြားလူများအားလုံးစောင့်ကြည့်နေကြသည်။
"သူမ သူ့ကိုကြိုသိနေတာလား? မအံ့သြဘူးလား? ကြည့်ရတာ ကြိုသိနေတဲ့ပုံပဲ"
"ဇာတ်လမ်း တစ်ခုရှိမယ်နဲ့တူတယ်"
"မင်းက Drama ကြည့်ဖို့မျှော်လင့်နေတာလား ?"
၎င်းတို့ တီးတိုးပြောနေရင်းနှင့် သူတို့အဖွဲ့လည်း အနားသို့ရောက်လာသည်။
လောကျိုး၏အကြည့်များသည် ထန်အာ ကိုကြည့်နေသည်မှာ လောင်ကျွမ်းလုမတက်ဖြစ်နေသော်လည်း သူမ သူ့ကိုမကြည့်တော့သောကြောင့် သူပို၍ တုန်လှုပ်လာပြီး ဒေါသပင်ဖြစ်လာသည်။
သူမချေးထားသည့် ပိုက်ဆံနောက်ကွယ်က အမှန်တရားအကြောင်းကို ထန်အာဆီမေးချင်မိသည်။
သို့သော် သူမ သူ့ကို အဘယ်ကြောင့်မကြည့်ရဲသနည်း? အ ဘယ်ကြောင့် သူ့ကို အသိအမှတ်မပြုသနည်း? အဘယ်ကြောင့် သူ့မိသားစု၏ နေရာကိုလာရသနည်း?
သူ့ကိုတွေ့တာတောင်မှ လျစ်လျူရှုနေသည်၊ သူက ခက်ခဲတဲ့ ပုံစံမျိုးကစားချင်တာလား ဒါမှမဟုတ် ဒါက နည်းဗျူဟာတစ်မျိုးလား?
လောကျိုးသည် ပေါက်ကွဲသွားတော့မလို ခံစားလိုက်ရသည်။ ထိုတုန်လှုပ်မှုသည် သူ့နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်းအ မြစ်တွယ်နေသည့် မကျေနပ်မှုများမှ ဖြစ်ပေါ်လာပြီး သူ မရင် ဆိုင်ဝံ့သည့် မငြိမ်သက်မှုများကြောင့် ဖြစ်သည်။
ကျီဖေးသည် ရှေ့တွင်ရပ်နေသော ရွှမ်ရီကိုကြည့်ကာ ၎င်း၏ အတွေးများကို လုံးဝနားမလည်နိုင်တော့ပေ။
[ဒါဆို သူတို့က ထန်အာနဲ့ လောကျိုးတို့ကို တွေ့အောင်ဖို့လာခဲ့ကြတာလား? ဒါပေမဲ့ ထန်အာရဲ့တုံ့ပြန်မှုကိုကြည့်ရရင် သူမက သူ့ကိုဘယ်တော့မှလှည့်မကြည့်တော့ဘူးဆိုတာ သိတာနေတာပဲ]
ထိုသည်ကို သူမတွေးနေချိန် အံ့သြစရာကောင်းသောအရာမှာ ရွှမ်ရီ ပထမဆုံးစကားသည် သူမကို ဦးတည်လာသည်။
"ကျီဖေး အချိန်ကိုက်ပဲ၊ ဒီမိတ်ကပ်ပညာရှင် ထန်အာက နင့်အ တွက် အရင်ကပြင်ပေးခဲ့တာလို့ ကျွန်မတို့ကြားတယ်၊ ဒါနဲ့ ပတ်သက်ပြီး မေးဖို့လာခဲ့တာ"
ကျီဖေး: ?
ထန်အာသည် ယခု သူမကိုယ်တိုင် ရှေ့တက်လာပြီး ကျီဖေးအား အတင်းပြုံးပြကာ "ကျီလောင်ရှစ် မင်္ဂလာပါ" ယခုလို နာမည်ပျက်ရသည်မှာ ဂုဏ်ယူစရာတစ်ခုမဟုတ်သဖြင့် သူ့ မျက်လုံးထဲမှာ မသေချာမရေရာမှုများနှင့် အဆင်မပြေမှုများ ရှိနေဆဲပင်။
[ရွှမ်ရီ ဘာလို့ ထန်အာက ငါ့ မိတ်ကပ်ဆရာဖြစ်ခဲ့တယ်ဆိုပြီး တက်တက်ကြွကြွပြောလာတာလဲ ? အခု သူ ငါ့ကိုမေးပြီးတဲ့အပြင် ထန်အာလည်းဖြေပြီးလောက်ပေမဲ့ သူက ဘာလို့ တစ်ဖွဲ့လုံးကိုခေါ်လာတာလဲ၊ ငါ့ကို မယုံလို့များလား? ဘာဖြစ်လို့လဲ?]
ကျီဖေး ချက်ချင်းပြုံးပြီး "ထန်အာ နင်လည်း ဒီမှာကိုး၊ ရွှမ်ရီ နင် ဘာလို့ ဒီနေ့ကျမှ ဒီလောက်၀တ်စားထားရတာလဲလို့ ငါသိချင်နေတာ"
လူတိုင်း : ဟင်? သူတို့ တစ်ခုခု နားကြားမှားသွားတာလား? သူတို့ မိတ်ကပ်အကြောင်းပြောနေတာမဟုတ်ဘူးလား?
ကျီဖေး၏အမူအရာသည် ယုံကြည့်မှုများပြည့်နှံနေသော ကြောင့် ရွှမ်ရီ သူမ အထင်လွဲသွားသည်ဟုသာ ထင်သည်။
ယင်းကြောင့် စိတ်ပူပန်နေသော ချင်မိသားစုဝင်များသည် ၎င်းတို့၏သောက်စရာများဖြင့် ပက်လုနီးပါးပင်။
ယခုအခါ ဒရာမာကို တရား၀င်ထုတ်လွှင့်နေပြီဖြစ်သော်လည်း မစ္စတာချင်နှင့် မစ်ချင်တို့မှာ လူကြီးများဖြစ်သောကြောင့် လာမကြည့်နိုင်ပဲ မျိုးဆက်သစ်လူငယ်များကတော့ ကန့်သတ်ချက်မမရှိပဲ ရှိုးကိုခံစားဖို့ ဝိုင်ခွက်များဖြင့်စုရုံးကြတော့သည်။
ရွှမ်ရီသည် လောကျိုးဆီမှ ခြိမ်းခြောက်သည့် အကြည့်များကို လျစ်လျူရှုကာ သူ့ ညီအစ်မများအဖွဲ့ဘက်သို့ လှည့်ပြီး
"တတကယ်ပေးရတဲ့ဈေးနဲ့ တန်တယ်ပြောရမယ်"
ညီအစ်မများအဖွဲ့တွင် မျက်နှာအမူအရာအမျိုးမျိုးရှိသည်။
"ငါတော့ ဒီပိုက်ဆံက သိပ်ယုတ္တိမရှိဘူးလို့ထင်တယ်၊ ငါတို့က ချမ်းသာပေမဲ့ မတုံးပါဘူး မစ်ချင်.. သူ ရှင့်ကို မိတ်ကပ်လိမ်းပေးရင် ဘယ်လောက်ပေးရလဲ" သူ့ ဝမ်းကွဲက ရုတ်တရက်မေးလိုက်သည်။
ထိုစကားကြောင့် ထန်အာ၏မျက်နှာသည် ချက်ချင်းပြောင်း လဲသွားသည်။
ကျီဖေးသည် ထိုအခြေအနေကြောင့် စိတ်ရှုပ်ထွေးသွားပြီး သူမ၏စနစ်အားအမြန်ဖွင့်သည်။
[OMG! ဘုရားရေ! ငါ့တောင် ကြောင်တောင်တောင်ဖြစ်ချင်သွားပြီ၊ နင့် ရဲ့အကြံအစည်တွေကို ကြည့်ရတာနဲ့တောင် မောလာပြီ ]
ချင်မိသားစုဝင်များ : ဘာလဲ? ဘာဖြစ်တာလဲ? စျေးနှုန်းမေးရုံနဲ့ ဘယ်လို ပင်ပန်းတာလဲ?
ပုံမှန်ဆိုလျှင် ရှိူးတွင် အပိုင်းတစ်ပိုင်းအတွက် လက်ထောက် မိတ်ကပ်ပညာရှင်တစ်ဦးပင်လျှင် ယွမ် ၁၀,၀၀၀ ကျော်ရရှိမည်ဖြစ်သည်။
[ဒါကြောင့် ရွှမ်ရီက ထန်အာအကြောင်း သူ့ဝမ်းကွဲကိုပြောပြထားပြီးသား၊ ဝမ်းကွဲက လောကျိုးချစ်နေတဲ့သူမို့လို့ သူတို့ရဲ့ဆက်ဆံရေးကိုရှေ့ဆက်ဖို့ခွင့်မပြုနိုင်ဘူး၊ သူက ရွှမ်ရီထက် တောင်ပိုပြီး ရန်လိုသေးတယ်၊ သူက ထန်အာကို လမ်းခွဲလိုက်ရုံနဲ့တင် မကျေနပ်ပဲ ထန်အာ ဂုဏ်သိက္ခာထိခိုက်အောင် ဖျက်စီးချင်နေတာ၊ ဒါကြောင့် သူတို့က ဒီပွဲကိုလုပ်ခဲ့တာပဲ]
[သူတို့က ထန်အာရဲ့စိတ်ပျက်အားငယ်နေတဲ့ အခြေအနေတွေကို အခွင့်ကောင်းယူဖို့ ယွမ် 200,000 လောက်ပစ်သုံးပြီး သူမကို မိတ်ကပ်ပညာရှင်အနေနဲ့ ဒီကိုလာခိုင်းတာ၊ အခုလည်း အဲ့ဈေးကွက်ကိုသုံးချင်နေပြန်ပြီ၊ တကယ်လို့ ငါကသာ သာမာန်ဈေးနှုန်းပဲ ပြောလိုက်ရင် ထန်အာက လူချမ်းသာတွေမို့ တမင်ဈေးမြှင့်တောင်းတာဆိုပြီး ဝိုင်းပြောကြမဲ့အပြင်ကိုမှ သူ့ကို ပရော်ဖက်ရှင်နယ်မဆန်ပဲ ပိုက်ဆံကိုပဲကြည့်တယ်လို့ လူတိုင်းကထင်ကြလိမ့်မယ်၊ အဲ့လို ပြဿနာရှိတဲ့သူမျိုးကို လောမိသား စုက လုံးဝလက်မခံမှာ သေချာပေါက်ပဲ]
ချင်မိသားစုဝင်များ - သူတို့ ထန်အာကို လိုက်လာဖို့ ပြောတာ အံ့သြစရာမဟုတ်တော့ပါဘူး၊ ဒါက တကယ်တော့ အစီအစဥ်တစ်ခုပဲကိုးး
ချင်ရှန့်၏ နှုတ်ခမ်းများလှုပ်ခါနေသည်- သူ ရိုးရိုးသားသားပြောရရင် ဒီလိုဉာဏ်ရည်မျိုးနဲ့ တွက်ချက်တက်ပုံက သူ့သူ ငယ်ချင်းလော့ရဲ့စီးပွားရေးအင်ပါယာကြကို တည်ငြိမ်အောင်ထိန်းနိုင်လောက်တယ်...
[သူတို့ရဲ့ အဓိကရည်ရွယ်ချက်က လောမိသားစုရှေ့မှာ ထန်အာကို အရှက်ရအောင်လုပ်ဖို့ပဲ သူတို့အောင်မြင်ရင် ထန်အာ ကမိတ်ကပ်ပညာရှင်အသိုင်းအဝိုင်းမှာ နာမည်ပျက်လိမ့်မယ်၊ ထန်အာ ဘယ်လောက် အရည်အချင်းရှိရှိ ချမ်းသာတဲ့အမျိုး သမီးဖောက်သည်တွေကို ဘယ်တော့ရမှာမဟုတ်သလို၊ အနု ပညာလောကမှာရှိတဲ့ နာမည်ကြီးတဲ့သူတွေနဲ့အလုပ်လုပ်ဖို့ကိုတောင်ထိခိုက်စေနိုင်တယ်၊ ဒါက ထန်အာရဲ့ ပရော်ဖက်ရှင်နယ်အနာဂတ်ကိုဖျက်ဆီးပစ်လိမ့်မယ်၊ ဘယ်လောက်တောင် ရက် စက်လိုက်သလဲ]
ချင်မိသားစု - သူတို့က သာမန်လူယုတ်မာတွေထက်တောင် ပိုရက်စက်သွားပြီ၊ လူလို့တောင်မခေါ်သင့်ဘူး၊ ထန်အာ ဘာအမှား လုပ်မိလို့လဲ? သူက သားကောင်ဆိုတာ အသိသာကြီးကို
ချင်ရှန့်လည်း အေးစက်စွာရယ်မောလိုက်သည်။ သူသည် ကျီဖေးဖြစ်သူကို စိတ်ပူစွာကြည့်လိုက်သော်လည်း သူ့ဇနီးသည် ရုတ်တရက် နှုတ်ခမ်းပါးများတွန့်ကွေးလိုက်သည် မြင်လိုက်ရသည်။
[ငါ့ကို အပြစ်မတင်နဲ့၊ ငါ့ကို အသုံးချရဲမှတော့ နင်တို့လည်း ပြန်ခံရဲရမှာပေါ့]
ချင်ရှန့်: ငါ့ မိန်းမက အရမ်းချစ်စရာကောင်းတာပဲ
"နင် မသိရင် ငါတို့ တစ်ခြားသူတွေကို မေးလိုက်မလား ?" ဝမ်းကွဲသည် ကျီဖေး၏အတွေးများကို စိတ်မရှည်တော့ဘဲ ပြဿနာကို အမြန်ဖြေရှင်းလိုသည်။
ထန်အာ၏မျက်နှာသည် ဖြူဖျော့နေပြီဖြစ်သည်။ ဖြစ်ပျက်နေတာကို သူမနားလည်တာကြာပြီဖြစ်သော်လည်း ငွေကြေးကိစ္စသည် အစစ်အမှန်ဖြစ်သောကြောင့် ကူကယ်ရာမဲ့နေမိသည် ဤအခိုက်အတန့်တွင် သူ လောကျိုးထံမှ အကူအညီတောင်းသင့်သော်လည်း သူမသည် သူ့အားနည်းနည်းမှမကြည့်ချင်တော့ပေ။
လောကျိုးသည် ထန်အာကို တချိန်လုံးကြည့်နေခဲ့သည်။ သူကိစ္စအလုံးစုံကိုမသိသော်လည်း ထန်အာ ဒုက္ခရောက်နေ ကြောင်းခံစားမိသည်။ သူ့ကိုကူညီခိုင်းလိမ့်မည်ဟု သူ ထင်ခဲ့သည်။ သူမ တစ်ချက်လောက် အကူအညီတောင်းလိုက်ရုံဖြင့် လုံလောက်သည်။ သူ သူမကို ရုန်းထွက်ဖို့လမ်းစတစ်ခုပေး လိုက်မည်ပင်။
သို့သော် ထန်အာသည် သူ့ဘက်ကို တစ်ခါမှမကြည့်တော့ပေ။
"သြော် ကျွန်မ အခု သတိရပြီ၊ အဲဒါက တစ်ပွဲကို ယွမ် 300,000 လောက်"
ထိုစကားတစ်ခွန်းသည် လူတိုင်းကိုနှုတ်ဆိတ်စေခဲ့သည်။
ထန်အာသည် ကျီဖေးကိုတအံ့တသြ စိုက်ကြည့်ရင်း ကျီဖေး သည် မျက်ခုံးကိုပင့်ကာ ပြုံးနေသည်ကို သူမ မြင်လိုက်သည်။
ညီအစ်မများ အုပ်စုတစ်ခုလုံး တွေဝေသွားသည်။ - သူတို့ အထင်လွဲသွားတာလား ?
"အဲ့လောက်တောင် ဈေးကမြင့်တာလား?"
"ဒါဆို 200,000 ကပုံမှန်ပဲလား"
"ငါ့ မိတ်ကပ်ပညာရှင်ကို နည်းနည်းလောက်တိုးပေးသင့်လား?"
စားပွဲရှိအခြားသူများသည် ဤစကားဝိုင်း၏ အဓိပ္ပါယ်ကိုပင် နားမလည်ကြပေ။
"မဖြစ်နိုင်ဘူး!"
ဝမ်းကွဲသည် မယုံကြည်နိုင်စွာအော်ဟစ်လျက် "နင်မှားတာပဲနေမှာ၊ ဘယ်လိုလုပ် 300,000 ဖြစ်နိုင်မှာလဲ၊ ရှင်းနေတာကို..."
ရွှမ်ရီသည် သူ့ ဝမ်းကွဲချက်ချင်းဆွဲကိုင်လိုက်ပြီး သူ့မျက်နှာကိုတော့မထိန်းနိုင်ပဲ အကျည်းတန်လျက် စကားမပြောရန်တားလိုက်သည်။
သူကျီဖေးကိုကြည့်ကာ ထိုကဲ့သို့ အဖြေရရန်ဘယ်တုန်းကမှ မမျှော်လင့်ထားသဖြင့် မသေချာမရေရာဖြစ်နေသည်။
သူတို့၏ရုန်းရင်းဆန်ခတ်ဖြစ်မှုသည် အနီးနားရှိ ဧည့်သည်များစွာ၏အာရုံစိုက်မှုကို ခံခဲ့ရသည်။
"ဘာဖြစ်တာလဲ၊ ဒီနှုန်းက ပုံမှန်ပါပဲ" ကျီဖေးသည် "နင်တို့ ဒီနေ့ မိတ်ကပ်လိမ်းဖို့ 200,000 ပဲပေးရတာလား ?"
ကျီဖေးက "ထန်အာ နင် ဘာလို့ ဈေးလျှော့လိုက်တာလဲ? သူတို့ကိုလျှော့ပေးလိုက်တာလား? ဒါမှမဟုတ် သူတို့က အသိတွေမို့လို့ နင်က အဲ့လိုလုပ်တာလား၊ တကယ်တော့ ဒါက လိုမှမလိုတာ၊ သူတို့ကချမ်းသာပြီးဟား အဲဒီပမာဏလောက်က ဘာမှဖြစ်မှာမဟုတ်ဘူး၊ လျှော့စျေးပေးတာက သူတို့ကိုစော်ကားလိုက်တာပဲ မဟုတ်လား ? ကြည့်... နင် အခုလိုဈေးလျှော့ပေးလိုက်လို့ ငါ့ကိုတောင် လာမေးကုန်ကြပြီ"
ချမ်းသာသူများသည် အလိမ်ခံရခြင်းကို မကြိုက်သော်လည်း နှိမ့်ချခံရခြင်းကိုပိုမုန်းတီးကြသည်။
ဤစကားများသည် လောမိသားစု၏ဒေါသကို ချက်ချင်း နှိုးဆွနိုင်ခဲ့သည်။
ဒါက ဘယ်လိုစကားမျိုးလဲ ? သူ ဘာကိုဆိုလိုတာလဲ ? သူတို့လောမိသားစုက မိတ်ကပ်ပညာရှင်ဆီကနေ စျေးလျှော့ပေးတာကိုလိုအပ်နေလို့လား ?
သူ ဘယ်သူ့ကိုစော်ကားဖို့ ကြိုးစားနေတာလဲ သူတို့အားလုံးက ချမ်းသာတဲ့ မိသားစုတွေမဟုတ်ဘူးလား?
ဘယ်လိုအထက်တန်းလွှာကမှ ဒီလိုလုပ်မှာမဟုတ်ဘူး၊ ဘယ် လောက်တောင် ရှက်စရာကောင်းလိုက်သလဲ !?